← Chapters

ကမ္ဘာ နတ်စွမ်းရည်.....

Vol. 41 Ch. 618

ကမ္ဘာ နတ်စွမ်းရည်.....

Vol. 41 Ch. 618

အနက်ရောင်နတ်ဆိုးနယ်မြေသခင်က သူ၏ရှေ့ရှိ စာလိပ်ကို ဆက်လက်လေ့လာရန် ပြင်လိုက်ချိန်တွင် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

" ငါလွှတ်လိုက်တဲ့ မိစ္ဆာမျက်လုံးနဲ့ လက်တစ်သောင်းမိစ္ဆာတို့က ချေမှုန်းခံလိုက်ရတာလား။ " မိစ္ဆာနတ်ဆိုးများစွာကို အုပ်ချုပ်နေသဖြင့် သူက ထျန်းချင်းကမ္ဘာမှအဖြစ်အပျက်များကို သိထားလေသည်။

" အဲ့ဒီကမ္ဘာထဲမှာ ကြီးမားတဲ့ လျို့ဝှက်ချက်တစ်ခုရှိတယ်ဆိုတာ ငါသိသားပဲ။ နှစ်သိန်းအနည်းငယ်အတွင်း ကမ္ဘာရဲ့ မူလရင်းမြစ်ကို ဆယ်ဆတိုးတက်စေခဲ့တယ်။ ဒါကတကယ်ဖြစ်နေတဲ့ပုံပဲ။ " နယ်မြေသခင်၏ မျက်လုံးများက အနီရောင်အလင်းတစ်ခု တောက်ပသွားသည်။

သူ၏ စွမ်းအားနှင့် အချိန်များအားလုံးကို သူ၏ ရှေ့မှ စာလိပ်ကို လေ့လာရာတွင် ကုန်ဆုံးစေခဲ့သည်။ ထို့ကြောင့် မိစ္ဆာမျက်လုံးနှင့် လက်တစ်သောင်းမိစ္ဆာတို့ကို ထျန်းချင်းကမ္ဘာအား သိမ်းပိုက်ရန် တာဝန်ပေးခဲ့ခြင်းဖြစ်သည်။

" ငါကိုယ်တိုင် အဲ့ဒီနေရာကို သွားရမယ်ထင်တယ်။ " နယ်မြေသခင်က စာလိပ်ကို ဂရုတစိုက်သိမ်းဆည်းလိုက်ပြီး ဖြည်းညင်းစွာ ထရပ်လိုက်သည်။

" အဲ့ဒီကမ္ဘာထဲက သက်ရှိက မိစ္ဆာမျက်လုံးနဲ့ လက်တစ်သောင်းမိစ္ဆာကို အလွယ်တကူ အနိုင်ယူနိုင်တာကို ကြည့်ရင် အဲ့ဒီနေရာက ထင်သလောက် မရိုးရှင်းဘူး။ ငါ့ရဲ့ စွမ်းအားတစ်ခုတည်းနဲ့ အဲ့ဒါကို သိမ်းပိုက်နိုင်လိမ့်မယ်လို့ သိပ်ယုံကြည်မှုမရှိဘူး။ " နယ်မြေသခင်က ထိုသို့စဉ်းစားပြီး သူ၏ မိတ်ဆွေအချို့ကို ဆက်သွယ်လိုက်သည်။

မိစ္ဆာနတ်ဘုရားများကြားတွင် စစ်မှန်သော ခင်မင်ရင်းနှီးမှုမရှိသော်လည်း အကျိုးအမြတ်အတွက် ရံဖန်ရံခါ ပူးပေါင်းလေ့ရှိသည်။ သူဆက်သွယ်လိုက်သော မိတ်ဆွေများကလည်း ဤဒေသရှိ အစွမ်းထက်ဆုံး မိစ္ဆာနတ်ဘုရားများ ဖြစ်ကြပြီး သူနှင့်အဆင့်တူများ ဖြစ်ကြသည်။

