← Chapters

အခန်း (၃၈၁)

Vol. 39 Ch. 381

အခန်း (၃၈၁)

Vol. 39 Ch. 381

ဝယ်နိုင်သည်ဖြစ်စေ၊ မဝယ်နိုင်သည်ဖြစ်စေ လူအများစုသည်ကား ဤကဲ့သို့ လှပစွာ ပြင်ဆင်ထားသည့်အိမ်များကို မြင်သောအခါ မျက်လုံးများက တောက်ပလာပြီး တချို့ကမူ တိုက်ရိုက်ပင် မေးမြန်းကြသည်။

“ဒီလို ပြင်ဆင်ထားတဲ့အိမ်မျိုးကို နောက်ထပ် ရောင်းချတာလား၊ ဒါက အကြီးဆုံးအိမ်ဆိုရင် ကျွန်တော် ဒါကို နှစ်ဆပေးပြီး ဝယ်ပါမယ်”

ကျန်းကျန်းက ပြုံး၍ ခေါင်းခါလိုက်သည်။

“ကျွန်မက ဒါကို ကျွန်မရဲ့ ကလေးတွေအတွက် ပြင်ဆင်ထားတာပါ၊ ဒါပေမဲ့ ရှင်တို့တွေ ဒီလိုမျိုး အလှဆင်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ အိမ်ခြံမြေကုမ္ပဏီအောက်က အလှဆင်ကုမ္ပဏီကနေ သက်ဆိုင်ရာ ဝန်ဆောင်မှုတွေကို ပေးနိုင်ပါတယ်”

“ကောင်းပြီ”

ထိုအမျိုးသားက မကျေမနပ်ဖြင့် နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။

“ဒါဆို မင်းတို့ရဲ့ အိမ်တွေက ဘယ်အချိန်လောက်ကို စရောင်းမှာလဲ”

ကျန်းကျန်းက ပြုံး၍ ပြောလိုက်ပြန်သည်။

“လာမယ့်တနင်္လာနေ့၊ မနက် ၉ နာရီမှာ တရားဝင် စတင်ရောင်းချမှာဖြစ်ပြီး တန်းစီတဲ့ အစဉ်လိုက် အခန်းရွေးချယ်လို့ရနိုင်မှာပါ”

အခန်းသို့လာရောက် ကြည့်သည့် လူများက ချက်ချင်းပင် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး လာမည့်တနင်္လာနေ့တွင် ပြိုင်ဘက် မည်မျှရှိမည်ကို အကဲဖြတ်နေကြသည်။

တရားဝင် ရောင်းချသည့်နေ့တွင်တော့ ကျန်းကျန်းသည် လူပိုများမည်ဟု ခန့်မှန်းထားသည့်အတွက် ကုမ္ပဏီဝန်ထမ်းများကို နံနက် ၇ နာရီတွင် အရောင်းပြခန်းသို့ သွားရောက်ခိုင်းခဲ့ကာ သက်ဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားရန် မှာကြားခဲ့သည်။

သူတို့က မနက်အစောကြီး သွားဖို့အချိန်သတ်မှတ်ထားသည်ဟု ထင်ခဲ့သော်လည်း ရောက်သွားသောအခါ အရောင်းရုံးရှေ့တွင် အမှောင်ထဲတွင်ပင် တန်းစီနေသည့်လူများကို မြင်သောကြောင့် အံ့သြသင့်သွားခဲ့သည်။

ကျန်းကျန်းကတော့ တန်းစီနေသည့် လူအရေအတွက်ကို ကြည့်၍ စိတ်သက်သာရာရသွားသည်။

ဤနေ့တွင် အိမ်အများအပြား ရောင်းထွက်လောက်မည် ထင်ရသည်။

သက်ဆိုင်ရာ ဝန်ထမ်းများက အလျင်အမြန်ပင် တန်းစီသည့် အစီအစဉ်အတိုင်း နံပါတ်ပြားများ ထုတ်ပေးခဲ့ပြီး အတွင်းသို့ဝင်၍ အနားယူရန် ဖိတ်ခေါ်ခဲ့ကြသည်။

ထို့နောက်တွင် ဝန်ထမ်းများက ကြိုတင်ပြင်ဆင်ထားသည့် ပေါင်မုန့်၊ ဝက်အူချောင်းနှင့် တွင်းထွက်ရေဘူးများကို ဝေငှပေးခဲ့ကြလေသည်။

