← Chapters

မျှော်လင့်ချက် ရဲ့ ပန်းချီကား..

Vol. 41 Ch. 614

မျှော်လင့်ချက် ရဲ့ ပန်းချီကား..

Vol. 41 Ch. 614

နေ့ရက်အသစ်က..နာကျင်မူ ၊ ခက်ခဲမူ နဲ့ စိတ်ပျက်မူ အသစ်တွေကို ဆောင်ကျဉ်းလာခဲ့တယ်..။

ဆန်နီနဲ့ အယ်ယက် တို့ဟာ..နောက်တစ်ကြိမ် တိုက်ပွဲကွင်းပြင်ဆီကို ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်..။ဒီတစ်ကြိမ်မှာလည်း..တက်ရောက်မူအဆင့် စစ်ဘီလူးတစ်ယောက်က..သူတို့ရဲ့ လည်ပတ်က သံကြိုးတွေကနေ တဆင့် လမ်းပြပြီး ခေါ်ဆောင်သွားခဲ့တာပါ..။ဆန်နီဟာ..ရှေ့ကိုလျောက်နေပေမယ့်သူ့ရဲ့ အကြည့်တွေကတော့ လူကြီးရဲ့နောက်ကျောဘက်ကိုသာ စိုက်ကြည့်နေခဲ့တယ်..။

ဒီ ထောင်စောင့်ရဲ့ အရပ်က လူသားတစ်ယောက် အနေနဲ့ အတော်လေးကို မြင့်မားပါတယ်..။သူက လက်ရှိဆန်နီ ပိုင်ဆိုင်ထားတဲ့ အရိပ် နတ်မိစ္ဆာ ခန္တာကိုယ်ထက်တောင်မှ ပိုရှည်နေခဲ့သေးတယ်..။သူ့ရဲ့ ပုံရိပ်က အတော်လေးကို အားကောင်းပြီး..ကြံ့ခိုင်သန်မာတဲ့ ခွန်အားတွေက သူ့ရဲ့ ကိုယ်ကနေ ထွက်ပေါ်နေခဲ့တယ်..။စစ်ပွဲရဲ့ တမန်တော်ဟာ..စုတ်ပြတ်နေတဲ့..လည်သာ အကာအကွယ်နဲ့..ညစ်ပတ်နေတဲ့ ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားခဲ့တယ်..။သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကိုတော့..ခေါင်းစွပ်တစ်ခုနဲ့ ဖုံးအုပ်ထားခဲ့ပါတယ်..။

ဒီရက်သတ္တပတ်တွေ အတွင်းမှာ ဆန်နီက သူ့မျက်နှာ ဒါမှမဟုတ် သူစကားပြောတာကို တစ်ခါမှ မမြင် မကြားခဲ့ဖူးပါဘူး..။

တက်ရောက်မူအဆင့် စစ်သည်တော်ရဲ့နောက်ကျောမှာရှိနေတဲ့ ကြီမားတဲ့ ဓားကြီးကလည်း..ထူးခြားပုံပေါ်နေခဲ့တယ်..။ဒါက အားကောင်းတဲ့ မှော်စွမ်းအားတွေနဲ့ တိုးမြင့်ပေးထားတယ် ဆိုတာ ကျိန်းသေပါတယ်..။အခုချိန်မှာ ဆန်နီရဲ့ အတွေးတွေက မှော်စွမ်းအားတွေရဲ့ သဘာဝ ဘက်ကို ပြောင်းလဲထားခဲ့ပြီး ဖြစ်တာကြောင့်..သူက လက်နက်ကြီးရဲ့ အစွန်းတွေမှာ ဝန်းရံထားတဲ့..ရူးစ် စာသားတွေကို လေ့လာကြည့်လိုက်ပါတယ်..။

‘နောက်တစ်ကြိမ် ရူးနစ် မှော်ပညာပဲလား..’

