ကျေးကျွန်တစ်ဦးရဲ့ ကံတရား..
Vol. 41 Ch. 606
ဆန်နီဟာ လူငယ်လေးကို ငုံ့ကြည့်လိုက်ပြီး..ဖြည်းညှင်းစွာပဲ သူ့ဆီကို ရွေ့လျားသွားခဲ့ပါတယ်..။နိုးထသူဟာ..တုန်ရီသွားခဲ့ပြီးတော့..နောက်တစ်ကြိမ် နောက်ကို တစ်လှမ်းထပ်ဆုတ်လိုက်တယ်..။ယင်းနောက် အံကိုကြိတ်ထားလိုက်ပြီး..ဓားကိုမြှောက်ကာ..ခုခံကာကွယ်တဲ့ ပုံစံကို အသင့်ပြင်ထားလိုက်ပါတယ်..။
“ကျွန်တော့်အပေါ်ကို အလင်းရောင် ပေးသနားတော်မူပါ အရှင်..။နေလုံးကြီးဟာ..ဘယ်တော့မှ မငြိမ်းသတ် နိုင်သလိုပဲ..ကျွန်တော်ရဲ့ ဝိဉာဉ်ဟာလည်း..အမြဲတမ်း ရှင်သန်နေပါရစေ..’
‘ဟမ့်…နေလုံးက အရောင်မှိန်ပြီး ပျောက်ကွယ်သွားတာကို ငါ မြင်ခဲ့ဖူးတယ် ..။အဲလိုစကားကို ဘယ်တော့မှ ထပ်မပြောနဲ့ အရူး..’
ဆန်နီဟာ လူငယ်လေးရဲ့ ထူးဆန်းတဲ့ ဆုတောင်းသံတွေကို နားထောင်ရင်း..သူ့ရဲ့ အရိပ်တွေထဲက တစ်ခုကို ခန္တာကိုယ်ပေါ်ကနေ မြေကြီးပေါ်ကို ကျဆင်းစေလိုက်တယ်..။ပြီးတဲ့နောက်မှာတော့..နာကျင်မူကြောင့် ညဉ်းညူလိုက်ပြီး..လူသား အလောင်းတစ်ခု အနားမှာ ရပ်တန့်လိုက်ပါတယ်..။
သူက တုန်ရီနေတဲ့ လူငယ်လေးကို တစ်ခနလောက် စိုက်ကြည့်လိုက်တယ်..။ပြီးတာနဲ့..ခါးကိုကုန်းပြီး သူ့လက်တွေကို အလောင်းကောင်ရဲ့ ခန္တာကိုယ်ဆီကို ဆန့်တန်းလိုက်ပါတယ်..။
လူငယ်လေးဟာ..ကြောက်ရွံ့ပြီး တိတ်ဆိတ်နေခဲ့တယ်..။ယင်းနောက် ထအော်လာခဲ့ပါတယ်..။
“မင်းရဲ့ ရွံစရာလက်တွေကို သူ့ဆီကနေ ဖယ်လိုက်..နတ်ဆိုး..”
