အကျည်းတန်သော နတ်ဆိုး..
Vol. 41 Ch. 605
ဆန်နီ နောက်ထပ်တစ်နေရာဆီကို လမ်းလျောက်သွားနေတုန်းမှာတော့..စဉ်းစားဖို့အတွက် အချိန်အနည်းငယ် ရနေခဲ့ပါတယ်..။
အခိုက်အတန့်က တိတ်ဆိတ်နေခဲ့တယ် ဆိုပေမယ့် ပထမဆုံး သူ နားလည်လိုက်တဲ့ အရာက..သေဆုံးသွားတဲ့ ဝံပုလွေ သုံးကောင်ဆီကနေ..အရိပ်အပိုင်းအစတွေ သူ ရရှိလိုက်တယ် ဆိုတဲ့ အချက်ပါ..။သူ့ရဲ့ အမြုတေနဲ့ ခန္တာကိုယ်က အနည်းငယ် ပိုသန်မာလာခဲ့တယ် ဆိုတဲ့ ခံစားချက်တစ်ချို့ ရှိနေခဲ့တယ်..။ဒီ ပြောင်းလဲမူက အရမ်းကို သေးငယ်လွန်းတာကြောင့်..ဗရမ်းဗတာ ဖြစ်နေတဲ့ အခြေအနေမျိုးမှာ ဆိုရင် သတိထားမိဖို့ ခက်ခဲပါတယ်..။
‘ထူးဆန်းတယ်…ဒါက အတော်လေး ထူးဆန်းတယ်..’
အေးစက်တဲ့ သံမဏိ လည်ပတ်က ဖြတ်တောက်ထားတာကြောင့် သူနဲ့..အခိုက်အတန့်ရဲ့ ဆက်သွယ်မူက ပြတ်တောက်သွားပုံပေါ်နေခဲ့တာပါ..။ဒါတောင်မှ..သူ့ရဲ့ စွမ်းအားတွေအားလုံး ပျောက်ကွယ်သွားတာမျိုး မဟုတ်ခဲ့ပါဘူး..။ဆန်နီက သူ့ရဲ့ ဝိဉာဉ်ထဲကို ဝင်ရောက်တာ ၊ မှတ်သားမူတွေ သို့မဟုတ် အချက်အလက်တွေကို ဖော်ထုတ်တာမျိုး မလုပ်နိုင်ပေမယ့် အပိုင်းအစတွေကို စုပ်ယူနိုင်တဲ့ စွမ်းရည်ကိုတော့ ပိုင်ဆိုင်ထားပါသေးတယ်..။သူက သူ့ရဲ့ အရိပ်တွေကို ခန္တာကိုယ်ကို အားဖြည့်ဖို့အတွက် အမိန့်ပေးနိုင်သေးသလို ၊ အရိပ်ခြေလှမ်းကို လည်း အသုံးပြုလို့ရပါတယ်..။သို့ပေမယ့် ဒီ စွမ်းရည်ကိုတော့ တိုက်ပွဲကွင်းပြင်ရဲ့ ခြံစည်းရိုးတွေအပြင်ဘက် မရောက်နိုင်အောင် ကန့်သတ်ခံထားရတဲ့ ပုံပါပဲ..။
ဒါက ဘာကို ဆိုလိုတာလဲ…။
ကောင်းပြီလေ…ကြည့်ရသလောက်တော့..အခိုက်အတန့်မရှိတော့ပေမယ့်..သူ့ရဲ့ ဂဏ္ဍစွမ်းရည်တွေက ကျန်ရှိနေသေးတဲ့ ပုံပါပဲ..။ဒီ ရိုးရှင်းတဲ့ အချက်အလက်မှာ တစ်ခြား အကြောင်းအရာတွေ ပုန်းကွယ်နေလောက်သေးပေမယ့်..ဆန်နီအတွက် ဒီအရာတွေကို ထုတ်ဖော်ဖို့ အချိန်မရှိပေ..။
သူ့ရဲ့ စွမ်းရည်က ဘာတွေ လုပ်ဆောင်နိုင်လောက်သေးလဲ….
