များပြာလှတဲ့ မွန်းစတားများ..
Vol. 41 Ch. 603
ဆန်နီဟာ..မွန်းစတားတွေကို တစ်ခနလောက် စိုက်ကြည့်နေပြီးကာမှ..အခုချိန်မှာ သူ့ရဲ့ အမြင်အာရုံတွေကလည်း ကွဲပြားနေခဲ့တယ် ဆိုတာကို သတိထားမိခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေက အတော်လေးကို ထက်မြက်နေပြီး..လုံးဝမှောင်မိုက်နေတဲ့ နေရာမှာတောင် သဘာဝအတိုင်း မြင်နိုင်စွမ်းရှိနေခဲ့ပါတယ်..။သို့ပေမယ့် အရောင်ကာလာတွေကို ခွဲခြားတဲ့နေရာမှာတော့ အနည်းငယ် အခက်အခဲရှိနေတာ အမှန်ပါပဲ..။
ကမ္ဘာကြီးက..ပုံမှန်အားဖြင့် အဖြူနဲ့ အမဲသာ ဖြစ်နေခဲ့တယ်..။ဒါမှမဟုတ်..မီးခိုးရောင်ပုံရိပ်တွေ အတော်များများ မြင်နေခဲ့ရပြီး..အရင်တုန်းက သူ အရိပ်တွေကနေတဆင့် ကမ္ဘာကြီးကို မြင်ရတဲ့ ပုံနဲ့တူနေခဲ့တာပါ..။သူ့ရဲ့ အနံ့ခံနိုင်စွမ်းကလည်း တိုးမြင့်လာခဲ့ပြီး..သူ့ရဲ့ စိတ်ထဲကို အချက်အလက် အသစ်များနဲ့ ဖြည့်ဆည်းပေးထားတယ်..။ဒီအရှုပ်တွေအားလုံးကို အဓိပ္ပာယ်ရှိအောင် ကြိုးစားဖို့ မဆိုထားနဲ့..အခုချိန်မှာ တစ်ခုခုကို အာရုံစိုက်ဖို့အတွက်တောင် အတော်လေး ခက်ခဲလှပါတယ်..။
အာ..ဘယ်သူ ဂရုစိုက်မှာလဲ..။ဒီနေရာကနေပဲ..ထွက်သွားလိုက်ရအောင်..’
ညဘုရားကျောင်းမှာတုန်းကလိုပဲ..ဒီ လှောင်အိမ်က သူ့ရဲ့ အရိပ်အာရုံခံမူကို ကန့်သတ်ထားခဲ့တယ်..။သို့ပေမယ့်..အံ့ဩစရာကောင်းလောက်အောင် ပဲ ဒီတစ်ခုက သူ့ရဲ့ အရိပ်အဆီအနှစ်တွေကို..စုပ်ယူမသွားခဲ့ပါဘူး..။
သို့ပေမယ့် ဆန်နီ ရဲ့ ပျော်ရွင်မူတွေက မကြာရှည်ခဲ့ပေ..။
သူက အရိပ်ခြေလှမ်းနဲ့ ထွက်ပြေးဖို့လုပ်လိုက်တာနဲ့ တစ်ပြိုက်နက်..သူက ဒီသံတိုင်တွေကို ကျော်လွန်ပြီး ထွက်သွားလို့ မရဘူးဆိုတာကို သိလိုက်ရပါတယ်..။ပိုဆိုးတာက..ထွက်သွားမယ့်လမ်းကြောင်းမှာ မမြင်ရတဲ့ အတားအဆီး ရှိနေသလိုမျိုး..သူ့ရဲ့ အရိပ်တွေကတောင်..အပြင်ကိုသွားလို့ မရခဲ့ပေ..။
