← Chapters

အရိပ် သတ်ပုတ်ဖျော်ဖြေသူ

Vol. 41 Ch. 604

အရိပ် သတ်ပုတ်ဖျော်ဖြေသူ

Vol. 41 Ch. 604

ကွင်းပြင်တစ်ခုလုံးကို သစ်သား ခြံစည်းရိုးတွေနဲ့ ပိုင်းခြားထားခဲ့ပြီး..များပြားလှတဲ့..အခန်းငယ်လေးတွေအဖြစ်ပိုင်းခြားထားကာ..တစ်ခုချင်းစီကိုလည်း သံချေးတက်နေတဲ့..သံမဏိဂိတ်တွေနဲ့ ဆက်သွယ်ပေးထားပါတယ်..။လတ်တလောမှာတော့..ဆန်နီ က ကွင်းပြင်ရဲံ အစွန်ဆုံး နေရာမှာ ရောက်နေခဲ့ပြီး..သူ့ရဲ့နောက်မှာတော့ ကျောက်တုံး နံရံကြီးသာ ရှိနေခဲ့ပါတယ်..။ခိုင်ခံ့တဲ့ ခြံစည်းရိုးသုံးခုက..သူတို့တိုက်ခိုက်ရမယ့် နေရာ ပတ်လည်မှာ ကာရံထားခဲ့တယ်..။ဒီခြံစည်းရိုးတွေ အပေါ်မှာလည်း သံဆူးချွန်တွေကို တပ်ဆင်ထားပြီး..တိုက်ခိုက်သူတွေကို ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိနိုင်အောင် ပြုလုပ်ထားခဲ့ပါသေးတယ်..။

…ပြီးတော့..သူရောက်ရှိနေတဲ့ နေရာက တိုက်ပွဲကွင်းပြင်တစ်ခု ဖြစ်တယ် ဆိုတာ မမှားယွင်းနိုင်တော့ပါဘူး..။တကယ်လို့ ကျွန်တွေအနေနဲ့..သူတို့ရဲ့ပြိုင်ဖက် ဒါမှမဟုတ် သခင်တွေရဲ့ သတ်ဖြတ်ခြင်းကို မခံချင်ဘူးဆိုရင်..ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ပြီး လူအုပ်ကြီးကို ဖျော်ဖြေပေးရမှာပါ..။

သိသာစွာပဲ ဒီတစ်ခုကတော့ အတော်လေးကို ထူးခြားနေခဲ့တယ်…။ဒီနေရာက လူသားတွေကိုတင် ဖမ်းဆီးပြီး တိုက်ခိုက်ခိုင်းတာ မဟုတ်ပဲ..ရိုင်းစိုင်းတဲ့ သတ္တဝါတွေ အပါအဝင် မျိုး စိတ်ပေါင်းစုံပါပဲ..။လူအုပ်ကြီးကလည်း..ထူးထူးဆန်းဆန်းကို ပြုမူနေခဲ့ကြတယ်..။အိပ်မက်ရူခင်းထဲမှာ အတွေ့အကြုံရှိဖူးခဲ့တာကြောင့်..ပရိတ်သတ်တွေ အနေနဲ့ သွေးဆာမူတွေ ၊ ရက်စက်တဲ့ စိတ်ကျေနပ်အားရမူ တွေနဲ့ လွှမ်းမိုးနေကြလိမ့်မယ်လို့ ဆန်နီ ထင်ထားခဲ့တာပါ..။

အဲဒီအစား ဒီလူတွေက..ပျော်ရွှင်ပြီး ဂုဏ်သိက္ခာရှိတယ် လို ယူဆထားကြကာ..တည်ငြိမ်လုနီးပါးတောင် ဖြစ်နေခဲ့ကြပါတယ်..။ဒါက သူတို့အနေနဲ့..တိုက်ခိုက်နေသူတွေ အတွက် ပျော်ရွှင်ပေးနေကြတဲ့ အတိုင်းပါပဲ..။အနည်းငယ် မနာလိုတောင် ဖြစ်နေခဲ့ကြတာလား..။လူအုပ်ကြီးဟာ..တစ်လုံးတည်းသော..သီဆိုမူကို ထပ်ကာ ထပ်ကာ ဟစ်ဆိုရင်..လှိုင်းလုံးတွေလို လှုပ်ရှားအားပေးနေခဲ့ကြတယ်..။

