← Chapters

အခန်း (၃၈၃)

Vol. 39 Ch. 383

အခန်း (၃၈၃)

Vol. 39 Ch. 383

ကျန်းကျန်းက ဖုန်းထဲမှ လီမင်နန်ကို ဆက်တိုက် စကားပြောပြီး ဆွဲဆောင်နေခဲ့သည်။

“အဖွား၊ အမေ၊ အဖေ၊ အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ စတုတ္ထအစ်ကိုတို့ အားလုံး သွားကြမှာလေ၊ တတိယအစ်ကိုသာ မလိုက်လာခဲ့ဘူးဆိုရင် နှမြောစရာပဲ

ညီမတို့တွေ ဒီနှစ်တွေထဲမှာ အလုပ်ရှုပ်နေကြပြီး ကောင်းကောင်း မဆုံဖြစ်သေးဘူး၊ တတိယအစ်ကိုလည်း ဒီလောက် အသက်ကြီးနေပြီ၊ အခုချိန်မှာ မဆုံနိုင်ဘူးဆိုရင် ကျွန်မတို့နဲ့ ဘယ်အချိန်လောက်ကို ဆုံနိုင်တော့မှာလဲ”

လီမင်နန်သည် ဤစကားကို ကြားသည့်အခါ ချက်ချင်းပင် ပြောလာခဲ့သည်။

“ကောင်းပြီ ကောင်းပြီ၊ ငါ ခဏနေရင် အပြင်ထွက်ပြီး ရထားလက်မှတ် သွားဝယ်လိုက်မယ်၊ မင်းယောက်မနှင့် ကလေးတွေကို တော်ဝင်မြို့တော်ကို ခေါ်လာခဲ့မယ်၊

အသွားအပြန် လေယာဉ်လက်မှတ်က ဘယ်လောက်လဲ၊ ငါ မင်းဆီ လွှဲပေးလိုက်မယ်၊ မင်းပဲ ငါ့အတွက် လေယာဉ်လက်မှတ် ဝယ်ပေးလိုက်တော့လေ”

“မလိုပါဘူး..”

ကျန်းကျန်း၏ ပြောစကား မဆုံးသေးခင်မှာပင် လီမင်နန်သည် သူမ၏စကားကို ချက်ချင်း ဖြတ်ပြောလိုက်လေသည်။

“တစ်ယောက်ချင်းစီအတွက် ရှင်းရမယ်၊ ငါတို့က ကျွန်းပေါ်မှာ အစားအသောက်နဲ့ တည်းခိုစရိတ်အတွက် မင်းကို ပေးခိုင်းရတာတောင် ရှက်စရာကောင်းနေပြီ၊ အသွားအပြန် လေယာဉ်လက်မှတ်ကိုပါ ဘယ်လိုလုပ်ပြီး မင်းကိုပေးခိုင်းလို့ရမှာလဲ”

လီမိသားစု၏ သင်ကြားပေးခဲ့သည့်နည်းလမ်းသည်ကား အမြဲတမ်း မိမိကိုယ်သာ အားကိုးရန်ဖြစ်ပြီး စည်းစိမ်ဥစ္စာကို ပြန်လည်ခွဲဝေရမည်ဆိုသည့် စကားမျိုး မည်သည့်အခါမျှ မရှိခဲ့ပေ။

ဥပမာ - အသားမုန့်လုံးက စီးပွားရေးလုပ်ချင်ပြီး ပိုက်ဆံမရှိသည့်အချိန်တွကာ ကျန်းကျန်းထံမှ ချေးယူခြင်းမျိုးသာ လုပ်သည်။ တောင်းဆိုခြင်းမျိုး မလုပ်ခဲ့ပေ။

နှစ်များကြာလာသည်နှင့်အမျှ ကျန်းကျန်းက ငွေကြေးဥစ္စာများ ပို၍ချမ်းသာလာခဲ့သော်လည်း တခြားအစ်ကိုများသည်က “မင်းမှာ ပိုက်ဆံ ပိုရှိတဲ့အတွက် မင်းက ပိုပေးရမယ်’ဆိုသည့် အတွေးမျိုး မရှိခဲ့ပေ။

