အခန်း (၃၇၂)
Vol. 38 Ch. 372
“ဒီနေရာက ကျွန်မရဲ့ ရတနာလို့ ပြောခဲ့တယ် မဟုတ်ဘူးလား”
ကျန်းကျန်းက ရှီကျွင့်ကျဲ၏ လက်ကို ဆွဲ၍ နေရာလွတ်၏ အစွန်းသို့ လျှောက်သွားသည်။
ရှီကျွင့်ကျဲလည်း တောက်ပနေသည့် တံခါးသဖွယ် အရာကို မြင်တွေ့ဝပြီးနောက် သူ၏ စိတ်ကူးများ ထပ်မံကျော်လွန်သွားသကဲ့သို့ ခံစားရသည်။
ကျန်းကျန်းက သူ၏ လက်ကိုဆွဲ၍ တံခါးမှတစ်ဆင့် လမ်းသွယ်ထဲသို့ ဝင်သွားသည်။ ရှီကျွင့်ကျဲသည်ကား အလင်းဖြာထွက်သည့် လမ်းသွယ်ကို ကြည့်၍ ဤနေရာ၏ အံ့သြဖွယ်ကောင်းခြင်းကို ထပ်မံအံ့ဩမိသည်။
ထိုနှစ်ဦး လမ်းသွယ်၏အဆုံးသို့ ဆယ်လှမ်းများခန့် လျှောက်ပြီး အလင်းထဲမှ ထွက်လိုက်ကြလေသည်။ ရှီကျွင်ကျဲသည်ကား လမ်းသွယ်ပျောက်ကွယ်သွားခဲ့ပြီး သူ မနေ့ညက တိုက်ခိုက်ခံရသည့် နေရာ၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။
“ကိုယ်တို့တွေ ပါကစ္စတန် မှာပဲ ရှိနေသေးတာပဲ”
ကျန်းကျန်းက ပြုံး၍ မည်သည်စကားကိုမျှ မပြောခဲ့ပေ။ သူမက သူ့ကိုဆွဲခေါ်လိုက်ပြီး လမ်းသွယ်ထဲသို့ ပြန်ခေါ်သွားခဲ့ကာ တစ်ဖက်သို့ လျှောက်သွားလိုက်ပြန်သည်။
အပြင်သို့ ထွက်တော့မည့်အချိန်၌ ရှီကျွင့်ကျဲတစ်ယောက် သူသည်က တော်ဝင်မြိုတော်၏ အိမ်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
အိမ်သို့ လာနေသည့် လီမင်ရှီနှင့် လီမင်ပေတို့မှာ စိုးရိမ်ပူပန်နေပုံရပြီး ပြေးလာတော့မလု ဖြစ်နေခဲ့သည်။
ကျန်းကျန်းက သူ၏ လက်ကိုဆွဲ၍ နေရာလွတ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။
“ဝမ်မင်ရှစ်ဖူနဲ့ ကျန်းရန်ကျယ်ရှစ်ဖူတို့က ကျွန်မကို ဘာလို့ ဒီလောက်တောင်ကောင်းတာလဲလို့ ရှင်တွေးမိခဲ့သေးလား”
ရှီကျွင့်ကျဲတစ်ယောက် ခေါင်းတဆတ်ဆတ်ညိတ်ပြလာသည်ကို မြင်သော် ကျန်းကျန်းက ပြုံး၍ ပြောလိုက်သည်။
“ကျွန်မက နိုင်ငံရဲ့ အရေးအခင်း ကာလအတွင်းမှာပဲ ဒီနေရာရွှေ့ပြောင်းတဲ့ စွမ်းရည်ကို တတ်မြောက်လိုက်တာလေ၊ ဒါကြောင့် အားလပ်နေတဲ့အချိန်တွေမှာရ တိတ်တိတ်လေး ရွှေ့ပြောင်းပြီး ဆော့ကစားတတ်တယ်
အဲဒီအချိန်မှာ ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေတဲ့ ဝမ်မင်ရှစ်ဖူကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတာ၊
