← Chapters

ရွေ့လျားနေတဲ့ သဲများ…

Vol. 41 Ch. 607

ရွေ့လျားနေတဲ့ သဲများ…

Vol. 41 Ch. 607

အမှောင်ထုထဲ ချုပ်နှောင်ထားရတဲ့ အချိန်မှာတော့ ဆန်နီ မှာ‌ တွေးစရာတွေ အများကြီး ရှိနေခဲ့တယ်..။သူ့ရဲ့ ဘေးပတ်ဝန်းကျင်မှာ ရှိကြတဲ့ အိပ်မက်ဆိုးသားရဲ အုပ်ကြီးကတော့..သူတို့တိုက်ခိုက်ရမယ့် အလှည့်ကို..စောင့်ဆိုင််းနေကြရတယ်..။သူတို့ကြားထဲမှာတော့..ကံဆိုးတဲ့ လူသား အစေခံတစ်ချို့လည်း ရှိနေကြပါသေးတယ်..။ဒီ အိပ်မက်ဆိုး အကျဉ်းထောင်ထဲမှာတော့..သားရဲပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် အားလုံးက အတူတူတွေချည်းပါပဲ..။သူတို့အားလုံးက သေခြင်းတရားရဲ့ ရှေ့မှာ..တူညီစွာပဲ ရှိနေခဲ့ကြတာပါ..။

သူ့ရဲ့ အတွေးတွေက အခိုက်အတန့် စတင်ကြေညာခဲ့တဲ့..ပထမဆုံး အချိန်အခါကို ပြန်ရောက်သွားခဲ့တယ်..။ရဲရင့်တဲ့ သူရဲကောင်း ငါးယောက်….တစ်စုံတစ်ယောက်က သူတို့နဲ့ အတူ အိပ်မက်ဆိုးထဲကို လိုက်ပါလာတာ အသေအချာပါပဲ..။ဒီတစ်ယောက်က ဘယ်သူလဲ ဆိုတာကို ဆန်နီ ခန့်မှန်းမိပါတယ်..။

မော်ဒရက်..ဘာမှမရှိတဲ့မင်းသားက..ဖြစ်နိုင်ချေတွေအားလုံးကို ဆန့်ကျင်ပြီး ရှင်သန်နေနိုင်တုန်းပါပဲ..။ပြီးတော့..သူက ပန်းတိုင်ကို ရောက်အောင် သွားမယ့် နည်းလမ်းကိုလည်း တွေ့ရှိခဲ့ပါသေးတယ်..။သူ့ရဲ့ အလင်းပြန်မူက..သူတော်စင်ကော်မတ် ရဲ့ မျက်လုံးထဲမှာ..ပုန်းကွယ်နေခဲ့တာ ဖြစ်နိုင်ပါတယ်..။ပြီးတော့..ဘယ်သူမှ သတိမထားမိခင် အချိန်မှာပဲ..အယ်ဖီ ဒါမှမဟုတ် ကိုင် ဆီကို ကူးပြောင်းသွားခဲ့တာပါ..။

သူ့ သူငယ်ချင်းတွေထဲက တစ်ယောက်က သေဆုံးသွားခဲ့တာလား..။

မဟုတ်ဘူး…မဟုတ်ဘူး..ဒါက အဓိပ္ပာယ်မရှိပေ..။တကယ်လို့ မော်ဒရက်ကသာ..ရှေးဟောင်းသဘော်ပေါ်က ဝိဉာဉ်တွေထဲက တစ်ခုကို ဝါးမြိုခဲ့မယ် ဆိုရင်..တစ်စုံတစ်ယောက် သတိထားမိသွားမှာပါ..။မီးစောင့်ရှောက်သူတွေဟာ..အရမ်းကို ရင်းနှီးကြပြီး..သူတို့ထဲက တစ်ယောက်ယောက်က ရုတ်တရက် ပြောင်းလဲသွားမယ် ဆိုးရင် ကျိန်းသေ သတိထားမိကြပါလိမ့်မယ်..။

အယ်ဖီ နဲ့ ကိုင် အတွက်ကတော့…တကယ်လို့ သူတို့သာ..မော်ဒရက် ရဲ့ ကြောက်မက်ဖွယ်စွမ်းရည်အောက်မှာ ကျရှုံးသွားခဲ့မယ် ဆိုရင်..အိပ်မက်ဆိုးထဲကို ဝင်ရောက်လာတဲ့ အရေအတွက်က လေးယောက်တည်းသာ ဖြစ်နေပါလိမ့်မယ်..။