သံကြေးတက်နေတဲ့ ဂိတ်ပေါက်အောက်ကနေ ဖြတ်လျောက်ရင်း..ဆန်နီ တစ်ခနလောက် တွေဝေနေခဲ့တယ်..။ပြီးတာနဲ့ ဝိဉာဉ်မြွေက်ို ဖော်ထုတ်ကြည့်လိုက်ပါတယ်..။
ခနအကြာမှာတော့..သတိမထားမိနိုင်လောက်တဲ့ သူ့ရဲ့ အနက်ရောင် အရည်ပြားပေါ်မှာ..လက်မောင်းနဲ့ ခန္တာကိုယ်ကို ရစ်ပတ်ထားတဲ့ မြွေတစ်ကောင် တက်တူးက ပေါ်ထွက်လာခဲ့တယ်..။ဆန်နီ ဒီထဲကို အရိပ်အဆီအနှစ်တွေ စီးဆင်းစေလိုက်တဲ့ အချိန်မှာတော့..ဒီရစ်ပတ်မူက လူတိုင်း မြင်နိုင်လောက်တဲ့ အထိ အနက်ရောင် တောက်ပလာခဲ့ပါတယ်..။
သူ့ရဲ့ နှုတ်ခမ်းက လှုပ်ရှားသွားခဲ့ပြီး..ထက်ရှတဲ့ အစွယ်တွေနဲ့ အတူပဲ..ကြောက်မက်ဖွယ်အပြုံတစ်ခု ဖြစ်ပေါ်လာခဲ့တယ်..။
‘ဒီတော့..မင်းလည်း ငါနဲ့အတူ ရှိနေတာပေါ့ ကောင်လေး..’
ဒါက ဘာကိုဆိုလိုတာလဲ..။ဒါက ဆန်နီ အနေနဲ့ နောက်ထပ် ဘာလက်နက်မှမရှိပဲ တိုက်ခိုက်နေရတာ မဟုတ်တော့ဘူးလို့ ဆိုလိုတာပါ..။ဒါက သူတော်စင်အနေနဲ့လည်း သူနဲ့အတူ ရှိနေနိုင်တယ် လို့ ဆိုလိုပါတယ်..။
လတ်တလောမှာ သူက..ခန္တာကိုယ်အသစ်နဲ့ အသားမကျသေးတာကြောင့်..ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်ကောင်လို့ မပြောနိုင်သေးပါဘူး..။သို့ပေမယ့်..သူတို့ နှစ်ယောက်ဆိုရင်ရော…။
ဆန်နီ နဲ့ သူတော်စင် ဆိုတာက ကြောက်မက်ဖွယ်အကောင်းဆုံး တိုက်ခိုက်ရေး အတွဲအဖက်ပါပဲ..။
သူက ယုံကြည်မူတွေ အပြည့်နဲ့ ဒုတိယ ကွင်းပြင်ထဲကို ဝင်ရောက်သွားခဲ့တယ်..။သူ့ရဲ့ အရိပ်အာရုံခံမူကို ရှေ့ကို ပို့လိုက်ပြီး..အခြေအနေကို တစ်ချက်ကြည့်လိုက်ပါတယ်..။
သူမြင်လိုက်ရတဲ့အရာက..သူ့ကို မျက်မှောက်ကျုတ်သွားစေခဲ့တယ်..။
…ဒီကွင်းပြင်မှာတော့..တိုက်ပွဲတစ်ခုဖြစ်ပွားနေခဲ့ပါတယ်..။အဲဒီမှာတော့..သေးငယ် မြန်ဆန်တဲ့ ဖွတ်ပုံစံ သားရဲအုပ်ကို လူနှစ်ယောက်တည်းနဲ့ ပြန်လည်တိုက်ခိုက်ဖို့ ကြိုးစားနေခဲ့တယ်..။သူတို့နှစ်ယောက်စလုံးက အဖြူရောင် ဖျင်ကြမ်းအကျီကို ဝတ်ထားကြပြီး..လူငယ်လေးမှာတော့ ဘာလက်နက်မှ ရှိမေနေခဲ့ပါဘူး..။အသက်ကြီးတဲ့ လူမှာတော့ ရိုးရှင်းတဲ့ ဓားတစ်ချောင်းနဲ့..လည်သာ အကာအကွယ်ချပ်ဝတ်က သူ့ရဲ့ ခန္တာကိုယ်ကို ကာကွယ်ပေးထားခဲ့ပါတယ်..။
