← Chapters

တိုက်ပွဲစတင်ခြင်း

Vol. 118 Ch. 1647

တိုက်ပွဲစတင်ခြင်း

Vol. 118 Ch. 1647

ဟူး... ဟူး...

ကောင်းကင်မှာ ထုတ်ယူခြင်း အပိုင်းအစကို ကိုယ်စားပြုသည့် မီးခိုးရောင် အသွေးဖြင့် လွှမ်းခြုံ နေခဲ့၏။ အာဏာရှင် အင်ပါယာ၏ စကားလုံးများမှာ အားလုံး၏ နှလုံးသားနှင့် စိတ်ဝိညာဉ်များထဲတွင် ရိုက်ခတ်နေဆဲ ဖြစ်သည်။ ၎င်းမှာ မရေမတွက်နိုင်သော လူများ အတွက် မျှော်လင့် မထားသည့် အမျိုးမျိုးသော တုန့်ပြန်ပုံများကို ဖြစ်ပေါ်စေခဲ့လေသည်။

ဆန္ဒတစ်ခု...

ပုံမှန်အားဖြင့် ကျင့်ကြံသူများ အတွက် ဆန္ဒ တစ်ခု ဆိုသော သဘောတရားမှာ ယုတ္တိဗေဒ ကင်းမဲ့ကာ စိတ်ကူးယဉ်ဆန်သည့် အရာတစ်ခု ဖြစ်သည်။ ၎င်းမှာ စိတ်ကူးယဉ်ပုံပြင်များတွင် ဖော်ပြထားသော ဇာတ်ကြောင်း တစ်ခုသာ ဖြစ်ခဲ့သည်။ ၎င်းအား ကြားလိုက်ရသူ အတွက် ယုံကြည်ရန် ခက်ခဲပေသည်။

သို့သော်လည်း... အာဏာရှင် အင်ပါယာ၏ စကားလုံး တစ်လုံးချင်းစီတိုင်းတွင် ပုံသဏ္ဌာန် မရှိသည့် အာမခံချက် တစ်ခု ပါဝင်နေသလို ခံစားရသည်။ သူတို့၏ ဆန္ဒများက မည်ကဲ့သို့ပင် ရှိစေကာမူ... အာဏာရှင် အင်ပါယာက ဖြည့်ဆည်း ပေးနိုင်ကြောင်း သူတို့၏ နှလုံးသားများကို တီးတိုး သတင်းစကား ပါးနေသလို ခံစားရသည်။

ကျူးကျွင်းမှာ အနည်းငယ် ခေါင်းကိုက်သလို ခံစားနေရ၏။ လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက်ထံမှ ဆန္ဒ တစ်ခု ဟူသော ကတိစကားသည်ဖြင့် အံ့သြဖွယ်ကောင်းနေပြီးဖြစ်သည်။ သို့သော်လည်း... ဤသည်မှာ အာဏာရှင် အင်ပါယာ ကိုယ်တိုင်ထံမှ ဖြစ်ပေသည်။

သူ၏ မည်းမှောင်သော မျက်ဆံများထဲတွင် အတွေးများမှာ ပြင်းထန်သည့် မီးတောက် တစ်ခုသဖွယ် လောင်ကျွမ်း နေခဲ့၏။ ဤသည်မှာ သူ၏ တိုက်ခိုက်လိုစိတ်နှင့် ပြင်းပြသော ဆန္ဒတို့ကို ထင်ဟပ်နေပေသည်။

“သွားကြစို့”

လီယွင်ကူးက အသံ တိုးတိုးဖြင့် ပြောလိုက်ရင်း မျက်မှန်ကို ပြန်တပ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်က ကြယ်တာရာ စွမ်းအင်များနှင့် စတင် လှည့်ပတ်လာကာ ရှေ့ကို ပြင်းထန်သော အင်အားဖြင့် တဟုန်ထိုး ရွေ့လျား သွားခဲ့လေသည်။

ဝှစ်...

ပေ့ယွင်ဟန်က ဟင်းလင်းပြင် လက်စွပ်များ သီကုံးထားသည့် သူ၏ လည်ပင်းရှိ ဆွဲကြိုးကို စစ်ဆေးသည့် အနေဖြင့် တစ်ချက် တို့ထိလိုက်သည်။ ထို့နောက်တွင်တော့ ကျူးကျွင်၏ ပခုံးကို တစ်ချက်မျှ တို့ထိကာ ကြယ်တာရာ စွမ်းအင်များကို စုစည်းလျှင် လီယွင်ကူး၏ အမြန်နှုန်း အတိုင်း နောက်မှ လိုက်သွားခဲ့လေ၏။

ကျူးကျွင်းမှာလည်း တွန့်ဆုတ်မနေတော့ချေ။ သူ၏ နတ်ဆိုး ကြယ်တာရာ စွမ်းအားကို စုစည်းကာ နောက်မှ အလားတူ အမြန်နှုန်းဖြင့် လိုက်သွားခဲ့သည်။

“ငါတို့ ဘာလို့ ခု လှုပ်ရှားကြတာလဲ...”

