← Chapters

ထျန်းချင်းကမ္ဘာကို တိုက်ခိုက်ခြင်း....

Vol. 41 Ch. 619

ထျန်းချင်းကမ္ဘာကို တိုက်ခိုက်ခြင်း....

Vol. 41 Ch. 619

" ဒါပေမယ့် ငါဒါကို သဘောကျတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

ကမ္ဘာစွမ်းရည်က မိမိ၏ အတွင်းကမ္ဘာပေါ်တွင် လုံးဝမှီခိုနေသည်။ အကြောင်းမှာ ဖန်တီးထားသော ပြင်ပကမ္ဘာက အတွင်းကမ္ဘာကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားသောကြောင့်ဖြစ်သည်။ အတွင်းကမ္ဘာက ပို၍ အားကောင်းလျှင် ပြင်ပကမ္ဘာကလည်း အားကောင်းလာမည်ဖြစ်သည်။

အတွင်းကမ္ဘာက လင်းယွမ်၏ အကြီးမားဆုံး အားသာချက်ဖြစ်သည်။ လင်းယွမ်၏ ကြီးမားသော အတွင်းကမ္ဘာနှင့် ထိုနတ်စွမ်းရည်က လင်းယွမ်အတွက် ဖန်တီးထားသည်ဟုပင် ထင်ရလေသည်။

" ကမ္ဘာနတ်စွမ်းရည်ကို အစွမ်းထက်ဆုံး အသုံးပြုနိုင်တာက ကိုယ့်ကိုကိုယ် ဖျက်ဆီးခြင်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ပထမငါးစက္ကန့်တွင် ပြိုင်ဘက်ကို အနိုင်မယူနိုင်လျှင် ခြောက်စက္ကန့်က မိမိကိုယ်ကို ဖျက်ဆီးမည်ဖြစ်သည်။ ပြင်ပကမ္ဘာက အတွင်းကမ္ဘာကို အခြေခံထားလျှင်တောင် အတွင်းကမ္ဘာကိုယ်တိုင်မဟုတ်ဘဲ ကမ္ဘာနတ်စွမ်းရည်နှင့် ပေါင်းစပ်ဖန်တီးထားသော ပုံတူပွားတစ်ခု ဖြစ်သည်။

ပြင်ပကမ္ဘာကို ဖျက်ဆီးခြင်းက အတွင်းကမ္ဘာကို ဖျက်ဆီးခြင်းဟု မဆိုလိုပေ။ အကယ်၍ လင်းယွမ်က ပြင်ပကမ္ဘာကို ဖျက်ဆီးခဲ့လျှင် အများအားဖြင့် တန်ပြန်မှုကိုသာ ခံရမည်ဖြစ်ပြီး ၎င်းက အတွင်းကမ္ဘာကို ဖျက်ဆီးခြင်းလောက် ပြင်းထန်မည်မဟုတ်ပေ။

အတွင်းကမ္ဘာကို ဖျက်ဆီးခြင်းက နှစ်ဖက်လုံးပျက်စီးခြင်းကို ဆိုလိုပြီး အစွန်းရောက်လှုပ်ရှားမှုတစ်ခုဖြစ်သည်။

" ငါ့ မူလခန္ဓာကိုယ်ရဲ့ အတွင်းကမ္ဘာကို အခြေခံပြီး ဖန်တီးထားတဲ့ ပြင်ပကမ္ဘာကို ဖျက်ဆီးလိုက်တာက နတ်ဘုရင်လို အလွှာဆယ့်တစ်သက်ရှိတွေတောင် သေဆုံးသွားမှာ သေချာတယ်။ ငါက တန်ပြန်မှုအချို့တော့ ခံစားရမှာပဲ။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က အလွှာတစ်ဆယ်ကိုသာ စဉ်းစားထားခြင်းဖြစ်သည်။ အကယ်၍ သူက အလွှာဆယ့်တစ်သို့ တက်လှမ်းပြီး ဖရိုဖရဲဟင်းလင်းပြင်မူလရင်းမြစ်ကို ခံယူခဲ့လျှင် သူ၏ အတွင်းကမ္ဘာ အခြေခံအုတ်မြစ်က အလွန်မြင့်မားလာမည်ဖြစ်သည်။ ထိုအချိန်တွင် ဖန်တီးထားသော ပြင်ပကမ္ဘာ၏ ဖျက်စီးမှုက လင်းယွမ် စိတ်ကူးနိုင်သည်ထက် ကျော်လွန်သွားပေလိမ့်မည်။