မြေကြီးပေါ်မှာတော့..လူသားအလောင်းတစ်ချို့က လဲလျောင်းနေခဲ့တယ်..။ဒီအလောင်းတွေက..သတ္တဝါတွေရဲ့ ထက်ရှတဲ့ လက်သည်းတွေ ၊ တြိဂံပုံစံ အစွယ်တွေကြောင့်..ပုံပျက် ပန်းပျက်တောင် ရှိနေခဲ့ပါပြီ..။တစ်ချိန်တုန်းက ဖြူနေခဲ့တဲ့ သူတို့ရဲ့ အက်ျီတွေကလည်း သွေးချင်းချငး် နီနေခဲ့တယ်..။
ဆန်နီ အကြည့်ကို လွှဲလိုက်တဲ့ အချိန်မှာတော့ ဖွတ်ပုံစံ နတ်ဆိုးလေးတွေရဲ့ ဝိဉာဉ်ထဲမှာ ရွံစရာ အမှောင်ထုတေွ ရှိနေတာကို တွေ့လိုက်ရတယ်..။အခြေအနေကို ကြည့်ရတာတော့..သူတို့အားလုံးက နိုးထမူ အဆင့်တွေဖြစ်ပြီး..သူတိုက်ခိုက်ခဲ့တဲ့ ဝံပုလွေေ တွနဲ့ အဆင့်အတူတူပါပဲ..။ဝံပုလွေတွေနဲ့ တိုက်ခိုက်နေစဉ်အတွင်းမှာ ဆန်နီက သူတို့ရဲ့ အဆင့်အတန်းက သူနဲ့အတူတူပဲ ဆိုတာကို ခန့်မှန်းမိခဲ့ပါတယ်..။
တောက်ပတဲ့ ဝိဉာဉ်အမြုတေ တစ်ခုတည်း ရှိနေတာကြောင့်..ဒီလူငယ်လေးက နိုးထသူတစ်ယောက် ဖြစ်တယ် ဆိုတာကို သူ သိနေခဲ့တယ်..။လူအိုကြီးကတော့ အမြုတေ တစ်ခုမှ ရှိမနေတာကြောင့် သာမန်လူသားတစ်ယောက်ပါ..။
ဆန်နီ ကြည့်နေတုန်းမှာပဲ..အသက်ကြီးတဲ့ စစ်သည်တော်က..နောက်ဆုံးမှာ ဝန်းရံခြင်းကို ခံလိုက်ရပြီး မြေကြီးပေါ်လဲကျသွားခဲ့ပါတယ်..။နတ်ဆိုးငယ်လေးတွေက သူ့ရဲ့ အကာအကွယ်ကို အလွယ်တကူ ဖြတ်ကျောက်လိုက်ပြီး..ဒီလူရဲ့ နူးညံ့တဲ့ အသားထဲကို..လက်သည်းတွေ ၊ သွားတွေ ထိုးသွင်းလိုက်ကြတယ်..။
လူငယ်လေးဟာ..အော်ဟစ်လိုက်ပြီး..ဒီလူကို ကယ်တင်ဖို့ပြေးသွားလိုက်ပါတယ်..။သို့ပေ့မယ့် ဒါက နောက်ကျသွားခဲ့ပါပြီ..။ငယ်ရွယ်တဲ့ နိုးထသူက သူ့ရဲ့ လက်သီးနဲ့ သားရဲတစ်ချို့ကို သတ်ဖြတ်ပြီး ၊ တစ်ချို့ကို အဝေးကို မောင်းထုတ်နိုင်ခဲ့ပေမယ့်..သူ့ရဲ့ အပေါင်းအပါကတော့..သေစေနိုင်လောက်တဲ့ ဒဏ်ရာကို ရထားပြီးပါပြီ..။သူက လှုပ်နေခဲ့ပြီး..သူ့ရဲ့ လည်ပင်းကနေ သွေးတွေ ဒလဟော စီးကျနေခဲ့တယ်..။ပြီးတာနဲ့..သူလက်ထဲမှာရှိနေတဲ့ ဓားကို အားနည်းစွာပဲ..လူငယ်လေးရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ်..။
