← Chapters

စုံစမ်းစစ်ဆေးမှုများ....

Vol. 41 Ch. 630

စုံစမ်းစစ်ဆေးမှုများ....

Vol. 41 Ch. 630

" အဲ့ဒီမိစ္ဆာနတ်ဘုရားတွေသာ ငါက မိစ္ဆာနတ်ဘုရားမဟုတ်ဘဲ လူသားတစ်ယောက်ဆိုတာ သိသွားရင် အမြစ်ပြတ်သုတ်သင်ဖို့ ကြိုးစားလာကြလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ထျန်းချင်းကမ္ဘာမှ သိုင်းဘိုးဘေး ရွှေရောင်ခန္ဓာက ထိုမိစ္ဆာနတ်ဘုရားများဖြင့် ကွဲပြားလေသည်။ သို့သော် ထိုက်ယင်မူလစိတ်ဝိညာဉ်နှင့် ထိုက်ယန်မူလစိတ်ဝိညာဉ်တို့က ပုံရိပ်ယောင်မှ အစစ်အမှန်၊ အစစ်အမှန်မှ ပုံရိပ်ယောင်သို့ ပြောင်းလဲနိုင်ပြီး ၎င်းက မိစ္ဆာနတ်ဘုရားများနှင့် ဆင်တူသော သဘာဝကို ပေးသည်။

" အချိန်ဆွဲနိုင်ရင် ငါ သေချာပေါက် အနိုင်ရလိမ့်မယ်။ " လင်းယွမ်က စိုးရိမ်ခြင်းမရှိပေ။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းနှင့် သူက တဟုန်ထိုး အားကောင်းလာနေပြီး အချိန်လုံလောက်လျှင် ဘေးကင်းစွာ ရပ်တည်နိုင်မည်ဖြစ်သည်။

" ငါ အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ဆဋ္ဌမအဆင့်ထိ ရောက်ရင် ငါက အဆုံးမဲ့ ဟင်းလင်းပြင်မှာ အသန်မာဆုံး ဖြစ်လာလိမ့်မယ်။ အဲ့အချိန်ကျရင် သိုင်းတာအို ကျင့်ကြံခြင်းစနစ်ကို ဖြန့်ဝေတာက ဘာပြဿနာမှရှိမှာမဟုတ်တော့ဘူး။ " လင်းယွမ်က လျင်မြန်စွာ တွေးလိုက်သည်။

အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်ကို အောင်မြင်ခြင်းက လင်းယွမ်၏ စွမ်းအားတိုးတက်မှုအတွက် အချိန်နှင့် လေဟာနယ် ပေါင်းစည်းခြင်းကိုသာ ကန့်သတ်ထားခြင်းမဟုတ်ပေ။

ဆဋ္ဌမအဆင့်သို့ ရောက်သည်နှင့် အတွင်းကမ္ဘာက အသွင်ပြောင်းလဲသွားမည်ဖြစ်ပြီး ကမ္ဘာနတ်စွမ်းရည်ကလည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ ဆဋ္ဌမအဆင့်က လင်းယွမ်အတွက် ဘက်စုံပြောင်းလဲမှုတစ်ခုကို တွေ့ကြုံရမည်ဖြစ်သည်။

" ဒီတစ်ခေါက် အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ ဆဋ္ဌမအဆင့်ကို မရခဲ့ရင်တောင် ကိစ္စမရှိဘူး။ ဘာပဲဖြစ်ဖြစ် ဒီကိုလာတာက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား တစ်မျှင်ရဲ့ သုံးပုံတစ်ပုံပဲ သုံးရတာပဲ။ "

အချိန်နှင့် လေဟာနယ်နိယာမတို့ကို နားလည်ခြင်းက ပင်မစကြာဝဠာနှင့် အဆုံးမဲ့ဟင်းလင်းပြင်တို့က ကွာခြားမှုမရှိပေ။ ထို့အပြင် အချိန်စီးဆင်းမှုက ကွာခြားသောကြောင့် လင်းယွမ်က အခြားနိယာမများနှင့် လျို့ဝှက်နည်းစနစ်များကို နားလည်ရန် အချိန်ပိုရလေသည်။

ထို့အပြင် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေမှ ဟင်းလင်းပြင်သက်ရှိများက လင်းယွမ်၏ စိတ်စွမ်းအားကို မြှင့်တင်ပေးသောကြောင့် နောက်တစ်ကြိမ် ဆင်းသက်လာလည်း အကျိုးရှိသည်။

ဆယ်နှစ်ကြာပြီးနောက်....

