အုပ်စုလိုက်ဖြစ်နေတဲ့ အရိပ်တွေ…
Vol. 41 Ch. 602
‘အသာလုပ်ပါ..မိန်းကလေး..’
ဆန်နီ နောက်ကို ဆုတ်ဖို့ ကြိုးစားလိုက်ပေမယ့်..တယိမ်းတယိုင် ဖြစ်သွားပြီး..လဲကျမလိုတောင် ဖြစ်သွားခဲ့ပါတယ်..။တစ်နည်းအားဖြင့်..သူက ဟန်ချက်ထိမ်းထားနိုင်ခဲ့ပြီး..သူ့ရဲ့ လက်သည်းတွေကို မြေကြီးထဲ စိုက်ထားလိုက်ရတယ်..။သူ့ရဲ့ ထက်ရှတဲ့ လက်သည်းတွေက..မြောက်တက်လာခဲ့ပြီး..ဆိုဗန်ကို ချိန်ရွယ်ထားခဲ့တယ်..။
ပြီးတော့..ခမ်းနားတဲ့ သေဆုံးခြင်းကို ပေးသနားမယ် ဆိုတဲ့ စကားက.သူ့ကို စိုးရိမ်စေခဲ့ပါတယ်..။
‘ဆိုဗန်…ခနလေး…ဆိုဗန် လို့ ပြောလိုက်တာလား..’
သူ့ရဲ့မှာ ရှိနေတာက ဘယ်သူလဲ ဆိုတာကို နားလည်လိုက်တဲ့ အချိန်မှာတော့..ဆန်နီ ရဲ့ ပါးစပ်ကနေ..အသံတစ်ချို့ ထွက်ပေါ်လာခဲ့တယ်..။ဒီတော့..ဒီလှပပြီး..ကျတ်သရေရှိတဲ့ အမျိုးသမီးက…သဘော်ပျက်ရဲ့ သိုလှောင်ခန်းထဲမှာ သူ သတ်ခဲ့တဲ့ သက်ရှိ အလောင်းကောင် ဖြစ်နေတာလား..။ဒါမှမဟုတ်..အဲလိုဖြစ်လာမှာလား..။
ဘာပဲဖြစ်ဖြစ် သူက..ချိန်းကျွန်းစုရဲ့ အတိတ်ကာလကို ပြန်ရောက်လာခဲ့တာ မဟုတ်ဘူးလား..။ဒါမှမဟုတ် အနည်းဆုံးတော့ ပုံရိပ်ယောင် ကမ္ဘာကိုပေါ့..။ဒီတော့..ဆိုဗန်က သူမရဲ့ ဆိုးဝါးလွန်းတဲ့ ကံတရားကို မသိသေးဘူး ဆိုတာက အဓိပ္ပာယ်ရှိပါတယ်..။
…အခုထိပေါ့…။
နွယ်ပိုးကောင် အပိုင်သိမ်းထားခဲ့တဲ့ ဆိုဗန်ရဲ့ တိတ်ဆိတ်တဲ့ အသနားခံမူတွေ ၊ ကျယ်ပြန်တဲ့ ညှင်းဆဲခံရမူတွေကို ပြန်သတိရလိုက် တဲ့ အချိန်မှာတော့..ဆန်နီ ကြက်သီးထသွားခဲ့တယ်..။အဲဒီ ဆိုးဝါးတဲ့ မျက်လုံးတွေက အခု သူ့ကို ကြည့်နေတဲ့ အရမ်းကို လှပတဲ့ မျက်လုံးတွေနဲ့ အတူတူပဲ ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..။
ရုတ်တရက် ဆိုသလိုပဲ..သူက သနားမူ ၊ ဂရုဏာ သက်မူ နဲ့ ဝမ်းနည်းမူတွေကို ခံစားလိုက်ရတယ်..။
ပြီးတော့..ကြောက်လန့်မူကိုရော ပါပဲ..။
ဘာလို့လဲ ဆိုတော့..တကယ်လို့ သူတွေးထားသလို ဒီတစ်ယောက်က အဲဒီ ဆိုဗန်သာ ဖြစ်နေမယ်ဆိုရင်..သူ့ကို ခမ်းနားတဲ့ သေခြင်းတရားကို လက်ဆောင်ပေးမယ်လို့ ကတိပေးထားတဲ့ သူစိမ်းက သူတော်စင် တစ်ယောက်ပါ..။
ပြီးတော့ သူတော်စင် တစ်ယောက် သူ့ကို သတ်ဖို့ ကတိပေးထားတယ် ဆိုတာက သူ မကြားချင်ဆုံး စကားပါပဲ..။
