မှော်ဆန်တဲ့ ကမ္ဘာပေါ်မှာ နတ်ဆိုး တိုက်ခိုက်ရေးသမားအဖြစ် ပြန်လည်မွေးဖွားခြင်း
Vol. 41 Ch. 608
“ခမ်းနားမူ …ခမ်းနားမူ….ခမ်းနားမူ…”
ဆန်နီ ညဉ်းညူရင်း မြေကြီးပေါ်ကို ပြုတ်ကျသွားခဲ့တယ်..။ကျောက်တုံးသားရဲရဲ့ လေးလံတဲ့ ခန္တာကိုယ်က..သူ့အပေါ်ကို ဖိထားခဲ့ပြီး..သူ့ရဲ့ လည်သည်းတွေက ရင်ဘတ်ထဲကို စိုက်ဝင်သွားခဲ့ပါတယ်..။သူ့အရည်ပြားက အနက်ရောင် ပိုမိုတောက်ပလာခဲ့ပြီး..ရစ်ပတ်နေတဲ့ မြွေရဲ့ ကြေးခွံတွေက လည်း ပိုမိုမြင်သာလာခဲ့တယ်..။အဲ့အချိန်မှာပဲ..သူ့ရဲ့လက်တွေနဲ့ ဆွဲလိုက်တာကြောင့်..သားရဲရဲ့ လက်က ကျိုးကြေသွားခဲ့ပါတယ်..။
သားရဲဟာ..အော်ဟစ်လိုက်ပြီး..သူ့ရဲ့ အမြီးက လှံသွားတစ်ချောင်းလိုပဲ ရှေ့ကိုထိုးတက်လာခဲ့ပါတယ်..။ဒီတိုက်ခိုက်မူကို ရှောင်ရှားဖို့ ဒါမှမဟုတ် ကာကွယ်ဖို့အတွက် သူ့မှာ အချိန်မရှိတော့ပါဘူး..။ဒီတော့…အဲဒီအစား..ဆန်နီက သူ့ရဲ့ ပုခုံးထဲကို ဝင်ရောက်သွားတဲ့ ကျောက်တုံး ဆူးချွန်ကိုသာ အံကြိတ်ပြီး ခံလိုက်ရပါတယ်..။ပြီးတာနဲ့..ခြေထောက်တွေနဲ့ တွန်းထုတ်ရင်း ခုန်တက်ဖို့လုပ်လိုက်တယ်..။
ရလာဒ်အနေနဲ့..သူ့ရဲ့ ဦးချိုတွေက..သားရဲရဲ့ မေးစေ့ကို ဖောက်ဝင်သွားခဲ့ပြီး အရိုးခေါင်းထဲအထိပါ ရောက်သွားခဲ့တယ်..။
အေးစက်တဲ့ အရည်တွေက သူ့ရဲ့ မျက်နှာပေါ်ကို ဖိတ်စင်သွားခဲ့တာကြောင့် တစ်ခနလောက်တောင် အမြင်အာရုံ ပျောက်ဆုံးသွားခဲ့ပါတယ်..။ဆန်နီဟာ.သားရဲရဲ့ ရင်ဘတ်ကို အားကုန်ထိုးနှက်လိုက်ပြီး..နောက်ကို လွင့်ထွက်သွားအောင်လုပ်လိုက်တယ်..။
ကျောက်တုံးသားရဲ ရဲ့ ခန္တာကိုယ်က တိုက်ပွဲကွင်းပြင်ရဲ့ ကြမ်းပြင်နဲ့ ထိမှန်သွားတဲ့ အချိန်မှာတော့ အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့ပါပြီ..။
ဆန်နီ အသက်ကို လေးလံစွာ ရူသွင်းလိုက်ပြီး..စုတ်ပြတ်နေတဲ့ ခန္တာကိုယ်နဲ့အတူပဲ..ကျန်ရှိနေသေးတဲ့ ရန်သူတွေကို ရှာဖွေလိုက်တယ်..။ဒီ သားရဲတွေက..နိုးထသူ လူငယ်လေးကို ဝန်းရံတိုက်ခိုက်နေကြလောက်မှာပါ..။တကယ်လို့ သူသာ အသက်ရှင်နေဦးမယ် ဆိုရင်ပေါ့..။
