← Chapters

အခန်း (၃၇၃)

Vol. 38 Ch. 373

အခန်း (၃၇၃)

Vol. 38 Ch. 373

ကျန်းကျန်း ပြုံးလိုက်ပြီး သူ့အတွက် တူနှစ်ချောင်း ယူပေးခဲ့သည်။

“ရှင် ပျောက်ဆုံးသွားတာကို တရုတ်နိုင်ငံရဲ့သက်ဆိုင်ရာဌာနတွေဆီကို သတင်းပို့ပြီးပြီ၊ အဖေက အမေ့ကို မပြောရဲဘူး၊

သူစိုးရိမ်ပူပန်လွန်းလို့ သူ့ရဲ့ ပါးစပ်ပတ်ပတ်လည်မှာ အပူဖုတွေတောင် အမြားကြီး ထွက်နေပြီ၊ အခု တရုတ်နိုင်ငံက အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဖွဲ့ထားပြီး နယ်စပ်ကနေ ပါကစ္စတန် ကို မောင်းလာနေပြီ

မနက်ဖြန်မနက်လောက်ကို ဒီနေရာကို ရောက်မယ်လို့ ကျွန်မ ခန့်မှန်းထားတယ်၊ ကျွန်မ သစ်တောနက်ထဲမှာ အရမ်းလျှို့ဝှက်တဲ့ တွင်းနက်တစ်ခုကို ခုနတုန်းက တွေ့ခဲ့တယ်၊ သူတို့ရောက်ခါနီးရင် ရှင် အဲဒီမှာ အရင်ပုန်းနေလို့ရတယ်”

ရှီကျွင့်ကျဲ ခေါင်းညိတ်လိုက်ပြီး သူ့ကို အစိတ်ဝင်စားစေဆုံးသော မေးခွန်းကို မေးလာသည်။

“အဲဒီပြည်ပရောက် တရုတ်နိုင်ငံသားတွေရော တရုတ်နိုင်ငံထဲကို လုံလုံခြုံခြုံနှင့် ပြန်ရောက်ပြီလား”

ကျန်းကျန်းသည် သူမ၏ အသိစိတ်စိတ်နှင့် ဘေးဘက်နိုင်ငံ၏ အခြေအနေကို ကြည့်ပြီး ရှီကျွင့်ကျဲကို ပြောလိုက်သည်။

“မရောက်သေးဘူး၊ အိမ်နီးချင်းနိုင်ငံမှာရှိတဲ့ သံရုံးတွေက အိမ်တချို့ကို ရှင်းပြီး သူတို့ကို နှစ်ရက် နားခိုင်းထားတယ်၊ စစ်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက်ကြောင့် တချို့လူတွေရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူး

အဲဒီနိုင်ငံရဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဆေးအဖွဲ့ ရောက်နေပြီ၊ အခု သူတို့ကို ကုသပေးနေတယ်၊ ရှင့်ကို တွေ့ပြီးရင်ရင်တော့ သူတို့ နိုင်ငံကိုကို ပြန်နိုင်မယ်လို့ ကျွန်မ ခန့်မှန်းတယ်”

ရှီကျွင်းကျဲ ခေါင်းညိတ်လိုက်သည်။ အချိန်အများကြီး အိပ်ခဲ့သောကြောင့် ရှီကျွင့်ကျဲ ယခုအချိန်တွင် အိပ်မငိုက်တော့ပေ။

ညဘက်တွင် သူက စာအုပ်တစ်အုပ်ကိုယူပြီး မနက်စောစောထိ ဖတ်နေခဲ့သည်။ ပြီးနောက် မည်သည့်အချိန်တွင် အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားခဲ့သည်။

သူ မသိလိုက်သည်က အထူးတပ်ဖွဲ့ဝင်များနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့က မြန်မြန်ဆန်ဆန် ရှာတွေ့နိုင်လေ ပိုကောင်းလေဟူသည့် ရည်ရွယ်ချက်နှင့် ပါကစ္စတန်သို့ အရှိန်အပြည့် မောင်းနှင်နေခြင်းကိုပင် ဖြစ်ပေ၏။

