← Chapters

အခန်း (၁၈၀+၁၈၁)

Vol. 8 Ch. 180+181

အခန်း (၁၈၀+၁၈၁)

Vol. 8 Ch. 180+181

အခန်း(၁၈၀) အစားကောင်း အသောက်ကောင်းနဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာ မရှိဘူး

ချင်းယုချဲ စူစူလေးကို ချီဖို့ ပြင်လိုက်သည်။ သို့သော်လည်း စူစူလေးကို ထိလိုက်တာနဲ့ သူ့လက်တွေ ရပ်တန့်သွားခဲ့၏။

သူမကို မနှိုးချင်ပါ။ သူမရဲ့ အိပ်မက်လှလှလေးတွေကို မနှောင့်ယှက်ချင်ပါ။

ထို့ကြောင့် ချင်းယုချဲ ကုတင်ပေါ်မှ ထလိုက်ပြီး အခန်းထဲမှ ထွက်သွားဖို့ ပြင်လိုက်သည်။

သို့သော်လည်း အခန်းဝကို ရောက်သောအခါ စူစူလေးကို တွန့်ဆုတ်စွာ ပြန်လှည့်ကြည့်လိုက်မိပါသည်။

သူမ အိပ်ရာနိုးလာလို့ သူ့ကို မတွေ့ရင် ကြောက်သွားမလလား။

၃ စက္ကန့်လောက် စဉ်းစားပြီး သူအတွေးလွန်နေတာသာ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်ပါသည်။

ဒီကလေးမလေးအတွက် သူ စဉ်းစားမပေးသင့်ပါ။

စူစူလေးက သူ့အဘိုးရဲ့ သမီးအရင်းဖြစ်ပြီး သူ့ဒေါ်လေးဖြစ်သော်လည်း သူမအတွက် အတွေးမလွန်သင့်ပေ။

ထို့ကြောင့် ချင်းယုချဲအခန်းထဲမှ ထွက်လာပြီး တခြားအခန်းလွတ်တစ်ခုမှာ ဝင်အိပ်ခဲ့ပါသည်။

--- --- ---

နောက်တစ်နေ့မနက် ချင်းယုချဲ အောက်ထပ်သို့ ဆင်းလာသောအခါ သူ့ကို အငြှိုးမျက်လုံးများနဲ့ ကြည့်နေသည့် ချင်းယုကျီးအား မြင်လိုက်ရပါသည်။

သူဘာတွေ အငြှိုးထားနေသလဲ ချင်းယုချဲ မသိပါ။ ဘယ်လို တုန့်ပြန်ရမလဲ ဆိုတာကိုလည်း မသိပါ။

ထို့ကြောင့် မသိချင်ယောင်သာ ဆောင်လိုက်ပြီး မီးဖိုချောင်ထဲဝင်ကာ အိမ်သားများအတွက် မနက်စာ စတင် ချက်ပြုတ် ပြင်ဆင်လိုက်ပါသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် စူစူလေး အိပ်ရာနိုးလာသည်။

ထို့နောက် ခေါင်းလေးငိုက်ကျကာ အပေါ်ထပ်မှ သုန်သုန်မှုန်မှုန် ဆင်းလာခဲ့ပါသည်။

စူစူလေး စိတ်မရွှင်တာကို မြင်ပြီး အဘွားချင်းက အမြန်မေးလိုက်သည်။ “မေမေ့ သမီးလေး ဘာဖြစ်လို့လဲ။ မနေ့ညက အိပ်ရေး မဝဘူးလား”

“မေမေ မနေ့ညက သမီးတူချောလေးနဲ့ သွားအိပ်တာ။ ဟူကျစ်နဲ့ သမီးနဲ့ သူ့ကို လူဆိုးကြီးတွေလက်ထဲကနေ ကာကွယ်ပေးချင်လို့လေ”။ စူစူလေးက အဘွားချင်းကို ရှင်းပြလိုက်ပါသည်။

“ဟုတ်လား မေမေ့ သမီးလေးက တော်တာပေါ့!”

