← Chapters

ထျန်းချင်းကမ္ဘာကို အဆင့်မြှင့်တင်ခြင်း....

Vol. 41 Ch. 622

ထျန်းချင်းကမ္ဘာကို အဆင့်မြှင့်တင်ခြင်း....

Vol. 41 Ch. 622

" အနက်ရောင်နတ်ဆိုးလား။ " ယင်သုံးပါးအရှင်သခင်က စဉ်းစားလိုက်သည်။ " သူဖြစ်နေတာကိုး။ "

လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကျော်က အနက်ရောင်နတ်ဆိုးသည် ခန်းမ၏ အပြင်ဘက်သို့ ရောက်လာပြီး ယင်သုံးပါးအရှင်သခင်ထံသို့ လက်အောက်ခံခဲ့လေသည်။ ဤသည်မှာ ယင်သုံးပါးအရှင်သခင်ချမှတ်ထားသော စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။ ယင်သုံးပါးဟင်းလင်းပြင်နယ်မြေအတွင်းရှိ မိစ္ဆာနတ်ဘုရားအားလုံးက သူ့ကို လာရောက် အရိုသေပေးရမည်ဖြစ်သည်။ မဟုတ်လျှင် သူတို့အားလုံးက ယင်သုံးပါးအရှင်သခင်၏ ရန်သူအဖြစ် သတ်မှတ်ခံရပေလိမ့်မည်။

" သူ့မှာလည်း ဟင်းလင်းပြင်လျို့ဝှက်နယ်မြေထဲကို ဝင်ဖို့ တိုကင်တစ်ခုရှိတယ်။ သူက ဒီလောက်မြန်မြန်သေသွားလိမ့်မယ်လို့ ငါမထင်ထားဘူး။ " ယင်သုံးပါးအရှင်သခင်က စိတ်ထဲမှ တွေးလိုက်သည်။

အကြောင်းမှာ ယင်သုံးပါးအရှင်သခင်နှင့် အနက်ရောင်နတ်ဆိုးတို့က တူညီသော ထိုလျို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယင်သုံးပါးအရှင်သခင်က အနက်ရောင်နတ်ဆိုးထက် ပိုစော၍ ဝင်ရောက်ခဲ့ဖူးသည်။

ယင်သုံးပါးအရှင်သခင်နှင့် အနက်ရောင်နတ်ဆိုးတို့က ရင်းနှီးလျှင်တောင် ယင်သုံးပါးအရှင်သခင်က အကြီးမားဆုံးလျို့ဝှက်ချက်ကို မြင်တွေ့ခဲ့ပြီးသားဖြစ်သည်။

" အနက်ရောင်နတ်ဆိုးက ဘယ်လိုသေသွားတာလဲ။ " ယင်သုံးပါးအရှင်သခင်က သာမန်အတိုင်း မေးလိုက်သည်။

ထိုဟင်းလင်းပြင်လျို့ဝှက်နယ်မြေက မိစ္ဆာနတ်ဘုရားများအတွက် လျို့ဝှက်ချက်မဟုတ်ပေ။ သူတို့အားလုံးနီးပါးက တိုကင်များ ကိုင်ဆောင်ထားကြပြီး လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်လေသည်။

ယင်သုံးပါးအရှင်သခင်က အနည်းငယ် နှမြောမိသွားသည်။ အနက်ရောင်နတ်ဆိုးက လျို့ဝှက်နယ်မြေသို့ ဝင်ထွက်နိုင်ပြီး သူ၏ အနာဂတ် တိုးတက်မှုက အလားအလာ မနိမ့်သင့်ပေ။ သို့သော် သူက စိတ်မကောင်းမဖြစ်ပေ။ အနက်ရောင်နတ်ဆိုးက သူ့အတွက် လက်အောက်ခံတစ်ယောက်သာ ဖြစ်ပြီး အနာဂတ်တွင် လိုအပ်လျှင် အသုံးပြုရန်ဖြစ်သည်။ အကယ်၍ အနက်ရောင်နတ်ဆိုးသခင်က အရှင်သခင်အဆင့်နှင့် နီးကပ်လာလျှင် သူ့ကို ဝါးမျိုပစ်ရန် ဝန်လေးနေမည်မဟုတ်ပေ။

