← Chapters

အခန်း (၃၈၇)

Vol. 39 Ch. 387

အခန်း (၃၈၇)

Vol. 39 Ch. 387

ကျန်းကျန်းသည်ကား ထင်းရှူးနီသစ်တောထိန်းသိမ်းရေးလုပ်ငန်းအား အခြားလုပ်ငန်းများထက် ပို၍ အလေးထားခဲ့သည်။

သစ်တောစိုက်ပျိုးရေးလုပ်ငန်းကို ကိုယ်တိုင်ကြီးကြပ်ရန်အတွက် အိမ်သို့ ပြန်ရန်လည်း စီစဉ်ထားခဲ့သည်။

ကျန်းကျန်းနှင့် နှစ် ၂၀ကြာအောင် အတူ နေထိုင်ခဲ့သည့် ရှီကျွင့်ကျဲသည်လည်း ကျန်းကျန်း၏ ယခင်က ကြိုးစားအားထုတ်မှုများအားလုံးသည်က ဤနေ့အတွက်ဟူသည်ကို သိထားခဲ့ပေသည်။

ကျန်းကျန်းသာ အိမ်သို့ပြန်မည်ဆိုပါက သုံးနှစ်၊ ငါးနှစ်ခန့် ထိုနေရာတွင်နေနိုင်သည်ဟူသည်ကိုလည်း သူ သိသည်။

သို့နှင့် ယခုဆိုလျှင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ရာထူးကြီးတစ်ခုနှင့် တာဝန်ထမ်းဆောင်နေသည့် ရှီကျွင့်ကျဲသည်လည်း ၎င်း၏ တာဝန်မှနုတ်ထွက်စာအား တိတ်တဆိတ် တင်လိုက်လေသည်။

မေးခွန်းများစွာနှင့် စိုက်ကြည့်နေကြသည့် မျက်လုံးများကို သူက ပြုံးရုံသာ ပြုံး၍ ပြန်လည်ပြောခဲ့သည်။

“ကျွန်တော့်ရဲ့ ဇနီးလေးနဲ့အတူ အိမ်ကိုပြန်ပြီး သစ်ပင်စိုက်တော့မယ်”

မဒမ်လီသည်ကား ၎င်း၏ အသက် ၁၀၀ ပြည့် မွေးနေ့အား ကျော်လွန်ခဲ့ပြီးဖြစ်သည်။

လီမူဝူနှင့် ဝမ်စုဖန်းတို့ပင်နှစ်ယောက်လုံး အသက်(80) ကျော်နေပြီ ဖြစ်လေသည်။

ကျန်းကျန်းက ပေရှားဒေသသို့ သစ်တောစိုက်ပျိုးရန် ပြန်မည်ဟူသည်ကို ကြားလိုက်ရသည့်အခါ မဒမ်လီမှ စကားစပြောလာခဲ့သည်။

သူမသည်ကား ယခုတလောတွင် သစ်ရွက်ကြွေမည်ဆိုပါက မူရင်းမြစ်သို့ ပြန်လာရမည့်*အကြောင်းကို စဉ်းစားဖြစ်ခဲ့သည်။

(T/n: အဝေးကိုဘယ်လောက်ပဲသွားသွား နောက်ဆုံးအချိန်ကိုတော့ ဇာတိမှာပဲ ခေါင်းချချင်တယ်)

“ငါလည်း ငါတို့အရင်ကနေခဲ့တဲ့နေရာကို ပြန်သွားနေချင်တယ်”

မဒမ်လီက ပြောလိုက်သည်။

ကျန်းကျန်းလည်း မျက်ရည်များဝဲနေသည့် မဒမ်လီ၏ လက်အား ကြည့်၍ ပြုံးလိုက်သည်။

“ကောင်းပါပြီ၊ အဖွားကို ခေါ်သွားပါ့မယ်၊ ဒါပေမဲ့ ကျွန်မတို့ရဲ့ အိမ်က ဟိုးအရင်အချိန်တွေလောက်ကတည်းက ပြိုကျနေလောက်ပြီ၊ အခု အဲဒီနေရာမှာ အိမ်အသစ်တစ်လုံး ဆောက်ခိုင်းထားပြီးပြီ၊ ကျွန်မတို့ အိမ်ရဲ့ မူလနေရာမှာ ရှိနေတုန်းပဲ”