သူက ဆိုဗန်ရဲ့ လှပတဲ အသွင်အပြင်ကို စူးစိုက်ကြည့်လိုက်တဲ့ အချိန်မှာ..သူမရဲ့ ရင်ဘတ်ပေါ်က တောက်ပနေတဲ့ အလင်းလုံးလေးကို တွေ့လိုက်ရတယ်..။ဒါက မျက်စိကျိန်းလောက်အောင်ကို တောက်ပနေခဲ့တာပါ..။သူမရဲ့ အမြုတေ…အထွတ်အထိပ်အဆင့်တစ်ယောက်ရဲ့ ဝိဉာဉ်အမြုတေ..။
သူ့ရဲ့ ဒေါင်လိုက်မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့ပြီး..သူ့စိတ်ထဲမှာ အတွေးတစ်ခုတည်းသာ ရှိနေပါတော့တယ်..။
‘ပြေး..’
လူသား မဆန်ဘူးဆိုရင်တောင်..ဒီခန္တာကိုယ်က သူ့ရဲ့ အရင် ခန္တာကိုယ်ထက် အများကြီး ပိုသန်မာနေတယ် ဆိုတာကို ခံစားမိပါတယ်..။သို့ပေမယ့် ဒီအရာကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကို မသိတာကြောင့်..သူတော်စင်တစ်ယောက်ရဲ့ လက်ကနေ လွတ်အောင် ထွက်ပြေးးဖို့ ဆိုတာက မေးခွန်းထုတ်စရာပါပဲ..။ဒီတော့ သူ့ရဲ့ တစ်ခုတည်းသော..မျော်လင့်ချက်က အရိပ်ခြေလှမ်းကို အသုံးပြုဖို့ပါ..။
သူ အရိပ်ထဲကို ဝင်ရောက်ပြီးနေတဲ အချိန်မှာပဲ..လှပတဲ့ ပုံရိပ်တစ်ခုက..ရုတ်တရက် သူ့ရဲ့ အနားမှာ ပေါ်လာကာ..ကျတ်သရေရှိတဲ့ လက်တစ်ဖက်က အပေါ်ကနေ ကျရောက်လာခဲ့ပြီး သူ့ရဲ့ လက်မောင်းကို တင်းကြပ်နေအောင် ညှစ်ထားခဲ့ပါတယ်..။ဝိဗာရဲ့ အရိုးကြောင့်သာ မဟုတ်ဘူးဆိုရင်..သူ့ရဲ့ လက်ကောက်ဝတ်တွေက ဖန်ခွက်တစ်ခုလို အစိတ်စိတ် အမွှာမွှာ ဖြစ်သွားလောက်ပါပြီ..။
သူတော်စင်တစ်ယောက်ရဲ့ ဆုပ်ကိုင်ထားမူက ..မခံမရပ်နိုင်အောင်ဖြစ်ပြီး..သေဆုံးခြင်းကနေ မလွတ်မြောက်နိုင်လောက်အောင် ပါပဲ..။
ဆန်နီက အရိပ်တွေထဲကနေ ထပ်ပြီး မလွတ်မြောက်နိုင်တော့ပေ..။ပြီးတော့..မှတ်သားမူတွေကို ထုတ်ဖော်တာကလည်း..အသုံးပြုဖို့အတွက် အတော်လေးကို အချိန်ကြာနေဦးမှာပါ..။
တစ်ခုက လွဲလို့ပေါ့…။
တစ္ဆေဓားက ရုတ်တရက် သူ့ရဲ့ ဖမ်းဆုပ်ခံထားရတဲ့ လက်ထဲမှာ ပေါ်လာခဲ့ပြီး..အပေါ်ကို ပင့်တင်ကာ တိုက်ခိုက်လိုက်တယ်..။ဒါက ဆိုဗန်ရဲ့ နူးညံ့သိမ်မွေ့တဲ့ အရည်ပြားပေါ်မှာ..ခြစ်ရာတစ်ခု ထင်သွားခဲ့ပါတယ်..။
သူမက ဖြည်းညှင်းစွာ သွေးထွက်နေတဲ့ ခြစ်ရာလေးကို ကြည့်လိုက်တယ်..။ကြက်သွေးရောင် သွေးစက်ကလေးက..စိမ်းလန်းစိုပြေတဲ့ မြ က်ခင်းပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်..။သူမရဲ့ မျက်လုံးတွေက အရောင်လက်သွားခဲ့ပြီး..