အဲဒီတုန်းက ကျွန်မရဲ့အစ်ကိုက ဝမ်မင်ရှစ်ဖူအကြောင်းကို ပြောဖူးတာကို ကျွန်မ ကြားဖူးသလို ဝမ်မင်လောင်ရှစ်ရေးထားတဲ့ ဆောင်းပါးကိုလည်း ဖတ်ဖူးတယ်
ဒါနဲ့ ကျွန်မက သူ့ရဲ့မျက်လုံးကို စည်းပြီး ဒီနေရာလွတ်ထဲကို ခေါ်လာခဲ့တာ၊ အဲဒီတုန်းက ကျွန်မရဲ့နေရာလွတ်ထဲမှာ ဒီယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေ မရှိဘူး၊ ဒီအနောက်တိုင်းပုံစံ အဆောက်အအုံတွေပဲ ရှိတယ်
ဒါနဲ့ တော်ဝင်မြို့တော်ရဲ့ ချိုင့်ဝှမ်းထဲမှာ ကောင်းမွန်တဲ့နေရာတစ်ခုကို ရှာတွေ့ခဲ့ပြီး ဒီနေရာနဲ့ အပြင်အဆင်က ဆင်တူနေတာကိုတွေ့တော့ သူအိပ်နေတုန်းမှာပဲ သူ့ကို အပြင်ကို ရွှေ့လိုက်တာ”
ရှီကျွင့်ကျဲမှာ ဤနေရာလွတ်ပတ်ဝန်းကျင်မှ တောင်များသည် အတော်လေးရင်းနှီးနေသည်ဟု အမြဲခံစားနေရသည်။
ယခု ကျန်းကျန်းပြောသည်ကို ကြားသောအခါမှသာ ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။
“အဲဒါက ကိုယ် မင့်ကို လက်ထပ်ခွင့်တောင်းခဲ့တဲ့ ချိုင့်ဝှမ်းလား”
“ဟုတ်တယ်၊ အဲဒီချိုင့်ဝှမ်းပဲ၊ ဒါကြောင့် ရှင် အဲဒီမှာ လက်ထပ်ခွင့်တောင်းမယ်ဆိုတာကို သိတော့ ကျွန်မ အံ့ဩသွားတာ”
ကျန်းကျန်းက ပြုံး၍ ပြောလိုက်ပြန်သည်။
“နောက်တော့ ဝမ်မင်ရှစ်ဖူက သူ့သူငယ်ချင်းတွေကိုပါ ကယ်ပေးဖို့ ကျွန်မကို ပြောတယ်၊ သူတို့က အဲဒီမှာ ခုနစ်နှစ်၊ ရှစ်နှစ်လောက် နေခဲ့ကြပြီး အဲဒီအရေးအခင်း လှုပ်ရှားမှုပြီးမှပဲ အဲဒီကနေ ထွက်လာခဲ့တာ
ကျွန်မ သူတို့ကို အဲဒီနေရာကို ထပ်မသွားစေချင်လို့ အဲဒီနေရာက အဆောက်အအုံကို ဖြိုချလိုက်ပြီး ဘယ်သူမှ မရှိတဲ့အတိုင်း ပြန်ပြင်လိုက်တယ်”
“သူတို့က မင်းကို သူတို့ရဲ့ သားသမီးတွေထက် ပိုချစ်တာ အံ့ဩစရာမရှိတော့ဘူး”
ရှီကျွင့်ကျဲ နောက်ဆုံး၌ နားလည်သွားသည်။
“ဒါက အသက်ကယ်ပေးတဲ့ ကျေးဇူးပဲ”
ကျန်းကျန်းက ရှက်ပြုံးပြုံး၍ ဆက်ပြောခဲ့သည်။
“ကျွန်မ တော်ဝင်မြို့တော်ကို ရောက်တော့ သူတို့ကို ကျွန်မရဲ့ အကြီးဆုံးဦးလေးက ကယ်ခဲ့တယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် ကျွန်မရဲ့အခြေအနေကြောင့် ဦးလေးက ရှေ့ထွက်ဖို့ အဆင်မပြေဘူး၊
