← Chapters

ဟင်းလင်းပြင်သက်ရှိဘုရင်....

Vol. 41 Ch. 628

ဟင်းလင်းပြင်သက်ရှိဘုရင်....

Vol. 41 Ch. 628

လင်းယွမ် ရောက်ရှိလာပြီးနောက် ထိုဟင်းလင်းပြင်သက်ရှိဘုရင်က တစ်စုံတစ်ခု လွဲချော်နေသည်ကို ခံစားခဲ့ရသည်။ထို့ကြောင့် ၎င်းတို့က အချိန်မီ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည်။

ရလဒ်အနေဖြင့် လင်းယွမ်၏ တိုက်ရိုက်ဆွဲထုတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့်လည်း လင်းယွမ်က ထိုမိစ္ဆာနတ်ဘုရား ၁၉ပါးကို ဂရုမစိုက်ခဲ့ခြင်းထြး်သည်။ အနည်းငယ် နောက်ကျလျှင် ဟင်းလင်းပြင်သက်ရှိဘုရင်က ထွက်ပြေးသွားနိုင်လေသည်။

" စိတ်ဝင်စားစရာပဲ။ ဉာဏ်ရည်လည်းမနိမ့်ဘူး။ " လင်းယွမ်က သူ၏ လက်ထဲမှ ဟင်းလင်းပြင်သက်ရှိဘုရင်ကို ကြည့်လိုက်သည်။

အပြင်မှကြည့်လျှင် ထိုဟင်းလင်းပြင်သက်ရှိဘုရင်က လင်းယွမ်၏ လက်ဖဝါးအတွင်း ချုပ်နှောင်ထားခြင်းခံရပြီး အားနည်းနေပုံရလေသည်။ သို့သော် ဟင်းလင်းပြင်သက်ရှိဘုရင်၏ ရှုထောင့်မှကြည့်လျှင် ၎င်းက အဆုံးမရှိသော ဟင်းလင်းပြင်ကြီးတစ်ခုအလယ်တွင် ရောက်နေခဲ့သည်။

ဟင်းလင်းပြင်သက်ရှိဘုရင်က မည်မျှတိုက်ခိုက်သည်ဖြစ်စေ မည်မျှ ရုန်းကန်သည်ဖြစ်စေ ထိုကြီးမားသော ဟင်းလင်းပြင်ထဲမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ပဉ္စမအဆင့်သို့ ရောက်ရှိပြီးနောက် လင်းယွမ်က သူဆန္ဒရှိလျှင် ပြည့်စုံသော အချိန်နှင့် လေဟာနယ်ကို ယာယီဖန်တီးနိုင်လေသည်။

" အချိန်ကျပြီ။ " ခဏကြာသောအခါ အချိန်နှင့်လေဟာနယ် စွမ်းအားက ပျက်စီးခြင်းအားအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဟင်းလင်းပြင်သက်ရှိနှစ်ကောင်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ဟင်းလင်းပြင် သက်ရှိဘုရင်က နောက်ဆုံးတွင် စတင်ပြိုကွဲသွားခဲ့သည်။

" ဘယ်လောက်တောင် သက်သောင့်သက်သာ ရှိလိုက်သလဲ။ " အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိကို သတ်ဖြတ်ခြင်းက လင်းယွမ်၏ စိတ်စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးခဲ့သည်။

ဟင်းလင်းပြင်သက်ရှိရှစ်ကောင်ကို သတ်ဖြတ်ပြီးနောက် လင်းယွမ်၏ စိတ်စွမ်းအားက အနည်းဆုံး ၂၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ထို့ကြောင့် ယခင် စိတ်စွမ်းအားညွှန်းကိန်း ဆယ်သန်းဖြစ်လျှင် ယခု ဆယ့်နှစ်သန်း ဖြစ်ပေလိမ့်မည်။ သိသာထင်ရှားသော တိုးတက်မှုဖြစ်သော်လည်း လင်းယွမ်၏ မျှော်လင့်ချက်အတွင်း ဖြစ်သည်။

သို့သော် ရွှေရောင် ဟင်းလင်းပြင်သက်ရှိဘုရင် သေဆုံးသွားသောအခါ ၎င်းက စိတ်စွမ်းအားကို နှစ်ဆနီးပါး တိုးတက်စေခဲ့သည်။ လင်းယွမ်၏ စိတ်စွမ်းအားက သန်းနှစ်ဆယ်ထိ မြင့်တက်သွားခဲ့သည်။ စိတ်စွမ်းအားညွှန်းကိန်းက မြင့်မားလာသည်နှင့် တိုးတက်ရန် ခက်ခဲလာမည်ဖြစ်သည်။ ၎င်းက ဟင်းလင်းပြင်သက်ရှိဘုရင်၏ ကြောက်စရာကောင်းသော စိတ်စွမ်းအား မြှင့်တင်ပေးမှုကို ပြသနေသည်။