အဆုံးမဲ့ဟင်းလင်းပြင်ထဲတွင် ကြီးမားသော ပုံရိပ်များ ရပ်နေကြပြီး သူတို့၏ အကြည့်များက အနီးရှိ ကမ္ဘာပေါ်သို့ ကျရောက်နေကြသည်။

" ထိုက်ယင်အရှင်သခင် မင်းက ကမ္ဘာထဲက ပုရွက်ဆိတ်တွေကို တစ်ခါတည်းစားပစ်မယ့်အစား ဘာလို့ကျင့်ကြံခိုင်းနေတာလဲ။ "

ဦးဆောင်းနေသော မိစ္ဆာနတ်ဘုရားက ခေါင်းသုံးလုံးဝံပုလွေဖြစ်ကြီး အဆင့်ကိုး မိစ္ဆာနတ်ဘုရားတစ်ပါးဖြစ်လေသည်။

" ငါ့မှာ အစီအစဉ်ရှိပါတယ်။ " ထိုက်ယင်မူလစိတ်ဝိညာဉ်က ပေါ်လာပြီး မိစ္ဆာနတ်ဘုရားများကို ကြည့်လိုက်သည်။

နှစ်ပေါင်းသုံးရာကျော်အတွင်း ထိုက်ယင်မူလစိတ်ဝိညာဉ်က ကမ္ဘာများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ပြီး မိစ္ဆာနတ်ဘုရားများကြားတွင် ထိုက်ယန်အရှင်သခင် ခေါ်ကြလေသည်။

" အစီအစဉ်လား။ "

" ဒီကမ္ဘာတွေ ကမ္ဘာထဲက ပုရွက်ဆိတ်တွေ သူတို့အားလုံးက ငါတို့အစားအစာတွေပဲ။ မင်းရဲ့ အစီအစဉ်က ဒီအစားအစာတွေ ငါတို့ကို ပြန်ဆန့်ကျင်အောင် ကျင့်ကြံခိုင်းဖို့လား။ " ခေါင်းသုံးလုံးနှင့် အနက်ရောက်ဝံပုလွေ မိစ္ဆာနတ်ဘုရားက အေးစက်စွာ ပြောလိုက်သည်။ ထိုက်ယင်အရှင်သခင် ပြသထားသော ကြောက်မက်ဖွယ်စွမ်းအားကြောင့်သာ မဟုတ်လျှင် သူက ဖိနှိပ်ရန် လှုပ်ရှားခဲ့ပြီးဖြစ်သည်။

" အဲ့ဒါ ငါ့ကိစ္စပါ။ " လင်းယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ သဘာဝအတိုင်း သူက မိစ္ဆာနတ်ဘုရားမဟုတ်သောကြောင့် မိစ္ဆာနတ်ဘုရားများ၏ ရှုထောင့်ကို စဉ်းစားရန် မလိုအပ်ပေ။

ခေါင်းသုံးလုံးနှင့် အနက်ရောင်ဝံပုလွေ မိစ္ဆာနတ်ဘုရားက လှောင်ပြုံးပြုံးလိုက်ပြီးနောက် မကြာမီ အနက်ရောင်မြူခိုးများ စတင်ပျံ့နှံ့လာသည်။

တစ်ချိန်တည်းတွင် စူးရှသော အအေးဓာတ်က ကမ္ဘာအပြင်ဘက်ရှိ လေဟာနယ်ကို လွှမ်းခြုံကာ စတင်ပျံ့နှံ့လာသည်။ စွမ်းအားနှစ်ခုက ထိပ်တိုက်ရင်ဆိုင်မိသွားပြီး ခဏကြာသောအခါ အနက်ရောင်ဝံပုလွေ မိစ္ဆာနတ်ဘုရားက ယိုင်နဲ့စွာ နောက်ဆုတ်သွားပြီး လင်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

