← Chapters

ကမ္ဘာများကို သိမ်းပိုက်ခြင်း...

Vol. 41 Ch. 629

ကမ္ဘာများကို သိမ်းပိုက်ခြင်း...

Vol. 41 Ch. 629

ဟင်းလင်းပြင်သက်ရှိအားလုံး အသတ်ခံလိုက်ရပြီဖြစ်သဖြင့် ထိုနေရာက လင်းယွမ်အတွက် တန်ဖိုးမရှိသောကြောင့် ဆက်နေစရာ အကြောင်းမရှိတော့ပေ။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ၏ အခြားတစ်နေရာတွင် လက်ရှစ်ချောင်းအရှင်သခင်နှင့် ကောင်းကင်မြွေအရှင်သခင်တို့က ပြန်လည်စုဝေးနေကြသည်။ မိစ္ဆာနတ်ဘုရား ၁၉ ယောက်က တကွဲတပြားစီ ထွက်ပြေးသွားကြပြီး ထိုက်ယန်အရှင်သခင် သူတို့နောက် လိုက်မလာကြောင်း သေချာမှသာ သက်ပြင်းချနိုင်ကြသည်။

အထူးသဖြင့် လင်းယွမ်၏ ဖိအားကို တိုက်ရိုက်ခံစားခဲ့ရသော ကောင်းကင်မြွေအရှင်သခင်ဖြစ်သည်။ အစတွင် သူက မိစ္ဆာနတ်ဘုရား၁၉ပါးနှင့် ထိုက်ယန်အရှင်သခင်ကို တစ်တည်းတစ်ဖုံ ခြိမ်းခြောက်ရန် ပြင်ဆင်ခဲ့သော်လည်း သူကသာ ချက်ချင်း ထွက်ပြေးခဲ့ရသည်။

" ကောင်းကင်မြွေ တကယ်ဘာဖြစ်ခဲ့တာလဲ။ မင်းက ဘာလို့အဲ့လောက်ကြောက်သွားတာလဲ။ " လက်ရှစ်ချောင်းအရှင်သခင်က အနည်းငယ် မကျေနပ်စွာ ပြောလိုက်သည်။

ကောင်းကင်မြွေအရှင်သခင်သာ ထွက်မပြေးခဲ့လျှင် အခြားသူများလည်း လျင်မြန်စွာ ထွက်ပြေးကြမည်မဟုတ်ပေ။ ထိုက်ယန်အရှင်သခင်က သူ၏ လက်ထဲမှ ဟင်းလင်းပြင်သက်ရှိသုံးကောင်ကို ဖိနှိပ်နေချိန်တွင် သူတို့က ၎င်းကို အခွင့်အရေးယူနိုင်သည်ဟု လက်ရှစ်ချောင်းအရှင်သခင်က တွေးမိလေသည်။

" ဘာလို့ထွက်ပြေးတာလဲ။ " ကောင်းကင်မြွေအရှင်သခင်က တိတ်ဆိတ်သွားသည်။

သူရင်ဆိုင်ခဲ့ရသော ဖိအားကို မဖော်ပြနိုင်လျှင် သူ၏ အပြုအမူက အမှန်တကယ် ကြောက်ရွံ့ခြင်းပင်ဖြစ်သည်။

" ငါကြောက်လို့ဆိုပေမယ့် ငါမပြေးရင် ငါသေသွားလိမ့်မယ်။ " ကောင်းကင်မြွေအရှင်သခင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

မိစ္ဆာနတ်ဘုရားများ၏ အာရုံခံစားမှုများက အမြဲတမ်း ထက်မြက်ကြလေသည်။ အထူးသဖြင့် အဆင့်ကိုး မိစ္ဆာနတ်ဘုရားများဖြစ်ကြသည်။ လင်းယွမ်၏ အကြည့်တစ်ချက်ကို ရင်ဆိုင်ရသော ကောင်းကင်မြွေအရှင်သခင်က သေခြင်း၏ ခြိမ်းခြောက်မှုကို အမှန်တကယ် ခံစားခဲ့ရသည်။