သူက ကောင်းကင်ကို မော့ကြည့်ရင်း မေးလိုက်သည်။ မီးခိုးရောင် အလင်းတန်းများမှာ နေရာ အနှံ့ နေရာယူထားကာ ထုတ်ယူခြင်း အပိုင်းအစ၏ အလင်းက ပိုမို၍ တောက်ပလာနေခဲ့သည်။ ထိုနှုန်းက အတော်လေ နှေးကွေးပေသည်။ အနည်းဆုံး ထာဝရ သရဖူ ထွက်ပေါ်လာသည့် အချိန် အထိ သူတို့ စောင့်ဆိုင်းနိုင်သည် မဟုတ်ပါလား။

ပေ့ယွင်ဟန် စကား အများကြီး မပြောချင်ပါချေ။ ထို့ကြောင့် သူက ဝိညာဉ်အာရုံ ဆက်သွယ်မှုကို သုံးကာ အလျှင်အမြန် ပြောလိုက်၏။

“တိုက်ပွဲက စနေပြီ...”

ကျူးကျွင်း တစ်ယောက် အံ့အားသင့် သွားခဲ့သည်။ တိုက်ပွဲက စတင်နေပြီလော။ ဤသည်က ပြင်ဆင်နေသင့်သည့် အချိန် မဟုတ်လော။

သူ တွေးတောနေစဉ်မှာပင် လူတစ်ချို့ကို အာရုံခံလိုက်မိ၏။ သူတို့မှာ ကိုယ်ပိုင် စွမ်းအင်နှင့် အော်ရာများကို ဖုံးကွယ်ဖို့ ကြိုးစားရင်း လျှင်မြန်စွာ ခရီးနှင့် နေကြခြင်းဖြစ်သည်။ သို့သော်လည်း... ထက်ရှသည့် အာရုံ ခံစားမှုများမှ တစ်ဆင့် မြေပြင်မှ တုန်ခါမှုများကို သူ ခံစားမိပေသည်။

သူတို့သုံးယောက်ထဲတွင် လီယွင်ကူးမှာ ရှေ့ကို အနည်းငယ် ရောက်နေကာ သူမ၏ မျက်လုံးများက တွက်ချက်မှု အလင်းတန်းများနှင့် လင်းလက် နေခဲ့၏။ သူမက ပါဝင် ယှဉ်ပြိုင်သူတိုင်း၏ စိတ်ဝိညာဉ်များကို အချိန် သတ်မှတ်ချက် အဖြစ် လုပ်ဆောင် ပေးနေသည့် ကောင်းကင်ရှိ ရောင်စဉ်များကို တစ်ချက် မော့ကြည့်လိုက်သည်။

“အဲဒီနေရာ...”

မိန်းကလေးက လေးနက်သည့် အသံဖြင့် ပြောလိုက်၏။ သူမ၏ လေသံက နှိုင်းယှဉ်၍ မရနိုင်အောင် လေးနက် နေခဲ့သည်။

ကျူးကျွင်းနှင့် ပေ့ယွင်ဟန်တို့မှာ လီယွင်ကူး၏ အမိန့်အပေါ် သံသယ မရှိသလို သူမ အာရုံပျံ့လွင့်ခြင်း မရှိစေရန် အတွက် မေးမြန်းမှုများလည်း မလုပ်ခဲ့ကြချေ။ လက်ရှိ၌ လီယွင်ကူးမှာ ပြင်းထန်သည့် အာရုံ စူးစိုက်မှု ဖြစ်စဉ် အတွင်း ကျရောက်နေကြောင်း သူတို့ သိပေသည်။ သူမ၏ ထိုအမူအကျင့်နှင့် အရည်အသွေးများကို သူတို့ သိပေသည်။ သူတို့ လုပ်ရန် လိုအပ်သမျှက နားထောင်ရန်သာ ဖြစ်သည်။

ဘုန်း... ဘုန်း... ဘုန်း...

