← Chapters

ကျင့်ကြံခြင်း နှလုံးသား ပျက်စီးခြင်း

Vol. 118 Ch. 1641

ကျင့်ကြံခြင်း နှလုံးသား ပျက်စီးခြင်း

Vol. 118 Ch. 1641

အပြင်သို့ ရောက်ရှိလာခဲ့ပြီးနောက် အပေါ်သို့ မော့ကြည့်လိုက်ရာ အနက်ရောင် အစက်အပြောက် ဒါဇင်ပေါင်း များစွာကို တွေ့မြင်လိုက်ရသည်။ တိုင်၏ အောက်ခြေတွင်လည်း အဖြူရောင် မီးခိုးငွေ့များမှာ ထူထပ် များပြားစွာ လွင့်ပျံနေဆဲ ဖြစ်သည်။

“သေမျိုးအဆင့်နဲ့တင် သူတို့က ဒီလို ပတ်ဝန်ကျင်းမျိုးမှာ ဘယ်လို ခံနိုင်ရည် ရှိနေရတာလဲ... ဘယ်လို အသက်ရှင် နိုင်ကြတာလဲ...”

တူလာရီမှာ ဝိညာဉ်ပင် တုန်ရီနေသလို ခံစားနေရသည်။ ထိုအနက်ရောင် အစက်အပြောက်များမှာ ပိုကေနှင့် တရှန်းတို့ ကဲ့သို့ အပြင်းအထန် ကျင့်ကြံနေသူများ ဖြစ်နေသည်မှာ အသေအချာပင်။

ယာ့စူးမာကတော့ ဘေးနားတွင် တုန်ရီနေဆဲ ဖြစ်သည်။ ထိပ်တန်း အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားသည့်တိုင် မီးလောင်ကျွမ်းကာ အရည်ပျော်ကျသွားခဲ့သည့် မှတ်ဉာဏ်က သူ့ဦးနှောက် အတွင်း စွဲထင်နေဆဲ ဖြစ်သည်။ ၎င်းက သူ့ဘဝ တစ်လျှောက် တစ်ခါမှ မခံစားခဲ့ဖူးသည့် အတွေ့အကြုံမျိုး ဖြစ်သည်။

ဘေးနားရှိ တိုက်တန် အချို့ကတော့ ယာ့စူးမာ၏ ကျင့်ကြံခြင်း နှလုံးသား ထိခိုက်သွားခဲ့သည်ကို သတိပြုမိပေသည်။ အကယ်၍ နောင်အနာဂတ်တွင် လျှို့ဝှက် နယ်မြေများကို သွားရောက်ခွင့် ရရှိခဲ့ပါက ထိုကြောက်ရွံ့စိတ်၏ စေ့ဆော်မှုကြောင့် သူ အခွင့်အလမ်းများကို ဆုံးရှုံးသွားရနိုင်သည်။ ကျင့်ကြံခြင်းမှာ လုံးဝ လမ်းဆုံးသွားခြင်း မဟုတ်သော်လည်း သူ၏ အနာဂတ်မှာ အနှောင့်အယှက်ဖြစ်နိုင်သည်ဟု ဆိုလိုသည်။

အခြားတစ်ဖက်၌... ထန်ဘူမာမှာ ယာ့စူးမာထံမှ သူ့ ခန္ဓာကိုယ်ထံ ကူးစက်လာခဲ့သည့် နေစွမ်းအင် အကြွင်းအကျန် တစ်ချို့ကို ဖယ်ရှားနေခဲ့၏။ သူ့ မျက်လုံးများ အတွင်း၌လည်း ထိတ်လန့်မှု အချို့ ရှိနေခဲ့သည်။ သူက ကြီးကျယ် ခမ်းနားသည့် မြေကြီး ရှန့်ထို တစ်ဦး ဖြစ်သော်လည်း အလားတူ ဖြစ်စဉ်မျိုး ကြုံတွေ့ရပါက အသက်ရှင်သန်နိုင်ရန် ယုံကြည်ချက် မရှိပါချေ။