“ဒါက ကံတရားများ ဖြစ်နေမလား..။စစ်ပွဲရဲ့ ယဇ်ပလ္လင်ပေါ်မှာ..သွေးနဲ့ ယဇ်ပူဇော် ပြီးသွားခဲ့ပြီ..။မွေးဖွားသူလေး..မင်းက ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်သလဲ..။အာ..ထားလိုက်ပါတော့..”
ဒီလိုပြောပြီးတာနဲ့..သူမက တောက်ပစွာ ပြုံးလိုက်ပါတယ်..။
နောက်ထပ် တစ်ခနမှာတော့..သူမရဲ့ လက်တစ်ဖက်က ရှေ့ကို တိုးလာခဲ့တယ်..။ပြီးတာနဲ့..ဆန်နီ အကြောက်တရားကို မခံစားနိုင်သေးခင်မှာပဲ…
….
အရိပ်တွေ …အရိပ်တွေ….
ဆန်နီက အရိပ်တွေရဲ့ ဝန်းရံထားခြင်းကို ခံထားရတယ်..။
တစ်ချို့က သူနဲ့ အရမ်းကို နီးကပ်နေကြပြီး..တစ်ချို့ကတော့ အတော်လေးကို ဝေးကွာပါတယ်..။တစ်ချို့တွေက သေးငယ်ပြီး တစ်ချို့တွေက ကြီးမားကြတယ်..။တစ်ချို့တွေက လှုပ်ရှားနေကြပြီး တစ်ချို့တွေကတော့ ငြိမ်သက်နေခဲ့ကြတာပါ..။
သူကလည်း အရိပ်တွေထဲက တစ်ယောက်ပါပဲ..။
မဟုတ်ဘူး..တစ်ယောက်မဟုတ်ဘူး..။သူတို့အားလုံး ရဲ့ အရိပ်တွေပဲ..။ကျယ်ပြန့်ပြီး အလင်းမရှိတဲ့ ဝိဉာဉ်ထဲမှာ ပုန်းကွယ်နေတဲ့ အရိပ်လှိုင်းလုံးကြီးတစ်ခု..။တိတ်ဆိတ်ငြိမ်သက်ပြီး ဝန်ထုတ်ဝန်ပိုးတွေ အားလုံးကနေ ကင်းလွတ်နေတယ်..။လိုအင်ဆန္ဒတွေ ၊ အကြောင်းပြချက်တွေ ၊ စိတ်ဆန္ဒတွေလည်း ရှိမနေခဲ့ဘူး..။
အခုလောလောဆယ်ပေါ့..။
‘အာ..ငါ့ ခေါင်းက နာလိုက်တာ..’
