အာဏာရှင်များကြားမှ တိုက်ပွဲ
Vol. 118 Ch. 1648
ပေ့ယွင်ဟန်၏ သိုလှောင် လက်စွပ်မှာ တဖျပ်ဖျပ် တောက်ပနေခဲ့၏။ အကယ်၍ အတွင်းပိုင်းကို ကြည့်ပါက နောက်ထပ် ရာနှင့်ချီသည့် မြှားများမျာလည်း မှိန်ဖျော့ဖျော့ အလင်းရောင်ကို ထုတ်လွှတ်နေကြကြောင်း သတိပြုမိလိမ့်မည် ဖြစ်သည်။ သူက မြှားတစ်စင်းတည်းကိုသာ ထုတ်လွှတ်ခဲ့ခြင်း မဟုတ်ချေ။ တစ်ပြိုင်နက်တည်းတွင် ရာနှင့်ချီသည့် မြှားများကို ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှု အောက်၌ ချောင်းမြောင်းနေသည့် လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ဦး သေဆုံးသွားသည့်တိုင် ပေ့ယွင်ဟန်မှာ ဂုဏ်ယူနေပုံ မရချေ။
ဟူး... ဟူး...
ပေ့ယွင်ဟန်၏ မျက်လုံးများမှာ ပြင်းထန်သည့် ဝိညာဉ် အလင်းရောင်များကို ထုတ်လွှတ် လာခဲ့၏။ သူက မျက်လုံး အထူးပြု ဝိညာဉ် ကျင့်စဉ် တစ်ခုကို ထုတ်ဖော်ကာ မြောက်ဘက် အရပ်ကို တိုက်ရိုက် ကြည့်လိုက်သည်။ ထို့နောက်တွင်တော့ တွန့်ဆုတ်ခြင်း မပြုပါတော့ချေ။
ရွှစ်... ရွှစ်... ရွှစ်...
ပေ့ယွင်ဟန် လေးကြိုးကို ထပ်ခါ ထပ်ခါ ဆွဲကာ တစ်ချက်ပြီး တစ်ချက် လွှတ်နေခဲ့၏။ သူ့ပတ်လည်ရှိ အာကာသ တစ်ခုလုံးမှာ အလင်းရောင်များနှင့် ပြည့်နှက် သွားခဲ့ပြန်သည်။ ထို့နောက်... တောင်ဘက် အရပ်...
“အား...”
သွေးပျက်ဖွယ် အော်ဟစ်သံ တစ်ခုကို ကြားရ၏။ ပေ့ယွင်ဟန်၏ မျက်နှာမှာလည်း အနည်းငယ် ပျက်သွားခဲ့၏။ ရန်သူ အာဏာရှင် တစ်ယောက်ကို ရှင်းလင်းနိုင်ခဲ့သည့်တိုင် သူ၏ သစ်သား စွမ်းအင် မျိုးစေ့က သူ့ခန္ဓာကိုယ် အတွင်း စွဲကပ်လာခဲ့ပြီ မဟုတ်ပါလား။
ဘုန်း...