အခုလည်း သူက ထပ်ပြီး မပြောချင်တော့ဘူး၊ အဲဒါကို ဘာမှမဖြစ်ခဲ့သလို သဘောထားလိုက်မယ်ဆိုပြီး ပြောခဲ့တာ”
ရှီကျွင်းကျဲက ပြုံး၍ သဘောပေါက်စွာဆိုသည်။
“ဆရာတွေက စာပေသမားတွေချည်းပဲလေ၊ အကြီးဆုံးဦးလေးက ရာထူးကြီးတဲ့သူတစ်ယောက်ပဲလေ၊ မင်းမရှိရင် နှစ်ဖက်စလုံး ဆုံတွေ့စရာအကြောင်း မရှိဘူး
မင်းက အကြီးဆုံးဦးလေးနာမည်နဲ့ ပြောလိုက်ပြီး ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ရတယ်၊ ဒီတော့ ဆရာတွေကလည်း ဦးလေးကို ဒုက္ခပေးမိမှာ ကြောက်လို့ ပါးစပ်ပိတ်နေကြတာ
ဒါကြောင့် ကလေးအတွက် တစ်လပြည့်ဝိုင်ပွဲတုန်းကလည်း နှစ်ဖက်စလုံးက ယဉ်ကျေးမှုကိုပဲ ဦးစားပေးခဲ့ကြတာပဲ”
သူတို့နှစ်ဦး လက်ချင်းတွဲ၍ အနောက်တိုင်းပုံစံ အဆောက်အအုံထဲသို့ ထပ်မံဝင်သွားခဲ့ကြသည်။
ကျန်းကျန်းက ရှီကျွင့်ကျဲကို ထမင်းစားပွဲ၌ ထိုင်ခိုင်းလိုက်ပြီး ခဏအကြာ၌ ကြက်ခေါက်ဆွဲဟင်းချိုပူပူတစ်ပန်းကန်နှင့် ပေါက်စီသေးသေးလေး နှစ်ပန်းကန်ကို ယူလာသည်။
“ဒီနေရာမှာ အစားအစာတွေကို ဘယ်လောက်ကြာအောင်ပဲထားထား အမြဲလတ်ဆတ်နေတယ်၊ ဒါကြောင့် ကျွန်မ ဒီမှာ အစားအစာတွေ အများကြီး စုထားတာရှိတယ်”
တိုင်ပြည်ထဲမှ ထွက်လာခဲ့သည့်အချိန်ကတည်းက ရှီကျွင့်ကျဲတစ်ယောက် အစားအစာများကို သိပ်အလေးအနက်ထားပြီး မစားခဲ့ပေ။
အခြေခံအားဖြင့် ဖိသိပ်ထားသည့် ဘီစကစ်နှင့် ရေသန့်ကိုသာ မှီခို၍ ဗိုက်ဆာခြင်းကို ပြေလည်အောင် လုပ်ခဲ့သည်။
ယခုစားပွဲပေါ်မှ အရသာရှိသည့် အစားအစာများကို မြင်ရပြီး ဘေးဘက်တွင်လည်း ပြုံးရယ်နေသည့် ချစ်ဇနီးဖြစ်သူက ထိုင်နေသည်ကို မြင်သောအခါတွင် ရှီကျွင့်ကျဲ ဗိုက်အလွန်ဆာလာပြီး ခေါက်ဆွဲနှစ်ပန်းကန်နှင့် ပေါက်စီတစ်ခြင်းကို စားလိုက်လေသည်။
ဤအချိန်မှသာ သူ အသက်ပြန်ဝင်လာသကဲ့သို့ ခံစားရသည်။
နှစ်ယောက်သား ဆိုဖာပေါ်၌ ထပ်မံထိုင်ပြီး ကျန်းကျန်းက သူ့ကို ဆီးသီးနီလက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
“ရှင်က ဒီရက်ပိုင်း ဒဏ်ရာတွေ သက်သာအောင် ဒီမှာနေရမယ်၊ ဟွားကော်ရဲ့ စစ်တပ်ရောက်လာရင် ကျွန်မ ရှင့်ကို ရှင် နဂိုရှိတဲ့နေရာကို ပြန်ပို့ပေးမယ်
