အနီရောင် တိုက်ပွဲကွင်းပြင်
Vol. 41 Ch. 612
‘သစ်သားဓား…လွတ်မြောက်မူအတွက် တိုက်ခိုက်ရမယ်..’
ဆန်နီ အနည်းငယ်လှုပ်ရှားလိုက်တာကြောင့်..သူ့ရဲ့ လှောင်အိမ်က လှုပ်ယမ်းသွားခဲ့ပါတယ်..။ပြီးတာနဲ့ အယ်ယက် ကို လှမ်းကြည့်လိုက်တယ်..။လူငယ်လေးရဲ့ ပုံစံက ထပ်ပြီး စကားပြောချင်တဲ့ ပုံစံမရှိတော့ပဲ..ဒီတိုင်း တိတ်ဆိတ်စွာနဲ့ အမှောင်ထဲကိုပဲ စိုက်ကြည့်နေခဲ့ပါတယ်..။
သူပြောတဲ့အထဲမှာ..အဓိပ္ပာယ်တစ်ချို့ ပါဝင်နေခဲ့တယ်..။ဆန်နီ ဒီ အဓိပ္ပာယ်ကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ပေမယ့်..အကြောင်းပြချက်တစ်ချို့ကြောင့် သူ့ရဲ့ အတွေးတွေက..စစ်ပွဲနတ်ဘုရားရဲ့ ရုပ်တုဆီကိုပဲ ပြန်ရောက်နေခဲ့ပါတယ်..။
မျှော်လင့်ချက် နိုင်ငံတော်မှာ..ဒီလို အမှတ်အသားနဲ့ နတ်ဘုရား နှစ်ပါးကို သူ မြင်တွေ့ခဲ့ပြီးပါပြီ..။တစ်ဦးက သွေးစွန်းနေတဲ့ လှံရှည် နဲ့ အက်ကွဲနေတဲ့ ဒိုင်းကာကို ကိုင်ဆောင်ထားတဲ့ စစ်သည်တော်တစ်ယောက် ဖြစ်ပြီး နောက်တစ်ဦးကတော့..သားရဲ အရေခွံကိုဝတ်ဆင်ကာ..လှံရှည်တစ်ချောင်းကို လက်ကနေ ကိုင်ကာ..ကျန်တဲ့ လက်တစ်ချောင်းနဲ့ ခုန်နေတဲ့ လူသားနှလုံးသားကို ကိုင်ထားတဲ့ အမျိုးသမီး တစ်ဦးပါပဲ..။လှံရှည်က စစ်ပွဲ ၊ နည်းပညာ နဲ့ လက်မူအတတ်ပညာကို ရည်ညွှန်းထားတာ ဖြစ်နိုင်ပါတယ်..။နှလုံးသားကတော့..သူမနဲ့ အသက်တွေ ၊ လူသားတွေ နဲ့ ရင်းနှီးမူကို ရည်ညွှန်းထားပါလိမ့်မယ်..။
ဒီ ရုပ်ထုတွေက ဘာလို့ ကွဲပြားနေကြတာလဲ..။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းက..တိုက်ပွဲတွေကြောင့် ပင်ပန်းနွမ်းနယ်နေတုန်းပါပဲ..။သူ့ရဲ့ အတွေးတွေက နှေးကွေးပြီး..ဒီနေ့ခေတ်က လူတွေလိုပဲ ဖြစ်နေခဲ့တယ်..။သူ ပင်ပန်းစွာပဲ မျက်နှာကို လက်နဲ့ပွတ်လိုက်တယ်..။သူ့ရဲ့လက်သည်းတွေက အရည်ပြားကို ခြစ်မိသွားတာကြောင့် နာကျင်မူကို ဖြစ်ပေါ်လာခဲ့ပါတယ်..။ဒီနာကျင်မူက သူ့ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်တွေကို မောင်းထုတ်လိုက်တာကြောင့်..မိနစ်အနည်းငယ်လောက်တော့ ရှင်းလင်းသွားခဲ့ပါပြီ..။
စစ်ပွဲ ယဇ်ပုလ္လင်…ဆိုဗန်က ဒီကျွန်းကို..အသက်ဓာတ် နတ်ဘုရားရုပ်တု တည်ရှိရာ ကျွန်းလို့ ခေါ်ဆိုခဲ့တာပါ..။ပြီးတော့ အဲတာက မှန်ကန်တဲ့ စကားလုံး တစ်ခုပါပဲ..။ဒီနတ်ဘုရား ရုပ်ထုက အတော်လေးကို ရှေးကျနေခဲ့တာပါ..။