မတုန့်မဆိုင်းပင် ကောင်းကင်ထက်၌ နောက်ထပ် နေကြယ် တစ်ခု ထွန်းလင်း လာခဲ့လေ၏။
ထိုအခိုက်၌ လီယွင်ကူးမှာ ဒုတိယမြောက် လက်ဟန် ချိပ်စည်းကို ဖော်ဆောင် နေခဲ့သည်။ လောက ကိုယ်တိုင်ထံမှ ခုခံမှုများနှင့် ရင်ဆိုင်နေရသည့် အလား သူမမှာ လက်ကို ပုံမှန် မဟုတ်စွာ ခက်ခက်ခဲခဲ လှုပ်ရှားနေရ၏။ သို့သော်လည်း... လက်ရှိ၌ အလံ တစ်ခုမှာ အလွန် တောက်ပသည့် အလင်းရောင်များကို ထုတ်လွှတ် နေခဲ့ပြီ ဖြစ်သည်။ ထိုအလင်းမှာ ပေ့ယွင်ဟန်ကို ဖုံးအုပ်ထားခဲ့၏။
ပေ့ယွင်ဟန်မှာ သူ့ ခန္ဓာကိုယ် အတွင်း စွဲကပ်နေသည့် သစ်သား စွမ်းအင် မျိုးစေ့ကို ဖယ်ရှားဖို့ အတွက် ကြယ်တာရာ စွမ်းအင်များကို သတိထားကာ လှည့်ပတ် နေခဲ့သည်။ မျိုးစေ့မှာ ဝိညာဉ် စွမ်းအင်များကို စုပ်ယူ ဖျက်ဆီး ပစ်နိုင်စွမ်း ရှိပေသည်။ စောစောပိုင်းက တဒင်္ဂစာ အာရုံ ကင်းလွတ်မှုကလေးတွင်ပင် သူ ဝိညာဉ် စွမ်းအင် ၄၀ ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
၎င်းက သူ၏ ကြယ်တာရာ စွမ်းအင် စီးဆင်းမှုကို ကြီးစွာ အဟန့်အတား ဖြစ်စေခဲ့သည်။ ထို့ကြောင့်ပင် သူ လောကချည်နှောင် နေကြယ်ကို တုန့်ဆိုင်းခြင်း မပြုပဲ ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။ အလံနှစ်ခု ဖန်တီးပြီနောက် သူတို့၏ အခြေအနေက ကောင်းမွန်နေပြီဟု ဆိုနိုင်ပေသည်။ နောက်ထပ် တစ်ခုသာ လိုပေတော့သည်။
ပေ့ယွင်ဟန်၏ လောကချည်နှောင် ကြယ်တာရာ နယ်မြေကို ကြေးနီ၊ ငွေ၊ ရွှေနှင့် ပလက်တီနမ် သတ္တု အလင်းရောင်များဖြင့် ပုံဖော်ထား၏။ ၎င်းမှာ အာကာသနှင့် သိမ်မွေ့စွာ ပေါင်းစပ်နေခဲ့ကာ ကောင်းကင်တွင် တိုက်ရိုက်ရှိနေသော်လည်း တည်နေရာကို ရှာဖွေရန် ခက်ခဲလှသည်။ ရောင်စဉ်တန်းများမှာ အရောင်စုံလင်ကာ တောက်ပနေခဲ့၏။
ပေ့ယွင်ဟန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ဖြူရော် နေခဲ့၏။ သူက အကြီးမားဆုံးသော စွမ်းအားကို ထုတ်ဖော်ထားသော်လည်း သရဲတစ္ဆေတစ်ကောင်နှင့် ဆင်တူနေသည်။ သို့သော်လည်း သူ၏ ကြိုးပမ်းမှုများက ရလဒ် မရှိခဲ့သည်တော့ မဟုတ်ပါချေ။ ပတ်ဝန်းကျင်ရှိ တိုက်ခိုက်မှုများက နှေးကွေးသွားခဲ့ကာ သူက နေရာတိုင်းသို့ အသက်ခြွေမြှားများကို ပစ်လွှတ် နိုင်ခဲ့၏။
အလွှာအပြင်က ကျင့်ကြံသူများမှာ ကောင်းကင်တွင် လောကချည်နှောင် နေကြယ်များ တစ်ခုပြီး တစ်ခု ပေါ်လာနေသည်ကို မြင်ရ၏။ မည်သည့် အရာများ ဖြစ်ပျက်နေကြကြောင်း သေချာ မသိသော်လည်း ထူးဆန်းသော သေမျိုးများမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် အခြား သေမျိုး သုံးဦးအား တိုက်ခိုက်နေကြကြောင်း သဘောပေါက် ခဲ့ကြသည်။
အခြားတစ်ဖက်၌ ကျူးကျွင်းနှင့် အခြားလေးဦးတို့မှာ တစ်ဦးနှင့် တစ်ဦး သတ်ရန် အသည်းအသန် ကြိုးပမ်း နေကြ၏။
သူတို့အားလုံးမှာ အသည်းအသန် ဖြစ်နေကြသည်။ ထိုထူးဆန်းသော မွန်းစတားများမှာ နှိုင်းယှဉ်၍ မရနိုင်အောင် တန်ဖိုးရှိသည့် အခွင့်အရေး တစ်ခုအား တွေ့မြင်ထားသည်မှာ ရှင်းလင်းပေသည်။
အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို၏ စကားက အမှန်တကယ် ဖြစ်နိုင်သလော။
ဆန္ဒတစ်ခု...