ဒါက အဓိပ္ပာယ်ရှိတယ်…ရှေးခေတ်လူတွေက တစ်ခြားဘယ်နည်းလမ်းနဲ့ လက်နက်တွေကို တိုးမြင့်နိုင်ကြဦးမှာလဲ..။သူတို့က မှတ်သားမူ တွေ နဲ့ အခိုက်အတန့် ရဲ့ စွမ်းအားတွေကို မှီခိုနိုင်ကြတာ မဟုတ်ကြပါဘူး..။ဒါက..မှော်စွမ်းအင် လက်နက်တွေဟာ..နိုးထခြင်း ကမ္ဘာထက်..မျှော်လင့်ခြင်း နိုင်ငံတော်မှာ ပိုပြီး ရှားပါးတယ်လို့ ဆိုလိုတာပါ..။တိုက်ပွဲကွင်းပြင်မှာ ဆန်နီ တိုက်ခိုက်ခဲ့ရတဲ့ နိုးထသူ အများစုကလည်း..သာမန်လက်နက်တွေ ဒါမှမဟုတ် အားနည်းတဲ့ မှော်လက်နက်တွေကိုသာ ကိုင်ဆောင်ထားခဲ့ကြပါတယ်..။

ဒါက..ဒီခေတ်ကာလရဲ့ သဘောသဘာဝလား..ဒါမှမဟုတ်..မျှော်လင့်ချက် နိုင်ငံတော်မှာ ကြွင်းကျန်ရစ်တဲ့ ဆုတ်ယုတ်မူတွေလား ဆိုတာကို ဆန်နီ မသိပေမယ့်..သူအသုံးပြုခဲ့ဖူးတဲ့ လက်နက်တွေနဲ့စာရင်တော့ အကွာကြီးပါပဲ..။ဒီမှာ ရှိနေတဲ့ အရာရာတိုင်းက ပြောင်းလဲနေခဲ့ပြီး..ပြိုကျပျက်ဆီးလုနီးပါး ဖြစ်နေပြီလို့ ထင်နေခဲ့ရပါတယ်..။

နယ်မြေတစ်ခုလုံးက..ဆုတ်ယုတ်နေခဲ့တယ် ဆိုတာ သိသာပါတယ်..။

…ကြီးမြတ်တဲ့ ဓားကြီးပေါ်က ရူးစ် တွေကို လေ့လာနေတုန်းမှာပဲ..သူက ဒီဓားမှာ နောက်ထပ် ထူးခြားမူ အသစ်တွေ ရှိနေတယ်ဆိုတာကို သတိထားလိုက်မိတယ်..။လူကြီးရဲ့ လည်သာ အကာအကွယ်မှာ အရင်ကထက် ပိုများပြားတဲ့ ခြစ်ရာတွေ ရှိနေခဲ့ပါတယ်..။

ကြည့်ရတာတော့ တက်ရောက်သူ ကိုယ်တိုင်ကလည်း..တိုက်ပွဲကွင်းပြင်ရဲ့ တိုက်ပွဲတွေမှာ ပါဝင်နေခဲ့တဲ့ ပုံပါပဲ..။

‘နောက်ဆုံးမှာ ငါလည်း ဒီမွန်းစတားနဲ့ တိုက်ခိုက်ရမယ်လို့ ထင်တာပဲ..’

နောက်ဆုံးမှာတော့ သံကြေးတက်နေတဲ့ ဂိတ်ပေါက်က သူတို့ရဲ့ ရှေ့မှာ ပေါ်လာခဲ့တယ်။သံတိုင်တွေကြားထဲမှာတော့ မျက်စိကျိန်းလောက်တဲ့ အလင်းရောင်တွေက ဝင်ရောက်နေခဲ့ပါတယ်..။လူအုပ်ကြီးရဲ့ ဆူညံနေတဲ့ အသံတွေကလည်း နံရံတွေကြားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်..။ဒါက ကျိန်စာသင့်နေတဲ့ သားရဲအုပ်ကြီးက သူ့ကို လွှမ်းမိုးသွားသလိုပါပဲ..။

ဂိတ်ပေါက်ပွင့်သွားတဲ့ အချိန်မှာတော့..သူတို့ရဲ့ လည်ပတ်တွေဟာလည်း မရှိတော့ပါဘူး..။ဆန်နီ နဲ့ အယ်ယက် တို့ဟာ..ပထမဆုံးကွင်းပြင်ကို ဝင်လိုက်ပြီး..သူတို့ရဲံ ပြိုင်ဖက်ကို ကြည့်လိုက်တယ်..။

ငယ်ရွယ်တဲ့ နိုးထသူဟာ..သူ့ရဲ့ လက်နက်ကို ဝေ့ယမ်းလိုက်ပြီး..အားနည်းတဲ့ အပြုံးတစ်ခုကို ဖန်တီးလိုက်တယ်..။

‘ကံတရား..ကံတရားက ဒီနေ့တော့ ငါတို့ဘက်မှာ ရှိနေတယ် ထင်တယ်..။နတ်မိစ္ဆာ..ဒီသားရဲတွေကို မြေတွင်းသားရဲ‌ တွေလို့ ခေါ်တယ်..။ဒီလိုမာကျောတဲ့ ကျောက်တုံးတွေပေါ်တော့ သူတို့ရဲ့ အားသာချက်ဆိုတာ မရှိတော့ဘူး..။ဒီတော့..သူတို့က မင်းကိုသာ ဝါးမမြိုသွားစေနဲ့..’

