မျှော်လင့်ခြင်း နိုင်ငံတော်..
Vol. 41 Ch. 601
ဆန်နီဟာ..အကန့်အသတ်မရှိကျယ်ပြောတဲ့ အပြာရောင် ကောင်းကင်ကို အိပ်မက်မက်နေခဲ့တယ်..။
ကောင်းကင်ရဲ့အောက်မှာတော့..လေထဲမှာလွင့်မျောနေတဲ့ ကျွန်းတွေဟာ..လှပတဲ့ ဒဂ်ါးပြားတွေလိုပဲ..
အဆုံးမရှိတဲ့ အမှောင်ထုကြီးကို နောက်ခံထားပြီး
တည်ရှိနေခဲ့ပါတယ်..။တစ်ချို့ကျွန်းတွေက..စိမ်းလန်းစိုပြေပြီး..တစ်ချို့ကျွန်းတွေကတော့ ပျက်စီးကာ ဘာမှရှိမနေခဲ့ပေ..။တစ်ချို့က ရှေးဟောင်းအပျက်အစီးတွေနဲ့ ဖုံးအုပ်နေခဲ့ပြီး..ကျောက်တုံးတွေပေါ်မှာလည်း ရေမှော်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။
သူတို့အားလုံးကို ကြီးမားတဲ့ ချိန်းကြိုးကြီးတွေက စုစည်းပေးထားခဲ့ပြီး..ကျွန်းတွေ မြင့်တက်မူ ၊ ကျဆင်းမူ ဖြစ်ပေါ်တဲ့ အချိန်တိုင်း အသံတွေ မြည်နေခဲ့ပါတယ်..။ဒီကျွန်းတွေဟာ..ချောက်နက်ကြီးတစ်ခုရဲ့ အထက်မှာ လွင့်မျှောနေကြတာ ဖြစ်ပြီး..အရမ်းကို ဝေးကွာလွန်းတဲ့ အောက်ဘက်မှာတော့..ဖြူဖျော့တဲ့ ကြယ်လေးတွေက တောက်ပနေခဲ့ကြတယ်..။ဒီအရာတွေရဲ့ အလယ်ဗဟိုမှာတော့..ရုပ်ဆိုးအကျည်းတန်တဲ့ အပေါက်ကြီးတစ်ခု တည်ရှိနေပြီး..ဘာမှမရှိတဲ့ နေရာလွတ်အဖြစ် ရှိနေခဲ့ပါတယ်..။
ဒီ အပေါက်ကြီးရဲ့ အထက်မှာ အထီးကျန်နေတဲ့ ကျွန်းတစ်ကျွန်းသာ ရှိနေခဲ့ပြီး..သူ့ရဲ့ အစွန်းတွေကို ချိန်းကြိုးတွေက ဆက်ထားပေးခဲ့ကြတယ်..။သူ့ရဲ့ မျက်နှာပြင်မှာတော့ တိမ်တိုက်တွေနဲ့ လွှမ်းခြုံထားကာ..လှပတဲ့ စေတီတစ်ဆူ ရှိနေခဲ့ပါတယ်..။
ရုတ်တရက် ဆိုသလိုပဲ..နေလုံးကြီးက နောက်ပြန်ရွေ့လျားသွားခဲ့ပြီး..မကြာခင်မှာပဲ အရှေ့အရပ်ကို တိုးဝင်ပျော်ကကွယ်သွားခဲ့တယ်..။ကောင်းကင်က နက်မှောင်သွားခဲ့ပြီးတဲ့ နောက်မှာ..အလင်းရောင် ဖြာထွက်နေတဲ့ လမင်းကြီးက ထွက်ပေါ်လာခဲ့ကာ..မှိန်ဖျော့တဲ့ အလင်းတစ်ချို့ကို ပေးစွမ်းထားခဲ့ပါတယ်..။တစ်ခနအကြာမှာတော့..နေ့ဘက်ပြန်ရောက်သွားခဲ့တယ်..ပြီးတာနဲ့ ညဘက်ကို ပြန်ရောက်သွားခဲ့ပြန်ပါတယ်..။
