အခန်း (၃၈၅)
Vol. 39 Ch. 385
ရှီအဖိုးကြီးက ခေါင်းငုံ့၍ စူးစမ်းစွာ ကြည့်နေသည်ကို မြင်လျှင် အဖွားအိုက မာနတကြီး ခေါင်းထောင်ကြည့်ရင်း ပြောလိုက်သည်။
“ကျန်းကျန်း နှိပ်တာ အရမ်းကောင်းတယ်လို့ ကျွန်မ ခုနက မပြောခဲ့ဘူးလား၊ ရှင်က အခုထိ မယုံသေးဘူး၊ ရှင် ကုတင်ပေါ်က မထနိုင်လို့သာပေါ့၊ မဟုတ်ရင် ကျွန်မက မြေးမကို ဒီလောက်အထိ အပင်ပန်းခံခိုင်းမှာ မဟုတ်ဘူး”
ကျန်းကျန်းက လက်ဆေးရင်း ပြုံး၍ ပြောလိုက်သည်။
“နောက်ကျနေပြီ၊ ရှီကျွင့်ကျဲက စားသောက်ဆိုင်မှာ ကြိုတင်ဘွတ်ကင်လုပ်ထားတယ်၊ ညစာသွားစားကြရအောင်လေ”
နဂိုက အစာစားချင်စိတ်မရှိသည့် အဖိုးအဖွားနှစ်ဦးက အားအင်ပြည့်ဝရုံသာမက ဝမ်းတွင်း၌ ဆာလောင်မှုအားပင် ခံစားရသည့်အတွက် အိမ်တွင်းသို့ အမြန်ပြန်၍ အဝတ်အစားလဲကြသည်။
ကျန်းကျန်းက အခန်းတစ်ခုချင်းစီငို့ ဖုန်းခေါ်၍ ပထမထပ်မှ ကန်တင်းသို့ တိုက်ရိုက်သွားစေသည်။
လီမင်တုန်တို့ ညီအစ်ကိုများသည်ကား အားလုံး ကောလိပ်တက်ခဲ့သူများဖြစ်၍ အင်္ဂလိပ်စကားပြောခြင်းက ပြဿနာမရှိပါခေေ။
သူတို့ လာသည့်အချိန်တွင် စားပွဲထိုးက ဟိုတယ်၏ အခြေအနေအား အထူးမိတ်ဆက်ပေးခြင်းကြောင့် နေရာကို ရှာနိုင်ခဲ့သည်။
ရှီကျွင့်ကျဲက ဤအချိန်၌ အမွှာနှစ်ယောက်အား အခန်းတွင်းသို့ ပြန်ခေါ်လာပြီးဖြစ်သည်။ ကျန်းကျန်းက တံခါးခေါက်၍ သူတို့ကို ခေါ်ထုတ်လာကာ အဖွားနှင့် မိဘနှစ်ဦးနှင့်အတူ ကန်တင်းသို့ ခေါ်သွား၍ အတူတကွ စားသောက်ကြသည်။
ဤကြယ်ငါးပွင့်ဟိုတယ်၏ စားဖိုမှူးက အလွန်နာမည်ကြီးပြီး ပြည်ပမှ ခရီးသွားများစွာက သူ၏ ဟင်းလျာများအား အထူးလာရောက်မြည်းစမ်းကြသည်။
ကန်တင်းကလည်း ဤကြယ်ငါးပွင့်ဟိုတယ်၏ အထူးနာမည်ကြီးစေသည့်အရာတစ်ခုများ ဖြစ်သည်။
တစ်ပတ်လျှင် တစ်ရက်သာ ဖွင့်ပြီး ကမ္ဘာတစ်ဝှမ်းမှ အသစ်လွင်ဆုံး ပါဝင်ပစ္စည်းများအား အသုံးပြုကာ စားဖိုမှူးအဖွဲ့က ချက်ပြုတ်ခဲ့သည်။