ဆန်နီနှာခေါင်းရှုတ်လိုက်ပြီး..အော်ဟစ်ကာ ရှေ့ကို တက်သွားလိုက်ပါတယ်..။

…ခက်ခဲမယ်..။ဒီနေ့က တကယ်ကို ခက်ခဲတော့မယ်..။

ဆန်နီဟာ..သူ့ရဲ့ မတည်ငြိမ်တဲ့ စိတ်တွေကို ခြိမ်းခြောက်နိုင်တယ် ဆိုပေမယ့်လည်း အိပ်မက်ဆိုးသားရဲတွေရဲ့ ဝိဉာဉ်တွေကို ထိုးဖောက်ကြည့်နိုင်ဖို့ အတွက် အရိပ် ကခုန်မူကို အသုံးပြုခဲ့ရပါတယ်..။သူက တိုက်ခိုက်မူကို အာရုံစိုက်ထားသလို..ရှေးဟောင်း တိုက်ပွဲပြဇာတ်ရုံကြီးကိုလည်း..ကြည့်နေခဲ့တယ်..။သူက မျှော်လင့်ချက်ရဲ့ စွမ်းအားနဲ့ပတ်သက်ပြီးတစ်ခုခုကို တွေ့ရနိုင်မလားလို့ မျှော်လင့်နေခဲ့တာပါ..။

ဒါက သူနဲ့ သူတော်စင်တို့ပထမဆုံးအကြိမ် လေ့ကျင့်ကြသလိုပါပဲ..။သူ့ရဲ့ အရိပ်က သူတော်စင်ရဲ့ ကခုနမူ လျို့ဝှက်ချက်ကို သိရှိဖို့အတွက် အမြဲတမ်းစောင့်ကြည့်နေခဲ့ရတာပါ..။ပြသနာကတော့..အရင်တုန်းကဆိုရင် သူက သူတော်စင်ရဲ့ ရိုက်နှက်ခြင်းကို သေလောက်အောင် ခံခဲ့ရပါတယ်..။

အခုတော့..သူက သူ့ကိုယ်သူ ထိခိုက်ခံလို့ မဖြစ်ပေ..။

သူက မြေကျင်းသားရဲတွေရဲ့ အပေါ်ကို ဆင်းသက်လိုက်ပြီး..အရှင်လတ်လတ် ဝါးမြိုခြင်း မခံရပဲ သတ်ဖြတ်နိုင်ဖို့ ကြိုးစားလိုက်တယ်..။

…ပထမအကြိမ် တိုက်ခိုက်မူက..အလျင်အမြန်ပဲ ပြီးဆုံးသွားခဲ့ကာ..၊ ဒုတိယအကြိမ် တိုက်ခိုက်မူ ..ပြီးတော့ တတိယ နဲ့ စတုတ္ထအကြိမ် တိုက်ခိုက်မူတွေ ရောက်လာခဲ့တယ်..။

ဆန်နီက ရွံစရာကောင်းတဲ့ မြေကျင်းသားရဲတွေကို သတ်ဖြတ်နိုင်ခဲ့ပါတယ်..။ပြီးတာနဲ့ လမ်းလျောက်နေတဲ့ အရိုးစုလို သတ္တဝါကြီးနဲ့လည်း တိုက်ခိုက်ခဲ့ရတယ်..။ပြီးတော့ တိုက်ပွဲကွင်းပြင်မှာ ကောဇောတစ်ခုလို ဖြစ်နေတဲ့ ပုရွတ်ဆိတ်သားရဲ အုပ်ကြီးနဲ့လည်း တိုက်ခိုက်ခဲ့ရပါသေးတယ်..။ပြီးတော့..ထက်ရှတဲ့သံမဏိ လက်ချောင်းတွေပါဝင်တဲ့ တောင်ကုန်းတစ်ခုလိုသတ္တဝါနဲ့ တိုက်ခိုက်ခဲ့ရတယ်..။