အနက်ရောင်နတ်ဆိုးနယ်မြေသခင်၏ အမြင်တွင် သူ၏ စွမ်းအားတစ်ခုတည်းနှင့် ထျန်းချင်းကမ္ဘာထဲမှ သက်ရှိကို အနိုင်ယူရန် မသေချာပေ။ သို့သော် မိတ်ဆွေများ၏ အကူအညီနှင့်ဆိုလျှင် သံသယဝင်စရာပင်မလိုပေ။

ထိုသို့ဖြင့် သုံးလေးရက်ကြာပြီးနောက် လင်းယွမ်က သိုင်းတာအို အလွှာတစ်ဆယ်သို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထျန်းချင်းကမ္ဘာတွင် လင်းယွမ်၏ အားသာချက်မှာ မည်သည့်နည်းလမ်းမှ အသုံးပြုရန် မလိုအပ်ဘဲ စွမ်းအားစုဆောင်းရုံမျှသာ ဖြစ်သည်။

လင်းယွမ်က သိုင်းတာအို အလွှာတစ်ဆယ်သို့ ပြန်ရောက်လာခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။ သူ့အတွက် အရေးကြီးသောအရာမှာ သုံးလေးရက်ကျင့်ကြံပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းရည်အမှတ်အသားက နောက်ဆုံးတွင် ပုံသဏ္ဍန်ပေါ်လာခဲ့သည်။ လင်းယွမ်၏ ငါးခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်က နိုးထလာတော့မည်ဖြစ်သည်။

" ဒီရုပ်ခန္ဓာနတ်စွမ်းရည်က ဘယ်လိုမျိုးဖြစ်မလဲမသိဘူး။ " လင်းယွမ်က ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုများကို အာရုံစိုက်လိုက်သည်။

ဒုတ် ဒုတ် ဒုတ်......

လင်းယွမ်၏ နှလုံးက ဖြည်းညင်းစွာ ခုန်နေပြီး နှလုံးခုန်နှုန်းတစ်ချက်စီက သွေးများကို သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပို့ဆောင်ပေးနေသည်။ ၎င်းက ကြီးမားသော စွမ်းအားများကို စုဆောင်းထားပြီး ခုန်ခြင်းဟု ဆိုသည်ထက် တုန်ခါခြင်းနှင့် ပိုတူလှသည်။ ၎င်းက ရုပ်ခန္ဓာ၏ မူလရင်းမြစ်၊ အခြေခံအုတ်မြစ်ဖြစ်သည်။

ဝုန်း....

ရှုပ်ထွေးသော နတ်စွမ်းရည်အမှတ်အသားက ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများက ဆူပွက်လာသည်။

နိုးထလာသော နတ်စွမ်းရည်နှင့်အတူ လင်းယွမ်က ထျန်းချင်းကမ္ဘာ စတင်မွေးဖွားချိန်နှင့် ၎င်းမမွေးဖွားမီ အဖြစ်အပျက်များကို ဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ မြင်နေရသည်။ ကမ္ဘာ၏ အသေးငယ်ဆုံး အစိတ်အပိုင်းများ တည်ဆောက်ပုံနှင့် ပြောင်းလဲမှုအားလုံးက လင်းယွမ်၏ စိတ်ထဲသို့ စီးဝင်လာသည်။

"ကမ္ဘာတစ်ခု မွေးဖွားလာတာလား။ " လင်းယွမ်က အံ့ဩစွာ ကြည့်နေသည်။

ပင်မစကြာဝဠာတွင် အဋ္ဌမအလွှာဆင့်ကဲပြောင်းလဲသူများက သူတို့၏ ကိုယ်ပိုင်အတွင်းကမ္ဘာကို ဖန်တီးကြရသည်။ သို့သော် ထိုဖန်တီးမှုက ပင်မစကြာဝဠာ၏ အချိန်နှင့်လေဟာနယ်အပေါ် လုံးဝမှီခိုနေသည်။ ၎င်းက ပင်မစကြာဝဠာနှင့် အလွန်ဆင်တူသော ကမ္ဘာတစ်ခုကို ဖန်တီးခြင်းနှင့် တူလေသည်။

