မှော်စွမ်းအား ကျောင်းများ..
Vol. 41 Ch. 613
သူတို့ တိုက်ပွဲကွင်းပြင်ထဲကို နောက်တစ်ကြိမ် ထည့်သွင်းမခံရမီ နာရီအနည်းငယ်လောက် ကျန်ရှိနေပါသေးတယ်..။ဆန်နီဟာ..အကျဉ်းထောင်ရဲ့ နံရံတွေကို စိုက်ကြည့်နေခဲ့တယ်..။ဒါက သူ့အနေနဲ့ ရှေးဟောင်း ကျောက်တုံးတွေကနေ..လျို့ဝှက်ချက်တစ်ခုခုကို ဖော်ထုတ်နိုင်ဖို့ မျှော်လင့်နေခဲ့တာပါ..။
ဒါပေမဲ့ သူ ဘာမြင်နိုင်မှာလဲ..။သူတို့က ဒီတိုင်း ကျောက်တုံး အဟောင်းတွေသာပါပဲ..။သူတို့ရဲ့ မျက်နှာပြင်မှာ စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာ ဘာတစ်ခုမှ ရှိမနေခဲ့ပေ..။ပြီးတော့..မျက်နှာပြင်အောက်ဘက်မှာလည်း စိတ်ဝင်စားစရာ တစ်ခုမှ မရှိပါဘူး..။
အတော်ကြာပြီးတဲ့ နောက်မှာမှ..ဆန်နီ အသက်ကိုပြင်းပြင်းရူပြီး ထိုင်ချလိုက်တယ်..။သူက..ကျဉ်းမြောင်းတဲ့ လှောင်အိမ်ထဲမှာ ကိုယ့်ကိုကို သက်သောင့်သက်သာ အနေအထား ရှိဖို့ အတွက် ကြိုးစားနေခဲ့တာပါ..။ပြီးတာနဲ့..သူ့ရဲ့ အာရုံခံမူကို ရုတ်သိမ်းလိုက်ပြီး..သူ့ဘေးနားမှာရှိနေတဲ့ သတ္တဝါတွေ အများကြီးရဲ့ အရိပ်တွေကို ဖယ်ရှားပစ်လိုက်တယ်..။အကျဉ်းထောင်ရဲ့ တည်ရှိမူတွေ၊ ခန္တာကိုယ်ရဲ့ နာကျင်မူတွေနဲ့ သူ့ကို နှောက်ယှက်နေတဲ့ အတွေးတွေ အားလုံးကို ရောပါပဲ..။
‘ငါက..မှော်စွမ်းအားတွေနဲ့ ပတ်သက်ပြီး ဘာသိထားလဲ..’
ဒါက စိတ်ရှုတ်ဖို့ ကောင်းတဲ့ မေးခွန်းတစ်ခုပါ..။
ဒီစကားလုံး ကိုယ်တိုင်က လှည့်ဖျားခံနေခဲ့ရတယ်..။သူ့ရဲ့ ကမ္ဘာမှာ ရှိခဲ့တဲ့ လူသားတွေက..ရန်သူတွေကို ထိခိုက်အောင် လုပ်နိုင်တဲ့ ဘယ်လို ဂဏ္ဍစွမ်းရည်မျိုးကို မဆို..မှော်စွမ်းအားလို့ ခေါ်ဆိုခဲ့ကြတာပါ..။အခုရှိနေတဲ့ အရာက..နိုးထသူတွေကို စွမ်းအားမြင့်တင်ပေးနေတဲ့..အရာနဲ့ မတူပါဘူး..။သို့ပေမယ့်..ဒါက ဆန်နီ ရှာဖွေချင်နေတဲ့ အရာမဟုတ်ပေ..။
မဟုတ်ဘူး..သူ စိတ်ဝင်စားနေတဲ့ အရာက သူနဲ့ ရင်းနှီးပြီးသား စွမ်းရည်အမျိုးအစားတွေရဲ့ မူဘောင်အတွင်းမှာ ရှိနေတဲ့ သဘာဝလွန်စွမ်းအားတွေကို မဟုတ်ဘူး..။အဲဒီအစား..ဒီ မူဘောင်တွေကို ဖန်တီးထားခဲ့တဲ့ နည်းလမ်းတွေ ဒါမှမဟုတ် ဂဏ္ဍစွမ်းရည်တွေ ရဲ့ အပြင်ဘက်မှာ တည်ရှိနေတဲ့ အရာတွေကို သိချင်နေခဲ့တာပါ..။
သူ့အတွက်တော့ ဒါကမှ အစစ်အမှန် မှော်စွမ်းအားပါပဲ..။
‘ဒါပေမဲ့..ဒီလို မှော်စွမ်းအားတွေကလည်း..မျိုးစုံ ရှိနေသေးတယ်..။ငါ အခုမြင်တွေ့နေရတာက ဘယ်လို အမျိုးအစား မျိုးလဲ..’
