စိတ်စွမ်းအားကိုမြှင့်တင်ပေးခြင်း....
Vol. 41 Ch. 624
လင်းယွမ်၏ မျက်လုံးများရှေ့တွင် မြင်ကွင်းများက ပြောင်းလဲသွားပြီး သူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတွင် မဟုတ်တော့ဘဲ နန်းတော်တစ်ခုအတွင်း ရှိနေပြီး မိန်းမလေးများက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။
" ပုံရိပ်ယောင်နယ်ပယ်လား။ " လင်းယွမ်က မစိုးရိမ်ပေ။ သူ၏ စွမ်းရည်များနှင့် စိတ်ဝိညာဉ်ကာကွယ်ရေးရတနာမရှိလျှင်တောင် ထိုပုံရိပ်ယောင်များကို အလွယ်တကူ ချိုးဖျက်နိုင်လေသည်။
" ပျက်စီးစမ်း " လင်းယွမ်၏ အတွေးများက ဓားသွားများသဖွယ် ပြောင်းလဲသွားပြီး သူ၏ ရှေ့မှ ပုံရိပ်ယောင်ကမ္ဘာကို အားထုတ်စရာမလိုဘဲ ဆုတ်ဖြဲကာ အပြင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည်။
ထိုအချိန်တွင် သတ္တဝါကြီးက လင်းယွမ်ကို ပုံရိပ်ယောင်အတွင်း ပိတ်နေသည်အထင်နှင့် တိုက်ခိုက်ရန် ဆက်လက်ချဉ်းကပ်လာသည်။ သို့သော် ၎င်းမတိုက်ခိုက်ရသေးမီ လင်းယွမ်က လျင်မြန်စွာ ပြန်ကောင်းလာခဲ့သည်။
" ပုံရိပ်ယောင်နည်းလမ်းတစ်ခုတည်းဆိုရင်တော့ ဒီမှာပဲနေခဲ့လိုက်တော့။ " လင်းယွမ်က ပြောလိုက်သည်။ ထိုဟင်းလင်းပြင်သက်ရှိက ခြိမ်းခြောက်မှုမရှိသဖြင့် တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ဝုန်း...
ကြီးမားသော စွမ်းအားများက ပြင်းထန်စွာ ထွက်ပေါ်လာပြီး လေဟာနယ်က သိမ်မွေ့စွာ ပုံပျက်သွားသည်။ ဟင်းလင်းပြင်သက်ရှိက တုန့်ပြန်နိုင်ခြင်းမရှိဘဲ လင်းယွမ်၏ လက်ထဲသို့ ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။
ထိုဟင်းလင်းပြင်သက်ရှိက မိုင်ဆယ်ချီကြီးမားသော်လည်း လေဟာနယ်၏ ဖိနှိပ်မှုအောက်တွင် များစွာ သေးငယ်သွားပြီး လင်းယွမ်၏ လက်ဝါးထဲတွင် ဆက်တိုက်ရုန်းကန်နေသည်။
" စိတ်ဝိညာဉ်ရှာဖွေမှု လုပ်လို့မရဘူး။ တိကျတဲ့ မှတ်ဉာဏ်ပုံရိပ်တွေ မရှိဘူးပဲ။ " လင်းယွမ်က စိတ်ဝိညာဉ်ရှာဖွေလိုက်သော်လည်း အချည်းနှီးသာဖြစ်သည်။
" ဒါဆိုလည်း သတ်ပစ်တာပေါ့။ "
လင်းယွမ်က လေ့လာခြင်းမရှိတော့ဘဲ စာလိပ်ထဲမှ အချက်အလက်များအတိုင်း ဟင်းလင်းပြင်သက်ရှိကို တိုက်ရိုက်သတ်ပစ်လိုက်သည်။
ဝုန်း....