ဒါပေမယ့် ဒီနေရာလွတ်က ကျွန်မရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်ပဲ၊ ကျွန်မရဲ့အမေနဲ့ အမေတောင် မသိဘူး၊ ရှင် ဒါကို ကျွန်မအတွက် လျှို့ဝှက်ထားပေးရမယ်”
ရှီကျွင့်ကျဲသည်ကား သူ၏ ဇနီးလေးတွင်ရှိနေသော အထူးစွမ်းရည်ကို မြင်ပြီး ဤစွမ်းရည်ကို အခြားသူများ သိသွားလျှင် မည်မျှ အုတ်အုတ်သဲသဲ ဖြစ်သွားမည်ကို သဘာဝအတိုင်း သိသောကြောင့် ချက်ချင်းပင် ပြောသည်။
“စိတ်မပူပါနဲ့၊ ကိုယာ အခြေအနေကို သိပါတယ်၊ အမြွှာတွေကိုတောင် ဒီအကြောင်း ပြောလို့မရဘူး၊ ဘာပဲဖြစ်ဖြစ် သူတို့မှာ နောင်ကျရင် ကိုယ်ပိုင်မိသားစုတွေ ရှိလာလိမ့်မယ်၊ တစ်ချိန်ချိန်မှာ ပေါက်ကြားသွားနိုင်တယ်”
“သိပါတယ်”
ကျန်းကျန်း ပြောလိုက်သည်။
“ရှင်လည်း ရက်တော်တော်ကြာ ပင်ပန်းနေပြီပဲ၊ ရေသောက်ပြီးရင် အိပ်တော့၊ ကျွန်မ အခု အိမ်ပြန်ရမယ်၊ ညဘက် အမေက ကျွန်မကို အိမ်မှာ မတွေ့ရင် စိတ်ပူနေလိမ့်မယ်၊ နိုးလာတဲ့အချိန်ကျရင် ဘာပဲဖြစ်ဖြစ် ကျွန်မကို လှမ်းခေါ်လိုက်ပါ၊ ကျွန်မ ရှင့်အသံကို ကြားတယ်”
ရှီကျွင့်ကျဲသည်ကား ယခုလေးတင် သေမင်းနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်၍ ကျန်းကျန်းနှင့် ပို၍ မခွဲလိုပါချေ။ ကျန်းကျန်း ထွက်သွားမည်ကို ကြားသောအခါ သူ၏ ရင်ထဲ ဗလာဖြစ်သွားသကဲ့သို့ ခံစားရပြီး ကျန်းကျန်းလက်ကို မလွှတ်တမ်းဆုပ်ကိုင်၍ သနားစဖွယ် ကြည့်လိုက်သည်။
“မင်း ကိုယ်နဲ့အတူတူ ရှိနေလို့ မရဘူးလား”
ကျန်းကျန်း၏ နှာခေါင်းထိပ်က အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်သွားပြီး ရှီကျွင်းကျဲ၏ လက်ကို ပြန် ဆုပ်ကိုင်ရင်း ပြောလာသည်။
“ဒါဆို ကျွန်မ ရှင်နဲ့အတူတူ အိပ်မယ်”
သူတို့ နှစ်ယောက် ပျော့ပျောင်းနူးညံ့သည့် ကုတင်ပေါ်၌ လှဲလျောင်းနေခဲ့ကြသည်။ ရှီကျွင့်ကျဲက ကျန်းကျန်းနှင့် စကားပြောလိုသေးသော်လည်း ခေါင်းအုံးပေါ်သို့ ခေါင်းတင်လိုက်သည်နှင့် ပင်ပန်းနွမ်းနယ်ခြင်း ခံစားရသည်။
ဤရက်များတွင် သူ ကောင်းကောင်းမနားရဘဲ အချိန်တိုင်းတွင်လည်း စိတ်က တင်းမာနေခဲ့ရသည်။ ယခုမူ နောက်ဆုံး ဘေးကင်းသွားပြီဖြစ်ပြီး သူ ချစ်ရသည့်သူကိုလည်း ပြန်တွေ့ရပြီဖြစ်၍ ရှီကျွင်းကျဲ ထိန်းမထားနိုင်တော့ပါချေ။
