ခမ်းနားမူ..
Vol. 41 Ch. 609
ဆန်နီဟာ..ချိန်းပိုးကောင်ကို တစ်စစီဖြစ်အောင် ဆုပ်ဖြဲပစ်လိုက်တယ်..။သူ့ရဲ့ အသွေးအသားတွေက..တိုက်ပွဲကွင်းပြင်ရဲ့ အနီးရောင်ကျောက်တုံးတွေကိုတောင် သေဆုံးခြင်း ကော်ဇောတစ်ခုလို ဖုံးကွှမ်းသွားခဲ့ပါတယ်..။ပြီးတာနဲ့..သူက အရိပ်တွေနဲ့ ဝန်းရံထားရင်း..သတ္တဝါရဲ့ သေဆုံးနေတဲ့ ခန္တာကိုယ်ထဲကို လက်ထိုးထည့်လိုက်ရင်း..သွေးတွေစိုနေတဲ့ ဝိဉာည်အမြုတေ သုံးခုကို ထုတ်ယူလိုက်ပါတယ်..။
..အမှန်တော့..ကျရှုံးမူအဆင့် နတ်မိစ္ဆာတစ်ကောင်ကို သတ်ရတာက သူ့အတွက် သိပ်ပြီး မခက်ခဲပါဘူး..။အရင်တုန်းကတော့..မာစတာရွန်ဟာ..ဒီသတ္တဝါတွေကို..ဘယ်သူကမှ ထိပ်တိုက်မရင်ဆိုင်ချင်လောက်အောင် အန္တာရာယ်များတဲ့ ရန်သူတွေအဖြစ် သတ်မှတ်ထားခဲ့ပါတယ်..။တစ်စုံတစ်ယောက် ဒီသားရဲတစ်ကောင်လောက်ကိုတောင် ရင်မဆိုင်ချင်ကြပါဘူး..။ဘာလို့လဲဆိုတော့..ဒါက မာစတာရွန်ဟာ..လူသားတစ်ယောက် ဖြစ်နေလို့ပါ..။
ချိန်းပိုးကောင်တွေ ဆိုတာက သံမဏိတွေကို စားသုံးပြီး နေထိုင်နေကြတာကြောင့်..သံမဏိလက်နက်တွေ ၊ အကာအကွယ်တွေ ဆိုတာက သူတို့အတွက် အသုံးမဝင်ပေ..။တကယ်လို့ လူသားခန္တာကိုယ်နဲ့ပဲ ရှိနေဦးမယ် ဆိုရင် ဆန်နီလည်း အတော်လေးကို ဒုက္ခရောက်ရမှာပါ..။ပြီးတော့..သူ့ရဲ့ လက်နက်တွေကလည်း..အကျိုးသက်ရောက်ပေးနိုင်မှာ မဟုတ်ပါဘူး..။သို့ပေမယ့် အခုကတော့ သူက နတ်မိစ္ဆာတစ်ကောင် ဖြစ်နေခဲ့တယ်..။ဒါက အရိပ်မွေးဖွားသူ ၊ ဒါမှမဟုတ် အရိပ်မျိုးနွယ် ဒါမှမဟုတ်..သူ အခုဖြစ်တည်လာတဲ့ ဘယ်အရာပဲဖြစဖြစ်ပါ..။
ဒီလို သတ္တဝါမျိုးကို ဖျက်ဆီးဖို့အတွက်ကတော့..သူ့ရဲ့ လက်သည်းတွေ ၊ အစွယ်တွေ နဲ့ သူ့ရဲ့ အရိပ်တွေက ပြီးပြည့်စုံတဲ့ လက်နက်တွေပါပဲ..။
ဒါပေါ့..သူ့ထက် အဆင့်တစ်ဆင့်ပိုမြင့်တဲ့ သတ္တဝါနဲ့ တိုက်ခိုက်ရတာက လွယ်ကူနေတာတော့ မဟုတ်ပါဘူး..။သို့ပေမယ့် အရိပ်သုံးခုက အားဖြည့်ပေးထားခဲ့တာကြောင့်..သူက..ဒီသတ္တဝါကို ပြသနာအများကြီးမဖြစ်ပေါ်ပဲ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပါတယ်..။အမှန်တော့..ချိန်းပိုးကောင်ကို သတ်ရတာက..မာစတာပီယာ ကို သတ်ရတာထက် ပိုပြီး လွယ်ကူလှပါတယ်..။သူက..အပြင်းအထန် ဒဏ်ရာရတာမျိုးတောင် မရှိခဲ့ပါဘူး..။
လူအုပ်ကြီးက..သူ့ရဲ့ ကြမ်းတမ်းမူနဲ့ ရက်စက်မူတွေကို လက်တွေ့မြင်လိုက်ရတာကြောင့် တိတ်ဆိတ်သွားခဲ့ကြတယ်..။ယင်းနောက် အားပေးသံတွေနဲ့ ဆူညံသွားခဲ့ပါတယ်..။ခမ်းနားမူ…ခမ်းနားမူ..ကြည့်ရတာတော့..သူတို့အနေနဲ့..တစ်စုံတစ်ယောက်က ပိုအားကောင်းတဲ့ ပြိုင်ဖက်မျိုးကို..အနိုင်ယူတာမျိုးကို ပိုသဘောကျကြတဲ့ပုံပါပဲ..။
‘ရူးသွပ်နေတဲ့ ခွေးသားလေးတွေ..’
