လိုချင်တပ်မက်သော မျက်လုံးများ
Vol. 159 Ch. 2256
ဤဘုံအတွင်း၌ ကြီးမားသည့် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိပ်သီးကျင့်ကြံသူများစွာက ဤအရေးအခင်းအလယ်၌ သတ်ဖြတ် ဖျက်ဆီးခံလိုက်ရပေသည်။ ဤမြင်ကွင်းသည် လူအများကို အကြောက်တရားများ ဖြစ်ပေါ်စေခဲ့သည်။
ရှေးခေတ်အခါက ကောင်းကင်လမ်းစဥ် ပြိုကျပျက်စီးသောအခါ၌ ထိုကဲ့သို့ပင် ဖြစ်ခဲ့သည်လား။
နတ်ဘုရားများ တိုက်ပွဲအတွင်း ကောင်းကင်လမ်းစဥ်က ပြိုကျပျက်စီးခဲ့သည်။
အသတ်ခံလိုက်ရသည့်သူများနှင့်
တူညီသည့် အင်အားစုအတွင်းမှ ကျင့်ကြံသူများသည် သူတို့ရှေ့တွင် မြင်နေရသည့် ထိပ်သီးကျင့်ကြံသူ များ အသတ်ခံရသော ရုန်းရင်းဆန်ခတ်မြင်ကွင်းကြောင့် ပြင်းထန်စွာ တုန်ယင်လာကြပေသည်။ ဖော်ပြ၍မရနိုင်သော အကြောက်တရားက သူတို့၏ နှလုံးသားထဲ၌ ထွက်ပေါ်လာသည်။
အထူးသဖြင့် အဝေး၌ ရှိနေသော ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများ ဖြစ်သည်။ သူတို့၏ ဓားသခင်က လူအများကြီး မြင်ကွင်းရှေ့၌ပင် အသတ်ခံလိုက်ရသည်။ ရီဖူရှင်းက လက်စားချေခဲ့ပြီ ဖြစ်သည်။ ယခင်က သူတို့ ကောင်းကင်အာဏာစက်ကျောင်းတော်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သောအခါ ထိုက်ချူဓားသခင်က အရှင်ထိုက်ရွှမ်ကို ဒဏ်ရာများစွာ ရစေခဲ့သည်။
ထို့ကြောင့် ဤဓားတစ်ချက်နှင့် သူက သူတို့၏ ဓားသခင်ကို သတ်ပစ်ခဲ့ခြင်း ဖြစ်လေသည်။
ထိုက်ချူနယ်မြေမှ အထွတ်အထိပ် စွမ်းအားကို ပိုင်ဆိုင်ထားသည့် အင်အားစုမှ လူများအနေနှင့် သူတို့သည် ဤနေရာ၌ ပျက်စီးခြင်းကပ်ဘေးနှင့် ကြုံဆုံရလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပေ။
တိုက်ပွဲဖြစ်ပွားပြီးနောက် မြေပြင်ပေါ်မှ အက်ကြောင်းများက တဖြေးဖြေး ပြန်လည် ကောင်းမွန်လာသည်။ နေရာနှစ်ခုမှ လူနှစ်ယောက်က အပြင်သို့ ခက်ခက်ခဲခဲ တိုးထွက်လာသည်။ သို့သော် သူတို့က ဒဏ်ရာအများအပြား ရရှိထားပေသည်။ သူတို့က သွေးစိမ်းရှင်ရှင် ထွက်နေခဲ့သည်။ သူတို့၌ အထူးနည်းလမ်းများ မရှိခဲ့လျှင် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်နေပေလိမ့်မည်။
ဟူး...