ဆန်နီက နိုးထသူကို လစ်လျူရူလိုက်ပြီး..သူ့ရဲ့ လက်သည်းတွေကို အသုံးပြုကာ..အလောင်းရဲ့ ခန္တာကိုယ်ပေါ်က အဖြူရောင် ဖျင်ကြမ်းအက်ျီကို ဆုတ်ဖြဲလိုက်တယ်..။ယင်းနောက် မတ်တတ်ပြန်ရပ်လိုက်ပြီး..ဒီအရာကို မနှစ်မြို့တဲ့ အမူအရာနဲ့ ကြည့်လိုက်ပါတယ်..။
ဒီတစ်ခုက သွေးတွေ အရမ်းစွန်းပေနေခြင်း မရှိပါဘူး..။သို့ပေမယ့်..ဝမ်းနည်းဖို့ ကောင်းစွာပဲ သူ့ရဲ့ အရင်ပိုင်ရှင်က..သာမာန်ခန္တာကိုယ်ပဲ ရှိတဲ့ လူသားတစ်ယောက် ဖြစ်နေခဲ့တာပါ..။ဆန်နီ ရဲ့ ခန္တာကိုယ် အသစ် အတွက်တော့ ဒီ အက်ျီက အရမ်းသေးနေတာ အမှန်ပါပဲ..။သူက ဒီအက်ျီကို ယာယိအောက်ခံဘောင်းဘီ တစ်ခုလိုပဲ ခါးမှာ ချည်နှောင်ထားဖို့ အတွက် ကြိုးစားလိုက်တယ်..။
သို့ပေမယ့်..ဒီမှာ ပြသနာကြီးတစ်ခုက ရှိနေခဲ့ပါတယ်..။ဒါက သူ့ရဲ့ အမြီးပါ..။
ဆန်နီ အေးခဲသွားခဲ့တယ်..။တစ်နည်းအားဖြင့် ဘယ်လိုလုပ်ရမလဲ ဆိုတာကို စိတ်ရှုပ်ထွေးသွားခဲ့တာပါ..။ယင်းနောက် သူက ရှက်၇ွံ့စွာပဲ..အက်ျီမှာ အပေါက်တစ်ခု ဖောက်လိုက်ပြီးကာမှ..နောက်တစ်ကြိမ် ကြိုးစားကြည့်လိုက်တယ်..။ကျေးဇူးတင်ဖို့ကောင်းးစွာပဲ ဒိတစ်ကြိမ်မှာတော့ အဆင်ပြေသွားခဲ့ပါတယ်..။
သူ့ရဲ့ ကိုယ်တုံးလုံး အနေအထားက နောက်ဆုံးမှာတော့ ဖုံးကွယ်ထားနိုင်ခဲ့ပါပြီ..။သူက ချက်ချင်းဆိုသလိုပဲ ခံစားချက်ကောင်းမွန်သွားခဲ့ပြီး..တုန်ရီနေတဲ့ လူငယ်လေးဆီကို ပြန်အာရုံစိုက်လိုက်တယ်..။
လူငယ်လေးက ပြူးကျယ်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို ကြည့်နေခဲ့ပြီး မကြာခနဆိုသလိုပဲ ခြေထောက်အောက်ဘက်က အလောင်းကို ပြန်ကြည့်နေခဲ့ပါတယ်..။နောက်ဆုံးမှာတော့ သူ စကားပြောလာခဲ့တယ်..။
“မင်း…ရိုင်းစိုင်းတဲ့ သားရဲ..။မင်းမှာ အရှက်မရှိဘူးလား..”
ဆန်နီ ချွန်ထက်တဲ့ အစွယ်နှစ်ချောင်းနဲ့..ကြောက်မက်ဖွယ်သွားတွေ ပေါ်တဲ့ အထိ ပြုံးလိုက်တယ်..။
သို့ပေမယ့် နောက်ထပ် တစ်ခနမှာတော့ သူ့ရဲ့ အပြုံးတေွက မှေးမှိန်သွားခဲ့ပါတယ်..။ဘာလို့လဲဆိုတော့..သူ့စိတ်ထဲကို ရုတ်တရက် ရင်းနှီးတဲ့ ဖိအားတစ်ခုကု ဝင်ရောက်လာခဲ့လို့ပါ..။
ဒီတော့..သူ့ရဲ့ အားနည်းချက်ကလည်း ရှိနေသေးတာပေါ့..။
‘ချီးတဲ့မှပဲ..’
သူတွေဝေသွားခဲ့ပြီးနောက်မှဦ..ဖြည်းညှင်းစွာပဲ ခေါင်းခါယမ်းလိုက်တယ်..။ချက်ချင်းဆိုသလိုပဲ..ဒီဖိအားက ပျောက်ကွယ်သွားခဲ့ပါတယ်…။
‘ချီး…ငါက စကားမပြောနိုင်တဲ့ အခြေအနေ ရောက်နေတာတောင် ဒီ သောက်ကျိုးနဲ ကျိန်စာကနေ မလွတ်မြောက််နိုင်ဘူးလား..။ဒါက ဘယ်လိုလုပ် မျှတနိုင်တော့မှာလဲ..’
နိုးထသူဟာ..မျက်တောင် ခတ်လိုက်တယ်..။
“မရှိဘူး..ဘယ်ရှိမလဲ..။နတ်ဆိုးတစ်ကောင်က ဘယ်လိုလုပ် ရှက်စရာ ကိစ္စကို သိမှာလဲ..။အဲတာက…ခနလေး…မင်း..မင်းက ငါပြောတာကို နားလည် နေတာလား..’