" စိတ်စွမ်းအားညွှန်းကိန်း သန်းနှစ်ဆယ်က ပင်မစကြာဝဠာက အလွှာဆယ့်နှစ်အောက် သက်ရှိတွေကြာမှာ ရှားပါးလောက်တယ်။ စကြာဝဠာမွေးဖွားချိန်ကနေ အခုအချိန်ထိ အသက်ရှင်နေတဲ့ အထူးသက်ရှိတွေတောင် သူတို့ရဲ့ စိတ်စွမ်းအားညွှန်းကိန်းက ဆယ်သန်းကျော်လောက်ပဲရှိလိမ့်မယ်။ သန်းနှစ်ဆယ်ကတော့ တကယ် ခက်ခဲတယ်။ " လင်းယွမ်က ပြုံးလိုက်သည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေမှ ဟင်းလင်းပြင်သက်ရှိများသာ မရှိလျှင် သူ၏ စိတ်စွမ်းအားညွှန်းကိန်းက ယခုအဆင့်သို့ရောက်ရန် မည်မျှအချိန်ယူရမည်ကို မသိနိုင်ပေ။

ပင်မစကြာဝဠာမှ မျိုးနွယ်များ၏ သတ်မှတ်ချက်အရ စိတ်စွမ်းအားညွှန်းကိန်း ၁၈ သန်းက အလွှာဆယ့်တစ် သက်ရှိများအတွက် အမြင့်ဆုံးကန့်သတ်ချက် ဖြစ်လေသည်။ ဆယ့်ရှစ်သန်းကို ကျော်လွန်လျှင် အလွှာဆယ့်နှစ်သို့ ရောက်နေပြီဖြစ်သည်။ ၎င်းက ကြီးမြတ်သူများသာ ရောက်နိုင်သော အဆင့်တစ်ခုဖြစ်လေသည်။

အချိန်မြစ်မှ လွတ်မြောက်ခဲ့သော ကြီးမြတ်သူများက သူတို့၏ စိတ်စွမ်းအားများကို ကမ်းခြေတွင် မြှင့်တင်ထားသောကြောင့် ဆယ့်ရှစ်သန်းထက် ကျော်လွန်လေသည်။

" မထင်မှတ်ဘဲ အလွှာဆယ့်နှစ်ရဲ့ တံခါးဝကို ပထမဆုံးရောက်သွားတဲ့ ငါ့ရဲ့ စွမ်းရည်က စိတ်စွမ်းအားဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ " လင်းယွမ်က ခံစားချက်များနှင့် ရေရွတ်လိုက်သည်။

ဆယ်ကြိမ်မြောက် ဆင်းသက်မှုမတိုင်မီ သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမဟု ထင်ခဲ့သည်။ မျိုးနွယ်အမျိုးမျိုးမှ အင်အားကြီးသူများ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်မှုများနှင့် သူ၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းတို့ကြောင့် ထိုအဆင့်သို့ မရောက်လျှင်တောင် သူပြန်ရောက်လျှင် ရောက်နိုင်ရန် မျှော်လင့်ချက်ရှိလေသည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမမဟုတ်လျှင် အခြားပေါင်းစပ်နိယာမတစ်ခုခု ဖြစ်ပေလိမ့်မည်။ ဒိုင်မန်ရှင်းနှစ်ခုကမ္ဘာသို့ ကျခဲ့ချိန်တွင် လင်းယွမ်က အနိုင်ရရှိသူဖြစ်လာပြီး အင်အားကြီးသူများစွာ၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို နားလည်မှုများသာမက အခြားနိယာမများအပေါ် နားလည်မှုများလည်း ပါဝင်နေသည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပြင် လင်းယွမ်က သေခြင်းရှင်ခြင်းနိယာမ၊ မဟာဖျက်ဆီးခြင်းနိယာမနှင့် အခြားအဓိကပေါင်းစပ်နိယာမများကိုလည်း ဆဋ္ဌမအဆင့်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ အဓိကပေါင်းစပ်နိယာမများ၏ သတ္တမအဆင့်က အခြေခံအားဖြင့် ကြီးမြတ်သူများ၏ နယ်ပယ်ဖြစ်လေသည်။

" ဒါပေမယ့် ငါ့ရဲ့ လက်ရှိစိတ်စွမ်းအားနဲ့ဆို အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိတစ်ကောင်ကို သတ်ရင်တောင် သိပ်အထောက်အကူမဖြစ်တော့ဘူး။ နောက်ဆို ဟင်းလင်းပြင်သက်ရှိဘုရင်တွေကိုပဲ လိုက်ရှာရတော့မယ်။ " လင်းယွမ်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ဟင်းလင်းပြင်သက်ရှိဘုရင်ကို လင်းယွမ်က ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတွင် နှစ်ပေါင်းသုံးရာကျော် လှည့်ပတ်သွားခဲ့ပြီး တစ်ကြိမ်သာ တွေ့ဖူးလေသည်။

