← Chapters

ရုပ်ခန္ဓာနတ်စွမ်းရည် အသစ်...

Vol. 41 Ch. 617

ရုပ်ခန္ဓာနတ်စွမ်းရည် အသစ်...

Vol. 41 Ch. 617

" ပြဿနာတော့ ဖြေရှင်းပြီးသွားပြီ။ "

လင်းယွမ်က မိစ္ဆာမျက်လုံးကို ဖိနှိပ်၍ သိမ်းဆည်းလိုက်ပြီး ထျန်းချင်းကမ္ဘာတစ်ခုလုံးကို စစ်ဆေးလိုက်သည်။

ခဏကြာသောအခါ လင်းယွမ်က သိုင်းခန်းမသို့ ပြန်လာခဲ့သည်။

" သိုင်းဘိုးဘေးကို အရိုအသေပေးပါတယ်။ " ချင်ယောင်က လင်းယွမ်ကို လေးစားစွာ ဦးညွှတ်လိုက်သည်။

ထျန်းချင်းကမ္ဘာ၏ အမြင့်ဆုံးနေရာတွင် ရှိသော နတ်ဆရာမချင်ယောင်က အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့ခဲ့ရသည်။ အလွန်ကြောက်စရာကောင်းသော မိစ္ဆာနတ်ဘုရားနှစ်ပါးက လင်းယွမ်၏ ရှေ့တွင် သတ်ရန် စောင့်ဆိုင်းနေသော ကြက်နှစ်ကောင်းနှင့်တူပြီး ခုခံနိုင်စွမ်းမရှိဘဲ အလွယ်တကူ ဖိနှိပ်ခံခဲ့ရလေသည်။

ထိုမြင်ကွင်းက ချင်ယောင်ကို အကြီးအကျယ် ထိတ်လန့်စေခဲ့သည်။ ထျန်းချင်းကမ္ဘာရှိ သက်ရှိပေါင်းများစွာက နှစ်ပေါင်းများစွာ ကိုးကွယ်ခဲ့သော သိုင်းဘိုးဘေး၏ တည်ရှိမှုကို သူမက နားလည်လိုက်သည်။

" ငါအနားယူတော့မယ်။ အရေးကြီးတာမရှိရင် ငါ့ကို မနှောက်ယှက်ပါနဲ့။ " လင်းယွမ်က ပြောပြီးနောက် သိုင်းခန်းမထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။ နောက်မှ သိုင်းခန်းမ၏ တံခါးများက ဖြည်းညင်းစွာ ပိတ်သွားခဲ့သည်။

" သိုင်းဘိုးဘေး " ချင်ယောင်၏ အသံက တုန်ယင်သွားပြီး အောက်တွင်ရှိသော သိုင်းတာအိုကျင့်ကြံသူများကို ကြည့်ပြီး တိတ်တဆိတ်ရေရွတ်လိုက်သည်။

" ငါတို့ အသက်ရှင်ခဲ့ပြီ။ "

သိုင်းခန်းမထဲတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ရှေ့တွင် မိစ္ဆာအမြုတေနှစ်ခုက ပျံဝဲနေသည်။

" မိစ္ဆာနတ်ဘုရားနှစ်ပါး။ " လင်းယွမ်၏ စိတ်စွမ်းအားက အလွန်သန်မာပြီး မိစ္ဆာနတ်ဘုရားနှစ်ပါး၏ အမြုတေနှစ်ခုကို သန့်စင်လိုက်ပြီးနောက် သူတို့၏ မှတ်ဉာဏ်များကို အသေးစိတ် သိရှိသွားခဲ့သည်။

မိစ္ဆာမျက်လုံးနှင့် လက်တစ်သောင်းမိစ္ဆာတို့၏ မှတ်ဉာဏ်အများစုက ရူးသွပ်နေသကဲ့သို့ ဖြစ်သည်။ သူတို့က အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် လှည့်လည်သွားလာခြင်း၊ အခြားမိစ္ဆာနတ်ဘုရားများနှင့် တိုက်ခိုက်ပြီး စားသုံးခြင်း၊ ကမ္ဘာများကို ရှာဖွေပြီး ကျူးကျော်ဝါးမျိုခြင်းတို့သာ ဖြစ်သည်။