" ထိုက်ယင်အရှင်သခင် မင်းရဲ့ ခွန်အားက အဆင့်ကိုး အထွတ်အထိပ်ရောက်နေပြီထင်တယ်။ ဘာလို့အဲ့ဒီပုရွက်ဆိတ်တွေကို ကာကွယ်ပေးနေတာလဲ။ " အနက်ရောင်ဝံပုလွေ မိစ္ဆာနတ်ဘုရားက နားမလည်နိုင်ဖြစ်နေသည်။

လင်းယွမ်၏ ခွန်အားနှင့် အဆင့်ကိုး အထွတ်အထိပ်သို့ ရောက်နေပြီး အဆင့်တစ်ဆယ်သို့ ကြိုးစားရန်အတွက် ဟင်းလင်းပြင်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်သင့်လေသည်။

" စောင့်ကြည့်တာပေါ့။ မိစ္ဆာနတ်ဘုရားအရှင်သခင်တွေက ဒီကိစ္စကို လွယ်လွယ်နဲ့ အလွတ်ပေးမှာမဟုတ်ဘူး။ " ခေါင်းသုံးလုံးနှင့် အနက်ရောင်ဝံပုလွေ မိစ္ဆာနတ်ဘုရားက လှည့်ထွက်သွားပြီး အခြားမိစ္ဆာနတ်ဘုရားများကလည်း နောက်မှလိုက်သွားကြသည်။

သူတို့က ဝံပုလွေမိစ္ဆာနတ်ဘုရားလောက် သန်မာခြင်းမရှိဘဲ လင်းယွမ်ကို ရန်စရန် မဖြစ်နိုင်ပေ။ လင်းယွမ်က မိစ္ဆာနတ်ဘုရားများ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။

သူ၏ စွမ်းအားနှင့် ထိုမိစ္ဆာနတ်ဘုရားများအားလုံးကို ဖမ်းချုပ်ထားနိုင်စွမ်းရှိသော်လည်း ထိုသို့လုပ်ခဲ့လျှင် သူက အဆင့်ကိုး အထွတ်အထိပ် စွမ်းအားရှိသည်ကို သိသွားကြပေလိမ့်မည်။ ထိုသို့ဖြစ်ခဲ့လျှင် နောက်တစ်ကြိမ် လာမည့်သူများက သာမန် မိစ္ဆာနတ်ဘုရားများမဟုတ်ကြဘဲ အဆင့်ကိုး အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများ ဖြစ်ပေလိမ့်မည်။

၎င်းက လင်းယွမ်၏ အချိန်ဆွဲခြင်းအစီအစဉ်နှင့် ကိုက်ညီတော့မည်မဟုတ်သောကြောင့် မိစ္ဆာနတ်ဘုရားများကို ထွက်သွားခွင့်ပေးလိုက်ခြင်းဖြစ်သည်။ အခြေအနေ ကြီးမားစွာ ပြောင်းလဲခြင်းမရှိလျှင် လင်းယွမ်က နောက်ဆုံးတိုက်ပွဲအထိ တတ်နိုင်သမျှ အချိန်ဆွဲဆန့်ထားရန် လုပ်ဆောင်ပေလိမ့်မည်။

ထိုနည်းဖြင့် သူက ကျင့်ကြံရန်အတွက် အချိန်များ ရရှိပေလိမ့်မည်။ ကျင့်ကြံခြင်းအတွက် အချိန်တစ်ရက်က သူ့ကို အချိန်လေဟာနယ်ပေါင်းစပ်နိယာမ ဆဋ္ဌမအဆင့်သို့ နားလည်သွားစေနိုင်သည်။

