← Chapters

ဗာကီရီ အဖွဲ့ဝင်များ (၂)

Vol. 118 Ch. 1651

ဗာကီရီ အဖွဲ့ဝင်များ (၂)

Vol. 118 Ch. 1651

“...”

လောကမှာ တိတ်ဆိတ် ငြိမ်သက်နေ၏။ အင်ပါယာ ကောင်းကင် အော်ရာ အကြွင်းအကျန် အချို့သာလျှင် လောက၏ မန်နာများနှင့် ပေါင်းစပ်ကာ ကျန်ရစ်နေခဲ့ပေသည်။

လီယွင်ကူး...

လီယွင်ကူးမှာ အလွန် ကြောက်မက်ဖွယ် ကောင်းသူ တစ်ယောက် ဖြစ်သည်။ မည်သည့် အာဏာရှင်ကမှ သူမကို လျှော့မတွက် ရဲကြချေ။ သို့သော်လည်း အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်မှာ ပြိုင်ဘက်ကင်း အရှိန်အဟုန်ဖြင့် ရောက်ရှိလာကာ သူမကို မျက်တောင် တစ်ခပ်စာ အတွင်း သတ်ဖြတ် ရှင်းလင်းပစ်လိုက်သည်။ ထိုမြင်ကွင်းက အလွန်ပင် အထင်ကြီးစရာ ကောင်းပေသည်။

အလွှာအပြင်က ကျင့်ကြံသူများမှာလည်း ထိတ်လန့် တုန်လှုပ် နေကြ၏။ သူတို့မှာ အတူတကွ ပူးပေါင်း တိုက်ခိုက်ခဲ့ကြသည့်တိုင် လီယွင်ကူး၏ အကာအရံကို ဖျက်ဆီးနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ သို့သော်လည်း ထိုမိန်းကလေးကတော့ လှံတစ်စင်းနှင့် ရိုးရိုးရှင်းရှင်း ပစ်ပေါက်ကာ အရာအားလုံးကို အဆုံးသတ် ပစ်ခဲ့သည်။ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သည့် မွန်းစတား တစ်ကောင်နည်း။

အာဏာရှင်များမှာ ဝူပိုင်ကျိုး ထွက်ခွာသွားသည့်ဘက်ကို လှမ်းကြည့် နေကြ၏။ သူတို့၏ မျက်လုံးများက တဝင်းဝင်း တောက်နေကာ တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက် နေသည်။ ဝူပိုင်ကျိုး၏ သရဲသဘက် ဆန်ဆန် ခွန်အားကို တွေ့မြင်ခဲ့ရသော်လည်း မည်သူမှ နောက်ဆုတ်သွားလိုခြင်း မရှိပါချေ။

သို့သော်လည်း... သူတို့မှာ မီးပုံထဲကို ပြင်ဆင်မှု မရှိပဲ ဝင်တိုးမည့် ပိုးဖလံများ မဟုတ်ပါချေ။ နှစ်ပေါင်းများစွာ သေခြင်းရှင်ခြင်း စမ်းသပ်မှုများနှင့် လေ့ကျင့်ခဲ့ကြသည့် အာဏာရှင်များ ဖြစ်ကြသည်။ မဆိုင်းမတွပင် သူတို့မှာ ရန်သူကို မဟာ ဗျူဟာမြောက် ရင်ဆိုင်ရန် အစီအစဉ်များကို စတင် ရေးဆွဲကြတော့၏။

လီယွင်ကူး သေဆုံးသွားသည့် နေရာနှင့် မိုင်ပေါင်း သောင်းချီ အကွာအဝေး တစ်နေရာတွင်တော့ ဝူပိုင်ကျိုးမှာ နာ့ရှင်းရီ၊ ရွှယ်ရီဖေးတို့ နှစ်ယောက်နှင့် အတူတူ ရပ်နေခဲ့ကြ၏။ နာ့ရှင်းရီနှင့် ရွှယ်ရီဖေးတို့မှာ တစ်ယောက်နှင့် တစ်ယောက် အကွာအဝေး တစ်ခု ခြားနား၍ ရပ်နေကြသည်။ သူတို့ နှစ်ယောက်အကြား၌ မမြင်နိုင်သည့် တင်းမာမှု တစ်ခု ရှိနေသည့်ပုံပင်။

“တော်တယ်...”