တိုက်ပွဲကွင်းပြင်ထဲက ဒုတိယနေ့က သူ့အတွက် လွယ်ကူသလို …ပထမနေ့ကထက်လည်း ပိုမိုကြောက်မက်ဖွယ် ကောင်းပါတယ်..။
ဒါက လွယ်ကူလာတယ် ဆိုတာက ဆန်နီ အနေနဲ့ ..သူ့ရဲ့ လူသာမဟုတ်တဲ့ ခန္တာကိုယ်အသစ်နဲ့ တဖြည်းဖြည်း အသားကျလာခဲ့လို့ပါ..။တစ်ခြားတစ်စုံတစ်ယောက် အတွက် ဆိုရင်တော့ ဒီဖြစ်စဉ်က ကြာရှည်နိုင်တယ် ဆိုပေမယ့်..သူက အမြဲတမ်း..လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်ပြီး..သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာကို ဦးစားပေးထားခဲ့တာပါ..။
နစ်ဖီ သင်ပေးခဲ့တဲ့ စီးဆင်းမူ တိုက်ပွဲဟန်ပန် နဲ့ အရိပ်ကခုန်မူ နှစ်မျိုးစလုံးက..လေ့ကျင့်သူကို လိုက်လျောညီထွေ ဖြစ်စေပြီး..တတ်နိုင်သမျှ မြန်မြန် အသားကျစေပါတယ်..။အထူးသဖြင့် နောက်ဆုံးတစ်ခုကတော့ တကယ်ကို ထိပ်တန်းပါပဲ..။
ဒီတော့..သူက အစစ်အမှန် နတ်မိစ္ဆာတစ်ကောင်ရဲ့ ခန္တာကိုယ်ထဲမှာ ပြန်လည် နိုးထလာနိုင်တဲ့အထိကို..သေချာလေ့ကျင့်ထားခဲ့တာပါ..။ဘယ်သူက ထင်ထားခဲ့မှာလဲ..။
…သို့ပေမယ့် ဒီနေ့ရဲ့ တိုက်ပွဲက ..သေစေနိုင်တယ် ဆိုတာထက်ကို ပိုပါတယ်..။အစတုန်းကတော့..ဆန်နီအနေတော့ သူ့အနေနဲ့ ကံဆိုးတယ်လို့ပဲ ထင်ထားခဲ့တာပါ..။သိုပေမယ့်..နိုးထသူ လူငယ်လေးနဲ့ အတူ..တိုက်ခိုက်ရေး ကွင်းပြင်နှစ်ခုကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာ..လူငယ်လေးက..အရာရာတိုင်းကို ရူ့ထောင့်အမျိုးမျိုးနဲ့ မြင်နိုင်တဲ့ အသိပညာမျိုးတွေကို ..မျှဝေပေးခဲ့ပါတယ်..။
သိသာစွာပဲ..အရင်နေ့က သတ်ဖြတ်မူတွေကို ရှင်သန်နိုင်ခဲ့ပြီး..တိုက်ပွဲကွင်းပြင်တွေရဲ့ အလယ်တည့်တည့်ကို ရောက်ရှိသွားနိုင်တဲ့အချိန်မှာ..သူတို့နှစ်ယောက်က အဓိက တိုက်ခိုက်ရေးအဖွဲ့ထဲကို ထည့်သွင်းခြင်း ခံလိုက်ကြရပါတယ်..။တစ်နည်းအားဖြင့် ပြောရရင်..ဒီနေ့သူတို့ တိုက်ခိုက်ခဲ့ကြတဲ့ လူတိုင်းကလည်း..အရင်နေ့က..ခုနှစ်ပွဲဆက်တိုက် အနိင်ရရှိခဲ့တဲ့ လူတွေချည်းပါပဲ..။
ဒါက အနည်းနဲ့အများတော့..ကျေးကျွန် တိုက်ခိုက်ရေးသမားတွေထဲက အကောင်းဆုံးတွေကိုသာ ရွေးချယ်နည်း တစ်မျိုးပါပဲ..။