ဆန့်ကျင်ဘက်အားဖြင့် မိဘများနှင့် အဖွားဖြစ်သူသည်က ကျန်းကျန်းနှင့် အတူ နေထိုင်နေသည့်အတွက် အစ်ကိုများက သူတို့အတွက် ပုံမှန် ပင်စင်ငွေ ပေးရုံသာမက သုံးငါးရက် တစ်ကြိမ် ပစ္စည်းများကိုပါ ပို့ပေးလေ့ရှိသည်။

သူတို့က ပစ္စည်းမပို့လျှင် ကျန်းကျန်း ဒုက္ခရောက်မည်ကိုပင် စိုးရိမ်နေခဲ့ကြသည်ပင်။

ကျန်းကျန်းသည်လည်း သူမ အစ်ကိုကြီးများ၏ အတွေးများကို သိရှိသည်။ အဘယ်ကြောင့်ဆိုသော် လီမင်တုန်၊ လီမင်ရှီ နှင့် လီမင်ပေတို့အားလုံး သူမကို လေယာဉ်လက်မှတ်ခများ ပို့ပေးလာချင်ခဲ့ကြသည်ပင်။

သူမ အကူအညီမဲ့စွာ ပြုံးလိုက်မိသည် ။

“ဒီတစ်ခါက ကျွန်မ စီစဉ်တာပါ၊ အဲဒီကျွန်းက ကျွန်မရဲ့ အိမ်အသစ်လည်းဟုတ်တယ်လေ၊ ကျွန်မ အိမ်ကို ဧည့်သည်တွေ ဖိတ်ချင်လို့၊ ကျွန်မအတွက် အိမ်တက်ပွဲရဲ့ ဧည့်သည်တွေ လုပ်ပေးပေါ့၊

ပြီးတော့ အိမ်က ကိုယ်ပိုင် အိမ်ပါပဲ၊ အစားအသောက်တွေကလည်း ပင်လယ်က ဖမ်းတာတွေချည်းပဲ၊

ကုန်ကျစရာတွေက ဘာမှ မရှိပါဘူး. ဒါကြောင့် လေယာဉ်လက်မှတ်အကြောင်း ကျွန်မကို ပြောနေစရာ မလိုဘူး”

ပေရှားဒေသ၌ အိမ်သစ်ပြောင်းလျှင် ဆွေမျိုးမိတ်ဆွေများကို ဖိတ်ပြီး စားသောက်ပွဲ ကျင်းပလေ့ရှိသည်။

လာရောက်သည့် လူ များလေလေ ကံကောင်းခြင်းများ ပိုမိုရရှိသည်ဟု ပြောဆိုကြသည်။

ကျန်းကျန်းက ပြုံးလိုက်ပြီး ဆက်ပြောခဲ့သည်။

“ဒီတစ်ခါ ကျွန်မ လေယာဉ်အတွက် စီစဥ်ပေးမယ်၊ အစ်ကိုတို့တွေက သက်တောင့်သက်သာနှင့် ကျွန်မနဲ့အတူ အပြင်ထွက်ပြီး ကစားနိုင်တယ်လေ၊ ကောင်းပြီ ၊ နောက်ထပ် မပြောတော့ဘူး၊ မြန်မြန်လေး ရထား လက်မှတ်ဝယ်လိုက်တော့၊ အစ်ကိုတို့ စောစောရောက်ရင် ကျွန်မတို့ စောစောထွက်မယ်”

ကျန်းကျန်းသည်ကား ကုမ္ပဏီကိစ္စများကို ကောင်းမွန်စွာ ကိုင်တွယ်လိုက်ပြီး လီမင်ပေကလည်း သူ့အလုပ်များကို တခြားသူများကို လွှဲပေးလိုက်သည်။

လင်းရှို့လန်၏ အလှကုန်နှင့် အလှပြင်ဆိုင်ဆိုင်ခွဲများသည်က ပုံမှန်စီးပွားရေး လုပ်ငန်းများ ဖြစ်လာပြီဖြစ်သည့်အတွက် တာဝန်ခံ မရှိသော်လည်း လုပ်ငန်းလည်ပတ်မှု မထိခိုက်တော့ပေ။