ယနေ့က ကန်တင်းဖွင့်သည့်နေ့နှင့် တိုက်ဆိုင်နေခြင်းကြောင့် ရှီကျွင်းကျဲက စားသောက်ဆောင်အတွင်းမှ စားပွဲခုံဝိုင်းတစ်ဝက်အား တိုက်ရိုက်ဘွတ်ကင်လုပ်လိုက်သည်။
အခြားရွေးချယ်စရာမရှိပါချေ။သူတို့သည်ကား မိသားစုဝင်များက အလွန်များပြားနေခဲ့ပေသည်။
ရှီကျွင့်ကျဲနှင့် သူ၏အဖွဲ့အား ပိုမိုကောင်းမွန်သည့် အစားအသောက်ဝန်ဆောင်မှုပေးရန်အတွက် စားသောက်ဆိုင်က ကန်တင်းအား ကြိုတင်စီစဉ်ပေးခဲ့ပြီး သီးသန့်နေရာတစ်ခု ပေးထားခြင်းကြောင့် ထိုသူများက သီးခြားစားပွဲများ၌ စားရသော်လည်း ဆက်သွယ်ပြောဆိုခြင်းကုလည်း အနှောင့်အယှက်ဖြစ်စေမည် မဟုတ်ပေ။
အဖွဲ့သားများက ထူထဲသည့် မီနူးစာအုပ်အား ဖွင့်လိုက်သော် လူတစ်ဝက်လောက်က အင်္ဂလိပ်လိုရေးထားခြင်းကို ကြောင်ငေး၍ကြည့်နေကြသည်။
ရှီကျွင့်ကျဲက မတိုင်ခင်က အိမ်ခြံမြေပိုင်ဆိုင်မှုလုပ်ငန်းများ လုပ်ခဲ့ပြီး ဤသို့တစ်ကြိမ်ရောက်ဖူးခြင်းကြောင့် ဤဘူဖေးအား ရင်းနှီးသည်
သူ၏လက်တွင်းမှ မီနူးအား ဘေးသို့ချ၍ စားပွဲထိုးအား အပြုံးတစ်ခုနဲ့ ပြောခဲ့သည်။
“ဟင်းလျာတွေ အားလုံးကိုချပေးပါ”
ချက်ချင်းပင် လူများစွာက သူတို့လက်တွင်းမှ ထူထဲသည့်မီနူးအား လှန်ကြည့်လိုက်ပြီး ရှီကျွန့်ကျဲအား အံ့သြတုန်လှုပ်စွာ ကြည့်ကြသည်။
“ဟင်းပွဲတွေ အကုန်လုံး ချခိုင်းနေတာလား၊ မင်းက အရမ်း ဖြုန်းတာပဲ၊ စားလို့မကုန်ရင် ဘယ်လိုလုပ်မလဲ၊ ငါတို့ မဖြုန်းတီးနိုင်ဘူး”
သို့သော်လည်း သုံးမိနစ်ပင် မကြာမီတွင် လူတစ်စုက သူတို့၏ရှေ့မှ လှပသည့်ပန်းကန်ကြီးအတွင်းရှိ အလွန်သေးငယ်သော အသားတုံးအား မြင်တွေ့လိုက်ရကာ အံ့အားသင့်သွားကြသည်။
လီမင်ပေက အစားအသောက်မျာ့ကို အကြိုက်ဆုံးသူဖြစ်၍ အသားအား ခရင်းနှင့်ဖဲ့စားရင်း တတွတ်တွတ်ပြောနေသည်။
“ဒီအသားကလည်း အရမ်းသေးတာပဲ၊ မျက်လုံး မကောင်းတဲ့သူတွေဆို မြင်တောင် မြင်မှာမဟုတ်ဘူး။”
သို့သော် ပါးစပ်အတွင်းမှ အသားအား ဝါးကြည့်ချိန်တွင်တော့ လီမင်ပေ၏ မျက်လုံးများက တောက်ပလာခဲ့သည်။