မိစ္ဆာနတ်ဘုရားများအတွက် ဟင်းလင်းပြင်သက်ရှိဘုရင်များနှင့် တွေ့ဆုံခြင်းက ကောင်းသောအရာမဟုတ်ပေ။ ဥပမာ ဤတစ်ကြိမ် လင်းယွမ်သာ ရောက်မလာခဲ့လျှင် ထိုမိစ္ဆာနတ်ဘုရား ၁၉ပါး၏ ကံကြမ္မာက သတ်မှတ်ပြီးသား ဖြစ်လေသည်။

" စိတ်စွမ်းအား သန်မာလာရင် တိုက်ခိုက်ရေးနဲ့ စိတ်ဝိညာဉ်ကာကွယ်မှုလည်း ပိုအားကောင်းလာလိမ့်မယ်။ အဓိကအာဖြင့်တော့ စိတ်စွမ်းအားရဲ့ သက်ရောက်မှုက ကျယ်ပြန့်တယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

အဆင့်တူချင်းတိုက်ခိုက်သောအခါ စိတ်စွမ်းအားမကွာခြားလျှင် ပြဿနာမရှိပေ။ သို့သော် သိသိသာသာ ကွာခြားမှုရှိခဲ့လျှင် စိတ်စွမ်းအား အားနည်းသူက ဖိနှိပ်ခံရပေလိမ့်မည်။ စိတ်စွမ်းအား အလွန်ကွာခြားမှု အလွန်ကြီးမားနေလျှင် တိုက်ခိုက်ရန် မလိုအပ်ဘဲ တစ်ချက်ကြည့်လိုက်ရုံနှင့် ရန်သူကို အနိုင်ယူနိုင်လေသည်။

လင်းယွမ်၏ လက်ရှိ စိတ်စွမ်းအားညွှန်းကိန်း သန်းနှစ်ဆယ်ဖြင့် အလွှာဆယ့်တစ်အောက် သက်ရှိများကို တစ်ချက်ကြည့်ရုံနှင့် အနိုင်ယူနိုင်လေသည်။ ရုပ်ခန္ဓာတိုက်ခိုက်မှုများနှင့်မတူဘဲ စိတ်စွမ်းအားမှ စိတ်ဝိညာဉ်တိုက်ခိုက်မှုက ပို၍ ကြောက်စရာကောင်းလေသည်။

" ဒါပေမယ့် ဒီဟင်းလင်းပြင်သက်ရှိတွေက..." လင်းယွမ်က သူ၏ ရှေ့မှ လျို့ဝှက်နယ်မြေကို ကြည့်ပြီး သူ၏ အကြည့်များက လေးနက်လာသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးရာက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ တတိယအဆင့်တွင် လင်းယွမ်က စာလိပ်ကို အသုံးပြုပြီး ဟင်းလင်းပြင်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သည်။

ထိုဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ ဖွဲ့စည်းပုံကို သူနားမလည်ခဲ့ပေ။ ထိုလျို့ဝှက်နယ်မြေကို ဖန်တီးခဲ့သူက အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် အနည်းဆုံး ဆဋ္ဌမအဆင့်ရှိနိုင်သည်ကို သိနိုင်ခဲ့သည်။

သို့သော် ယခု လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမတွင် ပဉ္စမအဆင့်သို့ ရောက်ခဲ့ပြီး လျို့ဝှက်နယ်မြေကို ဖန်တီးသူ၏ အဆင့်အား မသိသော်လည်း လျို့ဝှက်နယ်မြေ၏ အနှစ်သာရအချို့ကို မြင်နိုင်ခဲ့သည်။

လင်းယွမ်၏ အမြင်တွင် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက အဆုံးမဲ့ဟင်းလင်းပြင်ထဲမှ ပိုက်ကွန်တစ်ခုမျှသာ ဖြစ်သည်။ ထိုဟင်းလင်းပြင်သက်ရှိများက အဆုံးမဲ့ဟင်းလင်းပြင်၏ အပြင်ဘက် ဒိုင်မန်ရှင်းကွာဟချက်ထဲမှ လာခြင်းဖြစ်လေသည်။

သီအိုရီအရ ထိုကွာဟချက်ထဲမှ သက်ရှိများက အဆုံးမဲ့ဟင်းလင်းပြင်ထဲကို အပြည့်အဝ ဝင်ရောက်နိုင်ခြင်း မရှိပေ။ သို့သော် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ ပိုက်ကွန်ကြောင့် ထိုကွာဟချက်ထဲမှ သက်ရှိများက ဝင်ရောက်ရန် အခွင့်အရေးရရှိသွားကြပြီး ပြန်မထွက်နိုင်ကြတော့ဘဲ ပိတ်မိသွားကြသည်။