ဖြည်းညှင်စွာပဲ..ဆန်နီဟာ အသိစိတ်ပြန်ဝင်လာခဲ့တယ်..။သူ ပထမဆုံး ခံစားလိုက်ရတာက နာကျင်မူ..။ပြီးတော့..မြဲမြံစွာ ခုန်နေတဲ့ သူ့ရဲ့ နှလုံးတွေပါ..။နှလုံးတွေလား…။ဟုတ်တယ်..သိသာစွာပဲ သူ့မှာ နှလုံး နှစ်ခု ရှိနေခဲ့ပြီ..။အဆုတ်လေးခုရောပဲ..။
သူ့ရဲ့ ခန္တာကိုယ်က..လေးလံပြီး..သိပ်မရင်းနှီးခဲ့ပေ..။အရမ်းကြီး..၊ အရမ်းကြပ်သိပ်ကာ..၊ အတော်လေးလည်း ထူးဆန်းနေခဲ့ပါတယ်..။မာကျောပြီး အေးစက်တဲ့ အရာတစ်ခုခုက ..သူ့ရဲ့ ခန္တာကိုယ်ကို ထောက်ထားတာကြောင့်..သူ့ရဲ့ ခြေလက်တွေကို နာကျင်နေစေခဲ့တယ်..။သူ့ရဲ့ဦးခေါင်းကလည်း.တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ခံထားရသလိုမျိုး ကိုက်ခဲနေခဲ့ပါတယ်..။
ကောင်းပြီလေ..သူ အရိုက်ခံထားခဲ့ရတာပဲ..။မဟုတ်ဘူးလား..။
အသက်ရူမှားလောက်အောင် လှပတဲ့ ဆိုဗန်က သူ့ကို ရိုက်နှက်ခဲ့တာ..။သူမက သူ့ကို သတ်ခဲ့တာ..။
‘ချီးတဲ့မှပဲ…ငါက သေသွားပြီ ဆိုရင်လည်း..ဘာလို့ နာကျင်နေသေးတာလဲ..။ဒါက အဓိပ္ပာယ်မရှိဘူးမလား..’
ဆန်နီဟာ..ဒေါသတွေအပြည့်နဲ့..နာကျင်မူတွေကို မောင်းထုတ်ဖို့ ကြိုးစားလိုက်တယ်..။သို့ပေမယ့်..ဒါက ကျန်ရှိနေတုန်းပါပဲ..။ဒါက ဘာလို့ပျောက်ကွယ်မသွားသေးတာလဲ..။ဒါက သူ့ကို ထပ်ပြီး နိုပ်စက်မနေသင့် တော့ပါဘူး..။
သူသာ…သေသွားခဲ့မယ် ဆိုရင်ပေါ့…
အမှန်တကယ်တော့..သူတော်စင်က သူ့ကို တစ်ချက်တည်းနဲ့ မသတ်ခဲ့ပေ..။
ဆန်နီ မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်..။
သူမြင်လိုက်ရတဲ့ အရာကို..တစ်ခနလောက် စိုက်ကြည့်ပြီးတဲ့ နောက်မှာ..ရယ်မောလိုက်ပါတယ်..။ဒါမှမဟုတ်..သူက ရယ်မောလိုက်ချင်ခဲ့တာပါ..။သို့ပေမယ့် သူ့ရဲံ ပါးစပ်ကနေထွက်နေတာက..တရပ်စပ်မြည်နေတဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ အသံတွေချည်းပါပဲ..။
‘အိုး..နတ်ဘုးရားတို့..ဒါကြီးကတော့ အရမ်းဆိုးဝါးနေပြီ မဟုတ်ဘူးလား..တကယ်ပြောတာ..’
သူ့ရဲ့ ခန္တာကိုယ်ကို နာကျင်စွာ ဖိထားတဲ့ မာကျောပြီး အေးစက်တဲ့ အရာက သံလှောင်အိမ်ရဲ့ သံတိုင်တွေ ဆိုတာကို သိလိုက်တဲ့ အချိန်မှာ ဆန်နီ သဘောကျသွားခဲ့တယ်..။
သူက နောက်တစ်ကြိမ် လှောင်အိမ်ထဲမှာ ရောက်နေခဲ့ပြန်ပါပြီ..။သူ့ရဲ့ လည်ပင်းမှာလည်း..သံမဏိ လည်ပတ်ကို ဝတ်ဆင်ထားခဲ့ပါသေးတယ်..။
ဆန်နီက နောက်တစ်ကြိမ် အစေခံ ဖြစ်သွားခဲ့ရပြန်ပါပြီ..။
‘ဟေး..အခိုက်အတန့်…။ဒါက မင်းအတွက် ပျော်စရာကောင်းနေလို့လား..။မင်းက ဒီလိုလုပ်ရတာကို ပျော်နေတာလား ခွေးသား..’