ဟင်းလင်းပြင်သက်ရှိ သေဆုံးသွားသည့်အချိန်တွင် ၎င်း၏ ရုပ်ခန္ဓာက စတင်ပျောက်ကွယ်လာသည်။
" ဒါက " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။
သေဆုံးသွားသည်နှင့် ခန္ဓာကိုယ်ပါ ပျောက်ကွယ်သွားသည်။ ထိုသို့ဆိုလျှင် ဟင်းလင်းပြင်သက်ရှိကို သတ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးက ဘာလဲ။ လင်းယွမ်က မစဉ်းစားမီ ဟင်းလင်းပြင်သက်ရှိက အနှစ်သာရမျှင်အနည်းငယ်အဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်ရောက်သွားသည်။
" ဟင် " လင်းယွမ်က ၎င်း၏ အသုံးဝင်ပုံကို အတည်မပြုရသေးမီ မစုပ်ယူသင့်သောကြောင့် ထိုအနှစ်သာရကို တားဆီးရန် ကမ္ဘာစွမ်းအားကို ထုတ်ဖော်လိုက်သည်။ သို့သော် ကမ္ဘာစွမ်းအားက ထိုအနှစ်သာရမျှင်များကို မထိနိုင်ပေ။ အနှစ်သာရမျှင်များက လင်းယွမ်၏ ခန္ဓာကိုယ်အတွင်း ပျောက်ကွယ်သွားသည်။
" ဟမ် " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားမိသွားသည်။ " ဒီဟင်းလင်းပြင်သက်ရှိက ငါ့ရဲ့ စိတ်စွမ်းအားကို တိုးတက်စေတာလား။ "
လင်းယွမ်က အနည်းငယ် မယုံကြည်နိုင်ဖြစ်သွားသည်။ စိတ်စွမ်းအားကို မြှင့်တင်နိုင်ရန် နည်းလမ်းအနည်းငယ်သာ ရှိလေသည်။ တစ်ခုမှာ အချိန်ကာလကို ကြာမြင့်စွာ ဖြတ်သန်းခြင်းဖြစ်သည်။ နောက်တစ်ခုမှာ ညှင်းပန်းနှိပ်စက်မှုများနှင့် နာကျင်မှုများကို ခံစားခြင်းဖြစ်သည်။
ယခင် ကြီးမြတ်သူ၏ ခန္ဓာကိုယ်အစိန်အပိုင်းကို လေ့လာချိန်တွင် သူက စိတ်ဝိညာဉ်ဖိအားကို ခုခံပြီး စိတ်စွမ်းအားကို တိုးတက်စေခဲ့သည်။ သို့သော် လင်းယွမ်၏ စိတ်စွမ်းအားက အားကောင်းလာသည်နှင့် ထိုနည်းလမ်းများက သက်ရောက်မှုမရှိတော့ပေ။
သို့သော် ယခု လင်းယွမ်က ဟင်းလင်းပြင်သက်ရှိကို သတ်ပြီးနောက် သူ၏ စိတ်စွမ်းအားက သိသိသာသာ တိုးလာသည်ကို ရုတ်တရက် တွေ့ရှိခဲ့ရသည်။ ၎င်းက စိတ်ကူးမယဉ်နိုင်သော ကိစ္စဖြစ်သည်။
စိတ်စွမ်းအား၏ အရေးပါမှုကို ပြောစရာပင်မလိုပေ။ ၎င်းက စိတ်ဝိညာဉ်၏ အနှစ်သာရဖြစ်သည်။ စိတ်စွမ်းအား ပိုမိုအားကောင်းလာသည်နှင့် ကဏ္ဍအားလုံးကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ကြီးမြတ်သူအဆင့်သို့ တက်လှမ်းရန်လည်း သန်မာသော စိတ်စွမ်းအားကို လိုအပ်လေသည်။ ၎င်းမရှိလျှင် အချိန်မြစ်၏ တန်ပြန်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
အရေးကြီးဆုံးမှာ အခြားရတနာများနှင့်ယှဉ်လျှင် စိတ်စွမ်းအားတိုးလာခြင်းက ပင်မစကြာဝဠာသို့ တိုက်ရိုက်ပြန်ယူသွားနိုင်လေသည်။
ထျန်းချင်းကမ္ဘာ၏ သိုင်းခန်းမထဲတွင် အစက ကျင့်ကြံနေသော လင်းယွမ်က ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်သည်။
" ငါ့ရဲ့ စိတ်စွမ်းအားက တကယ်တိုးတက်လာတာပဲ။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။
ပင်မစကြာဝဠာမှ လူသားမျိုးနွယ်၏ များပြားသော အချက်အလက်များကို သိထားသူဖြစ်သဖြင့် စိတ်စွမ်းအားကို တိုးတက်စေရန် မည်မျှခက်ခဲသည်ကို သိထားလေသည်။