" အဲ့ဒါကို ငါတစ်ကြိမ်ပဲ သုံးနိုင်လိမ့်မယ်။ "

ပင်မစကြာဝဠာရှိ မူလခန္ဓာကိုယ်၏ အတွင်းကမ္ဘာက မိုင်သန်းနှစ်ရာကျော် ကျယ်ဝန်းပြီး ဖန်တီးထားသော အတွင်းကမ္ဘာကလည်း ထိုအရွယ်အစားအတိုင်း ရှိပေလိမ့်မည်။ အလွှာဆယ့်တစ်သက်ရှိတစ်ယောက်က ထိုစွမ်းရည်ကို သိလျှင် လင်းယွမ်နှင့် မိုင်သန်းနှစ်ရာကျော်အကွာတွင် ရပ်နေရုံသာဖြစ်သည်။

အလွှာဆယ့်တစ် သက်ရှိတစ်ယောက်၏ တိုက်ခိုက်မှုအကွာအဝေးကို အလင်းနှစ်များနှင့် ရေတွက်သောကြောင့် မိုင်သန်းနှစ်ရာကျော်က မပြောပလောက်ပေ။

" နောက်တစ်ခုအရေးကြီးဆုံးက ဒီနတ်စွမ်ရည်အမှတ်အသားကို သေချာနားလည်ဖို့ပဲ။ " လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

ထိုနတ်စွမ်းရည်အမှတ်အသားကို အပြည့်အဝ နားလည်မှသာ သူ၏ မူလခန္ဓာကိုယ်တွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုနတ်စွမ်းရည်က လင်းယွမ်၏ တိုက်ခိုက်မှုကို မည်မျှအထောက်အကူပြုသည်ကို ပြောစရာပင်မလိုပေ။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရမည့်အချိန်ကို ပေးရလျှင်တောင် ထိုနတ်စွမ်းရည်အမှတ်အသားကို နားလည်ရမည်ဖြစ်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို မည်သည့်နေရာတွင် မဆို နားလည်နိုင်ပေသည်။ သို့သော် ကမ္ဘာနတ်စွမ်းရည်အမှတ်အသားကို ဤသိုင်းဘိုးဘေးရွှေရောင်ခန္ဓာတွင်သာ နားလည်နိုင်လေသည်။

ထျန်းချင်းကမ္ဘာ၏ အပြင်ဘက် အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် နယ်မြေသခင်နှင့် သူ၏ မိတ်ဆွေသုံးယောက်တို့က ထျန်းချင်းကမ္ဘာသို့ ခရီးနှင်နေကြသည်။ မိစ္ဆာနတ်ဘုရားလေးပါးထံမှ ကြောက်စရာကောင်းသော အော်ရာများ ထွက်ပေါ်နေပြီး လမ်းတစ်လျှောက်ရှိ မိစ္ဆာနတ်ဘုရားများကို ထိတ်လန့်သွားစေခဲ့သည်။

" အဲ့ဒါ အနက်ရောင်နတ်ဆိုးနယ်မြေသခင်လား။ "

" သူနဲ့အဆင့်တူ သုံယောက်လည်းပါတယ်။ "

" ဘာဖြစ်တာလဲ။ နယ်မြေသခင်က တံခါးပိတ်ကျင့်ကြံနေတာမဟုတ်လား။ "

" ဟဲဟဲ နယ်မြေသခင်က ထျန်းချင်းကမ္ဘာကို သွားနေတာ ဖြစ်ရမယ်။ နယ်မြေသခင်ရဲ့ လက်အောက်ခံနှစ်ယောက်က ထျန်းချင်းကမ္ဘာထဲမှာ သေဆုံးသွားခဲ့တာလေ။ "