“အရသာရှိလိုက်တာ၊ နူးညံ့နေတာပဲ၊ ဆယ်ပွဲလောက်မှာရမယ်”
ကျန်းကျန်းက သူ့၏ပုံစံကြောင့် တားဆီးလိုက်ရသည်။
“ဟင်းလျာတွေက ဒီစာအုပ်တစ်ခုလုံးစာ ရှိတယ်လေ၊ ဘာလို့ ဒီလောက် အလောတကြီးဖြစ်နေတာလဲ၊ စားပြီးမှ မှာလို့ရတာပဲ”
ညစာစားပြီးသည့်နောက်တွင် စားသောက်စရာ စာအုပ်တစ်အုပ်စာ စားခဲ့ရပြီး ဗိုက်များတင်းကားသွားခဲ့ပေပြီ။
လတ်ဆတ်သည့် အစားအစာအမျိုးများစွာအား မြည်းစမ်းရခြင်းကလည်း မျက်စိပွင့်စေသည်။
လီမင်နန်နှင့် လီမင်ပေကဲ့သို့ ငယ်ရွယ်သန်မာ၍ အစားအသောက်ကြိုက်သူများကမူ မီနူးအား ကိုင်၍ ဒုတိယအချီ မှာယူရန် အသင့်ပြင်နေခဲ့ကြပြန်သည်။
ဟိုတယ်၌ နောက်တစ်ည အနားယူပြီးနောက် နံနက်ပိုင်း၌ စားသောက်ဆိုင်တွင် အနောက်တိုင်းစတိုင် မနက်စာ စားပြီး မိသားစုတစ်စုလုံးအား ဆိပ်ကမ်းသို့ ဘတ်စ်ကားနှင့် ခေါ်သွားခဲ့သည်။
မိသားစုအား အကောင်းဆုံး ခရီးသွားအတွေ့အကြုံပေးရန်အတွက် ရှီကျွင့်ကျဲက ကားပင်ဖြစ်စေ၊ လှေပင်ဖြစ်စေ၊ အကောင်းဆုံးမဖားကိာသာ ငှားရမ်းထားခြင်းဖြစ်လေသည်။
ကားပြတင်းပေါက်မှ ပင်လယ်အား မြင်ခဲ့ရပျီးဖြစ်သော်လည်း ကားပေါ်မှဆင်းပြီးနောက်တွင် အပြာရောင်ကောင်းကင်နှင့် အပြာရောင်ပင်လယ်ကြီး ဆက်စပ်နေခြင်းအား ရှင်းလင်းစွာမြင်သော် လူများစွာက ထိုသူတို့ရှေ့မှ အလှတရားကြောင့် နောက်တစ်ဆင့် အံ့အားသင့်သွားကြပြန်သည်။
မဒမ်လီက သူမ၏အိတ်တွင်းမှ မှန်တစ်ချပ်ထုတ်၍ နေကာဦးထုပ်အား သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆောင်းပြီးနောက် ကျန်းကျန်းအား လှမ်းခေါ်သည်။
“ပေါင်ပေ့ ဘယ်မှာလဲ”
“ဒီမှာ”
ကျန်းကျန်းက ကင်မရာအား လည်ပင်း၌ ချိတ်၍ အပြေးအလွှားရောက်ရှိလာသည်။
“အဘွား၊ ဘယ်နေရာမှာ ဓာတ်ပုံရိုက်ချင်လဲ”
မဒမ်လီက နောက်ဘက်မှ ပင်လယ်အား လက်ညှိုးထိုးပြ၍ ပြောလာသည်။
“ပင်လယ်နဲ့ ဓာတ်ပုံနည်းနည်း၊ သင်္ဘောကြီးနဲ့ နှစ်ပုံရိုက်မယ်၊ ကောင်းလိုက်တာ၊ ငါတို့ ပေရှားဒေသက သင်္ဘောထက် ပိုပြီးခန့်ညားတယ်”