V မိုးကောင်းကင်က အလင်းနဲ့ အမှောင်ကြားထဲမှာ ဆက်တိုက်ပြောင်းလဲနေခဲ့ပြီး..အချိန်ကလည်း..ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်တဲ့ ဆက်တိုက်ဆိုသလို နောက်ပြန်စီးဆင်းနေခဲ့တယ်..။ဆန်နီဟာ..သူ့အောက်ဘက်က ကျွန်းတွေက ဖြည်းညှင်းစွာပဲ ပုံစံပြောင်းလဲနေကြတာကို မြင်နေခဲ့ရပါတယ်..။အပျက်အစီးတွေက..မြေကြီးပေါ်ကနေ မြင့်တက်လာပြီး..မြင့်မားတဲ့ အဆောက်အဦးတွေ ဖြစ်လာခဲ့ကြတယ်..။အောက်ဘက်ချောက်နက်ထဲမှာ တောက်ပနေကြတဲ့ ကြယ်တွေက ပိုမိုတောက်ပလာခဲ့ကြတယ်..။နောက်ထပ် နောက်ထပ် အလင်းရောင်အသစ်တွေလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့ကာ..လေဟာနယ်တစ်ခုလုံးက ဒေါသတကြီးလောင်ကျွမ်းနေတဲ့ အလင်းရောင်တွေနဲ့တောင် ပြည့်နှက်သွားခဲ့ပါတယ်..။
တစ်ခုပြီးတစ်ခု ဆိုသလိုပဲ..အလင်းရဲ့ ဖျက်ဆီးခြင်းကို ခံထားကြရတဲ့ ကျွန်းတွေဟာ..ပြန်လည်ထွက်ပေါ်လာကြပြီး..သူတို့ကို ဆက်သွယ်ပေးထားတဲ့ ချိန်းကြိုးတွေကလည်း..အကောင်းအတိုင်း ပြန်လည်ဖြစ်လာခဲ့ကြတယ်..။မကြာခင်မှာပဲ သူ့ရဲ့ အလယ်ဗဟိုမှာ ရှိနေတဲ့ အပေါက်ကြီးက မရှိတော့ပါဘူး.။အဲဒီအစား..အဲဒီနေရာမှာ ပြာကျနေတဲ့ ကုန်းမြေတွေနဲ့ ဖုံးကျွန်းနေတဲ့ ကျွန်းကြီးတစ်ခုသာ ပေါ်ထွက်လာခဲ့ပါတယ်..။ဆင်စွယ်ရောင်စေတီက အပေါ်ကနေ ဆင်းသသက်လာပြီး..ဒီလူသူကင်းမဲ့တဲ့ ကျွန်းကြီးရဲ့ နှလုံးသားနေရာမှာ နေရာဝင်ယူလိုက်တယ်..။