အချို့က ပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့က အသက်ရှင်နေသေးပေသည်။ မော့ကလန်မှ ထိပ်သီးကျင့်ကြံသူတစ်ယောက်နှင့် နေမင်းနတ်ဘုရားတောင်တန်းမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက တိုက်ခိုက်မှုမှ အသက်ရှင်ကျန်ရစ်ခဲ့ပေသည်။ သို့သော် သူတို့က အလွန် မြင်မကောင်းရှုမကောင်းသော အခြေအနေသို့ ရောက်နေခဲ့သည်။ သူတို့၏ နှလုံးသားများက ပြင်းထန်စွာ တုန်ယင်နေဆဲ ဖြစ်သည်။
သူတို့က အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီး သေလုနီးပါး အခြေအနေသို့ ရောက်သည်အထိ ဖိအားပေးခံခဲ့ရပေသည်။
ထို့ပြင် တိုက်ခိုက်မှုက သူတို့ကို ပစ်မှတ်ထားခြင်း မဟုတ်ဘဲ ထိုက်ချူဓားသခင်ကို ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ မဟုတ်လျှင် သူတို့က အသက်ရှင်နိုင်မည့် အခွင့်အရေး အလွန် နည်းပါးပေလိမ့်မည်။
ထိုနေရာ၌ တောင်တစ်လုံးကဲ့သို့ ကျောက်ချထိုင်ကာ ဝိုင်သောက်နေသည့် မေ့ထန်သည်ပင် ထိုအချိန်၌ ထရပ်ကာ ရီဖူရှင်းအား ကြည့်နေခဲ့သည်။ ထိုသို့သော တိုက်ခိုက်မှုမျိုးကို မည်သို့ ထုတ်ဖော်ခဲ့သနည်း။
ထိုသည်မှာ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ဖြစ်သော နတ်ဘုရားရုပ်ကြွင်းပင် ဖြစ်သည်။ ရီဖူရှင်းကဲ့သို့သော အဆင့်နှင့် သူက ဤကဲ့သို့ ဖိအားကို တောင့်ခံရန်မှာ မဖြစ်နိုင်ပေ။ ထိုနတ်ဘုရားရုပ်ကြွင်းကို ထိန်းချုပ်၍ ထိုမျှ ပြင်းထန်သော စွမ်းအားကို ထုတ်ဖော်ရန် မဆိုထားနှင့် ထိပ်သီးကျင့်ကြံသူများသည်ပင် ထိုရုပ်ကြွင်းကို တစ်ချက်ကလေး ကြည့်မိရုံနှင့် ဒဏ်ရာများစွာ ရရှိသွားဖူးသည်ဟု သူကြားဖူးပေသည်။
ဤတိုက်ခိုက်မှုသည် ရီဖူရှင်းက နတ်ဘုရားရုပ်ကြွင်းမှ စွမ်းအားကို ချေးငှားခြင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သေချာပေသည်။ သို့သော် ၎င်း၏ စွမ်းအားက ဒုတိယအဆင့် နတ်ဘုရားကပ်ဘေးအား ဖြတ်ကျော်ခဲ့ဖူးသော ထိပ်သီးကျင့်ကြံသူတစ်ယောက်အတွက်ပင် အန္တရာယ်များသော စွမ်းအားဖြစ်သည်။
ဤတိုက်ခိုက်မှုက မူလဘုံမှ ရန်သူများအားလုံးကို သတ်ဖြတ်ပစ်လုနီးပါးပင်။ ယခုမှစကာ မူလဘုံအတွင်း၌ မည်သူကမှ ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် ရင်ဆိုင်ရန် မည်သူမှ စိတ်ကူးရဲတော့မည် မဟုတ်ပေ။ သို့သော် ၎င်းက ရီဖူရှင်း အသက်ရှိနေဆဲ ရှိမှသာ ဖြစ်သည်။