စကားလုံး တစ်လုံးချင်းစီတိုင်း၌ စိမ့်ဝင်နေသည့် ကြီးကျယ် ခမ်းနားသော ဥပဒေသများကြောင့် လူအများစုမှာ ဝေ့ဝူယင် အပေါ် သံသယ မရှိခဲ့ကြသော်လည်း ထိုကဲ့သို့သော စိတ်ကူးယဉ် ဆန်ဆန် အရာ အတွက် အသက်များကို စတေးပြီး တိုက်ခိုက်ဖို့တော့ ချက်ချင်း လှုံ့ဆော်နိုင်ခဲ့ခြင်း မရှိခဲ့ပါချေ။
သို့သော်လည်း... ကံကြမ္မာ တစ်ခုက ကြိုတင် သတ်မှတ်ထား သကဲ့သို့ပင်... သူတို့၏ အကြီးအကဲများစွာက ဤတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ ခြားနားလိမ့်မည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း... ထိုခြားနားမှုမှာ ထူးဆန်းသော သေမျိုးများနှင့် မြေကြီးရှန့်ထိုများ ပါဝင်လာခြင်း အပြင် ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်သည့် ဆန္ဒ တစ်ခုပါ ဖြစ်နေသည်လား။
ထိုအတွေးက သူတို့၏ တိုက်ခိုက်လိုစိတ်များကို လှုံ့ဆော်ပေးခဲ့၏။
ချက်ချင်းပင်... သေမျိုးတစ်ပိုင်း အရှင်အဆင့်အချို့မှာ တိုက်ခိုက်ဖို့ ကြိုးစားသင့်သည်ဟု တွေးလိုက်မိ၏။ အနည်းဆုံးတော့ ထိုသေမျိုးများ လုပ်ဆောင်ဖို့ ကြိုးစားနေသည့် မည်သည့် အရာကို မဆို အဟန့်အတား ဖြစ်စေရန် ကြိုးပမ်းသင့်သည်။
ရွှစ်... ရွှစ်...
သို့သော်လည်း... ရှေ့ကို တိုးဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပေ့ယွင်ဟန်ထံမှ မြှားများမှာ သူတို့ထံ တရစပ် ရောက်ရှိလာခဲ့လေ၏။ သေမျိုးတစ်ပိုင်း အရှင်များမှာ ကိုယ့်ကိုယ်ကို ကာကွယ်ကာ အသက်ကို ထိန်းသိမ်းထားနိုင်သေးသော်လည်း ဒဏ်ရာများဖြင့် နောက်သို့ ဆုတ်လိုက်ရသည်။
ပိုင်ယွင်ဟန်၏ မျက်နှာမှာ ပိုမို၍ ဖြူရော် လာနေခဲ့ပြီ ဖြစ်သည်။ တိုက်ခိုက်ရင်း ခြေကုန်လက်ပမ်း ကျလာသလိုပင် သူ ခံစားနေရ၏။ သို့သော်လည်း... လေခွက်ချည်းကျန် အလံမလဲ စိတ်ဓာတ်ဖြင့် သူ ထိုခံစားချက်ကိ အမြန် ဖယ်ရှားပစ်လိုက်သည်။ ကောင်းကင်နှင့် ငရဲကိုပင် ရင်ဆိုင်ရဲသည့် အာဏာရှင် အင်ပါယာ၏ စိတ်ခွန်အားနှင့် အခြေခံမူများမှာ သူတို့၏ နှလုံးသား အတွင်း စိမ့်ဝင် နေပေသည်။
“ဘယ်လောက်ကြာဦးမှာလဲ...”