အခြားနတ်ဆိုးများကို ဝါးမျိုခြင်းက နဝမအဆင့် မိစ္ဆာနတ်ဘုရားဖြစ်လာရန် အထောက်အကူ မဖြစ်သော်လည်း ၎င်းက စားကောင်းသောက်ဖွယ်တစ်ခုဖြစ်လေသည်။

" အရှင် ဒါက အဲ့ဒီတိုက်ပွဲရဲ့ မှတ်ဉာဏ်ပုံရိပ်ပါ။ "

အောက်ဘက်ရှိ မိစ္ဆာနတ်ဘုရားက လက်မြှောက်လိုက်ရာ ပုံရိပ်များ ဆက်တိုက်ထွက်ပေါ်လာသည်။ ထိုပုံရိပ်များတွင် အနက်ရောင်နတ်ဆိုးနှင့် အခြားမိစ္ဆာနတ်ဘုရားသုံးပါးက ထျန်းချင်းကမ္ဘာ၏ အပြင်ဘက်သို့ ရောက်ရှိလာပြီး အဝေးမှတိုက်ခိုက်ရန် ပြင်ဆင်နေသည့်အခိုက်အတန့်ဖြစ်သည်။

" ဟမ် " ယင်သုံးပါးအရှင်သခင်က မှတ်ဉာဏ်ပုံရိပ်များကို ကြည့်ပြီး ရုတ်တရက် မယုံကြည်နိုင်ဖြစ်သွားသည်။ " သူတို့ ပျောက်ကွယ်သွားတာလား။ သူတို့ဘယ်လိုပျောက်ကွယ်သွားလဲဆိုတာ ငါတောင်မမြင်လိုက်ရဘူး။ "

" ဒီအနက်ရောင်နတ်ဆိုးက ဘယ်လိုရန်သူမျိုးကို သွားပြီးရန်စခဲ့တာလဲ။ " ယင်သုံးပါးအရှင်သခင်က အနည်းငယ် ထိတ်လန့်သွားသည်။

မှတ်ဉာဏ်ပုံရိပ်များက ကြည့်ရှုနေကြသော မိစ္ဆာနတ်ဘုရားများထံမှ ဖြစ်ပြီး အမှန်တကယ်မြင်ကွင်းကို ပြန်လည်ဖန်တီးထားခြင်းမဟုတ်သော်လည်း အနက်ရောင်နတ်ဆိုးနှင့် အခြားမိစ္ဆာနတ်ဘုရားများ ရုတ်တရက် ပျောက်ကွယ်သွားခြင်းက ယင်သုံးပါးအရှင်သခင်ကို ခက်ခဲသော ရန်သူတစ်ယောက်နှင့် ရင်ဆိုနေရသကဲ့သို့ ခံစားရစေသည်။

" အဲ့ဒါ နိယာမတွေပဲ။ နိယာမတစ်မျိုးမျိုးပါဝင်ရမယ်။ သူတို့ကို တိုက်ခိုက်ခဲ့တဲ့ မိစ္ဆာနတ်ဘုရားက ငါ့ထက် နဝမအဆင့်ကို ပိုနီးစပ်လောက်တယ်။ ဒါမှမဟုတ် နဝမအဆင့် မိစ္ဆာနတ်ဘုရားလား။ " ယင်သုံးပါးအရှင်သခင်က တွေးလိုက်သည်။

၎င်းက ခန့်မှန်းချက်သာ ဖြစ်ပြီး သူကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်းမဟုတ်သောကြောင့် မသေချာပေ။ သို့သော် ၎င်းကပက် ယင်သုံးပါးအရှင်သခင်၏ စိတ်ကို တုန်လှုပ်စေရန် လုံလောက်နေသည်။

