← Chapters

သားရဲတစ်ကောင်ရဲ့ စိတ်ဓာတ်..

Vol. 41 Ch. 610

သားရဲတစ်ကောင်ရဲ့ စိတ်ဓာတ်..

Vol. 41 Ch. 610

“အရိပ်..အရိပ်…အရိပ်..”

…ဆန်နီ အနည်းငယ် တုန်ရီသွားပြီး..သူ့လက်ထဲက ဓားကျိုးကို ကြည့်လိုက်တယ်..။ဒါက ဘယ်တုန်းက ကျိုးပဲ့သွားတာလဲ..။သူ အတော်နဲ့ မမှတ်မိခဲ့ပါဘူး..။ဒါက တိုက်ပွဲအတွင်းမှာ တစ်စုံတစ်ယောက်ကို သတ်ပြီး ကောက်ယူခဲ့တာပါ..။ သူက ဒီဓားကို ယူဖို့ ဘယ်သူ့ကို သတ်ခဲ့တာလဲ..။

သေဆုံးသွားတဲ့ လူတွေရဲ့ မျက်နှာတေွက သူ့ရဲ့ မျက်လုံးတွေထဲမှာ ပြန်ပေါ်လာခဲ့တယ်..။ပုံရိပ်တွေက အရမ်းကို များပြားလွန်းတာကြောင့် ဒီလူတွေက အမှန်တကယ် ရန်သူတွေဖြစ်ခဲ့တာလား..ဒါမှမဟုတ် ပုံရိပ်ယောင်လား ဆိုတာကို မသိတော့ပါဘူး..။မဟုတ်ဘူး..ဒီတစ်ခုက အမှန်ပဲ..။တိုက်ပွဲကွင်းပြင်မှာ သူ ပထမဆုံး သတ်ခဲ့တဲ့ တစ်ယောက်..။ဒါက..သူ ဓားကို ရယူနိုင်ခဲ့တဲ့ တိုက်ပွဲပါ..။

ဒီရက်တွေမှာတော့..သူက တစ်ခုခုကို မှတ်မိဖို့အတွက် အတော်လေးခက်ခဲနေခဲ့ပါတယ်..။

ဆန်နီ ကျိုးပဲ့နေတဲ့ ဓားကို လွင့်ပစ်လိုက်ပြီး..သူ့ရဲ့ နာမည်ကို ဟစ်ကျွေးနေကြတဲ့ လူအုပ်ကြီးကို လှမ်းကြည့်လိုက်တယ်..။အရိပ်…အမှန်ပဲ..။အဲတာက ငါပဲ..။

‘မင်းတို့က ဘာတွေမှားနေတာလဲ..အရူးတွေ..။..ဘယ်တုန်းက..ဒါက မင်းတို့ရဲ့ နာမည်ဖြစ်သွားတာလဲ..’

သူက..အော်ဟစ်လိုက်ပြီး ဓားကျိုးကို လူအုပ်ကြီးဆီကို လှမ်းပစ်ချင်စိတ်ပေါက်နေခဲ့တယ်..။သို့ပေမယ့် ဒါကလည်း အကျိုးရှိမှာမဟုတ်ပါဘူး..။ဘာလို့လဲဆိုတော့ တိုက်ပွဲကွင်းပြင်ကို ဝန်းရံထားတဲ့ ကျောက်တုံးတွေမှာ အရမ်းကို အားကောင်းတဲ့ အစီအရင်တွေ စီရင်ထားခဲ့လို့ပါ..။တစ်ချို့က..တိုက်ခိုက်ရေးသမားတွေ ထွက်ပြေးလွတ်မြောက်နိုင်ခြင်းကနေ ရှောင်ရှားဖို့အတွက် ဖြစ်ပြီး..တစ်ချို့ကတော့..လူအုပ်ကြီးရဲ့ ဒေါသကို တားဆီးထားဖို့ အတွက်ပါ..။တစ်ချို့ကတော့..ဘာအတွက်လည်း ဆိုတာကို သူ မသိနိုင်ခဲ့ပေ..။

လောလောဆယ်တော့..ဒီကျိန်စာသင့်နေရာကနေ လွတ်မြောက်အောင် သူ့ရဲ့ ကြိုးစားမူတွေ အားလုံးက ကျရှုံးခဲ့တာ ချည်းပါပဲ..။

“နတ်မိစ္ဆာ ..မင်း အဆင်ပြေရဲ့လား..”