ကျူးကျွင်းက အော်မေးလိုက်၏။ ကြယ်တာရာ သခင် အဆင့် အတောင်လေးဖက်ပါ သိမ်းငှက် ရှို့ရန်၏ ဓားချက်အောက်တွင် သူ၏ လက်တစ်ဖက်မှာ ဆုံးရှုံး သွားခဲ့ရပြီး ဖြစ်သည်။ သို့သော်လည်း... ကျူးကျွင်းမှာ များစွာ စိတ်အနှောင့်အယှက် ဖြစ်ပုံမရပေ။ သူက ကြယ်တာရာ စွမ်းအားကို တရဟော သုံးရင်း အာဏာရှင် အဖွဲ့သား တစ်ယောက်၏ မျက်နှာသို့ ကန်ထုတ်လိုက်၏။ သူ၏ ခြေထောက်ကာ ခေါင်းအတွင်းအထိ ကျွံဝင် သွားခဲ့သည်။ ကျူးကျွင်းမှာ အသက်တစ်ချောင်း အတွက် သူ့လက်ကို စတေးခဲ့ခြင်း ဖြစ်လေသည်။
ချက်ချင်းပင် အထက်ကောင်းကင်ရှိ လောကချည်နှောင် နေကြယ်များထဲမှ တစ်ခုမှာ တောက်ပသည့် အလင်းတန်း အဖြစ် ပျံ့လွင့် သွားခဲ့၏။ အာဏာရှင် အမှတ်အသားမှာ အလောင်းထက်၌ အသက်ဝင်လာကာ ခန္ဓာကိုယ်ကို သယ်ဆောင် သွားခဲ့သည်။ ပြိုင်ပွဲအတွင်း သေဆုံးလျှင် ဖယ်ရှားခံရမည် ဖြစ်သည်။
ဘုန်း...
ချက်ချင်း ဆိုသလိုပင် လိပ်မျိုးနွယ် ရှို့ရန် မိန်းကလေး တစ်ယောက်ထံမှ လက်ဖဝါး ရိုက်ချက် တစ်ခုမှာ ကျူးဟိုင် အပေါ်သို့ ကျရောက်လာခဲ့၏။ ထိုမိန်းကလေးမှာ ယခင် အနန္တ ဧကရာဇ်ဂိုဏ်း၏ မဟာ ဧကရာဇ်ဇင်နှင့် အလွန် ဆင်တူကာ တိုက်ခိုက်မှုများမှာလည်း တူညီမှု ရှိပေသည်။ ဖျော့တော့တော့ အစိမ်းရောင် အသားအရေနှင့် တွားသွား သတ္တဝါ မျက်လုံးများကလည်း သူမမှာ ဇင်၏ တိုက်ရိုက် မျိုးဆက် ဖြစ်ကြောင်း ဖော်ပြနေသည်။
ဘုန်း...
ကျူးကျွင်းမှာ လေပေါ် လွင့်စဉ်ကာ မြေပြင်ပေါ် အလွန် ကြမ်းတမ်း ခက်ထန်စွာ ပြုတ်ကျသွားခဲ့၏။ ထိုအရာက မိုင်ပေါင်းများစွာ အထိ ရောက်သည့် ငလျင်များကို ဖြစ်ပေါ်စေကာ ပင်လယ် ဒေသများတွင် ဆိုလျှင် ဆူနာမီလှိုင်းများပင် ပေါ်လာခဲ့လေသည်။
ကျူးကျွင်းမှာ ရင်ဘတ် တစ်ခုလုံး ပြင်းထန်စွာ လောင်ကျွမ်းနေသလို ခံစားနေရ၏။ သူ ပြုတ်ကျလာခဲ့သည့် ချိုင့်ကြီး အတွင်းမှ ထွက်ဖို့ ကြိုးစားလိုက်သည်။ အဆုံးမရှိ ဝိညာဉ် ကျင့်စဉ်များမှာ သူ့အပေါ် ကျရောက်လာခဲ့၏။ ကျူးဟိုင် တစ်ယောက် ပြင်းထန်သည့် အကြပ်အတည်းများနှင့် ရင်ဆိုင် နေခဲ့ရလေသည်။ အာဏာရှင် အဖွဲ့ဝင်များမှာ တစ်ယောက် တစ်ယောက်ချင်းပင် တိုက်ခိုက်ရ ခက်ခဲသည်။ ယခု သူက လေးယောက် တစ်ယောက် တိုက်ခိုက်နေရခြင်း ဖြစ်သည်။
ကျူးကျွင်း အပေါ်သို့ မော့ကြည့်လိုက်ရာ ဧရာမ အရိပ်ကြီး တစ်ခု ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ကြယ်တာရာ စွမ်းအားဖြင့် ပုံဖော်ထားသည့် လက်ဖဝါးကြီး တစ်ခုပင်။
သူ နောင်တရစွာ ပြုံးလိုက်မိ၏။ အကြိတ်ခံရပြီး သေဆုံးခြင်း... ဘယ်လောက်တောင် ကောင်းလိုက်သည့် နည်းလမ်းနည်း။
ရွှစ်... ရွှစ်...
