လင်းယွမ်၏ တိုးတက်မှု....
Vol. 41 Ch. 625
အဆင့်ကိုး မိစ္ဆာနတ်ဘုရားများတွင် ရည်ရွယ်ချက်တစ်ခုတည်းသာရှိပြီး ဒဏ္ဍာရီလာ အဆင့်တစ်ဆယ် တက်လှမ်းရန်ဖြစ်သည်။ ထိုဟင်းလင်းပြင်လျို့ဝှက်နယ်မြေကို အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားတစ်ပါးက ဖန်တီးခဲ့သည်ဟု ဆိုကြပြီး ထိုဟင်းလင်းပြင်သက်ရှိများက အဆုံးမဲ့ဟင်းလင်းပြင်၏ အပြင်ဘက်ရှိ မတူညီသော ဒိုင်မန်ရှင်းများမှ လာသည်ဟု ပြောကြလေသည်။
" အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားလား။ ကြီးမြတ်သူအဆင့်တော့ မရှိလောက်ဘူး။ ဒါပေမယ့် အလွှာဆယ့်တစ် အထွတ်အထိပ်ထက်တော့ အနည်းငယ် ပိုအားကောင်းလိမ့်မယ်။ " လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်ပြီး စဉ်းစားလိုက်သည်။
နှစ်ပေါင်းများစွာအတွင်း သူက ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအတွင်းရှိ အဆင့်တစ်ဆယ် မိစ္ဆာနတ်ဘုရားများနှင့် သက်ဆိုင်သော အချက်အလက်အချို့ကို စူးစမ်းခဲ့ပြီး သူတို့၏ ခွန်အားကို အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
" ဒီကမ္ဘာက မိစ္ဆာနတ်ဘုရားတွေက တကယ်ထူးခြားတယ်။ မြန်မြန်ကြီးထွားလာပြီး ကြီးမားတဲ့ အရည်အချင်းတွေ ရှိပေမယ့် နိယာမတွေကို နားလည်ရာမှာ အားနည်းလို့ အဆင့်ကိုး မိစ္ဆာနတ်ဘုရားအရေအတွက်က အရမ်းရှားနေတာပဲ။ " လင်းယွမ်က စဉ်းစားလိုက်သည်။
အဆုံးမဲ့ဟင်းလင်းပြင်က ကျယ်ပြောလှသည်။ အဆင့်ရှစ်မိစ္ဆာနတ်ဘုရားများက ဟင်းလင်းပြင်နယ်မြေတစ်ခုစီတွင် အနည်းငယ် ရှိသော်လည်း အဆင့်ကိုးမိစ္ဆာနတ်ဘုရားများက ဟင်းလင်းပြင်များစွာတွင် မရှိပေ။
အစွမ်းထက်သော မိစ္ဆာနတ်ဘုရားများစုဝေးရာ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတွင်သာ မိစ္ဆာနတ်ဘုရားအချို့ကို တွေ့နိုင်လေသည်။
နှစ်ပေါင်းသုံစရာကျင့်ကြံခြင်းတွင် စိတ်စွမ်းအားတိုးတက်လာခြင်းက လင်းယွမ်ရရှိခဲ့သော အကျိုးကျေးဇူးများထဲမှ တစ်ခုသာဖြစ်သည်။
လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် လှည့်လည်သွားလာခဲ့ပြီး ကမ္ဘာသုံးဆယ့်နှစ်ခုကို လွှမ်းမိုးထားနိုင်ခဲ့သည်။ ထိုကမ္ဘာများထဲတွင် ကမ္ဘာရှစ်ခုက ထျန်းချင်းကမ္ဘာထက် ပိုမိုကျယ်ဝန်းပြီး ကျန်ကမ္ဘာများက အနည်းငယ် အားနည်းကြသည်။
ကမ္ဘာ ၃၂ ခုလုံးတွင် ဘိုးဘေးနတ်ဆိုးသစ်ပင်က မျိုးစေ့ချထားပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကိုလည်း ဖြန့်ဝေလျက် ရှိသည်။
မိစ္ဆာနတ်ဘုရားတစ်ပါးအနေဖြင့် ကမ္ဘာတစ်ခုကို လွှမ်းမိုးရန် နည်းလမ်းများစွာကို လိုအပ်လေသည်။ ကမ္ဘာ၏ စိတ်အသိက အပြင်းအထန် ခုခံမည်ဖြစ်ပြီး တိုက်ရိုက်လှုပ်ရှားခြင်းမရှိလျှင်တောင် ကမ္ဘာ၏ သား၊ ကံကြမ္မာ၏ သားများကဲ့သို့ အလားတူသက်ရှိများကို မွေးထုတ်ပေးမည်ဖြစ်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်က ထျန်းချင်းကမ္ဘာကို ကျူးကျော်ချိန်တွင် ချောမွေ့ခဲ့ခြင်းမရှိဘဲ ထျန်းချင်းမဟာမိတ်ခေါင်းဆောင်က ကမ္ဘာဓားကို ကိုင်ဆောင်ပြီး ဘိုးဘေးနတ်ဆိုးသစ်ပင်ကို တားဆီးနိုင်ခဲ့သည်။
