← Chapters

ဟင်းလင်းပြင်သက်ရှိအသိုက်....

Vol. 41 Ch. 626

ဟင်းလင်းပြင်သက်ရှိအသိုက်....

Vol. 41 Ch. 626

" အဆင့်ကိုးဟင်းလင်းပြင်သက်ရှိတစ်ကောင်နဲ့ မတွေ့တာတောင် အတော်ကြာနေပြီ။ " လင်းယွမ်၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေအတွင်း လှည့်လည်သွားလာနေခဲ့သည်။

" သခင် အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိတွေက အရမ်းရှားပါတယ်။ သူတို့ကို မတွေ့ရတာက ပုံမှန်ပါပဲ။ " ယင်သုံးပါးအရှင်သခင်က ပြောလိုက်သည်။

ယင်သုံးပါးအရှင်သခင်က ထျန်းချင်းကမ္ဘာရှိသော ဟင်းလင်းပြင်နယ်မြေကို အုပ်ချုပ်သူဖြစ်သည်။ လင်းယွမ်က အနက်ရောင်နတ်ဆိုးနှင့် အခြားမိစ္ဆာနတ်ဘုရားသုံးပါးကို နှိမ်နင်းပြီးနောက် ယင်သုံးပါးအရှင်သခင်က ထိုအကြောင်းကို သိရှိခဲ့သည်။

ယင်သုံးပါးအရှင်သခင်က လင်းယွမ်ကို ကိုင်တွယ်ရန် မလွယ်ကူကြောင်း နားလည်ခဲ့ပြီး အခြားမိစ္ဆာနတ်ဘုရားများအား ထျန်းချင်းကမ္ဘာကို ရှောင်ရှားရန် အမိန့်ပေးခဲ့သည်။

သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၂၉၀က ယင်သုံးပါးအရှင်သခင်မှာ မနေနိုင်တော့ဘဲ အနက်ရောင်နတ်ဆိုးနှင့် အခြားမိစ္ဆာနတ်ဘုရားများကို ရှင်းလင်းခဲ့သည့် လျို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကို မြင်တွေ့ရန် ထျန်းချင်းကမ္ဘာသို့ ချဉ်းကပ်ခဲ့သည်။

ယင်သုံးပါးအရှင်သခင်က အဝေးမှ ကြည့်ရုံသာဖြစ်ပြီး မူမမှန်သော လက္ခဏာတွေ့သည်မှင့် ချက်ချင်း ဆုတ်ခွာရန် ပြင်ဆင်ခဲ့သည်။ အဆင့်ရှစ် အထွတ်အထိပ် မိစ္ဆာနတ်ဘုရားတစ်ပါးက အလွန်သတိထားလျှင် အဆင့်ကိုး မိစ္ဆာနတ်ဘုရားတစ်ပါးပင် ဖမ်းမိနိုင်မည်မဟုတ်ပေ။

သို့သော် ယင်သုံးပါးအရှင်သခင် ရင်ဆိုင်နေသည်မှာ လင်းယွမ်ဖြစ်သည်။ ထိုက်ယင်မူလစိတ်ဝိညာဉ်က ထျန်းချင်းကမ္ဘာသို့ ပြန်လာချိန်တွင် တိတ်တဆိတ် ချောင်းမြောင်းနေသော ယင်သုံးပါးအရှင်သခင်ကို တွေ့ပြီး ခေါ်ဆောင်လာခဲ့သည်။

စစ်ဆေးမေးမြန်းပြီးနောက် ယင်သုံးပါးအရှင်သခင်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်နိုင်ပြီး ထိုနေရာနှင့် အကျွမ်းတဝင်ရှိသည်ကို သိခဲ့ရသည်။ လင်းယွမ်က ယင်သုံးပါးအရှင်သခင်ကို သိမ်းသွင်းပြီး သူ၏ အတွေးတစ်ချက်နှင့် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်အောင် ပြုလုပ်ခဲ့သည်။

" ဒီလိုပါပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ယခုအခါ လင်းယွမ်အတွက် အဆင့်ကိုးအောက်ရှိ ဟင်းလင်းပြင်သက်ရှိများက သူ၏ စိတ်စွမ်းအားကို အနည်းငယ်သာ မြှင့်တင်ပေးနိုင်လေသည်။

လင်းယွမ်၏ စိတ်စွမ်းအားက အလွန်သန်မာနေပြီး ဆယ်သန်းမရောက်သေးလျှင်တောင် အနည်းငယ်သာ လျော့ပေလိမ့်မည်။ ထို့ကြောင့် အဆင့်မြှင့်တင်ရန် သဘာဝအားဖြင့် မလွယ်ကူပေ။

" ဟမ် " လင်းယွမ်နှင့် ယင်သုံးပါးအရှင်သခင်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေထဲတွင် သွားလာနေကြစဉ် အလွန်ဝေးကွာသောနေရာမှ ကြောက်စရာကောင်းသော အော်ရာတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ဝုန်း....

ကြောက်စရာကောင်းသော အတက်အကျများက အချိန်နှင့် လေဟာနယ်ကို နှောက်ယှက်ပြီး အရပ်မျက်နှာအားလုံးကို တိုက်ခတ်သွားသည်။

" အဆင့်ကိုးမိစ္ဆာနတ်ဘုရားတွေ တိုက်ခိုက်နေတာလား။ ဒါမှမဟုတ် ဟင်းလင်းပြင်သက်ရှိတွေ တိုက်ခိုက်နေတာလား။ " လင်းယွမ်က ထိုအတက်အကျမှ အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိတစ်ကောင်ထက် ပိုကြောင်း ခံစားမိလေသည်။

" အရမ်းစွမ်းအားကြီးတာပဲ။ " ယင်သုံးပါးအရှင်သခင်က စိတ်ထဲမှ တုန်လှုပ်သွားသည်။

လင်းယွမ်၏ နောက်သို့ လိုက်နေခြင်းကြောင့်မဟုတ်လျှင် သူ၏ ခွန်အားဖြင့် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ နက်ရှိုင်းသော နေရာကို ရောက်နိုင်မည်မဟုတ်ပေ။ ဤနေရာတွင် လုံလောက်သော အချိန်ရှိလျှင် အဆင့်ကိုး မိစ္ဆာနတ်ဘုရားများ သို့မဟုတ် အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိများနှင့် တွေ့ဆုံရန် သေချာလေသည်။

" သွားစို့ " လင်းယွမ်က ထိုနေရာမှ ပျောက်ကွယ်သွားပြီး အော်ရာအတက်အကျများ ထွက်ပေါ်လာသော နေရာသို့ ဦးတည်သွားသည်။

" သခင် ဘယ်ရောက်သွားတာလဲ။ " ယင်သုံးပါးအရှင်သခင်က လင်းယွမ်ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရပြီး အံကျိတ်ကာ အော်ရာအတက်အကျများ ထွက်ပေါ်ရာနေရာသို့ ဦးတည်သွားခဲ့သည်။

၎င်းက မိုင်တစ်ဘီလီယံနီးပါး အရွယ်အစားရှိသော အသိုက်တစ်ခုဖြစ်သည်။ အစတွင် အချိန်နှင့် လေဟာနယ်အလွှာများကြားတွင် ပုန်းအောင်းနေသော်လည်း ယခု အချိန်နှင့် လေဟာနယ် ရှုပ်ထွေးမှုများကြောင့် အသိုက်တစ်ခုလုံး ထွက်ပေါ်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော အော်ရာများ ထွက်ပေါ်လာပြီး အသိုက်အပြင်ဘက်တွင် ပုံရိပ်ခြောက်ခု ရပ်နေကြသည်။ အသိုက်အတွင်း၌လည်း ကြောက်မက်ဖ်လယ်ကောင်းသော အော်ရာဆယ်လုနီးပါးက ပုံရိပ်ခြောက်ခုကို ရင်ဆိုင်နေသည်။