အရာသုံးခုက သူ့စိတ်ထဲကို ဝင်ရောက်လာခဲ့တယ်..။ပထမတစ်ခုကတော့..သူနဲ့ အရင်းနှီးဆုံး ဖြစ်တဲ့..အခိုက်အတန့်မှော်စွမ်းအားရက်လုပ်မူ တွေပါ..။ဒါက ဝီဗာရဲ့ ကိုယ်ပိုင် စွမ်းအားတစ်ခုလို့ သူ ယုံကြည်ထားပါတယ်..။အခိုက်အတန့် ကို သူက ဖန်တီးထားခဲ့တာဖြစ်ပြီး..နိုးထသူတွေကို ပေးနေတဲ့..မှတ်သားမူတွေ ၊ ထပ်တူညီမူတွေ အားလုံးကလည်း..ဝီဗာကပဲ ဖန်တီးထားခဲ့တာပါ..။ဒါက လူသားတွေ အားလုံး သိထားကြတဲ့ မှော်စွမ်းအားဖြစ်ပြီး..အများစုက မှော်စွမ်းအား ဆိုတာ ဒီတစ်မျိုးတည်း ရှိတယ်လို့ ယုံကြည်ထားကြပါတယ်..။
သို့ပေမယ့် ..ဆန်နီကတော့…မှော်စွမ်းအား အမမျိုးအစား ဆိုတာ အခိုက်အတန့် တစ်ခုတည်း ရှိနေတာ မဟုတ်ဘူး ဆိုတာကို သိထားပြီးပါပြီ..။ပြီးတော့..မှော်စွမ်းအားကို ဖန်တီးတဲ့ နည်းလမ်းတွေကလည်း မှော်စွမ်းအား လှိုင်းနဲ့ ရက်လုပ်မူ အပြင် တစ်ခြားနည်းလမ်းတွေလည်း ရှိနေပါသေးတယ်..။
ဒီအတွက် သူ ပထမဆုံး မြင်တွေ့ဖူးတဲ့ အရာကတော့..သူတော်စင်ရဲ့ ထပ်တူညီမူပါပဲ..။ဒီ ထပ်တူညီမူမှာတုန်းက..သာမန် နူးညံ့နဲ့ ကြိုးမျှင်လေးတွေ အပြင်..ရှေးကျတဲ့ ရက်လုပ်မူ လှိုင်းတွေ ဖုံးကွယ်နေခဲ့တာကို သူ မြင်တွေ့ခဲ့ရတာပါ..။နောက်ဆုံးမှာတော့.ဒီအရာနဲ့ တူညီတဲ့ ရက်လုပ်မူတွေကို..အနက်ရောင်တာဝါရဲ့ နံရံတွေမှာ သူ တွေ့ခဲ့ရတယ်..။
ဒီလို မှော်စွမ်းအားမျိုးက..ဝီဗာရဲ့ အငယ်ဆုံး ဝမ်းကွဲညီလေး ဖြစ်တဲ့ မြေအောက်ကမ္ဘာရဲ့ မင်းသား..ပိုင်ဆိုင်ထားတဲ့ မှော်စွမ်းအားပါ..။သူတို့နှစ်ယောက် က အတော်လေး ဆင်တူနေတာကိုတော့..သတိထားမိဖို့ လွယ်ကူပေမယ့်..ဘယ်ဒဲလ်မွန် က..ကျန်တဲ့ တစ်ယောက်ဆီက ပုံတူကူးထားခဲ့တာလဲ ဆိုတာတော့ ဆန်နီ သေချာမသိပါဘူး..။ဝီဗာကပဲ..သူ့ညီလေးရဲ့ တီထွင်မူကို ပြီးပြည့်စုံအောင် လုပ်ထားတာလား ဒါမှမဟုတ်..အမည်အသိ ရဲ့ သားတော်ကပဲ..အစ်ကိုဖြစ်သူ ရဲ့ တည်ထွင်မူကို အခြေခံပြီး ပြုလုပ်ထားတာလား မသိတော့ပေ..။