လူသားမျိုးနွယ်မှ အချက်အလက်များအရ ကြီးမြတ်သူအဆင့်ကို ပစ်မှတ်ထားသော အလွှာဆယ့်တစ်သက်ရှိများ၏ လိုအပ်ချက်များထဲမှ တစ်ခုမှာ စိတ်စွမ်းအားညွှန်းကိန်း ဆယ်သန်းသို့ ရောက်ရှိရန် ဖြစ်သည်။ ၎င်းက သတ်မှတ်ချက်တစ်ခုသာဖြစ်ပြီး စိတ်စွမ်းအား ပိုမိုအကောင်းလေ ကြီးမြတ်သူအဆင့်သို့ ရောက်ရှိရန် ပိုမိုအထောက်အကူပြုလေဖြစ်သည်။
ယခင်က လင်းယွမ်မှာ သူ၏ စိတ်စွမ်းအားကို တိုးမြှင့်ရန် စိုးရိမ်မှုရှိခဲ့သည်။ နတ်ဘုရင်ကဲ့သို့သော အထူးသက်ရှိများနှင့် ယှဉ်လျှင် လင်းယွမ်၏ အကြီးမားဆုံး အားနည်းချက်မှာ အလွန်ငယ်ရွယ်ပြီး ကျင့်ကြံချိန်က တိုတောင်းသောကြောင့် စိတ်စွမ်းအားက နောက်ကျကျန်ခဲ့ခြင်းဖြစ်သည်။
" ကြီးမားတဲ့အခွင့်အရေးပဲ။ အဲ့ဒီဟင်းလင်းပြင် လျို့ဝှက်နယ်မြေက ငါ့အတွက် ကြီးမားတဲ့ အခွင့်အရေးပဲ။ " လင်းယွမ်က ရေရွတ်လိုက်သည်။
" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေမှာရှိတဲ့ ထိုက်ယန်မူလစိတ်ဝိညာဉ်ရဲ့ တာဝန်က ဟင်းလင်းပြင်သက်ရှိတွေကို ရှာဖွေပြီး စိတ်စွမ်းအားကို မြှင့်တင်ဖို့ သူတို့ကို သတ်ရမယ်။ "
လင်းယွမ်က လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ မူလခန္ဓာကိုယ်က ကမ္ဘာနတ်စွမ်းရည်အမှတ်အသား၊ အချိန်လေဟာနယ်ပေါင်းစပ်နိယာမနှင့် အခြားပေါင်းစပ်နိယာမများကို လေ့လာဆင်ခြင်မည်ဖြစ်သည်။ ထိုက်ယန်မူလစိတ်ဝိညာဉ်က ဟင်းလင်းပြင်သက်ရှိများကို ရှာဖွေပြီး ထိုက်ယင်မူလစိတ်ဝိညာဉ်က အဆုံးမဲ့ဟင်းလင်းပြင်ထဲရှိ ကမ္ဘာများကို ရှာဖွေမည်ဖြစ်သည်။
ထိုသို့ဖြင့် အချိန်များက လျင်မြန်စွာ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းသုံးရာကြာသွားခဲ့သည်။
ထျန်းချင်းကမ္ဘာ၏ သိုင်းခန်းမထဲတွင် လင်းယွမ်က ထိုင်နေပြီး သူ၏ ပတ်ဝန်းကျင်မှ လေဟာနယ်က ပုံပျက်နေသည်။ ကြီးမားသော စိတ်စွမ်းအားများက လေဟာနယ်အလွှာများကိုပင် ထိုးဖောက်ဝင်ရောက်နေသည်။ စိတ်စွမ်းအားက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်တို့ကို ကျော်လွန်ပြီး သက်ရှိတစ်ယောက်၏ အနှစ်သာရဖြစ်သည်။
ပင်မစကြာဝဠာတွင် လူသားမျိုးနွယ်က စိတ်စွမ်းအားညွှန်းကိန်းကို ဖန်တီးခဲ့ပြီး သတ္တမအလွှာမှ အဋ္ဌမအလွှာသို့ တက်ရောက်မည့်သူများက အနည်းဆုံး စိတ်စွမ်းအားညွှန်းကိန်း တစ်သောင်းရှိရမည်ဖြစ်သည်။
စိတ်စွမ်းအားညွှန်းကိန်း ဆယ်သန်းရှိသူတစ်ယောက်က မည်သည့်နိယာမ သို့မဟုတ် စွမ်းအားမှမသုံးဘဲ တစ်ချက်ကြည့်လိုက်ရုံနှင့် စိတ်စွမ်းအားညွှန်းကိန်း တစ်သောင်း၊ တစ်သိန်းရှိသူများကို တိုက်ရိုက် ပျက်စီးစေနိုင်လေသည်။
" ဟင်းလင်းပြင်သက်ရှိတွေကို နှစ်ပေါင်းသုံးရာကြာအောင် လိုက်လံသတ်ဖြတ်ပြီးတဲ့နောက်မှာ ငါ့ရဲ့ လက်ရှိ စိတ်စွမ်းအားညွှန်းကိန်းက ရှစ်သန်း၊ ကိုးသန်း ဒါမှမဟုတ် ဆယ်သန်းများလား။ " လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။
သူက သူ၏ စိတ်စွမ်းအားညွှန်းကိန်းကို အတိအကျမသတ်မှတ်နိုင်ပေ။ အဓိကအားဖြင့် နှစ်ပေါင်းသုံးရာ အရင်နှင့်ယှဉ်လျှင် သူ၏ စိတ်စွမ်းအားတိုးတက်မှုက အဆပေါင်း ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းအထိ တိုးတက်လာခဲ့သည်။