သူတို့က အနက်ရောင်နတ်ဆိုးနယ်မြေသခင်နှင့် တွေ့မှ ခုခံနိုင်စွမ်းမရှိဘဲ အညံ့ခံရန် ရွေးချယ်ခဲ့ကြသည်။

" သူတို့ရဲ့ စွမ်းအားက စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က ဂရုတစိုက် လေ့လာလိုက်သည်။

ခဏအကြာတွင် လင်းယွမ်က မြူခိုးပုံစံများကို ပြန်ယူပြီး စဉ်းစားနေသည်။

" ဒီခန္ဓာကိုယ်က အခြေခိုင်မာပြီး သိုင်းတာအိုနဲ့ သင့်တော်ပေမယ့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို မကျင့်ကြံရသေးဘူး။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံလိုက်ရင် ရုပ်ခန္ဓာရဲ့ အလားအလာတွေကို ရှာဖွေနိုင်မယ့်အပြင် ငါးခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်ကို မွေးဖွားပေးနိုင်လောက်တယ်။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

သူက အင်မော်တယ်တာအိုကမ္ဘာတွင် ရုပ်ခန္ဓာ၏ အနှစ်သာရကို သိုင်းတာအိုထဲသို့ ပေါင်းစည်းခဲ့ပြီး စွမ်းရည်တစ်ခုကို နိုးထနိုင်ခဲ့သည်။ ရုပ်ခန္ဓာ၏ အခြေခံက ပို၍ ခိုင်မာလျှင် နိုးထလာမည့် ရုပ်ခန္ဓာနတ်စွမ်းရည်ကလည်း ပိုအဆင့်မြင့်ပေလိမ့်မည်။

ဥပမာ နတ်ဘုရားကမ္ဘာတွင် လင်းယွမ်၏ ခန္ဓာကိုယ်က နဂါးမျိုးနွယ်၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်လေသည်။ နောက်ဆုံး နိုးထလာသော ဒြပ်စင်ခန္ဓာစွမ်းရည်က နိယာမ တိုက်ခိုက်မှုများ၏ ကိုးဆယ်ရာခိုင်နှုန်းကို ခုခံနိုင်စွမ်းရှိလေသည်။

ယခင်ကိုးကြိမ်မှ ရုပ်ခန္ဓာများက လင်းယွမ်၏ လက်ရှိခန္ဓာကိုယ်ကို မယှဉ်နိုင်ပေ။ ၎င်းက ကမ္ဘာ၏ မူလရင်းမြစ်နှင့် ပုံသဏ္ဍန်ဖြစ်ပေါ်လာရန် နှစ်ပေါင်းတစ်သိန်းကြာခဲ့ပြီး နောက်ထပ် နှစ်ပေါင်းတစ်သိန်းကြာ အားဖြည့်ပေးခဲ့သည်။ ၎င်းက ပင်မစကြာဝဠာမှ အထူးသက်ရှိများနှင့် သိပ်မကွားခြားပေ။

ထိုသို့သော ရုပ်ခန္ဓာက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံပြီးနောက် နိုးထလာမည့် ရုပ်ခန္ဓာနတ်စွမ်းရည်က အဆင့်နိမ့်မည်မဟုတ်ပေ။

" ပြဿနာမရှိလောက်ပါဘူး။ " လင်းယွမ်က သူ့ကိုသူ စစ်ဆေးလိုက်သည်။

သူက ဆင်းသက်မှုလွယ်ကူစေရန် သိုင်းဘိုးဘေးရွှေရောင်ခန္ဓာကို သွေးသားဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထလာရန် အရည်အချင်းအားလုံး ပြည့်မီလေသည်။

" စတာပေါ့။ " လင်းယွမ်က အတွေးများစုစည်းပြီး စတင်ကျင့်ကြံလိုက်သည်။

သူ၏ ယခင်ဆင်းသက်မှုများတွင်လည်း သူ၏ စွမ်းအားကို ပြန်လည်ရရှိရန် အရင်းအမြစ်များစွာ လိုအပ်ခဲ့လေသည်။ သို့သော် သူ၏ ကျင့်ကြံခြင်းက အတားအဆီးမရှိဘဲ စွမ်းအားစုဆောင်းရန်သာ လိုအပ်လေသည်။