ချက်ချင်းဆိုသလိုပဲ..ပြာမှုန့်တွေက နောက်တစ်ကြိမ် မရှိပြန်တော့ပဲ.. ကျွန်းပေါင်းများစွာကို ဖြတ်သန်းသွားလာနိုင်ပြီး အသက်ရူမှားလောက်ဖွယ်ကောင်းလောက်အောင် လှပတဲ့ မြို့ကြီးတစ်ခုကို ဖော်ပြလာခဲ့ပါတယ်..။ကျွန်းတွေအားလုံးက..ပေါင်းကူးတံတားကြီးတွေ ၊ အဖြူရောင်ကျောက်တုံးကနေ တည်ဆောက်ထားတဲ့..လွင့်မျှောနေတဲ့..တံတားတွေနဲ့ ဆက်သွယ်ပေးထားခဲ့တယ်..။တောက်ပတဲ့ အလံတွေက လေထဲမှာ တလူလူ ဖြစ်နေကြပြီး..ရေတံခွန်တွေကလည်း အောက်ဘက်ကောင်းကင် ဆီကို စီးကျနေခဲ့ပါတယ်..။
ဖြည်းညှင်းစွာပဲ ဆန်နီ ရဲ့ အကြည့်တွေက..ချိန်းကျွန်းစုတွေရဲ့ အစွန်းဖြစ်တဲ့ အနောက်အရပ်ကို ရောက်သွားခဲ့တယ်..။အဲဒီမှာတော့..ကြီးမားတဲ့ သံကြိုးကြီးတစ်ခုဟာ…ကျွန်းတွေကို ကျော်လွန်ကာ..ချိန်ဆက်ပေးထားပြီး..သူ အရင်က မြင်ဖူးထားတာနဲ့ ဆင်တူတဲ့ ခံတပ်တစ်ခုလည်း ရှိနေခဲ့ပါတယ်..။သူနဲ့ ကပ်လျက်ရှိနေတဲ့ ကျွန်းက..ကျောက်ခွက်ပုံစံဖြစ်နေခဲ့ပြီး..ရာသီဉတုဒဏ်ကို ခံထားရတဲ့ ကျောက်တွေနဲ့ ထွင်းထုထားတဲ့ ထိုင်ခုံတွေ ရှိနေခဲ့တယ်..။ကျောက်ခွက်ကြီးရဲ့ အောက်ခြေမှာတော့ အဝိုင်းပုံစံ စင်မြင့်တစ်ခု ရှိနေခဲ့ပြီး..အနီရောင် ဆေးခြယ်ထားခဲ့ပါတယ်..။
နောက်ထပ် ဝေးကွာတဲ့တစ်နေရာမှာတော့.,,ထူးဆန်းတဲ့ မြစ်တစ်စင်းရှိတဲ့ ကျွန်းတစ်ကျွန်းရှိနေခဲ့ပါတယ်..။ဒီ မြစ်ကြီးဟာ..အဆုံးမရှိ စီးဆင်းနေခဲ့ပြီး လှပတဲ့ အမျိုးသမီး ရုပ်ထုကြီးကို ဝန်းရံကာ စီးဆင်းနေခဲ့တယ်..။အမျိုးသမီး ရုပ်တုကြီးကတော့..လက်တစ်ဖက်မှာ လှံရှည်ကို ကိုင်ဆောင်ထားခဲ့ပြီး တစ်ဖက်မှက..တဒုတ်ဒုတ် ခုန်နေတဲ့ လူသားတစ်ယောက်ရဲ့ နှလုံးသားကို ကိုင်ထားခဲ့ပါတယ်..။သူမရဲ့ ခန္တာကိုယ်ပေါ်မှာတော့..သတ္တဝါးတစ်ကောင်ရဲ့ သားရေ ဖြင့်သာ ဖုံးအုပ်ထားခဲ့တယ်..။သူမရဲ့ မျက်နှာကတော့ အရိပ်တွေ ထဲမှာ ဖုံးကွယ်နေခဲ့ပါတယ်..။
ဒီကျွန်းကတော့..ဆန်နီ ရောက်ရှိသွားတဲ့ ကျွန်းတစ်ခုပါပဲ..။
…ပြီးတော့..ဒါပေါ့..သူက အဲဒီ သောက်ကျိုးနဲ မြစ်ထဲကို တည့်တည့်ကြီးကို ရောက်သွားခဲ့တာပါ..။
‘ချီးတဲ့မှပဲ…ငါက ဘာလို့ ရေထဲကိုပဲ ခနခန ကျနေရတာလဲ..’