ထိုသက်ရှိများကို စောင့်ကြိုနေသောအရာက အသက်ရှင်ရန် ရုန်းကန်ခြင်း သို့မဟုတ် မိစ္ဆာနတ်ဘုရားများ၏ အာဟာရဖြစ်လာခြင်းတို့သာ ဖြစ်သည်။

" အထင်ကြီးစရာပဲ။ " လင်းယွမ်က စိတ်ထဲမှ ချီးကျူးလိုက်သည်။

အမှန်တကယ် ထူးခြားသည်မှာ ဒိုင်မန်ရှင်းကွာဟချက်ထဲမှ သက်ရှိများကို ဆွဲဆောင်၍ မိစ္ဆာနတ်ဘုရားများကို သတ်ဖြတ်ခွင့်ပေးပြီး အဆုံးမဲ့ဟင်းလင်းပြင်မှ မိစ္ဆာနတ်ဘုရားများ၏ အခြေခံအုတ်မြစ်ကို ထိန်းသိမ်းပေးထားခြင်းဖြစ်သည်။

" ဒိုင်မန်ရှင်းရဲ့ အတွင်းနဲ့ အပြင်ဘက်က သက်ရှိတွေက ဆန့်ကျင်ဘက် အနှစ်သာရတွေရှိပြီး တစ်ယောက်နဲ့တစ်ယောက် ဖြည့်ဆည်းပေးနိုင်ကြတယ်။ မိစ္ဆာနတ်ဘုရားတွေက ဟင်းလင်းပြင်သက်ရှိတွေကို သတ်ပြီး စိတ်စွမ်းအား တိုးတက်မှုကို ရရှိနိုင်တယ်။ အဲ့ဒီဟင်းလင်းပြင်သက်ရှိတွေကလည်း မိစ္ဆာနတ်ဘုရားတွေကို သတ်နိုင်ရင် တစ်နည်းနည်းနဲ့ တိုးတက်မှုရရှိနိုင်မှာပဲ။ "

"ဒါပေမယ့် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေက အဆုံးမဲ့ဟင်းလင်းပြင်ထဲမှာ တည်ရှိပြီး မိစ္ဆာနတ်ဘုရားတွေက အဆုံးမရှိတော့ ဟင်းလင်းပြင်သက်ရှိတွေပဲ သတ်ခံနေရတယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ စဉ်းစားနေခဲ့သည်။

ထိုအချိန်တွင် ယင်သုံးပါးအရှင်သခင်က လျင်မြန်စွာ ရောက်ရှိလာသည်။

" သခင် သခင်...."ယင်သုံးပါးအရှင်သခင်က ထိတ်လန့်ကြောက်ရွံ့နေသည်။

ဤနေရာမှ ထွက်ပေါ်နေသော အော်ရာက အလွန်ကြောက်စရာကောင်းပြီး မိစ္ဆာနတ်ဘုရားများကလည်း ခွေးပြေးဝက်ပြေး ပြေးနေကြသည်ကို မြင်တွေ့ခဲ့ရသည်။

" ဘာလဲဟ။ " ယင်သုံးပါးအရှင်သခင်က အဝေးမှ ကြီးမားသော အသိုက်နှင့် အပေါက်ကြီးတစ်ခုကို ချက်ချင်း သတိပြုမိလိုက်သည်။

အသိုက်တစ်ခုလုံးက ထိုအပေါက်မှတစ်တဆင့် ထိုးဖောက်ခံနေရာသည်နှင့် တူလေသည်။ သူက အပေါက် မည်ကဲ့သို့ ဖြစ်လာသည်ကို မသိသော်လည်း ကျန်ရစ်ခဲ့သော ကြောက်မက်ဖွယ်စွမ်းအားကို ခံစားမိနေသည်။

၎င်းက ပြိုင်ဘက်ကင်းဘီလူးကြီးတစ်ပါးက အသိုက်ထဲသို့ လက်နှိုက်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ ဖြစ်သည်။

ယခုအခါ တိုက်ပွဲမြေပြင်တွင် လင်းယွမ်တစ်ယောက်တည်းသာ ကျန်ခဲ့ပြီး ကျန်မိစ္ဆာနတ်ဘုရားများအားလုံး ထွက်ပြေးသွားကြသည်။ ထိုအချက်က လင်းယွမ်၏ စွမ်းအားမှာ မိစ္ဆာနတ်ဘုရားများအားလုံးထက် ကျော်လွန်သည်ဟုလည်း ဖော်ပြနေသည်။

" သွားစို့ " လင်းယွမ်က ခဏစဉ်းစားလိုက်ပြီး အခြားလမ်းကြောင်းတစ်ခုစီသို့ ဦးတည်သွားသည်။

All Chapters