ရင်ဆိုင်နေစဉ် သူတို့က လေဟာနယ်ကန့်သတ်ချက်များကို ဖြတ်ကျော်၍ တိုက်ခိုက်နေကြပြီး လေဟာနယ်အတက်အကျများက အဝေးသို့ ပျံ့နှံ့နေခဲ့သည်။

" ဒီအသိုက်ထဲက ဟင်းလင်းပြင်သက်ရှိတွေက အဆင့်ကိုးရောက်နေကြပြီး အတိအကျ ကိုးကောင်ရှိနေတယ်။ သူတို့ကို ကိုင်တွယ်ဖို့ မလွယ်ဘူး။ " အပြင်ဘက်ရှိ ရေဘဝဲနှင့်တူသော မိစ္ဆာနတ်ဘုရားက စိတ်ဝိညာဉ်လှိုင်းများ ထုတ်လွှတ်လိုက်သည်။

" ဒီအဆင့်ကိုး ဟင်းလင်းပြင်သက်ရှိကိုးကောင်ကို သတ်လိုက်ရင် ငါတို့ရဲ့ စိတ်စွမ်းအား ဘယ်လောက်တိုးလာမလဲမသိဘူး။ " မီးခိုးရောင်မြွေနှင့်တူသော မိစ္ဆာနတ်ဘုရားတစ်ပါးက ပြောလိုက်သည်။ " လက်ရှစ်ဖက်အရှင်သခင် မင်းလက်လျှော့ချင်နေတာလား။ "

လက်ရှစ်ချောင်းပါသော ရေဘဝဲကို လက်ရှစ်ချောင်း အရှင်သခင်ဟု ခေါ်ပြီး မြွေနှင့်တူသော မိစ္ဆာနတ်ဘုရားကို ကောင်းကင်မြွေအရှင်သခင်ဟု ခေါ်လေသည််။

" လက်လျှော့ဖို့လား။ ငါ သေချာပေါက်မလုပ်ဘူး။ "

သူတို့က အနိုင်မယူနိုင်သောကြောင့် သူတို့ကြား ခွန်အားကွာခြားချက်မှာ ကြီးမားခြင်းမရှိပေ။ ထို့အပြင် ခြောက်ယောက်က ကိုးယောက်ကို ရင်ဆိုင်ရခြင်းကြောင့် သူတို့က အားနည်းချက်ရှိပြီးသားဖြစ်သည်။

အဆင့်ခုနှစ် မိစ္ဆာနတ်ဘုရားများက သူတို့၏ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခြင်းမရှိသော်လည်း အဆင့်ကိုးမိစ္ဆာနတ်ဘုကားများက သူတို့၏ အားကောင်းသော စိတ်စွမ်းအားကြောင့် ထိုအားနည်းချက် မရှိပေ။ အဆင့်ကိုး မိစ္ဆာနတ်ဘုရားတစ်ပါးကို လူသားကမ္ဘာတွင်လည်း ပါးနပ်သူတစ်ယောက်အဖြစ် သတ်မှတ်ရပေလိမ့်မည်။

" ငါတို့ဒီမှာစောင့်နေလို့ရတယ်။ " ကောင်းကင်မြွေအရှင်သခင်က ပြောလိုက်သည်။

" ဒီအသိုက်က ထုတ်လွှတ်တဲ့ အချိန်နဲ့ လေဟာနယ်အတက်အကျတွေက အဆင့်ကိုးမိစ္ဆာနတ်ဘုရားတွေကို ဆွဲဆောင်သွားလိမ့်မယ်။ ဒါဆို နောက်ထပ်လာတဲ့ မိစ္ဆာနတ်ဘုရားတွေနဲ့ ပူးပေါင်းပြီး အသိုက်ကို ဝင်ရောက်နိုင်လိမ့်မယ်။ "