သို့သော် လင်းယွမ်အတွက် ထိုသို့ပြုလုပ်ရန် မလိုအပ်ပေ။ ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုဖြစ်လာပြီး ကမ္ဘာ၏ အနှစ်သာရကို နားလည်ခြင်းအပေါ် မှီခို၍ လင်းယွမ်က အခြားကမ္ဘာများအတွင်းသို့ ဘယ်သူမှ သတိမပြုမိအောင် ထိုးဖောက်ဝင်ရောက်နိုင်လေသည်။
ကမ္ဘာအတွင်း ဝင်ရောက်သွားသည်နှင့် လင်းယွမ်က ကမ္ဘာစိတ်အသိကို အလိုရှိသလို အပြည့်အဝ ထိန်းချုပ်နိုင်လေသည်။ သူက လှုပ်ရှားမှုမပြင်းထန်စေဘဲ ကမ္ဘာစိတ်အသိကို သိမ်မွေ့စွာ အစားထိုးချင်လျှင် အချိန်အနည်းငယ် ယူရပေလိမ့်မည်။ ထိုသို့မလုပ်ခဲ့လျှင် လင်းယွမ်သိမ်းပိုက်ထားသော ကမ္ဘာက ၃၂ ခုထက် အဆပေါင်းများစွာ ကျော်လွန်ပေလိမ့်မည်။
" ထျန်ချင်းကမ္ဘာအပြင် ကမ္ဘာ ၃၂ခုက သက်ရှိတိုင်းက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံနေကြပြီ။ " လင်းယွမ်က မျက်လုံးများ မှိတ်လိုက်ပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်၏ ဖန်တီးသူအနေဖြင့် သိုင်းတာအိုကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာသည့်အချိန်တိုင်း သူက အာရုံခံနေသည်။
" ငါ့ရဲ့ သိုင်းတာအိုကျင့်ကြံသူတွေက အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ အခြေအနေတွေကို ပြောင်းလဲပြီး မိစ္ဆာနတ်ဘုရားတွေရဲ့ အာဏာကို ချိုးဖျက်ပစ်နိုင်မလားမသိဘူး။ "
လင်းယွမ်မရောက်မီ မိစ္ဆာနတ်ဘုရားများက အဆုံးမဲ့ဟင်းလင်းပြင်၏ အကြွင်းမဲ့ အုပ်ချုပ်သူများဖြစ်ကြသည်။ လူသားကျင့်ကြံသူများကတော့ ကမ္ဘာများစွာအတွင်းရှိ အစားအသောက်များဖြစ်ကြသည်။
ကမ္ဘာကိုယ်တိုင်မှ မွေးဖွားပေးသော ကမ္ဘာ၏ သားသမီးများနှင့် ကံကြမ္မာ၏ သားသမီးများကသာ မိစ္ဆာနတ်ဘုရားကို ခုခံနိုင်သည့် ခွန်အားအနည်းငယ် ရှိပြီး ၎င်းက ကမ္ဘာကိုယ်တိုင်အပေါ်လည်း မူတည်လေသည်။
သို့သော် သိုင်းတာအိုကျင့်ကြံခြင်းစနစ်က ကမ္ဘာပေါ်ရှိသက်ရှိများကို မိစ္ဆာနတ်ဘုရားများအား ခုခံနိုင်သည့် အခွင့်အရေးကို ပေးခဲ့လေသည်။ သို့သော် ထိုအခွင့်အရေးက ထင်ပေါ်ခြင်းမရှိသေးဘဲ အဆုံးမဲ့ ဟင်းလင်းပြင်ထဲရှိ အသန်မာဆုံး သိုင်းတာအိုကျင့်ကြံသူက ပဉ္စမအလွှာသာ ရှိသေးသည်။
" အချိန်လေဟာနယ်နိယာမက ဆဋ္ဌမအဆင့်ကို ရောက်ဖို့ တကယ်ခက်ခဲတာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာက လင်းယွမ်မှာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို တတိယအဆင့်သို့ ရောက်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၈၀က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ စတုတ္ထအဆင့်ကို ရောက်ရှိခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ပဉ္စမအဆင့်သို့ ဝင်ရောက်ခဲ့သည်။