သူမက ယခုဆိုလျှင် သူမ၏ ရာထူးမှ နုတ်ထွက်ပြီး အိမ်၌ ကလေးများကို စနောကာခြင်း၊ လီမူဝူနှင့် ငြင်းခုန်ခြင်းတို့ကိုပြုလုပ်ကာ သက်သောင့်သက်သာဖြတ်သန်းနေခဲ့ပြီ ဖြစ်ပေသည်။

ရှီကျွင့်ကျဲ၏ ခွင့်ယူသည့် လုပ်ထုံးလုပ်နည်းများက ရှုပ်ထွေးသည်သော်လည်း ကျန်ရှိနေသည့် မိသားစုဝင်များကတော့ အချိန်မရွေး ထွက်သွားနိုင်ကြသူများသာ ဖြစ်ပေသည်ရး။

လူတိုင်းက အလွန်ပင် လွတ်လပ်ပေါ့ပါးနေခဲ့သည်ပင်။

ယခုအချိန်၌ သယ်ယူပို့ဆောင်ရေးသည်က သိပ်ပြီးမဖွံ့ဖြိုးသေးသည့်အတွက် မိသားစုနှစ်စု၏ လူနေမှုအဆင့်အတန်းက ကောင်းမွန်နေသော်လည်း ပင်လယ်ကို မြင်ဖူးသူကတော့ အနည်းအကျဥ်းလောက်သာ ရှိနေခဲ့သေးသည်။

နေရောင်ခြည်၊ သဲသောင်ပြင်နှင့် ကျန်းကျန်းပြောသည့် ကျွန်းရှုခင်း ဆိုသည်ကို လူတစ်စုလုံး စိတ်ကူးနှင့်ပင် မြင်ယောင်၍ မရနိုင်သေးပေ။

ထိုနေရာက မည်သို့ပုံစံမျိုး ဖြစ်နေမည်နည်းဆိုသည်ကိုပင် မသိကြပါချေ။

လေယာဉ်က တိမ်များကြားသို့ ပျံတက်သွားခဲ့သည်။ လီမူဝူ၏ စိတ်မပါ့တပါ အမူအရာနှင့် ယှဉ်လိုက်သည့်အခါ မဒမ်လီက အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပေသည်။

သူမသည်က ပြတင်းပေါက်အနီး၌ တစ်ဝက်လှဲလျောင်းလျက် လေယာဉ်အောက်မှ တိမ်ပင်လယ်နှင့် အပေါ်ဘက်မှ မိုးပြာရောင် ကောင်းကင်ကြီးကို ကြည့်ရင်း အိပ်မက်တစ်ခုကဲ့သို့ ခံစားနေရသည်။

“ဒီခေတ်ကြီးက တကယ်ပဲ နေ့ရက်တတိုင်းအသစ်အဆန်းတွေကို မြင်နေရတာပဲ”

မဒမ်လီက သူ့ဘေးမှ ဝမ်စုဖန်း၏ လက်ကို ပုတ်ပြီး ပြောလိုက်ပြန်သည်။

“ကျန်းကျန်းကို မွေးတုန်းက ငါတို့တွေ တစ်နေကုန် ဗိုက်ပြည့်အောင် ဖြည့်နိုင်ဖို့ကိုပဲ စိတ်ပူနေခဲ့ကြတာကို မှတ်မိသေးလား၊

အဲဒီတုန်းက ကျန်းကျန်း မွေးပြီးလို့ နေ့တိုင်း ဝဝလင်လင် စားရတာကိုပဲ အရမ်းကို ကောင်းမွန်တဲ့ ဘဝပဲလို့ ထင်ခဲ့တာ

အခု ကြည့်ပါဦး၊ စားဖို့က ပိုလျှံနေပြီ၊ ငါတို့ အားလုံး နတ်ပြည်ရောက်နေသလိုပဲ၊ ဘယ်လောက် စွမ်းဆောင်နိုင်လဲ”

“နတ်ပြည်အကြောင်း မပြောနဲ့၊ လကမ္ဘာကို သွားချင်တယ်ဆိုရင်တောင် ကျန်းကျန်းက အမေ့အတွက် ရအောင် လုပ်ပေးနိုင်လောက်တယ်”