ဆန်နီ ဒေါသထွက်နေခဲ့တယ်..။ ပထမနှစ်ကြိမ် အခိုက်အတန့် သူ့ကိုကြိုဆိုခဲ့တုန်းက လိုမျိုး..ထိပ်လန့်မူ တွေကို မခံစားရတော့ပါဘူး..။ပထမတုန်းက မေ့ပျောက်ကုန်းမြေ ပေါ်မှာြဖစ်ပြီး..ဒုတိယတစ်ကြိမ် တုန်းကတော့..နိုတစ် မြင့်မြတ်နယ်မြေမှာပါ..။
အနည်းဆုံးတော့ ဒီတစ်ကြိမ်မှာ..သူက ဘယ်ကို ရောက်နေတာလဲ..ရေပေါ်ကို ပြန်ရောက်ဖို့ ဘယ်နေရာကို ကူးခတ်ရမလဲ ဆိုတာကို သိထားပါသေးတယ်..။
ဆန်နီဟာ..သန်မာတဲ့ ရေစီးကြောင်းကို ဆန့်ကျင်ရင်း ကြွက်သားတွေကို အားပြုဖို့ လုပ်လိုက်တယ်..။
နောက်ဆုံးမှာတော့...သူက ..တစ်ခုခုက ဆိုးဆိုးဝါးဝါးကို မှားယွင်းနေပြီဆိုတာ နားလည်လိုက်ပါတယ်..။
သူ့ခန္တာကိုယ်က နားထောင်ဖို့ ငြင်းဆန်နေတယ်..ဒါမှမဟုတ်..အတော်လေး..၊ ဒါက သူ ခိုင်းတာကို လိုက်နာပေမယ့်..လုံးဝကို အဓိပ္ပာယ်မရှိပါဘူး..။သူ့ရဲ့ ခြေလက်တွေက သူ လှုပ်ခိုင်းတဲ့ ပုံစံမျိုး လုံးဝ မလှုပ်ကြပေ..။ရေကူးရမယ့် အစား..သူက အေးစက်တဲ့ ရေထဲကိုသာ ထပ်ကာထပ်ကာ နစ်မြုပ်သွားခဲ့ပါတယ်..။သူ့ရဲ့ အသိစိတ်တွေအား လုံးကလည်း ရှုပ်ထွေးနေခဲ့တယ်..။ဒီတော့ သူဘာမှားနေတာလဲ ဆိုတာကို တောင် နားမလည်ခဲ့ပါဘူး..။
‘ဘ..ဘယ်လို .ငရဲလဲ..’
ဒါကြီးကတော့..သူရဲ့ ပထမ အိပ်မက်ဆိုးနဲ့စာရင် လုံးဝကို ကွာခြားနေခဲ့ပါပြီ..။အရင်တုန်းက ဆိုရင် အခိုက်အတန့် သူ့အတွက် ပေးထားတဲ့ ခန္တာကိုယ်က သူရဲ့ ကိုယ်ပိုင် ခန္တာကိုယ်နဲ့ တစ်ထပ်တည်း နီးပါးပါပဲ..။သို့ပေမယ့် ဒီတစ်ကြိမ်ကတော့ အတော်လေးကို မရင်းနှီးလှပေ..။
ဒါက မာစတာဂျက် သူ့ကို သတိပေးခဲ့တဲ့ အရာလား..။
ဆန်နီ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး..ကမ်းခြေကို ကူးသွားဖို့ ကြိုးစားလိုက်တယ်..။သို့ပေမယ့်..ရေထဲမှာ ရွေ့လျားဖို့ ဆိုတာက သိပ်ပြီး လွယ်ကူမနေခဲ့ပါဘူး..။အထူးသဖြင့် ဒီလိုမျိုး သန်မာတဲ့ ရေစီးကြောင်းမှာပါ..။ရေကူးဖို့ဆိုတာက..စည်းလုံးမူ နဲ့ ဟန်ချက်ညီမူ တွေလိုအပ်ပြီး..အဲဒီအရာက လက်ရှိသူ့မှာ မရှိတဲ့ အရာတစ်ခုပါ..။သူ ဘယ်လောက်ပဲ ကြိုးစားနေပါစေ..သူ့ရဲ့ ကြိုးစားနေမူက အခြေအနေတွေကိုသာ ပိုမို ဆိုးဝါးသွားစေပါတယ်..။