နောက်ပိုင်း အချိန်နိယာမကို နားလည်ပြီးမှသာ အချိန်နှင့်လေဟာနယ် ကိုင်စွဲပြီး သူတို့၏ အတွင်းကမ္ဘာများက လွတ်လပ်ပြီး ပြည့်စုံအောင် လုပ်ကြရလေသည်။ သို့သော် မည်မျှ လွတ်လပ်သည် ပြည့်စုံသည်ဖြစ်စေ ၎င်းတို့က ပင်မစကြာဝဠာမှ စတင်ခဲ့ခြင်းဖြစ်သည်။

၎င်းက မိခင်ထံမှ မွေးဖွားလာသော ကလေးငယ်တစ်ယောက်ကဲ့သို့ပင် လွတ်လပ်စွာ ကြီးထွားလာသော်လည်း အရာအားလုံးက မိခင်ထံမှ လာခဲ့ခြင်းဖြစ်သည်။

မည်သည်ကိုမှ အားမကိုးဘဲ ဘာမှမရှိရာမှ ပြည့်စုံသော ကမ္ဘာတစ်ခုကို ဖန်တီးရန် အလွှာဆယ်တစ်သက်ရှိများ မလုပ်နိုင်ဘဲ အလွှာဆယ့်နှစ် ကြီးမြတ်သူများသာ အောင်မြင်ရန် မျှော်လင့်နိုင်လေသည်။

ပုံတူကူးယူခြင်းက လွယ်ကူလေသည်။ ဖန်တီးခြင်းက အခက်ခဲဆုံး ဖြစ်လေသည်။ သို့သော် လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်စွမ်းရည်အမှတ်အသားကို လေ့လာနေစဉ် ဘာမှမရှိရာမှ ကမ္ဘာတစ်ခု မွေးဖွားလာသည်ကို မြင်တွေ့ခဲ့ရသည်။

[ သင်က ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာတစ်ခု မွေးဖွားခြင်းကို လေ့လာပြီး ကမ္ဘာအနှစ်သာရအပေါ် နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

လင်းယွမ်က လေ့လာခြင်းတွင် နစ်မြုပ်နေခဲ့သည်။ အချိန်မည်မျှ ကြာသွားသည်မသိ သွေးမျိုးဆက်၏ အနက်ရှိုင်းဆုံးမှ နတ်စွမ်းရည်အမှတ်အသားက ကျုံ့ဝင်သွားပြီး အချက်အလက်စီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။

" ငါ့ရဲ့ ငါးခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်...." လင်းယွမ်က နတ်စွမ်းရည်မှ စီးဆင်းလာသော အချက်အလက်များကို စစ်ဆေးလိုက်သည်။

လင်းယွမ်နိုးထခဲ့သော နတ်စွမ်းရည်လေးခုနှင့် ယှဉ်လျှင် ယခုစုစည်းလိုက်သော နတ်စွမ်းရည်က အကြီးကျယ်ဆုံးဖြစ်ကြီး ထျန်းချင်းကမ္ဘာ မစတင်မီ အဖြစ်အပျက်များ ပါဝင်နေသည်။

ထိုအရာများက လင်းယွမ်အနေဖြင့် ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုဖြစ်သော်လည်း နောက်ကြောင်းပြန်၍ ခြေရာခံ၍မရသော အခြေအနေများဖြစ်သည်။ သို့သော် ရုပ်ခန္ဓာနတ်စွမ်းရည်နှင့် ပေါင်းစည်းပြီးနောက် သူ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

" ရုပ်ခန္ဓာနတ်စွမ်းရည် ကမ္ဘာ..."