ဤလူများထဲမှ အများစုသည်ကား နံနက် ၄ နာရီ၊ ၅ နာရီခန့်ကတည်းက ရောက်လာကြခြင်း ဖြစ်သည်။

အချိန် နှစ်နာရီ၊ သုံးနာရီခန့် စောင့်ပြီးသည့်နောက်တွင် ဗိုက်များ ဆာနေကြလေပြီ။

ထို့ကြောင့် ပေါင်မုန့်စားပြီးနောက်တွင် ဗိုက်က သိပ်ပြီးမပြည့်သော်လည်း မူလက ဆာလောင်မှုကြောင့် ပူပန်နေသည့် စိတ်များကတော့ များစွာ ပြေပျောက်သွားသည်။

လူအများစုက တစ်ဦးပြီးတစ်ဦး ရောက်လာကြပြီး ခန်းမအတွင်းအပြင်တွင် လူများဖြင့်ပြည့်ကျပ်နေသည်ကို မြင်သောအခါ အနည်းငယ်လောက် စိတ်ဓာတ်ကျသွားကြလေသည်။

သို့သော်လည်း နေရာသို့ ရောက်လာပြီးပြီဖြစ်သည့်အတွက် ကြိုးစားကြည့်ရန် တွေးတောခဲ့ကြမည်။

သူတို့ ကြိုက်နှစ်သက် သည့် အခန်းကို မရွေးရသေးခြင်းမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တွေးလိုက်ကြသည်။

နံနက် ၉ နာရီ ၁၅ မိနစ်တွင်တော့ ဝန်ထမ်းများက စာချုပ်နှင့်အတူ နံပါတ်ပြားများကို ခေါ်လိုက်ကြသည်။

မြို့တွင်းဥယျာဉ်အိမ်ရာ၏ ပျမ်းမျှစျေးနှုန်းကို တစ်စတုရန်းပေလျှင် ယွမ် ၂,၅၀၀ သတ်မှတ်ထားခဲ့သည်။

ဝယ်ယူချင်သူများအနေဖြင့် ပထမဦးဆုံး သတ်မှတ်ထားသည့် သဘောတူညီချက်အရ ယွမ် ၁၀,၀၀၀ စရန်ငွေကို ချက်ချင်း ပေးချေရမည်ဖြစ်ပြီး နောက်ငါးရက်အတွင်းတွင် ကျန်ရှိနေသည့်ပမာဏကို အပြည့်ပေးချေရမည်ဖြစ်သည်။

လီမင်ပေနှင့် အခြားသူများသည်ကား ဤသို့သောစျေးနှုန်းက လူအများစုအတွက် မတတ်နိုင်မည်ကို စိုးရိမ်ခဲ့ကြသော်လည်း မည်သည့်အချိန်တွင်မဆို ချမ်းသာသည့်လူများ အမြဲတမ်းရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

နေ့တစ်ဝက်နေ့အတွင်း၌ပင် အိမ်များအားလုံး ရောင်းထွက်သွားခဲ့လေသည်။

လီမင်ကျန်းက ဤတစ်ခါမူ သေချာပေါက် အရှုံးပေါ်တော့မည်ဟု ထင်မြင်ထားခဲ့ကြသည့် လုပ်ဖော်ကိုင်ဖက်များအားလုံး၏ ပါးစပ်များမှာလည်း အဟောင်းသားဖြစ်သွားကြသည်။

သို့သော်လည်း ဤသို့သောစျေးနှုန်းမြင့်မြင့်နှင့် ရောင်းနိုင်ခဲ့ခြင်းဆိုသည်က မည်သည့်အခါကမျှ မရှိခဲ့ဖူးပါချေ။ စီးပွားဖြစ်အိမ်ရာစျေးကွက်က မည်သည့်အချိန်က စတင်၍ ဤမျှလောက် ကောင်းသွားသည်နည်း။

လူတိုင်းက ကျန်းကျန်းအနေဖြင့် ဇိမ်ခံအိမ်ရာများ ဆက်လက်တည်ဆောက်မည်ဟု ထင်နေချိန်တွင် လီမင်ကျန်းအိမ်ခြံမြေကုမ္ပဏီ၏ ဒုတိယအိမ်ခြံမြေရပ်ကွက်က မျှော်လင့်မထားဘဲ ၆၀ မှ ၇၀ စတုရန်းမီတာရှိသည့် အခြေခံလိုအပ်ချက်အိမ်ရာကို ဆောက်လုပ်ခဲ့သည်။