ဆန်နီ အံကိုကြိတ်ထားခဲ့ပြီး..သူ့ရဲ့ အစွယ်တွေက ပါးစပ်ထဲက နူးညံ့တဲ့ အသားတွေကို ထိုးဖောက်တဲ့ နာကျင်မူကို ခံစားနေခဲ့ရတယ်..။သူ ကျိန်ဆဲဖို့ ကြိုးစားလိုက်ပေမယ့်..အဲဒီအစား..ဒေါသတကြီး မြည်တမ်းသံနဲ့သာ အဆုံးသတ်သွားခဲ့ပါတယ်..။ပြီးတဲ့နောက်မှာတော့..သူ တစ်ခနလောက် ခံစားချက်မဲ့စွာ ရှိနေခဲ့ပြီ..တစ်ခြားအကျဉ်းသားတွေကိုသာ နောင်တရစွာ ကြည့်နေခဲ့ပါတယ်..။
‘ ချီးတဲ့မှပဲ…’
နောက်ဆုံးတော့..သူ ခေါင်းခါယမ်းလိုက်ပြီး..လှောင်အိမ်ရဲ့ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်တယ်..။လှောင်အိမ်ရဲ့ သံတိုင်တွေကိုတော့ လက်လေးချောင်းစလုံးနဲ့ ကိုင်တွယ်ထားခဲ့ပါတယ်..။သူ အရင်က ပိုင်ဆိုင်ထားတဲ့ ခန္တာကိုယ်ထက် နှစ်ဆပိုများတဲ့ အစိတ်အပိုင်းတွေကို ရွေ့လျားရတာက အနည်းငယ် စိတ်ခေါ်မူတစ်ရပ်ဖြစ်နေပေမယ့်..အနည်းငယ် ကြိုးစားပြီးနောက်မှာ သူ ဒါကို လုပ်နိုင်ခဲ့တယ်..။
‘ကောင်းပြီလေ..။တစ်ခြားနည်းလမ်းတွေ ရှိသေးတာပဲ..။လိုအပ်ရင် ငါက ဒီသောက်ကျိုးနဲ လှောင်အိမ်တစ်ခုလုံးကို အရည်ပျော်အောင် လုပ်လိုက်လို့ရတယ်..’
သူ့ရဲ့ လက်တစ်ဖက်ကို သံတိုင်တွေ ကြားထဲကနေ ထုတ်ယူပြီး ရက်စက်သော မြင်ကွင်းကို ခေါ်ထုတ်ဖို့ ကြိုးစားကြည့်လိုက်တယ်..။
ပြီးတဲ့နောက်မှာတော့..ဘာမှဖြစ်မလာခဲ့ပါးဘူး..။
ပြောင်းလဲသွားတဲ့ တစ်ခုတည်းသော အရာကတော့..သူ့ရဲ့ သံမဏိလည်ပတ်က အနည်းငယ် အေးစက်သွားခဲ့တာပါ..။
ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..သူ့ရဲ့ အနက်ရောင်မျက်လုံးတွေကို ပိုမို နက်မှောင်လာစေခဲ့တယ်..။ပြီးတာနဲ့ ထပ်မံ ကြိုးစားလိုက်ပါတယ်..။
ဒီ လက်နက်က ထွက်ပေါ်မလာခဲ့ပေ..။သူ့ရဲ့ လက်ဝန်းကျင်မှာ ဖြစ်တည်လာတဲ့ အလင်းစက်တွေကို မခံစားရသလို …ရုပ်ပိုင်းဆိုင်ရာ မှတ်သားမူ ဖြစ်ပေါ်လာဖို့ အတွက် သူ့ရဲ့ အဆီအနှစ်တွေ လျော့နည်းသွားတာကိုလည်း မခံစားရပါဘူး..။
မသက်မသာ အနေအထားနဲ့ပဲ..ဆန်နီက တစ်စက္ကန့်လောက် တွေဝေသွားခဲ့တယ်..။ပြီးတာနဲ့ သန်းခေါင်ယံ အမြုတေကို ခေါ်ယူဖို့ ကြိုးစားလိုက်ပါတယ်..။
နောက်တစ်ချိန်ဆိုသလိုပဲ သူ့ရဲ့ လည်ပတ်က အေးစက်သွားခဲ့ပြီး ဘာမှဖြစ်မလာခဲ့ပေ..။
‘ဘာ…ဘာတွေဖြစ်နေတာလဲ..’
