← Chapters

ယင်သုံးပါးအရှင်သခင်....

Vol. 41 Ch. 621

ယင်သုံးပါးအရှင်သခင်....

Vol. 41 Ch. 621

လင်းယွမ်က ရတနာများကို လျင်မြန်စွာ စစ်ဆေးလိုက်ပြီး အလွှာတစ်ဆယ်နီးပါး မိစ္ဆာနတ်ဘုရား လေးပါးကို သတ်ရုံနှင့် အလွှာဆယ့်တစ်သက်ရှိတစ်ယောက်သတ်လိုက်ရသကဲ့ိူု့ အကျိုးအမြတ်များ ရရှိလိုက်သည်။

လင်းယွမ်က ရတနာများကို တစ်ခုပြီးတစ်ခု အမျိုးအစား ခွဲခြားလိုက်သည်။ ရုတ်တရက် သူ၏ အကြည့်က စာလိပ်တစ်ခုပေါ်တွင် ရပ်တန့်သွားသည်။ ထိုစာလိပ်က လေထဲတွင် လွင့်မျောနေပြီး အလွန်ရိုးရှင်းပုံရလေသည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင် မိစ္ဆာနတ်ဘုရားများစုဆောင်းထားသော ရတနာများက ရိုးရှင်းမည်မဟုတ်ပေ။ ထို့အပြင် လင်းယွမ်က စာလိပ်ကို ဖောက်ထွင်းမမြင်ရဘဲ အတိအကျမသိနိုင်ပေ။

" ကမ္ဘာစွမ်းအားတောင် အဲ့ဒါကို မထိုးဖောက်နိုင်ဘူးလား။ " လင်းယွမ်က အံ့အားသင့်သွားသည်။

လင်းယွမ်၏ ရတနာများကို အကဲဖြတ်သော နည်းလမ်းက ကမ္ဘာစွမ်းအားဖြင့် ထိုးဖောက်ပြီး ၎င်း၏ တန်ဖိုးကို တိုင်းတာခြင်းဖြစ်သည်။ သို့သော် ယခု သူ၏ ရှေ့မှ စာလိပ်က ကမ္ဘာစွမ်းအားထိုးဖောက်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ၎င်း၏ တန်ဖိုးကို တိုင်းတာ၍ မရနိုင်ပေ။

" အဲ့ဒီစာလိပ်က အနက်ရောင်နတ်ဆိုးဆီကပဲ။ " လင်းယွမ်က သူ၏ ရှေ့မှ စာလိပ်ကို စိတ်ဝင်စားသွားသည်။

" ထားလိုက်တော့။ စိတ်ဝိညာဉ်ရှာဖွေလိုက်မယ်။ " လင်းယွမ်က အနက်ရောင်နတ်ဆိုး၏ စိတ်ဝိညာဉ်ကို ဖမ်းယူပြီး ရှာဖွေလိုက်သည်။

" ဒီစာလိပ်ကို အနက်ရောင်နတ်ဆိုးက မတော်တဆ ရခဲ့တာပဲ။ ပြီးတော့ ဒါက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေရဲ့ သော့ဖြစ်တယ်။ ဒီထဲကို စိတ်အသိပေါင်းစပ်လိုက်ရင် ဟမ်..." လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။

အနက်ရောင်နတ်ဆိုး၏ မှတ်ဉာဏ်ထဲတွင် စိတ်အသိပေါင်းစပ်ခြင်းနှင့်ပက်သက်၍ မှတ်ဉာဏ်များမရှိတော့ပေ။ ၎င်းက ဖြစ်နိုင်ခြေနှစ်ခုရှိသည်။

ပထမတစ်ခုမှာ အနက်ရောင်နတ်ဆိုးက သူ၏ မှတ်ဉာဏ်များကို ကိုယ်တိုင်ဖျက်ဆီးပစ်ဖြင်းဖြစ်သည်။ သို့သော် ထိုဖြစ်နိုင်ခြေက အလွန်နည်းသည်။ အကြောင်းမှာ အနက်ရောင်နတ်ဆိုးက လင်းယွမ်၏ လက်ထဲသို့ ကျရောက်မည်ကို ကြိုတင်မသိသောကြောင့် ထိုမှတ်ဉာဏ်ကို ဖျက်ပစ်မည်မဟုတ်ပေ။