သူတို့က ကျန်းကျန်း ခန့်မှန်းထားသည်ထက် နာရီများစွာ စော၍ ရောက်လာခဲ့သည်။ တစ်ဖက်တွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနသည်က နှစ်နိုင်ငံတပ်များနှင့် အဆက်အသွယ် မပြတ်ရှိနေပြီး ဤနိုင်ငံမှ သူတို့နိုင်ငံသို့ ထွက်ခွာရေးအဖွဲ့ကို ပိတ်ဆို့ထားသည့် တပ်ဖွဲ့များ ရှိ မရှိ၊ သံတမန် ရှီကျွင်းကျဲကို ပြန်ပေးဆွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးရန် တောင်းဆိုနေခဲ့သည်။

ကယ်ဆယ်ရေးအဖွဲ့ ရောက်ခါနီးပြီကို မြင်သောကြောင့် ကျန်းကျန်းလည်း ရှီကျွင့်ကျဲ၏ ခေါင်းနှင့် လက်မောင်းမှ ပတ်တီးများကို အလျင်အမြန် ဖြုတ်လိုက်ပြီး လူကို နေရာလွတ်မှ ထုတ်ကာ တောအုပ်ထဲမှ ချောက်နက်ထဲသို့ ထည့်လိုက်သည်။

ပို၍ အစစ်အမှန်နဲ့တူစေရန်အတွက် ကျန်းကျန်းက သူ၏ ခေါင်းပေါ်တွင် မြက်ခြောက်အချို့ကိုလည်း တင်ပေးခဲ့ပြီး သူ၏ ကိုယ်ပေါ်တွင် မြေကြီးများစွာကိုလည်း ပုတ်ပေးထားခဲ့သည်။

တခြား မည်သည့် အပြစ်အနာအဆာများမှ မရှိတော့သည်ကို မြင်သောအခါမှသာ သူမတစ်ဦးတည်း နေရာလွတ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။

ရှီကျွင့်ကျဲသည်ကား ညဉ့်နက်ပိုင်းအထိ မအိပ်ဘဲ စာဖတ်နေခဲ့သောကြောင့် အတော်လေး ညနက်ကာ မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဤအချိန်၌ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပြီး သူ၏ ချစ်ဇနီးမှ သူ့ကို နေရာရွှေ့လိုက်သည်ကိုပင် မသိလိုက်ပါချေ။

ရောက်ရှိလာသော တပ်ဖွဲ့ကို ရှောင်ဟုန် ဦးဆောင်လာခဲ့ပြီး ထိုနေ့က နေရာဟောင်း၌ပင် ကားကို ရပ်လိုက်သည်။

အထူးတပ်ဖွဲ့ဝင် အယောက်နှစ်ဆယ်များကျော်သည်လည်း ချက်ချင်းပင် ပတ်ပတ်လည် ဖြန့်ကျက်ပြီး ရှီကျွင်းကျဲ၏ ခြေရာခံရှာဖွေခဲ့ကြသည်။

ကျန်းကျန်း ရှာတွေ့ခဲ့သည့် တွင်းနက်သည်ကား အလွန်လျှို့ဝှက်ပြီး အပြင်ဘက်တွင် ခြုံနွယ်ပိတ်ပေါင်းများနှင့် ဖုံးအုပ်ထားလေသည်။

အထူးတပ်ဖွဲ့ဝင်များက နှစ်ခါ ဖြတ်သွားသော်လည်း ရှာမတွေ့ခဲ့ပါချေ။ သို့သော်လည်း တတိယအကြိမ် နေရာအနှံ့ ရှာဖွေမှုတွင်တော့ ထူးဆန်းသည့်နေရာအချို့ကို တွေ့ခဲ့သည်။

ရှည်လျားထူထဲသည့် မြက်ပုံများကို တွန်းဖယ်လိုက်သောအခါ အထူးတပ်ဖွဲ့ဝင်များက “မေ့မြောနေသည့်” ရှီကျွင်းကျဲကို မြင်တွေ့လိုက်ရပြီး ဝမ်းသာအားရဖြစ်သွားခဲ့ကြသည်