တစ်ခုပြီးတစ်ခု ဆိုသလိုပဲ..ဆန်နီက မှတ်သားမူတွေ အားလုံးကို ထုတ်ဖော်ကြည့်နေပေမယ့်..တူညီတဲ့ ရလာဒ်အတိုင်းသာ ဖြစ်ပေါ်နေခဲ့ပါတယ်..။သူ့ရဲ့ မှတ်သားမူတွေအားလုံးက ထွက်ပေါ်လာဖို့ ငြင်းဆန်နေခဲ့ကြပြီး..အမှောင်ထုထဲမှာ အလင်းစက်တွေတစ်ချို့ ဖြစ်တည်လာတာမျိုးတောင် မရှိခဲ့ပေ..။ဒါက သူတို့အားလုံး လုံးဝ မရှိကြတော့တဲ့ အတိုင်းပါပဲ..။အခိုးခံလိုက်ရတာ..။
ဝီဗာ ရဲ့ မျက်နှာဖုံးတောင်မှ….
အံ့ဩတုန်လှုပ်စွာပဲ သူ အလျင်အမြန် အချက်အလက်ဇယားကို ထုတ်ဖော်ပြီး ဘာမှားယွင်းနေတာလဲ ဆိုတာကို ကြည့်ဖို့ လုပ်လိုက်တယ်..။သူ့ရဲ့ မှတ်သားမူ စာရင်းတွေက ဘာမှ ရှိမနေတာမျိုးတော့ မဟုတ်ပါဘူး..။
‘မဟုတ်ဘူး…မဟုတ်ဘူး…မဟုတ်ဘူး..’
သို့ပေမယ့်..
ရင်းနှီးတဲ့ အချက်အလက်ဇယားက ပေါ်မလာခဲ့ပေ..။သူ့ရဲ့ရှေ့မှာ ဘာမှ ထွက်ပေါ်မလာခဲ့ပဲ…အေးစက်နေတဲ့ အမှောင်ထုသာ ရှိနေခဲ့ပါတယ်..။
‘ခနလေး..ဘာဖြစ်တာလဲ..’
ဆန်နီ ဟာ..အချက်အလက်ဇယား ကို လေးကြိမ်မြောက် ထပ်မံထုတ်ဖော်လိုက်ပြီး..ထပ်ကာထပ်ကာ ကြိုးစားနေခဲ့တယ်..။သို့ပေမယ့် ဘာမှပေါ်မလာခဲ့ပါဘူး..။သူ့ရဲ့ သံမဏိလည်ပတ်ကတော့ အခုဆိုရင် အေးခဲတုံးလိုတောင် အေးစက်နေခဲ့ပါပြီ..။
‘မဖြစ်နိုင်တာ..’
ဒါက..ဒါက….
ဒါက သူနဲ့ အခိုက်အတန့်ကို လုံးဝ ဖြတ်တောက်ခြင်း ခံထားရသလိုပါပဲ..။
ဆန်နီ ဒီလို နားလည်သဘောပေါက်လိုက်တဲ့ အချိန်မှာတော့..လှောင်အိမ်ရဲ့ သံတိုင်တွေကို နောက်ပြန်မှီပြီး ခံစားချက်မဲ့စွာ ရှိနေခဲ့တယ်..။
ဒါက ဘယ်လို အိပ်မက်ဆိုး မျိုးလဲ..။
အခိုက်အတန့် နဲ့ အဆက်အသွယ်ပြတ်သွားရလောက်တဲ့ အထိတောင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..။
အခိုက်အတန့်…အဲတာက အခိုက်အတန့်ပဲ..။ချီးတဲ့မှ..ကြောက်ဖို့ကောင်းပြီး သန်မာလွန်းတဲ့ အခိုက်အတန့်..
ဘယ်သူကများ..နိုးထသူတွေ ဆီကနေ ဒီအရာကို ဖယ်ရှားပစ်နိုင်တာလဲ..