၎င်းအိမ်ရာတွင်တော့ မြို့တွင်းဥယျာဉ်လိုမျိုး ဇိမ်ခံပစ္စည်းများ မပါဝင်သော်လည်း စိမ်းစိုစို ပန်းပင်များနှင့် သစ်ပင်များသည်လည်း ဤအိမ်ရာကို အဆင့်တူ အိမ်ရာများထဲတွင် ထင်ရှားပေါ်လွင်စေခဲ့သည်။

အိမ်ရာနှစ်ခု ဆက်တိုက်က တော်ဝင်မြို့တော်၏ စံနမူနာအိမ်ရာအဖြစ် ရွေးချယ်ခံခဲ့ရသည်။

တခြားမြို့များကို သွားရောက်လေ့လာသည့်အချိန်တွင်လည်း တော်ဝင်မြို့တော်မှ လူများ၏ ရင်ထဲတွင် နက်ရှိုင်းသည့် အမှတ်အသားတစ်ခု ချန်ထားခဲ့လေသည်။

လီမင်ပေကိုယ်တိုင် သိမ်းထားသည့်အိမ်သည်လည်း စျေးကြီးပေး၍ဝယ်ရန် မကြာခဏ တောင်းဆိုခံရပြီးနောက် ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်ပေးလိုက်သလို ခံစားလာခဲ့ရသည်။

နောက်ပိုင်းတွင် သူ၏ ကုမ္ပဏီမှ အိမ်ရာအသစ်များ ဆောက်လုပ်သည့်အခါတိုင်း ကျန်းကျန်း၏ ခြေလှမ်းများကို တိတိကျကျ လိုက်လုပ်တော့မည် တွေးထားခဲ့လေ၏။

ကျန်းကျန်းက အိမ်ရာအတွင်း အိမ်တစ်လုံး သိမ်းထားသရွေ့ လီမင်ပေသည်လည်း ချက်ချင်းပင် ဝယ်ယူတော့မည်။

မိသားစု၏ ငွေများကို နေ့စဉ်သုံးစွဲရန်သာ ချန်ထားပြီး ကျန်သည့်အားလုံးကို အိမ်များနှင့်သာ အစားထိုးတော့မည်။

မျက်တောင်တစ်ခတ်အတွင်း သုံးနှစ်တာ ကုန်လွန်သွားခဲ့ပေပြီ။

ကျန်းကျန်း၏ လက်ထဲမှ ကုမ္ပဏီတချို့သည်ကား တော်ဝင်မြို့တော်တွင်သာမက တစ်နိုင်ငံလုံးတွင်ပါ ထင်ရှားကျော်ကြားသည့် လုပ်ငန်းကြီးများ ဖြစ်လာခဲ့ပြီ။

အထူးသဖြင့် လီမင်ကျန်းအိမ်ခြံမြေကုမ္ပဏီသည်ကား လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင်ပင် အရှိန်အဟုန်ဖြင့် ကြီးမားခိုင်မာလာခဲ့သည်။

ဆောက်လုပ်ရေးအဖွဲ့နှစ်ဖွဲ့သည်လည်း ယခုဆိုလျှင် ဇိမ်ခံရုံးခန်းအဆောက်အအုံကြီးတစ်ခုလုံးကို ပိုင်ဆိုင်သည့် ကုမ္ပဏီတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပြီး ၎င်းတို့၏ လုပ်ငန်းနယ်ပယ်သည်လည်း တော်ဝင်မြို့တော်မှ ပတ်ဝန်းကျင်မြို့များအထိ ကျယ်ပြန့်လာခဲ့ပြီဖြစ်လေ၏။

အလုပ်များစွာနှင့် အလုပ်ရှုပ်နေကြချိန်တွင် ကျန်းကျန်းနှင့် ရှီကျွင့်ကျဲတို့ကတော့ မိသားစုနှင့်အတူရှိရသည့် အချိန်များကို ပို၍ တန်ဖိုးထားခဲ့ကြသည်။

ပြင်သစ်မှ မထွက်ခွာမီအချိန်တုန်းက ကျန်းကျန်းမှ ရှီကျွင်းကျဲအား သင့်တော်သည့် ကျွန်းတစ်ကျွန်း ရှိ၊ မရှိ ရှာဖွေပေးရန် ပြောခဲ့ပြီး မိသားစုတစ်ခုလုံးကို အပန်းဖြေခရီးထွက်ရန် ပြင်ဆင်ချင်ခဲ့သည်။

ရှီကျွင့်ကျဲသည်လည်း ဤကိစ္စကို အမြဲတစေ စိတ်ထဲတွင် မှတ်ထားခဲ့သည်။

ဤနှစ်အစတွင် ရှီကျွင့်ကျဲက သူဌေးများ လေလံဆွဲထားသည့် ပုဂ္ဂလိကကျွန်းတစ်ကျွန်းကို နောက်ဆုံးတွင် ရှာတွေ့ခဲ့လေသည်။