သူက ချက်ချင်းပင် ဝေါကီ-တော့ကီကို ကောက်ကိုင်ပြီး အော်ပြောလိုက်လေသည်။

“သံသမန် ရှီကျွင့်ကျဲကို တွေ့ပြီ၊ သြဒီနိတ်တွေက လောင်ဂျီကျု XXX လတ္တီကျု XXX၊ ကျေးဇူးပြုပြီး ကူညီပေးပါ ကျေးဇူးပြုပြီး ကူညီပေးပါ!”

အထူးတပ်ဖွဲ့ဝင်များလည်း ရှီကျွင်းကျဲကို တွေ့သည့် သြဒီနိတ်နေရာသို့ လျင်မြန်စွာ စုစည်းလာကြသည်။

ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အရေးပေါ်ခုတင်ကို ကိုင်ပြီး လျှင်မြန်စွာ ပြေးလာခဲ့ကြလေသည်။

အထူးတပ်ဖွဲ့ဝင်နှစ်ဦးက ရှီကျွင့်ကျဲကို ခုတင်ပေါ်သို့ တင်လိုက်ကြသည်။ ရှီကျွင့်ကျဲတစ်ယောက် အိပ်ချင်မူးတူးဖြင့် မျက်လုံးမျာ့ကို ဖွင့်လိုက်သည်နှင့် သူ၏ ပါးစပ်ကို အောက်ဆီဂျင်မျက်နှာဖုံးနှင့် ပိတ်ဆို့ခံလိုက်ရလိုက်သည်။

ထို့နောက် သူ၏ လက်ထဲသို့ IV ဆေးထိုးအပ်ကို ထိုးထည့်လိုက်ကြပြီး သူ၏ နဖူးနှင့် လက်မောင်းမှ ဒဏ်ရာများကိုလည်း ထပ်မံပတ်တီးစည်းပေးလိုက်ပြန်သည်။

ရှီကျွင်းကျဲ၏ မသိနားမလည်ဖြစ်နေသည့်ပုံစံကို မြင်သောအခါ ဘေးနားမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းများက စိတ်လှုပ်ရှားစွာနှင့် မျက်ရည်များကျလာသည်။

“စိတ်မပူပါနဲ့၊ ကျွန်တော်တို့တွေ မင်းကို ကယ်ဖို့ရောက်လာတာ”

ရှီကျွင့်ကျဲတစ်ယောက် သူ၏ နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်မိသောအခါတွင် ကြက်စွပာပြုတ်ဟင်းချိုရနဲ့သင်းသင်းတို့ကို ရသည်။

ရှီကျွင့်ကျဲကို လူနာတင်ကားပေါ်သို့ တင်ဆောင်သွားပြီးနောက် ဟွားကော် အလံနှင့် ကယ်ဆယ်ရေးယာဉ်တန်းက အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ လွန်ခဲ့သည့်ရက်အနည်းငယ်က ပြင်းပြင်းထန်ထန် ပြောဆိုမှုများကြောင့် ဖြစ်နိုင်ပေသည်။ နှစ်နိုင်ငံ တိုက်ပွဲဖြစ်ပွားသည့် နေရာများက ကယ်ဆယ်ရေးလမ်းကြောင်းကို ရှောင်ရှားခဲ့ကြသည်။

သူတို့ကလည်း လျှင်မြန်စွာရှာတွေ့ပြီး လျှင်မြန်စွာကယ်တင်စေလိုခြင်းသက်သက်သာဖြစ်ပေ၏။

တစ်နေ့ကို ညှိနှိုင်းမှုခေါ်ဆိုမှု အကြိမ်များစွာ ပြုလုပ်ရခြင်းသည်က တကယ်ပင် ကြောက်စရာကောင်းသည်။

ယာဉ်တန်းက ပါကစ္စတန်မှ ချောချောမွေ့မွေ့ ထွက်ခွာလာပြီး ထိုနေရာတွင် စောင့်နေသည့် သံတမန်များက မစောင့်နိုင်ဘဲ ဆက်သွယ်မေးမြန်းလာခဲ့ကြသည်။

