← Chapters

အခန်း (၃၈၆)

Vol. 39 Ch. 386

အခန်း (၃၈၆)

Vol. 39 Ch. 386

ကျွန်းပေါ်၌ ပင်လယ်ရှုခင်းလှပသည့် အခန်းများ၊ ဇိမ်ခံစားသောက်ဆိုင်ကြီးများ၊ ပင်လယ်မှ ဖမ်းယူထားပြီးကာစ လတ်ဆတ်သည့် ပင်လယ်စာများက မိသားစုအား အားလပ်ရက်ခရီးတွင် အပြည့်အဝ အနားယူအပန်းဖြေနိုင်စေခဲ့သည်။

ကျွန်းပေါ်၌ လည်ပတ်ပျော်ရွှင်ပြီးနောက် မဒမ်လီက ပို၍ ထူးခြားသည့် အတွေ့အကြုံများအား လိုချင်လာလေသည်။

သူမအနေဖြင့် ပင်လယ်ပြင်ပေါ်မှ ရှုခင်းများအား မြင်လိုသည်။

ကျွန်းပေါ်၌ ရွက်လှေများကို အသင့်ပြင်ထားပြီးဖြစ်၍ သူတို့မိသားစုဝင်များအားလုံး စားဖိုမှူးနှစ်ဦး၊ စားပွဲထိုးနှစ်ဦးနှင့် ကပ္ပတိန်တစ်ဦးအား ခေါ်ကာ ထွက်ခွာခဲ့ကြသည်။

ရှီချန်ပေါ်ကတော့ ရွက်လှေပေါ်သို့ ရောက်သည်နှင့် စားပွဲထိုးထံမှ ပင်လယ်ငါးမျှားတံနှစ်ချောင်းအား တောင်း၍ လီမူဝူအား ပေးလိုက်သည်။

“အရင်က မင်းရဲ့ခြံထဲမှာ ငါးဖမ်းဖူးတယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ ပင်လယ်ထဲမှာ ဖမမမ်းရမှာ၊ ဘယ်သူက ပိုတော်လဲဆိုတာ စမ်းကြည့်ရအောင်”

လီမူဝူသည်ကား ဤသို့ ယှဉ်ပြိုင်ရမည်အား လုံးဝမကြောက်ပေ။ သူသည်က သမီး၏ လွှမ်းမိုးမှုကြောင့် မိမိအနေဖြင့် အဆင့်အတန်းမြင့်သည်ဟု အမြဲခံစားနေရသူဖြစ်သည်။

၎င်းတို့နှစ်ဦးလုံးက ယုံကြည်မှုအပြည့်ဖြင့် ငါးမျှားတံများအား ပင်လယ်ထဲသို့ ချလိုက်ကြသည်။

စားပွဲထိုးက ဝိုင်နီနှစ်ခွက်အား ဗန်းဖြင့် ယူလာပေးခါ်သည်။ ရှီချန်ပေါ်က တစ်ခွက်ယူ၍ တစ်ငုံသောက်လိုက်ပြီး ခေါင်းညိတ်ကာ သဘောကျစွာဖြင့် ပြောလာလေသည်။

“ကောင်းလိုက်တဲ့ဝိုင်၊ လှပတဲ့ရှုခင်း၊ ဘဝမှာ ဆန္ဒရှိတဲ့ အတိုင်းနေရတာထက် ပိုကောင်းတာ မရှိတော့ဘူး”

လီမူဝူသည်လည်း ဝိုင်ခွက်အား ကိုင်ရင်း လှောင်ပြောင်လိုက်သည်။

“ချဉ်လိုက်တာ”

သူက ဝိုင်တစ်ခွက်ကုန်အောင်သောက်ပြီးနောက် မကျေနပ်ဖြစ်နေပုံဖြင့် ပြောလာသည်။

“ဒါက စပျစ်ရည်နဲ့တူတယ်၊ ဟေ့ ကောင်လေးတွေ မင်းတို့မှာ ဆန်အရက်တွေ မရှိဘူးလား”

စားပွဲထိုးသည် ပြုံး၍မရှိကြောင်း ပြန်လာလာခဲ့လေသည်။

*

ဆယ်နှစ်အကြာတွင်တော့ ပေရှားဒေသရှိအစိုးရမှာ ၎င်းတို့ဒေသရှိ ကိုရီးယားထင်းရှူးတောဧရိယာက မူလအရွယ်အစား၏ ၁% အောက်သို့ ရောက်ရှိသွားသည်ကို မြင်သည့်အတွက် နောက်ဆုံးတွင် ထိတ်လန့်သွားခဲ့ကာ သစ်ခုတ်ခြင်းအား လုံးဝရပ်တန့်၍ ဂေဟစနစ်စီးပွားရေးလမ်းကြောင်းအား ထောက်ခံလာခဲ့သည်။