“ဒါပေမယ့် သမီးနိုးလာတော့ တူချောလေး မရှိတော့ဘူး”

သူမ တာဝန် ကျရှုံးခဲ့ပါသည်။ ထို့ကြောင့် သူမ အလွန်စိတ်ညစ်နေသည်။

“ဟုတ်လား။ အဲ့တာဆို ခဏနေရင် သမီးတူချောလေးကို မေမေ မေးကြည့်ပေးမယ်နော်”။ အဘွားချင်းက အပြုံးဖြင့် ပြောလိုက်ပါသည်။

“အွန်း”

ခဏကြာတော့ မနက်စာ စားပွဲဝိုင်းသို့ ချင်းယုချဲရောက်လာသည်။ ထိုအခါ မနေ့ညက ဘာကြောင့် စူစူလေးနဲ့ မအိပ်ခဲ့တာလဲဟု အဘွားချင်းက မေးလိုက်ပါသည်။

ဘယ်လိုဖြေရမလဲမသိသဖြင့် ချင်းယုချဲ မေးခွန်းကိုရှောင်လိုက်ပြီး စူစူလေးအား သူလုပ်ထားသည့် ကြက်သား ပေါင်မုန့်ကို လက်ထဲထိုးထည့်ပေးလိုက်သည်။

“ရော့ ဒါစားကြည့်”

စူစူလေးက ချင်းယုချဲ ပေးသည့် ကြက်သားပေါင်မုန့်ကို ယူလိုက်ပြီး မွှေးပျံ့သည့် ရနံ့ကြောင့် ချက်ချင်း စိတ်ရွှင်သွားခဲ့ပါသည်။

“ကျေးဇူးတင်ပါတယ် တူချောလေး!”။ စူစူလေးက ချိုမြိန်စွာ ကျေးဇူးတင်လိုက်ပါသည်။

သူမက ချော့ရတာလွယ်လိုက်တာ…

လွန်ခဲ့တဲ့ စက္ကန့်ပိုင်းလောက်ကမှ သူမ စိတ်အနှောင့်အယှက်ဖြစ်နေသည့် ကိစ္စကို ချက်ချင်းဆိုသလို မေ့သွားသည်။

ဒီကလေးမလေး ဒီလောက် ချော့ရလွယ်ကူလိမ့်မည်ဟု ချင်းယုချဲလည်း ထင်မထားခဲ့ပါ။ ကျေနပ်သွားသော သူမ မျက်နှာလေးကို ကြည့်လျက် ချင်းယုချဲလည်း စိတ်ရွှင်သွားခဲ့ပါသည်။

စူစူလေးက ကြက်သားပေါင်မုန့်ကို တစ်ကိုက် ကိုက်လိုက်ပြီး သေးသေးလေးဖဲ့ကာ ဟူကျစ်ကို ကျွေးလိုက်ပါသည်။

ဟူကျစ်က ကြက်သားပေါင်မုန့်ကို စားရင်း မျက်လုံးမှေးစင်းလျက် အရသာခံနေသည်။

ထို့နောက် စိတ်ကျေနပ်ကြောင်း ပြသဖို့အတွက် ကြမ်းပြင်ပေါ်မှာ လူးလှိမ့်နေခဲ့ပါသည်။

မနက်စာ စားပွဲဝိုင်းတွင် မိတ်ဆွေတစ်ဦးက ပို့လိုက်သော မက်ဆေ့တစ်စောင်ကြောင့် ချင်းရှင်းကျစ် ဒေါသတွေ ထွက်နေပါသည်။

“ဒီလူက ဘယ်သူလဲ?! စိတ်တိုဖို့ ကောင်းလိုက်တာ!”။ ချင်းရှင်းကျစ် တကယ် ဒေါသထွက်နေတာ ဖြစ်သည်။