လူအုပ်ကြီးဟာ ရူးသွပ်သွားခဲ့ကြပြီး..တူညီတဲ့ ဟစ်ကြွေးမူကို ပဲ…သီဆိုနေခဲ့ကြပြန်ပါတယ်..။
“ဂုဏ်သိက္ခာ ဂုဏ်သိက္ခာ ဂုဏ်သိက္ခာ…”
နောက်ဆုံး ကျန်ရှိနေတဲ့ လူသားဟာ..ခေါင်းကို မော့လာခဲ့တယ်..။သူ့ရဲ့ အပြာရောင်မျက်လုံးထဲမှာတော့ နာကျင်မူတွေ ၊ ဝမ်းနည်းမူ တွေနဲ့ အမုန်တရားတွေ ရောနှောနေခဲ့ပါတယ်..။
သူက ဆုံးရှုံးမူ အပေါ်မှာ အကြာကြီး မခံစားနေခဲ့ပါဘူး..။ဘာလို့လဲ ဆိုတော့..ကျန်ရှိနေသေးတဲ့..နတ်ဆိုးငယ်လေးတွေက သူ့ကို တစ်စစီစုပ်ဖြဲဖို့အတွက် အဆင်သင့် ဖြစ်နေခဲ့ကြပါပြီ..။
…သို့ပေမယ့် တစ်ချို့ကတော့..ပစ်မှတ်အသစ်ကို တွေ့သွားခဲ့ကြတယ်..။
ဆန်နီ ကျိန်ဆဲလိုက်ပြီး သူ့ခန္တာကိုယ်ကို တတ်နိုင်သလောက် တိကျအောင် ထိန်းချုပ်ဖို့ ကြိုးစားလိုက်ပါတယ်..။သူက အခုချိန်ထိတော့..ဝိဉာဉ်မြွေကို လက်နက်အဖြစ်ပြောင်းတာ ဒါမှမဟုတ် သူတော်စင်ကို ခေါ်ထုတ်တာမျိုးတွေကို ပြုလုပ်ဦးမှာ မဟုတ်ပေ..။လက်တလော သူ့ရဲ့ ကတ်တွေကို ဖုံးကွယ်ထားတာက ပိုပြီး ကောင်းမွန်ပါလိမ့်မယ်..။
ဘာပဲဖြစ်ဖြစ် ဖွတ်လိုသတ္တဝါတွေက အန္တရာယ် ရှိတဲ့ ပုံစံမျိုး မတွေ့ရပါဘူး..။အနည်းဆုံးတော့..သူတို့ရဲ့ ကျန်ရှိနေတဲ့ အရေအတွက် နဲ့ သူ့ကို အန္တရာယ်ပေးနိုင်မှာ မဟုတ်ပေ..။သူတို့က တားဂတ်ကို လည်း နှစ်ခု ခွဲထားရပါသေးတယ်..။
‘ချီးပဲ..’
ဒီလက်လေးချောင်းပါတဲ့ နတ်ဆိုးရဲ့ ခန္တာကိုယ်က..အတော်လေးကို အရပ်ရှည်ပြီး လေးလံနေခဲ့တာကြောင့် လှုပ်ရှားရတာ အတော်ခက်ခဲလှပါတယ်..။ဒီ အရိပ်သတ္တဝါရဲ့ ကြွက်သားတွေမှာ လူသားတွေထက်သန်မာတဲ့ ခွန်အားတွေ ရှိနေပြီး အမြန်နှုန်းတစ်ခု အဖြစ်ပြောင်းပေးနိုင်တယ် ဆိုပေမယ့်..ဒီလောက်အလေးချိန်းကို လှုပ်ရှားရတာက လူသားတစ်ယောက်နဲ့စာရင် အတော်လေး ခက်ခဲလှပါတယ်..။
‘..ငါ့ရဲ့ အရပ်ပုတဲ့ ခန္တာကိုယ်ကို တစ်နေ့မှာ ပြန်ပြီးသတိရနေမိမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ..’