ရွှယ်ရီဖေးက အပြစ်ကင်းစင်သည့် အားနူ၏ ခေါင်းလေးကို ပွတ်သပ်ရင်း ဝူပိုင်ကျိုးကို ပြုံးပြကာ ချီးကျူး’လိုက်၏။

"..."

နာ့ရှင်းရီကတော့ တိတ်ဆိတ်နေခဲ့သည်။

ဝူပိုင်ကျိုးမှာ သူတို့ နှစ်ယောက်ကြားရှိ တင်းမာမှုကို ခံစားရသည့်တိုင် မှတ်ချက် မပေးပါချေ။ ထို့အစား မီးခိုးရောင် တောက်ပနေသည့် ကောင်းကင်ကိုသာ မော့ကြည့်လိုက်၏။

“ကျေးဇူးပဲ...”

သူမက စိတ်မပါ့တပါဖြင့် ပြောလိုက်သည်။ သို့သော်လည်း ဝူပိုင်ကျိုးမှာ ချီးကျူးမှုကို လက်ခံရန် ပုံမှန် အသိစိတ်ဖြင့် ကြိုးပမ်းခဲ့လေရာ ရွှယ်ရီဖေး ကျေနပ်စွာ ပြုံးလိုက်သည်။

“နင် တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို အသုံးပြုနိုင်ပြီလား...”

နာ့ရှင်းရီက မေးလိုက်၏။ တတိယမြောက် အသွင်ပြောင်းခြင်းမှာ ဝူယု၏ အစွမ်းအထက်ဆုံးသော ဝှက်ဖဲ တစ်ခု ဖြစ်ကာ သူ မြေကြီးရှန့်ထို အဆင့် ရောက်ခါစက အစစ်အမှန် ဒြပ်စင်ဂိုဏ်းကို အလွယ်တကူ လွှမ်းမိုးနိုင်ရန် ကူညီပေးခဲ့သည်။ သို့သော်လည်း ၎င်းကို အသုံးပြုရန် အတွက် ကန့်သတ်ချက် များစွာ ရှိပေသည်။ ပုံမှန်အားဖြင့်... သေမျိုးတစ်ဦးမှာ ၎င်းကို အသုံးပြု နိုင်လိမ့်မည် မဟုတ်ပါချေ။

"..."

ဝူပိုင်ကျိုးက နာ့ရှင်းရီကို လှည့်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများက အနည်းငယ် အရောင်ပြောင်း သွားခဲ့သည်။

ဝူပိုင်ကျိုး ရွှယ်ရီဖေးကိုလည်း လှည့်ကြည့်လိုက်၏။ သို့သော်လည်း နဂါး နတ်မိမယ်မှာ စိတ်မဝင်စားသည့် အမူအရာ ရှိသည်။ ဝူပိုင်ကျိုး ဘာမှ ပြန်မပြောပဲ ကောင်းကင်ရှိ အလင်းတန်းများကိုသာ ပြန်လည် ကြည့်လိုက်၏။

နာ့ရှင်းရီ အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိ၏။ သူမ နောက်ထပ် စကားပြောဖို့ ဟန်ပြင်လိုက်စဉ်မှာပင် ရွှယ်ရီဖေး၏ အသံက ဖြတ်တောက်လိုက်သည်။

“ငါတို့အားလုံးက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်နေကြတဲ့လူတွေချည်းပဲ... တစ်ယောက် လျှို့ဝှက်ချက် တစ်ယောက် အာရုံမစိုက်နဲ့တော့...”