နောက်တစ်ခုမှာ စာလိပ်၏ မှတ်ဉာဏ်ကို မရရှိခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အသုံးပြုသူကိုယ်တိုင်သာ သိနိုင်ပြီး အခြားသူများ စိတ်ဝိညာဉ်ရှာဖွေခြင်းပြုလုပ်လျှင် သိနိုင်နည်မဟုတ်ပေ။

လူသားမျိုးနွယ်မှ အချို့သော အမွေအနှစ်များကို မျိုးနွယ်ခြားများ၏ သိရှိခြင်းမှ ကာကွယ်ရန် ထိုနည်းလမ်းကို အသုံးပြုကြသည်။

" စိတ်အသိကို ပေါင်းစပ်ကြည့်ရမယ်။ " လင်းယွမ်က ထပ်မံစစ်ဆေးလိုက်သည်။

အနက်ရောင်နတ်ဆိုးက စိတ်အသိကို စာလိပ်ထဲသို့ ပေါင်းစပ်ဝင်ရောက်ခဲ့သည့် မှတ်ဉာပ်ကို သူမသိသော်လည်း ထိုမှတ်ဉာဏ်များမှ စိတ်အသိပေါင်းစပ်ပြီးနောက် ပေါင်းစပ်ခြင်းအပေါ် မကောင်းသည့်အတွေးများမရှိသည်ကို တွေ့ရလေသည်။ ဆိုလိုသည်မှာ အန္တရာယ်မရှိပေ။

လင်းယွမ်၏ စိတ်အသိက စာလိပ်ထဲသို့ ဝင်ရောက်သွားသည်။ သူက ရုတ်တရက် နေရာတစ်ခုသို့ ရောက်သွားခဲ့သည်။

စာလိပ်အတွင်းနေရာက မိုင်တစ်ထောင်သာ ကျယ်ဝန်းပြီး လင်းယွမ်က လှည့်ပတ်ကြည့်လိုက်သည်။ အလယ်တွင် မြင့်မားသော ပလ္လင်နှစ်ခုရှိနေသည်။ တစ်ချိန်တည်းတွင် ပလ္လနှစ်ခုမှ သတင်းစားများထွက်ပေါ်လာသည်။

" အဆုံးမဲ့ဟင်းလင်းပြင်ထဲက သက်ရှိတွေက ဒီတိုကင်ကို အသုံးပြုပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေထဲ ဝင်ရောက်ကာ ဟင်းလင်းပြင်သက်ရှိများကို သတ်ဖြတ်နိုင်တယ်။ " ဘယ်ဘက်မှ ပလ္လင်၏ သတင်းစကားဖြစ်သည်။

အဆုံးမဲ့ဟင်းလင်းပြင်မှ သက်ရှိများဆိုသည်မှာ အလွန်ကျယ်ပြန့်လှသည်။ မိစ္ဆာနတ်ဘုရားများကလည်း အဆုံးမဲ့ဟင်းလင်းပြင်ထဲမှ သက်ရှိများဖြစ်ပြီး အခြားအထူးတည်ရှိမှုများလည်း ရှိနေကြသည်။

ရိုးရှင်းစွာ ပြောရလျှင် အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် မွေးဖွားသည့် မည်သည့်သက်ရှိကိုမဆို ရည်ရွယ်ခြင်းဖြစ်သည်။ လင်းယွမ်ပင် အဆုံးမဲ့ဟင်းလင်းပြင်၏ တစ်ဝက်သက်ရှိအဖြစ် သတ်မှတ်နိုင်လေသည်။ သူ၏ သိုင်းဘိုးဘေးခန္ဓာကို အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ဖန်တီးထားခြင်းဖြစ်သည်။

" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေထဲက ဟင်းလင်းပြင်သက်ရှိတွေကို သတ်ဖြတ်ရမှာလား။ ဟင်းလင်းပြင်သက်ရှိတွေက ဘာတွေလဲ။ ရိုးရိုးသတ်ဖြတ်တာပဲလား။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