ဒီ ရုပ်ထုကိုယ်တိုင်ကကို မယုံနိုင်လောက်အောင် ရှေးဟောင်း ဆန်နေခဲ့တယ်..။ဒါက တစ်ခြား စစ်သ◌ည်တော် ရုပ်ထုတစ်ခုထက်ကို ပိုရှေးကျပါတယ်..။အမှန်တော့..ဒါက အနီရောင် တိုက်ပွဲကွင်းပြင်လောက်ကို ရှေးကျတာပါ..။ပိုပြီး ရှေးကျနေတာတောင် ဖြစ်နိုင်ပါသေးတယ်..။နေနတ်ဘုရားကြောင့် မျှော်လင့်ချက် နိုင်ငံတော်ကြီး ပြိုကွဲသွားပြီး..လွင့်မျှော်နေတဲ့ ချွန်းကျွန်းစုတွေ ဖြစ်မသွားခင် အချိန်က တည်ဆောက်ထားလောက်အောင်ကို ရှေးကျပါတယ်..။
ဘာလို့ မျှော်လင့်ချက် ရဲ့ နယ်မြေထဲမှာ ဘာလို့ နတ်ဘုရားတစ်ပါးရဲ့ ရုပ်ထု တစ်ခု ရှိနေခဲ့တာလဲ..။ကောင်းပြီလေ..ဒီအရာအတွက်တော့ သိပ်ပြီး မထူးခြားပါဘူး..။နတ်ဘုရားတွေ နဲ့ ဒဲလ်မွန်တွေ ဆိုတာက အမြဲတမ်း စစ်ပွဲဖြစ်နေကြတာမျိုး မဟုတ်ပေ..။အမှန်တော့..မြေအောက်ကမ္ဘာရဲ့ မင်းသားမှာလည်း..နောင်တစ်ချိန်မှာ သူနဲ့ ရန်သူတွေဖြစ်လာကြမယ့်..ကောင်ကင် ၊ မုန်တိုင်း နတ်ဘုရားမရဲ့ မြင့်မြတ်နယ်မြေ ရှိနေခဲ့ပါတယ်..။
ဒီတော့ ဒီမေးခွန်းအတွက်က သိပ်ပြီး အရေးမကြီးပါဘူး..။အရေးကြီးတဲ့ အချက်က..အကြောင်းပြချက် တစ်ချို့ကြောင့် ဆန်နီ က ဒီရုပ်ထုအကြောင်းကို မတွေးပဲ မနေနိုင်ခဲ့ပေ..။
‘အနီရောင် တိုက်ပွဲကွင်းပြင်ကြီးလောက်ကို ရှေးဟောင်းကျတယ်..’
ရုတ်တရက် ဆိုသလိုပဲ ဆန်နီ စိတ်ဝင်စားသွားခဲ့တယ္..။
‘ဟင်..’
အမှန်တော့ ဒီတိုက်ပွဲကွင်းပြင်က..အမြဲတမ်း တိုက်ပွဲနေရာတစ်ခု မဟုတ်ခဲ့ဘူးလား ဆိုတာတောင် သူ သံသယဖြစ်မိပါတယ်..။ဒါက သူ့အနေနဲ့ ဟောလိုး တောင်တန်းမှာ ရှိတဲ့ ကြီးမားတဲ့ တွင်းကြီးကိုတောင် ပြန်သတိရသွားစေခဲ့ပါတယ်..။အဲဒီနေရာက မေ့ပျောက်ကုန်းမြေမှာ ရှိနေတဲ့ သူရဲကောင်းခုနှစ်ယောက်ရဲ့ ရုပ်ထုကြီးတွေကို ထုလုပ်ဖို့အတွက်ကျောက်တုံးတွေကို ထုလုပ်ထားခဲ့တာပါ..။ပြီးတော့..သူတို့ရဲ့ ..မြို့ရိုး နဲ့ ကြက်သွေးရောင် ထိပ်ဖျား အတွက်ရောပါပဲ..။
ဆင်စွယ်ရောင် တာဝါ ဆိုတာကလည်း တစ်ခုခုနဲ့ တည်ဆောက်ထားလောက်မှာပါ..။ဒီလိုဆိုရင် ဒီနေရာကလည်း ဆောက်လုပ်ရေးအတွက် ကျောက်တုံးတွေ တူးဖော်ခဲ့တဲ့ နေရာတစ်ခု ဖြစ်နိုင်ခြေရှိပါတယ်..။နောက်ပိုင်းမှာ ဒီနေရာကို ပွဲကြည့်စင်ကြီးတစ်ခု အဖြစ် ဖန်တီးပြီး..တိုက်ပွဲကွင်းပြင်အဖြစ်ဖန်တီးခဲ့တာလား..။ဒီလိုကနေတဆင့် ရှေးဟောင်း ကျောက်တုံးတွေက သွေးတွေ အများကြီးကို စုပ်ယူပြီး..အနီရောင် အဖြစ် ပြောင်းလဲသွားခဲ့တာ..။
သူ့ရဲ့ အနက်ရောင် မျက်လုံးတေွ ကျဉ်းမြောင်းသွားခဲ့တယ်..။
‘ဒါက…ဒါက အဲလိုပဲ ဖြစ်ရမယ်..’