" အရှင် အခု အခု ဘာလုပ်ရမလဲ။ " ဒူးထောက်နေသော မိစ္ဆာနတ်ဘုရားက မေးလိုက်သည်။

ယင်သုံးပါးဟင်းလင်းပြင်နယ်မြေတွင် ယင်သုံးပါးအရှင်သခင်က အကြွင်းမဲ့အုပ်ချုပ်သူဖြစ်လေသည်။ သူ၏ လက်အောက်ခံ အနက်ရောင်နတ်ဆိုးကို သတ်ဖြတ်လိုက်ခြင်းက ယင်သုံးပါးအရှင်သခင်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင် ဖြစ်သည်။

မိစ္ဆာနတ်ဘုရားများကို အမိန့်ပေးနိုင်ရန်အတွက် ယင်သုံးပါးအရှင်သခင်က လက်အောက်ခံများအား လက်စားချေပေးရန် လုပ်ဆောင်ပေးလေ့ရှိသည်။ ခွန်အားတစ်ခုတည်းဖြင့် မိစ္ဆာနတ်ဘုရားများအားလုံးကို လက်အောက်ခံစေနိုင်မည်မဟုတ်ပေ။ တစ်ခါတစ်ရံ အကျိုးခံစားခွင့်များနှင့် မျက်နှာပေးမှုများ လိုအပ်လေသည်။

" ဘာလုပ်ရမှာလဲ။ " ယင်သုံးပါးအရှင်သခင်က စိုးရိမ်နေပုံရသည်။ အနက်ရောင်နတ်ဆိုးတို့ကို သတ်ခဲ့သူက နဝမအဆင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူ့ထက် ပိုအစွမ်းထက်သည်မှာ သေချာလေသည်။

" ငါ့ရဲ့ ယင်သုံးပါးဟင်းလင်းပြင်နယ်မြေက မိစ္ဆာနတ်ဘုရားတွေကို အဲ့ဒီနေရာကို ရှောင်နေဖို့ ပြောလိုက်။ " ယင်သုံးပါးအရှင်သခင်က ခဏတိတ်ဆိတ်ပြီးနောက် ချက်ချင်း အမိန့်ပေးလိုက်သည်။

သူ၏ နယ်မြေထဲတွင် ထိုကဲ့သို့ သက်ရှိတစ်ယောက် ထွက်ပေါ်လာခြင်းကြောင့် ယင်သုံးပါးအရှင်သခင်က ကူကယ်ရာမဲ့နေပြီး ထိုသူကို ရန်မစမိစေရန်အတွက် သူ၏ လက်အောက်ခံများကို ထိုနေရာသို့ မသွားရန် ကန့်သတ်ထားရုံသာ ရှိလေသည်။

" အဲ့ဒီနေရာကို ရှောင်ရမှာလား။ " အောက်ဘက်ရှိ မိစ္ဆာနတ်ဘုရားများက အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး ထိုနေရာမှ သက်ရှိက ကြောက်စရာကောင်းသည်ကို နားလည်သွားကြသည်။ မဟုတ်လျှင် ယင်သုံးပါးအရှင်သခင်က နောက်ဆုတ်မည်မဟုတ်ပေ။

တစ်လကြာပြီးနောက် လင်းယွမ်၏ ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်နှစ်ခု၏ အတွင်းကမ္ဘာများက မိုင်ပေါင်း ၂.၃ ဘီလီယံသို့ ရောက်သွားကြသည်။

" အဝေးက စောင့်ကြည့်နေတဲ့ မိစ္ဆာနတ်ဘုရားတွေ ပျောက်ကွယ်သွားတာလား။ " လင်းယွမ်က ကမ္ဘာ၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။