ဤစကားကြားလျှင် မဒမ်လီတစ်ယောက် စိတ်မကောင်းဖြစ်သွားခဲ့ရသည်။

“အိမ်တွေ အများကြီး ဆောက်နေတုန်းက ငါ တကယ် မျက်စိကန်းခဲ့တာပဲ၊ ငါ မင်းရဲ့အစ်ကိုတွေကို အိမ်တွေမှာ မနေခိုင်းခဲ့ဘူး၊ တကယ်ကို အလဟဿဖြစ်လဲ့ရတယ်”

ကျန်းကျန်းလည်း ပြုံး၍ မဒမ်လီ၏ ဆံပင်များအား သပ်သပ်ရပ်ရပ် ဖီးပေးကာ အိမ်သို့ပြန်ရန် အသင့်ပြင်လိုက်သည်။

နဂါးနှင့် ဖီးနစ်သည်ကား ယခု အသက် ၁၅ နှစ်အရွယ် ကလေးများဖြစ်နေခဲ့ကြပေပြီ။ ၎င်းတို့သည်လည်း ငယ်ငယ်လေးကတည်းက ကျန်းကျန်း၏ ပြုစုပျိုးထောင်မှုအား ခံယူခဲ့ကြသည့်အလျောက် မိဘများ ထွက်ခွာသွားသည်အား သိပ်၍ မခံစားရပေ။

၎င်းတို့အနေဖြင့် နှစ်စဉ် ကျောင်းမှ အိမ်သို့ပြန်လာသည့်အခါတွင် အဘိုးအဘွားများနှင့် အဘွားအိုကြီးအား မတွေ့ရတော့ဟူသည်ကိုသာ စဉ်းစားမိကြသည်။

သူတို့က အရွယ်ရောက်လာကြပြီဖြစာသော်လည်း ၎င်းတို့နှစ်ဦးစလုံး မငိုဘဲ မနေနိုင်ခဲ့ပေ။

မဒမ်လီက နဂါးနှင့် ဖီးနစ်၏ လက်အား ကိုင်၍ ကြင်နာစွာ ပြုံးလိုက်သည်။

“အားလပ်ရက်ကုန်သွားရင် မင်းတို့အမေ လာကြိုလိမ့်မယ်၊ ငါတို့ရဲ့ မွေးရပ်မြေက တောင်ပေါ်မှာ ပျော်စရာကောင်းတယ်၊ ရစ်ငှက်တွေ။ တောကြက်တွေနဲ့ ယုန်တွေရှိတယ်၊ မှိုတွေလည်း နှုတ်လို့ရတယ်”

ဝမ်စုဖန်းသည်လည်း ၎င်းတို့လက်များအား ကိုင်၍ ရှင်းပြသည်။

“အဘိုးအဘွားတို့ရဲ့ စကားကိုနားထောင်ပြီး ကြိုးစားပြီး စာကျက်ကြ၊ မင်းတို့ အမေက ကျောင်းတက်တုန်းက စာမေးပွဲမှာ ပထမရတယ်ဆိုတာ သိထားကြရမယ်”

ရှီကျွင့်ကျဲနှင့် ကျန်းကျန်းတို့ နှစ်ဦးလုံးသည်ကား ၎င်းတို့ကလေးများ၏ ပညာရေးအား အလွန်အလေးထားသည်။

အထူးသဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ လမ်းညွှန်မှုပင်။ ထို့အပြင် မဒမ်လီ၊ ဝမ်စုဖန်းနှင့် လင်းရှို့လန်တို့၌ ကောင်းမွန်သည့် တန်ဖိုးထားမှုများ ရှိသည့် အလျောက် ၎င်းတို့၏ မြင်ကွင်းနှင့် ကြားရသည့်စကားများ၏ လွှမ်းမိုးမှုအောက်၌ ကလေးနှစ်ဦးသည် အလွန်ကောင်းမွန်လိမ်မာစွာ ကြီးပြင်းလာခဲ့ကြသည်။

၎င်းတို့၏ ပညာရေးစွမ်းဆောင်ရည်သည်လည်း အမြဲတမ်း ပထမနေရာ၌ ရှိနေခဲ့ပြီး ၎င်းတို့၌ ဖြုန်းတီးသည့် အကျင့်များလည်း မရှိပေ။