ဆန်နီဟာ..ပွဲကြည့်နေတဲ့ လူတွေကို မကျေနပ်စွာ ကြည့်လိုက်တယ်..။ယင်းနောက် လူငယ်လေးဆီကို လျောက်သွားလိုက်ပြီး..သူ့ရဲ့လက်ထဲကို ဝိဉာဉ် အမြုတေတွေ ထည့်ပေးလိုက်ပါတယ်..။လူငယ်လေးကတော့..သူ့ကို မျက်မှောင်ကျုတ်ပြီး ကြည့်နေခဲ့တာပါ..။
“ဒါ…ဒါက ဝိဉာဉ်အမြုတေ တွေလား..”
‘ဘုရားသခင်တို့..။နိုးထသူတစ်ယောက် ဝိဉာဉ်အမြုတေ ဆိုတာ ဘယ်လို အရာမျိုးလဲဆိုတာကို မသိပဲ နေပါ့မလား..’
ဆန်နီဟာ..လူငယ်လေးကို နက်မှောင်စွာ ကြည့်နေပြီးကာမှ..ခေါင်းညိမ့်ပြလိုက်တယ်..။ပြီးတာနဲ့..လက်တစ်ဖက်ကို ရင်ဘတ်ပေါ် မြှောက်လိုက်ရင်း လက်သီးဆုပ်ပြလိုက်ပါတယ်..။
နိုးထသူဟာ..တွေဝေသွားခဲ့တယ်..။
“မင်းက ဒီဟာတွေကို ..ကိုယ့်ဟာကို စုပ်ယူချင်နေတာလား..”
ဆန်နီ နှာခေါင်းရှုတ်ပြီး ခေါင်းခါယမ်းလိုက်ပါတယ်..။နောက်ဆုံးမှာတော့..လူငယ်လေးဟာ..သဘောပေါက်သွားခဲ့ပြီး..သူ့လက်သီးထဲက အမြုတေကို ..လက်နဲ့ဖိချေလိုက်ပါတယ်..။သူ့ရဲ့မျက်နှာပေါ်မှာတော့..ပျော်ရွင်တဲ့ အမူအရာတစ်ချို့ ပေါ်ထွက်လာခဲ့တယ်..။
‘ဘယ်..ဘယ်လို ထူးဆန်းတဲ့ ခံစားချက်မျိုးလဲ..”
‘ဘာပဲဖြစ်ဖြစ်..’