ကျန်းကျန်းက ရယ်မောလိုက်ပြီး သူမအား ဆွဲခေါ်လုနီးပါး ခေါ်သွားခဲ့သည်။
“ပေရှားဒေသက မြစ်ကြီးထဲက သစ်သားလှေသေးသေးလေးပဲရှိတာကို ဒီသင်္ဘောကြီးနဲ့ ဘယ်လိုလုပ် နှိုင်းလို့ရမှာလဲ၊ သင်္ဘောဆိပ်မှာဆို လူသုံးယောက်ကို တစ်ယောက်တည်း လောက်ဖြစ်အောင် ညှစ်ထုတ်ပြီးစီးနေရတာလေ”
မိသားစုဝင်များအားလုံး၏ ဓာတ်ပုံရိုက်ပြီးသော် ရှီကျွင့်ကျဲက မိသားစုဝင်များအား ရေတွက်၍ သင်္ဘောပေါ်သို့ တက်စေသည်။
မိသားစုနှစ်စု၌ ကလေးနှစ်ဆယ်ကျော်များ ပါဝင်လာခြင်းကြောင့် တစ်ဦးပျောက်သွားလျှင် ကိစ္စကြီးတစ်ခု ဖြစ်သွားလိမ့်မည်။
ရှီကျွင့်ကျဲ ဝယ်ယူထားသည့် ကျွန်းသည်ကား နူးညံ့သည့်သဲသောင်ပြင်နှင့် လှပသည့်ပင်လယ်ရှုခင်းကြောင့် နာမည်ကြီးခဲ့သည်။ လူအများ ပြောစရာဖြစ်ခဲ့သည့်အရာက ကျွန်းပေါ်မှ ဇိမ်ခံစံအိမ်ပင်။
ကမ္ဘာတစ်ဝှမ်းမှ ချမ်းသာသည့် နာမည်ကြီးပုဂ္ဂိုလ်များစွာက ဤကျွန်းအား မင်္ဂလာဆောင်များ၊ သို့မဟုတ် ပွဲလမ်းသဘင်များအတွက် ငှားရမ်းရန် အမြဲဆန္ဒရှိခဲ့ကြသော်လည်း တစ်ပတ်လျှင် ဒေါ်လာ နှစ်သိန်းအထိ ဌားရမ်းခက လူများစွာအား စိတ်ပျက်အားငယ်စေခဲ့သည်။
မူလကျွန်းပိုင်ရှင်မိသားစု၏ စီးပွားရေး၌ ရုတ်တရက် အခက်အခဲများ မရှိခဲ့လျှင်၊ ပြီးနောက် ငွေများစွာ အရေးတကြီးလိုအပ်ခဲ့လျှင် ဤငွေတွင်းကြီးအား ရောင်းချလိုခြင်းပင် မရှိလောက်ပေ။
လှေက ကျွန်းငယ်၏ ဆိပ်ကမ်း၌ ဆိုက်ကပ်လိုက်သည်။ နူးညံ့သည့် သဲသောင်ပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် မတိုင်ခင်က မမြင်ဖူးသည့် လှပသည့်ရှုခင်းများအား မြင်တွေ့ခဲ့ရပြီး လူများစွာက မလှုပ်မယှက် ရပ်တန့်သွားကြသည်။
ပထမဆုံး ဆင်းလာသည့် အမွှာလေးနှစ်ဦးကမူ ပင်လယ်အား တန်းကြည့်လိုက်ပြီးနောက် သဲသောင်ပြင်ပေါ်၌ ခုန်ပေါက်ပြေးလွှားကာ အရင်က မခံစားဖူးသည့် နူးညံ့မှုကို ခံစားနေခဲ့ကြလေသည်။