အဖြူရောင် မီးခိုးငွေ့များ ဖုံးလွှမ်းနေသည့် သေမျိုး ကျင့်ကြံသူများမှာ နေစွမ်းအင်ကို သူတို့၏ လောကချည်နှောင် နေကြယ်များနှင့် ပူးပေါင်းဖို့ လွတ်လပ်စွာ ခွင့်ပြုထားကြကာ ပိုလျှံနေသည့် စွမ်းအားများကို ကိုယ်ခန္ဓာနှင့် ကျင့်ကြံခြင်း အခြေခံတို့အား သန့်စင်ဖို့ အသုံးပြု နေကြသည်။ ထိုနည်းဖြင့် အဖြူရောင် မီးခိုးငွေ့များကို ထုတ်လွှတ်နေကြခြင်း ဖြစ်သည်။

အထက်ရှိ ကျင့်ကြံသူများကတော့ ဘယ်လိုမျိုး ကျင့်ကြံနေကြကြောင်း သူ မသိချေ။ သို့သော်လည်း ဆွဲငင်အားကို အခြေခံသည့် သန့်စင်ခြင်းနှင့် ကျင့်ကြံခြင်း ပုံစံအချို့ ဖြစ်လိမ့်မည်ဟုတော့ ယူဆလို့ ရပေသည်။

ထိုသေမျိုးများနှင့် ခြားနားစွာပင် သူ့ထံတွင် အစစ်အမှန် အမတေဖြင့် ဖန်တီးထားသည့် လောကချည်နှောင် နေကြယ် မရှိချေ။ အလွှာအပြင်က လောကမှ ရွေးချယ်ခံများစွာမှာလည်း အလားတူပင် ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့၏ လောကချည်နှောင် နေကြယ်များမှာ အကန့်အသတ် များစွာ ရှိပေသည်။ အတုအယောင် ဥပဒေသ မျိုးစေ့၊ အတုအယောင် နေကြယ်နှင့် အတုအယောင် ပတ်လမ်းတို့ အားလုံးမှာ ထိုအတိုင်းပင် ဖြစ်သည်။

“ဆိုတော့ ဒီနေရာက အထွတ်အထိပ် လမ်းစဉ်ကို လျှောက်လှမ်းနေတဲ့သူတွေ... အတုအယောင် ကင်းမဲ့တဲ့ နည်းလမ်းတွေနဲ့ ကျင့်ကြံထားတဲ့လူတွေ အတွက် အခွင့်အလမ်း တစ်ခုပေါ့...”

ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် တန်ဘူမာ နိမ့်ကျမှုကို ခံစားလိုက်ရသည်။ သူ နေရာတွင်ပင် စက္ကန့် အနည်းငယ်ကြာအောင် ရပ်တန့် နေခဲ့မိကာ နေမိ၏။ နောက်ဆုံးတွင်တော့ ထိုခံစားချက်ကို နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာထံ တွန်းပို့လိုက်ရင်း ခေါင်းခါလိုက်သည်။ သူ အလင်းတိုင်ဘက်သို့ လှည့်လိုက်ရင်း နောက်ဆုံး အပိုင်းအစကို ရယူဖို့ ဆုံးဖြတ်လိုက်၏။ ခြေတစ်လှမ်း တည်းဖြင့်ပင် သူ၏ ခန္ဓာကိုယ်မှာ အလင်းတိုင်ထဲသို့ ဝင်ရောက် သွားခဲ့သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် တန်ဘူမာ၏ ပုံရိပ်မှာ ပြန်လည် ထွက်ပေါ်လာ၏။ သူက မည်သည့် ဒဏ်ရာ သို့မဟုတ် အနှောင့်အယှက်မှ ခံစားခဲ့ရပုံမရဘဲ အချိန်ကို ပြောင်းပြန်လှည့်ခြင်း စွမ်းအားကို အသုံးပြုခဲ့သည့် အကျိုးသက်ရောက်မှုများကြောင့် အနည်းငယ် ဖြူရော်နေသည်သာ ရှိပေသည်။ သတ္တမမြောက် အပိုင်းအစကို ရယူရန် မခက်ခဲခဲ့ချေ။ ၎င်းအား မည်သည့် လျှို့ဝှက် အာဏာရှင် အဆင့် မဆို ရယူနိုင်ပေလိမ့်မည်။ သတ္တမမြောက် အပိုင်းအစအား ရယူခြင်း၏ အစစ်အမှန် အခက်အခဲမှာ မကြာမီ ပေါ်ပေါက်လာမည့် ပြိုင်ဆိုင်မှုပင် ဖြစ်သည်။