သူက သူ့ရဲ့ ဝိဉာဉ်ပင်လယ်ထဲကိုလည်း ဝင်လို့ မရပါဘူး..။
ဒီကြီးမားတဲ့ ပြောင်းလဲမူကြီးကို သူ့စိတ်ထဲမှာ ထည့်သွင်းဖို့ အတွက် မလွယ်ကူလှပါဘူး..။ဆန်နီက အခိုက်အတန့်နဲ့ အချိန်အတော်ကြာအောင် တည်ရှိနေပြီးပြီ ဆိုေတာ့ သူမရှိပဲ ဘယ်လိုနေထိုင်ရသလဲ ဆိုတာကိုတောင် မေ့ပျောက်နေခဲ့ပါပြီ..။ဒါက သူနဲ့ တစ်သားတည်းဖြစ်နေတဲ့ အစိတ်အပိုင်း တစ်ခုကို ယူဆောင်သွားခြင်း ခံရပြီး..သူ့ကို မပြည့်မစုံ ချန်ထားရစ်ခဲ့တဲ့ အတိုင်းပါပဲ..။
‘ ငါ နားမလည်တော့ဘူး..’
သူက သူ့ရဲ့ လက်ရှိအခြေအနေကို နားလည်နိုင်ဖို့ ကြိုးစားနေတုန်းမှာပဲ..လေးလံတဲ့ ခြေသံတွေက အကျဉ်းထောင်ထဲမှာ ပဲ့တင်ထပ်လာခဲ့တယ်..။ဆန်နီ မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..လူသန်ကြီးတစ်ယောက်က..ချိတ်ဆွဲထားတဲ့ လှောင်အိမ်ကြီးတွေ ကြားထဲကနေ..လမ်းလျောက်လာနေခဲ့တာပါ..။သူ့ရဲ့ ခွန်အားတွေပြည့်ဝနေတဲ့ ဟန်ပန်က..အားအင်တွေကို ဖော်ပြနေခဲ့တယ်..။ဒီလူကြီးက..ပိုးကောင်လည်သာ အကာအကွယ်ကို ဝတ်ဆင်ထားပြီး..သူ့ရဲ့ အစွန်းတွေကတော့ တွန့်ကြေနေခဲ့ပါတယ်..။
သူ့ရဲ့ နောက်ကျောမှာတော့..ကွေးကောက်နေတဲ့ ဓားကို ချိတ်ဆွဲထားခဲ့တယ်..။ဒါက သတ္တဝါတွေကို နှစ်ပိုင်းခုတ်ဖြတ်လို့ရတဲ့ အထိ ကြီးမားပြီး လေးလံနေခဲ့ပါတယ်..။သူ့ရဲ့ ခါးပတ်မှာလည်း လေးလံတဲ့ သံချိန်းကြိုးတွေက ခြေတစ်လှမ်းခြင်းစီတိုင်းမှာ တစ်ခုနဲ့တစ်ခု ပွတ်တိုက်နေကြပါသေးတယ်..။
ဒီလူသန်ကြီးက သူ့မျက်နှာကို မျက်နှာဖုံးတစ််ခုနဲ့ ဖုံးအုပ်ထားပေမယံ့်..ဒီလူက တက်ရောက်သူတစ်ယောက်ဖြစ်တယ် ဆိုတာကို သိရဖို့ ဆန်နီအတွက် နှစ်ခါကြည့်စရာ မလိုအပ်ခဲ့ပါဘူး..။
ပြီးတော့…အဲဒီ တက်ရောက်သူ က သူရှိနေတဲ့ လှောင်အိမ်ဆီ တည့်တည့်လျောက်လာနေခဲ့တာပါ..။
‘အခုတော့ ငါ့အတွက် အခွင့်အရေးပဲ..။ဒါပေမဲ့..အာ…ဘာလုပ်ဖို့အတွက်လဲ..’
