← Chapters

အင်မော်တယ်် အရှင်သခင်များ..

Vol. 41 Ch. 611

အင်မော်တယ်် အရှင်သခင်များ..

Vol. 41 Ch. 611

အတော်ကြာပြီးတဲ့ နောက်မှာတော့ အမှောင်ထုထဲမှာ ရှိနေတဲ့ အယ်ယက်စ်က ရုတ်တရက် စကားပြောလာခဲ့တယ်..။သူက ခါတိုင်းလိုပဲ..ဆန်နီကို တစ်ဖက်သတ် စကားပြောနေခဲ့တာပါ..။

လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ..နိုးထသူ လူငယ်လေးဟာ..သူ့ရဲ့ နတ်ဆိုး ပါတနာနဲ့ စကားပြောတဲ့ အလေ့အကျင့်တစ်ခု ရလာခဲ့တယ်..။ကြောက်မက်ဖွယ်သားရဲက သူ့ကို ပြန်ပြီး မပြောနိုင်ပေမယ့်..မကြာခနဆိုသလို ခေါင်းညိမ့် ၊ ခေါင်းခါ ဒါမှမဟုတ်..ပုခုံးတွန့်တာ မျိုးတော့ လုပ်လေ့ရှိပါတယ်..။အရိပ်တစ်ခုကို စကားပြောရတာက အပြန်အလှန်စကားပြောဆိုခြင်း မျိုး မဖြစ်နိုင်ပေမယ့်…

ဒါက သူ့ရဲ့ အသိစိတ်တွေ လွတ်ထွက်မသွားအောင်..ထိန်းပေးထားတဲ့ အရာထဲက တစ်ချို့ ဖြစ်နိုင်ပါတယ်..။

…လူငယ်လေးက ဘာလို့ဒီလို လုပ်နေတာလဲ ဆိုတာကို ဆန်နီ နားလည်နိုင်ပါတယ်..။ဘာလို့လဲဆိုတော့ သူ စကားမပြောနိုင်ပဲ ဖြစ်နေတာက..သူ့ကို စိတ်တိုစေတဲ့ တစ်ခုတည်းသော အချက်ပါပဲ..။ဒါ့အပြင် ဒီအချက်က သူ့ရဲ့ လူ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်နေစေခဲ့တာပါ..။

“ဟေး..နတ်မိစ္ဆာ..ဒါက…ဒါက မှန်ကန်တယ်လို့ မင်းထင်လား..။သစ်သား ဓား နဲ့ ပတ်သက်တဲ့ ကိစ္စကိုလေ..”

ဆန်နီ လူငယ်လေးကို စိုက်ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။သူက ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာထင်မြင်ချက်မှ ရှိမနေခဲ့ပါဘူး..။သူက သစ်သားဓားနဲ့ ပတ်သက်ပြီး ဘာမှသိရှိထားခြင်း မရှိတာကြောင့်ပါ..။

အယ်ယက် သက်ပြင်းချလိုက်တယ်..။

“စစ်ဘီလူးတွေ ငါတို့ကို မဖမ်းဆီးခင်တုန်းက..ငါက သူတို့ရဲ့ ရက်စက်တဲ့ စမ်းသပ်မူတွေကို ကြားဖူးခဲ့ရတယ်..။အိမ်မှာ ရှိတဲ့ လူတိုင်းကလည်း ဒီအကြောင်းကို ကြားဖူးကြတာပဲ..။အနီရောင် တိုက်ပွဲကွင်းပြင်က အကြောင်းတွေ ဆိုတာက..ကလေးတွေ လိမ္မာဖို့အတွက် မိဘတွေ အမြဲတမ်း ဆိုဆုံးမကြတဲ့ အရာတွေပဲ..”