" သေမှာလား။ " လက်ရှစ်ချောင်းအရှင်သခင်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

သူက ကောင်းကင်မြွေအရှင်သခင်နှင့် သိကျွမ်းသည်မှာ ကြာပြီဖြစ်ပြီး အရေးကြီးကိစ္စများတွင် စနောက်ပြောမည်မဟုတ်သည်မှာ သေချာလေသည်။

" အဲ့ဒီ ထိုက်ယန်အရှင်သခင်က အဲ့လောက်တောင် သန်မာတာလား။ " လက်ရှစ်ချောင်းအရှင်သခင်က ယုံရခက်နေသည်။

မိစ္ဆာနတ်ဘုရားများက သန်မာလာရန် နှစ်ပေါင်းများစွာ လိုအပ်ပြီး ထိုအချိန်အတွင်း အခြားမိစ္ဆာနတ်ဘုရားများနှင့် တွေ့ဆုံမည်ကိုလည်း စိုးရိမ်ရလေသည်။

သို့သော် ထိုက်ယန်အရှင်သခင်က ပထမဆုံးထွက်ပေါ်လာချိန်မှ ယခုအချိန်ထိ နှစ်ပေါင်းသုံးရာမှ ငါးရာလောက်သာ ရှိသေးသည်။ နှစ်ပပေါင်းသုံးရာနှင့် ငါးရာက မိစ္ဆာနတ်ဘုရားများအတွက် ခဏသာဖြစ်လေသည်။

" သူက အဆင့်ကိုး အထွတ်အထိပ် ဖြစ်လောက်တယ်။ " ကောင်းကင်မြွေအရှင်သခင်က လေးနက်စွာ ပြောလိုက်သည်။

" အဆင့်ကိုး အထွတ်အထိပ် " လက်ရှစ်ချောင်းအရှင်သခင်က အသက်ရှူကျပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

အဆုံးမဲ့ဟင်းလင်းပြင်ထဲရှိ ဟင်းလင်းပြင်လျို့ဝှက်နယ်မြေများတွင် အဆင့်ကိုး မိစ္ဆာနတ်ဘုရားများက မကြာခဏ တွေ့ရတတ်လေသည်။ သို့သော် အဆင့်ကိုးအထွတ်အထိပ်က အလွန်ရှားပါးလေသည်။

သူတို့က သာမန်အဆင့်ကိုး မိစ္ဆာနတ်ဘုရားများကို သတ်နိုင်စွမ်းရှိကြလေသည်။ သူတို့အတွက် အမြင့်ဆုံးပန်းတိုင်က အဆင့်တစ်ဆယ်သို့ တက်လှမ်းရန် ဖြစ်သည်။ အဆင့်ကိုးအထွတ်အထိပ် မိစ္ဆာနတ်ဘုရားများက အလွန်နည်းပါးပြီး အဆုံးမဲ့ဟင်းလင်းပြင်တစ်ခုလုံးတွင် တစ်ရာထက် မပိုပေ။

" အခု ဘာလုပ်ကြမလဲ။ " လက်ရှစ်ချောင်းအရှင်သခင်က မေးလိုက်သည်။

" ဘာလုပ်နိုင်မှာလဲ။ " ကောင်းကင်မြွေအရှင်သခင်က လက်ရှစ်ချောင်းအရှင်သခင်ကို ကြည့်လိုက်သည်။ " နောက်ကျ ထိုက်ယန်အရှင်သခင်နဲ့ တွေ့ရင် ဝေးဝေးက ရှောင်နေရုံပေါ့။ "

" မှန်တယ် ဝေးဝေးကရှောင်ရမယ်။ " လက်ရှစ်ချောင်းအရှင်သခင်က အံ့အားသင့်သွားပြီး ချက်ချင်း သဘောတူလိုက်သည်။