ဤကျွန်းသည်ကား ကုန်းမြေမှ ဆယ်ကီလိုမီတာ ကွာဝေးပြီး နူးညံ့သိမ်မွေ့သည့် သဲသောင်ပြင်များ၊ ကြည်လင်သည့်ရေပြင်များနှင့် ကြွယ်ဝစုံလင်သည့် ပင်လယ်သတ္တဝါများ ရှိသည်။

ထို့အပြင် အမွေခံစားခွင့်လည်း အပြည့်အဝရှိသည်။ မတိုင်ခင် ကျွန်းပိုင်ရှင်က အမြဲတစေ ကျွန်းပွှ်ကို အပန်းဖြေခရီးထွက်လေ့ရှိသည့်အတွက် ကျွန်းပေါ်တွင် ဇိမ်ခံစံအိမ်ကြီးတစ်ခု ဆောက်လုပ်ခဲ့သည်။

ရှီကျွင့်ကျဲသည်လည်း ကျွန်းကို ဝယ်ပြီးနောက်တွင် ကျွမ်းကျင်အဖွဲ့တစ်ဖွဲ့ကို ကျွန်းသို့ စေလွှတ်ခဲ့ကာ စံအိမ်ကြီးကို ပြန်လည်စစ်ဆေးခဲ့သည်။

ကျွန်း၏ သဘာဝ သို့မဟုတ် လူလုပ်ရှုခင်းများကိုလည်း တစ်ခုချင်းစီ စစ်ဆေးခဲ့ပြီး ဘေးကင်းကြောင်း သေချာပြီးနောက်မှသာ ရှီကျွင့်ကျဲသည် ခရီးစဉ်ကို အစီအစဉ်ထဲသို့ ထည့်သွင်းခဲ့သည်။

ဤအချိန်က ပေကျင်းတွင် ဆောင်းရာသီ အေးစိမ့်နေချိန် ဖြစ်ပေသည်။

အိမ်အတွင်း၌ အပူပေးစနစ်ရှိနေသောကြောင့် နွေးထွေးနေသော်လည်း အိမ်အတွင်းမှ မထွက်နိုင်သည့် ခံစားချက်က မဒမ်လီကို အနည်းငယ် မွန်းကျပ်စေခဲ့သည်။

မဒမ်လီသည်ကား အသက် ကိုးဆယ်နီးပါးရှိနေပြီဖြစ်သော်လည်း ကျန်းရန်ကျယ်၏ နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက်မှုနှင့် ကျန်းကျန်း၏ သဘာဝစွမ်းအားများနှင့် မကြာခဏ အနှိပ်ခံပေးမှုများကြောင့် သူမ၏ ခန္ဓာကိုယ်သည် အလွန်ကျန်းမာနေဆဲပင်။

သို့သော် ဤသို့ အသက်ကြီးလာပြီဖြစ်သည့်အတွက် ခန္ဓာကိုယ်နှင့် အရိုးအဆစ်များသည် ကောင်းနေဆဲဖြစ်သော်လည်း စိတ်ဓာတ်နှင့် စွမ်းအင်ကမူ အရင်ကထက် သိသိသာသာ ဆိုးရွားလာခဲ့သည်။

နေ့စဥ်နေ့တိုင်း နဂါးနှင့်ဖီးနစ်အမြွှာများသာ ဘေးနားတွင် မရှိခဲ့လျှင် မဒမ်လီက ပို၍ပင် စိတ်အားငယ်လာကာ တက်ကြွမှု မရှိတော့ပေ။

ရှီကျွင့်ကျဲက လီမင်ကျန်းအိမ်ခြံမြေကုမ္ပဏီသို့ ကားမောင်းလာခဲ့သည်။

ဧည့်ကြိုဝန်ထမ်းများသည်ကား သူဌေး၏ခင်ပွန်းသည်ကိာ အလွန်ရင်းနှီးနေပေပြီ။ အဘယ်ကြောင့်ဆိုသော် ဤသို့သော ငယ်ရွယ်ချောမောသည့် နိုင်ငံခြားသံတမန်တစ်ဦးအား မြင်ရုံဖြင့်ပင် အလွန်ရင်ခုန်စရာကောင်းနေသည်မဟုတ်ပါလား။