ဆန်နီက..အကြွင်းအကျန်တွေကို စေတနာထားပြီး..ပေးနေခဲ့တာ မဟုတ်ပါဘူး..။ကောင်းတာလား..၊ ဆိုးတာလား မသိပေမယ့်..အခုချိန်မှာ လူငယ်လေးက သူ့ရဲ့ တွဲဖက်ပါ..။သူ ပိုပြီးသန်မာလာလေလေ..ဆန်နီကို ပိုပြီး ကူညီနိုင်လာလေလေပါပဲ..။
ပြီးတော့..ဆန်နီအနေနဲ့..ကုသမူတွေ အများကြီး ထပ်မံလိုအပ်လာပါဦးမယ်..။အဲတာကတော့ သူ သေချာပြောနိုင်ပါတယ်..။
အဲတာပြီးတဲ့နောက်မှာတော့..သူတို့က ငါးခုမြောက် ကွင်းပြင်ဆီကို ချီတက်လိုက်ကြတယ်..။ပြီးတာနဲ့ ခြောက်ခုမြောက်ကို ဆက်သွားခဲ့ကြပါတယ်..။ပြီးတော့..နောက်ဆုံးမှာ..အဆုံးသတ်နေရာဆီကို ရောက်လာခဲ့ကြတယ်..။
အဲ့အချိန်မှာတော့..ဆန်နီက အကန့်အသတ်အထိကို ရောက်နေခဲ့ပါပြီ..။
ချိန်းပိုးကောင်ကို အနိုင်ယူခဲ့ပြီး နောက်ထပ် တိုက်ပွဲနှစ်ခုက..သူ့ကို မထင်မှတ်ထားတဲ့..နည်းလမ်းတွေနဲ့ စမ်းသပ်ခဲ့တယ်..။ဒါက..သူ့ရဲ့ အဆီအနှစ်တွေကို လျော့နည်းစေပြီး..ခန္တာကိုယ်ကိုလည်း ဒဏ်ရာတွေ အများကြီးဖြစ်ပေါ်လာစေခဲ့ပါတယ်..။သူက ပင်ပန်းနွမ်းနယ်နေပြီး..ခန္တာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်..။အကြင်နာကင်းမဲ့တဲ့ နေလုံးကြီးက..အပြာရောင်ကောင်းကင်အောက်မှာ..မျက်စိကျိန်းမတတ် တောက်ပနေခဲ့ပြီး..သူ့ရဲ့ အနက်ရောင် မျက်လုံးတွေကို ကိုက်ခဲနေစေခဲ့ပါတယ်..။
အနည်းဆုံးတော့.. တိုက်ပွဲကွင်းပြင်ရှိနေတဲ့ ကျွန်းကို ဖိနိပ်မူ က သက်ရောက်ခြင်း ရှိမနေခဲ့ပါဘူး..။အမှန်တော့..ဒီကျွန်းက တက်လိုက် ၊ ကျလိုက် ဖြစ်နေတာမျိုးကို ဆန်နီ တစ်ကြိမ်မှ မခံစားခဲ့ရပေ..။ဖြစ်နိုင်တာက..ဒီဟာကလည်း..နိုတစ်မြင့်မြတ်နယ်မြေလိုပဲ..တစ်သားတည်း ရှိနေခဲ့တာပါ..။
ခုနှစ်ခုမြောက် တိုက်ပွဲ…ဒီနေ့အသက်ရှင်နိုင်ဖို့အ တွက် သူတို့ရဲ့ နောက်ဆုံးတိုက်ပွဲက အမှန်တကယ်ပဲ..ကွဲပြားပါလိမ့်မယ်..။
တိုက်ပွဲကွင်းပြင်ရဲ့ အလယ်ဗဟိုကတော့..အဝိုင်းပုံစံနဲ့ ဖြစ်ပြီး..တံခါးခြောက်ပေါက်နဲ့အတူ ရှိနေခဲ့ပါတယ်..။လေးခုက ပွင့်ပြီးနေပြီဖြစ်ပြီး..နှစ်ခုကတော့..အခုချိန်ထိ ပိတ်ထားတုန်းပါပဲ..။
ကြောက်မက်ဖွယ်သားရဲ အလောင်းတွေက..အနီရောင်ကျောက်တုံးတွေပေါ်မှာ လဲလျောင်းနေခဲ့ပြီး..ပတ်ဝန်းကျင်မှာလည်း သွေးအိုင်တွေ ရှိနေခဲ့ပါတယ်..။ပြီးတော့..တိုက်ခိုက်ရေးစင်မြင့်ရဲ့ အလယ်တည့်တည့်မှာ..လူသားနှစ်ယောက် ရပ်နေခဲ့ကြပါတယ်..။သူတို့ရဲ့ မျက်နှာတွေကတော့..မျက်နှာဖုံးအောက်မှာ ရှိနေခဲ့ကြတယ်..။