“ဂုဏ်သိက္ခာ ဂုဏ်သိက္ခာ ဂုဏ်သိက္ခာ…”

ဒီအသံတွေက မိုးခြိမ်းသံလိုမျိုး ပဲ့တင်ထပ်ကာ..ထွက်ပေါ်နေခဲ့တာပါ..။

‘ဒီခွေးသားတွေက ဘာဖြစ်နေကြတာလဲ…’

ဝမ်းနည်းစွာပဲ..ဆန်နီအနေနဲ့ ဒီ ထူးဆန်းတဲ့ ပရိတ်သတ်တွေအကြောင်းတွေးဖို့ အချိန်အများကြီး မရရှိခဲ့ပေ..။သူ ဖြေရှင်းဖို့အတွက် ပိုကြီးမားတဲ့ ပြသနာက ရှိနေခဲ့ပါတယ်..။

သူ့ရဲ့ ရှေ့တည့်တည့်မှာတော့..နောက်ထပ်သတ္တဝါတစ်ကောင်က ချိန်းကြိုးကနေ လွတ်မြောက်သွားပြီဖြစ်ပြီး..သူ့ရဲ့ အားကောင်းတဲ့ ခန္တာကိုယ်ကို ညစ်ပတ်နေတဲ့ အညိုရောင် အမွှေးတွေနဲ့ ဖုံးလွှမ်းထားခဲ့တယ်..။ဒီ သတ္တဝါမှာ အားကောင်းတဲ့ ခြေထောက်လေးချောင်း ၊ ကြောက်မက်ဖွယ်ကောင်းတဲ့ အစွယ်တွေ ၊ ရူးသွပ်မူတွေ လောင်ကျွမ်းနေတဲ့ မျက်လုံးတွေ ရှိနေခဲ့တယ်..။ဒါက ထူးဆန်းတဲ့ သစ်ပင်တွေနဲ့ ပြည့်နှက်နေတဲ့ ချိန်းကျွန်းစုရဲ့ ကျွန်းပေါ်မှာ သူတွေ့ခဲ့တဲ့ ဝံပုလွေတွေနဲ့တောင် တူနေပါသေးတယ်..။

ပြီးတော့ ဒါက တစ်ကောင်တည်း မဟုတ်ပါဘူး..။

နောက်ထပ် နှစ်ကောင်က ပထမတစ်ကောင်ရဲ့ နောက်ကနေ ပေါ်ထွက်လာခဲ့ပြီး မြေကြီးပေါ်ကို ပြုတ်ကျကာ ပါးစပ်ကနေ အသံတစ်ချို့ ထွက်ပေါ်လာခဲ့တယ်..။

‘ချီးတဲ့မှပဲ..’

ဆန်နီ အကြည့်ကို ရွေ့လျားလိုက်ပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်နေတဲ့ သားရဲတွေရဲံ အဆင့်နဲ့ အမျိုးအစားကို သိနိုင်အောင် ကြိုးစားလိုက်ပါတယ်..။သူတို့က..သူအရင်က သတ်ခဲ့ဖူးတဲ့ ကျရှုံးမူအဆင့် သားရဲတွေထက်တော့ ပိုပြီး အကောင်သေးပါတယ်..။သူတို့က ကားတစ်စီးရဲ့ အရွယ်အစားလောက် မရှိပဲ နွားတစ်ကောင် စာလောက်သာ ရှိနေခဲ့ကြတယ်..။သူ့ရဲ့ အသစ်တွေ့ရှိထားတဲ့ စွမ်းရည်ဖြစ်တဲ့..သက်ရှိတွေရဲ့ ဝိဉာဉ်တွေထဲကို ကြည့်ပြီးး သူတို့ရဲ့ အမြုတေကို မြင်နိုင်တဲ့ စွမ်းရည်က အတော်လေး အသုံးဝင်လာပါလိမ့်မယ်..။