အပြင်လူများသာမက ရီဖူရှင်းအနီးမှ ကျင့်ကြံသူများသည်ပင် ထိတ်လန့်အံ့အားသင့်သွားကြသည်။ စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် နတ်အလင်းတို့ဖြင့် ဝန်းရံခံထားရသော အင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို ကြည့်လိုက်ကြသည်။ ထိုအခိုက်အတန့်တွင် သူတို့သည် ရီဖူရှင်းက သူတို့အား ဤနေရာသို့ ခေါ်ဆောင်လာစဥ်က ပြောခဲ့သည့်စကားကို နားလည်သွားကြသည်။ သူ့ထံ၌ ထိုသို့သော ဝှက်ဖဲ ရှိနေလေသည်။
ထိုအခိုက်အတန့်တွင် သူတို့သည် စီဝေ့မဟာအင်ပါယာက ရီဖူရှင်းအား မည်သည့်အတွက် ရွေးချယ်ခဲ့ကြောင်း နားလည်သွားသည်။ မဟာအင်ပါယာတစ်ပါးပြီး နောက်တစ်ပါးဖြစ်သည်။ သူက အထူးချွန်ဆုံး ရွေးချယ်ခံ ဖြစ်လေသည်။ စီဝေ့အင်ပါယာနန်းတော်မှ လူများသည် ရီဖူရှင်း၏ အတိတ်က မည်သို့ ဖြစ်ခဲ့သည်ကို မသိသော်လည်း ဤတိုက်ပွဲမှတဆင့် ရီဖူရှင်းက အနာဂတ်၌ မည်မျှ ကြောက်မက်ဖွယ် ကောင်းလာလိမ့်မည်ကို မြင်နိုင်ပေသည်။
သူသည် လောက၏ ထိပ်ဆုံး၌ ရပ်တည်နိုင်ရန် အခွင့်အရေးရှိသည့် လူတစ်ယောက် ဖြစ်သည်။ ကြယ်ကောင်းကင် ကျင့်ကြံခြင်းနယ်မြေ၌ မဟာအင်ပါယာ ပြောခဲ့သလိုပင် သူက အနာဂတ်၌ ပလ္လင်ကို ဆက်ခံ၍ စီဝေ့မဟာအင်ပါယာ၏ ဂုဏ်ရောင်ကို ပြန်လည်ထွန်းတောက်စေကာ စီဝေ့ကြယ်ကမ္ဘာအား ကြီးမြတ်သော ခေတ်တစ်ခေတ်ဆီ ခေါ်ဆောင်သွားနိုင်ပေလိမ့်မည်။
ရီဖူရှင်းသည် မသိမသာနှင့် ဤတိုက်ပွဲကို အသုံးပြု၍ စီဝေ့အင်ပါယာနန်းတော်မှ ထိပ်သီးပုဂ္ဂိုလ်များအား သိမ်းသွင်းရန် စီစဥ်နိုင်ခဲ့သည်။ အတိတ်တွင် ဤသည်က သူတို့ စိတ်ထဲ၌ မည်သည့်အခါမှ ရောက်မလာမည့် အတွေးများ ဖြစ်သည်။
တိတ်ဆိတ်မှုအောက်တွင် မုန်တိုင်းက တဖြေးဖြေး စဲလာပြီ ဖြစ်၏။ ကောင်းကင်က ဖျက်ဆီးခြင်းစွမ်းအား အကြွင်းအကျန်တို့နှင့် တောက်ပနေဆဲ ဖြစ်သည်။
အချိန်က ရပ်တန့်သွားပုံရသည်။ လူအများသည် ရီဖူရှင်း ရှိနေရာသို့ ကြည့်လိုက်ကြ၏။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ပေါ်၌ နတ်အလင်းများ ရစ်ပတ်နေဆဲ ဖြစ်သည်။ သို့သော် သူက ထပ်၍ မလှုပ်ရှားတော့ပေ။ သူသည် ထိုနေရာ၌ တိတ်ဆိတ်စွာ ရပ်နေခဲ့၏။
လူတိုင်းက သူ့ကို စိုက်ကြည့်နေကြပြီး ရီဖူရှင်းက နောက်ထပ် တူညီသော တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်မည်လား ခန့်မှန်းနေကြသည်။
ထိုသာလွန်လှသော တိုက်ခိုက်မှုသည် သူ့ကို မည်မျှ ခြေကုန်လက်ပမ်းကျစေနိုင်မည်နည်း။
ရီဖူရှင်းက လက်ရှိ မည်သို့သော အခြေအနေ ဖြစ်နေလိမ့်မည်နည်း။
တိတ်ဆိတ်ခြင်း။ အကြွင်းမဲ့ တိတ်ဆိတ်ခြင်းသာ ရှိနေခဲ့သည်။
မည်သူမှ စကားမပြောကြသလို မည်သည့် အသံတစ်စမှလည်း မရှိပေ။ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က လေထဲတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး မည်သည့်လှုပ်ရှားမှုမှ ရှိမနေချေ။