ပြီးတော့ နောက်ဆုံးအဆင့်ကလည်း..ကွဲပြားသွားပါလိမ့်မယ်..။
‘ချီးတဲ့မှပဲ…’
သူက အဝေးတစ်နေရာမှာ ရှိနေတဲ့ အရိပ်နှစ်ခုကို ခံစားမိလိုက်ပြီးနောက်မှာ..သူတို့ကို တွေ့လိုက်ရတယ်..။သူ့ရဲ့ အမြင်အာရုံက နေ့ဘက်ဆိုရင် အရမ်းအားကောင်းနေတာမျိုး မဟုတ်ပါဘူး..။ဒါကြောင့် ဆန်နီ အနေနဲ့ အရိပ် အာရုံခံမူကိုသာ..မှီခိုထားရပါတယ်..။
ကောင်လေးက ရှင်သန်နေဆဲဖြစ်ပြီး..ရိုးရှင်းတဲ့ ဓားတစ်လက် နဲ့..သူတို့ရဲ့ ဒုတိယ တိုက်ခိုက်မူမှာ ကောက်ယူခဲ့တဲ့ သံကြေးတက်နေတဲ့ ဒိုင်းကာ တစ်ခုကို ကိုင်ဆောင်ထားခဲ့ပါတယ်..။သူ့က ကျောက်တုံးသားရဲ ဝန်းကျင်မှာ လှည့်ပတ်တိုက်ခိုက်နေခဲ့တာပါ..။ဒါက..ကောင်းမွန်တဲ့ ကိုယ်ခံပညာ နည်းစနစ်နဲ့..ပါရမီ အချို့ကိုလည်း တွေ့မြင်နေခဲ့ရပါတယ်..။
ဒီလူငယ်လေးက..အတွေ့အကြုံ မရှိဘူး ဆိုပေမယ့် မယုံနိုင်စရာကောင်းလောက်အောင် ပါရမီ ရှိတာတော့ အမှန်ပါပဲ..။သူ့ရဲ့ တိုက်ပွဲစွမ်းအားတွေက…မေ့ပျောက်ကုန်းမြေပေါ်မှာ ပြသခဲ့တဲ့ ဆန်နီရဲ့ အနေအထားနဲ့တောင် နှိုင်းယှဉ်လို့ ရလောက်ပါတယ်..။ဒါမှမဟုတ် ပိုတောင် ကောင်းနေလောက်တယ်..။
…ဒါက..လူငယ်လေးကို အကူအညီဖြစ်စေမှာတော့ မဟုတ်ပါဘူး..။သူ ကိုင်ထားတဲ့ ဓားက ရန်သူရဲ့ ကျောက်တုံး အရည်ပြားကို မထိုးဖောက်တဲ့အချိန်မှာ…ဓားတစ်ချောင်းကို ဘယ်လိုကိုင်တွယ်ရမလဲ ဆိုတာကို သိနေတော့လည်း ဘာထူးမှာ မို့လို့လဲ..။
‘နတ်…နတ်မိစ္ဆာ..။ငါ ထပ်ပြီး မထိန်းထား နိုင်တော့ဘူး..’
ဆန်နီ သက်ပြင်းချလိုက်ပြီး အရိပ်တွေထဲကနေ ဖြတ်သန်းကာ..ကျောက်တုံးသားရဲ နောက်ကနေ ပေါ်ထွက်လာခဲ့ပါတယ်..။ကျယ်လောင်နဲ့ အော်ဟစ်သံနဲ့အတူပဲ..သူက မြင့်မားတဲ့ သတ္တဝါကို တိုက်ခိုက်လိုက်ကာ..သေဆုံးခြင်းရဲ့ ပွေ့ဖက်မူအောက်ကို ပို့ပေးလိုက်ပါတယ်..။သူ့ရဲ့ အနက်ရောင် အရည်ပြားအောက်က ကြွက်သားတွေက တင်းမာလာခဲ့ရင်း..ဆန်နီဟာ..လေးလံတဲ့ သတ္တဝါကြီးကို လေထဲကို မြှောက်တင်လိုက်တယ်..။
‘ဘုရားသခင်တို့…သူတော်စင်ကလည်း..ဒီလောက်အထိ အလေးချိန်ရှိတာလား..’