ဒီ မှော်စွမ်းအား နှစ်ခုကို လေ့လာကြည့်ရင်တော့..သူတို့အားလုံးက ရက်လုပ်မူ အမျိုးးအစားနဲ့ ဆက်နွယ်နေကြတယ် ဆိုတာကို ခန့်မှန်းရ လွယ်ကူပါတယ်..။သို့ပေမယ့်..ဒီ အဖြေထုတ်မူက..မှားယွင်းနေခဲ့တယ်..။ဆန်နီ အနေနဲ့ ဒီအရာကို တတိယ မှော်စွမ်းအားကို တွေ့ပြီးမှ သိရှိသွားခဲ့တာပါ..။
နေနတ်ဘုရားရဲ့ ဆန်းကျယ်တဲ့ ဖန်တီးမူ..။နိုတစ် မြင့်မြတ်နယ်မြေရဲ့ အဖြူရောင် ယဇ်ပုလ္လင်ကနေ သူ ယူဆောင်ခဲ့တဲ့ မီးတောင်ကျောက်ဓား..။ဒါက အခုတော့..တပ်မက်ခြင်း သေတ္တာရဲ့ အောက်ဘက်မှာ အောက်နေခဲ့ပါပြီ..။
အနက်ရောင်ဓားရဲ့ မျက်နှာပြင်အောက်မှာ ရက်လုပ်မူ လှိုင်းတွေ တစ်ခုမှ ရှိမနေခဲ့ပါဘူး..။အဲဒီအစား ဒီအရာက.အဆုံးမရှိတဲ့ ဝိဉာဉ်အဆီအနှစ်တွေ ဝန်းရံထားသလိုမျိုး.မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေသာ ထွက်ပေါ်နေခဲ့တယ်..။သူ့ရဲ့ အလင်းရောင်တေွ အလယ်မှာတော့..တစ်ခုတည်းသော ကံတရား ကြိုးလေးကို အဆုံးမရှိတဲ့ အဝိုင်းပုံသဏ္ဍာန် ထည့်သွင်းထားခဲ့ပါတယ်..။
ဒီ ဆန်းကျယ်မူကို မှော်စွမ်းအားလို့ ခေါ်နိုင်တယ်ဆိုရင် ဒါက နေနတ်ဘုရားရဲ့ မှော်စွမ်းအားပါ..။ဘာပဲဖြစ်ဖြစ် ..မီးတောင်ကျောက်ဓားနဲ့..ဆိုဗန်ကို သတ်ပြီး ရရှိလာခဲ့တဲ့ ဓား တွေကို ကြည့်ရင် ဒီအရာတွေက မှော်စွမ်းအား ရက်လုပ်မူနဲ့ ပတ်သက်နေခြင်း မရှိဘူး ဆိုတာကို သိရှိနိုင်ပါတယ်..။ရက်လုပ်မူ ဆိုတာက..ဝီဗာ နဲ့ သူ့ရဲ့ ညီလေး တို့ရဲ့ သီးသန့် ပြိုင်ဖက်ကင်း နည်းလမ်းတစ်ခုပါပဲ..။
ဒီတော့..မျှော်လင့်ချက် ရဲ့ စွမ်းအားကလည်း ပြိုင်ဖက်ကင်းနေလောက်မှာပါ..။
သံလှောင်အိမ်ထဲမှာ ပိတ်မိနေရင်း..ဆန်နီ မျက်မှောင်ကျုတ်လိုက်တယ်..။ဒီလို တစ်စုံတစ်ခုနဲ့ တူညီတဲ့ အရာတွေကို သူက ဘယ်လိုပုံစံမျိုးနဲ့ ဒီနေရာမှာ လိုက်ရှာရမှာလဲ..။