“ဘာဖြစ်တာတုန်း။ မနက်အစောကြီး စိတ်မတိုစမ်းပါနဲ့။ မင်းအသက် ၅၀ ကျော်နေပြီ စိတ်ဆတ်မလွယ်သင့်ဘူး”။ အဘိုးချင်းက ဆုံးမလိုက်ပါသည်။

“အဖေ့ဖာသာပဲ ကြည့်လိုက်တော့”။ ချင်းရှင်းကျစ်က အဘိုးချင်းအား သူ့ဖုန်းပေးလိုက်ပါသည်။

တစ်ချက်လောက်ကြည့်ပြီး အဘိုးချင်း ဒေါကြီးမောကြီးနဲ့ ပြောလိုက်သည်။ “ဘယ်ကောင်က မဟုတ်တမ်းတရားတွေ လိုက်ဖွနေတာလဲကွ?! တွေ့ရင် အရှင်လတ်လတ် အရေခွံနွှာပြစ်မယ်!!”

အဘွားချင်းကလည်း သူမယောက်ျားနဲ့ သားတို့ ဘာကိစ္စကြောင့် ဒေါသထွက်နေတာလဲ သိချင်သဖြင့် အမြန် ပြေးကြည့်လိုက်ပါသည်။

သူမ မကြည့်ခဲ့လျှင် ပိုကောင်းမည်။ ယခုတော့ ဖုန်းထဲက အကြောင်းအရာကို မြင်ပြီး အဘွားချင်းပါ ဒေါသတွေ ပေါက်ကွဲသွားပါသည်။

“ဒီအယုတ်တမာကောင်က ဘယ်သူလဲ?!”

ချင်းယုဟွိုင်းနဲ့ ချင်းယုကျီးတို့ ကြောင်စီစီဖြစ်သွားကြသည်။

အကုန်လုံးကို ဒေါသထွက်သွားစေရအောင် မက်ဆေ့က ဘာမို့လို့လဲ။

… … …

အခန်း(၁၈၁) အန္တရာယ်ရှိသော အကြံအစည်များ

အဘွားချင်း အတော်လေး စိတ်တိုနေပါသည်။ ဘယ်အယုတ်တမာ ကောင်က စူစူလေးကို မျိုးမစစ်ကလေး ဖြစ်သည်ဟု ကောလဟာလတွေ လွှင့်နေသလဲ မသိပါ။

သူမက တောထဲမှာ သူများစော်ကားတာ ခံရပြီး မွေးလာသည့် ကလေးဖြစ်သည်ဟု ပြောဆိုနေကြသည်။ သူတို့ကိုယ်တိုင် မြင်ခဲ့ရသလိုမျိုး အသေးစိပ်ကျကျ ပြောဆိုနေကြတာ ဖြစ်သည်။

“ဒီသတင်းတွေ ထွက်နေတာ ဘယ်လောက်ကြာပြီလဲ”။ ချင်းရှင်းကျစ်အား အဘွားချင်း အမြန် မေးလိုက်ပါသည်။

“၂ ရက်လောက်တော့ ရှိပြီ။ ကျွန်တော့် မိတ်ဆွေကို သူ့မိန်းမက လာပြခဲ့တာတဲ့။ အဲ့တာကြောင့် ကျွန်တော့်ကို လာအကြောင်းကြားတာ”။ ချင်းရှင်းကျစ်က ပြန်ပြောလိုက်ပါသည်။

ရှင်းကျင်းကျစ် ဘာမှ မကြားချင်တော့ပါ။

သူ့အမေ စော်ကားခံရပြီး၊ သူ့ညီမလေးကိုလည်း မျိုးမစစ်လေးဟု ခေါ်ဝေါနေကြသည်။ ထိုစကားလုံးတွေက တကယ်ပဲ စိတ်တိုဖို့ ကောင်းလွန်းပါသည်။