ဒီတစ်ချိန်လုံးမှာ..ဆန်နီကို မေးခွန်းတစ်ခုက နိုပ်စက်နေခဲ့တယ်..။သူ့ရဲ့ လွတ်မြောက်မူကို ပြန်လည်ကြိုးစားရာမှာ အရေးကြီးတဲ့နည်းလမ်း တစ်ခု..။
…တကယ်လို့ ဒီခေတ်ကသာ..အခိုက်အတန့် မတည်ရှိသေးတဲ့ ခေတ်ကို ရောက်နေတာ ဆိုရင်..ဆိုဗန်က ဘယ်လိုလုပ်ပြီး သူနဲ့ အခိုက်အတန့်ကြားက ဆက်သွယ်မူကို ဖြတ်တောက်ထားနိုင်တာလဲ..။
ဒီ လည်ပတ်က..သော့မပါတဲ့ ပုံမှန် သတ္တုအပိုင်းအစ တစ်ခုဖြစ်ပြီး..ဖွင့်လို့ရမယ့် နည်းလမ်းလဲ ရှိပုံမရပါဘူး..။ဒီအရာကို ထိခိုက်အောင်လုပ်ဖို့ ဒါမှမဟုတ် ဖျက်ဆီးဖို့ ဆိုတာလည်း မဖြစ်နိုင်သလောက်ကို ရှိနေခဲ့တာပါ..။သို့ပေမယ့်..သူ့ရဲ့ မှော်စွမ်းအင် ကတော့ အရမ်းကြီး မရှုပ်ထွေးပါဘူး..။ဒီအရာက မရှုပ်ထွေးဘူး ဆိုတာကို ဆန်နီ ခံစားနေခဲ့ရတယ်..။ဒါပေမယ့် ရှုပ်ထွေးနေရင်ရော..။ဒီအရာက..အရမ်းကို ရှုပ်ထွေးပြီး..မယုံနိုင်လောက်အောင် အားကောင်းတဲ့ မှော်စွမ်းအင်တစ်ခု ဖြစ်နေရင်ရော..။
ဒီမှော်စွမ်းအင်တွေကို..စစ်ဘီလူးတွေက..လှောင်အိမ်တွေကို ထိန်းသိမ်းရင်း..ကျွန်တွေ ထွက်ပြေးသွားမှာ စိုးရိမ်တဲ့ အတွက် အသုံးပြုထားကြတာပါ..။ကျွန်တွေအနေနဲ့..သာမာန်နည်းနဲ့ပဲဖြစ်ဖြစ်…မှော်စွမ်းအားတွေကို အသုံးပြုပြီးပဲဖြစ်ဖြစ် ထွက်ပြေးလို့ မရကြပါဘူး..။သူတို့က..ကျွန်တွေကို တိုက်ပွဲဆီခေါ်သွားတာ..တိုက်ပွဲကနေ ရှားရှားပါးပါး ပြန်လာတဲ့ အချိန်တွေမှာ ဒီစွမ်းအင်တွေကို အသုံးပြုကြတာပါ..။
သူ အခိုက်အတန့်နဲ့ ဆက်ဿွယ်လို့ မရနိုင်တာကလည်း.ဒီအရာရဲ့ သက်ရောက်နိုင်မူတွေထဲက တစ်ခုဖြစ်ပါလိမ့်မယ်..။
အခုတော့ သူက အဖြေတွေ့သွားသလို ခံစားလိုက်ရတယ်..။တကယ်လို့ အနီရောင် တိုက်ပွဲကွင်းပြင်သာ..အမှန်တကယ်ပဲ..စစ်သည်တော်တွေက တည်ဆောက်ထားတာ မဟုတ်ပဲ..သူတို့က သိမ်းပိုက်ထားခဲ့တာ ဆိုရင် အမှန်တကယ်ပဲ..ရှင်းလင်းသွားခဲ့ပါပြီ..။
ဒါက တစ်ခြား ဒဲလ်မွန်တစ်ပါး ရဲ့ စွမ်းအားတွေ ဖြစ်နိုင်ပါတယ်..။တကယ်လို့ အလိုရမ္မက် နတ်ဆိုးက ဒီ ပွဲကြည့်စင်ကြီးကို တည်ဆောက်ခဲ့တာ ဆိုရင်..သူမ ထားရှိခဲ့တဲ့ တဲ့ မှော်စွမ်းအင်တွေက..သူမရဲ့ အစ်ကို ဖန်တီးထားခဲ့တဲ့ ကံတရား ကြိုးမျှင်တွေကို ဟန့်တား နှောက်ယှက်ထားနိုင်မှာ အသေအချာပါပဲ..။