ဆန်နီက သူ့ရဲ့ခန္တာကိုယ်အသစ်နဲ့ အသားကျသေးတာ မဟုတ်ပါဘူး..။ပြီးတော့..မှတ်သားမူတွေကို ထုတ်ယူနိုင်စွမ်းကနေလည်း တားမြစ်ထားခြင်း ခံရပါသေးတယ်..။သူ့မှာ အကာအကွယ်တွေ ရှိမနေပဲ..ခုခံကာကွယ်နိုင်စွမ်းလည်း မရှိပေ..။သူ့ရဲ့ ဂဏ္ဍစွမ်းရည်တွေက အလုပ်လုပ်သေးရဲ့လား ဆိုတာတောင် သူ မသိပါဘူး..။
သူ ဘာလုပ်သင့်သလဲ..။မာစတာ တစ်ယောက်ကို..လက်သီးသက်သက် ဒါမှမဟုတ်..လက်သည်းတွေ..ဘာပဲဖြစ်ဖြစ် အဲတာနဲ့ တိုက်ခိုက်ရမှာလား..။ဒါမှမဟုတ် ဘာတွေဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်နေသင့်လား..။
အဆုံးမှာတော့..သူ့ရဲ့ သတိထားတဲ့ စိတ်ကသာ အနိုင်ယူသွားခဲ့ပါတယ်..။
ဆန်နီဟာ..အနီရောင်ဝတ်စုံနဲ့ လူကြီး သူ့ဆီကို လျောက်လာတာကိုပဲ..တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပါတယ်..။ပြီးတာနဲ့..သူက..သံတိုင်တွေကို တစ်နည်းနည်းနဲ့ ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့တယ်..။
ဒီလူသန်ကြီးဟာ..သူ့ရဲ့ ကြီးမားတဲ့ လက်သီးနဲ့ ဆန်နီရဲ့ ဦးခေါင်းကို အညှာတာ ကင်းမဲ့စွာ ရိုက်လိုက်တယ်..။ပြီးတာနဲ့..သူ ဒီမူးဝေမူကို ပျောက်ကွယ်အောင် မလုပ်နိုင်သေးခင်မှာပဲ..သူ့ရဲ့ လည်ပင်းမှာ သံချိန်းကြိုးတစ်ချောင်းက ချည်နှောင်ထားပြီးပါပြီ..။
ယင်းနောက် ဆန်နီက တစ်နေရာရာကို ဆွဲခေါ်သွားခြင်း ခံလိုက်ရတယ်..။သူက ညစ်ပေတဲ့ ကြမ်းခင်းမှာ ဒရွတ်တိုက် ဆွဲခေါ်သွားခြင်း ခံနေရတာကြောင့်..လည်ပင်းမှာဖြစ်ပေါ်နေတဲ့ နာကျင်မူက မခံမရပ်နိုင်အောင် ပါပဲ..။
အဲတာပြီး သိပ်မကြာခင်မှာပဲ..တောက်ပတဲ့ နေရောင်ကြောင့် သူ့ရဲ့ မျက်စိတွေ ကျိန်းထွက်သွားခဲ့ပါတယ်..။စူးရှတဲ့ နာကျင်မူက သူ့ရဲ့ အနက်ရောင် မျက်လုံးတွေထဲကို ဝင်ရောက်လာခဲ့တယ်..။ခနအကြာမှာတော့..ဆန်နီက မြေကြီးပေါ်ကို ရက်စက်စွာ လွင့်ပစ်ခြင်း ခံလိုက်ရပါတယ်..။သူက အခြေအနေတွေကို မြင်နိုင်ခြင်း မရှိသေးပေမယ့် သူ့ရဲ့ လည်ပင်းမှာရှိနေတဲ့ ကြိုးကွင်းကို ဖယ်ရှားပေးလိုက်တာကို တော့ ခံစားမိခဲ့တယ်..။