ဒါပေမဲ့..ဘာမှမရှိတဲ့မင်းသားဟာ..သူ့ရဲ့ ပုံရိပ်ယောင်ကို လူတစ်ယောက်ရဲ့ မျက်လုံးထဲ ဝင်ရောက်ပြီးတာနဲ့ ဝိဉာဉ်ကို သိမ်းပိုက်ဖို့ လိုအပ်တယ်လို့ ဘယ်သူပြောတာလဲ..။သူက ပုံရိပ်ယောင် ထဲမှာ ဒီတိုင်းပုန်းအောင်းနေပြီး..ပိုကောင်းတဲ့ ခန္တာကိုယ်ကို ရဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေနိုင်တာလည်း ဖြစ်နိုင်ပါတယ်..။

ပြီးတော့..လက်ခံကောင် အကြောင်းပြောမှပဲ….

ဆန်နီ သူ့ရဲ့ သားရဲ ခန္တာကိုယ်ကို ပြန်ကြည့်လိုက်တယ်..။သူ့ရဲ့ အနက်ရောင် မျက်လုံးတွေက..စိုးရိမ်ပူပန်မူတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်..။

သူက ဘာလို့ နတ်မိစ္ဆာတစ်ကောင်ရဲ့ ခန္တာကိုယ်ထဲကို ရောက်သွားတာလဲ..။အခိုက်အတန့်က..စိန်ခေါ်သူတွေအတွက် သင့်တော်တဲ့ ခန္တာကိုယ်မျိုးကို ရှာဖွေပေးသင့်တာပါ..။သူ့မှာ အရိပ်အမြုတေ သုံးခု ရှိနေတဲ့ အတွက် အခုလိုမျိုး..သားရဲတစ်ကောင်ရဲ့ ခန္တာကိုယ်ထဲကို ရောက်သွားတာလား..။ဘာပဲဖြစ်ဖြစ်..နတ်ဘုရားစွမ်းရည်နဲ့ ထိုက်တန်တဲ့ လူသားတစ်ယောက်ရဲ့ ခန္တာကိုယ်ကို ရှာဖွေရတာက အတော်လေးကို ခက်ခဲမှာပါ..။

တကယ်လို့ ဒီလိုသာဆိုရင်..မော်ဒရက်ရဲ့ ခန္တာကိုယ်က အခုချိန်မှာ တယ်ရာ တစ်ကောင် ဖြစ်နေလောက်မလား..။

အမှောင်ထုထဲမှာ ရှိနေရင်းနဲ့ ဆန်နီ ကြက်သီးထသွားခဲ့တယ်..။

ဟုတ်တယ်..ဒီတစ်ချက်က အဖြစ်နိုင်ဆုံး ကိစ္စတစ်ခုပါပဲ..။ဒီတစ်ခုက..ကောင်းချီးတစ်ခု ဒါမှမဟုတ် ကျိန်စာ တစ်ခု အဖြစ်လည်း ဖော်ပြနိုင်ပါတယ်..။

သီအိုရီ အရဆိုရင်တော့..သူတို့ငါးယောက်စလုံးမှာ တူညီတဲ့ ပန်းတိုင်တွေ ရှိကြပါတယ်..။အဲတာကတော့..အိပ်မက်ဆိုးရဲ့ ပြသနာတွေကို ဖြေရှင်းပြီး တက်ရောက်သူ တစ်ယောက် ဖြစ်လာဖို့ပါ..။ဒီတော့..ဆန်နီအနေနဲ့ ဒီခွေးသားကို ဘယ်လောက်ပဲ..မုန်းတီးနေပါစေ..သူတို့ရဲ့ ဘက်ခြမ်းကနေ တယ်ရာ တစ်ကောင် ဝင်ပြီး တိုက်ခိုက်တာက..မဟာကံကောင်းမူကြီးပါပဲ..။တကယ်လို့ မော်ဒရက်က ဆင်စွယ်ရောင် ဓားကို ကိုင်ဆောင်ထားခဲ့မယ် ဆိုရင်..သူတို့ အောင်မြင်နိုင်မယ့် အခွင့်အရေးက ပိုပြီး မြင့်တက်လာပါလိမ့်မယ်..။