သူတို့ သုံးဦးလုံး မတွန့်ဆုတ်ကြတော့ပေ။ သူတို့၏ ခန္ဓာကိုယ်များမှာ ကြယ်တာရာ စွမ်းအင်များနှင့် ပေါက်ကွဲလာကာ လှုပ်ရှားမှု ကျင့်စဉ် တစ်မျိုးကို အသုံးပြုလိုက်ကြ၏။ တစ်ခဏ အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များမှာ ဥက္ကာပျံများလို ဒေသပေါင်း များစွာကို ဖြတ်ကျော် သွားခဲ့ကြသည်။ သူတို့၏ လှုပ်ရှားမှုများက တောင်များကို ဖျက်ဆီးပစ်ကာ ရေပြင်ကို မရပ်ဘဲ လှိုင်းထန်စေခဲ့ကြ၏။

ဝှစ်... ဝှစ်... ဝှစ်...

ရုတ်တရက် အရိပ်လေးခုမှာ သူတို့၏ အရှေ့ဘက် ကောင်းကင်ကို ဖြတ်သန်း၍ လာခဲ့၏။ ၎င်းတို့မှာ ထက်ရှသည့် ဓားဦးချွန်များ အလား လေထုကို ထွင်းဖောက်လာကြသည်။ သူတို့က မည်သူများ ဖြစ်ကြကြောင်း ကျွင်းကျူးတို့ တန်းကာ သိလိုက်ကြသည်။

အာဏာရှင်အဖွဲ့ဝင်များ...

“ရပ်”

လီယွင်ကူးက ထိုစကားလုံး တစ်လုံးမှ အပ အခြား ဘာကိုမှ မပြောချေ။ သူမက တောင်ကုန်းများ ပြန့်ကျဲနေသည့် လှပသော မြက်ခင်း ဒေသတစ်ခုတွင် ဆင်းသက်လိုက်သည်။ သူမက ချက်ချင်းပင် တင်ပျဉ်ခွေ ထိုင်ချကာ ကလေး လက်ဖဝါး အရွယ် အလံ ၁၄ ခုကို ထုတ်ယူလိုက်သည်။ ထို့နောက် တွန့်ဆုတ် မနေပဲ ၎င်းတို့ကို ပတ်လည်သို့ ပစ်လိုက်၏။ အလံများနှင့် သူမနှင့် ပေပေါင်း ၆၀ အကွာတွင် ဝေဝဲနေ၏။ ထို့နောက် အလွန် နှေးကွေးသည့် လှုပ်ရှားမှုများနှင့် အတူ မိန်းကလေးမှာ လက်ဟန် ချိပ်စည်း တစ်ခုကို စတင် ပုံဖော် လိုက်လေသည်။

“...”

ကျူးကျွင်းနှင့် ပေ့ယွင်ဟန်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။ ထို့နောက်... လျှင်မြန်စွာ ချဉ်းကပ်လာနေသည့် ပုံရိပ် လေးခုဘက်သို့ အကြည့်ကို ပြန်လည် ပို့လွှတ်လိုက်ရင်း ကျူးကျွင်းက ရှန့်ထို လက်စွပ်ထဲမှ ရွှေရောင်နှင့် ခရမ်းရောင် ရောနှောသည့် စစ်တူကြီး တစ်ခုကို ထုတ်ယူလိုက်သည် ၎င်းမှာ သူ့ခန္ဓာကိုယ်ထက်ပင် သိသိသာသာ ပိုကြီးနေသော်လည်း ငှက်မွေးလေး တစ်ခု အလား စွဲကိုင်ထားခဲ့သည်။

ဘုန်း...

ထို့နောက်... သူက ခရမ်းရောင် ကြယ်တာရာ စွမ်းအင်များကို ပြင်းထန်စွာ လှည့်ပတ်ရင်း မြေပြင်ကို ကန်ကျောက်ကာ အရိပ် လေးခုထံသို့ တိုးဝင် သွားခဲ့တော့သည်။

ပေ့ယွင်ဟန်ကလည်း အရိပ်လေးခုကို ကြည့်လိုက်၏။

“ဒုတိယ တပ်မဟာ...”

ထိုပုဂ္ဂိုလ်များ မည်သည့် အဖွဲ့မှ လာသည်ကို သတ်မှတ်ပြီး နောက်တွင်တော့ သူ များစွာ ဂရုမစိုက်တော့ချေ။ သူက ကြေးနီ၊ ငွေ၊ ရွှေ၊ ပလက်တီနမ်များဖြင့် ပုံဖော်ထားကာ မျက်နှာပြင်ထက်တွင် နတ်ဆိုး လျှို့ဝှက် သင်္ကေတများ ထွင်းထုထားသော လေးတို တစ်လက်ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ထူးဆန်းကာ ဆွဲဆောင်မှုရှိသည့် အော်ရာများကို ထုတ်လွှတ် နေခဲ့၏။ အပြင်ပန်း တစ်ချက် ကြည့်ရုံဖြင့်ပင် ၎င်းမှာ မြင်ရသူတိုင်းကို လိုချင် လောဘများ ဖြစ်ပေါ်လာစေလိမ့်မည် ဖြစ်သည်။

ဘုန်း...