ဓာတ်လှေကားစီးပြီးနောက် အဋ္ဌမထပ်တွင်ရှိသည့် အထွေထွေမန်နေဂျာရုံးခန်းသို့ ရောက်သည်နှင့် ရှီကျွင့်ကျဲသည် ရုံးခန်းတံခါးဝတွင် ဖုန်းပြောနေသည့် အတွင်းရေးမှူးနှင့် လက်ထောက်ကို တွေ့မြင်လိုက်ရလေ၏။

ထိုအခိုက်တွင် ကျန်းကျန်းက အပြင်သို့ ထွက်လာသည်အား မြင်လိုက်ရပြီး သူမက အတွင်းရေးမှူးနှင့် လက်ထောက်၏ ရှေ့တွင် အံ့သြဟန်ဆောင်၍ ပြောလာလေသည်။

“ကျွန်မ ရှင့်ကိုလွမ်းနေတာကို သိနေတာလား၊ အချိန်ရောက်လာရင် ရှင်ရောက်လာလောက်မယ်လို့ထင်တာနဲ့ ကျွန်မတံခါးဖွင့်ကြည့်လိုက်တာ”

ရှီကျွင့်ကျဲသည်လည်း သူမက သူ့အား အသိစိတ်နှင့် မြင်နေရသည်ကို သိသော်လည်း ပူးပေါင်းပါဝင်သည့်အနေဖြင့် ပြန်ပြောလိုက်သည်။

“ဒါက ကိုယ်တို့နှစ်ယောက် အချစ်နှင့်သံယောဇဉ်က ဘယ်လောက်ကြီးမားလဲဆိုတာ ပြနေတာပဲ”

ကျန်းကျန်းက ပြုံး၍ တစ်ဖက်လူ၏ လက်မောင်းကို ဆွဲကာ ရုံးခန်းအတွင်းသို့ ဝင်သွားခဲ့သည်။

ဇိမ်ခံသစ်သားတံခါးက လက်ထောက်နှင့် အတွင်းရေးမှူးတို့၏ သိလိုစိတ်အပြည့်နှင့် မျက်လုံးများအောက်တွင် ပိတ်သွားခဲ့လေသည်။

ကျန်းကျန်း၏ အတွင်းရေးမှူး ချန်ရွှယ်ဝူသည် လက်နှစ်ဖက်နှင့် မေးစေ့ကို ထောက်ပြီး အိပ်မက်ယောင်နေသကဲ့သို့ သက်ပြင်းချလိုက်သည်။

“ဥက္ကဋ္ဌလီနဲ့ အရာရှိရှီကျွင့်ကျဲက အရမ်းလိုက်ဖက်တာပဲ၊ သူတို့အတူရှိနေသရွေ့ အချစ်တွေပြည့်နေသလို ခံစားရတယ်၊ အစ်မရှဲ့၊ ဘာလို့ ဥက္ကဋ္ဌလီက ဒီလိုမျိုး ငယ်ရွယ်ချောမောတဲ့ သံတမန်နဲ့ လက်ထပ်ရလောက်အောင် ကံကောင်းနေရတာလဲ၊ ဘာလို့ ကျွန်မဆီမှာကျတော့ ဒီလိုမျိုး ကောင်းတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးတာလဲ”

လက်ထောက် ရှဲ့ဟွားက သူမအား တစ်ချက်ကြည့်ပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

“ဥက္ကဋ္ဌလီနဲ့ သူမရဲ့ခင်ပွန်းသည်က တော်ဝင်တက္ကသိုလ်က ထိပ်တန်းကျောင်းသားတွေပဲ၊ ဒီလိုမျိုး ကောင်းမွန်တဲ့လူကို ရှာချင်တယ်ဆိုရင် မင်း ပထမဦးဆုံး တော်ဝင်တက္ကသိုလ်ကို သွားရမယ်လို့ ထင်တယ်”

ချန်ရွှယ်ဝူတစ်ယောက် စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်သည်။

“တော်ဝင်တက္ကသိုလ်မှာ မိန်းကလေးတွေ အများကြီးရှိပေမဲ့ ရှီကျွင့်ကျဲက တစ်ယောက်တည်းပဲ ရှိတာလေ၊ ကျွန်မရဲ့ ရုပ်ရည်နဲ့ဆိုရင် ဝင်လို့ရမယ်ဆိုရင်တောင် မထင်ပါဘူး

ကိုယ့်အလုပ်ကို သေသေချာချာလုပ်ပြီး စိတ်ကူးယဉ်တာ ရပ်လိုက်တာ ပိုကောင်းပါတယ်”

*

All Chapters