သူ့ရဲ့ နတ်ဆိုး ခန္တာကိုယ်အတွက်တောင်မှ..တစ်ကိုယ်လုံးကို ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ သားရဲရဲ့ အလေးချိန်က အတော်လေးကို လေးလံလုနီးပါးပါပဲ..။
လုနီးပါးပဲ…
ဆန်နီက နည်းနည်းတောင် တုန့်ဆိုင်းသွားခြင်းမရှိပဲ..အရမ်းကို လျင်မြန်တဲ့ ရထားတစ်စီးလို ပြေးသွားလိုက်ကာ..တိုက်ပွဲကွင်းပြင်ရဲ့ နံရံနဲ့ ရိုက်ချလိုက်ပါတယ်..။
လူအုပ်ကြီးဟာ..အော်ဟစ်လိုက်ကြပြီး..သူ့ရဲ့ ရက်စက်မူအပေါ်ကို ပျော်ရွှင်မူ ၊ လေးစားမူတွေ ဖော်ပြလာခဲ့ကြတယ်..။
ဆန်နီဟာ..သားရဲရဲ့ မျက်လုံးထဲက..ရူးသွပ်နေတဲ့ အလင်းရောင်တွေ ငြိမ်းသတ်သွားတာကို ကြည့်နေခဲ့ပါတယ်..။ပြီးတဲ့ နောက်မှာတော့..နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဒူးတစ်ဖက်ထောက် ကျသွားခဲ့တယ်..။
‘မင်း..မင်းတို့ ခနလောက် ပါးစပ်ပိတ်ထားပေးလို့ မရဘူးလား…ခွေးသားလေးတွေ..’
ဒီနေ့မှာတော့..သူက ပွဲကြည့်သူတွေကို မနေ့က ထက်တောင် ပိုပြီး မုန်းတီးမိပါသေးတယ်..။
နိုးထသူ လူငယ်လေးကတော့ သူ့ရဲ့ ဘေးနားကို ရောက်နေခဲ့ပါပြီ..။သူက သေဆုံးသွားတဲ့ ကျောက်တုံး သားရဲကို နက်မှောင်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့တယ်..။ယင်းနောက်..သူက..သူ့ရဲ့ ဓားကို ကြည့်လိုက်ပြီး နောက်ဆုံးမှာ..သူ့အနားက လက်လေးချောင်းနဲ့ သတ္တဝါကို ကြည့်လိုက်ပါတယ်..။
“နတ်မိစ္ဆာ..မင်း…မင်း ပုံစံက အခြေနေသိပ်မကောင်းဘူး..’
ဆန်နီဟာ..သူ့ရဲ့ အနက်ရောင်မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်တယ်..။သူ့ရဲ့ ထူးဆန်းတဲ့ မျက်နှာပေါ်မှာတော့..လူသားတစ်ယောက်လို့ ထင်ရလောက်တဲ့ အမူအရာမျိူုး ရှိမနေခဲ့ပါဘူး..။
‘မဖြစ်နိုင်တာ…မင်း သတိထားမိခဲ့တယ်လား..။ချီးပဲ..ဘယ်လို အရူးမျိုးလဲ..’
အမှန်တကယ်ပဲ ဆန်နီက အခြေအနေ သိပ်မကောင်းခဲ့ပါဘူး..။အမှန်တော့..သူက အတော်လေး ဆိုးဝါးနေခဲ့တယ်..။သူ့ရဲ့ အနက်ရောင် အရည်ပြားက..တွန့်ကြေနေကြပြီး..ကြွက်သားတွေကလည်း မြင်သာလောက်အောင် ဖြတ်တောက်ခံထားရပါတယ်..။ဒီအချက်တွေထဲက စိတ်အနှောက်ယှက်ဖြစ်စရာ အချက်က..သူရရှိထားတဲ့ ဒဏ်ရာတွေမှာ သွေးတွေ မြင်နေရပေမယ့်..ဒီ သွေးတွေမှာ အသိစိတ်တွေကို ပိုင်ဆိုင်ထားတဲ့ အလား..အပြင်ကို ဖြတ်သန်းစီးဆင်းလာခဲ့ခြင်း မရှိပါဘူး..။