သာမန်မိစ္ဆာနတ်ဘုရားများကြားတွင် ခွန်အားကွာခြားမှုက ကွာဟချက်ရှိလျှင်တောင် များစွာကြီးမားခြင်းမရှိဘဲ အများဆုံး ရှုံးနိမ့်ပြီး ဆုတ်ခွာရုံသာဖြစ်သည်။

သို့သော် အဆင့်ကိုး အထွတ်အထိပ် တစ်ယောက်က သာမန်အဆင့်ကိုး မိစ္ဆာနတ်ဘုရားတစ်ပါးကို လုံးဝ သတ်ပစ်နိုင်လေသည်။ မိစ္ဆာနတ်ဘုရားများကြားတွင် အသန်မာဆုံးသူသာ ရှင်သန်နိုင်လေသည်။ အဆင့်ကိုးသို့ ရောက်လျှင်တောင် မိစ္ဆာနတ်ဘုရား အချင်းချင်း စားသုံးခြင်းက အကျိုးကျေးဇူးနည်းပါးလှသည်။

သို့သော် မိစ္ဆာနတ်ဘုရားအချို့က အချင်းချင်း စားသောက်ရသည်ကို နှစ်သက်နေကြဆဲဖြစ်သည်။ ဟင်းလင်းပြင်သက်ရှိအသိုက်၏ အပြင်ဘက်မှ မြင်ကွင်းကို မိစ္ဆာနတ်ဘုရား ၁၉ပါးက မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် ထိုက်ယန်အရှင်သခင်၏ စွမ်းအားက သူတို့ထက် များစွာ သာလွန်သည်ကို သိလာရသည်။

အထူးသဖြင့် အဆင့်ကိုး အထွတ်အထိပ်ဖြစ်နိုင်သောကြောင့် မိစ္ဆာနတ်ဘုရားများက ထိုက်ယန်အရှင်သခင်နှင့် ပက်သက်ပြီး အလွန်စိတ်ဝင်စားနေကြလေသည်။

" ထိုက်ယန်အရှင်သခင်က အဲ့လောက်တောင် သန်မာတာလား။ "

" အဲ့ဒီဟင်းလင်းပြင်သက်ရှိ အသိုက်ထဲမှာ အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိကိုးကောင်းရှိတယ်လေ။ ပြီးတော့ တစ်ကောင်က ဟင်းလင်းပြင်သက်ရှိဘုရင်လား။ "

" အဲ့ဒါက ထောင်ချောက်ပဲ။ အဲ့ဒီဟင်းလင်းပြင်သက်ရှိဘုရင်က အဆင့်ကိုး အထွတ်အထိပ်နဲ့ နီးစပ်နေလောက်တယ်။ ငါတို့သာ အသိုက်ထဲဝင်ရောက်ခဲ့ရင် ကြီးမားတဲ့ ဆုံးရှူံးမှုတွေ ဖြစ်လာနိုင်တယ်။ "

ဟင်းလင်းပြင်သက်ရှိဘုရင်နှင့် ပက်သက်သော သတင်းအချက်အလက်များက ပျံ့နှံ့လာပြီး မိစ္ဆာနတ်ဘုရားများကို ထိတ်လန့်စေခဲ့သည်။

" အဆင့်ကိုး အထွတ်အထိပ်နဲ့ နီးစပ်တဲ့ ဟင်းလင်းပြင်သက်ရှိဘုရင်လား။ ထိုက်ယန်အရှင်သခင်က အသိုက်ရဲ့ အနက်ရှိုင်းဆုံးက အလွယ်တကူ ဆွဲထုတ်လိုက်တာလား။ "

" အဲ့ဒီထိုက်ယန်အရှင်သခင်ရဲ့ ခွန်အားက အဆင့်ကိုး အထွတ်အထိပ် သေချာတယ်။ "

" အဆင့်ကိုး အထွတ်အထိပ်ကလွဲရင် အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိဘုရင်ကို အရုပ်လို ဘယ်သူက ကိုင်တွယ်နိုင်မှာလဲ။ "