သူ တိတ်ဆိတ်သွားပြီးကာမှ..ပုံမှန်လေသံနဲ့ ဆက်ပြောလာခဲ့ပါတယ်..။

“..ဒါပေမဲ့ ဒီနေရာကနေ လွတ်မြောက်နိုင်တဲ့ နည်းလမ်း ရှိတယ် ဆိုတာကိုလည်း သူတို့က ပြောခဲ့ကြသေးတယ်..။တကယ်လို့ တစ်စုံတစ်ယောက်ကသာ လုံလောက်အောင် ရဲရင့်မယ်ဆိုရင်..တကယ်လို့ သူတို့သာ လုံလောက်အောင် မှန်ကန်ကြမယ်ဆိုရင်..နောက်ဆုံးမှာ သစ်သားဓား တစ်လက်ကို ရနိုင်ကြလိမ့်မယ်..။ပြီးတော့..သူတို့ရဲ့ လွတ်မြောက်မူအတွက် တိုက်ခိုက်နိုင်ကြလိမ့်မယ်..”

ဆန်နီ အနည်းငယ် လှုပ်လာခဲ့ပြီး စိတ်ဝင်စားသွားခဲ့ပါတယ်..။

‘ဘယ်လောက်တောင် ကောင်းမွန်တဲ့ ပုံပြင်မျိုးလဲ..’

သနားစရာကောင်လေးက..ဒီ စစ်ပွဲနတ်ဘုရားကို ကိုးကွယ်တဲ့ လူတွေဟာ..သူ့ကို လွတ်ပေးလိမ့်မယ် ဆိုပြီး ကိုယ့်ကိုကို လှည့်ဖျားနေခဲ့တာပါ..။ရဲရင့်ရမယ်..ဖြောင့်မတ်ရမယ်..ဒီ အယူအဆတွေက..ရူးသွပ်တဲ့လူတွေအတွက်တော့..အစိမ်းသက်သက်လိုပါပဲ..။

ဒါမှမဟုတ်..သူတို့က ဒီအရာကို မတူညီစွာ နားလည်သဘောပေါက်ထားကြတာပါ..။

ဆန်နီ ဟာ..ဒီ စစ်သည်တော်တွေ ဒါမှမဟုတ် စစ်ဘီလူးတွေက ဆိုးယုတ်တဲ့လူတွေ မဟုတ်ဘူးဆိုတာကို လေ့လာဖို့အတွက် လုံလောက်တဲ့ အချိန်ရှိခဲ့ပါတယ်..။ဒါမှမဟုတ် သူတို့က..ကိုယ့်ကိုကို ဒီလိုလူတွေ အဖြစ် ခံယူထားခြင်း မရှိကြပါဘူး..။သူတို့ရဲ့ အမြင်တွေက..လှည့်စားခံထားရပြီး ရက်စက်နေခဲ့တယ်..။သို့ပေမယ့် အနည်းနဲ့အများတော့..ရိုးရှင်းနေခဲ့ပါတယ်..။

သူတို့က..ရုန်းကန်မူ နဲ့ ခမ်းနားမူတွေကို ယုံကြည်ထားကြတဲ့ လူတွေပါ..။ခမ်းနားမူတွေကို ရရှိဖို့ အတွက်ဆိုရင် တစ်စုံတစ်ယောက်က ရုန်းကန် ရပါလိမ့်မယ်..။ပြီးတော့..အဲဒီ ခက်ခဲရုန်းကန်မူ ကိုယ်တိုင်ကလည်း..ခမ်းနားမူ တစ်ခုပါပဲ..။ဒါကြောင့်လည်း သူတို့က ဒီလို စိတ်ဝင်စားစရာအသစ်ဖြစ်တဲ့ အရိပ်ကို ပျော်ရွှင် ၊ ဝမ်းသာစွာ ကြည့်နေခဲ့တာပါ..။အရိပ်က တိုက်ပွဲလမ်းကြောင်း တစ်လျောက်တိုက်ခိုက်ရင်း..အိပ်မက်ဆိုး သားရဲ ဒါမှမဟုတ် သူတို့ရဲ့ မိတ်ဆွေတွေ ၊ သူငယ်ချင်းတွေကို သတ်ဖြတ်နေခဲ့တယ်..။