သူတို့နှစ်ယောက်က အရပ်ရှည်ပြီး သန်မာကြကာ..ရှေးခေတ်အကာအကွယ်အက်ျီတွေကို ဝတ်ဆင်ထားကြပါတယ်..။သူတို့ရဲ့ အသုံးအဆောင်တွေအားလုံးက အနီရောင်အဖြစ်ပြောင်းလဲနေခဲ့ပြီး..သူတို့ရဲ့ ခေါင်းစွပ်တွေကလည်း ဒီအတိုင်းပါပဲ..။တစ်စုံတစ်ယောက်..လှံနဲ့ ဒိုင်းကာ တစ်ခုကို ကိုင်ဆောင်ထားခဲ့ပြီး..နောက်ထပ်တစ်ယောက်က ပုဆိန် နဲ့ ဓားတစ်လက်ကို ကိုင်ဆောင်ထားခဲ့ပါတယ်..။
သူတို့ကတော့..ပွဲကြည့်စင်မှာ ထိုင်ပြီး သီချင်းသီဆိုနေကြတဲ့ ပရိတ်သတ်တွေလိုပဲ..စစ်ပွဲနတ်ဘုရားကို ကိုးကွယ်ကြတဲ့ သူတွေပါ..။
လူငယ်လေးဟာ..တုန်ရီသွားခဲ့တယ်..။
“စစ်ဘီလူးတွေ…ဒီလို ရူးသွပ်တဲ့ ခွေးတွေ…”
ဆန်နီ အနည်းငယ်စိတ်ဝင်စားသွားခဲ့တာကြောင့် လူအုပ်ကြီးကို ထပ်မံဂရုမစိုက်တော့ပဲ..သူ့ရှေ့က လူနှစ်ယောက်ကိုသာ လေ့လာလိုက်ပါတယ်..။သူတို့နှစ်ယောက်စလုံးက နိုးထသူတွေ ဖြစ်ကြပြီး..ကြည့်ရသလောက်တဲ့ လုံလောက်တဲ့ စွမ်းအားနဲ့ ကျွမ်းကျင်မူတွေ ရှိကြတဲ့ ပုံပါပဲ..။သူတို့က တည်ငြိမ်နေခဲ့ကြတယ်..။သူတို့ရဲ့ မျက်လုံးတွေက ကြောက်ရွံ့မူ အရိပ်အယောင် လုံးဝ ရှိမနေခဲ့ပဲ..ယုံကြည်မူ တွေ..ပျော်ရွှင်မူတွေသာ ပြည့်နှက်နေခဲ့ပါတယ်..။
…ခမ်းနားတယ်…။ဒါက သူတို့ ဒီကိုလာရောက်ကြတဲ့ အကြောင်းပြချက်ပါပဲ..။တိုက်ပွဲကွင်းပြင်ရဲ့ မာစတာတွေက..သူတို့ရဲ့ ကျွန်တွေကို အချင်းချင်း တိုက်ခိုက်စေချင်ကြသလို..သူတို့ကိုယ်တိုင်လည်း ဝင်ရောက်တိုက်ခိုက်ချင်ကြပါတယ်..။အစောပိုင်း အဆင့်တွေကို ကျော်ဖြတ်ပြီးနောက်မှာ..တိုက်ခိုက်ရေးသမားတွေရဲ့ နောက်ဆုံးကျော်ဖြတ်ရမယ့် အဆင့်က..သူတို့ရဲ့ သခင်တစ်ချို့ကို သတ်ဖြတ်ဖို့ပါပဲ..။
ပြီးတော့..ဒီသခင်တွေကလည်း..အသက်ရှင်ချင်တယ်ဆိုရဲ့ ကျွန်တွေရဲ့ သတ်ဖြတ်မူကနေ..ရှင်သန်နိုင်ဖို့ လိုအပ်ပါတယ်..။
အမှန်တော့ ဒီတိုက်ပွဲတွေ အားလုံးက..ရည်ရွယ်ချက်တစ်ခုတည်း အတွက်ပဲ အဓီကထား ဆောင်ရွက်ထားတာပါ..။ဒါက စစ်ပွဲကို ကိုးကွယ်သူတွေ အတွက် အကြမ်းတမ်းဆုံးပြိုင်ဖက်ကို ရရှိဖို့..ဒါမှမဟုတ်..ကြိုးစားရင်း သေဆုံးကြဖို့ပါ..။
‘တကယ်ကို ရူးနေတဲ့ ခွေးတွေပဲ..’