နတ်ဆိုးးငယ်လေးကောင်က ဆန်နီရဲ့ အပေါ်ကို တစ်ပြိုင်နက်တည်း ခုန်အုပ်လိုက်ကြတယ်..။အများစုကတော့ အနောက်မှာသာ ကျန်ရစ်နေခဲ့ကြပါတယ်..။သူတို့ရဲ့ ကျဉ်းမြောင်းတဲ့ မျက်လုံးတွေက သွေးဆာမူတွေနဲ့ ပြည့်နှက်နေခဲ့ကြတယ်..။သူတို့ရဲ့ထက်ရှတဲ့ လက်သည်းတွေက..သူ့ရဲ့ အသွေးအသားတွေကိုတစ်စစီ စုပ်ဖြဲဖို့ ချိန်ရွယ်နေခဲ့ကြပါတယ်..။
အရိပ်တွေ ရစ်ပတ်ထားခဲ့တာကြောင့်..ဝိဉာဉ်မြွေရဲ့ ရစ်ပတ်ထားမူက အနက်ရောင် တောက်ပနေခဲ့ပါတယ်..။ဆန်နီ ရှေ့ကို တက်လိုက်ပြီး..သတ္တဝါလေးကောင်လုံးကို လေထဲမှာတင် ဖမ်းဆုပ်ထားလိုက်တယ်..။ပြီးတာနဲ့ သူတို့ရဲ့ ဦးခေါင်းတွေကို အချင်းချင်း ရိုက်ပေးလိုက်ပါတယ်..။
သူ့ရဲ့ ခန္တာကိုယ် အသစ်ကို ထိန်းချုပ်ရတာ ပြသနာ ရှိနေသေးတယ် ဆိုပေမယ့် ဒီသားရဲတွေက နတ််ဆိုးတစ်ကောင် နဲ့ တိုက်ခိုက်တဲ့ အချိန်မှာ ဘယ်လိုလုပ် ရှင်သန်နိုင်ကြမှာလဲ..။
ပြီးတော့..ဒါက အရမ်းကို ထူးခြားတဲ့ နတ်ဆိုးတစ်ကောင်ပါ..
ဆန်နီ အံကိုကြိတ်ထားရင်း ရှေ့ကို တက်သွားတဲ့ အချိန်မှာ သူ့ ပါးစပ်က ဟိန်းဟောက်သံတစ်ချို့ ထွက်လာခဲ့တယ်..။သူ့ရဲ့ လက်လေးလျောင်းက ရွေ့လျားသွားခဲ့ပြီး အရိုးတွေ ၊ အသားတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်..။သားရဲတစ်ချို့က သူ့ရဲ့ တိုက်ခိုက်မူက လွတ်မြောက်သွားခဲ့ပြီး..သူ့ရဲ့ ပေါင်ထဲကို လက်သည်းတွေနဲ့ ထိုးလိုက်ကြတယ်..။တစ်ကောင်ဆိုရင် သူ့ရဲ့ အသားကို ကိုက်ဖဲ့ဖို့တောင် ကြိုးစားနေခဲ့ပါတယ်..။
ဆန်နီ နာကျင်မူကို တောင့်ခံရင်း နောက်ထပ် နတ်ဆိုးငယ် လေးကောင်ကို ထပ်မံစုပ်ဖြဲလိုက်တယ်..။နောက်ဆုံးတစ်ကောင်ကို အဆုံးသတ်ဖို့တော့ သူ့မှာ လက်မအားတော့ပါဘူး..။ဒီတော့..ကျန်ရှိနေတဲ့တစ်ကောင်ရဲ့ လက်မောင်းကို ပါးးစပ်နဲ့သာ လှမ်းပြီး ကိုက်လိုက်ရပါတော့တယ်..။အရိုးတွေ ကြေမွသွားတာကို ခံစားလိုက်ရပြီး..ရွံ့စရာကောင်းတဲ့ သားရဲရဲ့ သွေးတွေ အရသာကို သူ့ရဲ့ လျာပေါ်မှာ ခံစားလိုက်ရတယ်..။
‘အား…ငါ သွေးအန်တော့မယ်..’