..ဘာကြောင့်လဲဆိုတော့..မဖြစ်မနေ ရင်ဆိုင်ရမယ့် ရန်သူကို ရင်ဆိုင်ရင်း သေဆုံးရတယ် ဆိုတာက ခမ်းနားတဲ့ ဂုဏ်သိက္ခာရဲ့ အမြင့်ဆုံး ပုံစံတစ်ခုပါ..။သူ့လက်ထဲမှာ သေဆုံးခွင့်ရကြတယ်ဆိုတာက ဒီလူတွေ အတွက်ကတော့..အထူးအခွင့်အရေး ဖြစ်ပြီး..သူတော်ကောင်း တရား တစ်ခုလိုပါပဲ..။

သန်မာတဲ့ ရန်သူရဲ့သတ်ဖြတ်ခြင်းကို ခံရတာထက် ပိုပြီး တရားမျှတတဲ့ တစ်ခုတည်းသော နည်းလမ်းက..အဲဒီ ရန်သူကို သတ်ဖို့ပါ..။

သူတို့ရဲ့ စိတ်ထဲမှာတော့..၊ ကျွန်တွေ အပေါ်မှာလုပ်နေတဲ့ စစ်သည်တော်တွေရဲ့ လုပ်ရပ်ဟာ..ရက်စက်တဲ့ တရားမမျှတမူမျိုး မဟုတ်ပါဘူး..။အဲဒီအစား ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်တစ်ခုပါ..။ကျွန်တွေက လူအုပ်ကြီးကို ဖျော်ဖြေဖို့ အတွက် အချင်းချင်း သတ်ဖြတ်ဖို့ တွန်းအားပေးခံထားရတာမျိုး မဟုတ်ပေ..။အဲဒီအစား..သူတို့က မှန်ကန်တဲ့ လမ်းကြောင်းကို လျောက်လှမ်းခွင့်ပေးပြီး..ခမ်းနားမူ ဆီကို ပို့ဆောင်ပေးနေခဲ့တာပါ..။

ဒါကြောင့်..ကျွန်တွေအနေနဲ့ လွတ်မြောက်ဖို့အတွက် အခွင့်အရေးပေးခြင်း ခံရမှာ မဟုတ်ဘူးဆိုတာကို ဆန်နီ တွေးလိုက်မိတယ်..။ဒီလိုလုပ်တာက..စစ်ဘီးလူတွေ အတွက်တော့..အကြီးမားဆုံး အကုသိုလ် နဲ့ ရှက်စရာ အကောင်းဆုံး ကိစ္စတစ်ခုပါပဲ..။

သူတို့အတွက်တော့..ဒီလိုလွတ်မြောက်ခွင့်ပေးလိုက်တယ် ဆိုတာ..အရက်စက်ဆုံး ကိစ္စတစ်ခုပါ..။

‘သောက်ကျိုးနဲ့ ငတုံးတွေ..’

စစိပွဲနတ်ဘုရားရဲ့ နောက်လိုက်တွေက ဒီလောက်အထိ တုံးအကြတာလား ဆိုတာကို ဆန်နီ သေချာမသိပေ..။အမှန်တော့..ဒီ သတ်ဖြတ်မူ ဂိုဏ်းဟာ..မျှော်လင့်ချက် ဘုရင့်နိုင်ငံ အတွင်း ပေါ်ပေါက်လာခဲ့တယ်ဆိုတာကို သူသေချာသိပါတယ်..။သူရဲ့ ပထမအိပ်မက်ဆိုးမှာ တွေ့ခဲ့ရတဲ့ ကျွန်ထိန်းသိမ်းသူ‌ေ တွကလည်း တူညီတဲ့ နတ်ဘုရားကို ကိုးကွယ်ကြတာပါပဲ..။သို့ပေမယ့် ဒီ စစ်ပွဲ စိတ်အားထက်သန်သူတွေလို မဟုတ်ကြပေ..။

အယ်ယက် ပြောခဲ့တဲ့ အချက်အလက် အနည်းငယ်ကို စုစည်းကြည့်ရင်တော့ ဒီ မျှော်လင့်ချက် နိုင်ငံတော်က အတော်ကို ထူးဆန်းတဲ့ နေရာတစ်ခုပါ..။