မိစ္ဆာနတ်ဘုရားများက ထိတ်လန့်နေကြပြီး အထူးသဖြင့် ကောင်းကင်မြွေအရှင်သခင်၊ လက်ရှစ်ချောင်းအရှင်သခင်နှင့် အခြားမိစ္ဆာနတ်ဘုရား ၁၉ပါးတို့က ပို၍ ထိတ်လန့်ကြလေသည်။ အတိအကျပြောရလျှင် ထိုက်ယန်အရှင်သခင်က သူတို့၏ ကယ်တင်ရှင်လည်း ဖြစ်နေပြန်သည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေတွင်သာမက အဆုံးမဲ့ဟင်းလင်းပြင်တွင် ဆွေးနွေးမှုများစွာ၏ အဓိက ဇာတ်ကောင်မှာ ထိုက်ယန်အရှင်သခင်သာဖြစ်သည်။

သို့သော် ၎င်းက လင်းယွမ်၏ မျှော်လင့်ချက်ထဲအတွင်းသာ ရှိလေသည်။ သူ၏ ခွန်အားတိုးတက်လာသည်နှင့်အမျှ သူ၏ အစွမ်းအစ အစစ်အမှန်ကို ဖော်ပြရန် ရှောင်လွှဲ၍မရပေ။

လက်ရှိမှာ လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ အသန်မာဆုံးဟု ပြောနိုင်ပြီး သူ့အတွက် ဘာမှစိုးရိမ်စရာမရှိပေ။ ထို့အပြင် သတင်းအချက်အလက်များ၏ အဓိကဗဟိုချက်မှာ ထိုက်ယန်မူလစိတ်ဝိညာဉ်သာ ဖြစ်သည်။

ပြဿနာတစ်ခုခုဖြစ်လာခဲ့လျှင်တောင် မူလစိတ်ဝိညာဉ်တစ်ခုဆုံးရှုံးရုံသာဖြစ်ပြီး လင်းယွမ်က လျင်မြန်စွာ ပြန်လည်ဖန်တီးနိုင်လေသည်။

" ၄၄ ခုမြောက်ကမ္ဘာ..." အနက်ရောင်ဟင်းလင်းပြင်ထဲတွင် ထိုက်ယင်မူလစိတ်ဝိညာဉ်က ကမ္ဘာတစ်ခုထဲသို့ တိတ်တဆိတ်ဝင်ရောက်သွားပြီး နတ်ဆိုးသစ်ပင်မျိုးစေ့ကို စိုက်ပျိုးလိုက်သည်။

နှစ်ပေါင်းသုံးရာကျော်အတွင်း လင်းယွမ်၏ ထိုက်ယင်မူလစိတ်ဝိညာဉ်က ကမ္ဘာတစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ပြီး သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခဲ့သည်။

" ဒါပေမယ့် ကမ္ဘာတွေကို သိမ်းပိုက်တဲ့ ငါ့ရဲ့ လုပ်ရပ်တွေကို မိစ္ဆာနတ်ဘုရားတွေက သတိပြုမိလာကြပြီ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။

မိစ္ဆာနတ်ဘုရားများအတွက် ကမ္ဘာများက အစားအသောက်များသာ ဖြစ်ပြီး ကမ္ဘာတစ်ခုကို သိမ်းပိုက်ပြီး ချက်ချင်း မစားသောက်လျှင်တောင် ကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေခြင်းနှင့် ကာကွယ်ပေးခြင်းတို့မရှိကြပေ။

ထိုကဲ့သို့ ထူးဆန်းသော လုပ်ရပ်မျိုးကို မိစ္ဆာနတိဘုရားများကြား ဖုံးကွယ်ရန် ခက်ခဲလေသည်။ သူတို့ထဲမှ အချို့မိစ္ဆာနတ်ဘုရားများက ကမ္ဘာများထဲသို့ ချောင်းကြည့်ကြလေသည်။