လူအများက သူ့ကို စမ်းသပ်ချင်သော်လည်း မည်သူကမှ ထိုသို့ လုပ်ရဲသည့် သတ္တိမရှိပေ။ သူက တိုက်ခိုက်နိုင်သေးသည့် ခွန်အား ရှိနေလျှင် မည်သို့ လုပ်ရမည်နည်း။ သူက နောက်တစ်ခါထပ်ကာ တူညီသော တိုက်ခိုက်မှုအား ပြုလုပ်နိုင်ဆဲ ဖြစ်လျှင် မည်သို့လုပ်ရမည်နည်း။
ထိုသို့ဖြစ်ခဲ့လျှင် အရင်ဆုံး လှုပ်ရှားလိုက်သူက သေတွင်းတူးသူ ဖြစ်လာပေလိမ့်မည်။
ထိုလေဟာနယ်အတွင်း ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
အမှန်တွင် လူအုပ်ထဲရှိ ထိပ်သီးအင်အားစုများထဲ၌ လှုပ်ရှားမှုမပြုလုပ်ရသေးသော သူများရှိသည်။ အဆုံးမှာတော့ ကောင်းကင်ဒေသ၌ နယ်မြေဆယ့်ရှစ်ခု ရှိသည်။ မှော်နက်လောကနှင့် နတ္ထိဘုံမှ ထိပ်သီးကျင့်ကြံသူများလည်း ရောက်နေကြသည်။ သို့သော် သူတို့က စောင့်ကြည့်နေသူများအဖြစ်သာ ရှိနေကြ၏။ သူတို့ကြားတွင် အများစုက ရီဖူရှင်းကို သားကောင်တစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။
သူတို့က အလျင်မလိုကြပေ။ ရီဖူရှင်းက နောက်ထပ် တူညီသော တိုက်ခိုက်မှုကို ထုတ်လွှတ်နိုင်လျှင် မည်သို့လုပ်ရမည်နည်း။
မည်သည်မှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။
သူတို့သည် ရီဖူရှင်းက မဟာအင်ပါယာ၏ စွမ်းအားမှ ဖိအားတို့ကြောင့် အနှေးနှင့်အမြန် အားနည်းလာမည်ကို ကောင်းစွာသတိပြုမိပြီး ထိုသို့ဖြစ်လာသည့်အခါ ရီဖူရှင်းနှင့် ရင်ဆိုင်ရန် အလွန် လွယ်ကူပေလိမ့်မည်။
သို့သော် သူတို့သေချာစဥ်းစားရမည်မှာ ရီဖူရှင်းနှင့် ရင်ဆိုင်သည့်အခါ ရီဖူရှင်း ထိန်းချုပ်ထားသော မဟာအင်ပါယာရှန်ကျားနှင့် နောက်ထပ် ပြင်းထန်သော တိုက်ပွဲ ဆင်နွှဲရမည်ကို ဖြစ်လေသည်။ ထိုတိုက်ပွဲသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းပြီး အင်အားစုများစွာ ပို၍ ပါဝင်လာမည် ဖြစ်သည်။
အဝေးမှ မှော်နက်လောကရှိ ထိပ်သီးကျင့်ကြံသူများက စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။ သူတို့က အလျင်မလိုကြပေ။ သူတို့သည် ဖြစ်ပျက်သမျှ အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ အရာအားလုံးသည် အဆုံးသတ်သို့ ရောက်လာမည် ဖြစ်ကာ ရီဖူရှင်းက အနှေးနှင့်အမြန် ကြီးမားသည့် ဖိအားကြောင့် ပြိုလဲသွားလိမ့်မည် ဖြစ်သည်။