လင်းယွမ်က ငါးခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်ကို လျင်မြန်စွာ နားလည်သွားခဲ့သည်။ ထိုနတ်စွမ်းရည်က အလွန်အစွမ်းထက်ပြီး အသက်သွင်းလိုက်သည်နှင့် လင်းယွမ်ကို ဗဟိုပြုပြီး သူ၏ အတွင်းကမ္ဘာနှင့် အရွယ်အစားညီမျှသော ပြင်ပကမ္ဘာတစ်ခုကို ခဏတာဖွဲ့စည်းမည်ဖြစ်သည်။

ရိုးရှင်းစွာ ပြောရလျှင် ထိုနတ်စွမ်းရည်က လင်းယွမ်၏ အတွင်းကမ္ဘာကို ပြင်ပကမ္ဘာအဖြစ် ခဏပြောင်းလဲပစ်နိုင်လေသည်။ ၎င်းက ကမ္ဘာ၏ အရိပ် သို့မဟုတ် ကမ္ဘာ၏ စွမ်းအားသက်သက်မဟုတ်ဘဲ အရာအားလုံးကို ဝန်းရံထားသော အစစ်အမှန် ကမ္ဘာတစ်ခုဖြစ်သည်။ လင်းယွမ်က ကမ္ဘာ၏ အရှင်သခင်ဖြစ်သောကြောင့် ကမ္ဘာ၏ မူလစွမ်းအားတစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး သူ၏ တိုက်ခိုက်မှုတိုင်းကို ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုမိုအားကောင်းလာမည်ဖြစ်သည်။

ရန်သူများက ကမ္ဘာ၏ ဖိနှိပ်မှုကို ခံရမည်ဖြစ်ပြီး သူတို့၏ အရှိန်များ ကျဆင်းသွားပြီး အရာရာတိုင်းတွင် အားနည်းသွားမည်ဖြစ်သည်။

" ဒါက လွန်လွန်းတယ်။ တကယ်ကို လွန်လွန်းတယ်။ "

ထိုရုပ်ခန္ဓာနတ်စွမ်းရည်က အစွမ်းထက်ဆုံးဖြစ်လာမည်ဟု လင်းယွမ်က မျှော်လင့်ထားသော်လည်း ကမ္ဘာနတ်စွမ်းရည်၏ အသေးစိတ်အချက်အလက်များကို သိလိုက်ရသောအခါ သူက တုန်လှုပ်နေရဆဲ ဖြစ်သည်။

အကြောင်းမှာ ထိုနတ်စွမ်းရည်က ကောင်းကင်ကို ဆန့်ကျင်ခြင်းပင်ဖြစ်သည်။

ပင်မစကြာဝဠာ၏ အဋ္ဌမအလွှာအထက်အဆင့်များက မည်သည့်အချိန်တွင် တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံးလဲ။ တားမြစ်နည်းစနစ်များကို အသုံးပြုခြင်းလား။ အစွမ်းထက်သော လက်နက်များကို အသုံးပြုခြင်းလား။ မဟုတ်ပေ။

သူတို့၏ အတွင်းကမ္ဘာများအတွင်း ရှိနေချိန်တွင် တိုက်ခိုက်ရေးစွမ်းအားအမြင့်ဆုံးဖြစ်သည်။ အတွင်းကမ္ဘာတစ်ခုအတွင်း ကမ္ဘာ၏ ကြီးမားသော စွမ်းအားကို အမိန့်ပေးနိုင်လေသည်။

မည်သည့်အဆင့်တွင် ရှိသော ဆင့်ကဲပြောင်းလဲသူဖြစ်စေ အခြားသူတစ်ယောက်၏ အတွင်းကမ္ဘာထဲသို့ ဝင်ရောက်ရဲမည်မဟုတ်ပေ။ သို့သော် အတွင်းကမ္ဘာ၏ အိမ်ကွင်းအားသာချက်က အားကောင်းသော်လည်း အသုံးမဝင်သကဲ့သို့ ဖြစ်နေသည်။