သို့ပေမယ့်..သူတို့ရဲ့ မာကျောတဲ့ ကြေးခွံတွေရဲ့ အောက်မှာြမင်လိုက်ရတဲ့ အရာကြောင့် သူ စိတ်ရှုပ်ထွေးသွားခဲ့တယ်..။ဒီသတ္တဝါတွေရဲ့ ခန္တာကိုယ်ထဲမှာ အလင်းရောင် ဂြိုလ်လုံးတွေ ရှိနေရမယ့် အစား..ပုန်းကွယ်နေတဲ့ အမှောင်ထုတွေသာ ရှိနေခဲ့တဘ်..။သူတို့ရဲ့ သွေးကြောတွေကလည်း ခန္တာကိုယ်တစ်ခုလုံးကို ကင်ဆာရောဂါတစ်ခုလို ပျံ့နှ့့နေခဲ့ပါတယ်..။အမှောင်ထု အတွင်းထဲမှာတော့..မရှင်းလင်းတဲ့ အရာတစ်ခုခုက..ရွေ့လျားနေခဲ့တယ်..။သူတို့က လွတ်မြောက်ဖို့ ကြိုးစားနေကြသလိုပါပဲ..။

ဒီမြင်ကွင်းက အတော်လေး ကြောက်ဖို့ကောင်းပြီ ရွံ့စရာလည်း ကောင်းပါတယ်..။

ဒါက အနက်ရောင် တာဝါမှာ သူတွေ့ခဲ့ရတဲ့ ပုတ်ဆွေးနေတဲ့ ဝီဗာရဲ့ လက်မောင်းတစ်ဖက်ကိုတောင် ပြန်အမှတ်ရစေခဲ့တယ်..။

‘ဒီတော့..အိပ်မက်ဆိုးသားရဲတွေရဲ့ ဝိဉာဉ်အမြုတေ တွေကို ဒီလိုမျိုးတွေပေါ့..’

ဆန်နီက အမြုတေတွေကို အရွယ်အစား နဲ့ တောက်ပမူတွေနဲ့သာ တိုင်းတာတတ်တာကြောင့် ဒီအမြုတေတွေရဲ့ အဆင့်အတန်းကို ဘယ်လို သတ်မှတ်ရမလဲ ဆိုတာကို မသိပါဘူး..။ကြောက်မက်ဖွယ်ဝံပုလွေတွေရဲ့ အမှောင်ထုထဲမှာ ဖြစ်တည်နေတဲ့ အရာနှစ်ခုကို ကြည့်ချင်းအားဖြင့်တော့ ဒီ သတ္တဝါတွေက ဘာမှမဟုတ်တဲ့ မွန်းစတား တွေ ဆိုတာကို ဖော်ပြနေခဲ့ပါတယ်..။

ဒါက သူ့ကို အရမ်းကြီးတော့ အကူညီ မဖြစ်စေပါဘူး..။

သူ့ရဲ့ ခန္တာကိုယ်အသစ်နဲ့ မတ်တတ်ရပ်ဖို့တောင် မနည်း ကြိုးစားနေရတဲ့ အချိန်မှာ..သူက ဘယ်လိုလုပ်ပြီး မွန်းစတား သုံးကောင်နဲ့ တိုက်ခိုက်နိုင်မှာတုန်း..။

‘ချီးတဲ့မှပဲ..’

…ပြီးတော့..ပိန်လှီပေမယ့် သန်မာအားကောင်းပြီး နှစ်မီတာလောက်မြင့်တဲ့ ဒီခန္တာကိုယ်က..အဝတ်ဗလာဖြစ်နေကာ..သူ့ရဲ့ အစိတ်အပိုင်းအားလုံးကို လူတိုင်းမြင်နေရတာကိုလည်း သူ မနှစ်သက်ပါဘူး..။