သို့ပေမယ့် မာစတာဂျက် ပြောခဲ့တဲ့ စကားကို ဆန်နီ ပြန်အမှတ်ရနေခဲ့တယ်..။အခိုက်အတန့်က ပေးအပ်ထားတဲ့ စမ်းသပ်မူကို ..အောင်မြင်ဖို့အတွက် ဆိုရင်..နိုးထသူတွေက..တူညီတဲ့ ဘက်ခြမ်းမှာပဲ ရှိနေဖို့ မလိုအပ်ပါဘူးး..။တစ်ခါတစ်လေမှာ..သူတို့ရဲ့ အတွေးအေခေါ်တွေ ၊ အဖြေထုတ်မူတွေက..ဆန့်ကျင်ဖက်ရှိနေပြီး..သူတို့ကို ရန်သူတွေ အဖြစ် ပြောင်းလဲပေးစေနိုင်ပါတယ်..။

မော်ဒရက်ကို ရန်သူဘက်ခြမ်းမှာ ရှိနေတယ် ဆိုတဲ့ အချက်ကို တွေးမိလိုက်တာနဲ့တင်..သူ့ကို သေလောက်အောင် ကြောက်လန့်နေစေမိတယ်..။ဘာမှမရှိတဲ့မင်းသားက..သူတွေ့ဖူးသမျှထဲမှာ အန္တရာယ်အများဆုံး..ပြိုင်ဖက်တစ်ယောက်လို့တောင် ပြောနိုင်ပါတယ်..။

မော်ဒရက်က မျိုးစေ့ထဲကို ဝင်ရောက်လာခဲ့တဲ့တစ်ခြား လူသား လေးယောက်ကို ဆန့်ကျင်နိုင်လောက်လား..။ဒါက ပြောဖို့ မဖြစ်နိုင်ပါဘူး..။သူက ရက်စက်တယ်လို့ ထင်သလောက် မရက်စက်သလို ၊ လူတိုင်းထင်နေသလောက်လည်း.. ရူးသွပ်နေတာမျိုး မဟုတ်ပါဘူး..။သူ့ရဲ့ အမုန်းတရားတွေက ဗာလာအပေါ်မှာသာ ရှိပြီး သူတို့ရဲ့ အပေါ်မှာ ရှိနေခဲ့တာမျိုး မဟုတ်ပေ..။သို့ပေမယ့် တစ်ချိန်တည်းမှာပဲ..ဒီ စွန့်ပစ်ခံထားရတဲ့ မင်းသားက..စိတ်ဓာတ်ကြံခိုင်တယ် ဆိုတာကို ဆန်နီ သေချာပြောနိုင်ပါတယ်..။

ဆန်နီ ဟာ..မော်ဒရက်ရဲ့ မျက်လုံးတွေကို ကြည့်မိလိုက်တဲ့အချိန်မှာ..သူ့ရဲ့ မျက်လုံးတွေထဲမှာ..တစ်ခုခု ပျောက်ဆုံးနေတာကို ခံစားရပါတယ်..။ဒါက သေးငယ်တဲ့ ကွာခြားချက်လေး တစ်ခုဆိုပေမယ့် ဘာမှမရှိတဲ့ မင်းသားနဲ့ ရင်ဆိုင်ရတာကို မငြိမ်သက်စေပါဘူး..။

မော်ဒရက် ဟာ..အားကောင်းတဲ့ ကတ်တစ်ကတ်ဖြစ်ပြီး..သူ့ရဲ့ လုပ်ရပ်တွေက ဘာဖြစ်လာမလဲ ဆိုတာကို ဆန်နီ အနေနဲ့ မခန့်မှန်းနိုင်ခဲ့ပေ..။

‘အခုချိန်မှာ..ဒီအကြောင်းကို တွေးနေလို့..အကျိုးမရှိဘူး..။တကယ်လို့ ငါသာ ဒီနေရာကနေ လွတ်မြောက်မယ့် နည်းလမ်းကို မစဉ်းးစားနိုင်ဘူးဆိုရင်..ငါ့ကို စောင့်ကြိုနေတာက..သေခြင်းတရားပဲ ဖြစ်လိမ့်မယ်..’

သူက..အနည်းငယ်လှုပ်ရှားလိုက်တဲ့ အချိန်မှာ..ခန္တာကိုယ်တစ်လျောက်လုံး နာကျင်မူတွေ ထွက်ပေါ်လာခဲ့တာကြောင့် အနည်းငယ် အော်ဟစ်လိုက်ပါတယ်..။ဒါက သူ့ရဲ့ မရေမတွက်နိုင်တဲ့ ဒဏ်ရာတွေကနေ ထွက်ပေါ်လာခဲ့တာပါ..။