သူက မြစ်ထဲကို ပိုပို နစ်ဝင်သွားခဲ့ပြီး ဖြည်းညှင်းစွာပဲ မြုပ်သွားခဲ့တယ်..။
အောက်စီဂျင် လုံလောက်အောင် မရှိတော့တာကြောင့် သူ့အဆုတ်တွေက စတင်ပြီး လောင်ကျွမ်းလာကြပါပြီ..။ဒါကလည်း သူ့ရဲ့ ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေလိုမျိုး ထူးဆန်းနေခဲ့တယ်..။သူ့ရဲ့ အမြင်အာရုံကလည်း တဖြည်းဖြည်းချင်း နက်မှောင်လာခဲ့ပါတယ်..။
နာကျင်မူ လှိုင်းတွေက သူ့ရဲ့ ပါးစပ်နဲ့ မေးရိုးဆီကို လှိမ့်တက်လာတဲ့ အချိန်မှာတော့..ဆန်နီ အံကိုကြိတ်ထားရင်း ရုန်းကန်နေတာတွေကို ရပ်တန့်လိုက်ပါပြီ..။သူက ရေစီးကြောင်း အတိုင်းသာ လိုက်ပါသွားတော့တယ်..။ယင်းနောက် သူက အရိပ်အာရုံခံမူကို အသုံးပြုလိုက်ပြီး..သူ့ရဲ့ ခန္တာကိုယ်က မြစ်ရဲ့ ကြမ်းပြင်နဲ့ ထိတွေ့သွားပြီဆိုတာနဲ့..အရိပ်တွေထဲကို ဖြတ်သန်းသွားလိုက်ပြီး..ကျောက်တုံးရုပ်ထုကြီးရဲ့ အနားမှာ ပေါ်လာခဲ့ပါတယ်..။
ဆန်နီ မြက်ခင်း ပေါ်ကို လဲကျသွားခဲ့တယ်..။သူ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြီး..လေကို အငမ်းမရ ရူသွင်းလိုက်ပါတယ်..။အဲဒီအခါကျမှ လေရူရတာတောင် ခက်ခဲကြောင်း သိရှိသွားခဲ့တယ်..။သူ့ရဲ့ အဆုတ် တွေက ခါတိုင်းနဲ့ မတူညီစွာပဲ အလုပ်လုပ်နေခဲ့တယ်..။သူက အသက်ကို ရူသွင်းနိုင်တယ် ဆိုပေမယ့်..မွန်းကြပ်နေတဲ့ ခံစားချက်တွေကို မောင်းထုတ်ပစ်ဖို့တော့ မလုံလောက်သေးပါဘူး..။
‘..ဘယ်လို..သောက်ကျိုး နဲ တွေ…ဖြစ်နေတာလဲ..’
ဆန်နီ မြေပြင်ပေါ်မှာ လဲလျောင်းနေရင်း မျက်လုံးတွေကို ပိတ်ထားလိုက်တယ်..။ပြီးတာနဲ့..သူ့ရဲ့ ခန္တာကိုယ်အသစ်မှာ ရှုပ်ထွေးနေတဲ့ အခြေအနေတွေကို နားလည်အောင် ကြိုးစားပြီး ထိန်းချုပ်ဖို့ လုပ်လိုက်ပါတယ်..။
‘မတွေးလိုက်နဲ့…။အတွေးတွေက အခြေအနေကို ပိုပြီး ဆိုးဝါးစေလိမ့်မယ်..။ဒီအရာက..ပင်ကိုယ်ဗီဇ ရှိကိုရှိရမယ်..။အခု မင်းဆီမှာလည်း ရှိနေပြီ..’