ကောလဟာလလွှင့်သည့်ကောင်တွေ အခု သူ့ရှေ့မှာ ရှိနေလျှင် ချင်းရှင်းကျစ် သေအောင် ထိုးကြိတ်မိလောက်သည်။

“အရှက်မရှိတဲ့ ဒီကောင်က ဘယ်ကကောင်လဲ။ ငါတို့မိသားစုနဲ့ စူစူလေးကို နာမည်ဖျက်ဖို့ ကောလဟာလတွေ လျှောက်လွှင့်နေတယ်!”။ အဘွားချင်း ဒေါသပေါက်ကွဲသွားသည်။

သူမကို စော်ကားသည့် ကောလဟာလတွေ ဖြန့်ရုံနဲ့တင်မကဘဲ သူမတို့ရဲ့ သမီးလေးကိုတောင် ပစ်မှတ်ထားရဲသေးသည်။

ဒါမျိုးကို သူမ လုံးဝ သည်းမခံနိုင်ပါ။

“အမေ အဲ့ဒီကောင်ကို ကျွန်တော် ဒီနေ့ မိအောင် ဖမ်းမှဖြစ်မယ်!” ချင်းရှင်းကျစ်က လူသတ်ချင်နေပါပြီ။

“ဖေဖေ၊ မေမေနဲ့ ကိုကြီးတို့ ဘာတွေဖြစ်နေကြတာလဲ။ ဘာလို့ ဒေါသတွေ ထွက်နေကြတာလဲ”။ စူစူလေးက သူတို့ ၃ ယောက်ကို ကြည့်ရင်း ‌နားမလည်နိုင်စွာ မေးလိုက်ပါသည်။

“ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ဘူး!”။ အဘိုးချင်း၊ အဘွားချင်းနဲ့ ချင်းရှင်းကျစ်တို့ တစ်ပြိုင်တည်း ပြောလိုက်ကြသည်။

သူတို့ ၃ ယောက်စလုံး နားလည်ထားတာ တစ်ခုရှိပါသည်။ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ စူစူလေး သိသွားလို့ မဖြစ်ပါ။

“ဪ~ အဲ့တာဆိုလည်း ဒေါသမထွက်ပါနဲ့။ များများစားပြီး ဒေါသနည်းနည်းပဲထွက်မှ ကျန်းမာသန်စွမ်းမှာ!”။ စူစူလေးက ဆုံးမလိုက်သည်။

“အင်းပါ မေမေတို့ စားပါမယ်။ ဒေါသလည်း မထွက်ဘူးနော်!”။ အဘွားချင်းက ခေါင်းငြိမ့်လိုက်ပါသည်။

ထို့နောက် သူမ ယောက်ျားနဲ့ သားတို့ကို အဓိပ္ပာယ်ပါစွာ ကြည့်လိုက်သည်။ သူတို့ ၃ ယောက် ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး ပုံမန်အတိုင်း မနက်စာ ဆက်စားနေလိုက်ကြပါသည်။

--- --- ---

ကောလဟာလများရဲ့ တရားခံဖြစ်သော ချင်းကျင်းဖန်နဲ့ သူ့မိန်းမ ဟုံပေါင်ကျူးတို့က တခြားသူတွေကို သူတို့ မရီးရဲ့ သိက္ခာမရှိသည့် လုပ်ရပ်အကြောင်း အားရပါးရ ပြန်ပြောပြနေပါသည်။

“ရှင်တို့ မသိဘူးနော်။ ကျွန်မတို့ အစ်ကိုကြီး ရင်ထဲမှာ တော်တော် ခံစားနေရတာ။ ကျွန်မတို့ မရီးကို အရမ်း မေတ္တာရှိလို့သာ ခါးသီးမှုကို ချုပ်တည်းထားရတာ”။ ဟုံပေါင်ကျူးက စိတ်ထဲပေါ်လာတာ မှန်သမျှ အကုန် ပြောလိုက်ပါသည်။