ဆန်နီဟာ..ကွင်းပြင်ထဲက..သူ့ရဲ့ တိုက်ပွဲတွေအကြောင်းကို ပြန်တွေးကြည့်လိုက်တယ်..။

ထူးဆန်းတယ်..ဒါက အတော်လေး ထူးဆန်းတယ်..။

သူ့ရဲ့ စွမ်းအား တစ်ချို့က မရှိတော့ဘူး ဆိုပေမယ့်..တစ်ခြားဟာတွေကတော့ ကျန်ရှိနေပါသေးတယ်..။သူနဲ့ အခိုက်အတန့်ရဲ့ ဆက်နွယ်မူ မရှိတော့ပေမယ့်..သူ့ရဲ့ ဂဏ္ဍစွမ်းရည်..ကိုတော့..သက်ရောက်ခြင်း မရှိခဲ့ပါဘူး..။

ဒါဆိုရင် ဒါဆိုရင်..ဒီအချက်က သူ့ရဲ့ ဂဏ္ဍစွမ်းရည်ဟာ..အခိုက်အတန့်ရဲ့ တစ်စိတ်တစ်ပိုင်း မဟုတ်ဘူး ဆိုတာကို ဖော်ပြနေတာလား..။အဲဒီအစား..သူ့ရဲ့ အပြင်ဖက်မှာ တည်ရှိနေခဲ့တာ မဟုတ်ဘူးလား..။

ချိုးဖျက်မရနိုင်တဲ့ လှောင်အိမ်ထဲမှာ ပိတ်မိနေခဲ့တဲ့ ဆန်နီ ဟာ..မျက်နှာပျက်သွားခဲ့တယ်..။

အချိန်အတော်..အတော်ကြာတုန်းက..သူ ပထမ အိပ်မက်ဆိုးကို ဖြတ်ကျော်နိုင်တဲ့ အချိန်မှ..ဒီ ဂဏ္ဍစွမ်းရည်ကို ရရှိခဲ့ပါတယ်..။ဒီစွမ်းအင်တွေဟာ..သူ့ရဲ့ ခန္တာကိုယ် နက်ရှိုင်းတဲ့ အပိုင်းကနေ..ထွက်ပေါ်လာနေသလိုတောင် ခံစားနေခဲ့ရတယ်..။ဒါက အပြင်ဘက် စွမ်းအား အရင်းအမြစ်တွေနဲ့ မတူညီပါဘူး..။

အခိုက်အတန့်ဆိုတာက လူသားတွေရဲ့ ဝိဉာဉ်ထဲမှာ ရှိနေပြီးသားဖြစ်တဲ့ စွမ်းအားတွေကို နိုးထလာအောင် မြင့်တင်ပေးတာဖြစ်ပြီး..ဖန်တီးခဲ့တာမျိုး မဟုတ်တာလား..။

‘ခနလေး..’

ဒါကို တွေးကြည့်တဲ့အချိန်ကြမှ..နိုင်း ရဲ့ အူရို..က သူ့ကိုယ်သူ နိုးထသူ တစ်ယောက်လို့ ပြောခဲ့ပါတယ်..။ဘေးနားမှာ တိတ်တဆိတ်ထိုင်နေတဲ့ လူငယ်လေးကလည်း..ဘာစကားမှ မပြောခဲ့ပေမယ့် သူလည်း နိုးထသူ တစ်ယောက်ပါ..။သို့ပေမယ့်..ရှေးအရင်အချိန်တွေတုန်းက..နတ်ဘုရားတွေဟာ..အသက်ရှင်နေဆဲဖြစ်ပြီး..ဒဲလ်မွန်တွေကလည်း ဒီအတိုင်းပါပဲ..။

သူတို့ရဲ့ ကြောက်မက်ဖွယ်ရာ စစ်ပွဲကြီးက အခုချိန်ထိ..မစတင်ခဲ့သေးပါဘူး..။ဝီဗာကလည်း..နတ်ဘုရား ခြောက်ပါး နဲ့ ဒဲလ်မွန် ခြောက်ယောက်တို့ကို ကံဆိုးမိုးမှောင်ကျစေမယ့်..အိပ်မက်ဆိုး အခိုက်အတန့်ကို ဖန်တီးဖို့ ပျောက်ကွယ်မသွားခဲ့သေးပေ..။

ဒါပေါ့ ဒါက ဆန်နီ ရဲ့ ခန့်မှန်းချက်တွေ မှန်ကန်တယ် ဆိုမှပါ..။ဒီဘက်ခေတ်မှာ..အိပ်မက်ဆိုးအခိုက်အတန့်က ပေါ်မလာသေးတာလည်း ဖြစ်နိုင်ပါတယ်..။