စနေ၊ တနင်္ဂနွေများတွင်ပင် ဝမ်စုဖန်းအား ကူညီကာ ဥယျာဉ်သို့ သွား၍ ရေလောင်း၊ ဟင်းသီးဟင်းရွက်ခူး၊ ကြက်နှင့် ဘဲများအား အစာကျွေးသည့် လုပ်ငန်းများ လုပ်ပေးကြသည်။

ဤကဲ့သို့ အလုပ်များကား ၂၀၀၀ ပြည့်နှစ်များနောက်ပိုင်း မွေးဖွားသူများအတွက် ရှားပါးသည့် လယ်ယာလုပ်ငန်းများ ဖြစ်ပေသည်။

လင်းရှို့လန်သည်လည်း ယခုဆိုလျှင် အရေးကြီးသည့် ကိစ္စများ၌သာ ကုမ္ပဏီသို့ သွားလေ့ရှိသည်။

ကျန်သည့်ကိစ္စများအားလုံးအား မန်နေဂျာများကသာ လုပ်ဆောင်ကြပေသည်။ သူမာ တစ်လတစ်ကြိမ် အစီရင်ခံစာများကိုသာ ကြည့်လေ့ရှိသည်။

ထို့အပြင် ယခုခေတ်၌ မိုဘိုင်းလ်ဖုန်း ဗီဒီယိုကောများက အလွန်အဆင်ပြေသည်။ ကုမ္ပဏီသို့ မသွားလျှင်ပင် ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှုများအား သူမ လက်ဖဝါးလို သိနေအောင် ထိန်းချုပ်နိုင်သည်။

လင်းရှို့လန်က အမြွှာများအား စောင့်ရှောက်ရသည့် ကြီးလေးသည့် တာဝန်အား ယူထားခဲ့သည်။

သူတို့ပြောနေရင်းဖြင့်ပင် ထွက်သွားရန် ပြင်ဆင်သည်မှာ သုံးလခန့် ကြာသွားပေပြီ။

မင်ကျန်းအုပ်စုက ပေရှားဒေသ၌ ဂေဟစနစ် ပြန်လည် ထူထောင်ရေးနှင့် နောက်ပိုင်း၌ သစ်တောဥယျာဉ်များ၊ အပန်းဖြေစခန်းများ တည်ဆောက်ရန် တာဝန်ယူမည့် ကုမ္ပဏီတစ်ခုအား တည်ထောင်ခဲ့သည်။

တောင်ပေါ်မှ တောင်တန်းများ၌ တန်ဖိုးကြီးသည့် သယံဇာတများ ကြွယ်ဝသည့်အတွက် ကျန်းကျန်းက

“စိမ်းလန်းတောင်တန်း အစားအစာစက်ရုံ” အားလည်း အထူးတည်ထောင်ခဲ့ပြီး ပေရှားဒေသမှ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများအား တစ်နိုင်ငံလုံးသို့ ဖြန့်ချီမြှင့်တင်လိုခဲ့သည်။

ကျန်းကျန်းသည်ကား ပေရှားဒေသနှင့် ဝေးကွာနေသည်မှာ နှစ်များစွာ ရှိနေပြီဖြစ်၍ ဤမှ လူများနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိတော့ပေ။

သို့သော်လည်း ပေရှားဒေသမှ လူများအားလုံးက သူမကို သိကြသည်။ လမ်းပေါ်၌ တွေ့သောလူများကအစ သူမအား နှုတ်ဆက်ရန် ရောက်လာခဲ့ကြသည်။

“မင်းက လီမင်ကျန်းလား အိုး.. ငါတို့ ပေရှားဒေသက နာမည်ကြီးပဲ၊ မင်း မွေးရပ်မြေကို ပြန်လာပြီး တည်ဆောက်မလို့လား၊ အရမ်းကောင်းတာပဲ”

သူမတို့နေထိုင်ရာ လမ်းထဲသို့ ပြန်ရောက်သွားလျှင် ပို၍ပင် အံ့အားသင့်စရာကောင်းဖြစ်လာခဲ့သည်။

ကျန်းကျန်း ဤနှစ်များအတွင်း တော်ဝင်မြို့တော်၌ မည်သည့်အရာများကို ပြုလုပ်ထားကြောင်းကိုလူတိုင်း သိနေသည်ကို တွေ့ရှိခဲ့သည်။

သူတို့က လီမင်ကျန်းအား ဘဝ၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားခဲ့ကြသည်။