ဆန်နီဟာ..အနံ့ဆိုးဝါးလွန်းတဲ့ အနက်ရောင် သွေးတွေကို ပါးစပ်နဲ့ အပြည့်ငုံထားခဲ့ရတယ်..။ပြီးတာနဲ ရုန်းကန်နေတဲ့ သားရဲကို လက်နဲ့ ဖြတ်ရိုက်ပြီး အရိုးတွေ ကြေမွသွားစေခဲ့ပါတယ်..။
ရုတ်တရက် ဆိုသလိုပဲ တိုက်ပွဲကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပါပြီ..။
သူက နာကျင်မူကြောင့် တစ်ခနလောက် ညဉ်းညူလိုက်ရတယ်..။ဒီ သောက်ကျိုးနဲ သားရဲတွေက လွယ်လွယ်ကူကူ သေဆုံးသွားခဲ့ကြပေမယ့်.. သူ့ကိုတော့ ဒဏ်ရာတွေ ပေးသွားခဲ့ကြပါသေးတယ်..။ဒါက သူ့ရဲ့ ခန္တာကိုယ် အသစ်က ခွန်အားတွေကို ပိုတွက်မိတာ..ဒါမှမဟုတ်..နတ်ဆိုးလေး တွေရဲ့ သေးငယ်တဲ့ ခန္တာကိုယ်တွေကြောင့် လျော့တွက်မိလိုက်တာလည်း ဖြစ်နိုင်ပါတယ်..။
…
ဆန်နီ အံကိုကြိတ်ထားခဲ့တယ်..။ဒီတစ်ကြိမ်မှာတော့..သူ့ရဲ့ နှုတ်ခမ်းတွေကို မှားယွင်း မကိုက်မိဖို့အတွက် ဂရုစိုက်ထားခဲ့ပါတယ်..။နောက်ဆုံးမှာတော့..သူက ကျန်ရှိနေတဲ့ သားရဲတွေ ရှိတဲ့နေရာကို လှမ်းကြည့်လိုက်တယ်..။အံ့ဩဖို့ကောင်းစွပဲ..ဒီသားရဲတွေကလည်း သေဆုံးသွားခဲ့ကြပါပြီ..။နိုးထသူ လူငယ်လေးက..ဓားကို ကိုင်ဆွဲရင်းတစ်နည်းနည်းနဲ့ သတ်ဖြတ်နိုင်ခဲ့တဲ့ ပုံပါပဲ..။အခုချိန်မှာတော့..သူက အဝေးတစ်နေရာမှာ ကြောက်လန့်တကြား ခံစားချက်မဲ့စွာ ရှိနေခဲ့တယ်..။
…လူငယ်လေးက..သူ့ကို ဖြူဖျော့တဲ့ မျက်နှာ..နဲ့ ကြောက်လန့်တကြား ကြည့်နေခဲ့တာပါ..။
ယင်းနောက်..သူက နောက်ကို ခြေတစ်လှမ်းဆုတ်သွားခဲ့ပြီး တီးတိုး ရေရွတ်လိုက်တယ်..။
“အိုး…အိုး…ဘုရားသခင်တို့..။ညဉ့်အခါရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ နတ်ဆိုးတွေရဲ့ လက်ကနေ ကျွုန်ုပ်ကို ကယ်တင်ပေးတော်မူပါ..အရှင်..”
ဆန်နီဟာ..ဒီလူငယ်လေးကို အမြင့်ကနေ ကြည့်နေခဲ့တယ်..။သူ့ရဲ့ အနက်ရောင်ခန္တာကိုယ်မှာတော့..ဆိုးဝါးတဲ့ ဒဏ်ရာတွေ ၊ သွေးတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။သူ့ရဲ့ ထက်ရှတဲ့ အစွယ်နှစ်ချောင်းကြားကနေလည်း သွေးတွေ စီးကျနေခဲ့သေးတယ်..။
သူက..မျက်လုံးတွေ ကျဉ်းမြောင်းသွားခဲ့ပြီး…
‘စက်ဆုပ်ဖွယ်ကောင်းတယ်တဲ့လား…။ရိုင်းစိုင်းလိုက်တာ…’
အပိုင်း ( ၆၀၅ ) ပြီး၏။