ဝမ်စုဖန်းက အပြုံးတစ်ခုနှင့် ပြန်ပြောလိုက်သည်။

“အမေ၊ ဘယ်ကို ထပ်သွားချင်သေးလဲ၊ ကျန်းကျန်းကို မြန်မြန် ပြောလိုက်ပါဦး၊ ကျွန်မလည်း အတူတူ လိုက်ခဲ့မယ်”

“ငါ လကမ္ဘာကို မသွားပါဘူး”

မဒမ်လီသည်ကား မကြာသေးမီနှစ်များအတွင်း အစီအစဉ်အမျိုးမျိုးကို ကြည့်ဖူးသည်သော်လည်း မည်သည်ကိုမျှ မသိနားမလည်သည့် အဖွားကြီးမျိုး မဟုတ်ပေ။

“အဲဒီနေရာမှာ ဘာမှကောင်းတာ မရှိဘူး၊ ဘာမှ စားကောင်းတာလည်း မရှိဘူး၊ ပြီးတော့ ဝက်ဝံလိုမျိုးလည်း ဝတ်ထားရမယ်၊ ငါ မသွားချင်ဘူး”

သူမက လေယာဥ်ထိုင်ခုဲနောက်မှီပေါ် လှဲလျက် သက်သောင့်သက်သာ သက်ပြင်းချလိုက်သည်။

“ငါက ရွက်လှေစီးချင်ရုံပဲ၊ ဒါပေမဲ့ ငါတို့ ကျွန်းကို သွားရင် ဘယ်လိုစီးရမလဲ၊ လှေပေါ်ကို ဘယ်လိုတက်ရမလဲ”

ကျန်းကျန်းက ခေါင်းပြူထွက်လာပြီး ပြုံးကာ ရှင်းပြလာလေ၏။

“ကျွန်မတို့မှာ လှေအမျိုးမျိုး ရှိတယ်၊ ရွက်လှေ၊ မြန်နှုန်းမြင့်လှေ၊ မော်တော်ဘုတ်တွေ ရှိတယ်၊ ကြိုက်တာ စီးလို့ရတယ်

ဒါနဲ့၊ ကျွန်မတို့ ကျွန်းပေါ်မှာ ပင်လယ်ထဲကို ဆင်းလို့ရသေးတယ်၊ ဒါပေမဲ့ အဖွားက အသက်ကြီးပြီဆိုတော့ နည်းနည်း အန္တရာယ်များမယ်”

မဒမ်လီက လက်ကို ဝှေ့ရမ်းပြီး ပြောလာသည်။

“ငါ ပင်လယ်ထဲကို ဆင်းဖို့က ထားလိုက်ဦး၊ မင်းရဲ့ ရူးကြောင်ကြောင် အစ်ကိုတွေကို စမ်းခိုင်းလိုက်ဦး၊ ပြီးမှ ပြန်လာပြီး ငါ့ကို ပြောပြကြပါ”

လူတစ်စုလုံး ရယ်မောလိုက်ကြလေ၏။ မဒမ်လီက အပြင်ဘက်မှ တိမ်ပင်လယ်ကို လှမ်းကြည့်လိုက်သည်။ ဤသည်မှာ ခမ်းနားသည့် မြင်ကွင်းတစ်ခုဖြစ်ပြီး သူမက ကျန်းကျန်းကို မြန်မြန် လက်ဝှေ့ယမ်းပြီး ပြောခဲ့လေ၏။

“အသားမုန့်လုံး၊ အဘွားအတွက် ပုံတွေ ထပ်ရိုက်ပေးဦး၊ အိမ်ပြန်ရောက်ရင် ပုံတွေ ဆေးပြီး ပေရှားဒေသကို ပို့ပေးလိုက်မယ်၊ သူတို့ မနာလိုဖြစ်သွားအောင်လို့”

ကျန်းကျန်းက ကင်မရာကို ကောက်ကိုင်ပြီး ထရပ်လိုက်သည်။ ထို့နောက် ကင်မရာကို မဒမ်လီဆီသိာ့ ဦးတည်ထားပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေ၏။

“အဆင်သင့်ပြင်၊ တစ်၊ နှစ်၊ သုံး”