ရလဒ်အနေဖြင့် မကြာသေးမီ ဆယ်စုနှစ်များအတွင်း လင်းယွမ်သိမ်းပိုက်ထားသော ကမ္ဘာများက အခြားမိစ္ဆာနတ်ဘုရားများ၏ နှောက်ယှက်တိုက်ခိုက်မှုများကို မကြာခဏ ခံစားခဲ့ရလေသည်။

" ကံကောင်းတာက ငါ့ရဲ့ စိတ်စွမ်းအားက ကိုယ်ပွားအများကြီးကို ထိန်းချုပ်နိုင်တယ်။ " လင်းယွမ်က တွေးလိုက်သည်။

ကိုယ်ပွားတစ်ခုကို ထိန်းသိမ်းရန် စိတ်စွမ်းအားကို လိုအပ်လေသည်။ လင်းယွမ်၏ စိတ်စွမ်းအားက သန်းနှစ်ဆယ်အထိရောက်နေပြီး ဟင်းလင်းပြင်သက်ရှိဘုရင်ကို မသတ်ခင်ကပင် ဆယ်သန်းကျော်ခဲ့သဖြင့် ကိုယ်ပွားများစွာကို အဆင့်တစ်ခုအထိ ထိန်းထားနိုင်လေသည်။

ဘိုးဘေးနတ်ဆိုးသစ်ပင်များထဲသို့ ဝင်ရောက်ခြင်းက သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာလောက် ပြည့်စုံခြင်းမရှိသော်လည်း မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် ယှဉ်နိုင်လေသည်။ စိတ်အသိအမျှင်တစ်ခုကို ထည့်သွင်းကာ ကိုယ်ပွားတစ်ခုဖန်တီးခြင်း၊ မိမိ၏ နယ်မြေအားသာချက်ကို အသုံးချခြင်းဖြင့် မိစ္ဆာနတ်ဘုရားများ၏ စမ်းသပ်ထောက်လှမ်းမှုများကို တွန်းလှန်ကာကွယ်နိုင်လေသည်။

ကိုယ်ပွားများကို အားမကိုးဘဲ ထိုက်ယင်မူလစိတ်ဝိညာဉ်တစ်ခုတည်းကိုသာ မှီခိုနေလျှင် အဝေးသို့မသွားနိုင်ဘဲ အနီးရှိ ကမ္ဘာအနည်းငယ်ကိုသာ ကာကွယ်ပေးနိုင်ပေလိမ့်မည်။

" ငါက သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေချင်တဲ့အတွက် အဲ့ဒီကမ္ဘာထဲက သက်ရှိတွေကို ကာကွယ်ပေးရမယ်။ အဲ့ဒီသက်ရှိတွေက မိစ္ဆာနတ်ဘုရားတွေအတွက် အစားအစာတွေဖြစ်လို့ သူတ်ု့အင်အားကြီးလာမှာကိုကြည့်နေကြမှာ မဟုတ်ဘူး။ "

ထိုက်ယင်မူလစိတ်ဝိညာဉ်ပြသထားသော ခွန်အားအရ ကမ္ဘာလေးဆယ်သာမက ကမ္ဘာတစ်ရာ သိမ်းပိုက်ထားလျှင်တောင် မိစ္ဆာနတ်ဘုရားများက ကန့်ကွက်မည်မဟုတ်ပေ။

အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် မိစ္ဆာနတ်ဘုရားများက အကြွင်းမဲ့ အုပ်စိုးသူများဖြစ်ကြပြီး မိစ္ဆာနတ်ဘုရားများကြားတွင်လည်း အသန်မာဆုံးသူသာ ရှင်သန်နိုင်လေသည်။ သို့သော် လင်းယွမ်က ကမ္ဘာများကို သိမ်းပိုက်ပြီး စားသောက်ရမည့်အစား သူတို့ကို ကျင့်ကြံစေခြင်းက မိစ္ဆုနတ်ဘုရားများအား မကျေမနပ်ဖြစ်စေခဲ့သည်။ ၎င်းက နောက်ဆက်တွဲထောက်လှမ်းမှုများကို ဖြစ်ပေါ်စေခဲ့သည်။

All Chapters