လမ်းပေါ်မှ ကလေးများက ၎င်းတို့မိဘများကိုလည်း ချစ်ခင်ကြပြီး လီမင်ကျန်းအားလည်း ၎င်းတို့ဘဝ၏ စံပြပုဂ္ဂိုလ်အဖြစ် အတုယူချင်ကြသည်။

နိုင်ငံတစ်ဝန်း၌ မည်သူက သူမအား စံပြပုဂ္ဂိုလ်အဖြစ် အတုမယူဘဲ နေမည်နည်း။ သူမသည်က အသက် ၄၀ မပြည့်ခင်ကတည်းက Forbes ချမ်းသာကြွယ်ဝသူစာရင်း၌ ပါဝင်ခဲ့သူ ဖြစ်နေခဲ့သည်။

သူမ၏ ခင်ပွန်းသည်လည်း ရုပ်ချောပြီး၊ နူးညံ့ကြင်နာကာ ထောက်ထားစာနာတတ်သူဖြစ်သကဲ့သို့ သူမ၏ ကလေးနှစ်ဦးသည်လည်း ထူးချွန်ကြသည်။

သူတို့သည်ကား ဘဝ၌ အောင်မြင်သူများ ဖြစ်ပေသည်။

ကားက ခြံဝင်းလေးတစ်ခု၏ ရှေ့၌ ရပ်လိုက်သည့်နောက်တွင် ရင်းနှီးပြီးသား ခြံတံခါးနှင့် ခြံစည်းရိုးအား တွေ့မြင်ခဲ့ရပြီး မဒမ်လီတစ်ယောက် အနည်းငယ်စိတ်လှုပ်ရှားလာခဲ့ပြီး လက်များပင် တုန်ရင်နေခဲ့သည်။

“ငါတို့အိမ် ပြိုကျသွားပြီလို့ မင်းမပြောဘူးလား”

ကျန်းကျန်း ပြုံးရယ်ရင်းဖြင့် မဒမ်လီအား ကားပေါ်မှ ဆင်းရန် ကူညီပေးလိုက်သည်။

“အထဲကို ဝင်ကြည့်လိုက်ရင် သိပါလိမ့်မယ်”

ကျန်းကျန်းက မဒမ်လီအား တံခါးဝအထိ တွဲခေါ်လာခဲ့လေသည်။

မဒ်လီက သူမ နှစ်များစွာ ကျင်လည်ခဲ့ဖူးသည့် တံခါးအား ညင်ညင်သာသာ ပွတ်သပ်ကြည့်လိုက်သည်။

အချိန်အကြာကြီးကြာပြီးမှ တံခါးအား ဖွင့်လိုက်လေသည်။

ထို့နောက်တွင် ရင်းနှီးနေသည့် ခြံဝင်းတစ်ခု ၎င်း၏ ရှေ့၌ ပေါ်လာခဲ့သည်။

ကျယ်ဝန်းသည့် ခြံဝင်းထဲ၌ ကြက်အုပ်တစ်အုပ်စုက မြေကြီးပေါ်မှ အစားအစာများအား ကောက်စားနေကြပြီး နှစ်ဖက်စလုံးမှ ဟင်းသီးဟင်းရွက်ခင်းများတွင်တော့ စိမ်းစိမ်းစိုစိုနှင့် လတ်ဆတ်သည့် သခွားသီးများ၊ နီရဲနေသည့် ခရမ်းချဉ်သီးများနှင့် ခရမ်းပြာရောင် ခရမ်းသီးများသည်လည်း နှစ်များစွာကအတိုင်း တိတိကျကျပင် ရှိနေခဲ့သည်။

သူမ၏ မျက်လုံးများက ဥယျာဉ်မှတဆင့် အရှေ့မှ အိမ်ကြီး ငါးလုံးအား လှည့်ကြည့်လိုက်မိပြန်သည်။

ပုံပန်းသဏ္ဍာန်က အရင်ကနှင့် သိပ်မကွာခြားသော်လည်း ပြန်လည်ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိသိသာသာတွေ့မြင်နိုင်ပြီး အရင်ကထက် များစွာ ပိုကျယ်ဝန်း၍ ခမ်းနားနေခဲ့သည်။

အိမ်ခန်းမှ သစ်သားတံခါးက ပွင့်နေခဲ့ပြီး ခြံတံခါးတစ်ခုသာ ပိတ်ထားခဲ့ သည်။ မဒမ်လီသည် ခြံတံခါးအား ဖွင့်၍ ဝင်သွားခဲ့သည်။