ထိုအချိန်မှစ၍ နှစ်ပေါင်းနှစ်ရာအတွင်း အချိန်လေဟာနယ်ပေါင်းစပ်နိယာမက ပဉ္စမအဆင့်တွင်သာ ရှိနေခဲ့သည်။ ယခုအချိန်ထိ လင်းယွမ်က မျှော်လင့်ချက်ကို မတွေ့ရသေးပေ။
နှစ်ပေါင်းတစ်ရာကျော်အတွင်း ဒုတိယအဆင့်မှ ပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းမှာ လင်းယွမ်၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်နိုင်စွမ်းအပြင် မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် နားလည်မှုများက ကြီးမားသော အထောက်အကူဖြစ်စေခဲ့သည်။
ပင်မစကြာဝဠာရှိ သက်ရှိများက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို အဆင့်တစ်ခုတက်ရန် နှစ်သန်းပေါင်းများစွာ အချိန်ယူရလေသည်။ ၎င်းက အဆင်ပြေချောမွေ့နေလျှင်ဖြစ်ပြီး အတားအဆီးအနည်းငယ် ကြုံတွေ့ခဲ့လျှင် အချိန်ကုန်ဆုံးမှုက အဆုံးမရှိနိုင်ပေ။
" ဖြည်းဖြည်းပေါ့။ အခု အချိန်ဘယ်လောက်ကြာသွားပြီလဲ။ " လင်းယွမ်က သူ၏ ခေါင်းကို အနည်းငယ် ခါလိုက်သည်။
အင်အားကြီးသူများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် နားလည်မှုများက သူ့အတွက် များစွာ အထောက်အကူမဖြစ်တော့ပေ။ အကြောင်းမှာ ထိုနားလည်မှုများ၏ ကန့်သတ်ချက်မှာ ပဉ္စမအဆင့်သာ ရှိလေသည်။
ဆဋ္ဌမအဆင့်သို့ တက်လှမ်းခြင်းက လင်းယွမ်အပေါ် လုံးဝမူတည်နေသည်။ ပုံမှန်အားဖြင့် အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်က ကြီးမြတ်သူ၏ နယ်ပယ်ဖြစ်လေသည်။
" ကံကောင်းစွာနဲ့ အနက်ရောင်မျှော်စင်ရဲ့ ပဉ္စမအထပ်က ဆုလာဘ် ထျန်းဟီလျို့ဝှက်နည်းစနစ်က ငါ့ကို ဆဋ္ဌမအဆင့်ရဲ့ ဦးတည်ရာကို မြင်အောင်လုပ်ပေးနိုင်ခဲ့တယ်။ မဟုတ်ရင် ကြီးမြတ်သူအဆင့်မရောက်ခင် ဆဋ္ဌမအဆင့်ကို နားလည်ဖို့ ဘယ်လောက်တောင်ကြာမလဲမသိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်က ဘာကြောင့်ကြီးမြတ်သူများ၏ နယ်ပယ်ဟု ပြောတာလဲ။ ၎င်းက အချိန်မြစ်၏ အထက်မှ လျို့ဝှက်ဆန်းကြယ်မှုများ ပါဝင်နေသောကြောင့်ဖြစ်သည်။ ကြီးမြတ်သူများက အချိန်မြစ်မှ ခွဲထုတ်ပြီး ကမ်းခြေမှ အမျိုးမျိုးသော မြင်ကွင်းများကို မြင်နိုင်ကြလေသည်။
၎င်းက အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်သို့ ဝင်ရောက်ရန် အခြေခံဖြစ်သည်။ သို့သော် လင်းယွမ်က အချိန်မြစ်အတွင်းမှ သက်ရှိဖြစ်ပြီး အချိန်မြစ်၏ ကမ်းခြေကို လေ့လာရန် မဖြစ်နိုင်ပေ။ ကြီးမြတ်သူရှချင်က သူ့ကို အချိန်မြစ်ကမ်းခြေသို့ ခေါ်ဆောင်ခဲ့သော်လည်း သူ၏ အသက်အဆင့်ကြောင့် သူ လေ့လာခဲ့ရသော မြင်ကွင်းက အလွန်ကျဉ်းမြောင်းခဲ့လေသည်။