သို့သော်လည်း... တန်ဘူမာ၏ အကြည့်များမှာ အနက်ရောင် အစက်အပြောက်များနှင့် အဖြူရောင် မီးခိုးငွေ့များတစ်လျှောက် ဖြတ်သန်းသွားခဲ့၏။ ဤတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ အရင်ကနှင့် အလွန်ကွာခြားနေကြောင်း ရှင်းလင်းပေသည်။ အလွှာအပြင်က ရွေးချယ်ခံ မည်မျှ အသက်ရှင်နေသေးကြောင်း သူ မတွေးပဲ မနေနိုင်ခဲ့ချေ။ ထိုအသိစိတ်က သူ၏ နှလုံးသားကို မှောင်မိုက်စေ၏။

ငွေရောင် ဆံပင်များနှင့် ရှို့ရန်မှာ သူတို့ထဲမှ အများအပြားကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ထိုပုဂ္ဂိုလ် ထွက်ခွာ သွားပြီးနောက် အနီးအနားတွင် မြေကြီးရှန့်ထို တစ်ဦးတစ်ယောက်ကိုမျှ သူ မတွေ့ခဲ့ရပေ။ သူက သူတို့အားလုံးကို သတ်ခဲ့သည်လား။ သူ တစ်ဦးတည်းသာ ကျန်တော့သည်လား။ ဤသို့ဆိုလျှင် သူက အဘယ်ကြောင့် ဤနေရာတွင် ရှိနေရသနည်း။

မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ သတ္တမမြောက် အပိုင်းအစကို အလွယ်တကူ ရယူနိုင်ခဲ့လေရာ တန်ဘူမှာမှာ နှလုံးသားအတွင်း မွမ်းကြပ်မှု တစ်ခုကို ခံစားလိုက်ရသည်။ သေမျိုးများ အကြောင်းကို သူ ပို၍ တွေးမိလေလေ၊ ထိုခံစားချက်က သူ၏ စိတ်ထဲတွင် ပို၍ ထင်ရှားလာလေလေ ဖြစ်သည်။ သူတို့က သူ့ကိုရော အပြတ်ရှင်းကြမည်လော။

တန်ဘူမာ တစ်ယောက် ယုံကြည်ချက်များ တဖြည်းဖြည်း ကျဆင်းလာစဉ်မှာပင် အဖြူရောင် မီးခိုးငွေ့ အတွင်းမှ အသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

“နင် ကျင့်ကြံသင့်တယ်... ပြိုင်ပွဲရဲ့ တတိယကို ရောက်ဖို့ လိုသေးတယ်...”

စကားပြောလိုက်သူက တရှန်းပင် ဖြစ်သည်။ အကြောင်းအရာများစွာ ဖြစ်ပျက်ခဲ့သော်လည်း ပြိုင်ပွဲ၏ ၄၃ ရက်မြောက်နေ့ကို‌ ရောက်ပေသေးသည်။ ဒုတိယအဆင့်မှာ ၅၄ ရက်လောက်မှ ကုန်ဆုံးမည် ဖြစ်သည်။ ထို့ကြောင့်ပင် ပေါင်းစည်းထားသည့် သရဖူ အပိုင်းအစများ ၎င်းတို့၏ စွမ်းအားများကို မဆုံးရှုံးခင် ၁၀ ရက်ခန့် ကျန်ရှိသေးသည်။

တရှန်း၏ အကြံပေးစကားကြောင့် တန်ဘူမာ တစ်ယောက် သတိပြန်ဝင် လာခဲ့၏။ ပြိုင်ပွဲမှာ ၄၃ ရက်မြောက် နေ့ကိုသာ ရောက်သေးသည်ကို သူ အမှန်တကယ် မေ့လျော့ နေခဲ့ခြင်း ဖြစ်သည်။ လက်ဖဝါးအတွင်းရှိ ပေါင်းစည်းခြင်း အပိုင်းအစကို ကြည့်လိုက်ရင်း ၎င်း၏ စွမ်းအားများမှာ ခန္ဓာကိုယ်နှင့် အပြန်အလှန် သက်ရောက်နေသလို ခံစားရသည်။ ခန္ဓာကိုယ် အတွင်းရှိ အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်များကိုပင် သူ ယောင်ဝါးဝါး အာရုံခံနိုင်လာသလို ရှိ၏။