ထို့နောက် သူမသည်လည်း ဝူပိုင်ကျိုး ကဲ့သို့ပင် ကောင်းကင်ရှိ အလင်းတန်းများကို တွက်ချက်ဟန်ဖြင့် ကြည့်လိုက်သည်။ နာ့ရှင်းရီ၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာလေသည်။

ရွှယ်ရီဖေးမှာ ထိုအရာကို ခံစားမိရာ သက်ပြင်းတစ်ချက် ချရင်း သူမကို လှည့်ကြည့်လိုက်၏။

“ဘယ်လိုမျိုးလဲ ဆိုတာ နင်သိချင်နေတယ် မလား... အကြောင်းပြချက်က ရှင်းပါတယ်... မဟာ သူရဲကောင်းဝူက သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံ တိုးတက်ဖို့ အတွက် နည်းလမ်းတွေ အမြဲတမ်း ရှာဖွေပေးနေတာ... နောက်ပြီး ကျင့်ကြံခြင်း နည်းလမ်းတွေက ထာဝရ တည်မြဲနေတာ မဟုတ်ဘူး... မပြောင်းလို့ ရတဲ့ဟာတွေ မဟုတ်ဘူး... တိုးတက်အောင် လုပ်လို့ မရနိုင်တဲ့ ဟာတွေ မဟုတ်ဘူး... အဆင့်မြင့် ကျင့်ကြံသူကြီးတွေက အဆင့်နိမ့် အလွှာတွေ အတွက် နည်းလမ်းကို သင့်လျော်အောင် ပြုပြင်နိုင်တယ်”

"နင် အဖြေလို ချင်တယ်ဆိုရင် အဝေးကြီး ကြည့်နေစရာ မလိုပါဘူး... နောက်ပြီး ငါ့ယောက်ျားက ဝူပိုင်ကျိုးကို အတော်လေး ချီးကျူးဖူးတယ်... ငါက မျက်စိကန်းနေတာ မဟုတ်ဘူး... နင်လည်း မကန်းလောက်ဘူးလို့ ငါထင်တယ်”

ရွှယ်ရီဖေး၏ စကားလုံးများကို နားထောင်ရင်း ဝူပိုင်ကျိုး၏ မျက်လုံးများမှာ မသိမသာ အရောင်ပြောင်း သွားခဲ့၏။ ရွှယ်ရီဖေးက ဝေ့ဝူယင်အား “ငါ့ယောက်ျား” ဟု သုံးနှုန်းလိုက်သည့် အခါ အနည်းငယ် မနာလိုသလို သူမ ခံစားရသည်။ ဘယ်လိုပဲဖြစ်ဖြစ်... ဝေ့ဝူယင်က အတော်လေး ချီးကျူးသည်ဟု ဆိုလေရာ သူမ ကျေနပ်မိသည်။

နာ့ရှင်းရီမှာလည်း ရွှယ်ရီဖေး၏ အသုံးအနှုန်းကြောင့် အနည်းငယ် မသက်မသာ ဖြစ်သလို ခံစားလိုက်ရ၏။ ဘဝနှင့် ပတ်သက်၍ ရည်မှန်းချက် များစွာ ရှိသော်လည်း... သူမ၏ နှလုံးသားထဲ၌ ဝေ့ဝူယင်မှာ သူမ၏ ယောက်ျား ဖြစ်သည်။ သူမက သူ့ မိန်းမ ဖြစ်သည်။ ဝေ့ဝူယင်နှင့် ပထမဆုံးညကို ပြန်လည် တွေးလိုက်မိသော အခိုက်၌ သူမ၏ မျက်နှာက အနည်းငယ် ရှက်သွေးဖြာ သွားခဲ့၏။ ထိုမိန်းမမှာ သူ့ကိုယ်သူ ဝေ့ဝူယင်၏ ကိုယ်လုပ်တော်ဟု ခေါ်နေသော်လည်း ယခုအချိန်အထိ သူ့ နဂါးကို စီဖူးခြင်း မရှိပါသေးချေ။

နာ့ရှင်းရီ တစ်ယောက်တည်း ပြုံးလိုက်မိ၏။

ရွှယ်ရီဖေးကတော့ မိန်းကလေး နှစ်ယောက်၏ အတွေးများကို ဂရုမစိုက်ပုံ ရသည်။ သူမက အဝေးရှိ မိုးကုပ်စက်ဝိုင်းကိုသာ ငေးကြည့် နေခဲ့၏။

“ကြည့်ရတာ နင် ပြဿနာကို မီးရှို့မိပြီနဲ့ တူတယ်...”