ဆန်နီ တုန်လှုပ်သွားပြီး..လှောင်အိမ်ရဲ့ သံတိုင်တွေကို ဆုပ််ကိုင်လိုက်တယ်..။
ရုတ်တရက် ဆိုသလိုပဲ..အားကောင်းတဲ့ စိတ်ခံစားချက်တွေက သူ့ရင်ဘတ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်..။သူ့ရဲ့ ကြွက်သားတွေက အားအင်တွေ ပြည့်လာခဲ့ပြီး..သူ့ရဲ့ စိတ်ဓာတ်ကျမူတွေက ပျောက်ကွယ်သွားခဲ့တယ်..။
…မျှော်လင့်ချက်…ဒါက မျှော်လင့်ချက်ပဲ..။
ဒီနေရာက ကို အကျဉ်းထောင်တစ်ခုအဖြစ် သူ ထပ်ပြီး မထင်မြင်တော့ပါဘူး..။မဟုတ်ဘူး..ဒါက ဆန့်ကျင်ဘက်ပဲ..။အရမ်းကို အားကောင်းတဲ့..ဖြေဆေးတစ်ခု..။
တကယ်လို့ အခိုက်အတန့်ကို..ဝယ်သာ က ဖန်တီးခဲ့ပြီး..သူ့ကို နှောက်ယှက်နေတဲ့ စွမ်းအားတွေကို..မျှော်လင့်ချက်က ဖန်တီးထားခဲ့တာ ဆိုရင်..ဒါတွေအကုန်လုံးက..နတ်ဆိုးစွမ်းအားနှစ်မျိုး..ထိတွေ့မူကနေ ဖြစ်ပေါ်လာတဲ့ အကျိုးရလာဒ်ပါပဲ..။
ဒါဆိုရင်..နတ်ဆိုးစွမ်းအင်တွေရဲ့ အမွေအနှစ်တွေကို ဆက်ခံထားတဲ့ သူက..ဘာလို့ ဒီ ထိတွေ့နေမူကို မဖြေရှင်းနိုင်မှာလဲ..။
သေချာတာပေါ့..ဆန်နီက မှော်စွမ်းအင် ရက်လုပ်မူတွေအကြောင်းကို ဘာတစ်ခုမှ မသိထားပါဘူး..။သို့ပေမယ့်..တစ်ချိန်တုန်းက သူ့အနေနဲ့ ကိုယ်ခံပညာအကြောင်းကိုလည်း ဘာတစ်ခု မှ သိရှိခဲ့တာ မဟုတ်ပေ..။ပြီးတော့..တကယ့် နတ်ဆိုးတစ်ကောင်ရဲ့ ခန္တာကိုယ်နဲ့ ဘယ်လို ရှင်သန်ရမယ် ၊ ဘယ်လို တိုက်ခိုက်ရမယ် ဆိုတာကိုလည်း မသိခဲ့ပါဘူး..။
တကယ်လို့ သူ ကျွမ်းကျင်တဲ့ အရာတစ်ခုကို ပြပါဆိုရင်တော့..အဲတာက အသစ် ..အသစ်တွေကို သင်ယူရတာကိုပါပဲ..။
ကောင်းပြီလေ..နောက်တစ်ခုကတော့..လိမ်ညာတာပေါ့..။
ပြီးတော့..အသက်ရှင်သန်အောင် နေထိုင်နိုင်တာပဲ..။
ပတ်ဝန်းကျင်က..တစ္ဆေအကျဉ်းထောင်ကို ကြည့်လိုက်ရင်း..ဆန်နီဟာ..မျက်မှောင်ကျုတ်ကာ..ရှေးဟောင်း ကျောက်တုံး နံရံကြီးတွေကို လေ့လာကြည့်လိုက်ပါတယ်..။
ဒီတော့..သူက..မှော်စွမ်းအားတွေဥို..ဘယ်လို စတင်ပြီး လေ့လာရမှာလဲ…
အပိုင်း ( ၆၁၂ ) ပြီး၏။