ထိုအကြွင်းအကျန်များမှာ သူ့ ဘဝ တစ်လျှောက်လုံး သုံးစွဲခဲ့သမျှ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်များမှ ဖြစ်ပေသည်။ ပုံမှန်အားဖြင့် လျှို့ဝှက်အဆင့် အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်များကို အာရုံ ခံစားရန်နှင့် အပြန်အလှန် ဆက်သွယ်ရန် အတွက် သာလွန် အဆင့် အဂ္ဂိရတ် ကြယ်တာရာများကို ပို်ငဆိုင်ထားသည့် အဂ္ဂိရတ် ပညာရှင်များ၏ အကူအညီကို လိုအပ်ပေသည်။ ၎င်းတို့ကို ပိုင်ဆိုင်ထားသူများမှာ အထွတ်အထိပ် အဆင့် နာမည်ကျော် မြေကြီး အဂ္ဂိရတ် ရှန့်ထိုများနှင့် လောကရှန့်ထိုများသာ ဖြစ်ကြသည်။

သူ့ထံတွင် နောက်ခံကောင်းကောင်း ရှိသော်လည်း ထိုကဲ့သို့ ပုဂ္ဂိုလ်များကို ခေါ်ယူရန် စွမ်းအား မရှိပါချေ။ ထိုအဂ္ဂိရတ် ပညာရှင်များမှာ အခြေခံ အုတ်မြစ်ကို အလွန်ပင် အာရုံစိုက်ကာ လျှို့ဝှက် အရှင်သခင် ဖြစ်လာနိုင်သည့် ရွေးချယ်ခံများနှင့်သာ ပူးပေါင်းလေ့ ရှိကြသည်။

ခိုင်မာသည့် အခြေခံ အုတ်မြစ် မရှိခြင်းမှာ ခုအချိန်တွင် ကိစ္စ သိပ်မရှိလှသော်လည်း ပိုမို မြင့်မားသည့် အဆင့်များကို တက်လှမ်းရန် ကြိုးစားသည့် အခါတွင်တော့ များစွာ ပြဿနာ ဖြစ်လာလိမ့်မည် ဖြစ်သည်။ သူက ဒုက္ခိတ အဖြစ် အဆုံးသတ်နိုင်သလို လုံးဝလည်း သေဆုံးသွားနိုင်ပေသည်။ မည်သို့ပင် ဆိုစေ... သူ့ထံတွင် မျှော်လင့်ချက် အနည်းငယ် ကျန်ရှိနေသေးသည်။

သူသာ ဤတစ်ကြိမ် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် ကောင်းမွန်သော စွမ်းဆောင်ရည်များ ပြသပြီး ရွေးချယ်ခံ ဧကရာဇ် တစ်ပါး၏ အကျိုးကျေးဇူးများအားလုံးကို ရယူနိုင်ခဲ့ပါက လျှို့ဝှက် အရှင်သခင် အဆင့် သို့မဟုတ် ထိုထက်မက မြင့်မားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာရန်အတွက် လမ်းခင်းနိုင်ပေလိမ့်မည်။

"..."

တန်ဘူမာ အတွေးနှင့် အတူ သူ၏ လျှို့ဝှက် သင်္ကေတ ကိုးခုကို ဆင့်ခေါ်လိုက်၏။ သူ၏ မျက်လုံးများက ပိုမို၍ မှုန်မှိုင်းလာကာ စိတ်မှာလည်း လေးလံ လာခဲ့သည်။ မသိနားမလည်သူများ အတွက် လမ်းစဉ် ကိုးခု မြေကြီး ရှန့်ထို တစ်ယောက်မှာ မယုံကြည်နိုင်လောက်အောင် ခမ်းနားကောင်း ခမ်းနားနိုင်ပေသည်။ သို့သော်လည်း... အမှန်တရားမှာ အပေါ်ယံ ထင်ရသည်ထက် ပိုမို၍ နက်ရှိုင်းပေသည်။

ကျင့်ကြံခြင်းက ခက်ခဲသည်။ ၎င်းမှာ ဝမ်ယုထျန်း အတွက် ဖြစ်စေ၊ စန်းယွန်းလီ၏ အသိစိတ် ပင်လယ် အတွင်းရှိ ဝိညာဉ် အတွက် ဖြစ်စေ၊ နတ်ဘုရား အင်ပါယာ ကိုယ်တိုင် အတွက် ဖြစ်စေ... မပြောင်းလဲသည့် အမှန်တရား တစ်ခု ဖြစ်သည်။ ကံကောင်းထောက်မစွာပင် ကောင်းကင်မှ လမ်းဖွင့်ပေးထားသည့် ချွင်းချက်များလည်း ရှိနေပေသည်။