သူ အတွေးတွေကို ရှင်းလင်းလိုက်ပြီး..အော်စီဂျင်ကို ရူသွင်းချင်တဲ့ စိတ်ကို ဖယ်ရှားလိုက်တယ်..။မကြာခင်မှာ ပဲ သူ့ရဲ့ အလိုလို သိစိတ်က အမှန်တကယ်ပဲ အလုပ်ဖြစ်လာခဲ့ပါတယ်..။ဒါက လမ်းလျောက်ဖို့ ကြိုးစားပေမယ့်…ခနခန ကျရှုံးကာ လမ်းမလျောက်နိုင်ဖြစ်ခဲ့ရတဲ့ ... ကင်းခြေမြားတစ်ကောင် လိုပါပဲ..။ဆန်နီ အသက်ရူဖို့ အတွေးကို ရပ်တန့်လိုက်ပြီ ဆိုတာနဲ့..သူ့ခန္တာကိုယ်ကလည်း ဒီအတိုင်း လိုက်လုပ်လာခဲ့ပါပြီ..။
ရုတ်တရက် ဆိုသလိုပဲ..သူ့ရဲ့ အဆုတ်ထဲမှာ အေးမြတဲ့ လေတွေနဲ့ ပြည့်နှက်လာခဲ့ပြီး..နောက်တစ်ကြိမ် ကြံ့ခိုင် သန်မာလာခဲ့တယ်..။
‘အိုး..ကျေးဇူးပါ ဘုရားသခင်တို့…’
ဆန်နီ တစ်ခနလောက် မလှုပ်ရှားပဲ အသက်ကိုသာ ဝအောင် ရူနေခဲ့တယ်..။ပြီးတာနဲ့ အခိုက်အတန့်က သူ့ရဲ့ ခန္တာကိုယ်အဖြစ် ဘယ်လို အရာမျိုးကို ရွေးပေးလိုက်တာလဲ ဆိုတာကို အတိအကျ နားလည်အောင် လုပ်လိုက်ပါတယ်..။
သို့ပေမယ့်..သူ မဖြေနိုင်ခင်မှာပဲ..သူ့ရဲ့အပေါ်မှာ သာယာနာပျော်ဖွယ် အသံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်..။ဒီအသံက သိချင်စိတ်တွေ..ပျော်ရွှင်စိတ်တွေ အပြည့်ပါပဲ..။
“မင်းက ဘယ်လို ထူးဆန်းတဲ့ သတ္တဝါမျိုးလဲ…”
ဆန်နီ မျက်လုံးတွေကို ဖွင့်လိုက်ပြီး..မတ်တတ်ထရပ်ဖို့ ကြိုးစားလိုက်တယ်..။သူ့ရဲ့ ဦးခေါင်းကတော့ စကားပြောလာတဲ့သူ ဘက်ကို လှည့်ပြီးနေခဲ့ပါပြီ..။
သူ အဲလိုလုပ်လိုက်တဲ့ အချိန်မှာတော့ အေးခဲသွားခဲ့တယ်..။
သူ့ရှေ့မှာရှိတဲ့ ရုပ်ထုကြီးရဲ့ဘေးနားမှာ ဒူးထောက်လျက်သား ရှိနေတဲ့လူက..သူ မြင်ဖူးသမျှထဲမှာ အလှပဆုံး အမျိုးသမီး တစ်ယောက်တောင် ဖြစ်နေနိုင်ပါတယ်..။သူမက နူးညံ့တဲ့ အသားအရေ နဲ့ နူးညံ့ပြီး အလွန်လှပတဲ့ မျက်နှာကို ပိုင်ဆိုင်ထားခဲ့တယ်..။သူမရဲ အညိုရောင် ဆံပင်တွေက ပိုးချည်တွေလိုမျိုး ပုခုံးထက်ကို ဆင်းသက်နေခဲ့ပါတယ်..။သူမရဲ့ မျက်လုံးတွေက..အလင်းရောင်တွေနဲ့ ပြည့်နှက်နေပြီး..နူးညံ့သိမ်မွှေ့တဲ့ ငွေရောင် ကြယ်နှစ်ပွင့်လို တောက်ပနေကြတာပါ..။