မိစ္ဆာနတ်ဘုရားများက အဝေးမှ စောင့်ကြည့်နေကြပြီး ဆွေးနွေးနေကြသည်။

" အနက်ရောင်နတ်ဆိုး မင်း အဲ့ဒီကမ္ဘာက လျို့ဝှက်ချက်ကို ဘာလို့ အဲ့လောက်စိတ်ဝင်စားနေတာလဲ။ "

" ဟုတ်တယ်။ ငါတို့ အတူတူသွားဖို့ လိုအပ်လို့လား။ "

" အနက်ရောင်နတ်ဆိုး ငါတို့က အကျိုးအမြတ်မရှိတဲ့ ခရီးကိုတော့ မသွားချင်ဘူးနော်။ "

အနက်ရောင်နတ်ဆိုး၏ မိတ်ဆွေသုံးယောက်က ထျန်းချင်းကမ္ဘာသို့ သွားနေစဉ် အတွေးများ ပို့လွှတ်လိုက်ကြသည်။ မိစ္ဆာနတ်ဘုရားများအနေဖြင့် အကြောင်းမဲ့ လှုပ်ရှားကြသူများ မဟုတ်ကြပေ။

" စိတ်မပူနဲ့။ အဲ့ဒီကမ္ဘာထဲက လျို့ဝှက်ချက်က ကမ္ဘာမူလရင်းမြစ်ကို အမြန်တိုးတက်စေတယ်။ အဲ့ဒီကမ္ဘာကို ငါတို့ သိမ်းပိုက်နိုင်ရင် အဲ့ဒီလျို့ဝှက်ချက်ကို မင်းတို့နဲ့အတူ မျှဝေမယ်။ " အနက်ရောင်နတ်ဆိုးက ပြောလိုက်သည်။ " ပြီးတော့ အခွင့်အလမ်းတွေရှာဖွေဖို့ ငါနဲ့အတူ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကိုလည်း ဝင်ခွင့်ပေးမယ်။ "

" ကောင်းပြီ။ "

" မင်းက တကယ်ရက်ရောတာပဲ။ "

" ဒီလက်စားချေတဲ့ကိစ္စမှာ ငါတို့ သေချာပေါက် ကူညီရမှာပေါ့။ "

မိစ္ဆာနတ်ဘုရားသုံးပါးက ထိုစကားများကြားသောအခါ ကျေနပ်သွားကြသည်။ ထျန်းချင်းကမ္ဘာ၏ လျို့ဝှက်ချက်ကို ထည့်မတွက်လျှင်တောင် အနက်ရောင်နတ်ဆိုး စောင့်ကြပ်နေသော ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက သူတို့ကို မနာလိုဖြစ်စေခဲ့သည်။

သို့သော် အနက်ရောင်နတ်ဆိုးက လျို့ဝှက်နယ်မြေကို ထိန်းချုပ်ထားပြီး သူက ဝင်ခွင့်မပြုလျှင် သူတို့ဘာသာဝင်ရောက်နိုင်မည် မဟုတ်ပေ။

အနက်ရောင်နတ်ဆိုးက ဘာမှမပြောဘဲ ဆက်လက်ပျံသန်းနေသည်။ ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်ကို တိုးတက်စေသော လျို့ဝှက်ချက်ကို အခြားသူများသိလျှင်တောင် သူ့ကို ဘာမှထိခိုက်စေမည်မဟုတ်ပေ။

သူစောင့်ကြပ်နေသော ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကိုလည်း ထျန်းချင်းကမ္ဘာ၏ ကိစ္စမရှိလျှင်တောင် သူတို့သုံးယောက်ကို ဖိတ်ခေါ်ရန် စီစဉ်ထားပြီးသားဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း သူက လျို့ဝှက်နယ်မြေကို ရှာဖွေခဲ့ပြီး ယခု သူ၏ စွမ်းအားတစ်ခုတည်းနှင့် တစ်စုံတစ်ခုကို ရှာဖွေနိုင်ရန် ခက်ခဲသွားပြီဖြစ်သည်။ ထို့ကြောင့် မိစ္ဆာနတ်ဘုရားသုံးပါးကို ဖိတ်ခေါ်ရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