ကျန်းကျန်းသည်လည်း သူမ နှစ်များစွာစောင့်မျှော်နေခဲ့သည့် သတင်းအား အင်တာနက်ပေါ်၌ မြင်လိုက်ရလျှင် လှောင်မရယ်ဘဲ မနေနိုင်ခဲ့ပေ။

ထိုအချိန်တုန်းက အပြည့်စုံဆုံး ဂေဟစနစ်ရှိနေခဲ့သော်လည်း သစ်ပင် များစွာကို ခုတ်ခဲ့ကြသည်။

ယခု၊ တိရစ္ဆာန်များ များစွာ မကျန်တော့သည့်အခါမှသာ ဂေဟစနစ်စီးပွားရေးအား စဉ်းစားလာခဲ့သည်။

ယခုဆိုလျှင် ကျန်းကျန်းမှာ တရုတ်ပြည်၏ နာမည်ကျော် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် ဖြစ်နေပြီဖြစ်သည်။ မင်ကျန်းအုပ်စုသည်လည်း နိုင်ငံတစ်ဝန်း၌ နာမည်ကျော်ကြားသည့် လုပ်ငန်းကြီးတစ်ခု ဖြစ်လာခဲ်သည်။

ပရိဘောဂ၊ အဝတ်အထည်၊ အလှကုန်ပစ္စည်းနှင့် အလှအပဆိုင်ရာ လုပ်ငန်းများအားလုံးသည် သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီး၌ ဦးဆောင်နေရာမှ ရပ်တည်နေသည်။

တော်ဝင်မြို့တော်၌ တည်ဆောက်ထားသည့် ၎င်းတို့၏ စိုက်ပျိုးရေးဌာန၏ ဧရိယာသည်လည်း တစ်သန်းစတုရန်းမီတာအပြည့်ရှိနေခဲ့ပြီး နွေရာသီအလယ်၌ ပန်းပင်များ ပွင့်သည်မှာ တော်ဝင်မြို့တော်၏ နာမည်ကြီး ရှုခင်းတစ်ခု ဖြစ်လာသည်။

သို့သော်လည်း ထိုစိုက်ပျိုးရေးဌာန၏ စိုက်ပျိုးရေးစီမံခန့်ခွဲမှုက အလွန်တင်းကျပ်၍ ခရီးသွားများအနေဖြင့် အပြင်မှသာ ကြည့်နိုင်ကာ မည်သူမျှ အတွင်းသို့ ဝင်ခွင့်မပြုပေ။

တစ်ချိန်တည်း၌ပင်၊ ဆေးဘက်ဝင်အလှကုန်နှင့် အလှကုန်ပစ္စည်း ကုမ္ပဏီများစွာအား မနာလိုဖြစ်စေသည်မှာ မင်ကျန်းအုပ်စု၏ တရုတ်တိုင်းရင်းဆေးပင် စိုက်ပျိုးရေးဌာနကို ဖြစ်ပေသည်။

ယခုဆိုလျှင် ထိုနေရာသည်က တောင်ကုန်းဆယ်ခုကျော်အဖြစ် ပြောင်းလဲသွား၍ တရုတ်တိုင်းရင်းဆေးပင် စိုက်ပျိုးရေးအတွက် အထူးအဖွဲ့က ဂရုတစိုက် စောင့်ရှောက်နေခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့်၊ မင်ကျန်းအုပ်စု၏ အထင်ရှားဆုံး အောင်မြင်မှုသည်ကား အိမ်ခြံမြေကုမ္ပဏီ ဖြစ်သည်။

တခြားမည်သည့် အကြောင်းကိုမျှ မပြောလျှင်ပင် အိမ်ခြံမြေစျေးနှုန်းသည် နေ့စဉ်ထိုးတက်နေခဲ့တတ်ပြီးတစ်ခါတစ်ရံ၌ တစ်လခွဲအတွင်း သောင်းနှင့်ချီ တက်သွားတတ်သည်။