သူ့ရဲ့ ခန္တာကိုယ်က စုတ်ပြတ်နေအောင်၊ လှီးဖြတ်..ထိခိုက် ခံထားခဲ့ရပါတယ်..။အယ်ယက် က ဆိုးဝါးတဲ့ ဒဏ်ရာအများးစုကို ပြန်လည် ကုသပေးခဲ့တယ် ဆိုပေမယ့်..တစ်ချို့ကတော့ ကျန်နေဆဲပါပဲ..။ဒီအရာတွေကတော့..တန်ဖိုးရှိတဲ့ ဝိဉာဉ်အဆီအနှစ်ကို အသုံးပြုဖို့ မထိုက်တန်ခဲ့ကြပေ..။

ဆန်နီကတော့ နောက်တစ်ကြိမ် ဆိုသလိုပဲ..နာကျင်မူ ၊ ဒေါသ နဲ့ စိတ်ပျက်မူ တွေရဲ့ လွှမ်းမိုးခြင်းကို ခံနေခဲ့ရတယ်..။ရှင်သန်ဖို့အတွက် တိုက်ခိုက်ရမယ် ဆိုတဲ့ အချက်ကိုရောပါပဲ..။အရာအားလုံးက ပျောက်ကွယ်သွားတဲ့ အချိန်မှာ ကျန်ရှိနေတဲ့ အရာကတော့..တိုက်ပွဲ ၊ သွေး နဲ့ သတ်ဖြတ်မူတွေပါပဲ..။

ပြီးတော့ ကြောက်ရွံ့မူ ..။

…သို့ပေမယ့် ဒီနေ့မှာတော့ အဲလောက်နဲ့ မလုံလောက်ခဲ့ပေ..။

သူက တိုက်ပွဲတွေကို တိုက်ခိုက်နေတဲ့ အပြင်..အနီရောင် တိုက်ပွဲကွင်းပြင်ရဲ့ ထောင့်တိုင်းမှာရှိတဲ့ ရူးနစ် တွေကိုလည်း တစ်ပြိုင်နက်တည်း ရှာဖွေနေခဲ့ရပါသေးတယ်..။ဒါက တိုက်ပွဲကြမ်းပြင်တွေ ၊ နံရံတွေ နဲ့ ပွဲကြည့်စင်တွေ အစုံပါပဲ..။

သို့ပေမယ့်..သူမြင်တွေ့တာ ဆိုလို့ စစ်ပွဲနတ်ဘုရားရဲ့ ရုပ်ထု..၊ ပွဲကြည့်သူတွေရဲံ ပျော်ရွှင်နေကြတဲ့ မျက်နှာတွေ နဲ့ ရှေးဟောင်းကျောက်တုံးတွေရဲ့ မျက်နှာပြင်တွေပါပဲ..။ဒီနေရာမှာု..ထွင်းထုထားတဲ့ အရာမျိုး တစ်ခုမှ ရှိမနေခဲ့ပေ..။

‘ဘယ်ကိုရောက်နေတာလဲ။..ဘယ်မှာလဲ..’

ငါးကြိမ်မြောက်တိုက်ပွဲကတော့..သူ့ရဲ့ အသက်ကို ပေးဆပ်ရတော့မလိုတောင် ဖြစ်သွားခဲ့တယ်..။ရင်းနှီးပြီးသွား ရန်သူတစ်ဦးဖြစ်တဲ့ ကပ်ပါးကောင် သားရဲနဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ ဆန်နီက ဟန်ချက်ပျက်ပြီး ယိုင်သွားခဲ့ပါတယ်..။

ရုတ်တရက် ရှေ့ကိုတက်လာပြီးသားရဲရဲ့ အာရုံစိုက်မူကို ဆွဲဆောင်ပေးခဲ့တဲ့ အယ်ယက်ကြောင့်သာ မဟုတ်ရင်..သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရတာ ဒါမှမဟုတ် အသက်ဆုံး ရှုံးနေပြီးလောက်ပါပြီ..။