ဆန်နီ တစ်ခနလောက် တွေဝေနေပြီးကာမှ…တိုက်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ စိတ်အခြေအနေကနေ..ပြန်အသိစိတ်ဝင်လာပြီး..အဲလ်ယစ် ကို ကြည့်လိုက်ပါတယ်..။လူငယ်လေးက သူ့ကို ထူးခြားတဲ့ မျက်နှာအမူအရာနဲ့ ကြည့်နေခဲ့တယ်..။စိုးရိမ်မူတစ်ချို့က သူ့ရဲ့ မျက်လုံးထဲမှာ တွေ့မြင်နေခဲ့ရပါတယ်..။

သူတို့က လူသားတွေ ၊ အိပ်မက်ဆိုးသားရဲတွေနဲ့..ရက်သတ္တပတ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်ပြီးတဲ့ နောက်မှာတော့..လူငယ်လေးဟာ..အတော်လေး သန်မာလာခဲ့ပါတယ်..။အဲဒီ ဝိဉာဉ်အမြုတေတွေအားလုံးက..အလဟသ မဖြစ်ခဲ့ပေ..။သူ့ရဲ့ ကုသနိုင်စွမ်းက..အတော်လေး..သန်မာလာခဲ့ပြီး..စစ်သည်တော်တစ်ယောက်ရဲ့ စွမ်းရည်တွေကလည်း..တိုးတက်လာခဲ့တယ်..။သူ့ရဲ့ မျက်နှာကလည်း ပိုမိုပြောင်းလဲလာခဲ့ကာ..ပိုမို ရင့်ကျတ်လာခဲ့တယ်..။

ဒီလို ငရဲမှာတော့ တစ်စုံတစ်ယောက်က ရွေးချယ်စရာ မရှိပဲ အလျင်အမြန် ရင့်ကျတ်လာအောင် ကြိုးစားကြရမှာပါ..။

အားနည်းချက်ရဲ့ နာကျင်မူက..ဆန်နီရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံလာခဲ့တယ်..။သူ အံကိုကြိတ်ပြီး ခေါင်းညိမ့်လိုက်ပါတယ်..။

“ကောင်းပြီလေ..ကောင်းတယ်..။မင်းက ဒီတလော အတော်လေး ထူးဆန်းလာတယ် ဆိုတာကိုရော သိရဲ့လား..။ငါ့မှာ အဆီအနှစ် တစ်ချို့တော့ ကျန်သေးတယ်..။ဒီတော့..ငါတို့ လှောင်အိမ်ထဲကို ပြန်မသွားရခင် မင်းကို ကုသပေးမယ်..”

ဆန်နီဟာ..လူငယ်လေးကို အနား ကပ်ခွင့်ပြုခဲ့ပြီး..သူ့ရဲ့ ဂဏ္ဍစွမ်းရည်ကို အသက်သွင်းကာ..အစောတုန်းက သတ်ခဲ့တဲ့ စစ်ဘီလူးတွေကို ကြည့်နေခဲ့တယ်..။ဒီတစ်ခုက အနည်းငယ်တော့..စိန်ခေါ်နိုင်စွမ်းရှိပါတယ်..။ဒီခွေးသားက သူ့ရဲ့ လက်တစ်ဖက်ကိုတောင် ဖြတ်နိုင်လုနီးပါးပါပဲ..။

လတ်တလော သူတို့သတ်ခဲ့တဲ့ ကျွန်တွေက အတော်လေးကို သန်မာလာခဲ့တာပါ..။

‘တစ်ခုခုက မှားယွင်းနေပြီ..’

ဆန်နီဟာ..စစ်ဘီလူးတွေ အကြောင်းကို တွေးနေတာ မဟုတ်ပါဘူး..။သူက သူ့ရဲ့ လက်ရှိအခြေအနေအကြောင်းကို စဉ်းစားနေခဲ့တာပါ..။ဒီအရာတွေအားလုံး စတင်တဲ့ အချိန်တုန်းက သူ့ရဲ့ အခြေအနေက အတော်လေးကို ဆိုးဝါးနေခဲ့တယ်..။တိုက်ပွဲကွင်းပြင်မှာ တစ်ရက်ပြီး တစ်ရက် တိုက်ခိုက်ရင်း..သူက ဒဏ်ရာတွေ အများကြီးကို ရရှိကာ..အသက်ရှင်သန်နိုင်ဖို့ မနည်းကြိုးစားခဲ့ရတယ်..။ပြီးတာနဲ့..လှောင်အိမ်ထဲကို ပြန်ထည့်ခံခဲ့ရပါတယ်..။