မိစ္ဆာမျက်လုံးနှင့် လက်တစ်သောင်းမိစ္ဆာတို့ကို ရှင်းလင်းချိန်တွင် လင်းယွမ်က အဝေးမှ စောင့်ကြည့်နေသည့် ခံစားချက်ကို ရရှိခဲ့သည်။ အခြားမိစ္ဆာနတ်ဘုရားများကလည်း ထျန်းချင်းကမ္ဘာကို မျက်စိကျနေသည်မှာ ထင်ရှားလေသည်။ ၎င်းက ပုံမှန်သာဖြစ်သည်။ မိစ္ဆာနတ်ဘုရားများအတွက် ထျန်းချင်းကမ္ဘာက အရသာရှိသော အစားအသောက်တစ်ခုသာဖြစ်သည်။

အခြားမိစ္ဆာနတ်ဘုရားများက ထျန်းချင်းကမ္ဘာကို ရန်စရန် မလွယ်ကူသော်လည်း အနိုင်မယူနိုင်လျှင်တောင် အခွင့်အရေးကို စောင့်ကြည့်နေနိုင်လေသည်။ သို့သော် ယခု ထိုစောင့်ကြည့်နေသူများ ပျောက်ကွယ်သွားကြသည်ကို သတိပြုမိခဲ့သည်။

" နှမြောစရာပဲ။ " လင်းယွမ်က အနည်းငယ် နောင်တရမိသွားသည်။

အစတွင် သူက သူ၏ ခွန်အားအကန့်အသတ်ထိ မြှင့်တင်ပြီးလျှင် မူလစိတ်ဝိညာဉ်နှစ်ခုကို စေလွှတ်ပြီး ရန်သူများကို ရှင်းလင်းရန် စီစဉ်ထားခဲ့သည်။ အနက်ရောင်နတ်ဆိုးနှင့် အခြားမိစ္ဆာနတ်ဘုရားသုံးပါးကို သတ်ဖြတ်ပြီးနောက် လင်းယွမ်က အောင်မြင်မှုအရသာကို ခံစားခဲ့ရပြီး အခြားမိစ္ဆာနတ်ဘုရားများက သူတို့လောက် မကြွယ်ဝလျှင်တောင် ဘာမှမရခြင်းထက် ပိုကောင်းလေသည်။

" ယင်သုံးပါးအရှင်သခင်နဲ့ ပက်သက်နေတာလား။ "

ယင်သုံးပါးအရှင်သခင်မှသာ ထိုမျှများပြားသော မိစ္ဆာနတ်ဘုရားများကို အမိန့်ပေးနိုင်စွမ်းရှိလေသည်။

" အခုတော့ ထျန်းချင်းကမ္ဘာကို မြှင့်တင်ဖို့ အချိန်ကျပြီ။ " လင်းယွမ်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။

တစ်လအတွင်း သူက ကမ္ဘာနတ်စွမ်းရည်အမှတ်အသားနှက့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်ရန် အချိန်ပေးခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ ကန့်သတ်ချက်ကို ခံစားလာရသည်။

ကမ္ဘာ၏ အရှင်သခင်တစ်ယောက်အနေဖြင့် ထျန်းချင်းကမ္ဘာက လင်းယွမ်ကို တွန်းလှန်မည်မဟုတ်သော်လည်း သူတို့ကြား ကွာခြားချက်က ကြီးမားလှသည်။ အထူးသဖြင့် သူ၏ အတွင်းကမ္ဘာက မိုင် ၂.၃ ဘီလီယံသို့ ရောက်သွားသောကြောင့်ဖြစ်သည်။

" ကမ္ဘာအနှစ်သာရကို ငါ့ရဲ့ နားလည်မှုအရ ထျန်းချင်းကမ္ဘာကို အဆင့်မြှင့်တင်ဖို့က မခက်ခဲလောက်ပါဘူး။ " လင်းယွမ်က စဉ်းစားလိုက်သည်။

ယခု ထျန်းချင်းကမ္ဘာက သူ၏ ခံတပ်တစ်ခုကဲ့သို့ ဖြစ်လာပြီး ၎င်းကို အဆင့်မြှင့်တင်ခြင်းက သိုင်းတာအိုကျင့်ကြံသူများများကို ပို၍ လက်ခံနိုင်လေသည်။ ထို့အပြင် လင်းယွမ်က ကမ္ဘာအတွင်း ပို၍ သက်သောင့်သက်သာ ဖြစ်လာမည်ဖြစ်သည်။ အားသာချက်သာရှိပြီး အားနည်းချက်မရှိပေ။

" သိုင်းဘိုးဘေး..."