ဒီလူတွေ အားလုံးက ရူးနေကြတာပါ..။ဆန်နီက အခုဆိုရင် ဒါကို သေသေချာချာ သိလိုက်ရပါပြီ..။
သို့ပေမယ့် ဒါက ဘာမှပြောင်းလဲမှာ မဟုတ်ပေ..။တကယ်လို့ အသက်ရှင်ချင်တယ် ဆိုရင် သူက နောက်ထပ် နိုးထမူအဆင့် စစ်သည်တော် နှစ်ယောက်ကို သတ်ဖို့ လိုအပ်နေပါသေးတယ်..။ဒါမှမဟုတ်..သူက တိုက်ပွဲကွင်းပြင်မှာ နောက်တစ်နေ့မှ အသတ်ခံရမယ့် အခွင့်အရေးကို လိုချင်တယ်ဆိုရင်ပေါ့..။
ဆန်နီ အနည်းငယ် ဟိန်းဟောက်လိုက်ပြီး..အရိပ်တစ်ခုကို မြေကြီးပေါ်ကို ပို့လိုက်တယ်..။ဒီတိုက်ပွဲမှာ..ပတ်ဝန်းကျင်ကို နားလည်သဘောပေါက်ထားတာက..အကြမ်းထည် ခွန်အားထက် ပိုပြီး အရေးကြီးလာပါလိမ့်မယ်..။သူတို့ရဲ့ ဂဏ္ဍစွမ်းရည်က..ခွန်အားကို အထူးပြုထားတာ မဟုတ်ဘူးဆိုရင် ဘယ်နိုးထသူကမှ..သူနဲ့ ခွန်အားချင်း ယှဉ်ပြိုင်လို့ ရမှာ မဟုတ်ပါဘူး..။
သို့ပေမယ့်..ဒီလို စွမ်းရည်က..ရန်သူတွေ ပိုင်ဆိုင်ထားတဲ့ အချိန်မှာ အန္တရာယ် မပေးနိုင်ဆုံး အရာပါပဲ..။အနည်းဆုံးတော့ ဒီအရာက နားလည်ရလွယ်ကူပြီး ခန်းမှန်းလို့ ရနိုင်ပါတယ်..။
စွယ်စုံ အသုံးပြုလို့ရပြီး ၊ မခန့်မှန်းနိုင်လောက်တဲ့ စွမ်းရည်မျိုးတွေကသာ..နိုးထသူတွေ ကို ပိုပြီး အန္တရာယ် များလာစေတာပါ..။
စကားပြောဆိုနေတာတွေ မရှိပဲ..သူတို့လေးယောက်က စတင်တိုက်ခိုက်လိုက်ကြတယ်..။လေထုတစ်ခုလုံးကလည်း..သတ်ဖြတ်လိုစိတ် တွေနဲ့သာ ဖုံးလွှမ်းနေခဲ့ပါတယ်..။
စစ်သည်တော်နှစ်ယောက်ဟာ..ထူးခြားတဲ့ ကျွမ်းကျင်မူတွေ ၊ တိုက်ခိုက်ရေး စွမ်းရည်တွေနဲ့ တိုက်ခိုက်လာခဲ့ကြတယ်..။ဒီစစ်သည်တော်နှစ်ယောက်..ရဲရင့်ပြီး ဒေါသတကြီး တိုက်ခိုက်နေတဲ့ပုံဟာ..လူတစ်ယောက်ရဲ့ အစိတ်အပိုင်း နှစ်ခုက တိုက်ခိုက်နေသလား လို့တောင် ထင်ရပါတယ်..။
စစ်သည်တော်နှစ်ယောက်က မယုံနိုင်စရာ အမြင်တွေ ၊ တွက်ချက်မူတွေနဲ့ တိုက်ခိုက်နေခဲ့ကြတယ်..။သူတို့နှစ်ယောက်မူက..ရှင်းလင်းပြတ်သားမူကို သေဆုံးနိုင်တဲ့ လက်နက်အသွင်အဖြစ် ကိုင်ဆောင်ထားခဲ့ကြပါတယ်..။အမှန်တကယ်ပဲ..သူတို့ က စစ်ပွဲနတ်ဘုရားရဲ့ နောက်လိုက်တွေအဖြစ် ထိုက်တန်ကြတဲ့ လူတွေပါ..။