အစတုန်းကတော့..ကြောက်မက်ဖွယ်ရာ..အခြေအနေတွေကို..ရင်ဆိုင်ရရင်တောင် စိတ်ဓာတ်ပိုင်းဆိုင်ရာကိုအမြင့်ဆုံး မှာ ထားခဲ့တာပါ..။သူက သူ့ရဲ့ ပတ်ဝန်းကျင်အကြောင်းကို လေ့လာရင်း လွတ်မြောက်မယ့်နည်းလမ်းကို တွေးတော ဆင်ခြင်နေခဲ့တယ်..။သူ့မှာ မျှော်လင့်ချက် ရှိနေတုန်းပါပဲ..။

သို့ပေမယ့် အချိန်အတော်ကြာတဲ့အထိတောင် ဘယ်အရာကမှ အလုပ်မဖြစ်ခဲ့ပေ..။နာကျင်မူ ၊ ပင်ပန်းနိုပ်စက်မူ နဲ့ မျှော်လင့်ချက် ကင်းမဲ့မူတွေက..ပိုပိုပြီး လေးလံလာခဲ့ကာ..အခုချိန်ထိလည်း လေးလံနေတုန်းပါပဲ..။စိတ်ဓာတ်ကျမူ မျိုးစေ့တွေက သူ့ရဲ့ စိတ်ထဲကို စတင်ဝင်ရောက်လာခဲ့ပါပြီ..။ပြီးတော့..အဲတာကို မထိန်းချုပ်နိုင်တဲ့ အခါကြရင်..သူ့ကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတဲ့အထိ ခြိမ်းခြောက်လာပါလိမ့်မယ်..။

…ဆန်နီ စိတ်ဓာတ် မပျက်စီး ခဲ့ပေ..။သို့ပေမယ့်..ထွက်ပြေးဖို့ အခွင့်အရေး ပေါ်လာတဲ့ အချိန်အထိ သူက..တိုက်ပွဲကွင်းပြင်မှာ သေဆုံးမသွားဖို့..လုပ်ဆောင်ရမှာပါ..။

သူက ဒီနည်းလမ်းကို အရိပ်ကခုန်မူ ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်..။

ဒီအရာက သူ့ရဲ့ အတွေးနက်ရှိုင်းတဲ့အတွင်းမှာ..ရှိနေခဲ့တယ်..။သို့ပေမယ့် အခုလို စိတ်ဓာတ်ကျနိုင်လောက်တဲ့ အခြေအနေနဲ့ ကြုံတွေရတဲ့ အချိန်မှာ..ဆန်နီဟာ ဒီအရာကို ထုတ်ဖော်လိုက်တယ်..။ဆန်နီက သူ့ရဲ့ တိုက်ပွဲဟန်ပန်ကို လူသားတွေကိုသာ မက..အိပ်မက်ဆိုးသားရဲတွေ အပေါ်မှာပါ အသုံးပြုခဲ့ပါတယ်..။

ရလာဒ်ကတော့..အတော်လေး ပြင်းထန်တဲ့ အောင်မြင်မူ တစ်ခုလိုပါပဲ..။

နတ်မိစ္ဆာတစ်ကောင်ရဲ့ ခန္တာကိုယ်ကို ပိုင်ဆိုင်ထားခဲ့တာကြောင့်..ဆန်နီဟာ ဒီသားရဲတွေ တိုက်ပွဲမှာ ခန္တာကိုယ်ကို ဘယ်လိုသယ်ဆောင်တယ်..၊ ဘယ်လို အသုံးပြုတယ် ၊ ဘယ်လိုတိုက်ခိုက်တယ် ဆိုတဲ့အရာရာတိုင်းကို သိနိုင်ခဲ့ပါတယ်..။ပြီးတဲ့နောက်မှာတော့..သူက ဒါကို ခိုးယူခဲ့တယ်..။

သူ့မှာလည်း လက်သညး်တွေ ရှိနေတာပါပဲ..။ သူ့မှာ အစွယ်တွေနဲ့ ဦးချိုတွေလည်း ရှိပါသေးတယ်..။သူ့ရဲ့ နှလုံးသားထဲမှာလည်း အမုန်းတရားတွေနဲ့ ရက်စက်မူ‌တွေ ရှိနေခဲ့တယ်..။

…အဆုံးမှာတော့ နတ်မိစ္ဆာတစ်ကောင်ရဲ့ ခန္တာကိုယ် ရှိနေတာက အဓိကအချက် မဟုတ်ပါဘူး..။သူ့ရဲ့ အတွေးအခေါ်တွေကိုပဲ..သားရဲတစ်ကောင်လို ပြောင်းလဲဖို့ လိုအပ်တာပါ..။

သူက ဘာလို့ ဒီသတ္တဝါတွေရဲ့ ပုံစံအတိုင်း တိုက်ခိုက်တာ တွေ ၊ စုတ်ဖြဲတာတွေကို မလုပ်နိုင်ရမှာလဲ..။