အခုချိန်မှာ..သူက နေနတ်ဘုရားက စစ်မှန်တဲ့ ဘုရင့်နိုင်ငံကို ဖျက်ဆီးအပြီး နှစ်ပေါင်းတစ်ထောင်ခန့် အတွင်းပိုင်းကာလကို ပို့ဆောင်ခြင်း ခံထားရတယ်ဆိုတာကို ဆန်နီ သေချာသိလိုက်ပါပြီ..။အခုတော့..နာမည်သာ ကျန်ရှိနေတော့တယ်..။ဒီကုန်းမြေမှာနေတဲ့ လူတွေက..အလိုရမ္မက်နတ်ဆိုးက ဘယ်သူလဲဆိုတာကိုတောင် မသိကြတော့ပေ..။သူမက နတ်ဘုရားတွေရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရပြီး..ဆင်စွယ်ရောင် တာဝါမှာ အကျဉ်းချခံခဲ့ရပါတယ်..။

ပြီးတော့..သူတို့ရဲ့ တာဝန်က သူမရဲ့ အကျဉ်းထောင်ကို စောင့်ကြပ်ဖို့ပါပဲ..။

ဒီတာဝန်မှာတော့..နိုင်ငံတော်က လူတွေဟာ..အရှင်သခင် ခုနှစ်ယောက်ရဲ့ ဦးဆောင်ခြင်းကို ခံကြရတယ်..။ဒါမှမဟုတ်..နှစ်ယောက်က သေဆုံးသွားပြီဆိုတော့..ငါးယောက်ပဲကျန်ပါတော့တယ်..။

ဆင်စွယ်ရောင် တာဝါက..ကျန်တဲ့ကျွန်းတွေနဲ့ အခုချိန်ထိ ကင်းကွာခြင်း မရှိသေးပါဘူး..။ပြီးတော့ ဒါက လှပတဲ့ မြိုု့ကြီးရဲ့ အလယ်မှာ ရှိနေခဲ့တယ်..။အိပ်မက်ဆိုး စတင်တုန်းက သူမြင်တွေ့ခဲ့ရတဲ့ လွင့်မျောနေတဲ့ တံတားတွေ ၊ အဖြူရောင် ရေသွယ်တံတားတွေ လည်း ရှိနေပါသေးတယ်..။ဒါကတော့ အယ်ယက်ရဲ့ အိမ်ပါပဲ..။

ဆင်စွယ်ရောင် မြို့မှာက..နေနတ်ဘုရားရဲ့ နောက်လိုက်တွေ..နေထိုင်ကြတာပါ..။ပြီးတော့..ကျန်တဲ့ အရှင်သခင် ငါးယောက်ကလည်း ကာကွယ်ပေးထားပါသေးတယ်..။

ဒီနယ်မြေရဲ့ အနောက်ဘက်ပိုင်းမှာတော့..မျှော်လင့်ချက် နိုင်ငံတော်ရဲ့ ဒုတိယ လူနေအများဆုံး နေရာ ရှိနေခဲ့တယ်..။ဒါကတော့ ဆန်နီရဲ့ ကံဆိုးမူတွေ ရှိနေခဲ့တဲ့ နေရာပါ..။သူက ဒီတိုက်ပွဲကွင်းပြင် အတွင်းမှာတင် စစ်ပွဲနတ်ဘုရား ရဲ့ ရုပ်ထုကို တွေ့မြင်ခဲ့ရတယ်..။ဒါက အဝိုင်းပုံစံမြစ် စီးဆင်းနေတဲ့ ကျွန်းမှာ သူမြင်တွေ့ခဲ့ရတဲ့ ရုပ်ထုနဲ့တော့ မတူညီပါဘူး..။

စစ်ပွဲနတ်ဘုရား..ဒါမှမဟုတ် ဘဝ ၊ တိုးတက်မူ ၊ နည်းပညာ ၊ လက်မူပညာ ၊ ဉာဏ်ရည် နဲ့ လူသားတွေရဲ့ နတ်ဘုရားက..အကာအကွယ်တွေ အပြည့်နဲ့ စစ်သည်တော်တစ်ယောက် အဖြစ် ပုံဖော်ထားခြင်း ခံခဲ့ရပါတယ်..။သူက သွေးစွန်းနေတဲ့ လှံရှည်နဲ့ အက်ကွဲနေတဲ့ ဒိုင်းကာကို ကိုင်ဆောင်ထားခဲ့တယ်..။