အခိုက်အတန့် မရှိတော့တာကြောင့်..အိပ်မက်ဆိုးထဲက ဘယ်လိုဘာသာစကား ကို မဆို ဘာသာပြန်ပေးနိုင်တဲ့ စွမ်းရည်ကလည်း ပျောက်ကွယ်သွားခဲ့ပါပြီ..။သို့ပေမယ့်..ဆန်ီနီက သူ့ကိုယ်သူ ဒီလူငယ်လေး ပြောတာကို နားလည်နေတာ သတိထားမိလိုက်တယ်..။ဒီလို သိနိုင်ဖို့အတွက် အနညး်ငယ် အားစိုက်ထုတ်ဖို့ပဲ လိုအပ်တာပါ..။
သူတို့ အသုံးပြုနေတဲ့ ဘာသာစကားတွေက သူ အကယ်ဒမီမှာ လေ့လာခဲ့တဲ့ ဘာသာစကားနဲ့ လုံးဝကို မတူညီခဲ့ပါဘူး..။ဒါက သူ အိပ်မက်ကမ္ဘာထဲမှာ တွေ့တဲ့ ဘာသာစကားတွေနဲ့လည်း မတူညီပဲ..တစ်ချို့စကားလုံးတွေသာ ..ဆင်တူသလို ဖြစ်နေခဲ့ပါတယ်..။
ဆန်နီဟာ..လူငယ်လေးကို အပေါ်ကနေ မိုးလျက် ကြည့်ရူနေရင်း..နက်မှောင်စွာ ခေါင်းညိမ့်ပြလိုက်တယ်..။
လူငယ်လေးက မျက်တောင် ခတ်လိုက်ပြီး..
“ခနလေး…မင်းက ဖျက်ဆီးခံရသူ မဟုတ်ဘူးလား..။မင်းက ဘယ်လို သားရဲ အမျိုးအစားလဲ..”
ဆန်နီ မျက်နှာ ရှုံ့မဲ့သွားခဲ့တယ်..။ဒီစကားက..ညစ်ပတ်မူ ၊ ကူးစက်မူ ၊ ပြောင်းလဲမူ နဲ့ ပျက်ဆီးခြင်းတွေဖြစ်တဲ့..ဖျက်ဆီးခံရတဲ့ ကျိန်စာ တစ်မျိးကို ပြောနေခဲ့တာပါ..။ဒါပေမဲ့ အတိအကျဆိုရင်..နိုးထသူ က ဘာကို မေးချင်နေတာလဲ။သူက အိပ်မက်ဆိုး သတ္တဝါတွေကို ရည်ညွှန်းနေတာလား..။
သူက တွေဝေသွားခဲ့ပြီး နောက်တစ်ကြိမ် ခေါင်းခါယမ်းလိုက်တယ်..။ပြီးတာနဲ့ သူ့ရဲ့ အရည်ပြားမှာ ရှိနေတဲ့ ဝိဉာဉ်မြွေကို ညွှန်ပြလိုက်ပါတယ်..။
လူငယ်လေးဟာ မျက်မှောင်ကျုတ်လိုက်ပြီး စိတ်ရှုပ်ထွေးသွားခဲ့တယ်..။
“မြွေတစ်ကောင်လား…မြွေတစ်ကောင်..။အဲဒီနတ်ဆိုးက အရိပ်ရဲ့ မျိုးနွယ်ဖြစ်နေတာလား..။စစ်သည်တော်တွေက သူတို့ကို လိုက်ဖမ်းဆီးနေကြတာ အံ့ဩစရာ မရှိတော့ဘူး..။သူတို့ရဲ့ နတ်ဘုရားနဲ့ အရိပ်တွေ ဆိုတာက တစ်ချိန်က ရန်သူဖြစ်ခဲ့ကြတာ မဟုတ်ဘူးလား..”
‘အာ…သူက ငါ့ကိုပြောနေတာလား..။ဒါမှမဟုတ် သူ့ဟာသူ ပြောနေတာလား..’
ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်တယ်..။နိုးထသူဟာ ချက်ချင်း အသိစိတ်ပြန်ဝင်လာခဲ့ပြီး သူ့ရဲ့ ဓားကို မြှောက်ထားလိုက်ပါတယ်..။
“ဝေးဝေးမှာနေလိုက် နတ်မိစ္ဆာ …မဟုတ်ရင်..ငါ…”
အရမ်းကိုမြင့်မားတဲ့ သားရဲကြီးက သူ့ကို ဂရုမစိုက်ပဲ ဖြတ်ကျော်သွားတဲ့ အချိန်ကြမှ လူငယ်လေးက ပါးစပ်ပိတ်သွားခဲ့တယ်..။
ဆန်နီက ဒီလူငယ်လေးကို တိုက်ခိုက်နေမှာမဟုတ်ပါဘူး..။ဒါပေါ့ ဒီလူငယ်လေးက အရင်ဆုံးလာပြီး မတိုက်ခိုက်ရင်ပေါ့…။အချင်းချင်း သတ်ဖြတ်ရတာဖြစ်ဖြစ် ဘာဖြစ်ဖြစ်..သူက နာခံတတ်တဲ့ အစေခံ ပုံစံမျိုးနဲ့ ကစားနေမှာ မဟုတ်ပေ..။လူသားတစ်ယောက်ကို သတ်တာက သူ့အတွက် ပြသနာ မဟုတ်ပေမယ့်..တစ်ခြားလူတွေကို ဖျော်ဖြေဖို့အတွက် သတ်ဖြတ်ပေးရတာမျိုးတော့ လုပ်မှာ မဟုတ်ပါဘူး..။အထူးအဖြင့် တစ်ခြားလူတွေကို သူ့ရဲ့ သခင်ဖြစ်မလာစေချင်ခဲ့ပေ..။
တကယ်လို့ သူတို့က တွန်းအားပေးချင်တယ် ဆိုရင်တော့ ကိုယ်တိုင်ဆင်းလာကြမှ ရပါလိမ့်မယ်...။
သူက သေဆုံးနေတဲ့ လူသားတွေကို လေ့လာလိုက်တယ်..။ယောက်ျားတွေ ၊ အမျိုးသမီးတွေ ၊ လူငယ်တွေနဲ့ လူကြီးတွေ မျိုးစုံပါပဲ..။သူတို့ရဲ့ တစ်ခုတည်းသော တူညီတဲ့ အရာတွေကတော့ အဖြူရောင် အကျ်ီတွေပါပဲ..။တစ်ခချို့က ဘာလက်နက်မှ မရှိကြပဲ တစ်ချို့ကတော့ လက်နက်တွေ ကိုင်ဆောင်ထားခဲ့ကြတယ်..။လက်နက်တွေကတော့ တကယ်ကို စိတ်ဝင်စားစရာ ကောင်းပါတယ်..။
အနီးရောင်ကျောက်တုံးပေါ်မှာလည်း လက်နက်တစ်ချို့ ရှိနေခဲ့ကကြပြီး..သူတို့ထဲက တစ်ခုကမှ တိုးမြှင့်မူ ရှိမနေကြပေ..။သူက တိုက်ပွဲပုဆိန်တစ်ခုကို ကောက်ကိုင်လိုက်ပြီး..ကြည့်လိုက်တယ်..။ပြီးတာနဲ့..မြေကြီးပေါ်ကို ပြန်ပစ်ချလိုက်ပါတယ်..။သာမန်လက်နက်တွေကို ယူထားလို့ရော ဘာများ ထူးခြားသွားမှာ မို့လို့လဲ..။သူ့ရဲ့ လက်သည်းတွေက ဒီလက်နက်တွေထက် အများကြီး ပိုထက်ရှပါတယ်..။
..ကံကောင်းစွာပဲ..လူငယ်လေးကလည်း သူ့ကို တိုက်ခိုက်မယ့် အကြံအစည်ကို စွန့်ပစ်သွားခဲ့ပါတယ်..။သူက ဒီတိုင်းမတ်တတ်ရပ်နေပြီး..အလောင်းတွေကိုသာ နက်မှောင်တဲ့ အမူအရာ နဲ့ ကြည့်နေခဲ့တယ်..။
တိုက်ပွဲကွင်းပြင်ရဲ့ ကြီးကြပ်ရေးမှူးက ဘယ်သူပဲဖြစ်ဖြစ် …အဲဒီလူကလည်း သူတို့ကို အချင်းချင်း သတ်ဖြတ်စေချင်ပုံ မရပါဘူး..။
သံမဏိချင်း ပွတ်တိုက်တဲ့ အသံက ထွက်ပေါ်လာခဲ့ပြီး..နောက်ထပ် ဂိတ်ပေါက်တစ်ခုက ပွင့်သွားကာ..တတိယ တိုက်ပွဲကွင်းပြင်ဆီကို သွားမယ့် လမ်ကြောင်းက ပေါ်လာခဲ့ပါတယ်..။ဒီနေရာက အလယ်တိုက်ပွဲကွင်းပြင်နဲ့ အတော်နီးကပ်လာနေခဲ့ပါပြီ..။
ဆန်နီ နဲ့ နိုးထသူ လူငယ်လေးဟာ..တစ်ယောက်ကို တစ်ယောက် သတိအနေအထား နဲ့ ကြည့်လိုက်ကြတယ်..။
ပြီးတာနဲ့ ဂိတ်ပေါက်ဆီကို အတူတူ လျောက်ဝင်သွားလိုက်ကြပါတယ်..။
….