အခြေအနေအား လိုက်မီရန်ကား အမှန်တကယ်ခက်ခဲလွန်းသည်။ မင်ကျန်းအိမ်ခြံမြေကုမ္ပဏီသည်က နိုင်ငံတစ်ဝန်း၌ အိမ်ခြံမြေများ များစွာ တိုးချဲ့တည်ဆောက်ထားခဲ့သည်။

အဆင့်မြင့် လူနေအိမ်ရာများနှင့် အဆင့်မြင့်အိမ်ခြံမြေများအတွက် နာမည်ကြီးသည်။

များသောအားဖြင့် ဆောက်လုပ်ရေးစတင်သည်နှင့် လူများက ဈေးနှုန်းစုံစမ်းရန်အတွက် အရောင်းဌာနတွင် စတင်စုံစမ်းကြသည်။

မည်သို့ပင် ဖြစ်စေ၊ ၎င်းသည်က ရေရှည်တည်ထောင်ထားသည့် အိမ်ခြံမြေကုမ္ပဏီတစ်ခုဖြစ်ပေသည်။ မင်ကျန်းအိမ်ခြံမြေကုမ္ပဏီက တည်ဆောက်သည့် အိမ်ခြံမြေများသည်က အရည်အသွေး၏ သင်္ကေတ ဖြစ်လာသည်။

သတင်းစာမျက်နှာအား ပိတ်လိုက်ပြီးနောက် ကျန်းကျန်းက ရုံးတွင်းပိုင်းဖုန်းနံပါတ်အား နှိပ်လိုက်သည်။

“ရှဲ့ဟွား၊ ဝင်လားခဲ့”

ရှဲ့ဟွာက သပ်ရပ်သည့် ဝန်ထမ်းဝတ်စုံကို ဝတ်ထားပြီး မျက်နှာ၌ ပုံမှန်အပြုံးနှင့် ဝင်လာခဲ့သည်။

“ဥက္ကဋ္ဌ၊ ဘာများ ခိုင်းစရာရှိပါသလဲ”

ကျန်းကျန်းက သတင်းအား ပရင့်ထုတ်၍ ရှဲ့ဟွားကို ပေးလိုက်သည်။

“နာရီဝက်အတွင်း လုပ်ငန်းခွင်အစည်းအဝေးတစ်ခုလုပ်မယ်၊ ရင်းနှီးမြှုပ်နှံမှုဌာန၊ လုပ်ငန်းဆောင်ရွက်မှုဌာနနဲ့ ဂေဟစနစ်ဌာနတို့ကို ပေရှားဒေသရဲ့တောင်တန်းသစ်တောကို စာချုပ်ချုပ်ဆိုတဲ့ ကိစ္စ ဆွေးနွေးဖို့အတိက် တက်ရောက်ရမဲ့အကြောင်း အကြောင်းကြားလိုက်ပါ”

ရှဲ့ဟွာလည်း ကျန်းကျန်း၏ လက်ထဲမှ သတင်းကိုယူကြည့်၍ အမြန်ဖတ်လိုက်ပြီး သက်ဆိုင်ရာဌာနများအား အစည်းအဝေးခေါ်ယူရန် ချက်ချင်း အကြောင်းကြားလိုက်သည်။

နာရီဝက်အကြာတွင် ကျန်းကျန်းက အစည်းအဝေးခန်းမသို့ အချိန်မှန်ရောက်လာခဲ့ပြီး ပေရှားဒေသသစ်တောကြီးနှင့်ပတ်သက်သည့် အခြေအနေအား ပရိုဂျက်တာပေါ်၌ ပြသခဲ့သည်။

ကျန်းကျန်းက ကိုရီးယားထင်းရှူးတော၏ ဖြစ်စဉ်အား အတိုချုပ် မိတ်ဆက်ပြီး ပြောလာလေ၏။

“ဒီစာချုပ်ချုပ်ဆိုတဲ့ စီမံကိန်းနဲ့ပတ်သက်ပြီး အကြံဉာဏ်နဲ့ သဘောထားတွေ ရှိကြလား”

ရင်းနှီးမြှုပ်နှံမှုဌာနက ဦးဆောင်၍ မေးလိုက်သည်။

“ဥက္ကဋ္ဌ၊ အစိုးရရဲ့ သဘောထားအရ သစ်တောဌာနကပဲ ဒီလုပ်ငန်းကို လုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်၊ တစ်ချိန်တည်းမှာ အရင်သစ်တောဝန်ထမ်းတွေကို သစ်တောထိန်းသိမ်းရေးသမားတွေအဖြစ် ပြောင်းလဲမယ်