အကျိုးအမြတ်တစ်စုံတစ်ရာမရှိလျှင် အတ္တဆန်ပြီး ကိုယ်ကျိုးကြည့်သော မိစ္ဆာနတ်ဘုရားများက ဟင်းလင်းပြင်သက်ရှိများကို တိုက်ခိုက်မည်မဟုတ်ပေ။ သို့သော် အနက်ရောင်နတ်ဆိုး၏ မှတ်ဉာဏ်များက သူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ကြောက်ရွံ့မှုရော တောင့်တမှုရော ရှိနေသည်ကို တွေ့ခဲ့ရလေသည်။

" အဓိက အကျိုးကျေးဇူးတစ်ခုတော့ ရှိလိမ့်မယ်။ "

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေနှင့် ပက်သက်၍ အနက်ရောင်နတ်ဆိုး၏ မှတ်ဉာဏ်များကလည်း ဝေဝါးနေသည်ကို လင်းယွမ်က တွေ့ရလေသည်။ သို့သော် စိတ်ခံစားချက်များမှ တစ်ဆင့် အချက်အလက်များကို ကောက်ချက်ချနိုင်လေသည်။

" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက အဲ့ဒီမှာ ရှိရမယ်။ " လင်းယွမ်က ဦးတည်ရာတစ်ခုသို့ ကြည့်လိုက်သည်။

ဘယ်ဘက်ပလ္လင်မှ သတင်းစကားထဲတွင် အဆုံးမဲ့ဟင်းလင်းပြင်၏ ဆုံမှတ်များပါဝင်နေသည်။ ထို့အပြင် အနက်ရောင်နတ်ဆိုး၏ မှတ်ဉာဏ်ထဲမှ ထိုဟင်းလင်းပြင် လျို့ဝှက်နယ်မြေ၏ အကြမ်းဖျင်းတည်နေရာကိုလည်း သိထားလေသည်။

ဘယ်ဘက်ပလ္လင်နှင့် ယှဉ်လျှင် ညာဘက်ပလ္လင်မှ သတင်းစကားများက ပို၍ ရှုပ်ထွေးလေသည်။

" ဒါက လျို့ဝှက်နည်းစနစ်လား။ ရုပ်ခန္ဓာသန့်စင်ခြင်းလျို့ဝှက်နည်းစနစ်လား။ " လင်းယွမ်က အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။

သူကျင့်ကြံသော ရွှမ်ဟွမ်မူလခန္ဓာကလည်း ထိပ်တန်း ခန္ဓာသန့်စင်ခြင်း လျို့ဝှက်နည်းနစ်များထဲမှ တစ်ခုဖြစ်လေသည်။ အဆုံးထိ ကျင့်ကြံပြီးလျှင် အလွှာဆယ့်နှစ်ကို ဖြတ်ကျော်နိုင်ရန် မျှော်လင့်ချက်ရှိလေသည်။

" ရွှမ်ဟွမ်မူလခန္ဓာလောက် အသေးစိတ်မကျပေမယ့် အကန့်အသတ်က မြင့်မားပုံရပြီး ရုပ်ဝတ္ထုနိယာမကို နက်နက်နဲနဲ နားလည်ဖို့ လိုအပ်တယ်။ " လင်းယွမ်က ခဏ ကြည့်လိုက်သည်။

ရုပ်ဝတ္ထုနိယာမက အခြေခံနိယာမများထဲမှ တစ်ခုဖြစ်ပြီး အရာဝတ္ထုအားလုံး၏ အခြေခံဖြစ်သည်။ သွေးနှင့်အသားတို့က ထိုရုပ်ဝတ္ထု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရာတွင်လည်း ရုပ်ဝတ္ထုနိယာမကို နားလည်ရန် လိုအပ်ပြီး လင်းယွမ်က ၎င်းကို နားလည်ပြီးသားဖြစ်သည်။