များပြားလှသော အင်အားစုများက သားကောင်အား စိုက်ကြည့်နေကြသော်လည်း ၎င်းကို ရယူရန်မှာ လွယ်ကူခြင်းမရှိပေ။ ထိုသည်မှာ မည်သူက ပိုသန်မာအားကောင်းလဲဆိုသည်နှင့်မဆိုင်ဘဲ မည်သူက ပို၍ စိတ်ရှည်သလဲနှင့် သက်ဆိုင်ပေသည်။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများက လေဟာနယ်အတွင်းမှ ထိပ်သီးကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူတို့က အဝေးမှနေ၍ နေရာအနှံ့၌ ပြန့်ကျဲနေကာ သူတို့ကို မနာလိုသော မျက်လုံးများနှင့် ကြည့်နေကြသည်။ ယခု ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုက သူ့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ သို့သော် ၎င်းက သူတို့ကို ပြန်ဆုတ်ခွာစေရန် မလုံလောက်ခဲ့ပေ။ လူတိုင်းက ထိုအကြောင်းကို ရှင်းလင်းစွာ သိရှိပေသည်။
အရှင်ထိုက်ရွှမ်နှင့် အခြားလူများအားလုံးက ရီဖူရှင်းကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်ကြသည်။ ဤတိုက်ပွဲ၏ ရလဒ်က မည်သို့ ဖြစ်လာမည်နည်း။
ထိုအခိုက်အတန့်တွင် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်က ရုတ်တရက် လှုပ်ရှားလာသည်။ ရိုးရှင်းသော လှုပ်ရှားမှု ဖြစ်သော်လည်း အင်အားစုများ၏ နှလုံးသားကို တုန်ယင်သွားစေသည်။ သူတို့အားလုံးက သူ့ကို စိုက်ကြည့်နေကြသည်။
"ခင်ဗျားတို့ တစ်ခုခုကို စောင့်နေကြသေးတာလား။" ရီဖူရှင်းက လူအုပ်ကြီးကို ကြည့်ကာ ပြောလိုက်သည်။ သူက သူတို့၏ ရည်ရွယ်ချက်ကို နားလည်ပေသည်။ ထို့ပြင် သူတို့ တွေးနေသည့်အရာက မှန်ကန်သည်။ သူသည် ထိုစွမ်းအား၏ ဖိအားကို မခံနိုင်ဆတာ့သည်မှာ အမှန်ပင် ဖြစ်သည်။ အစောပိုင်းက သူ ဖော်ထုတ်ခဲ့သော တိုက်ခိုက်မှုက သူ့ကို အင်အားများစွာ ကုန်ခမ်းစေခဲ့သည်။ သူက ဤသို့ ဆက်လက်တိုက်ခိုက်နေမည်ဆိုလျှင် သူက ကြေမွပျက်စီးသွားရပေလိမ့်မည်။
မည်သူကမှ မတုံ့ပြန်ခဲ့ပေ။ ထိပ်သီးကျင့်ကြံသူများက သူ့ကိုသာ စိုက်ကြည့်နေပြီး သူပြောသည်ကို မကြားရသကဲ့သို့ ပြုမူနေကြသည်။ ရီဖူရှင်းက သူတို့ကို လက်လျှော့သွားစေချင်ခဲ့သည်။ ၎င်းက ဖြစ်နိုင်ပါရဲ့လား။
"ခင်ဗျားတို့အားလုံးက ကျုပ်ကို သတ်ပြီး အမွေအနှစ်ပညာရပ်တွေနဲ့ နတ်ဘုရားရုပ်ကြွင်းကို လုယူချင်တာကြောင့် ထွက်သွားဖို့ ငြင်းနေကြတာ။ ဒါပေမယ့် ခင်ဗျားတို့ ဘယ်သူမှ မဟာအင်ပါယာရှန်ကျားရဲ့ ရုပ်ကြွင်းကို ထိန်းချုပ်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။ ပြီးတော့ စီဝေ့မဟာအင်ပါယာရဲ့ အမွေအနှစ်ကိုလည်း ခင်ဗျားတို့ ဘယ်သူမှ မရယူနိုင်ဘူး။ ကျုပ် လိမ်ပြောနေတာ မဟုတ်ဘူး။ ခင်ဗျားတို့ ကျုပ်ကို သတ်ခဲ့ရင်တောင် အဓိပ္ပါယ်မရှိဖြစ်လိမ့်မယ်။" ရီဖူရှင်းက ဆက်ပြောလိုက်သည်။ "ခင်ဗျားတို့ ထွက်သွားဖို့ တွန့်ဆုတ်နေဦးမယ်ဆိုရင် ကျုပ် ခင်ဗျားတို့ကို ရန်သူအဖြစ် ဆက်ဆံရလိမ့်မယ်။"
***