ဒါမှမဟုတ်..ကိုက်ဖြတ်ဖို့ပေါ့..။

ထပ်ပြောရရင် ပရိတ်သတ်တွေထဲမှာက အမျိုးသမီးတွေ အများကြီး ရှိနေခဲ့တာပါ..။

ဆန်နီဟာ..မသက်မသာဖြစ်မူတွေကို ဖုံးကွယ်ထားလိုက်ပြီး ဝံပုလွေတွေကို..အန္တရာယ်များတဲ့ အနက်ရောင်မျက်လုံးတွေနဲ့ စိုက်ကြည့်လိုက်တယ်..။သူ့ရဲ့ နှုတ်ခမ်းပွင့်လာတဲ့ အချိန်မှာတော့..ထက်ရှတဲ့ အစွယ်တွေ ထွက်ပေါ်လာခဲ့ပါတယ်..။ဒါက ..ဒီ မွန်းစတားတွေရဲ့ အစွယ်တွေနဲ့ အတူတူပါပဲ..။သူ့ရဲ့ ပါးစပ်ကနေ ဟိန်းဟောက် သံ တစ်ခု ထွက်ပေါ်လာခဲ့တယ်..။

‘လာစမ်းပါ..ငါ ဘယ်လာက် အကောင်ကြီးပြီး ကြောက်ဖို့ကောင်းနေလဲ ဆိုတာကို ကြည့်လိုက်..။မင်းတို့က ငါ့လို့ ကြောက်စရာ နတ်ဆိုးတစ်ကောင်နဲ့တော့ တိုက်ခိုက်ချင်မှာမဟုတ်ဘူးမလား..။ဒီလိူ မွန်းစတား မျိုးကို တိုက်ခိုက်ချင်ရလောက်အောင် တစ်စုံတစ်ယောက်က ရူးသွပ်နေလို့ပဲ ဖြစ်လိမ့်မယ်..’

ဝမ်းနည်းစွာပဲ..ဒီ အိပ်မက်ဆိုးသားရဲတွေက အဲလိုမျိုး သတ္တဝါတွေ အတိအကျပါပဲ..။

ရူးသွပ်နေတဲ့ သားရဲတွေ…

ဝံပုလွေတွေဟာ.. သွေးဆာနေတဲ့မျက်လုံးတွေနဲ့ ရှေ့ကို ပြေးတက်လာခဲ့ကြတယ်..။သူတို့ရဲ့ ပါးစပ်တွေကို ဖွင့်ထားပြီး ချွန်ထက်တဲ့အစွယ်တွေကို ပေါ်ထွက်နေစေခဲ့ပါတယ်..။လူအုပ်ကြီးဟာ..အော်ဟစ်လိုက်ကြတယ်..။

“ချီးတဲ့မှပဲ…”

ဆန်နီဟာ.သူ့ရဲ့ အရိပ်တွေကို ခန္တာကိုယ်မှာ ရစ်ပတ်ထားဖို့ အမိန့်ပေးလိုက်တဲ့ အချိန်မှာတော့..ဒါက မီးတောက်ကျောက်တုံးကနေ ထုလုပ်ထားသလို အလင်းရောင် ကင်းမဲ့ပြီး နက်မှောင်သွားခဲ့တယ်..။ကျေးဇူးတင်စွာပဲ သူ့ရဲ့ ဒီစွမ်းရည်က အလုပ်လုပ်နေပါသေးတယ်..။ချက်ချင်းဆိုသလိုပဲ..သူ့ရဲ့ ခွန်အားနဲ့ အမြန်နှုန်းတွေက ခုန်တက်သွားခဲ့ပါပြီ..။

သူက အမှောင်ထုထဲကို တိုးဝင်လိုက်ပြီး..ဝံပုလွေတွေထဲက အရိပ်တစ်ခုကနေ ပေါ်ထွက်လာခဲ့တယ်..။သူ့ရဲ့ လက်လေးချောင်း စလုံးက..သားရဲကို ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်ပြီး..လက်သည်းတွေကို နူးညံ့တဲ့ အသားထဲကို တိုးဝင်သွားစေလိုက်တယ်..။ဆန်နီဟာ..သူ့ရဲ့ ခန္တာကိုယ်ကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရသေးတာကြောင့်..သူ့ရဲ့ လှုပ်ရှားမူတွေက အမှန်တကယ် အသုံးပြုနိုင်တဲ့ ပမာဏထက် ပိုပြီး နှေးကွေးနေခဲ့ပါသေးတယ်..။