သူ အတိအကျ လိုက်လုပ်လိုက်တဲ့ အချိန်မှာတော့ တိုက်ပွဲအတွင်းက သူ့ရဲ့ စွမ်းဆောင်ရည်တွေဟာ..တိုးတက်လာခဲ့ပါတယ်..။အိပ်မက်ဆိုးသားရဲတွေရဲ့ ဟန်ပန်အတိုင်း အတုယူနိုင်တာက..သူ့ရဲ့ တိုက်ပွဲဟန်ပန်ကိုသာ တိုးတက်နိုင်ယုံတင်မကပဲ..ဒီသားရဲတွေရဲ့ တိုက်ခိုက်ပုံကိုလည်း ခန့်မှန်း နိုင်လာစေပါတယ်..။

ဒါပေါ့ ဒီလိုလုပ်ဆောင်ရတာက လွယ်ကူတာတော့ မဟုတ်ပါဘူး..။အမှန်တော့..သားရဲတွေ ဘယ်လိုတိုက်ခိုက်တယ်..ဘယ်လို တွေးခေါ်ကြတယ် ဆိုတာကို နားလည်ဖို့က..တိုက်ပွဲဟန်ပန်တွေကို လေ့လာတာ ထက်တောင် ပိုပြီး ခက်ခဲပါသေးတယ်..။သူတို့ရဲ့ စိတ်တွေက ဖောက်ပြန်နေကြတာကြောင့်..သူ သိထားတဲ့ အရာတွေနဲ့ ကွာခြားနေတာ အမှန်ပါပဲ..။

ဒါတောင်မှ..သူက ဘာမှလုပ်စရာ မရှိတာကြောင့်..သူ့ရဲ့ အသက်က ဒီအပေါ်မူတည်နေသလိုမျိုး..လေ့ကျင့်နေခဲ့ရတယ်..။ဘာလို့လဲ ဆိုတော့ အမှန်တကယ်ပဲ အဲလိုဖြစ်နေလို့ပါ..။

ပြီးတော့ နောက်ဆုံးမှာ သူ့ရဲ့ကြိုးစားအားထုတ်မူတွေက အရာထင်လာခဲ့ပါတယ်..။

သူ နောက်ဆုံးအဆင့်တက်ခဲ့တာက ဘယ်အချိန်ကလဲ ဆိုတာကို ဆန်နီ သေချာမမှတ်မမိခဲ့ပေမယ့်..အဲဒီအချိန်မှာပဲ သူက အိပ်မက်ဆိုးသားရဲကို ပိုမိုနားလည်လာတာကို ခံစားလိုက်ရတယ်..။အဲ့အချက်ကြောင့်ပဲ..သူ့ရဲ့ အရိပ်ကခုန်မူက နောက်ဆုံးမှာ နောက်တစ်ကြိမ် အဆင့်တက်သွားခဲ့ပါတယ်..။

ပြီးတော့ ဒါက ကြောက်မက်ဖွယ် အမြန်နှုန်းနဲ့ပါ..။

အခုတော့..ဆန်နီက အရိပ်ကခုန်မူကို ရန်သူတွေရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးအတိုင် အသုံးပြုနိုင်သွားပါပြီ..။အနည်းဆုံးတော့ ဒါက သူ့ရဲ့ စိတ်ထဲမှာ ရှိနေတာကြောင့် သူတို့က သူ့ကို ဘယ်လို ဖျက်ဆီးဖို့ ကြိုးစားကြတော့ မလဲဆိုတာကို သိနေခဲ့တယ်..။ဒါကို သိထားတာကြောင့်..သူက ဒီသားရဲတွေကို အရင်ဦးဆောင် သတ်နိုင်စွမ်းရှိနေခဲ့ပါတယ်..။ပြီးတဲ့နောက်မှာတော့..တစ်ရက်ပြီးတစ်ရက်..တစ်ပတ်ပြီးတစ်ပတ်..

ပြီးတော့ ဒီနေရာမှာပါပဲ..။

သူ့ကိုယ်သူ ဘယ်သူလဲဆိုတာတောင် မနည်း မှတ်မိအောင် ကြိုးစားနေခဲ့ရတယ်..။

အလ်ယစ် က သူ့ဒဏ်ရာတွေကို ကုသပေးနေတဲ့ အချိန်မှာတော့..ဆန်နီဟာ..စစ်ဘီလူးတွေရဲ့ အလောင်းကို စိုက်ကြည့်နေခဲ့တယ်..။သူ့ရဲ့ အတွေးတွေကလည်း ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်..။

‘ငါ..ငါက..အိပ်မက်ဆိုးသားရဲတစ်ကောင် ဖြစ်လာနေပြီလား..’