အတန်ကြာပြီးနောက် သူမက ပြုံးရင်း ဝူပိုင်ကျိုးကို ပြောလိုက်သည်။ ဝူပိုင်ကျိုးနှင့် နာ့ရှင်းရီတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားကြ၏။ သူတို့ နှစ်ယောက်လုံး အတွေးများထဲမှ နိုးထလာကာ မိုးကုပ်စက်ဝိုင်းကို လှမ်းကြည့်လိုက်ကြလေသည်။

အာဏာရှင် အဖွဲ့မှာ ရိုးရှင်းသည့် အဖွဲ့တစ်ဖွဲ့ မဟုတ်ချေ။ အာဏာရှင် အင်ပါယာမှာ သူတို့ကို ကြီးကျယ်ခမ်းနားသည့် ရည်ရွယ်ချက်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ သူတို့၏ ပန်းတိုင်က ခေတ်သစ် တစ်ခုကို ဦးဆောင်ရန် ဖြစ်သည်။ အရေးကိစ္စ အားလုံးကို ကိုင်တွယ်ရန် ဖြစ်သည်။ မည်သည့် ရန်သူနှင့် မဆို စစ်ပွဲ ဆင်နွှဲရန် ဖြစ်သည်။ ဝေ့ဝူယင်မှာ ပြင်းထန် ခက်ခဲသည့် လေ့ကျင့်မှုများကို သူတို့၏ ရိုတွင်းခြင်ဆီများအတွင်း ရိုက်သွင်းပေးခဲ့သည်။ အားသန်ရာ နယ်မြေများကို ရှာဖွေကာ အစွမ်းကုန် ပံ့ပိုးပေးခဲ့သည်။

ဥပမာအားဖြင့် လီယွင်ကူးမှာ အံ့မခန်း ပါရမီ မြင့်မားသည့် အစီအရင် ပညာရှင် တစ်ဦး ဖြစ်သည်။ သူမမှာ အစီအရင်များကို အသုံးချ၍ ပတ်ဝန်းကျင်ကို လိုသလို ပြောင်းလဲနိုင်ကာ မဟာမိတ်များ အတွက် အကောင်းဆုံး တိုက်ပွဲနယ်မြေ တစ်ခု ဖန်တီးပေးနိုင်သည်။ ပေ့ယွင်ဟန်၏ မြှားမိုး နည်းဗျူဟာမှာလည်း အလွန်ပင် ဖျက်ဆီးနိုင်စွမ်း မြင့်မားကာ ရန်သူပေါင်း မြောက်များစွာကို တစ်ပြိုင်နက်တည်း တိုက်ခိုက် နိုင်သည်။ ကျူးကျွင်းကတော့ တောင်ကြီးတစ်လုံးနှင့် ဆင်တူကာ မည်သည့် အတားအဆီးကို မဆို အားနှင့် ဖြတ်ကျော်နိုင်စွမ်း ရှိသည်။

အကယ်၍ သူတို့သာ အထူးလေ့ကျင့်ထားသည့် အာဏာရှင်များနှင့် ရင်မဆိုင်ရပါက လျှို့ဝှက် ဝိညာဉ် အဆင့် စစ်တပ် တစ်တပ်ကိုပင် တားဆီးနိုင်လိမ့်မည် ဖြစ်သည်။

သို့သော်လည်း လီယွင်ကူး၊ ပေ့ယွင်ဟန်နှင့် ကျူးကျွင်းတို့မှာ အာဏာရှင် အဖွဲ့ကြီး၏ အဖွဲ့ဝင်များသာ ဖြစ်ပေသည်။ အာဏာရှင် အဖွဲ့ထဲ၌ အဖွဲ့ဝင်ပေါင်း သောင်းနှင့်ချီ၍ ရှိကာ သူတို့ အားလုံးမှာ ကိုယ်စီ အားသာချက်များကို ဆွဲကိုင်ထားကြသူများ ဖြစ်သည်။