မကြာမီ အနက်ရောင်နတ်ဆိုးနှင့် မိစ္ဆာနတ်ဘုရားသုံးပါးက ရပ်တန့်လိုက်ကြပြီး အဝေးရှိ ထျန်းချင်းကမ္ဘာကို ကြည့်လိုက်ကြသည်။

" အဲ့ဒီကမ္ဘာလား။ "

" အဲ့ဒီကမ္ဘာရဲ့ မူလရင်းမြစ်က တကယ်ပေါများတာပဲ။ "

" ကြည့်ရတာ အရသာရှိမယ့်ပုံပဲ။ " မိစ္ဆာနတ်ဘုရားသုံးပါးက ထျန်းချင်းကမ္ဘာကို သေချာစစ်ဆေးနေကြသည်။ မိစ္ဆာနတ်ဘုရားများဖြစ်သောကြောင့် ကမ္ဘာတစ်ခု၏ မူလစွမ်းအားကို အာရုံခံနိုင်ကြသည်။

" အနက်ရောင်နတ်ဆိုး အခု ငါတို့ ဘာလုပ်မှာလဲ။ "

" မင်းကငါတို့ကို ခေါ်ခဲ့တာဆိုတော့ မင်းပဲ ညွှန်ကြားလိုက်တော့။ "

မိစ္ဆာနတ်ဘုရားသုံးပါးက ထျန်းချင်းကမ္ဘာကို ဝါးမျိုရန် စိတ်အားထက်သန်နေကြသော်လည်း အနက်ရောင်နတ်ဆိုးက သူတို့ကိုလည်း ဖိတ်ခေါ်ခဲ့သောကြောင့် ထိုကမ္ဘာက သာမန်ကမ္ဘာတစ်ခု မဖြစ်နိုင်ပေ။

" အဲ့ဒီကမ္ဘာနားကို ချဉ်းကပ်ဖို့မလိုဘူး။ ဒီကနေတိုက်ခိုက်ကြမယ်။ " အနက်ရောင်နတ်ဆိုးက ပြောလိုက်သည်။

ထျန်းချင်းကမ္ဘာက မူလရင်းမြစ်စွမ်းအားများ ပေါ်များနေလျှင်တောင် ကမ္ဘာပြင်ပသို့ တိုက််ခိုက်နိုင်စွမ်းမရှိပေ။ သူတို့က ထျန်းချင်းကမ္ဘာကို အဝေးမှ တိုက်ခိုက်ရန်သာ လိုအပ်လေသည်။

၎င်းက မိစ္ဆာနတ်ဘုရားများ ကမ္ဘာများကို စားသုံးရဲသည့် ယုံကြည်မှုဖြစ်လေသည်။ ကမ္ဘာတစ်ခု၏ မူလရင်းမြစ်က မိစ္ဆာနတ်ဘုရားတစ်ပါးထက် ပိုမိုသန်မာလေသည်။ သို့သော် ကမ္ဘာက ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိပေ။

" ကောင်းပြီ။ " မိစ္ဆာနတ်ဘုရားသုံးပါးက ခေါင်းညိမ့်လိုက်ကြသည်။

ထျန်းချင်းကမ္ဘာ။

သိုင်းတာအိုခန်းမထဲတွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး ကမ္ဘာနတ်စွမ်းရည်အမှတ်အသားကို နားလည်ရန် ကြိုးစားနေသည်။

" ဟမ် အနက်ရောင်နတ်ဆိုးက သူ့ဆန္ဒနဲ့သူ ရောက်လာတာလား။ " လင်းယွမ်က ကမ္ဘာ၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