လှပသည့် သဘာဝရှုခင်းများကြောင့် မိသားစုက စံအိမ်တွင်းသို့ မဝင်လိုကြခေေ။ ကံကောင်းစွာနှင့်ပင် ထိုအချိန်၌ နေရောင်ခြည်က နွေးသော်လည်း ပူလောင်ခြင်းမရှိဘဲ ကိုယ်ခန္ဓာတစ်ခုလုံးအား ဖြာလင်းပေးနေခြင်းက အလွန်သက်တောင့်သက်သာရှိစေခဲ့သည်။
ထိုသူများအား ကြိုဆိုရန်အတွက် စံအိမ်၏ အိမ်စောင့်အဖွဲ့က ကလေးများအတွက် သဲသောင်ပြင်၌ စိတ်ဝင်စားစရာ တဲအမျိုးမျိုးအား ပြင်ဆင်ပေးထားခဲ့ပြီး လူကြီးများအတွက်မူ ပင်လယ်ကမ်းခြေ ကုလားထိုင်များနှင့် နေကာထီးများ ပြင်ဆင်ပေးထားသည်။
လူများစွာက ထိုသူတို့အကြိုက်ဆုံးနေရာများအား ရှာတွေ့ကြသည်။
အိမ်စေများက မွှေးကြိုင်သည့် ဝိုင်နီ၊ လတ်ဆတ်သည့် သစ်သီး၊ ညှစ်ထားသည့် ဖျော်ရည်၊ ယခုမှလုပ်ထားသည့် ကိတ်မုန့်များ၊ အေးမြနေသည့် ရေခဲမုန့်များအား သယ်လာကြသည်။
ကလေးကြီးပင်ဖြစ်စေ၊ ကလေးငယ်ပင်ဖြစ်စေ ဤပစ္စည်းများ၏ ဆွဲဆောင်မှုအား မခုခံနိုင်ဘဲ တစ်ဦးပြီးတစ်ဦး အော်ဟစ်၍ ပြေးလာခဲ့ကြသည်။
ကျန်းကျန်းက ထိုသူများအား ပင်လယ်ကမ်းခြေမှ ရေချိုးခန်းသို့ ခေါ်သွား၍ လက်ဆေးစေပြီးနောက်မှ စားခွင့်ပြုလိုက်သည်။
အားလပ်ရက်အပန်းဖြေသည့်အခါ စိတ်အေးလက်အေး ပျော်ရွှင်လိုခြင်းကြောင့် မိသားစုတစ်စုလုံးက အိမ်၌ရှိစဉ်က တားမြစ်ထားခြင်းများအား မေ့ပစ်ကြသည်။
မဒမ်လီပင် ရေခဲမုန့်တစ်ပန်းကန်အား ယူ၍ ဇွန်းလေးနှင့် နည်းနည်းစီ ခပ်စားနေခဲ့သည်။
နို့အရသာရှိသည့် ရေခဲမုန့်က ပါးစပ်တွင်း၌ ဖြည်းဖြည်းချင်း အရည်ပျော်သွားခဲ့ပြီး မဒမ်လီက ကျေနပ်စွာ ခေါင်းညိတ်သည်။
“ဒီရေခဲမုန့်က အရသာရှိလိုက်တာ၊ ငါတို့အိမ်မှာ စားတဲ့ ရေခဲချောင်းတွေထက် အများကြီး ပိုကောင်းတယ်”
မဒမ်လီ ပါးစပ်မှ ထွက်လာသည့် စကားများအား ကြားလျှင် ကျန်းကျန်း ရယ်မောမိသည်။ သူမက ကင်မရာအား ကောက်ကိုင်၍ နေကာဦးထုပ်ဆောင်းထားပြီး ရေခဲမုန့်စားနေသည့် အဖွားအို၏ အနီးကပ်ပုံတစ်ပုံအား ရိုက်လိုက်လေသည်။
*