အထဲသို့ဝင်လိုက်သည်နှင့် မီးဖိုချောင်ကိုတွေ့မြင်ရပြီး ဘယ်ညာ၌ အိမ်ကြီး၏ ပုံစံရှိသည်။

မီးဖိုချောင်မှ မီးဖိုတွင် ထင်းများဖြင့် မီးတောက်နေခဲ့ကာ အိမ်ထဲတွင်တော့ မှိုနှင့် ချက်ထားသည့် ကြက်သားဟင်းနံ့က မွှေးကြိုင်နေလေသည်။

မဒမ်လီနှင့် ဝမ်စုဖန်းတို့ အချိန်အကြာကြီး ထိုနေရာ၌ မလှုပ်မယှက် ရပ်နေခဲ့ကြသည်။

လက်ရှိအခြေအနေက မကြာသေးခင်ကမှ ၎င်းတို့ အပြင်သို့ သွားကာ စျေးဝယ်၍ ပြန်လာသည်နှင့် တူညီနေခဲ့သည်။

မဒမ်လီက လက်ကိုင်ပဝါအား ထုတ်၍ သူမ၏မျက်လုံးထဲမှ မျက်ရည်များကို သုတ်လိုက်သည်။

ထို့နောက် သူမက ဘေးကိုလှည့်၍ အရှေ့ဘက်အခန်းဆီ လျှောက်သွားခဲ့လေသည်။ ရင်းနှီးနေသည့် ဖျာနှင့် အိပ်ယာများသည်က သူမ ထွက်ခွာမသွားခင်တုန်းကအတိုင်း ရှိနေဆဲပင်။

ဖျာပေါ်မှ အိပ်ယာ၊ မြေကြီးပေါ်မှ သေတ္တာကြီး၊ အိမ်၌ ပထမဆုံး ရေဒီယို၊ ဤနေရာ၌ရှိသည့် အလှဆင်ပစ္စည်းတိုင်း၏ အသေးစိတ်တိုင်းသည်ကား အတိတ်ကပုံစံအတိုင်း ပြန်လည် ဖန်တီးထားပုံရသည်။

“အဲဒီ ပရိဘောဂဟောင်းတွေ ဒီလောက်နှစ်တွေ ကောင်းမွန်နိုင်ပါ့မလား”

မဒမ်လီက မသင်္ကာစွာ ထိကိုင်ကြည့်ရင်း ပြောလိုက်သည်။

ကျန်းကျန်းက ပြုံး၍ ပြောလိုက်လေသည်။

“ပြောရရင် အဘွားရဲ့ ရှေးဟောင်းပစ္စည်းတွေက ကြာပြီဆိုတော့ ဟိုးအရင်ကတည်းက အသုံးမဝင်တော့ပါဘူး၊ ဒါတွေက တပုံစံတည်း ပြန်လုပ်ဖို့အတွက် ပရိဘောဂစက်ရုံကို မှာထားပြီး ကျွန်မတို့ရဲ့ ပရိဘောဂဟောင်းတွေပေါ်က အစင်းအရာတွေအတိုင်း အထူးပြုလုပ်ခိုင်းထားတာ

ဒါကြောင့် အဘွား ကြည့်လိုက်ရင်တောင် အရင်ကအတိုင်းပဲ ဖြစ်နေမှာပဲ”

“ဒါက တကယ်ကောင်းတာပဲ၊ ပစ္စည်းဟောင်းတွေကို ပြန်လည်ပြင်ဆင်တာလည်း ကောင်းတယ်။”

မဒမ်လီက ပြုံးလိုက်ပြီး ခြေထောက်များအား ချိတ်ပြီး ဖျာပေါ်တွင်တက်ထိုင်ရင်း ပြောလိုက်သည်။

“မင်တုန်ရဲ့အမေ၊ နေ့လယ်စာ ဘာစားကြမလဲ”

ဝမ်စုဖန်းက မျက်ရည်များကိုသုတ်၍ မျက်နှာပေါ်၌ တောက်ပသည့် အပြုံးတစ်ခု ပေါ်လာသည်။

“ကြက်သား မှိုနဲ့ ချက်ထားတာ၊ အစပ်ဟင်း၊ ပြီးတော့ ငါးတစ်ကောင်လည်း ချက်ထားတယ်”

*

All Chapters