ဆန်နီ ရဲ့ နောက်ထပ် လှောင်အိမ်က အတော်လေးကြီးပြီး သက်သောင့်သက်သာ ပိုဖြစ်ပါတယ်..။ကောင်းပြီလေ..အနည်းဆုံးတော့..သူက မတ်တတ်ရပ်လို့ ရနေခဲ့ပါတယ်..။
သို့ပေမယ့် သူ့မှာ ဒီလိုလုပ်ဖို့ စိတ်ဆန္ဒရှိမနေခဲ့ပေ..။
အဆုံးမှာတော့..ဆန်နီက သူ့ရဲ့ လမ်းတစ်လျောက်မှာ နောက်ထပ် သတ်ဖြတ်ခြင်း ခြံဝန်း ခုနှစ်ခုလောက် ဖြတ်ကျော်ဖို့အတွက် တွန်းအားပေးခြင်း ခံခဲ့ရတယ်..။နောက်ဆုံးနေရာကတော့ တိုက်ပွဲကွင်းပြင်ရဲ့ နှလုံးသား နေရာ တည့်တည့်မှာပါ..။တစ်ခုချင်းစီတိုင်းမှာလည်း..သူနဲ့ တိုက်ခိုက်ဖို့ အိပ်မက်ဆိုးသားရဲ တစ်ကောင် ဒါမှမဟုတ်..အိပ်မက်ဆိုးသားရဲ အုပ်စု တစ်ခု စောင့်ဆိုင်းနေခဲ့ပါတယ်..။ဒီသားရဲတွေကလည်း..အပြင်ဘက် တိုက်ခိုက်ရေးနေရာတွေကနေ တဆင့်ချင်း အနိုင်ရလာကြတဲ့ သားရဲတွေပါ..။
ဒီနည်းလမ်းနဲ့.. ကျွန်ပြုခံထားရတဲ့ သတ္တဝါတွေထဲက အသန်မာဆုံးကပဲ..အလယ်ကို ရောက်လာနိုင်ဖို့ အခွင့်အရေး ရှိကြပါတယ်..။သူတို့က ပိုဝေးအောင်သွားနိုင်လေ..အားပေးသံတွေက ပိုမိုဆူညံလာလေပါပဲ..။
နောက်ဆုံးအဆင့်မှာတော့ သူတို့ရဲ့ ကယ်တင်ခြင်းက စောင့်ကြိုနေခဲ့ပါတယ်..။
နောက်ဆုံးရန်သူကို သတ်ပြီး နောက်ထပ် တစ်ရက် အသက်ရှင်ဖို့အတွက် အခွင့်အရေး ရယူရမှာပါ..။ဒီလိုကနေ တဆင့် သံသယဖြစ်စရာ မလိုအောင်ပဲ..ဒီအသားကျိတ်စက် ထဲကို နောက်တစ်ကြိမ် ပြန်ထည့်ခံရမှာပါ..။သူက နောက်ထပ် ဒဏ်ရာတွေ ထပ်ရပြီး..အများကြီးကို ထပ်မံ သတ်ဖြတ်ရလိမ့်မယ်..။
ပိုမို ကြီးကျယ်ခမ်းနားမူ..။
ဆန်နီက ဒဏ်ရာတွေ အများကြီးကို ရရှိထားခဲ့တယ်..။ကြီးကျယ်ခန်းနားမူ အတွက်ကတော့ သူလည်း မသေချာပါဘူး..။
လတ်တလောမှာတော့ သူက တွဲလောင်း ချိတ်ဆွဲထားတဲ့ လှောင်အိမ်ထဲမှာ ရောက်နေခဲ့တာပါ..။သူ့ရဲ့ ခန္တာကိုယ်မှာတော့ ဓားဒဏ်ရာတွေ ၊ ထိခိုက်မူတွေ နဲ့ ရောင်းရမ်းနေတာတွေ ဖြစ်ပေါ်နေခဲ့တယ်..။အရာရာတိုင်းက နာကျင်နေခဲ့ပေမယ့်..အနည်းဆုံးတော့ သွေးမထွက်နေခဲ့ပါဘူး..။ဒါကတော့..အရိပ်နတ်ဘုရားရဲ့ အမွေအနှစ်ကို ရထားခြင်းရဲ့ အကျိုးကျေးဇူးပါ..။