ဒီလို သားရဲနဲ့ ပထမဆုံး အကြိမ်တိုက်ခိုက်တုန်းက..ဆန်နီဟာ..ရက်စက်သောမြင်ကွင်းနဲ့ ဝိဉာဉ်တိုက်ခိုက်မူတွေ ဆက်တိုက် ဖန်တီးပြီး တိုက်ခိုက်ခဲ့တာပါ..။သို့ပေမယ့် ဒီနေ့မှာတော့ သူ့ကို ကူညီဖို့အတွက် အားကောင်းတဲ့ လက်နက်တစ်ခု ရှိမနေခဲ့ပေ..။သူ့မှာ လည်သည်းတွေ ၊ သွားတွေ နဲ့ ဦးချိုတွေပဲ ရှိနေခဲ့ပါတယ်..။

အဆုံးမှာတော့..ဆန်နီဟာ..ဒီသားရဲကြီးကို အပိုင်းပိုင်း ဖြတ်တောက်ဖို့ လိုအပ်ခဲ့ပါတယ်..။သူ့ရဲ့ ခန္တာကိုယ် လုံးဝပျက်စီးသွားတဲ့ အချိန်မှသာ..အသွေးအသား အသစ်တွေ ပြန်လည်ဖြစ်ပေါ်လာတာ ၊ ဒဏ်ရာတွေ ပြန်ကောင်းလာတာ ရပ်တန့်သွားပြီး နောက်ဆုံးမှာ သေဆုံးသွားခဲ့ပါတယ်..။

ဆန်နီ မောပန်းစွာနဲ့ ဒူးထောက်လျက်သား လဲကျသွားခဲ့ပြီး အသက်ကို ကြမ်းတမ်းစွာ ရူနေခဲ့တယ်..။ပြီးတာနဲ့ သူ့ရဲ့နာမည်ကို ဟစ်ကျွေးနေကြတဲ့ ပရိတ်သတ်တွေဘက်ကို မုန်းတီးစွာ ကြည့်လိုက်ပါတယ်..။နောက်ဆုံးမှာတော့ သူက ခေါင်းကိုငုံ့လိုက်ပြီး..သူ့ရဲ့ အသက်ကို ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့တဲ့ အနီရောင် ကျောက်တုံး မြောင်းကြီးကို ကြည့်လိုက်တယ်..။

သွေးတွေများလာတဲ့ အချိန်မှာ အပြင်ဘက်ကို စီးဆင်းသွားဖို့အတွက် ကြမ်းပြင်ကို ထွင်းထုပြီး ဖန်တီးထားတဲ့ မြောင်းတွေက..တစ်ခြား တိုက်ပွဲနေရာတွေမှာလည်း ရှိပါတယ်..။ပုံမှန်အားဖြင့် သူက..ဒီအရာတွေကို နင်းမိတာကနေ ရှောင်ရှားနိုင်ပေမယ့် ဒီနေ့မှာတော့..သူ့ရဲ့ စိုတ်က တိုက်ပွဲ နဲ့ တိုက်ပွဲကွင်းပြင် နှစ်ခုကို ခွဲခြားထားရတာကြောင့်..ဆန်နီ သတိထားမိဖို့ ကျရှုံးခဲ့ပါတယ်..။

‘ချီးတဲ့မှပဲ…တိုက်ပွဲကွင်းပြင်ကို ဘာလို့ အပြားအတိုင်းပဲ မလုပ်ထားတာလဲ..’

ကောင်းပြီလေ အဖြေကတော့ သိသာလှပါတယ်..။ဒီ သွေးတွေ အားလုံးက တစ်နေရာကို သွားဖို့ လိုအပ်ပြီး..ဒီ မြောင်းတွေကြောင့်သာ မဟုတ်ဘူးဆိုရင်..တိုက်ပွဲကွင်းပြင်တစ်ခုလုံးက..ကြီးမားတဲ့ သွေးကန်ကြီးတစ်ခု အဖြစ် ပြောင်းလဲသွားပါလိမ့်မယ်..။

သူ မျက်မှောင်ကျုတ်လိုက်တယ်..။

‘ခနလေး..ဒါက အဓိပ္ပာယ်တော့ မရှိဘူးနော်..’