သို့ပေမယ့်..နိုးထသူတွေတော့ ရှိနေခဲ့တယ်..။

အိပ်မက်ဆိုးသားရဲတွေ ဒါမှမဟုတ် လူငယ်ခေါ်တဲ့ ပျက်ပြားခြင်း ဆိုတဲ့ အရာတွေလည်း ရှိနေခဲ့ပါသေးတယ်..။

‘သောက်ကျိုးနဲ…’

ဒီ စိတ်ကူးက အတော်လေးကို ထူးဆန်းပြီး ရယ်စရာကောင်းပါတယ်..။အခိုက်အတန့်ဟာ..နိုးထခြင်း ကမ္ဘာပေါ််မှာ ပေါ်ထွက်လာခဲ့ပြီး ရောဂါကူးစက်ထားတဲ့ လူတွေရဲ့ ခန္တာကိုယ်နဲ့ ပထမဆုံး အိပ်မက်ဆိုးသားရဲတွေကို ဖန်တီးခဲ့ပါတယ်..။ပြီးတော့..ပထမဆုံး နိုးထသူ မျိုးဆက်ကို မွေးဖွားပေးခဲ့တယ်..။

သူက ဒီ နိုးထသူတွေကို သားရဲတွေအများကြီးရှိတဲ့ အိပ်မက်ကမ္ဘာထဲကို ခေါ်ဆောင်သွားခဲ့တယ်..။ပြီးတာနဲ့..အိပ်မက်ဆိုးမျိုးစေ့ကို ရှာဖွေ စိန်ခေါ်ဖို့အတွက် တွန်းအား ပေးခဲ့ပါတယ်..။တကယ်လို့ မျိုးစေ့တစ်စေ့ကို သိမ်းပိုက်ထားခြင်း မရှိဘူးဆိုရင် ဒီအရာက…အစစ်အမှန်ကမ္ဘာထဲကို မွန်းစတားတွေ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာမှာပါ..။

အိပ်မက်ဆိုး သားရဲတွေ ၊ ဂဏ္ဍစွမ်းရည်တွေ နဲ့ နိုးထသူတွေ ဆိုတာက..အခိုက်အတန့်နဲ့ ခွဲထုတ်လို့ မရနိုင်ပေ..။

ပြီးတော့..ဒါတောင်မှ..တစ်နည်းနည်းနဲ့ ခွဲထုတ်ထားခဲ့တာလား..။

‘ဒါ..ဒါက ဘာကို ဆိုလိုတာလဲ..’

ဆန်နီ ခေါင်းငိုက်စိုက် ချထားပြီး အတွေးတွေထဲမှာ နစ်မြုပ်နေခဲ့တယ်..။ပြီးတော့..စိတ်ရှုပ်ထွေးမူတွေလည်း ဖြစ်ပေါ်နေခဲ့ပါတယ်..။ဒါက ကမ္ဘာကြီးပေါ်မှာ ရှိနေတဲ့ သူ့ရဲ့ အမြင်ဟာ..သဲပေါ်မှာ တည်ဆောက်ထားတဲ့ အရာတစ်ခုလိုမျိုး ရုတ်တရက် ပြောင်းလဲသွားခဲ့ပါတယ်..။

သူ မျက်လုံးတွေကို မှိတ်ထားရင်း ညဉ်းညူလိုက်တယ်..။ခေါင်းကိုက်လာသလို ခံစားလိုက်ရတာကြောင့်..လက်ကိုမြောက်ပြီး ..သူ့ရဲ့ မျက်နှာကို ပွတ်လိုက်တယ်..။သူ့ရဲ့ လက်သည်းတွေက ထိုးခြစ်မိတာမျိုး မဖြစ်ရအောင်လည်း ဂရုစိုက်ရပါသေးတယ်..။

ရုတ်တရက် ဆိုသလိုပဲ..သူ့ရဲ့ ဘေးနားမှာ ရှိနေတဲ့..လှောင်အိမ်က လှုပ်ယမ်းသွားခဲ့ပါတယ်..။ငယ်ရွယ်တဲ့ နိုးထသူဟာ..မတ်တတ်ထရပ်လိုက်ပြီး..သံတိုင်တွေကို ကိုင်ထားကာ..အမှောင်ထုထဲကို ကြည့်နေခဲ့ပါတယ်..။

ခနအကြာမှာတော့..သူက အက်ကွဲစွာ ပြောလာခဲ့တယ်..။

“နတ်မိစ္ဆာ..ဟေး..နတ်မိစ္ဆာ ..ထတော့…။သူတို့ လာနေကြပြီ..”

အပိုင်း ( ၆၀၇ ) ပြီး၏။

All Chapters