သိုင်းဘိုးဘေးရွှေရောင်ခန္ဓာက ကမ္ဘာ၏ စွမ်းအားများဖြင့် စုစည်းထားပြီး လင်းယွမ်ကိုယ်တိုင်က ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုဖြစ်သောကြောင့် မိစ္ဆာနတ်ဘုရားနှစ်ပါးကို အလွယ်တကူ ဖိနှိပ်နိုင်ခဲ့ခြင်းဖြစ်သည်။

လင်းယွမ်၏ ကျင့်ကြံခြင်းက အလွန်လျင်မြန်လှသည်။ သူက သိုင်းတာအို ပထမအလွှာရောက်ပြီးနောက် နာရီဝက်အတွင်း ဆဋ္ဌမအလွှာသို့ ရောက်သွားခဲ့သည်။

သိုင်းတာအို၏ ဆဋ္ဌမအလွှာက သွေးမျိုးဆက်၏ အနက်ရှိုင်းဆုံးမှ စွမ်းအားကို ဖွင့်ထုတ်ပြီး ရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထနိုင်သော အဆင့်ဖြစ်သည်။

" ဟင် " လင်းယွမ်က သူ၏ ခန္ဓာကိုယ် အနက်ရှိုင်းဆုံးမှ စွမ်းအားတစ်ခု စုစည်းလာပြီး အဆင့်မြင့်လာသည်ကို ခံစားလိုက််ရသည်။

" ဒီခန္ဓာကိုယ်က နတ်စွမ်းရည်က အရင်လေးခုထက် ကျော်လွန်သွားမှာ သေချာတယ်။ " လင်းယွမ်က မျှော်လင့်ချက်များနှင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။

ယခုအချိန်တွင် လင်းယွမ်က ရုပ်ခန္ဓာနတ်စွမ်းရည်လေးမျိုးကို ပိုင်ဆိုင်ထားသည်။ သွေးပြန်လည်မွေးဖွားခြင်း၊ တောင်ရွေ့လျားခြင်း၊ အားဖြည့်ခြင်းနှင့် ဒြပ်စင်ခန္ဓာတို့ဖြစ်ကြသည်။

ရုပ်ခန္ဓာနတ်စွမ်းရည်များကို နိုးထခဲ့ဖူးသော အတွေ့အကြုံအရ လင်းယွမ်က သူ၏ ခန္ဓာကိုယ်မှ ဤတစ်ကြိမ် နိုးထမည့် နတ်စွမ်းရည်မှာ သာမန်မဟုတ်သည်ကို ခံစားမိနေသည်။ ရုပ်ခန္ဓာနတ်စွမ်းရည်များကို အဆင့်သတ်မှတ်ချက်များနှင့် ပြောရန် ခက်ခဲလေသည်။ မတူညီသော အခြေအနေများအောက်တွင် မတူညီသော အကျိုးသက်ရောက်မှုများ ပေးလေသည်။

" ဒီနှုန်းအတိုင်းဆို ရုပ်ခန္ဓာနတ်စွမ်းရည် အမှတ်အသား ထွက်ပေါ်လာဖို့ နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်စုနှစ်အချို့ ကြာလိိမ့်မယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးပြီး ခေါင်းခါလိုက်သည်။

ထိုအချိန်က သာမန်သိုင်းတာအိုကျင့်ကြံသူတစ်ယောက် ဆဋ္ဌမအလွှာသို့ ရောက်ရန် လိုအပ်သည့်အချိန်ဖြစ်လေသည်။ သို့သော် လင်းယွမ်က သာမန် သိုင်းတာအိုကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ သူက သိုင်းတာအို၏ ဘိုးဘေးဖြစ်ပြီး ကိုးကြိမ်ပြန်လည်မွေးဖွား၍ သိုင်းတာအိုကို အကြိမ်ကြိမ် ပြန်လည်တည်ဆောက်ခဲ့သည်။

လင်းယွမ်က မည်သည့်အန္တရာယ်မှမရှိဘဲ ရုပ်ခန္ဓာနတ်စွမ်းရည်နိုးထသည့် အရှိန်ကို တိုးမြှင့်နိုင်လေသည်။

" သုံးလေးရက်လောက်ပဲ ကြာလိမ့်မယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။