ယခုအခါတွင်တော့ အံ့အားသင့်စရာပင် သူတို့ အားလုံးမှာ အတူတကွ စုစည်းနေကြပြီ ဖြစ်သည်။

ဝူပိုင်ကျိုးမှာ အာဏာရှင် တစ်ယောက် မဟုတ်ချေ။ ဗာကီရီ အဖွဲ့မှာ အာဏာရှင် အဖွဲ့ အတွင်းရှိ လျှို့ဝှက် အဖွဲ့ခွဲ တစ်ခု ဖြစ်သည်ကို သိထားသင့်ပေသည်။ မူလ အာဏာရှင်များနှင့် အခြားသော ဗာကီရီ အဖွဲ့ဝင်များသာ ထိုအဖွဲ့ခွဲ၏ တည်ရှိမှုကို သိကြသည်။

အပြင်လောက အတွက် ဝူပိုင်ကျိုးမှာ ဝူယု၏ မျိုးဆက်၊ ဝူယု၏ အရိုက်အရာကို ဆက်ခံသူ ဖြစ်သည်။ သူမက အဆုံးမဲ့ ဧကရာဇ် ဂိုဏ်းချုပ်လည်း ဖြစ်ကာ ရဲရင့် ထက်မြက်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

နာ့ရှင်းရီကတော့ အံ့မခန်း လှပသည့် ရုပ်ရည်နှင့် ကြောက်မက်ဖွယ် ပါရမီတို့ကို ပိုင်ဆိုင်ထားသည့် မိန်းကလေး တစ်ဦး ဖြစ်သည်။ အင်ပါယာ မျိုးနွယ်ပင်လျှင် သူမကို ရယူဖို့ ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ သူမက အစွမ်းထက်သည်။ ပါးနပ်သည်။ အသက်ရှူမှားလောက်အောင် လှပသည်။

ရွှယ်ရီဖေးကတော့ ချိပ်ပိတ်နယ်မြေ၏ သမိုင်းတွင် အထူးခြားဆုံးသော သေမျိုး ဖြစ်သည့် အာရုဏ်ဦး အာဏာရှင် အင်ပါယာ၏ တစ်ဦးတည်းသော ကိုယ်လုပ်တော် ဖြစ်သည်။ မကြာသေးမီနှစ်များ အတွင်း၌ သူမကို သေမျိုးများထဲတွင် နံပတ်တစ် အလှမယ် အဖြစ် သတ်မှတ်ခဲ့ကာ နာ့ရှင်းရီ၊ ဝူပိုင်ကျိုးနှင့် အခြားလူ အနည်းငယ်သာလျှင် သူမ၏ အလှတရားကို ယှဉ်ပြိုင်နိုင်ခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ရွှေရောင် ဂိတ်တံခါး နန်းတော် ပင်လျှင် ခိုင်မာသော ဆုံးဖြတ်ချက်ပင် မချခဲ့ရပေ။

လောက၌ သူတို့ထဲမှ တစ်ဦးတစ်ယောက်ကိုမှ အာဏာရှင် အဖြစ် တရားဝင် မသိကြပါချေ။ မူလ အာဏာရှင် အဖွဲ့ဝင် အချို့သာလျှင် သူတို့ အကြောင်းကို သိကြသည်။

အာဏာရှင်များ၏ အမြင်၌... မိန်းကလေး သုံးယောက်ထဲ၌ ရွှယ်ရီဖေး တစ်ယောက်သာလျှင် အပြင်းထန်ဆုံးသော ခြိမ်းခြောက်မှု ဖြစ်သည်။ သို့သော်လည်း ယခု ဝူပိုင်ကျိုးသည်လည်း အလားတူ ကြောက်မက်ဖွယ် ကောင်းသည့် ခွန်အားကို ပြသလာခဲ့သည်။ ထို့အပြင်... မိန်းကလေး နှစ်ယောက်မှာ အတူတကွ ပူးပေါင်းနေလေရာ သူတို့ ဦးစားပေး ရှင်းလင်းရမည့် ပစ်မှတ်များက ပြောင်းလဲ သွားခဲ့ရပေသည်။

ရွှယ်ရီဖေးမှာ အာဏာရှင်များ၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလေရာ သက်ပြင်းတစ်ချက် ချလိုက်၏။ နာ့ရှင်းရီ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသည်။ ဝူပိုင်ကျိုးကတော့ လှံကိုသာ ပိုမို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေ၏။

***

All Chapters