ပြင်းထန်သည့် ထိပ်တိုက် တွေ့ဆုံသံ တစ်ခုမှာ အရိပ်လေးခုနှင့် ကျူးကျွင်တို့ကြားတွင် နားစည် ကွဲလောက်အောင် ကျယ်လောင်သည့် အသံဖြင့် ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းပင် နေကြယ်မဲ့သည့် ကောင်းကင်ထက်၌ နေကြယ် သုံးစင်း ထွက်ပေါ်လာခဲ့၏။ ၎င်းတို့ အနက် မဟူရာ ရွှေရောင်နှင့် ခရမ်းရောင် ရောနှောထားသည့် နေကြယ်မှာ အကြီးမားဆုံး ဖြစ်သည်။

ကျန်နှစ်ခုမှာ အဝါရောင်နှင့် ပင်လယ်ပြာရောင် ရောင်ခြည်များကို ထုတ်လွှတ်နေခဲ့ကာ အလယ်တွင် ဧရာမ ကြီးမားလွန်းလှသည့် သားရဲကြီးများ၏ ပုံရိပ် နှစ်ခု ရှိနေခဲ့သည်။

၎င်းတို့မှာ အတောင်ပံ လေးခု ပါဝင်သည့် သိမ်းငှက်သားရဲကြီး နှင့် ကျောကုန်းတွင် ဆူးချွန်များ ပါရှိသည့် ဧရာမ လိပ်သားရဲကြီး တစ်ကောင် ဖြစ်သည်။ ထိုပုံရိပ်ကြီးများမှာ လောကကို ဂရုမစိုက်သည့် မျက်ဝန်းများနှင့် ငုံ့ကြည့် နေကြ၏။

ပေ့ယွင်ဟန်မှာ ထိုအရာကို အာရုံစိုက် မနေခဲ့ပါချေ။ သူက အလျှင်အမြန်ပင် လေးကို အနောက်မြောက်ဘက်သို့ ချိန်ရွယ်လိုက်၏။ ထို့နောက်တွင်တော့... တွန့်ဆုတ်မနေပါပဲ သူ၏ လည်ပင်း၌ ချိတ်ဆွဲထားသည့် ရာနှင့်ချီသော အာကာသ လက်စွပ်များထဲမှ တစ်ခုမှာ မှိန်ဖျသော အလင်းရောင်ဖြင့် တောက်ပလာ၏။ သူသည် သူ၏ လေးကြိုးကို ဆွဲလိုက်သော အခါ အလင်းရောင်စဉ်များနှင့် ဖုံးကွယ်ထားသည့် မြှားတစ်စင်း၏ အရိပ်သည် ပေါ်လာခဲ့၏။ ၎င်းကို သာမန် မျက်စိဖြင့် မြင်နိုင်ရန် မဖြစ်နိုင်ပါချေ။

ရွှစ်...

ပေ့ယွင်ဟန် လေးကြိုးကို လွှတ်လိုက်၏။ မြှားမှာ လေထုကို ထိုးဖောက်သွားသည်။ ၎င်းမှာ ပိုမို၍ မြန်ဆန်လာကာ လောက၏ အလင်း၊ အာကာသတို့နှင့်ပင် ပေါင်းစပ်သွားခဲ့သည်။

“မဟုတ်ဘူး...”

ပေ့ယွင်ဟန်၊ လီယွင်ကူးတို့နှင့် မိုင်ပေါင်း အနည်းငယ်ခန့်တွင် လျှို့ဝှက် စွမ်းအင်များ ပေါက်ကွဲ ထွက်ပေါ်လာကာ ထိတ်လန့်မှု၊ မယုံကြည်နိုင်မှုတို့နှင့် အတူ အော်ဟစ်သံကြီးကိုပါ ကြားလိုက်ရသည်။

“နေဦး... နောက်ထပ်လား...”

စိတ်ဝိညာဉ်ကိုပင် ထွင်းဖောက်နိုင်သည့် နောက်ထပ် အော်ဟစ်သံများပါ ပျံ့လွင့်လာသည်။ ထို့နောက်တွင်တော့ ဆက်တိုက် ဆိုသလိုပင် အရိုးများ၊ အသားများကို မြှားများ ဖျက်ဆီးသွားသည့် အသံများ၊ သွေးများ ပန်းထွက်လာသည့် အသံများ...။

မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် အသက်တစ်ချောင်း အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

***

All Chapters