“ရှီကျွင့်ကျဲကို တွေ့ပြီလား”

“တွေ့ပါပြီ၊ ချက်ချင်း သံရုံးကို အကြောင်းကြားပေးပါ”

ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံသည်က ဆက်သွယ်ကာပြောလိုက်ပြီး အဖွဲ့ကို သံရုံးဧရိယာသို့ အလျင်အမြန် သွားရန် တိုက်တွန်းလိုက်သည်။

ထိုနေရာတွင် စောင့်နေသည့် သံတမန်များနှင့် တပ်ဖွဲ့များသည်လည်း လျင်မြန်စွာ လမ်းဖွင့်ပေးခဲ့ကြပြီး အဆီးအတားမရှိ သံရုံးသို့ ရောက်သွားခဲ့လေသည်။

သူတို့က ရှီကျွင့်ကျဲကို ဆေးရုံကုတင်ပေါ်သို့ ထပ်မံတင်ပြီး စစ်ဆေးမှုအမျိုးမျိုး စတင်ခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်တော့ ရှီချန်ပေါ်တစ်ယောက် သူ၏ စားပွဲ၌ထိုင်နေခဲ့ပြီး ဖုန်းကို စိုက်ကြည့်နေခဲ့လေသည်။ နောက်ဆုံး၌ ဖုန်းမြည်သံကို ကြားလိုက်ရသောကြောင့် သူ ချက်ချင်း ဖုန်းကို ဖြေလိုက်ပြီး တုန်ယင်နေသည့် အသံနှင့် မေးသည်။

“ရှာတွေ့ပြီလား၊ အသက်ရှင်နေသေး လား”

ဖုန်းထဲမှ သတင်းပို့သူ၏ အသံသည်လည်း စိတ်လှုပ်ရှားနေခဲ့သည်။

“တွေ့ပါပြီ ဒဏ်ရာသေးသေးလေးတွေပဲ ရှိပါတယ်။ အသက်အန္တရာယ် မရှိဘူး”

သူ၏ သားကို တွေ့ပြီဟူသည့် သတင်းရသောအခါမှသာ ရှီချန်ပေါ်တစ်ယောက် ကုလားထိုင်၌ ပစ်လဲကျသွားပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

ပြည်ပရောက် တရုတ်နိုင်ငံသားများ ထွက်ခွာရေးသည်က အန္တရာယ်ရှိနိုင်သည်ကို သူ သိသော်လည်း တကယ်တမ်း တိုက်ခိုက်ခံရပြီး သူ၏ သားဖြစ်သူပါ ပျောက်ဆုံးခြင်းကိုမူ မမျှော်လင့်ခဲ့ပါချေ။

ဤတစ်ခါ ကယ်ဆယ်ရေးအဖွဲ့သည် အလောင်းကိုသာ ပြန်သယ်လာခဲ့မည်ဆိုပါကလျှင် သူ၏ ဇနီး၊ သူ၏ ချွေးမနှင့် သူ၏ မြေးများကို မည်သို့ရှင်းပြရမည်ကို သူ စဉ်းစား၍ပင် မရနိုင်ခဲ့။

အခုတော့ အဆင်ပြေပြီ။ အဆင်ပြေသွားပြီ။ နောက်ဆုံးတော့ အသက်ရှင်လျက် ပြန်ရောက်လာခဲ့ပြီ။

ထိုအချိန်၌ ရှီကျွင့်ကျဲသည်ကား ဆေးရုံကုတင်ပေါ်၌ စစ်ဆေးခံနေခဲ့ရသည်။

ဆရာဝန်အဖွဲ့တစ်ဖွဲ့က သူ၏ ပတ်ပတ်လည်၌ အချိန်ကြာမြင့်စွာ ဝိုင်းကြည့်ပြီး နောက်ဆုံး၌ စစ်ဆေးမှုများအားလုံး ပြီးဆုံးသွားခဲ့သည်။ ဦးဆောင်လာသည့် ဆရာဝန်က တခြားဆရာဝန်များကို စုစည်းပြီး ဓာတ်မှန်နှင့် စစ်ဆေးမှုမှတ်တမ်းအမျိုးမျိုးကို ကြည့်ပြီး အံ့ဩစွာနှင့် ချီးကျူးလာသည်။