သို့ပေမယ့် အရိပ်သုံးခုက ရစ်ပတ်ထားတာကြောင့် ..ဒီအားနည်းချက်ကနေပြီး..ပြင်းထန်တဲ့ အားအင်တွေကို ထွက်ပေါ်လာစေနိုင်ခဲ့တယ်..။

ကြီးမားတဲ့ မွန်းစတားကို သူ့ရဲ့ ခေါင်းပေါ်အထိ ဆွဲမ လိုက်ပြီး..ခွန်အားအကုန်သုံးပြီး ဆွဲပစ်လိုက်တယ်..။သူ့ရဲ့ မဟူရာ အရည်ပြားပေါ်က ကြွက်သားတွေက သံမဏိချောင်းတွေလို ရွေ့လျားလာပြီးနောက်မှာတော့..ဝံပုလွေရဲ့ ခန္တာကိုယ်က ရက်စက်စွာပဲ တစ်စစီဖြစ်သွားခဲ့တယ်..။သွေးတွေကတော့..သူ့ရဲ့ ဦးချိုပေါ်ကို မြစ်တစ်စင်းလို စီးကျလာခဲ့ပါတယ်..။

လူအုပ်ကြီးက..ရူးသွပ်သွားခဲ့ကြပြီး..ကျယ်လောင်တဲ့ အားပေးသံတွေနဲ့ ပြည့်နှက်သွားခဲ့ပါတယ်..။အနည်းဆုံးတော့..ဒါက သူတို့ တိုက်ခိုက်ရေးနေရာနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ပွဲကြည့်စင်က ပရိတ်သတ်တွေရဲ့ အသံတွေပါ..။

‘ဘာလဲ…ဒါက ဘာအတွက်အော်နေကြတာလဲ.အရူးတွေ..’

သူ့ရဲ့ ခန္တာကိုယ်အသစ်ကနေ ထွက်ပေါ်လာတဲ့ ခွန်အားကြောင့် ဆန်နီ ကိုယ်တိုင်တောင် အနည်းငယ် အံ့ဩသင့်သွားခဲ့ပါတယ်..။ဒါက သူ့ရဲ့ လူသားခန္တာကိုယ်ထက် အများကြီး ပိုသန်မာနေခဲ့တာပါ..။သို့ပေမယ့်..ဒီခန္တာကိုယ်က အရပ်အများကြီး ရှည်နေတာကြောင့်..သူ့ရဲ့ မြေပြင်နဲ့ ဝေးကာ ဆွဲအားနည်းနေခဲ့တယ်..။

ဒါကြောင့်ပဲ..ဆန်နီဟာ..ကိုယ်နေဟန်ထား တွက်ချက်မူကို လုံးဝ မှားယွင်းသွားခဲ့ပြီး..ဟန်ချက်ပျက်သွားခဲ့တယ်..။သူက သေဆုံးနေတဲ့ ဝံပုလွေရဲ့ ခန္တာကိုယ်ကို ဖယ်ရှားပြီးတာနဲ့ ဒီလိုဖြစ်သွားခဲ့တာပါ..။

သူက သွေးတွေ စွန်းပေနေတဲ့ ကျောက်တုံးပေါ်ကို လဲကျသွားခဲ့တာကြောင့် သူ့ရဲ့ လည်ပင်းကို ကာကွယ်ဖို့အတွက် လက်နှစ်ချောင်းကို လေပေါ်မြောက်ကာ အသုံးပြုထားရတယ်..။ချက်ချင်းဆိုသလိုပဲ..ကျန်ရှိနေတဲ့ မွန်းစတား နှစ်ကောင်ထဲက တစ်ကောင်က သူ့ရဲ့ အပေါ်ကို ရောက်လာနေခဲ့ပါပြီ..။သူ့ရဲ့ ပါးစပ်တွေကို ကြီးမားစွာ ဖွင့်ထားခဲ့ပြီး သူ့ရဲ့ လည်ပင်းကို ကိုက်ဖို့အတွက် ဦးတည်နေခဲ့တယ်..။