သူက..ကျောက်တုံးသားရဲတွေနဲ့ အကောင်းဆုံးတော့ မတိုက်ခိုက်နိုင်ခဲ့ပေ..။အကြောင်းကတော့..ဒီမွန်းစတား တွေက..သူ အရင်တိုက်ခိုက်ရတဲ့ သတ္တဝါတွေထက် ပိုသန်မာပြီး..အားကောင်းနေခဲ့လို့ပါ..။
ဆန်နီ ဒီလို မလုပ်ချင်ဘူးဆိုပေမယ့် သိပ်မကြာခင် အချိန်အတွင်းမှာပဲ သူ့ရဲ့ လျို့ဝှက်ချက်နှစ်ခုထဲက ဝိဉာဉ်မြွေ ဒါမှမဟုတ် သူတော်စင်ကို မကြာခင် ထုတ်ဖော်ပြရတော့မယ်လို့ ခံစားနေခဲ့ရပါတယ်..။
လူငယ်လေးဟာ..ခနလောက်တွေဝေနေပြီးကာမှ..ရှေ့ကို ဖြည်းညှင်းစွာလျောက်လာခဲ့တယ်..။ပြီးတာနဲ့..သူ့ရဲ့ လက်ကို ဆန်နီရဲ့ တွန့်ကြေနေတဲ့ ရင်ဘတ်ပေါ်ကို တင်ထားလိုက်ပါတယ်..။
ဆန်နီဟာ..မထင်မှတ်ထားတဲ့ အပြုအမူကြောင့် အံ့ဩသွားခဲ့တယ်...။
“မလှုပ်လိုက်နဲ့ …နတ်မိစ္ဆာ…။ငါက မင်းကို ကူညီပေးဖို့ ကြိုးစားနေတာ..”
‘သောက်ကျိုးနဲ..’
ရုတ်တရက်..လူငယ်လေးရဲ့ မျက်လုံးထဲက အပြာရောင်အလင်းရောင်..တွေနဲ့ တောက်ပလာခဲ့တယ်…။သူ့ရဲ့ ရွှေရောင် အကောက် ဆံပင်က နွေးထွေးသွားခဲ့တယ်..။
ရင်းနှီးတဲ့ ခံစားချက်တစ်ခုက..သူ့ရဲ့ လက်ဝါးထဲကနေ ဆန်နီ ရဲ့ ခန္တာကိုယ်ထဲကို စီးဝင်သွားခဲ့ပါတယ်..။ဖြည်းညှင်းစွာပဲ..ဒဏ်ရာတွေက နာကျင်မူ သက်သာလာခဲ့ပြီး..တွန့်ကြေနေတဲ့ အသွေးအသားတွေကလည်း..သူ့အလိုလို ပြန်လည် ကုသလာခဲ့ပါတယ်..။သူတို့က အတူတကွ ပြန်လည် ကောင်းမွန် လာခဲ့ကြတယ်..။
နောက်ထပ် စက္ကန့်တစ်ဒါဇင်ခန့်အကြာမှာတော့…သူ့ခန္တာကိုယ်ပေါ်က ဒဏ်ရာတွေက ဆန်းကျယ်စွာပဲ လုံးဝ ပြန်ပိတ်သွားကြပါပြီ..။သို့ပေမယ့် လူငယ်လေးကတော့ ဖြူဖျော့ကာ..နောက်ကို ယိမ်းယိုင်သွားခဲ့တယ်..။သူ့ရဲ့ အသက်ရူသံတွေက မြန်ဆန်ပြီး ကြမ်းတမ်းနေခဲ့ပါတယ်..။ကြည့်ရတာတော့ သူ့ရဲ့ ဝိဉာဉ်အဆီအနှစ်တွေက..အတော်လေး ကုန်ဆုံးသွားတဲ့ ပုံပေါက်တယ်..။
‘ကောင်းပြီလေ…ငါတော့..သေတော့မယ်..’