“သုံးရက် နှစ်ည မေ့မြောနေပြီး ဘာမှ မဖြစ်ခဲ့ဘူး၊ ငယ်ရွယ်တဲ့လူတွေကတော့ တကယ်ကို ကောင်းတာပဲ”

“ဟုတ်တယ်၊ အနည်းဆုံး သွေးအားနည်းတာ ဒါမှမဟုတ် အာဟာရချို့တဲ့တာမျိုး ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ၊ ဒါပေမယ့် လုံးဝမဖြစ်ခဲ့ဘူး၊ သူ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အံ့ဩစရာပဲ”

“နည်းနည်းလောက် နားပြီးရင် ဟွားကော်ကို ပြန်လို့ရပါပြီ၊ ဒါပေမယ့် လက်မောင်းနဲ့ နဖူးက ဒဏ်ရာတွေကြောင့် အလုပ်မပြန်ခင် ခဏနားဖို့ အကြံပြုပါတယ်”

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများသည်လည်း ဆရာဝန်၏ ညွှန်ကြားချက်များကို တစ်ခုချင်းစီ ချရေးခဲ့ကြသည်။

ရှီကျွင့်ကျဲက သူ့ကို လက်ရမ်းပြကာ ခေါ်နေသည်ကို မြင်သောအခါ သူက ချက်ချင်း ကိုယ်ကို နှိမ့်ချပြီး ဆေးရုံခုတင်ပေါ်၌ လဲလျောင်းနေသည့် ရှီကျွင့်ကျဲကို မေးလိုက်သည်။

“ဘာများ မသက်မသာ ခံစားရတာ ရှိပါသလဲ”

“ရေချိုးချင်တယ်”

ရှီကျွင်းကျဲ သည်းမခံနိုင်တော့ပေ။ ဤသို့ ရက်များစွာ ရေမချိုးရဖူးသည့် အတွေ့အကြုံသည်က သူ၏ ဘဝ၌ တစ်ခါမျှ မရှိခဲ့ဖူးပါချေ။ ဇနီးသည်ဖြစ်သူ၏ နေရာလွတ်ထဲ၌ ရှိနေစဉ်က ကျန်းကျန်းသည်က သူ့ကို ကယ်ဆယ်လာခဲ့သည့် အခြေအနေနဲ့ပင် နေခိုင်းခဲ့သည်။

သူ့ကို ရေချိုးခွင့်မပေးရုံသာမက မျက်နှာများပင် မသစ်ခိုင်းပါချေ။ ဤသည်က သူ့ကို ရူးသွပ်လုနီးပါးဖြစ်စေခဲ့သည်။

ဦးဆောင်လာသည့်ဆရာဝန်က ရှီကျွင်းကျဲ၏ နဖူးမှ ခြောက်သွေ့နေသည့် သွေးများ၊ ရှုပ်ပွနေသည့် ဆံပင်များနှင့် သူ၏ ကိုယ်ပေါ်မှ ရွှံ့များကို ကြည့်ပြီး ခေါင်းညိတ်လိုက်ရသည်။

“သူနာပြုကို မင်းအတွက် ရေစိုခံပတ်တီးလုပ်ခိုင်းလိုက်မယ်၊ ပြီးရင် မင်း ရေချိုးလို့ရပြီ၊ ဒါပေမယ့် ရေချိုးခင်တစ်ခုခုစားရမယ်လေ၊

မင်းက ရက်နည်းနည်းကြာအောင် အစာမစားခဲ့ရတာ၊ မဟုတ်ရင် ဗိုက်ဆာပြီး ရေချိုးနေးရင်း ပြန်သတိလစ်သွားလိမ့်မယ်”

*

All Chapters