" မှန်တယ်။ ငါတို့ခြောက်ယောက်က မဟာမိတ်တွေဆိုတော့ အသိုက်ကို ဝင်ရောက်ပြီးရင် အခြားမိစ္ဆာနတ်ဘုရားတွေကို ရှင်းပစ်ဖို့ ပူးပေါင်းလို့ရတယ်။ " ကောင်းကင်မြွေအရှင်သခင်က ပြောလိုက်သည်။

ထိုစကားများကြားသောအခါ အခြားမိစ္ဆာနတ်ဘုရားများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ သူတို့ခြောက်ယောက်အတွက် ဟင်းလင်းပြင်သက်ရှိအသိုက်ကို ဝင်ရောက်စီးနှင်းခြင်းက အန္တရာယ်ရှိသည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် မိစ္ဆာနတ်ဘုရား ဆယ်ယောက်ကျော်လျှင် ဟင်းလင်းပြင်အသိုက်သို့ ဝင်ရောက်နိုင်ပြီး ဟင်းလင်းပြင်သက်ရှိများကို တိုက်ခိုက်သည်နှင့် သူတို့ခြောက်ယောက်ပူးပေါင်းပြီး အခြားမိစ္ဆာနတ်ဘုရားများကို ရှင်းပစ်နိုင်ပေလိမ့်မည်။

မိစ္ဆာနတ်ဘုရားများက ရံဖန်ရံခါ ပူးပေါင်းကြသော်လည်း လုံလောက်သော ယုံကြည်မှုမရှိလျှင် သူတို့က သတိထားပြီး သီးခြားလုပ်ဆောင်ကြမည်ဖြစ်သည်။

အချိန်များကုန်ဆုံးလာပြီး အသိုက်၏ အော်ရာပျံ့နှံ့လာသည်နှင့်အမျှ မိစ္ဆာနတ်ဘုရားများက ပိုမိုချဉ်းကပ်လာကြသည်။ ကောင်းကင်မြွေအရှင်သခင်နှင့် လက်ရှစ်ဖက်အရှင်သခင်တို့၏ အကြံပြုချက်အရ သူတို့ကလည်း အသိုက်ထဲသို့ မဝင်ရောက်မီ အခြားမိစ္ဆာနတ်ဘုရားများကို ထပ်မံစောင့်ဆိုင်းရန် သဘောတူခဲ့ကြသည်။

အဆင့်ကိုး မိစ္ဆာနတ်ဘုရားများက အရူးများမဟုတ်ကြဘဲ အသိုက်ထဲမှ အဆင့်တူ ဟင်းလင်းပြင်သက်ရှိကိုးကောင်းကို သူတို့၏ စွမ်းအားတစ်ခုတည်းနှင့် ကိုင်တွယ်ရန် မလုံလောက်သည်ကို နားလည်ကြလေသည်။ ပူးပေါင်းဆောင်ရွက်မှသာ အသိုက်အတွင်းမှ ဟင်းလင်းပြင်သက်ရှိများကို ခွဲဝေယူနိုင်မည်ဖြစ်သည်။

ဟင်းလင်းပြင်သက်ရှိကိုးကောင်က မိစ္ဆာနတ်ဘုရားများ ခွဲဝေယူရန် မလုံလောက်သော်လည်း ယခုက၎င်းကို စဉ်းစားရမည့်အချိန်မဟုတ်ပေ။ မိစ္ဆာနတ်ဘုရားများက အဝေးရှိ အသိုက်ကို ကြည့်ပြီး တစ်စုံတစ်ခုကို တွေးနေကြသည်။

" မိစ္ဆာနတ်ဘုရား ၁၉ပါးတောင် ရှိနေပြီ။ "

" နောက်ထပ် တစ်ပါးရောက်လာရင် ငါတို့ ပူးပေါင်းတိုက်ခိုက်လို့ရပြီ။ " ကောင်းကင်မြွေအရှင်သခင်က ပတ်ဝန်းကျင်ကို ကြည့်ပြီး ပြောလိုက်သည်။