" သိုင်းဘိုးဘေးကို နှုတ်ဆက်ပါတယ်။ "

လင်းယွမ်က သိုင်းခန်းမမှ ထွက်လာသည်နှင့် ချင်ယောင်နှင့်အခြားသူများက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

" အင်း " လင်းယွမ်က ခေါင်းညိမ့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " ငါ ကမ္ဘာကို နောက်တစ်ဆင့် မြှင့်တင်တော့မယ်။ ဒီအချိန်အတွင်း သတိထားနေကြပါ။ "

လင်းယွမ်၏ စကားသံနှင့်အတူ သူက နေရာမှ ပျောက်ကွယ်သွားခဲ့သည်။ ထျန်းချင်းကမ္ဘာ၏ ကောင်းကင်ထက်တွင် လင်းယွမ်က ရပ်ပြီး ထျန်းချင်းကမ္ဘာကို ကြည့်ရှုနေသည်။

ထိုရှုထောင့်မှ ကြည့်လျှင် ထျန်းချင်းကမ္ဘာက မိုင်ပေါင်းတစ်ဘီလီကျော်ရှိပြီး အခြားသူများအတွက် ကျယ်ဝန်းသော်လည်း သူ့လို အလွှာတစ်ဆယ် အထွတ်အထိပ်တစ်ယောက်အတွက် အနည်းငယ် ကျဉ်းကျပ်နေလေသည်။

" ကျယ်ပြန့်စမ်း " လင်းယွမ်က အတွေးတစ်ချက်နှင့်အတူ ထျန်းချင်းကမ္ဘာ၏ မူလရင်းမြစ်က ရုတ်တရက် ဆူပွက်လာပြီး အဆုံးမဲ့ဟင်းလင်းပြင်မှ စွမ်းအားများကို အလုံးအရင် စုပ်ယူနေသည်။

မိစ္ဆာနတ်ဘုရားများပင် တိုက်ရိုက်မစုပ်ယူရဲသော အကန့်အသတ်မဲ့ စွမ်းအားများက ထျန်းချင်းကမ္ဘာထဲသို့ စီးဝင်လာပြီး ၎င်းက လျင်မြန်စွာ ကျယ်ပြန့်လာသည်။ ကုန်မြေများက ဆန့်ထွက်လာသည်၊ သမုဒ္ဒရာများက ကျယ်ဝန်းလာပြီး နယ်မြေအသစ်များ ထွက်ပေါ်လာသည်။

လင်းယွမ်က ကမ္ဘာအဆင့်ကို မြှင့်တင်နေစဉ် အကျိုးကျေးဇူးများ ရရှိနေခဲ့သည်။ ထျန်းချင်းကမ္ဘာကျယ်ပြန့်လာသည့်အချိန်တိုင်း သူ၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာခဲ့သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ကမ္ဘာကျယ်ပြန့်မှုကို လေ့လာပြီး ကမ္ဘာအနှစ်သာရအပေါ် သင်၏ နားလည်မှုက ပိုမိုနက်ရှိုင်းလာပါပြီ။ ]

ရက်အနည်းငယ်အတွင်း ကမ္ဘာနတ်စွမ်းရည်အမှတ်အသားအပေါ် နားလည်မှုက ဆယ်ပုံတစ်ပုံ တိုးတက်လာခဲ့သည်။ ၎င်းက ပုံမှန်အားဖြင့် ဆယ်နှစ်လောက် အချိန်ယူရမည်ဖြစ်သည်။

All Chapters