စစ်သည်တော်တွေကို အရှင်သခင်တွေထဲက နောက်ထပ် တစ်ယောက်ကလည်း ဦးဆောင်ထားပါသေးတယ်..။လှပတဲ့ စစ်ပွဲနတ်သမီး…။သူမရဲ့ နာမည်က…

ဆိုဗန်..။မျှော်လင့်ခြင်း နိုင်ငံတော်ရဲ့ အုပ်ချုပ်သူတွေထဲကတစ်ယောက် ဖြစ်ပြီး..အံ့ဩမှင်သက်ဖွယ်ကောင်းလောက် တဲ့ အလှပိုင်ရှင်..။

စစ်ပွဲနတ်ဘုရား နဲ့ နေနတ်ဘုရားရဲ့ နောက်လိုက်တွေက အချင်းချင်း မသင့်မမြတ် ဖြစ်နေကြတဲ့ပုံပါပဲ..။ပြီးတော့..သူတို့ကို ဦးဆောင်ကြတဲ့ အရှင်သခင်တွေကလည်း ဒီအတိုင်းပါ..။ဒါကြောင့်လည်း အယ်ယက် နဲ့ သူ့ရဲ့ မိသားစုတွေက ဖမ်းခံလိုက်ရပြီး တိုက်ပွဲကွင်းပြင်ထဲကို ပို့ဆောင်ခြင်း ခံလိုက်ရတာပါ..။သူတို့က ကျွန်တွေ အဖြစ် တိုက်ခိုက်ခဲ့ရတယ်..။

ကျန်ရှိနေတဲ့ အရှင်သခင် နှစ်ယောက်က ကြားနေ သဘောမျိုးဖြစ်ပြီး..သူတို့မှန် စစ်မှန်တဲ့ စွမ်းအားတွေ မရှိကြတာကြောင့် သိပ်ပြီး အရေးမကြီးပေ..။တစ်ယောက်က မြောက်ဖက်ပိုင်းမှာနေပြီး ကျန်တဲ့တစ်ယောက်ကတော့ အရှေ့ဘက် တစ်နေရာရာမှာ နေထိုင်ကြပါတယ်..။အယ်ယက်က သူတို့အကြောင်း သိပ်မသိတာကြောင့် ဆန်နီလည်း သူတို့အကြောင်း မသိနိုင်ခဲ့ပေ..။

အရှင်သခင် ငါးယောက်က ထာဝရ ချိန်းရဲ့ ဖော်ပြချက်မှာ ရေးသားထားတဲ့ အဆုံးမရှိတဲ့ ခြေကျင်းတွေဆိုတာကိုပဲ သူသေချာပြောနိုင်ပါတယ်..။မျှော်လင့်ချက် ကို အကျဉ်းထောင်ထဲမှာ ထာဝရ ရှိနေစေဖို့အတွက်..နေနတ်ဘုရားက ဖန်တီးထားခဲ့တဲ့ ထောင်စောင့်ငါးယောက်..။

တစ်ချိန်တုန်းက သူသံသယဖြစ်ခဲ့တဲ့ အရာတွေက အခုဆိုရင် သေချာသလောက် ဖြစ်သွားခဲ့ပါပြီ..။ဒီနေရာမှာ သဲလွန်စတွေ အျမားကြီးရှိနေခဲ့တယ်..။တစ်ချို့က သူ မျိုးစေ့ထဲမဝင်ရောက်မှီ စုဆောင်းလာခဲ့တဲ့ အချက်အလက်တွေ ဖြစ်ပြီး..တစ်ချို့ကတော့..လူငယ်လေးရဲ့ စကားလုံးတွေထဲကနေ ယူဆောင်ထားခဲ့တာပါ..။

ပြီးတော့..ဖြစ်နိုင်တာက..ဖြစ်နိုင်တာက..ဒီအသိပညာတွေကြောင့် သူက လွတ်မြောက်သွားနိုင်ပါတယ်..။

အပိုင်း ( ၆၁၁ ) ပြီး၏။

All Chapters