ဒီအရာကို တွေးကြည့်လိုက်တဲ့အချိန်မှာတော့..သူ တွေ့ရှိခဲ့တဲ့ နောက်ထပ် မှော်စွမ်းအား အမျိုးအစား တစ်ခု ရှိနေပါသေးတယ်..။ဒါမှမဟုတ် မတူညီတဲ့ အရာတွေ အားလုံးကို..တူညီတဲ့ နည်းလမ်းတဲ့ ပေါင်းစည်းထားတဲ့ ဖန်တီးမူ အမျိုးအစား…။
ရူးနစ်..မှော်စွမ်းအင်..။
ဒီအရာကို သူ ပထမဆုံးတွေ့ခဲ့တာကတော့..အနက်ရောင် မြို့တော်မှာရှိတဲ့ ဘုရားကျောင်းရဲ့အောက်ဘက် မြေအောက် အကျဉ်းထောင်မှာပါ..။အဲဒီနေရာမှာတော့..ဝီဗာ မျက်နှာဖုံးနဲ့လူကို..သံခြေကျင်းတွေနဲ့အတူ အဝိုင်းပုံစံတစ်ခုထဲမှာ ထည့်ထားခဲ့ပါတယ်..။အဝိုင်းပုံစံက..ကြမ်းပြင်မှာ ထွင်းထုထားခဲ့တာဖြစ်ပြီး..ဆန်နီတောင် မမှတ်မိနိုင်လောက်တဲ့ သကေ်တတွေ အများကြီးနဲ့ ဖုံးလွှမ်းနေခဲ့တယ်..။
ကြက်သွေးရောင် ထိပ်ဖျားအတွင်းမှာ ရှိနေတဲ့..ထွက်ပေါက်ကလည်း..အဝိုင်းပုံစံ ရူးနစ် တွေနဲ့ ဝန်းရံထားခဲ့တာပါ..။အနက်ရောင် တာဝါရဲ့နောက်ဆုံးအထပ်..ဆင်စွယ်ရောင် တာဝါနဲ့ ဆက်သွယ်ပေးထားတဲ့ ပေါင်းကူး ပေါ်တယ် ကလည်း..ဒီလိုအရာတွေနဲ့ ဝန်းရံထားခဲ့တယ်..။
ရူးနစ် မှော်စွမ်းအားတွေကို သူနောက်ထပ် တွေ့ခဲ့ရတဲ့နေရာကတော့ ညဘုရားကျောင်းပါ..။အဲဒီမှာတော့..ဗာလာကလန်ရဲ့တစ်စုံတစ်ယောက် ရေးထိုးထားခဲ့တာ ဒါမှမဟုတ်် သူတို့က ရှာဖွေတွေ့ရှိပြီး ပြန်လည် အသုံးချထားခဲ့တာ ဖြစ်နိုင်ပါတယ်..။
ဒီတော့ အခြေခံအားဖြင့်..သူက..မှော်စွမ်းအာတွေကို ဖန်တီးတဲ့ အမျိုးအစားတွေကို အကြမ်းသဘောမျိုး ရင်းနှီးထားခဲ့ပြီးသားပါ..။တစ်ခုက အခိုက်အတန့်ရက်လုပ်မူ ဖြစ်ပြီး..မြေအောက်ကမ္ဘာရဲ့ မင်းသား အသုံးပြုတဲ့ နည်းလမ်းနဲ့ တူညီပါပဲ..။နောက်ထပ်တစ်ခုက..နေနတ်ဘုရားရဲ့ ဆန်းကျယ်မူဖြစ်ပြီး..သူတောင်မှ နားမလည်နိုင်သေးပါဘူး..။
ပြီးတော့ နောက်ဆုံးတစ်ခုက..ရူးနစ် တွေဖြစ်ပြီး..အများစုကတော့..လူသားတွေပဲ အသုံးပြုကြတာပါ..။မျှော်လင့်ချက် နိုင်ငံတော်နဲ့ မေ့ပျောက်ကုန်းမြေမှာ..ရူးနစ်တွေကို အသုံးများကြပါတယ်..။
‘ဟင်..’