" အဲ့ဒီ အနက်ရောင်နတ်ဆိုးက ရုပ်ခန္ဓာသန့်စင်ခြင်း လျို့ဝှက်နည်းစနစ်ကို နက်နက်ရှိုင်းရှိုင်း မကျင့်ကြံခဲ့ဘူး။ မဟုတ်ရင် သူက အလွှာတစ်ဆယ်ထဲ ဝင်ရောက်နေလောက်ပြီ။ ကြည့်ရတာ သူ့ရဲ့ ရုပ်ဝတ္ထုနိယာမကို နားလည်မှုမလုံလောက်တာဖြစ်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးမဲ့ဟင်းလင်းပြင်ထဲမှ မိစ္ဆာနတ်ဘုရားများက မွေးရာပါစွမ်းရည်များပိုင်ဆိုင်ကြပြီး သဘာဝအရ နိယာမများအပေါ် နားလည်မှုကိုသာ ပိုင်ဆိုင်လေသည်။ ထိုမိစ္ဆာနတ်ဘုရားများက အခြားနိယာမများကို နားလည်အောင်လုပ်ခြင်းက မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။

" ဒီရုပ်ခန္ဓာသန့်စင်ခြင်း လျို့ဝှက်နည်းစနစ်ကို ကိုးကားလို့ရတယ်။ "

၎င်းက ရွှမ်ဟွမ်မူလခန္ဓာလောက် ကောင်းမွန်ခြင်းမရှိသော်လည်း နည်းလမ်းနှစ်ခုလုံးက မတူညီသော ရှုထောင့်များမှ ရုပ်ခန္ဓာကို သန့်စင်ပေးပြီး နှစ်မျိုးလုံးတွင် ကိုယ်ပိုင်အားသာချက်များ ရှိကြလေသည်။

လင်းယွမ်က ရတနာများကို ဆက်လက်စစ်ဆေးလိုက်ပြီး ကျန်သော မိစ္ဆာနတ်ဘုရားသုံးပါး၏ မှတ်ဉာဏ်များကိုလည်း ကြည့်ရှုလိုက်သည်။

မိစ္ဆာနတ်ဘုရားလေးပါးက အထွတ်အထိပ်တွင် ရပ်နေကြသောကြောင့် အနီးရှိ အချက်အလက်များကို သဘာဝအတိုင်း ကောင်းစွာ သိထားလေသည်။ ထို့ကြောင့် လင်းယွမ်က ကျယ်ပြောလှသော အဆုံးမဲ့ဟင်းလင်းပြင်ကို အခြေခံအားဖြင့် နားလည်လာခဲ့သည်။

ပထမဆုံးအနေဖြင့် အဆုံးမဲ့ဟင်းလင်းပြင်က အဆုံးမရှိဟု ဆိုနိုင်လေသည်။ မိစ္ဆာနတ်ဘုရားများပင်လျှင် ယနေ့အထိ ၎င်း၏ အရွယ်အစားနှင့် နယ်ပယ်ကို မသိကြပေ။ မိစ္ဆာနတ်ဘုရားများ၏ မှတ်ဉာဏ်များအရ အဆုံးမဲ့ဟင်းလင်းပြင်ကိုလည်း ဟင်းလင်းပြင်နယ်မြေများ ခွဲခြားထားပြီး လက်ရှိ ထျန်းချင်းကမ္ဘာတည်ရှိသောနေရာကို ယင်သုံးပါးဟင်းလင်းပြင်နယ်မြေဟု ခေါ်ကြလေသည်။

ယင်သုံးပါးဟင်းလင်းပြင်နယ်မြေ၏ အသန်မာဆုံး မိစ္ဆာနတ်ဘုရားမှာ ယင်သုံးပါးအရှင်သခင်ဖြစ်ပြီး နဝမအဆင့်နှင့် အလွန်နီးစပ်နေပြီဖြစ်သည်။ မိစ္ဆာနတ်ဘုရားလေးပါးက ယင်သုံးပါးအရှင်သခင်၏ လက်အောက်ခံများဖြစ်ကြသည်။

" ယင်သုံးပါးအရှင်သခင်လား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။ " မိစ္ဆာနတ်ဘုရားတွေရဲ့ အဆင့်ကိုးက အလွှာတစ်ဆယ် အထွတ်အထိပ်လား။ ဒါမှမဟုတ် အလွှာဆယ့်တစ်ထဲ ခြေလှမ်းတစ်ဝက်ဝင်နေပြီလား။ "