မူလ ပထမက တန်ဘူမာမှာ လမ်းစဉ် ခြောက်ခု လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်သည်။ နောက်ထပ် သုံးခုကို သူ မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်လာပြီး နောက်မှ ကောင်းကင် ရတနာ တစ်ခုကို သုံး၍ ခန္ဓာကိုယ် အတွင်း ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက် အနေဖြင့် သူက တိုက်ပွဲများတွင် အဆင့်ခြောက် ခြေချခြင်း ကျင့်စဉ်များကိုသာ သုံးနိုင်ခဲ့သည်။ ထိုနည်းတူစွာပင် ၇၆ မြောက် မင်းသားသည်လည်း လမ်းစဉ် ခုနစ်ခုကိုသာ ပိုင်ဆိုင်ခဲ့သည်။

ပုံမှန်အားဖြင့် ထိုအရာမှာ လူတစ်ယောက် ဂုဏ်ယူ ဝံ့ကြွားဖို့ လုံလောက်ပေသည်။ သို့သော်လည်း... တန်ဘူမာမှာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲအတွက် အချိန်မတိုင်မီ မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိဖို့ လောခဲ့ရသည်။ နှစ်တစ်ထောင်လောက်သာ အချိန်ရပါက သူသည်လည်း အစစ်အမှန် လမ်းစဉ် ကိုးခု မြေကြီးရှန့်ထို တစ်ယောက် ဖြစ်နိုင်သည်။

သို့သော်လည်း... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ နှစ်ပေါင်းငါးရာ အထိသာ ကန့်သတ်ထားသည်။ အသက် မလွန်စေရန် အတွက် သူ ခန္ဓာကိုယ်တွင် ပုံမှန် မဟုတ်သည့် အချိန် စီးဆင်းမှုကို ဖန်တီးခဲ့ရသည်။ ယခုလက်ရှိ သူ၏ ခန္ဓာကိုယ် အတွင်းတွင် သဘာဝ မကျသည့် အချိန် စီးဆင်းမှု ရှိနေကာ ၎င်းမှာ သူ မပြင်ဆင် မချင်း ကြာမြင့်နိုင်သည်။ သို့သော်လည်း... ရွေးချယ်ခံ ဧကရာဇ် တစ်ပါး ဖြစ်လာခြင်း၏ အကျိုးကျေးဇူးများကိုသာ ခံစားခွင့် ရရှိခဲ့ပါက သက်တမ်း နှစ်ပေါင်း တစ်သောင်း စတေးရလျှင်ပင် အဖိုးတန်ပေလိမ့်မည်။

သို့သော်လည်း... မျှော်လင့် မထားစွာပင် ဤနေရာ၌ အလွန် ကြောက်စရာကောင်းသည့် သေမျိုးများ ရောက်ရှိနေခဲ့သည်။ မြေကြီးရှန့်ထို တစ်ယောက်အနေဖြင့်ပင် ထိုသေမျိုးများကို အနိုင် တိုက်ခိုက်နိုင်ရန် သူ့ထံတွင် ယုံကြည်ချက် မရှိချေ။ ထို့ကြောင့်ပင် သူ့ထံတွင် ရွေးချယ်ခံ ဧကရာဇ် တစ်ယောက် ဖြစ်လာရန် အခွင့်အရေး မရှိတော့ကြောင်းကို သဘောပေါက်လိုက်သည်။

တွေဝေမှုန်မှိုင်းခြင်းက သူ့ နှလုံးသား တစ်ခုလုံးကို လွှမ်းခြုံ နေခဲ့၏။ တန်ဘူမာ လမ်းပျောက် နေခဲ့ပြီ ဖြစ်သည်။

လောက၌ ကျင့်ကြံသူ တစ်ဦး၏ နှလုံးသားကို ပျက်ပြားစေနိုင်သည့် အကြောင်းအရာ များစွာ ရှိပေသည်။ ထိုအထဲမှ တစ်ခုက မိမိကိုယ်ကို အခြားလူများနှင့် နှိုင်းယှဉ်ခြင်း ဖြစ်သည်။ ယခု၌ တန်ဘူမာမှာ ထိုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

တန်ဘူမာ တစ်ယောက် စိတ်ပျက်အားငယ်နေစဉ်မှာပင် တရှန်း၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ဘာကို စောင့်နေတာလဲ... ငါတို့မှာ ဖြုန်းစရာ အချိန် မရှိဘူး... ဒုတိယ အဆင့် ပြီးတာနဲ့ နောက်ဆုံး ပေါင်းစည်းခြင်း အဆင့်က စတင်တော့မှာ”

"..."