သို့ပေမယ့် ကွဲလွဲမူအချို့က ရှိနေခဲ့သေးတယ်..။
‘အနက်ရောင်တာဝါရဲ့ပေါ်တယ်က..ရှေးဦး မှော်စွမ်းအား ရက်လုပ်မူ တွေနဲ့အသုံးပြုရမယ့် အစား..ဘာလို့ ရူးနစ် မှော်စွမ်းအားတွေကို အသုံးပြုထားရတာလဲ..။အဲဒီမှာ ရှိတဲ့ အရာရာတိုင်းကိုပေါ့..’
မြေအောက်ကမ္ဘာရဲ့ မင်းသားဟာ..မျှော်လင့်ချက်က သူမရဲ့ နိုင်ငံတော်ကို တည်ဆောက်ပြီး အတော်ကြာပြီးမှ အောက်ဘက်ကောင်းကင်မှာ..တာဝါကို တည်ဆောက်ခဲ့တာပါ..။အမှန်တော့ သူက ဒီအရာကို သူ့အမတော် အကျဉ်းကျသွားတဲ့ အချိန်ကြမှ တည်ဆောက်ခဲ့တာ ဆိုရင် ပိုမှန်ပါလိမ့်မယ်..။သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူ့အမရဲ့ နယ်မြေကို ဖျက်ဆီးသွားခဲ့တဲ့ ကောင်းကင်မီးတောက်တွေ အားလုံးကို ရိတ်သိမ်းပစ်ဖို့ပါ..။ဒီတော့ သူ့အနေနဲ့ နဂိုရှိနေပြီးသား ပေါ်တယ် တွေနဲ့ အလားသဏ္ဍာန် တူတဲ့ ပေါ်တယ်မျိုးကို တည်ဆောက်ခဲ့တယ် ဆိုတာက အဓိပ္ပာယ်ရှိပါတယ်..။
ဒီတော့..မျှောင်လင့်ချက်က ရူးနစ် မှော်စွမ်းအားတွေရဲ့ အရင်းအမြစ် ဖြစ်နေခဲ့တာလား.။ဒါမှမဟုတ် အနည်းဆုံးတော့..ဒီအရာကို အသုံးပြုသူ တစ်ယောက်လား..။
ဆန်နီဟာ..ပင်းပန်းနွမ်းနယ်စွာ သက်ပြင်းချလိုက်ပြီး..မျက်လုံးတွေကို ပိတ်ထားလိုက်တယ်..။
အနည်းဆုံးတော့ သူ ခနလောက် အိပ်ဖို့ လိုအပ်ပါသေးတယ်..။ဒါမှ သူ့ရဲ့ ခန္တာကိုယ်နဲ့ စိတ်က..မနက်ဖြန်တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေမှာပါ..။
အထူးသဖြင့်..အခုတော့ သူက အသက်ရှင်သန်ဖို့ ကြိုးစားနေရုံသာ မကတော့ပဲ..တိုက်ပွဲကွင်းပြင်တစ်ခုလုံးမှာ..ဖုံးကွယ်ထားတဲ့ ရူးစ် တွေ ရှိနေလား ဆိုတာကိုပါ..ရှာဖွေရပါတော့မယ်..။
အပိုင်း ( ၆၁၃ ) ပြီး၏။