အိပာယာပေါ်တွင် လှဲချလိုက်ပြီး ခဏအကြာ၌ အိပ်ပျော်သွားသည့် ရှီကျွင်းကျဲကို မြင်သော် ကျန်းကျန်းတစ်ယောက် သနားစိတ် မထိန်းနိုင်သော်လည်း သူ့ကို တိတ်တဆိတ် ခဏခန့် ဖက်ထားပြီးနောက် အခန်းထဲမှ ထွက်လာခဲ့သည်။
ရှီကျွင့်ကျဲက တစ်နေလုံး တစ်ညလုံး အိပ်ပြီး ပြန်နိုးလာသောအခါ အောက်ထပ်မှ ထမင်းနံ့ သင်းသင်းများကို ရသည်။
သူ မျက်နှာကို သပ်လိုက်ပြီး ထိုင်လိုက်လေသည်။
ထို့နောက် ခုတင်ဘေးမှ ရေခွက်ကိုယူပြီး နွေးထွေးနေသည့်ရေကို သောက်လိုက်သည်။ ပြီးနောက် ဖိနပ်စီးကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
ကျန်းကျန်းက ကြက်စွပ်ပြုတ်ဟင်းချိုပူပူကို စားပွဲပေါ် သို့တင်လိုက်ပြီး ဇွန်းတစ်ချောင်းယူကာ ရှီကျွင်းကျဲကို တစ်ပန်းကန်အရင် ပေးလိုက်သည်။
“ဒါက ခုမှပဲ ဆူအောင် တည်ထားတာ၊ အဆီတွေလည်း ဖယ်ထားတယ်၊ ရှင် တစ်ပန်းကန် အရင်သောက်လိုက်ဦး”
ရှီကျွင့်ကျဲလည်း ကြက်စွပ်ပြုတ်ဟင်းချိုကိုယူပြီး မွှေးရနံ့များကို ရှူရှိုက်ကြည့်လိုက်သည်။
သူက ထမင်းစားခန်းနှင့် မီးဖိုချောင်ကြား သွားလာနေသည့် ကျန်းကျန်းကို ကြည့်ပြီး ပြုံးလိုက်သည်။
“အိပ်နေတုန်းကတော့ မခံစားရဘူး၊ အခု နိုးလာမှ ဗိုက်အရမ်းဆာသလိုပဲ”
“ဗိုက်ဆာရင် များများစားလေ”
ကျန်းကျန်းက မျက်စိတစ်မှိတ်အတွင်း ဟင်းငါးပွဲ၊ ခြောက်ပွဲ ချပေးလာသည်။
ရှီကျွင့်ကျဲ၏ အစားအသောက်ပုံစံသည် ဤရက်များတွင် ပုံမှန်မရှိသောကြောင့် အာဟာရဖြစ်သည့် ကြက်စွပ်ပြုတ်ဟင်းချိုမှလွဲ၍ ကျန်သည့်အရာများသည်က အဓိကအားဖြင့် ပေါ့ပေါ့ပါးပါးများသာဖြစ်လေသည်။
“စားပြီးရင် ရေချိုးလိုက်ဦးမယ်၊ ဆံပင်တွေက ညစ်ပတ်နေပြီ”
ရှီကျွင်းကျဲက ပန်းကန်ထဲမှ ကြက်စွပ်ပြုတ်ဟင်းချိုကို အေးသွားအောင် စောင့်ရင်း ဖြည်းဖြည်းချင်း သောက်လိုက်သည်။
“မရဘူး”
ကျန်းကျန်းက ရက်ရက်စက်စက် ပြန်ပြောသည်။
“ရှင် သန့်သန့်ရှင်းရှင်းနှင့်ဖြစ်နေရင် ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတဲ့အချိန် ဘယ်လိုပြောမလဲ”
ထိုအချိန်ကျမှ ရှီကျွင့်ကျဲလည်း သူ၏ အခြေအနေကို သတိရပြီး ရယ်မောရင်း ခေါင်းခါမိသည်။
“ကိုယ် တကယ်ကို ရှုပ်ထွေးနေတာပဲ၊ အဲဒါကိုတောင် မေ့သွားတယ်”
*