သူက ဖြည်းညှင်းစွာပဲ ပြန်ကောင်းလာနေခဲ့တယ်..။
သူ့ရဲ့ ဘေးနားမှာ ရှိနေတဲ့ လှောင်အိမ်ထဲမှာတော့..အပြာရောင်မျက်လုံးတွေနဲ့ နိုးထသူ တစ်ယောက် ထိုင်နေခဲ့တယ်..။သူ့ရဲ့ ငယ်ရွယ်တဲ့ မျက်နှာပေါ်မှာ ခံစားချက်ကင်းမဲ့တဲ့ အမူအရာတွေ ဖြစ်ပေါ်နေခဲ့ပါတယ်..။ဒီလူငယ်လေးကလည်း တစ်နည်းနည်းနဲ့ ရှင်သန်နိုင်ခဲ့တဲ့ ပုံပါပဲ..။သို့ပေမယ့် သူတို့ကို အကျဉ်းထောင်ရှိရာကို ပြန်ခေါ်လာပြီးတဲ့ နောက်မှာ တိတ်ဆိတ်ပြီး စိတ်ဓာတ်ကျနေပုံပေါ်နေခဲ့ပါတယ်..။
ဆန်နီ သူ့ကို အပြစ်မတင်နိုင်ခဲ့ပေ..။
သူကိုယ်တိုင်လည်း အနည်းငယ် စိတ်ဓာတ်ကျနေတာပါပဲ..။
ဟုတ်တယ်…သူတို့ ဒီနေ့တော့ ရှင်သန်နိုင်ခဲ့တယ်..။ဒါပေမဲ့..ရှင်သန်နိုင်တယ် ဆိုယုံလေးပဲ..။
ပြီးတော့..အနာဂတ်မှာ သူတို့က ဒီလိုနေ့ရက်တွေ ဘယ်လောက်များများ ဖြတ်ကျော်ရဦးမလဲ ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ..။
တစ်နည်းအားဖြင့်..တစ်စုံတစ်ယောက်က တိုက်ပွဲကွင်းပြင်ကို ခြေချပြီးတာနဲ့ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး ဆိုတာကို သူ ခံစားနေမိခဲ့ပါတယ်..။
ဆန်နီဟာ ပင်ပန်းစွာနဲ့ မျက်လုံးတွေကို မှိတ်ထားခဲ့တယ်..။
ဒီတော့ သူ့ရဲ့ ကံကြမ္မာက ဒီကျိန်စာသင့် တိုက်ပွဲကွင်းပြင်မှာ..အစေခံအဖြစ် သေဆုံးဖို့ ကံပါလာတယ် ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ..။ကံတရားဆိုတာက ရှောင်လွှဲလို့ ရတဲ့ အရာမျိုး မဟုတ်ပါဘူး..။
ဒီအရာကို ပြောင်းလဲပစ်ဖို့ ဆိုတာက အရမ်း..အရမ်းကို ခဲယဉ်းပါတယ်..။
သူက ကံတရား နတ်မိစ္ဆာရဲ့ အမွေဆက်ခံသူ အဖြစ်ကနေ..လွတ်မြောက်နိုင်မှာလား..မလွတ်မြောက်နိုင်ဘူးလား..။
တကယ်လို့ တစ်စုံတစ်ယောက်က လုပ်ဆောင်နိုင်ခဲ့တယ် ဆိုရင် အဲဒီလူက သူပဲ ဖြစ်ပါလိမ့်မယ်.။
အပိုင်း ( ၆၀၆ ) ပြီး၏။