သို့သော် ထျန်းဟီလျို့ဝှက်နည်းစနစ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကို အခြားရှုထောင့်တစ်ခုဖြင့် ပုံဖော်ထားသည်။ ၎င်းက လင်းယွမ်အား ကမ်းခြေသို့ သွားရန်မလိုအပ်ဘဲ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ပိုမိုနက်ရှိုင်းသော လျို့ဝှက်ချက်များနှင့် အနှစ်သာရကို နားလည်စေခဲ့သည်။
သို့သော် ထိုသို့ဖြစ်သော်လည်း အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ ကျင့်ကြံရန် မလွယ်ကူပဲ လင်းယွမ်က ဖြည်းညင်းစွာ စူးစမ်းရှာဖွေရန် လိုအပ်လေသည်။ နောက်ဆုံးတွင် သူလျှောက်လှမ်းနေသော လမ်းစဉ်က စကြာဝဠာခေတ်စတင်ချိန်ကတည်းက မည်သည့်သက်ရှိမှ မလျှောက်လှမ်းခဲ့ဖူးသော လမ်းစဉ်ဖြစ်လေသည်။
" အခု ငါ့ရဲ့ လက်ရှိ တိုက်ခိုက်ရေးစွမ်းအားက အလွှာဆယ့်တစ် ပဉ္စမအဆင့်နဲ့ ယှဉ်နိုင်လောက်တယ်။ " လင်းယွမ်က သူ့ကိုသူ အကဲဖြတ်လိုက်သည်။
လက်ရှိတွင် လင်းယွမ်က အလွှာတစ်ဆယ်တွင် ရှိနေရုံသာဖြစ်ပြီး အခြားရှုထောင့်များတွင် အလွှာဆယ့်တစ်သက်ရှိများထက် အားနည်းခြင်းမရှိပေ။ ထို့အပြင် ငါးခုမြောက် ကမ္ဘာနတ်စွမ်းရည်ကို အသုံးပြုခြင်းဖြင့် သူက အလွှာဆယ့်တစ် ပဉ္စမအဆင့်တစ်ယောက်ကို လုံးဝ လွှမ်းမိုးနိုင်လေသည်။
ကမ္ဘာနတ်စွမ်းရည်က ပြင်ပကမ္ဘာကို ဖျက်စီးလိုက်လျှင် အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောင်ပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သို့သော် ထိုအကွက်က လင်းယွမ်၏ အသန်မာဆုံး ဝှက်ဖဲဖြစ်ပြီး လုံးဝ မလွှဲသာမရှောင်သာမှသာ အသုံးပြုရမည်ဖြစ်သည်။ ပြင်ပကမ္ဘာ၏ သဘာဝ ဖိနှိပ်မှုသက်သက်နှင့်ပင် အလွန်မသက်မသာခံစားရပေလိမ့်မည်။
" ဒီနှစ်ပေါင်းသုံးရာအတွင်း ရရှိခဲ့တဲ့ အကျိုးအမြတ်တွေက မနည်းဘူးပဲ။ "
ဆင်းသက်မှုမတိုက်မီ လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ အလွှာဆယ့်တစ် စတုတ္ထအဆင့်တွင်သာ ကန့်သတ်ထားခဲ့သည်။ သို့သော် ယခုအခါ ပုံမှန်အခြေအနေတွင် သူက ပဉ္စမအဆင့်ကိုပင် ဖိနှိပ်နိုင်ပြီး သူ၏ ဝှက်ဖဲများကို အသုံးပြုလျှင် အလွှာဆယ့်တစ် အထွတ်အထိပ်တစ်ယောက်ကိုပင် ချေမှုန်းနိုင်ပေလိမ့်မည်။
ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ။
နှစ်ပေါင်းသုံးရာကျော်အတွင်း လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က လျို့ဝှက်နယ်မြေ၏ အတွင်းပိုင်းသို့ စွန့်စားသွားလာခဲ့ပြီးဖြစ်သည်။ ဤနှစ်များတွင် လင်းယွမ်က ဟင်းလင်းပြင်သက်ရှိများကို သတ်ဖြတ်ခဲ့ပြီး အဆင့်ကိုးမိစ္ဆာနတ်ဘုရားများကြားတွင် အစွမ်းထက်ဆုံးတစ်ပါးအဖြစ် ပါဝင်လာခဲ့သည်။
မိစ္ဆာနတ်ဘုရားများက လင်းယွမ်အား ထိုက်ယန်အရှင်သခင်ဟု ခေါ်ကြလေသည်။ လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က လှုပ်ရှားလိုက်သည့်အကြိမ်တိုင်း ကြီးမားသော မီးတောက်များက အရာအားလုံးကို လောင်ကျွမ်းပစ်မည်ဖြစ်ပြီး ထိုက်ယင်မူလစိတ်ဝိညာဉ်က အဆုံးမရှိသော အေးစက်မှုများက အရာအားလုံးကို အေးခဲသွားစေမည်ဖြစ်သည်။