" ဆက်ပြီးကျင့်ကြံရမယ်။ " လင်းယွမ်က ဆဋ္ဌမအလွှာသာရှိသေးသောကြောင့် အထွတ်အထိပ်နှင့် ဝေးကွာနေဆဲ ဖြစ်သည်။

အကယ်၍ ပထမဆုံး ရုပ်ခန္ဓာနတ်စွမ်းရည် နိုးထချိန်တွင် လင်းယွမ်က အနှောက်အယှက်မဖြစ်စေရန် မကျင့်ကြံဘဲ နေပေလိမ့်မည်။ သို့သော် ယခု သူက ထိုအကြောင်းကို ထည့်သွင်းစဉ်းစားရန် မလိုတော့ပေ။ သူ၏ အဆင့်က အလွန်မြင့်မားပြီး ခန္ဓာကိုယ်အတွင်းရှိ သေးငယ်သော အစိတ်အပိုင်းများအပေါ် ထိန်းချုပ်နိုင်စွမ်းရှိလေသည်။

သိုင်းခန်းမ၏ အပြင်ဘက်တွင် ချင်ယောင်က ထျန်းချင်းကမ္ဘာမှ ကျင့်ကြံသူများ၏ ရှေ့တွင် ရပ်နေသည်။

" နတ်ဆရာ အဲ့ဒီ မိစ္ဆာနတ်ဘုရားနှစ်ပါးကို သိုင်းဘိုးဘေးက ပြန်ရာက်လာပြီး ဖိနှိပ်ခဲ့တာလား။ " ဆံပင်ဖြူနှင့် အဘိုးအိုက မယုံကြည်နိုင်စွာ မေးလိုက်သည်။

သူတို့က လွန်ခဲ့သော ခဏက မိစ္ဆာနတ်ဘုရားနှစ်ပါးမှာ ပုရွက်ဆိတ်များသဖွယ် ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ထိုသို့ လုပ်ဆောင်ခဲ့သူက မည်သူဖြစ်သည််ကို သူတို့မသိကြပေ။

ဒဏ္ဍာရီလာသိုင်းဘိုးဘေး။ သိုင်းဘိုးဘေးက ဆင်းသက်လာခဲ့တာလား။

" အခြားဘယ်သူဖြစ်နိုင်မှာလဲ။ "

" သိုင်းဘိုးဘေးက လွဲပြီး ဒီလိုစွမ်းအားမျိုးကို ဘယ်သူက ပိုင်ဆိုင်မှာလဲ။ ပြီးတော့ ဘယ်သူက ငါတို့ကို ကာကွယ်မှာလဲ။ " ချင်ယောင်က ပြန်ညင်းစွာ ပြောလိုက်ပြီး သူမက ယခုအချိန်ထိ ထိတ်လန့်တုန်လှုပ်နေရဆဲ ဖြစ်သည်။

ပထမအချက်အနေဖြင့် ထျန်းချင်းကမ္ဘာမှ သက်ရှိများအားလုံး နှစ်ပေါင်းများစွာ ကိုးကွယ်ခဲ့သော သိုင်းဘိုးဘေးက အမှန်တကယ် ထွက်ပေါ်လာခဲ့သည်။ ဒုတိယအချက်မှာ သိုင်းဘိုးဘေး၏ ခွန်အားက အလွန်ကြောက်စရာကောင်းလှသည်။ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆိုးနိုင်သော မိစ္ဆာနတ်ဘုရားနှစ်ပါးက သူ၏ လက်ထဲတွင် သနားစရာကောင်းစွာ အဆုံးသတ်ခဲ့ရသည်။

" သိုင်းဘိုးဘေးက ဂရုဏာတရားကြီးမားလှပါတယ်။ " ဆံဖြူအဘိုးအိုက ချက်ချင်း ယုံကြည်စွာ ရေရွတ်လိုက်သည်။ သူက သိုင်းခန်၏ တံခါးကို ကြည့်ပြီး သူ၏ မျက်လုံးများက လေးစားမှုများနှင့် ပြည့်နှက်နေခဲ့သည်။