တန်ဘူမာမှာ နှလုံးသားနှင့် စိတ်ဆန္ဒအရ လမ်းပျောက်နေခဲ့သော်လည်း တရှန်း၏ လမ်းညွှန်ချက်ကို လိုက်နာရန် ဆုံးဖြတ်လိုက်သည်။ သူက တရှန်းကို ရှာဖွေကာ မလှမ်းမကမ်း တစ်နေရာတွင် ထိုင်ချလိုက်သည်။ သူ့ထံတွင် နေစွမ်းအင်များကို အသုံးပြု၍ ကျင့်ကြံနိုင်စွမ်း မရှိသော်လည်း သရဖူ အပိုင်းအစများကိုတော့ အသုံးပြုနိုင်ပေသေးသည်။

“သရဖူ အပိုင်းအစ ဒီကိုပေး... ငါတို့မှာ အဲဒီစွမ်းအင်တွေကို ချိတ်ဆက်ဖို့နည်းရှိတယ်...”

တရှန်းက ညွှန်ကြားလိုက်၏။ ထို့နောက် သူမက ပေါင်းစည်းထားသည့် သရဖူ အပိုင်းအစများ ပါဝင်နေသော သူမ၏ အာကာသ လက်စွပ်နှင့် ချိတ်ဆက်မှုကို ဖွင့်လိုက်သည်။ ကွန်မန်ဒါများမှာ ထိုအပိုင်းအစကို မည်သူပဲ ယူထားထား သိပ်ဂရုမစိုက်ကြသော်လည်း တရှန်းထံ၌ ထားရသည်ကို ပိုမို စိတ်ချသည်။ မည်သို့ပင် ဆိုစေ... တရှန်းမှ အာဏာရှင် အင်ပါယာ၏ ချစ်သူ ဖြစ်သည်။ သူမထံ၌ ဆိုပါက အဆုံးမဲ့ နတ်ဘုရား အင်ပါယာ ပင်လျှင် လုပ်ဆောင်ဖို့ တုန့်ဆိုင်းပေလိမ့်မည်။

တန်ဘူမာက တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်ကာ တရှန်းပြောသည့် အတိုင်း လိုက်လုပ်လိုက်၏။ မိန်းကလေးက အပိုင်းအစများကို အတူတကွ ပေါင်းစည်းလိုက်ကာ ၎င်းတို့၏ ထူးခြားသော စွမ်းအားများနှင့် ချိတ်ဆက်လိုက်သည်။ အခြားလူများ၏ လက်စွပ် ဒါဇင်ပေါင်းများစွာသည်လည်း ထိုလက်စွပ်နှင့် ချိတ်ဆက်နေသည်ကို သူ သဘောပေါက်ပြီး ဖြစ်သည်။ တရှန်းမှာ လက်စွပ်ကို သူ၏ တိုက်တန် အဖွဲ့အပါအဝင် ဤနေရာ၌ ရှိနေသူ အားလုံးနှင့် ချိတ်ဆက်နိုင်အောင် လုပ်ဆောင်ထားသည့်ပုံ ရသည်။

တန်ဘူမာမှာ ထိုအရာကို စိတ်မဝင်စားပေ။ ပေါင်းစည်းခြင်း အပိုင်းအစ၏ စွမ်းအားကိုသာ အာရုံစိုက်လိုက်ကာ သူ၏ ကိုယ်ခန္ဓာနှင့် စတင်ပေါင်းစည်း၍ အဂ္ဂိရတ် ဝိညာဉ် အကြွင်းအကျန်များကို တဖြည်းဖြည်းချင်း စတင် ဖြိုခွဲလိုက်သည်။ ထိုနည်းဖြင့် သူက အကျိုးကျေးဇူးအချို့ကို ရရှိခဲ့လေသည်။

***

All Chapters