သူ့ရဲ့ လှောင်အိမ်အသစ်က..ညဘုရားကျောင်းက တစ်ခုနဲ စာရင် အတော်လေးကို သေးနေခဲ့တယ်..။အမှန်တော့ ဒီလှောင်အိမ်က..သူ့ရဲ့ ခြေလက်တွေ ၊ လက်သည်းတွေ နဲ့ ဦးချိုတွေ ဆန့်ဖို့အတွက် အတော်လေးကို သေးငယ်နေခဲ့တာပါ..။ဒီလှောင်အိမ်ကို..မျက်နှာကျတ်ကနေ..သံချေးတက်နေတဲ့ သံကြိုးနဲ့ တွဲလောင်း ချိတ်ဆွဲထားခဲ့တယ်..။သူ့ရဲ လှုပ်ရှားမူတိုင်းက..ဒီလှောင်အိမ်ကို အနည်းငယ် လှုပ်ယမ်းနေစေပြီး..သူ့ရဲ့ အသားတွေထဲကို သံတိုင်တွေ ပိုမိုနစ်ဝင်သွားးစေပါတယ်..။ဒါက အတော်လေးကို နာကျင်တာပါ..။
ဆန်နီ ဒေါသတကြီး ညဉ်းတွားလိုက်ပြီး..ပတ်ဝန်းကျင်ကို ကြည့်ကာ..အစောက သူခံစားခဲ့ရတဲ့ အရိပ်တွေကို လေ့လာကြည့်လိုက်တယ်..။အဲဒီအရိပ်တွေက..သူရဲ့ အနားမှာ ရှိနေတယ်လို့ ခံစားခဲ့ရတဲ့ အရိပ်တွေပါ..။
‘ခရက်..’
သူ့ရဲ့ ဘေးပတ်ဝန်းကျင်မှာတော့..မတူညီတဲ့ အရွယ်အစားတွေနဲ့..လှောင်အိမ်တွေအများကြီးကို အပေါ်ကနေ ချိတ်ဆွဲထားခဲ့တယ်..။ပြီးတော့..တစ်ခုချင်းစီတိုင်းမှာလည်း သတ္တဝါတစ်ကောင်စီကို အကျဉ်းချထားခဲ့ပါသေးတယ်..။ဒီနေရာမှာ..မွန်းစတား ဝံပုလွေ တွေ ၊ ကျောက်တုံး သက်ရှိတွေ ၊ ကြီးမားတဲ့..ပိုးကောင်တွေ ၊ အဝိုင်းပုံစံ ပါးစပ်ပေါက်ပဲ ရှိတဲ့ အသားအစိုင်အခဲတွေ နဲ့ သူအရင်က မမြင်ဖူး ၊ မကြားဖူးခဲ့တဲ့ သတ္တဝါတွေလည်း အများကြီးပါပဲ..။
အဲဒီမှာ..ရာနဲ့ချီတဲ့ ခြေချောင်းတွေက မျက်နှာပြင်တွေကို ခြစ်မိပြီး အသံတွေမြည်နေတဲ့..သံမဏိ သေတ္တာကြီးတွေလည်း ရှိနေခဲ့တယ်..။ဒီအရာတွေက..ချိန်းပိုးကောင် တစ်ကောင်ကို ထည့်လို့ရလောက်တဲ့ အထိ ကြီးမားကြပါတယ်..။အမှန်တော့..ဆန်နီ နဲ့ သိပ်မဝေးတဲ့ တစ်နေရာမှာ ချိန်းပိုးကောင် တစ်ကောင်က..ပိတ်မိနေခဲ့တာပါ..။အဲဒီမှာ လူသား တွေကို ပိတ်လှောင်ထားတဲ့ လှောင်အိမ်တွေတောင် ရှိနေခဲ့ကြတယ်..။
ဆန်နီ..ဒီ ထိပ်လန့်စရာတွေ ပြည့်နှက်နေတဲ့ နေရာကို တစ်ခနလောက် ကြည့်ပြီးတာနဲ့ ကျောချမ်းသွားခဲ့ပါတယ်..။
‘ဒါက..ဘယ်လို ငရဲလို နေရာမျိုးလဲ…’
အပိုင်း ( ၆၀၂ ) ပြီး၏။