သူတစ်ယောက်တည်းသာမက အခြားသူများကလည်း ထိုခံစားချက်ကို ခံစားလိုက်ကြရသည်။ သူတို့က လေးစားမှု၊ ကိုးကွယ်လိုစိတ်များနှင့် သိုင်းခန်းမကို ကြည့်နေကြသည်။

" သိုင်းဘိုးဘေးက ကျင့်ကြံဖို့လိုအပ်တယ်။ ဒါကြောင့် အရေးကြီးကိစ္စမရှိရင် သိုင်းဘိုးဘေးကို မနှောက်ယှက်ရဘူး။ " ချင်ယောင်က ချက်ချင်း ပြောလိုက်သည်။

" ဟုတ်ကဲ့ " အခြားသူများက လေးစားစွာ ပြန်ပြောလိုက်ကြသည်။

အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ပျံဝဲနေသော လျို့ဝှက်နယ်မြေတစ်ခုပေါ်တွင် ကြီးမားသော ပုံရိပ်တစ်ခုက ထိုင်နေသည်။ ထိုပုံရိပ်က လက် ၁၈ဖက် ပါပြီး ထူးဆန်းသော အော်ရာကို ထုတ်လွှတ်နေသည်။ ထိုပုံရိပ်က အနက်ရောင်နတ်ဆိုးနယ်မြေသခင်မှလွဲ၍ အခြားသူမဟုတ်ပေ။

" ငါ ဒီရတနာကို နားလည်ဖို့ နှစ်ပေါင်းသိန်းချီ ကြိုးစားခဲ့ပေမယ့် တကယ်နားလည်ဖို့ ဝေးကွာနေတုန်းပဲ။ " နယ်မြေသခင်က သူ၏ ရှေ့မှ စာလိပ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။

လွန်ခဲ့သော နှစ်ပေါင်းနှစ်သိန်းနီးပါးက သူက လျို့ဝှက်နယ်မြေတစ်ခုမှ ထိုရတနာကို ရရှိခဲ့ပြီးနောက် ထိုရတနာကို အဆက်မပြတ်လေ့လာခဲ့ပြီးနောက် အဆက်မပြတ် လေ့လာနေခဲ့သည်။

ထိုစာလိပ်ကို လေ့လာခြင်းဖြင့် သူ၏ စွမ်းအားက အလွန်တိုးတက်လာခဲ့ပြီး ထိုဒေသရှိ အစွမ်းထက်ဆုံးမိစ္ဆာနတ်ဘုရားဖြစ်လာခဲ့သည်။ သို့သော် သူက စာလိပ်တွင် ကြီးမားသော လျို့ဝှက်ချက်တစ်ခုရှိနေသည်ကို ခံစားမိသောကြောင့် မကျေမနပ်ဖြစ်နေသည်။ သို့သော် သူက မည်မျှကြိုးစားသည်ဖြစ်စေ ဖမ်းဆုပ်နိုင်ခြင်းမရှိသေးပေ။

" ဒီရတနာက ဒဏ္ဍာရီလာအဆင့်ကိုးနဲ့ ဆက်စပ်နေနိုင်လား။ "

မိစ္ဆာနတ်ဘုရားများက အဆင့်ကိုးထိ ရှိပြီး အဆင့်ကိုးက ဒဏ္ဍာရီသာဖြစ်လေသည်။ ထိုအဆင့်သို့ ရောက်လာသော မိစ္ဆာနတ်ဘုရားက မိစ္ဆာနတ်ဘုရားအားလုံး၏ အရှင်သခင်ဖြစ်ပြီး အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းမိုးနိုင်လေသည်။

ယခုအချိန်တွင် သူက အဆင့်ရှစ်တွင် ရှိပြီး အဆင့်ကိုးနှင့် တစ်ဆင့်သာ ကွာသော်လည်း သူ၏ ကျင့်ကြံမှုတိုးတက်လာသည်နှင့်အမျှ အဆင့်ကိုးက မည်မျှဝေးကွာသည်ကို နားလည်လာခဲ့သည်။ သူ၏ အမြင်တွင် အဆင်ရှစ်နှင့် အဆင့်ကိုးကြား ကွာခြားမှုက အဆင့်တစ်မှ အဆင့်ရှစ်ကြား ကွာခြားမှုထက် ပိုမိုကြီးမားသည်ဟု ခံစားနေရသည်။

All Chapters