ဖြည်းညှင်းစွာပဲ..သူ့ရဲ့ မျက်လုံးတွေက အလင်းရောင်နဲ့ အသားကျသွားခဲ့ပါပြီ..။သူ့ရဲ့ အမြင်အာရုံတွေက.အမှောင်ထဲမှာ ရှိနေတုန်းကလောက်တော့ ကောင်းမွန်ခြင်း မရှိသေးပေမယ့်..ဆန်နီဟာ..သူ့အနေနဲ့ အဝိုင်းပုံစံ တိုက်ပွဲကွင်းပြင်တစ်ခုရဲ့ ကျောက်တုံးကြမ်းပြင်ပေါ်မှာ ရောက်နေတာကို မြင်နိုင်ခဲ့တယ်..။
သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့..အဖြူရောင်ကျောက်ကနေ ပြုလုပ်ထားတဲ့ ထိုင်ခုံတွေ အတန်းလိုက် ၊ အတန်းလိုက် ရှိနေခဲ့ကြပြီး ကျယ်ပြန့်တဲ့ ပွဲကြည့်စင် တစ်ခုအဖြစ် ဖန်တီးထားခဲ့တယ်..။ဒီ ပွဲကြည့်စင်တွေမှာ..လူတွေ ပြည့်ကြပ်နေအောင် ရှိနေတာမျိုး မဟုတ်ပေမယ့် အတော်များများတော့ ရှိနေကြပါသေးတယ်..။ဒီလူတွေက သူ့ကို ပျော်ရွှင်မူ ၊ စိတ်လှုပ်ရှားမူတွေနဲ့ ကြည့်နေခဲ့ကြတယ်..။သူတို့က..ရိုးရှင်းတဲ့ ဖျင်ကြမ်းအက်ျီနဲ့ တစ်ခြား ရှေးဟောင်း အဝတ်အစားတွေကို ဝတ်ဆင်ထားကြပါတယ်..။သူတို့ အများစုဝတ်ထားကြတာက အနီရောင်တွေပါ..။
သူရှိနေတဲ့ ကွင်းပြင်ကတော့ ဘေးပတ်လည်မှာရှိနေတဲ့ ပွဲကြည့်စင် အတန်းတွေလို အဖြူရောင် မဟုတ်ပါဘူး..။အဲဒီအစား..ဒီနေရာက အနီရောင်ဖြစ်နေခဲ့တယ်..။
ဒါမှမဟုတ်..ဒီနေရာကလည်း တစ်ချိန်တုန်းကတော့ အဖြူရောင် ဖြစ်ခဲ့လောက်မှာပါ..။သို့ပေမယ့် သူ့ရဲ့ မျက်နှာပြင်က များပြားလှတဲ့ သွေးတွေကို စုပ်ယူထားခဲ့တာကြောင့်..အရောင်ပြောင်းသွားခဲ့တာ ဖြစ်နိုင်ပါတယ်..။
ဆန်နီ အပေါ်ကို မော့ကြည့်လိုက်တဲ့ အချိန်မှာတော့..သိပ်မဝေးတဲ့နေရာမှာ..နောက်ထပ် မွန်းစတားတစ်ကောင်ကလည်း သူ့ရဲ့ လည်ပင်းကြိုးကနေ လွတ်မြောက်သွားခဲ့တာကို သတိထားလိုက်မိတယ်..။
သူ့ရဲ့ ကျောရိုးတစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရပါတယ်..။
…ဟုတ်ပါတယ်..သူက နောက်တစ်ကြိမ် အစေခံ ဖြစ်နေခဲ့ပါပြီ..။
သို့ပေမယ့် ကြည့်ရတာတော့..ဒီတစ်ကြိမ်မှာ ကံတရားက..သူ့ကို မတူညီတဲ့ ကျွန် တစ်ယောက်အဖြစ် ပုံဖော်ချင်နေတဲ့ ပုံပါပဲ။
‘ခနလေး…အဲလိုတော့ မဟုတ်ဘူးမလား..’
ပွဲကြည့်စင်ပေါ်က လူအုပ်ကြီးက အော်ဟစ်အားပေးလိုက်တဲ့ အချိန်မှာတော့..နောက်ထပ်မွန်းးစတား တစ်ကောင်က ဟစ်ကြွေးပြီး တစ်ဖက်ကို လှည့်လာခဲ့တယ်..။ပြီးတာနဲ့ သူ့ရဲ့ သွေးဆာနေတဲ့ မျက်လုံးတွေနဲ့ ဆန်နီကို ကြည့်လိုက်ပါတယ်..။
‘ဒါက သောက်ကျိုးနဲ တိုက်ပွဲကွင်းပြင် တစ်ခုပဲ..’
အပိုင်း ( ၆၀၃ ) ပြီး၏။