ဒီအရူးက …ကုသသူ တစ်ယောက်လား..။
ဆန်နီကတော့ ရယ်ရမှာလား ငိုရမှာလားတောင် မသိတော့ပါဘူး..။တစ်ဖက်မှာတော့..ကုသရေး နိုးထသူ တွေဆိုတာက အတော်လေးကို ရှားပါးပါတယ်..။ပြီးတော့..ဒီလိုတစ်စုံတစ်ယောက်ကို သူ့ဖက်မှာ ထားထားနိုင်တာက အတော်လေးကို အကျိုးရှိစေမှာပါ..။
တစ်ဖက်မှာတော့..တိုက်ပွဲကွင်းပြင်ထဲမှာ သူ ပိုင်ဆိုင်ထားတဲ့ တစ်ယောက်တည်းသော မိတ်ဆွေက..တိုက်ခိုက်ရေး အတွက် လုံးဝကို အသုံးမဝင်တဲ့ ဂဏ္ဍစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားခဲ့တာပါ..။
သံတံခါးကြီးက ပွင့်သွားခဲ့ပြီး..နောက်ထပ် တိုက်ခိုက်ရေး ကွင်းပြင်တစ်ခုကို သွားမယ့် လမ်းကြောင်းတစ်ခု ပေါ်လာခဲ့ပါတယ်..။
ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ…မတ်တတ်ထရပ်လိုက်တယ်..။
‘မဟုတ်ဘူး..ဒါကပဲ ကောင်းတယ်..။ငါတို့ဆီကို ရောက်လာတဲ့ ဘယ်လို ကျွန်ကိုမဆို ငါ သတ်နိုင်တယ်..။သူက ဒီတိုင်း ငါ့ကို အသက်ရှင်နေအောင် လုပ်ပေးဖို့ပဲ လိုအပ်တာ..’
သူက ဖြူဖျော့နေတဲ့ လူငယ်လေးကို ကြည့်ပြီး ခေါင်းညိမ့်ပြလိုက်တယ်..။ပြီးတာနဲ့..တံခါးဆီးကို ဦးတည်သွားလိုက်ပါတယ်..။
သို့ပေမယ့် တံခါးကို မဖြတ်သန်းခင်မှာပဲ..သူက ရပ်တန့်လိုက်ကာ..ကျောက်တုံးသားရဲ အလောင်းဆီက အမြီးကို ဖြတ်ပြီး..လူငယ်လေးကို ပေးလိုက်ပါတယ်..။
နိုးထမူအဆင့် အိပ်မက်ဆိုးသားရဲ ရဲ့ ကျောက်တုံးဆူးချွန်က..သာမန်လက်နက်တွေထက်တော့ ပိုပြီး ကောင်းမွန်ပါသေးတယ်..။
နိုးထသူဟာ..သူ့ကို ခနလောက်စိုက်ကြည့်ပြီးနောက်မှာ သက်ပြင်းချလိုက်တယ်..။ပြီးတာနဲ့..ဓားကို မြေကြီးပေါ် ပစ်ချလိုက်ပါတယ်..။
သူတို့က ထွက်ပေါက်ဆီကို လျောက်သွားလိုက်ကြတဲ့ အချိန်မှာတော့ .ဆန်နီရဲ့ မျက်နှာက ချက်ချင်း နက်မှောင်သွားခဲ့ပါတယ်..။
‘ငါ ဒီ အနံ့ကို သိတယ်..’
အကျဉ်းထောင်ထဲမှာ သူ မြင်တွေ့ခဲ့ရတဲ့ ချိန်းပိုးကောင် က..နောက်ထပ် တံခါးတစ်ချပ်ကနေ ထွက်လာပြီး တိုက်ပွဲကွင်းပြင်နေရာကို ရောက်နှင့်နေပြီးပါပြီ..။သူ့ရဲ့ ကြောက်မက်ဖွယ် ပါးစပ်မှာတော့..အနက်ရောင် သွေးတွေက တစက်စက်နဲ့ ကျဆင်းနေခဲ့တယ်..။
လူအုပ်ကြီးဟာ..စတင်ပြီး ဟစ်ကြွေးလာခဲ့တယ်..။သူတို့က..ကျရှုံးမူအဆင့် နတ်မိစ္ဆာ က နောက်ထပ် ကွင်းပြင်တစ်ခုကို ရောက်သွားတဲ့အတွက်..ကျေနပ်အားရနေကြတာပါ..။
“ခမ်းနားမူ…ခမ်းနားမူ..’
သူက ကြောက်ရွံ့မူတွေ ၊ မုန်းတီးမူတွေ အပြည့်နဲ့ သက်ပြင်းချလိုက်တယ်..။
‘ကောင်းပြီ..ကောင်းပြီ..ခွေးသားလေးတွေ..။ခမ်းနားမူ အစစ်အမှန်က ဘာလဲဆိုတာ မင်းတို့ကို ပြသပေးမယ်..’
အပိုင်း ( ၆၀၈ ) ပြီး၏။