လင်းယွမ်တွင် အနက်ရောင်နတ်ဆိုးဖန်တီးထားသော ရုပ်တုရှိသည့်အတွက် ကြောင်းကျိုးအာရုံခံခြင်းကို အသုံးပြုပြီး အနက်ရောင်နတ်ဆိုး၏ တည်နေရာကို သိရှိနိုင်လေသည်။ ထို့ကြောင့် အနက်ရောင်နတ်ဆိုးက ထျန်းချင်းကမ္ဘာသို့ ချဉ်းကပ်လာသည်နှင့် လင်းယွမ်က သတိထားမိခဲ့ခြင်းဖြစ်သည်။

" အခြားမိစ္ဆာနတ်ဘုရားသုံးပါးကိုရော ခေါ်လာတာလား။ " လင်းယွမ်က အခြားမိစ္ဆာနတ်ဘုရားများကိုလည်း အာရုံခံမိလိုက်သည်။

" ကောင်းတယ်။ ငါ့ရဲ့ ကမ္ဘာနတ်စွမ်းရည်ကို စမ်းသပ်ကြည့်လို့ရတာပေါ့။ " လင်းယွမ်က တွေးလိုက်သည်။

လင်းယွမ်က ကမ္ဘာနတ်ဘုရားစွမ်းရည်ကို အသက်သွင်းပြီး ထိန်းချုပ်မှုများကို ကျွမ်းကျင်အောင် လေ့ကျင့်ရန် ပြင်ဆင်နေခဲ့သည်။ တစ်ယောက်တည်းလေ့ကျင့်ခြင်းထက် အခြားသူများနှင့် တိုက်ခိုက်ခြင်းက အတွေ့အကြုံပိုရစေလေသည်။

ကမ္ဘာနတ်စွမ်းရည် ပေါက်ကြားခြင်းကလည်း ပင်မစကြာဝဠာတွင် အင်အားကြီးသူများက ကိုယ်ပွားများရှိကြပြီး လင်းယွမ်က ပြိုင်ဘက်ကို မသတ်နိုင်လျှင် ၎င်းက ပြင်ပသို့ ပေါက်ကြားသွားနိုင်လေသည်။

သို့သော် ကမ္ဘာအပြင်ဘက်ရှိ မိစ္ဆာနတ်ဘုရားလေးပါးက ကိုယ်ပွားများမရှိကြပေ။ သူတို့ကို ဖယ်ရှားပစ်လိုက်သည်နှင့် လျို့ဝှက်ချက်လည်း ပေါက်ကြားတော့မည်မဟုတ်ပေ။

အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် မိစ္ဆာနတ်ဘုရားများက အနက်ရောင်နတ်ဆိုးနှင့် အခြားမိစ္ဆာနတ်ဘုရားသုံးပါးကို အာရုံစိုက်နေကြသည်။

" နယ်မြေသခင်က တကယ်သတိကြီးတာပဲ။ ထျန်းချင်းကမ္ဘာရဲ့ အနားကိုတောင် မသွားဘူးလား။ "

" အဲ့ဒါက သဘာဝကျပါတယ်။ ထျန်းချင်းကမ္ဘာထဲမှာ အရမ်းကြောက်စရာကောင်းတာတွေရှိနေတယ်။ မိစ္ဆာမျက်လုံးနဲ့ လက်တစ်သောင်းမိစ္ဆာတို့တောင် မလွတ်မြောက်နိုင်ဘူးဆိုတော့ နယ်မြေသခင်လည်း အထင်သေးမှာမဟုတ်ဘူး။ "

" မှန်တယ်။ အဝေးက တိုက်ခိုက်ပြီး ထျန်းချင်းကမ္ဘာကို ဖျက်စီးလိုက်ရုံပဲလေ။ "

မိစ္ဆာနတ်ဘုရားများက အပြန်အလှန် ဆွေးနွေးနေကြပြီး အခြေအနေကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေကြသည်။ သူတို့၏ အမြင်တွင် ထျန်းချင်းကမ္ဘာ၏ ကံကြမ္မာက သေချာနေပြီဖြစ်သည်။ အနက်ရောင်နတ်ဆိုးနှင့် အခြားသူများက အလွန်သတိထားနေသောကြောင့် အန္တရာယ်နှင့် ကြုံတွေ့ရန် မဖြစ်နိုင်ပေ။

All Chapters