ဆန်နီဟာ သူ့ဘဝတစ်လျောက်လုံးမှာ ချောမောလှပပါတယ်ဆိုတဲ့ အရာတွေကို အများကြီး တွေ့မြင်ခဲ့ဖူးပေမယ့်..ဘယ်တစ်ခုမှ..အခုမြင်နေရတဲ့ တစိမ်းဖြစ်သူ ကို မယှဉ်နိုင်ကြပါဘူး..။သူမကို တစ်ချက်ကြည့်လိုက်တာနဲ့တင်..သူ့ရဲ့ နှလုံးခုန်သံတွေ မြန်လာပြီး..မျက်နှာနီရဲသွားအောင် ဖြစ်စေပါတယ်..။သူမက သာမန် လူသားတစ်ယောက်ထက် စာရင်..နတ်သမီး တစ်ပါး နဲ့တောင် ပိုပြီး တူနေပါသေးတယ်..။
ပြီးတော့..သူမက နတ်သမီးတစ်ပါး လည်း ဖြစ်နေနိုင်တာပဲ..။
လှပတဲ့ အမျိုးသမီးဟာ..ရိုးရှင်းတဲ့ အနီရောင် လက်တို အက်ျီကို ဝတ်ဆင်ထားပြီး..ဘယ်လက်နက်ကိုမှ ကိုင်ဆောင်ထားခြင်း မရှိပေ..။အဲဒီအပြင် သူမရဲ့ တည်ရှိမူက..ကျွန်းတစ်ခုလုံးကို လွှမ်းမိုးထားခဲ့ပါသေးတယ်..။ဒါက မြက်ပင်လေးတွေဟာ သူမနဲ့ နီးကပ်ခွင့်ရဖို့ အတွက် ကိုင်းညွှတ်နေကြပြီး ၊ နေရောင်ခြည်ကလည်း သူမရဲ့ အသားအရေကို ဂရုစိုက်ပေးဖို့အတွက် လမ်းကြောင်း ပြောင်းသွားကြတဲ့ အတိုင်းပါပဲ..။သူမက ကမ္ဘာကြီးထဲမှာ တည်ရှိနေတာမျိုး မဟုတ်ပဲ…ကမ္ဘာကြီးကသာ..သူမရဲ့ ပတ်ဝန်းကျင်မှာ တည်ရှိသလို မြင်တွေ့နေခဲ့ရတာပါ..။
ပြီးတော့..တစ်ခုခု..သူမနဲ့ ပတ်သက်ပြီး တစ်ခုခုက ရင်းနှီးနေခဲ့တယ်..။
ဆန်နီ ပါးစပ်ကို ဖွင့်ပြီး ပြောလိုက်ပါတယ်..။
“အာ…နှုတ်ဆက်ပါတယ်..”
…သို့ပေမယ့် အနည်းဆုံးတော့..သူ နှုတ်ဆက်ဖို့ ကြိုးစားခဲ့တာပါ..။သို့ပေမယ့်..အဲဒီအစား သူ့ပါးစပ်က ထွက်လာတာကတော့..ကြမ်းတမ်းပြီး မပီသတဲ့ အသံတွေပါပဲ..။
‘သောက်ကျိုး…’
သူ နောက်တစ်ခေါက် စကားပြောဖို့ ကြိုးစားခဲ့ပြီး နောက်ထပ် တစ်ကြိမ် ကြိုးစားလိုက်တယ်..။သူ့ရဲ့ ပါးစပ်က ခြိမ်းခြောက်နိုင်တဲ့ ညဉ်းညူသံကလွဲပြီး ဘာမှ ထွက်မလာ ခဲ့ပါဘူး..။
အမျိုးသမီးက မျက်မှောင်ကျုတ်လိုက်တယ်..။
“အရိပ်နတ်ဘုရား ရဲ့ သတ္တဝါတွေထဲက တစ်ကောင် …ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းလဲ..။မျှော်လင့်ခြင်း နိုင်ငံတော် မှာ မင်းလို သတ္တဝါမျိုးတွေ ကျန်နေသေးတယ် ဆိုတာကို ငါ မသိခဲ့ပါလား..”
ဆန်နီ သူမကို ကြောင်အပြီး ကြည့်နေခဲ့မိတယ်..။နောက်ဆုံးမှာတော့..သူ့ရဲ့ မျက်လုံးတွေကို အောက်ကိုငုံ့ပြီး ကိုယ့်ကိုကို ပြန်ကြည့်လိုက်မိပါတယ်..။
‘အိုး..ခရက်..’