…သို့ပေမယ့်..အဆုံးမှာတော့..သူတို့နှစ်ယောက်စလုံး သေဆုံးခဲ့ကြရတယ်..။
လူသားတွေဟာ..အရိပ်အယောင်မြင်တာနဲ့ ထိပ်လန့်သွားနိုင်လောက်တဲ့ တယ်ရာတစ်ကောင်နဲ့ ရင်ဆိုင်မူပြီး..သူတို့ရဲ့ ကျွမ်းကျင်မူတွေထက် သာလွန်တဲ့ သတ္တဝါတစ်ကောင်ရဲ့ တိုက်ခိုက်မူကို သူတို့က ဘယ်လိုလုပ် တောင့်ခံနိုင်မှာလဲ..။ဒီသားရဲက မရေမတွက်နိုင်တဲ့ အလိမ်အညာတွေကို ခြုံထည်တစ်ခုလို အသုံးပြုနေခဲ့တာပါ..။
ဆန်နီဟာ..ဒုတိယ လူသားရဲ့ အလောင်းက သွေးတွေနဲ့ မြေကြီးပေါ် လဲကျသွားခဲ့တာကို ကြည့်နေခဲ့တယ်..။သူ့ရဲ့ မယုံကြည်နိုင်တဲ့ မျက်လုံးမှာ..အလင်းတွေ မှေးမှိန်သွားတဲ့ အချိန်မှာတော့ သူ သက်ပြင်းချလိုက်ပါတယ်..။
‘ အဲ့မှာ ..မင်းတို့ရဲ့ ခမ်းနားမူပဲ.။သနားစရာ အရူးတွေ…အဲတာ ဘယ်လို အရသာရှိလဲ..။ချိုသလား..ခါးသလား..။ဒါမှမဟုတ် ဘာအရသာမှ မရှိဘူးလား..။ဘာမှမရှိတဲ့ အလိမ်အညာတွေလိုပေါ့..’
သေဆုံးနေတဲ့ လူသားဆီကနေ အကြည့်လွှဲလိုက်ပြီး…သူ လူအုပ်ကြီးဘက်ကို ပြန်လှည့်လိုက်တယ်..။သူက ကြည့်ရူသူတွေရဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းမူတွေ..မကျေနပ်မူတွေ ရှိနေမယ်လို့ မျှော်လင့်ထားခဲ့တာပါ..။
ဘာပဲဖြစ်ဖြစ်..သူသတ်လိုက်တာက..သူတို့ရဲ့ လူတွေပါပဲ..။
သို့ပေမယ့် သူ့ရဲ့ မျှော်လင့်ချက်က ချက်ချင်းဆိုသလိုပဲ နင်းချေခံလိုက်ရတယ်..။
ပွဲကြည့်စင်ပေါ်မှာ ရှိနေတဲ့ လူတွေက..သူတို့ရဲ့ လူ သေသွားတဲ့အတွက် လုံးဝ ဝမ်းနည်းနေတာမျိုး မရှိခဲ့ပါဘူး..။အဲဒီအစား သူတို့ရဲ့ မျက်နှာတွေက ပိုစိတ်လှုပ်ရှား ၊ ဂုဏ်ယူကာ..၊ ပျော်ရွှင်မူတွေနဲ့တောင် တောက်ပနေခဲ့ပါသေးတယ်..။
သူတို့က ပြုံးရွှင်ရယ်မောရင်း..သူ့ကို လက်ညိုးထိုးကာ..တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်နေခဲ့ကြတယ်..။
ဒီတစ်ကြိမ်မှာတော့..သူတို့အော်ဟစ်နေကြတာက..စကားလုံးအသစ်တစ်ခုပါပဲ..။
သူတို့အားလုံးက သံပြိုင်အော်ဟစ်နေခဲ့ကြတယ်…။
….အရိပ်…
အပိုင်း ( ၆၀၉ ) ပြီး၏။