တိုက်ခိုက်ရေးစွမ်းအားကို အဆပေါင်းများစွာ တိုးတက်စေခြင်းက မခက်ခဲပေ။ အဆင့်တက်ခြင်း၊ လျို့ဝှက်ရတနာတစ်ခုကိင ရယူခြင်း သို့မဟုတ် လျို့ဝှက်နည်းစနစ်တစ်ခုကို အသုံးပြုခြင်းတို့ဖြစ်သည်။ သို့သော် စိတ်စွမ်းအားက ဖြတ်လမ်းမရှိပေ။
ပင်မစကြာဝဠာရှိ ရှေးဟောင်းနတ်ဘုရား အထူးသက်ရှိများက အဆုံးမရှိသော နှစ်ကာလများကို ဖြတ်သန်းခဲ့ကြပြီး ကြောက်စရာကောင်းသော စိတ်စမ်းအားကို ပိုင်ဆိုင်ကြလေသည်။ သူတို့၏ စိတ်စွမ်းအားက ဆယ်သန်းမဟုတ်လျှင်တောင် သန်းအချို့ ရှိပေလိမ့်မည်။
ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာတွင် လင်းယွမ်က ထိုအထူးသက်ရှိများကို အားစိုက်စရာမလိုဘဲ ချေမှုန်းနိုင်ခဲ့သည်။ ၎င်းက တူညီသော စမှတ်မှ စတင်ပြီး စိတ်စွမ်းအားကိုလည်း ဖိနှိပ်ထားသောကြောင့်ဖြစ်သည်။
သို့သော် ယခု ဟင်းလင်းပြင်သက်ရှိများကို နှစ်ပေါင်းသုံးရာကျော် သတ်ဖြတ်ပြီးနောက် စိတ်စွမ်းအားက သူ၏ အားနည်းချက်မဟုတ်တော့ဘဲ အားသာချက်ပင်ဖြစ်လာခဲ့သည်။
နေထိုင်ချိန် နှစ်ပေါင်းခြောက်ရာက ယခု တစ်ဝက်သာ ကုန်ဆုံးသေးသည်။ မမျှော်လင့်ထားသော အရာများ ဖြစ်ပျက်မလာလျှင် နောက်ထပ် နှစ်ပေါင်းသုံးရာအတွင်း သူ၏ စိတ်စွမ်းအားက ထပ်မံတိုးတက်လာပေလိမ့်မည်။
" ဒါပေမယ့် စိတ်စွမ်းအားသန်မာလာတာနဲ့ ဟင်းလင်းပြင်သက်ရှိတွေကို သတ်ဖြတ်တဲ့အခါ လိုအပ်ချက်ပိုများလာတယ်။ အခုဆို အဆင့်ကိုး မိစ္ဆာနတ်ဘုရားနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဟင်းလင်းပြင်သက်ရှိတွေပဲ ငါ့ရဲ့ စိတ်စွမ်းအားကို နည်းနည်း တိုးတက်စေနိုင်တယ်။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
သူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို ပထမဆုံးရောက်ချိန်တွင် သာမန်ဟင်းလင်းပြင်သက်ရှိတစ်ကောင်ကို သတ်ခြင်းကပင် သူ၏ စိတ်စွမ်းအားကို သိသိသာသာမြှင့်တင်ပေးနိုင်လေသည်။
" အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိတွေက ရှားပါးနေတုန်းပဲ။ နှစ်ပေါင်းသုံးရာအတွင်းမှာတောင် တစ်ရာကျော်လောက်ပဲ သတ်နိုင်သေးတယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
" ပြီးတော့ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို အခြားမိစ္ဆာနတ်ဘုရားတွေလည်း ဝင်ရောက်နိုင်သေးတယ်။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာအတွင်း လင်းယွမ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအတွင်း လှည့်ပတ်သွားလာခဲ့ပြီး အစွမ်းထက်သော မိစ္ဆာနတ်ဘုရားများနှင့် တွေ့ဆုံခဲ့သည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတွင် ပေါ်လာသော မိစ္ဆာနတ်ဘုရားများက အဆင့်ရှစ်နှင့် အဆင့်ကိုးများပင်ဖြစ်ကြသည်။ အဆင့်ကိုး မိစ္ဆာနတ်ဘုရားက အလွှာတစ်ဆယ် သက်ရှိတစ်ယောက်နှင့် ညီမျှပြီး အထူးအဆင့်ကိုး မိစ္ဆာနတ်ဘုရားက အလွှာဆယ့်တစ် စတုတ္ထနှင့် ပဉ္စမအဆင့်သက်ရှိများနှင့် ယှဉ်နိုင်လေသည်။