ကံကောင်းစွာပဲ ဆန်နီ ရဲ့ လက်တွေက အချိန်မှီတားဆီးနိုင်လိုက်တာကြောင့်…သူ့ရဲ့ လည်ပင်းကို ကိုက်ဖြတ်ရမယ့်အစား..ဝံပုလွေက လက်တွေကိုသာ ကိုက်မိသွားခဲ့ပါတယ်..။ထက်ရှတဲ့ အစွယ်တွေက သူ့ရဲ့ မာကျောတဲ့ အရည်ပြား ကို ဖြတ်ပြီး..အသားထဲကို ထိုးဖောက်ကာ အရိုး အထိအောင် ရောက်သွားခဲ့တယ်..။

ပြင်းထန်တဲ့ နာကျင်မူက အသဲခိုက်မတတ် ပေါက်ကွဲထွက်လာခဲ့တာကြောင့်..ဆန်နီဟာ..ခြေလက်တွေကို ဘယ်လို အသုံးပြရမလဲ ၊ နတ်ဆိုးရဲ့ ခန္တာကိုယ်ကို ဘယ်လို စီမံရမလဲ ဆိုတာကိုတောင် မေ့သွားခဲ့ပါတယ်..။ဒုတိယ ဝံပုလွေက သူ့ရဲ့ ခန္တာကိုယ်ပေါ်ကို ခုန်အုပ်လိုက်ပြီး သူ့ရဲ့ ဝမ်းဗိုက်ကို ရှည်လျားတဲ့ လက်သည်းတွေနဲ့ ဆုပ်ဖြဲလိုက်တယ်..။

“အား…’

မကောင်းတော့ဘူး..။ဒါက မကောင်းတော့ဘူး..။သူက မြေကြီးပေါ်မှာ ကာကွယ်မူကင်းမဲ့စွာ လဲကျနေခဲ့တာပါ..။သူ့ရဲ့ ဝမ်းဗိုက် ပွင့်ထွက်ပြီး ၊ခေါင်းပြတ်ဖို့ အတွက် စက္ကန့်အပိုင်းအခြားလောက်သာ လိုအပ်ပါတော့တယ်..။ပြီးတော့..သူ့မှာ လက်တွေ ဘယ်နှစ်ချောင်းရှိလဲ..ဒီလက်တွေနဲ့ ဘာလုပ်ရမလဲ ဆိုတာကိုတောင် မမှတ်မိတော့ပေ..။

ဆန်နီ လှုပ်ယမ်းလိုက်ပြီး..ပါးစပ်ကို ဖွင့်ကာ အော်ဟစ်လိုက်တယ်..။သူ့ရဲ့ အော်ဟစ်မူက ဝံပုလွေတွေကို ထိပ်လန့်သွားစေပြီး ..တစ်ခနလောက် ရပ်တန့်သွားစေခဲ့ပါတယ်..။

ပြီးတဲ့နောက်မှာတော့..သူ့ရဲ့ အပေါ်ဘက် လက်နှစ်ချောင်းကို ရွေ့လျားကာ..ပထမဝံပုလွေရဲ့ ပါးစပ်တွေကို ဆုပ်ကိုင်ထားလိုက်ပြီး..တစ်ချိန်တည်းမှာပဲ..အောက်ဘက် လက်နှစ်ဖက်က..ဒုတိယတစ်ကောင်ကို ချုပ်ကိုင်ထားလိုက်ပါတယ်..။ဆန်နီဟာ..သူ့ရဲ့ ဝမ်းဗိုက်ကို တိုက်ခိုက်နေတဲ့ မွန်းစတားကို ကျောက်တုံးပေါ်ကို ပစ်ချလိုက်တယ်..။တစ်ချိန်တည်းမှာပဲ..သူ့လည်ပင်းကို ကိုက်တော့မယ့် ဝံပုလွေရဲ့ ပါးစပ်ကို နောက်ပြန်တွန်းထားလိုက်ပါတယ်..။

သူက ခြိမ်းခြောက်စွာအော်ဟစ်လိုက်ပြီး..မွန်းစတားရဲ့ ပါးစပ်ကို တစ်ဖက်စီက ကိုင်ထားကာ..အားကုန်ဆွဲဖြဲပြီး..ပျက်ဆီးမူရဲ့ ပွေ့ဖက်ခြင်းဆီ ပို့ပေးလိုက်ပါတယ်..။