ကြီးမားသော စွမ်းအားကွာခြားမှုမရှိလျှင် ရန်သူကို မိမိ၏ အတွင်းကမ္ဘာထဲသို့ ဖမ်းဆီးထည့်သွင်းနိုင်မည်မဟုတ်ပေ။ နှစ်ယောက်လုံးအတွင်းကမ္ဘာရှိလျှင် ကမ္ဘာစွမ်းအားကို အသက်သွင်းလိုက်ရုံနှင့် ဆွဲသွင်းခြင်းကို ခုခံနိုင်လေသည်။

၎င်းက တူညီသော ဝင်ရိုးစွန်းတစ်ခုတွင် သံလိုက်နှစ်ခုရှိနေသကဲ့သို့ သံလိုက်တစ်ခုက အခြားတစ်ခုထက် အဆများစွာ ကြီးမားနေလျှင်တောင် တူညီသော ဝင်ရိုးစွန်းတွင် တစ်ခုကိုတစ်ခု တွန်းကန်နေကြခြင်းဖြစ်သည်။

အင်အားကြီးသူများတိုက်ခိုက်ကြသည့်အချိန်တွင် ပြင်ပမှ အနိုင်ယူရန်သာ ကြိုးစားကြပြီး မည်သူမှ ရူးသွပ်ပြီး အခြားတစ်ယောက်၏ အတွင်းကမ္ဘာထဲသို့ အလွယ်တကူ ဝင်ရောက်မည်မဟုတ်ပေ။

သို့သော် လင်းယွမ်၏ ကမ္ဘာ နတ်စွမ်းရည်က ပြင်ပကမ္ဘာတစ်ခုကို ချက်ချင်း ပေါင်းစပ်ဖွဲ့စည်းနိုင်လေသည်။ ရန်သူက ဝင်ချင်သည်ဖြစ်စေ မဝင်ချင်သည်ဖြစ်စေ သူ၏ ပတ်ဝန်းကျင်က ကမ္ဘာ၏ နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားပြီး ကြီးမားသော အားသာချက်ကို ရရှိပေလိမ့်မည်။

သို့သော် ကမ္ဘာနတ်စွမ်းရည်က အားနည်းချက်မရှိသည်တော့မဟုတ်ဘဲ ၎င်းက အသက်သွင်းပြီးသည်နှင့် ခြောက်စက္ကန့်သာ ကြာလေသည်။ ထိုအချက်က နတ်စွမ်းရည်၏ ကောင်းကင်ကိုဆန့်ကျင်သော ဖုံးကွယ်ထားနိုင်စွမ်းမရှိပေ။

တူညီသော အဆင့်ရှိသူတစ်ယောက်ကို အတွင်းကမ္ဘာအတွင်း ခြောက်စက္ကန့်ပိတ်လှောင်ထားနိုင်ခြင်းက အကြိမ်များစွာ အနိုင်ယူရန် လုံလောက်ပေသည်။

" ဒါက အရမ်းစွမ်းအားကြီးလွန်းတယ်။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

ယခင်ရုပ်ခန္ဓာနတ်စွမ်းရည် လေးမျိုးနှင့်ယှဉ်လျှင် ကမ္ဘာနတ်စွမ်းရည်က စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်ဖြစ်သည်။ ပြင်ပကမ္ဘာဖွဲ့စည်းပြီးသည်နှင့် လင်းယွမ်က လှုပ်ရှား၍ မရတော့ဘဲ ကမ္ဘာတည်ရှိနေသော ကာလအတွင်း ရန်သူကိုသာ အနိုင်ယူရန် ကြိုးစားရပေလိမ့်မည်။

အားဖြည့်ခြင်းနတ်စွမ်းရည်ပင် အသက်ရှင်သန်မှုကို ထိန်းသိမ်းရန် ရှုထောင့်များရှိပြီး ဥပမာ ထိုနတ်စွမ်းရည်ကို အသုံးပြုပြီး ထွက်ပြေးနိုင်လေသည်။

All Chapters