ကောင်းပြီလေ..အနည်းဆုံးတော့ သူ့ရဲ့ စိတ်ဆန္ဒတွေထဲက တစ်ခုက အမှန်တကယ် ဖြစ်လာခဲ့တာပေါ့..။ဆန်နီ က အရပ်ပုတဲ့ လူတစ်ယောက် မဟုတ်တော့ပါဘူး..။အမှန်တော့..သူက အနည်းဆုံး နှစ်မီတာလောက် အထိတောင် အရပ်ရှည်ပါတယ်..။
သို့ပေမယ့် ပြသနာက…
သူက လူသားတစ်ယောက် မဟုတ်တော့တာပါပဲ..။
သူ့ရဲ့ အရည်ပြားက အညိုရောင်ဖြစ်ပြီး..ကျောက်တုံးရောင် ပေါက်နေခဲ့တယ်..။သူ့ရဲ့ လက်တွေက ရှည်လျားပြီး အနောက်ဘက်ကို ကွေးညွှတ်နေကြကာ..တစ်ခုချင်းစီတိုင်းမှာလည်း..အားကောင်းတဲ့ လက်သည်းတွေပါဝင်နေခဲ့ပါတယ်..။သူ့မှာ လက်လေးချောင်းရှိပြီး တစ်ခုချင်းစီတိုင်းကလည်း..လူသားတစ်ယောက်ထက် အများကြီးကို ပိုသန်မာပါတယ်..။ပြီးတော့ ရှည်လျားတဲ့ အမြီးတစ်ခုလည်း ရှိနေသေးတယ်..။သူ့ရဲ့ မျက်နှာက..ထက်ရှတဲ့ အသွင်အပြင် ၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပါးစပ်နဲ့ ပြည့်နေတဲ့ အစွယ်တွေ ရှိနေခဲ့ပါတယ်..။သူ့ရဲ့ နှာဖူးကနေလည်း ကွေးကောက်တဲ့ အစွယ်နှစ်ခု ထွက်နေခဲ့သေးတယ်..။ပြီးတော့ သူ့ရဲ့ ဆံပင်ကလည်း နက်မှောင် ရှည်လျားကာ ကြမ်းတမ်းနေခဲ့ပါတယ်..။
သူ့ရဲ့ မျက်လုံးတွေက အပြည့်အဝ နက်မှောင်နေကြပြီး..မျက်ဝန်းတွေ မရှိပဲ ဒေါင်လိုက် မျက်ဆန် နှစ်ခုသာ ရှိနေခဲ့ပါတယ်..။
..ပိုပြီးဆိုးဝါးတာက..ဆန်နီဆီမှာ လူသားတစ်ယောက်လိုမျိုး အသံအိမ်တွေ ရှိမနေခဲ့ပါဘူး..။
သူ စကားမပြောနိုင်ခဲ့ပေ..။
‘အိုး..ခရက်..’
လှပတဲ့ အမျိုးသမီးဟာ..သူ့ကို ကြည့်ပြီး ပြုံးလိုက်တယ်..။
သူမရဲ့ အပြုံးက..အသက်ရူမှားလောက်အောင် လှပလွန်းပေမယ့်..အကြောင်းပြချက်တစ်ချို့ကြောင့် ဆန်နီ အတွက်တော့ အေးစက်ပြီး ကြောက်ရွံ့နေစေခဲ့ပါတယ်..။
“မင်းက ငါ့ရဲ့ နယ်မြေထဲကို မကျူးကျော်လာခဲ့သင့်ဘူး..,သတ္တဝါငယ်လေး..။ဒါပေမဲ့ စိတ်မပူပါနဲ့..ငါမင်းအတွက် အရမ်းကို ဂုဏ်သရေရှိတဲ့ သေခြင်းတရားကို လက်ဆောင်အဖြစ်ပေးမယ်..။ဒါက..နတ်ဘုရားတွေ ရှေ့မှာ ကတိပေးလိုက်တာပဲ..”
သူမ မတ်တတ်ထရပ်ပြီး..ရှေးဟောင်းရုပ်ထုရဲ့ ရှေ့မှာ မတ်တတ်ရပ်နေလိုက်ပါတယ်..။
“နောက်ဆုံးတော့..ငါ ဆိုတဲ့..ဆိုဗန်က..ဂရုဏာတရားကို လက်ကိုင်ထားတတ်တဲ့ သူ တစ်ယောက်ပဲလေ..”
အပိုင်း ( ၆၀၁ ) ပြီး၏။