မဒမ်လီက သူမ၏ ပြီးပြည့်စုံသည့် သွားတု ရှစ်ချောင်းကို ဖော်လှစ်၍ ပြုံးပြလိုက်သည်။

မဒမ်လီသည်ကား အသက်ကြီးသူတစ်ဦး ဖြစ်သည့်အတွက် ပထမပိုင်း၌ စွမ်းအင်များ ပြည့်နေသည်သော်လည်း လေယာဉ်နှင့် ခရီးရှည်သွားပြီးနောက် လေယာဉ်ပေါ်မှ ဆင်းသည့်အခါ မူးဝေနေခဲ့သည်။

တခြားသူများသည်လည်း မစ္စတာလီထက် ပို၍ မသာကြပါချေ။

လူတိုင်းက ပင်ပန်းနွမ်းနယ်နေကြပြီး နိုင်ငံခြားရှုခင်းများကိုပင် သဘောတကျကြည့်ရှုရန် စိတ်မပါတော့ပေ။

ကံကောင်းစွာနှင့်ပင် ရှီကျွင့်ကျဲသည် ဤကဲ့သို့အခြေအနေမျိုးကို ကြိုတင်ခန့်မှန်းထားပြီး လေယာဉ်ဆင်းသည့် မြို့ထဲမှ ဟိုတယ်တစ်ခုကို ကြိုတင်ဘွတ်ကင်လုပ်ထားခဲ့သည်။

မစ္စတာရှီနှင့် မဒမ်ရှီတို့မှာ ငယ်စဉ်အခါကတည်းက ဈေးကွက်ထဲ၌ အချို့အရာများကို မြင်ဖူးသည်သော်လည်း အရေးအခင်း စတင်သည့်အချိန်ကတည်းက တော်ဝင်မြို့တော်မှ အပြင်သို့မထွက်ဖြစ်ခဲ့ကြပေ။

မျက်စိတစ်မှိတ်အတွင်း၌ပင် နှစ် ၂၀ ကျော် ကုန်ဆုံးခဲ့ပေပြီ။

လီမိသားစုမှာ အပြင်ထွက်ပြီး ဧည့်ရိပ်သာ၌ တည်းခိုခြင်းသည်ပင် ဇိမ်ကျကျ နေထိုင်မှုတစ်ခုဟု သတ်မှတ်ခဲ့ကြသည်။

ဤကဲ့သို့ ဇိမ်ခံဟိုတယ်သည်ကား ၎င်းတို့၏ စိတ်ကူးများကို ရိုးရိုးရှင်းရှင်းပင် ချိုးဖောက်ပစ်လိုက်ခြင်း ဖြစ်နေခဲ့သည်။

ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများက ဟိုတယ်၏ Facilities များကို မိတ်ဆက်ပေးနေချိန်တွင် လူတစ်စုလုံးက ရေကူးကန်ဆီကို ကြောင်တောင်တောင် ကြည့်နေကြပြီး အဘယ်ကြောင့် အိမ်တစ်အိမ်ငှားရမ်းချိန်တွင် ရေကူးသည့်နေရာ ပါလာရသည်နည်းဆိုသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။

ရှီကျွင့်ကျဲ ငှားရမ်းခဲ့သည့် အခန်းများသည်ကား အားလုံးက ဇိမ်ခံ Suite များ ဖြစ်ကြသည်။

သက်ကြီးရွယ်အိုများကို ဂရုစိုက်ရန်အတွက် မစ္စတာရှီနှင့် မဒမ်ရှီတို့က အခန်းတစ်ခု၊ လီမူဝူ၊ ဝမ်စုဖန်းနှင့် မဒမ်လီတို့က အခန်းတစ်ခု၌ နေထိုင်ခဲ့ကြသည်။

အထဲ ၌ အိပ်ခန်းသုံးခန်း ပါသည့်အတွက် အိပ်စရာနေရာမရှိမည်ကို စိတ်ပူစရာ မလိုအပ်ပါချေ။

အခန်းထဲသို့ ရောက်သည့်အချိန်တွင် လူတိုင်းက ရေချိုးပြီးသည်နှင့် ပင်ပန်းနေသည့်ဒဏ်ကို မခံနိုင်တော့ဘဲ အိပ်ပျော်သွားခဲ့ကြသည်။

*

All Chapters