ထို့နောက် သူမ စကားကို ပြန်ပြင်ကာ ထပ်ပြောလိုက်ပါသည်။ “တကယ်တော့ ကျွန်မတို့ အစ်ကိုကြီးက ထင်တောင် မထားဘူး။ မရီးက အသက်ကြီးနေပြီမို့လို့ ကလေးမရနိုင်တော့ဘူးလို့ပဲ ထင်ထားတာ။ အဲ့တာကြောင့် ကျွန်မတို့ ဂရုမစိုက်ခဲ့ကြဘူး။ ဗိုက်ထွက်လာတုန်းက ဝိတ်တက်လာတာလို့ပဲ ထင်နေတာ။ ၆ လ လောက်ကြာမှ သူ ဗိုက်ကြီးနေမှန်း သိခဲ့ရတာ။ အဲ့အချိန် ဗိုက်က အရမ်းကြီးလွန်းနေတော့ ကိုယ်ဝန်ရှိတာကလွဲပြီး တခြား မဖြစ်နိုင်တော့ဘူးလေ။ အဲ့တာ ဖြစ်သင့်ရဲ့လား”

ဟုံပေါင်ကျူးက တည်နေရာတွေ အချိန်တွေကို အသေးစိပ်ကျအောင် ပြောဆိုနေတာဖြစ်သည်။ ထို့အပြင် သူမတို့ နှစ်ယောက်က အဘိုးချင်းနဲ့ အဘွားချင်းတို့ရဲ့ ညီတွေ၊ ခယ်မတွေ ဖြစ်သဖြင့် အပြင်လူတွေကလည်း သူတို့ စကားကို ယုံကြည်ကြပါသည်။

အရင်တစ်ခေါက် လက်ဆောင်အိတ်ပြဿနာဖြစ်ပြီးကတည်းက ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ အဘိုးချင်းတို့အား အငြှိုးပိုထားခဲ့ကြသည်။

ထို့အပြင် သူတို့ သားကလည်း မကြာသေးခင်က ပြဿနာတစ်ခုတက်လာပြီး အိမ်ကို အကြွေးရှင်တွေ ရောက်လာကာ တန်ဖိုးရှိသမျှ ပစ္စည်းတွေ အကုန်သယ်သွားကြသည်။

အခုတော့ သူတို့ဆီမှာ အိမ်အခွံလွတ်ကြီး တစ်ခုကလွဲလို့ ဘာမှမရှိကြတော့ပါ။

ထို့အပြင် တစ်ပတ်အတွင်း အကြွေးမဆပ်နိုင်ပါက အိမ်ကိုပါသိမ်းမည်ဟု ခြိမ်းခြောက်သွားသေးသည်။

လွန်ခဲ့သည့် ၁၀ နှစ်တုန်းက အဘိုးချင်းထံက ရရှိခဲ့သည့် ငွေတွေမှာလည်း နောက်ဆုံးကျတော့ ဒီအိမ်တစ်လုံးသာ အဖတ်တင်ခဲ့ပါသည်။

ဒီအိမ်ကိုပါ ဆုံးရှုံးသွားရလျှင် ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဘာလုပ်ရမလဲ သိမှာ မဟုတ်တော့ပါ။

ကြံရာမရဖြစ်ကာ ချင်းကျင်းဖန်နဲ့ ဟုံပေါင်ကျူးတို့ ဒီအစီအစဉ်ကို ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။

သူတို့က ဘာမှဆုံးရှုံးစရာမရှိတော့ပါ။ ချင်းမိသားစု သူတို့ကို နှုတ်ပိတ်ခ ပေးရင်ပေး၊ မပေးပါက အားလုံးအတူတူ နာကျင်ခံစားသွားရမည် ဖြစ်သည်။

All Chapters