လင်းယွမ်က ကမ္ဘာနတ်စွမ်းရည်ကို အသက်သွင်းလိုက်လျှင် သူ၏ ကဏ္ဍအားလုံးက မူလခန္ဓာကိုယ်လောက် မသန်မာလျှင်တောင် အလွှာဆယ့်တစ် ပထမနှင့် ဒုတိယအဆင့်များကို ဖိနှိပ်နိုင်လေသည်။

အားလုံးစီစဉ်ပြီးနောက် လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် ဆန်းကြယ်သော ဘူးသီးခြောက်ကို ယူဆောင်လိုက်သည်။

" ကျင့်ကြံတာအပြင် အတွင်းကမ္ဘာကိုလည်း အကန့်အသတ်ထိ မြှင့်တင်လိုက်မယ်။ " လင်းယွမ်က ဘူးသီးခြောက်ကို ယူလိုက်သည်။

ကမ္ဘာနတ်စွမ်းရည်က အတွင်းကမ္ဘာအပေါ် အခြေခံထားသောကြောင့် အတွင်းကမ္ဘာ၏ အရွယ်အစားကြီးမားလာသည်နှင့် ၎င်းကလည်း ပို၍ စွမ်းအားကောင်းလာမည်ဖြစ်သည်။

ယင်သုံးပါးဟင်းလင်းပြင်နယ်မြေရှိ ခမ်းနားသော ခန်းမတစ်ခုအတွင်း ယင်သုံးပါးအရှင်သခင်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး လက်အောက်ခံမိစ္ဆာနတ်ဘုရားများက အောက်တွင် ဒူးထောက်နေကြသည်။

ဟင်းလင်းပြင်နယ်မြေ၏ အုပ်ချုပ်သူအနေဖြင့် ယင်သုံးပါးအရှင်သခင်၏ ခွန်အားက မေးခွန်းထုတ်စရာမလိုပေ။ မိစ္ဆာနတ်ဘုရားများကြားတွင် သူက သတ်ဖြတ်ခြင်းနှင့် ကျော်ကြားလေသည်။

" ငါ အဆင့်ကိုးကို ရောက်ဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်။ " ယင်သုံးပါးအရှင်သခင်က အောက်ရှိ မိစ္ဆာနတ်ဘုရားများကို ကြည့်လိုက်သည်။ အကယ်၍ သူက ထိုမိစ္ဆာနတ်ဘုရားများကို ဝါးမျိုလိုက်ရုံနှင့် အဆင့်တက်နိုင်မည်ဆိုလျှင် သူက တုန့်ဆိုင်းနေမည်မဟုတ်ပေ။

ကံမကောင်းစွာဖြင့် မိစ္ဆာနတ်ဘုရားတစ်ပါးက အဋ္ဌမအဆင့်မှ အဆင့်ကိုးကို တက်လှမ်းရန်အတွက် ဝါးမျိုခြင်းက အရေးမပါတော့ဘဲ အခြားကဏ္ဍများက ပို၍ လိုအပ်လာသည်။

" ငါ့ရဲ့ စိတ်အသိက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေရဲ့ အကူအညီနဲ့ အတော်လေးသန်မာနေပြီ။ ဒါပေမယ့် နိယာမတွေနားလည်မှုက။ ငါတို့မိစ္ဆာနတ်ဘုရားတွေက မွေးရာပါအစွမ်းထက်ပြီးသားကို ဘာလို့နိယာမတွေ နားလည်ဖို့ လိုနေသေးတာလဲ။ " ယင်သုံးပါးအရှင်သခင်က သက်ပြင်းချလိုက်သည်။

ထိုအချိန်တွင် အောက်ရှိ မိစ္ဆာနတ်ဘုရားတစ်ပါးက သတင်းတစ်ခုကို ရရှိပြီး ချက်ချင်းတင်ပြလိုက်သည်။ " အရှင်သခင် အရှင်ရဲ့ လက်အောက်ခံ အနက်ရောင်နတ်ဆိုးက ကမ္ဘာတစ်ခုရဲ့ အပြင်ဘက်မှာ ကျဆုံးသွားခဲ့ပါတယ်။ "

All Chapters