မိစ္ဆာနတ်ဘုရားနှစ်ဆယ်စုစည်းပြီးမှ အသိုက်ကို ဝင်ရောက်ရန်မှာ သူတို့၏ မူလအစီအစဉ်ဖြစ်လေသည်။ မိစ္ဆာနတ်ဘုရားနှစ်ဆယ်ကို သူတို့ခြောက်ပါးနှုတ်လျှင် ၁၄ပါးကျန်လေသည်။ ထိုထက်ပိုများလျှင် မိစ္ဆာနတ်ဘုရားခြောက်ပါးက သူတို့ကို နှင်ထုတ်ရန် မသေချာတော့ပေ။

ထိုထက်ပိုနည်းလျှင်လည်း အသိုက်ကို ထိုးဖောက်ဝင်ရောက်ရန် အချိန်ကြာမြင့်သွားပေလိမ့်မည်။ ထိုအခါ သူတို့တိုက်ခိုက်နေသည့်အချိန်တွင် အခြားမိစ္ဆာနတ်ဘုရားများရောက်လာလျှင် ပို၍ မသေချာမှုများ ပိုများလာပေလိမ့်မည်။

အခြားသူများက အခွင့်အရေးကို လုယူသွားသည်အထိ ဖြစ်နိုင်လေသည်။ ထို့နောက် မိစ္ဆာနတ်ဘုရားနှစ်ဆယ်ကို စုဆောင်ခြင်းက လိုလည်မလိုသလို ပိုလည်းမပိုပေ။

အသိုက်၏ အပြင်ဘက်တွင် မိစ္ဆာနတ်ဘုရား ၁၉ပါးက ရပ်နေပြီး နှစ်ဆယ်မြောက် မိစ္ဆာနတ်ဘုရားရောက်လာမည်ကို စောင့်ဆိုင်းနေသည်။ ကောင်းကင်မြွေအရှင်သခင်ကလည်း ပတ်ဝန်းကျင်ကို စစ်ဆေးနေသည်။

ထိုအချိန်တွင် ကောင်းကင်မြွေအရှင်သခင်၏ အာရုံအတွင်း နေတစ်စင်းကဲ့သို့ ကြောက်စရာကောင်းသော အော်ရာတစ်ခု ပေါ်လာပြီး လျင်မြန်စွာ ချဉ်းကပ်လာသည်။

" နောက်ထပ် မိစ္ဆာနတ်ဘုရားတစ်ပါး ရောက်လာပြီ။ "

" ဒီလိုသန်မာတဲ့ အော်ရာရှိတာ ဘယ်သူများလဲ။ "

" ဟင်းလင်းပြင်လျို့ဝှက်နယ်မြေမှာ အဆင့်ကိုး မိစ္ဆာနတ်ဘုရား နည်းနည်းပဲရှိတာ သူက ဘယ်သူလဲ။ "

မိစ္ဆာနတ်ဘုရားများက လျင်မြန်စွာ ချဉ်းကပ်လာသော ပုံရိပ်ကို ကြည့်လိုက်ကြသည်။ ခန္ဓာကိုယ်အရ ထိုပုံရိပ်က မိစ္ဆာနတ်ဘုရားများကဲ့သို့ ဧရာမပုံစံများနှင့် နှိုင်းယှဉ်ပါက ဖုန်မှုန့်ကဲ့သို့ သေးငယ်လှသည်။

သို့သော် မိစ္ဆာနတ်ဘုရားများက အထင်သေးသော အရိပ်အယောင်များက မပြခဲ့ကြပေ။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်က အရာအားလုံးကို သက်သေမပြနိုင်ပေ။ မိစ္ဆာနတ်ဘုရားများက ယေဘုယျအားဖြင့် ကြီးမားသော်လည်း သေးငယ်သူများလည်း ရှိလေသည်။

All Chapters