ဒါမှ သစ်တောဝန်ထမ်းထောင်ပေါင်းများစွာ အလုပ်အကိုင်မဆုံးရှုံးဖို့ သေချာစေလောက်မှာပါ၊

ကျွန်တော်တို့ စာချုပ်ချုပ်ဆိုမယ်ဆိုရင် နှစ်စဉ်ရင်းနှီးမြှုပ်နှံမှုက အများကြီးဖြစ်ပေမဲ့ ဝင်ငွေကတော့ အာမခံချက်မရှိပါဘူး၊ ရှဲ့ဟွားက အစည်းအဝေးအကြောင်းကြားစာ ပေးပြီးနောက်မှု မြို့နဲ့ပတ်သက်တဲ့ သက်ဆိုင်ရာအချက်အလက်အချို့ကို ကျွန်တော် ရှာဖွေကြည့်မိတယ်

အဲဒီနေရာကို အနှေးဆုံးရထားပဲ ဖြတ်သန်းနိုင်တယ်၊ ဒေသခံစီးပွားရေးက အင်မတန်ဆိုးရွားပြီး နှစ်ပေါင်းများစွာ သမိုင်းရှိတဲ့ ကြီးမားတဲ့ နိုင်ငံပိုင် ရေအားလျှပ်စစ်စက်ရုံတောင် ပိတ်ပစ်ရတဲ့ ကံကြမ္မာကနေ မလွတ်မြောက်ခဲ့ဘူး

လူငယ်အများစုက အလုပ်ရှာဖို့နဲ့ စီးပွားရေးလုပ်ဖို့ အပြင်ကို ထွက်လာခဲ့ကြပြီး အိမ်မှာ သက်ကြီးရွယ်အို လူကြီးတွေပဲ အများအားဖြင့် ကျန်နေခဲ့တယ်၊ အဲဒီနေရာမှာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ ကျွန်တော်မထင်ပါဘူး”

မိမိ မွေးရပ်မြေ၏ လက်ရှိအခြေအနေအား စဉ်းစားမိသည့်နောက်တွင် ကျန်းကျန်း သက်ပြင်းချလိုက်ပြီးနောက် အလေးအနက်ထား၍ ၎င်း၏ အဖွဲ့အား ကြည့်လိုက်သည်။

“ငါက အဲဒီမှာ ငွေရှာဖို့ ရင်းနှီးမြှုပ်နှံတာ မဟုတ်ဘူး၊ အလှပဆုံးတောင်တန်းကို ပြန်လည်တည်ဆောက်ဖို့အတွက်ပဲ”

သူမ၏စကားကိုကြားလျှင် ရင်းနှီးမြှုပ်နှံမှုဌာန၏ တာဝန်ခံလည်း အံ့အားသင့်သွားသည်။

မကြာသေးသည့်နှစ်များ၌ မင်ကျန်းအုပ်စုက နှစ်စဉ် များစွာ ရင်းနှီးမြှုပ်နှံခဲ့၍ အကျိုးအမြတ်မရသည့် စီမံကိန်းများ မရှိခဲ့ပေ။

နှစ်စဉ် ရင်းနှီးမြှုပ်နှံမှု စွမ်းဆောင်ရည်များက တိုးတက်နေချိန်တွင် ဥက္ကဋ္ဌသည်က အဘယ်ကြောင့် ၎င်း၏ ပုံစံအား ရုတ်တရက် ပြောင်းလဲသွားသည်နည်း။

သူသည် စိတ်ရှုပ်ထွေးနေချိန်၌ လီမင်ကျန်းက အနီရောင်ထင်ရှူးသစ်တောင်ကြီးအား ကြီးမားသည့်ဖန်သားပြင်ပေါ်၌ ကြည့်နေခဲ့ပွီး ထိုအခိုက်တွင် ရင်းနှီးမြှုပ်နှံမှုဌာန၏ တာဝန်ခံဆီသို့ မိုဘိုင်းလ်ဖုန်းမှ စာတစ်ခု ရောက်လာသည်။

သူ ၎င်းကို ကြည့်လိုက်သည့်အခိုက်တွင် လီမင်ကျန်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအား တွေ့လိုက်ရသည်။