သူတို့သုံးယောက်က အချိန်တစ်ချို့ကြာအောင် ဒေါသတကြီး ရုန်းကန်နေခဲ့ကြတယ်..။ဆန်နီ ရဲ့ ခန္တာကိုယ်ပေါ်မှာလည်း ပိုမိုများပြားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်..။နာကျင်မူက သူ့ရဲ့ စိတ်ထဲမှာပြည့်နှက်နေပြီး မလိုအပ်တဲ့ အတွေးတွေ အားလုံးကို မောင်းထုတ်ပေးထားခဲ့တယ်..။

သူ့ စိတ်ထဲမှာ ကျန်ရှိနေတာ ဆိုလို့..အေးစက်ပြီး ..သတ်ဖြတ်လိုတဲ့စိတ်ဆန္ဒတွေ ပါပဲ..။

သူက နတ်ဆိုးခန္တာကိုယ်ရဲ့ ကြွက်သားတွေကို အကန့်အသတ်အထိ ရောက်ရောက် အသုံးပြုပြီးတဲ့နောက်မှာတော့..ဝံပုလွေတစ်ကောင်ရဲ့ ကျောရိုးဟာ..သူ့ရဲ့ ပွေ့ဖက်မူအောက်မှာ ကျိုးသွားတာကို ခံစားလိုက်ရပါတယ်..။တစ်ချိန်တည်းမှာပဲ..ကျန်ရဲ့ နေသေးတဲ့ မေးရိုးကလည်း သတ္တဝါရဲ့ ဦးခေါင်းကနေ ပြုတ်ထွက်သွားခဲ့တယ်..။

စိတ်နှလုံး ပူဆွေးဖွယ် အော်ဟစ်သံကြီးက သူ့ရဲ့နားထဲကို ဝင်ရောက်လာတဲ့ အချိန်မှာ..ဆန်နီဟာ မွန်းစတားကို ပစ်ချလိုက်ကာ..တစ်ခြားတစ်ကောင်ရဲ့ မေးရိုးကို ထပ်ဆုပ်ဖြဲလိုက်ပါတယ်..။

ဝံပုလွေနှစ်ကောင်လုံး လဲကျသွားတဲ့ အချိန်မှာတော့..ဆန်နီက နောက်ဆုံးမှာ ထနိုင်သွားခဲ့ပါပြီ..။သူ့ရဲ့ လက်သီးတွေက ပုဆိန်သမားတစ်ယောက်လို ပြုတ်ကျလာခဲ့ပြီး..သားရဲတွေရဲ့ ဦးခေါင်းကို အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေခဲ့ပါတယ်..။

အိပ်မက်ဆိုးသားရဲတွေရဲ့ ခန္တာကိုယ်တွေက ..တုန်ရီသွားပြီးနောက်မှာ..ငြိမ်သက်သွားခဲ့တယ်..။

ဆန်နီက ဒူးထောက်လျက်သား ရှိနေဆဲဖြစ်ပြီး..သူ့ရဲ့ ရင်ဘတ်ကလည်း လေးလံစွာ နိမ့်ချည် မြင့်ချည် ဖြစ်နေခဲ့ပါတယ်..။သူ့ရဲ့ အဝတ်အပါတဲ့ ခန္တာကိုယ် အများစုကို သွေးတွေ ၊ ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖုံးကွယ်ထားခဲ့တယ်..။သူ့ရဲ့ မျက်လုံးတွေက အဆုံးမရှိတဲ့ ချောက်နက်ကြီးတစ်ခုလို နက်ရှိုင်းနေခဲ့ပြီး ၊ သူ့ရဲ့ လက်လေးချောင်းကလည်း..အောက်ကို နိမ့်ကျနေခဲ့ပါတယ်..။လက်သည်းတွေမှာလည်း..အညိုရောင် အမွှေးတွေ ၊ အရိုးမှုန့်တွေ နဲ့ ရွံ့စရာ အနီရောင် အသားစတွေနဲ့ ပြည့်နှက်နေခဲ့ပါပြီ..။