ရုတ်တရက်... ရာနှင့်ချီသော မြှားများမှာ ထိုလက်ဖဝါးကို ပစ်ခတ်လိုက်၏။ ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။ လက်ဖဝါးကြီးမှာ မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့၏။
ကျူးကျွင်း တစ်ယောက် ထိုအခွင့်အရေးကို ယူကာ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို စုဆောင်းလိုက်သည်။ တစ်ခဏ အတွင်းမှာပင် သူ အားအင်များ ပြန်လည် ပြည့်ဝ သွားခဲ့၏။ သူ လက်သီးဖြင့် မြေကြီးကို ထိုးကာ ကောင်းကင်သို့ ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ခုန်တက်ခဲ့သည်။ ကျန်ရှိနေသေးသည့် လက်တစ်ဖက်ဖြင့် စစ်တူကြီးကို စွဲကိုင်ရင်း သူက အော်ဟစ် မာန်သွင်း လိုက်လေ၏။
“ဟမ်...”
ဇင်၏ မျိုးဆက်မှာ အံ့အားသင့်သွားခဲ့သည်။ စစ်တူမှ ပြင်းထန်သည့် ခြိမ်းခြောက်မှုများကို သူမ ခံစားနိုင်ပေသည်။ မိန်းကလေးက လက်ဟန်ချိပ်စည်းတစ်ခုကို ပုံဖော်လိုက်ရာ ထူးချွန်များ ပါသည့် အလင်း လိပ်ခွံ တစ်ခု ဖြစ်ပေါ်လာကာ သူမကို ရှေ့မှ ကာကွယ်လိုက်သည်။
ဘုန်း...
ကျူးကျွင်း၏ စစ်တူကြီး ကျဆင်းလာခဲ့ရာ လိပ်ခွံမှာ ချက်ချင်းလိုလို ကြေမွသွားခဲ့၏။ စစ်တူက သူမထံသို့ ဆက်လက်၍ တိုးဝင်လာသည်။ သို့သော်လည်း ဇင်၏ မျိုးဆက်မျာ အာကာသ ကျင့်စဉ် တစ်ခုကို ထုတ်ဖော်လိုက်၏။ ချက်ချင်းပင် သူမ ပျောက်ကွယ်သွားခဲ့သည်။
ဝှစ်...
သူမ ပြန်ပေါ်လာသောအခါ ကျူးကျွန်း၏ အပေါ် တည့်တည့်တွင် ရှိနေခဲ့သည်။ ကျူးကျွင်း တစ်ယောက် အလွန် ပင်ပန်းနွမ်းနယ်နေသော အခြေအနေတွင် ရှိနေလေရာ တုံ့ပြန်နိုင်ခြင်း မရှိပါပေ။
ဘုန်း...
မိန်းကလေး၏ လက်ဖဝါး နှစ်ဖက်က ပြင်းထန်စွာ ကျဆင်း သွားခဲ့၏။ ၎င်းတို့က ကျူးကျွင်း၏ ဦးခေါင်းခွံကို ပါးချပ်သည် အထိ ဖိချေလိုက်သည်။
ဘုန်း...
အရိုးများ၊ သွေးများ၊ ဦးနှောက် အပိုင်းအစများ...
ကျူးကျွင်း၏ အသက်မဲ့သော ခန္ဓာကိုယ်မှာ မြေပြင်ပေါ် ပြိုလဲကျသွားခဲ့လေတော့၏။
***