ဆန်နီ တွေဝေနေတုန်းမှာပဲ..ခြောက်ခုမြောက် ကွင်းပြင်ဆီကို သွားမယ့် တံခါးပေါက်က ပွင့်နေပြီဆိုတာကို သတိထားမိလိုက်ပါတယ်..။

ဒီတူးမြောင်းတွေကလည်း..အနီရောင် တိုက်ပွဲနေရာကြီးလောက်ကို ရှေးကျနေခဲ့တာကြောင့်..ဆိုလိုတာက..ဒီမြောင်းတွေဟာ..စစ်ဘီလူးတွေ ဒီနေရာကို လေ့ကျင့်ရေးနေရာ အဖြစ်အသုံးမပြုခင် အချိန်ကတည်းက ရှိနေခဲ့တယ်လို့ ပြောနိုင်ပါတယ်..။အနီရောင် တိုက်ပွဲကွင်းပြင်လို့ နေရာ မပေးရသေးခင် အချိန်ကတည်းက ရှိနေတာတောင် ဖြစ်နိုင်ပါတယ်..။

ဆိုလိုတာကတော့..ဒီ တူးမြောင်းတွေဟာ..အဖြူရောင် ကျောက်တုံးအဖြစ်ကနေသာ ထုလုပ်ထားခဲ့တာ ဖြစ်ပြီး အဲ့အချိန်တုန်းက..အခုလိုမျိုး သွေးတွေ စွန်းထင်းနေဦးမှာ မဟုတ်ပါဘူး..။

ဒီတော့..သွေးတွေကို..ဖယ်ရှားပေးမယ့် လမ်းကြောင်းတွေ အဖြစ် အသုံးပြုဖို့ ဆိုတာက သူတို့ရဲ့ ရည်ရွယ်ချက် ဖြစ်နိုင်ပါတယ်..။

ဆန်နီရဲ့ အလင်း မရှိတဲ့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့တယ်..။ရုတ်တရက် ဆိုသလိုပဲ..သူ့ရဲ့ အမှားကို သဘောပေါက်လိုက်မိပါတယ်..။

ဒီတစ်ချိန်လုံးမှာ..သူက မှော်စွမ်းအား ရူးစ်တွေကို ရှာဖွေနေခဲ့ပြီး..သူတို့ကို သူ အရင်က တွေ့ဖူးခဲ့တဲ့ ပုံစံအတိုင်း ရှိမယ်လို့ပဲ ထင်မှတ်ထားခဲ့တာပါ..။ဒီအရာက ရှုပ်ထွေးပြီး သေးငယ်များပြားတဲ့ ပုံသဏ္ဍာန် လို့ပဲ သူက ထင်မှတ်နေခဲ့တယ်..။ပြီးတော့ ဒါတောင်မှ သူက ဘာကိုမှ မတွေ့နိုင်ခဲ့ပါဘူး..။

သို့ပေမယ့် အမှန်တကယ်တော့..ရူးစ်တွေက..တစ်ချိန်လုံး သူတို့ရဲ့ ရှေ့မှာပဲ ရှိနေခဲ့တာပါ..။ဒါမှမဟုတ် သူတို့ရဲ့ ခြေထောက်အောက်မှာပေါ့..။

ဒီအရာတွေက အရမ်းကို သေးငယ်လွန်းတာကြောင့်..သူတို့ကို သတိထားမိဖို့ ဆိုတာက မလွယ်ကူနိုင်ပါဘူး..။ဒါက ကျယ်ပြန့်တဲ့ ပန်းချီကားကြီး တစ်ချပ်ပေါ်ကို ပုရွတ်ဆိတ်တစ်ကောင်က..ဖြတ်သွားနေသလိုပဲ မြင်တွေ့ရဖို့ ခက်ခဲနေပါတယ်..။

တိုက်ပွဲကွင်းပြင်အတွင်းမှာ..ရူးစ်တွေနဲ့ ပြုလုပ်ထားတဲ့ ရှုပ်ထွေးတဲ့ အဝိုင်းပုံသဏ္ဍာန် တွေက ရှိမနေခဲ့ကြပါဘူး..။အဲဒီအစား..ဒီ ရှေးဟောင်း တိုက်ပွဲကွင်းပြင် ကိုယ်တိုင်ကပဲ..ရူးနစ် စက်ဝိုင်းကြီး တစ်ခုပါ..။မျှော်လင့်ချက်က သူမရဲ့ မှော်စွမ်းအားတွေကို ဖန်တီးဖို့ အတွက် အသုံးပြုခဲ့တဲ့..ပန်ချီးကားကြီး တစ်ခု..။

…သူက အဲ့အပေါ်မှာ မတ်တတ်ရပ်နေခဲ့တာပါ..။

အပိုင်း ( ၆၁၄ ) ပြီး၏။

All Chapters