" အဲ့ဒီပုရွက်ဆိတ်တွေကို ဘာလို့ကာကွယ်ပေးနေတာလဲ။ " လင်းယွမ်က တွေးပြီး သူ၏ ခေါင်းကို ခါလိုက်သည်။ " မိစ္ဆာနတ်ဘုရားတွေက သိုင်းတာအိုကို မကျင့်ကြံနိုင်တာ ဘယ်သူကို အပြစ်တင်ရမလဲ။ "

လင်းယွမ်အတွက် မိစ္ဆာနတ်ဘုရားများဖြစ်စေ ကမ္ဘာအတွင်းရှိ သက်ရှိများဖြစ်စေ သိုင်းတာအိုကို ကျင့်ကြံသူတိုင်းက သူ၏ ကာကွယ်မှုကို ရရှိမည်ဖြစ်သည်။ မိစ္ဆာနတ်ဘုရားများက သိုင်းတာအိုကို ကျင့်ကြံနိုင်ခဲ့လျှင် သူက ပို၍ပင် ကာကွယ်ပေးပေလိမ့်မည်။

အကြောင်းမှာ မိစ္ဆာနတ်ဘုရားများက အလွန်သန်မာကြပြီး သူတို့သာ သိုင်းတာအိုကို ကျင့်ကြံနိုင်ခဲ့လျှင် မြင့်မားသော အဆင့်သို့ လျင်မြန်စွာ ရောက်ရှိသွားပေလိမ့်မည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် အဆင့်မြင့်ကျင့်ကြံသူများ ပိုများလာလျှင် လင်းယွမ်က ပိုအကျိုးရှိလာမည်ဖြစ်သည်။

သို့သော် လင်းယွမ်က နှစ်ပေါင်း သုံးရာကျော် လေ့လာပြီးနောက် မိစ္ဆာနတ်ဘုရားများက သူတို့၏ မွေးရာပါစွမ်းရည်များကို အလွန်အလေးထားကြပြီး သူတို့အတွက် ထိုစွမ်းရည်များကို စွန့်လွှတ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံရန် မဖြစ်နိုင်ပေ။

မိစ္ဆာနတ်ဘုရားတစ်ပါး၏ ကျင့်ကြံခြင်းလမ်းစဉ်က သူတို့ မွေးဖွားလာချိန်ကတည်းက သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ အချိန်ကြာလာလေ ပြောင်းလဲရန် ပိုခက်ခဲလေဖြစ်သည်။

ဟင်းလင်းပြင်လျို့ဝှက်နယ်မြေ။

လင်းယွမ်က လျို့ဝှက်နယ်မြေအတွင်း ပို၍နက်ရှိုင်းစွာ ဝင်ရောက်နေပြီး ဟင်းလင်းပြင်သက်ရှိများကို ဆက်လက်သတ်ဖြတ်နေခဲ့သည်။

စိတ်စွမ်းအားညွှန်းကိန်း သန်းနှစ်ဆယ်သို့ ရောက်ရှိပြီးနောက် အဆင့်ကိုး ဟင်းလင်းပြင်သက်ရှိများက လင်းယွမ်အတွက် အကူအညီသိပ်မဖြစ်တော့ပေ။ သို့သော် အကူအညီက သေးငယ်သော်လည်း စိတ်စွမ်းအားညွှန်းကိန်းကို တိုးတက်စေသည်မှာ အမှန်ပင်ဖြစ်သည်။

သူက ပင်မစကြာဝဠာသို့ ပြန်သွားလျှင် ထိုကဲ့သို့ အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။ စိတ်စွမ်းအားညွှန်းကိန်းအနည်းငယ်ကို မြှင့်တင်ရန်ပင် ခက်ခဲပေလိမ့်မည်။ လင်းယွမ်က အချိန်မြစ်၏ ကမ်းခြေတွင် ရပ်နေသော ကြီးမြတ်သူတစ်ယောက်မဟုတ်ပေ။ အချိန်မြစ်အတွင်း နေထိုင်ခြင်းဖြင့် စိတ်စွမ်းအားညွှန်းကိန်း ၁၈သန်းက ကန့်သတ်ချက်ဖြစ်နေသည်။

All Chapters