သူမသည်ကား ပင်းချန်မြို့ ပေရှားဒေသမှ ဖြစ်ပေသည်။

ငွေရှိလျှင် အရာရာ လွယ်ကူသည်ဟု ပြောကြသည့်အတိုင်း ကျန်းကျန်းသည်ကား တရုတ်ပြည်သူများ၏ ရင်ထဲ၌ ထူးခြားသည့် အဆင့်အတန်းရှိသူဟူသည့်အကြောင်းကို ပြောနေစရာပင် မလိုပေ။

ဤနှစ်များ၌ ကျန်းကျန်းက လုပ်ငန်းအားသာ အာရုံစိုက်ခဲ့သော်လည်း တစ်နှစ်လျှင် တစ်လတော့ ကမ္ဘာအနှံ့ ခရီးထွက်လေ့ရှိသည်။

သူမ ပြန်လာတိုင်း ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ များစွာကို ပြန်ယူလာခဲ့တတ်ပြီး ထိုအချိန်များမှာ တရုတ်နိုင်ငံ၏ ထူးခြားသည့်မြင်ကွင်းတစ်ခု ဖြစ်လာခဲ့ပေသည်။

မကြာခဏဆိုသလို ရှေ့ဟောင်းပစ္စည်း များစွာကို လက်ခံရရှိခဲ့သောကြောင့် နှစ်အနည်းငယ်ခြားတိုင်း လူသိရှင်ကြား ချီးမွမ်းခြင်းခံရသည်။

ဤအကြောင်းကြောင့် ကျန်းကျန်းသည်ကား အရာရှိတစ်ဦး မဟုတ်သော်လည်း အကြိမ်များစွာတွင် အရာရှိတစ်ဦးထက် ပိုမို ပြောဆိုနိုင်စွမ်းရှိခဲ့သည်။

ဤသို့ ချမ်းသာ၍ နာမည်ကြီးသည့် စီးပွားရေးသမားတစ်ဦးက ၎င်း၏ မွေးရပ်မြေအား ပြလည်းန်ပေးဆပ်ရန် ရောက်လာခဲ့ပြီး သစ်တောစိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းအား လှိုက်လှိုက်လှဲလှဲ ဆောင်ရွက်ပေးလိုသည့်အခါ ဒေသအစိုးရသည်လည်း ဝမ်းမြောက်ဝမ်းသာ သဘောတူညီခဲ့ပြီး သက်ဆိုင်ရာ စာရွက်စာတမ်းများအား ဆောင်ရွက်ပေးခဲ့သည်။

မင်ကျန်းအုပ်စု၏ ရင်းနှီးမြှုပ်နှံမှုမှ အောင်မြင်မှုများအား ပြသရန်အတွက် အစိုးရသည်လည်း အထက်တွင် ဖော်ပြထားသည့် သစ်တောစိုက်ပျိုးရေး ရန်ပုံငွေများအား မင်ကျန်းအုပ်စုအား နှစ်စဉ် ခွဲဝေပေးရန် သဘောတူညီခဲ့သည်။

သို့သော်လည်း သစ်တောဝန်ထမ်းများ အလုပ်မပြုတ်ရန်အတွက်ကိုတော့ သူမဘက်မှ အာမခံရမည်ဟူသည့် အချက်ပါရှိပေသည်။

ဤလုပ်ဆောင်မှုက မင်ကျန်းအုပ်စုအတွက် ကြီးမားသည့် ဂုဏ်သတင်းကောင်းမွန်မှုတစ်ခုဖြစ်လာခဲ့သည်။

အထူးသဖြင့် ရင်းနှီးမြှုပ်နှံမှုဌာနက အမှန်တကယ်ပင် စိတ်သက်သာရာရသွားသည်။

နိုင်ငံတော်၏ ထောက်ပံ့ကြေးတစ်စိတ်တစ်ပိုင်းသည်က အစောပိုင်းအဆင့်၌ အနည်းဆုံး ပမာဏ နည်းသွားမည်ဖြစ်သည်။ ဂေဟစနစ်ခရီးသွားလုပ်ငန်းအား တည်ဆောက်ပြီးသည့်အခါ ရန်ပုံငွေများ ပြန်လည်ရရှိမည့်အချိန်ကို ရောက်လာမည်ဖြစ်သော်လည်း တခြားရင်းနှီးမြှုပ်နှံမှုများထက်တော့ ပြန်လည်ရရှိရန်အတွက် အချိန်ပိုကြာမြင့်လိမ့်မည်ဖြစ်ပေသည်။

*

All Chapters