လူအုပ်ကြီးဟာ..ကျယ်လောင်စွာ အားပေးလိုက်ကြတယ်..။ကြည့်ရူသူတွေ အများကြီးက ပျော်ရွှင်မူတွေ ၊ ရိုးသားတဲ့ သနားညှာတာမူ အမူအရာတွေနဲ့..သူ့ရဲ့ တိုက်ခိုက်ရေးကွင်းပြင်နေရာကို စတင် အာရုံစိုက်မိလာကြပါပြီ..။

ဆန်နီဟာ သူ့ရဲ့ အဆုတ်လေးခုထဲကို လေတွေ ရူသွင်းနေခဲ့ကြတယ်..။သူ့ရဲ့ နှလုံးနှစ်ခုက မြန်ဆန်စွာ ခုန်နေရင်း ဖြည်းညှင်စွာ မတ်တတ်ထရပ်လိုက်တယ်..။သူ့ရဲ့ သတ်ဖြတ်မူတွေကို ..ရင်းနှီးတဲ့ အသံတစ်ခု ကြေညာလာမလား ဆိုပြီး နာကျင်စွာ စောင့်ဆိုင်းနေခဲ့တယ်..။အခိုက််အတန့်ကတော့ တိတ်ဆိတ်နေစမြဲပါပဲ..။

‘ အခု..ဘာဆက်ဖြစ်မှာလဲ..’

သူ့ရဲ့ မေးခွန်းကို ပြန်ဖြေလိုက်သလိုပဲ..အပေါ်ကနေ ချိန်းကြိုးသံတွေ ထွက်ပေါ်လာခဲ့တယ်..။

ပြီးတဲ့နောက်မှာတော့..သူတို့ကွင်းပြင့်ရဲ့ အရှေ့ဘက်ခြံစည်းရိုးမှာရှိတဲ့ ဂိတ်တံခါးပေါက်က ပွင့်သွားခဲ့ကာ..နောက်ထပ် ကွင်းပြင်တစ်ခုဆီကို သွားမယ့် လမ်းကြောင်းတစ်ခုက ပေါ်လာခဲ့ပါတယ်..။ဒီတစ်ခုက အလယ်မှာရှိနေတဲ့ ကွင်းပြင်နဲ့ ပိုမိုနီးကပ်သွားမှာြဖစ်ပြီးသေဆုံးခြင်း အငွေ့အသက်တွေ ထွက်ပေါ်နေခဲ့တယ်..။

ဆန်နီကတော့..အသစ်တွေ့ရှိလိုက်ရတဲ့ လမ်းကြောင်းကို သုန်မုန်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်..။ပြီးတာနဲ့..တိုးညှင်းစွာ အော်ဟစ်လိုက်ကာ..ဒီလမ်းကြောင်းအတိုင်း လျောက်သွားလိုက်တယ်..။အခုချိန်မှာတော့..သူက ခန္တာကိုယ်အသစ်နဲ့ အနည်းငယ် ပိုအသားကျ လာခဲ့ပါပြီ..။

‘ချီးပဲ ဆိုဗန်…စုန်းမ..။ငါ သူမကို သတ်ကို သတ်မယ်..။ငါဆိုလိုတာက နောက်တစ်ကြိမ် ထပ်သတ်မယ်..။ဘာပဲဖြစ်ဖြစ်..ဒီအိပ်မက်ဆိုး အဆုံးမသတ်ခင်မှာ အရာရာတိုင်း အတွက် သူမက ဖြေရှင်းချက် ပေးရလိမ့်မယ်..။ငါ နတ်ဘုရားတွေရှေ့မှာ ကတိပေးတယ်..’

ဆန်နီဟာ..နောင်တရမူတွေ ၊ ဒေါသတွေ အပြည့်နဲ့..သံချေးတက်နေတဲ့ဂိတ်ပေါက် အောက်ကနေ ဖြတ်သန်းကာ..ဒုတိယ တိုက်ပွဲကွင်းပြင်ဆီကို ဝင်ရောက်သွားလိုက်ပါတယ်..။

အပိုင်း ( ၆၀၄ ) ပြီး၏။

All Chapters