ဒီအတွေးက သူ့ကို လုံးဝ ကျောချမ်းသွားစေခဲ့ပါတတယ်..။

ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက် ဘယ်လိုလုပ်..ပျက်ယွင်းမူ တစ်ခု ဖြစ်သွားနိုင်မှာလဲ..။

လှောင်အိမ်ထဲမှာ အချိန်တစ်ချို့ ကြာပြီးတဲ့နောက်မှာတော့..ဆန်နီဟာ အမှောင်ထုထဲကို ကြောက်ရွံ့စွာ ကြည့်နေခဲ့တယ်..။ဒါ..ဒါက သူမျှော်လင့်ထားခဲ့တဲ့ အန္တရာယ်မျိုး မဟုတ်ပါဘူး..။တိုက်ပွဲကွင်းပြင်ရဲ့ အသားကြိတ်စက်ထဲကို နေ့တိုင်းထည့်သွင်းခြင်း ခံရပြီး..ကြောက်မက်ဖွယ်တိုက်ပွဲတွေကို ရှင်သန်ဖို့ အတွက်သာ အာရုံစိုက်နေခဲ့ရတာကြောင့်..သူ့ရဲ့ ကိုယ်တိုင်တည်ရှိမူကို တစ်စ တစ်စ ဆုံးရှုံးလာခဲ့မယ် ဆိုတာ လုံးဝ မတွေးထားမိတဲ့ အရာတစ်ခုပါ..။

အမှန်တကယ်ပဲ..သူ့မှာ ဘာတွေ ဖြစ်ပေါ်နေတာလဲ..။

ဆန်နီဟာ..မချိုးဖျက်နိုင်တဲ့ သံတိုင်တွေကို ကြည့်ပြီး တုန်ရီသွားခဲ့တယ်..။

‘ချီးပဲ..ငါ တကယ်ကို ဒီနေရာကနေ ထွက်သွားဖို့လိုအပ်နေပြီ..’

သို့ပေမယ့် ဘယ်လို ပုံစံနဲ့လဲ..။သူက တစ်ချိန်လုံး လွတ်မြောက်ဖို့ ကြိုးစားနေခဲ့ပေမယ့် အခွင့်အရေး အရိပ်အယောင်လေးတောင် မမြင်တွေ့ခဲ့ရပါဘူး..။သူ့ရဲ့ လည်ပင်းမှာ ရှိနေတဲ့ သောက်ကျိုးနဲ လည်ပတ်က..သူ ဒီတိုက်ပွဲနေရာကနေ လုံးဝ ထွက်သွားလို့ မရနိုင်အောင် ဖန်တီးထားခဲ့ပါတယ်..။

သူ့ရဲ့ အနက်ရောင်မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့တယ်..။

‘မဟုတ်ဘူး..မဟုတ်ဘူး..ငါ နည်းနည်းလောက် ထပ်ပြီး တောင့်ခံထားရမယ်..။ဒီရူးသွပ်မူကြီးက ထာဝရ ဖြစ်ပေါ်နေမှာ မဟုတ်ဘူး..’

ဒါက ရိုးရှင်းစွာပဲ မဖြစ်နိုင်ပါဘူး..။အကျဉ်းထောင်ထဲက တစ်ဝက်လောက်က မရှိကြတော့ပေ..။အရင်က ရှိခဲ့တဲ့ နေထိုင်သူတွေဟာ..တိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ကြပါပြီ..။

စစ်ဘီလူးတွေ အနေနဲ့..သတ်ဖြတ်စရာ ကျွန်တွေ သိပ်ပြီး မကျန်ရှိတော့ပါဘူး..။

ပြီးတော့ သူတို့ရဲ့ အရေအတွက် အများကြီး လျော့ကျလာတဲ့အချိန်မှာ..အရမ်းကို သန်မာပြီး သေစေနိုင်လောက်တဲ့ မွန်းစတားတွေသာ..ကျန်ခဲ့ပါလိမ့်မယ်..။

တစ်ခုခုက ဖြစ်ပျက်လာတော့မှာပါ..။

ဟုတ်တယ်မလား..

အေးစက်တဲ့ နောင်တရမူတွေက သူ့စိတ်ထဲမှာ နစ်မြုပ်သွားခဲ့တယ်..။

‘ဒါပေမယ့် ..ဘာမှဖြစ်မလာခဲ့ရင်ရော…’

အပိုင်း ( ၆၁၀ ) ပြီး၏။

All Chapters