ရှေးဟောင်း ရူးစ်များ..
Vol. 41 Ch. 615
မျှော်လင့်ချက် အသုံးပြုခဲ့တဲ့ ရူးစ်တွေက..သေးငယ် ရှုပ်ထွေးပြီး သေချာပုံဖော်ထားတာ မျိုး မဟုတ်ခဲ့ပါဘူး..။အဲဒီအစား သူတို့က အတော်လေးကို ကြီးမားပြီး..သွေးတွေစွန်းပေကာ ကျယ်ပြန့်တဲ့ တိုက်ပွဲကွင်းပြင်ကြီးတစ်ခု ဖြစ်နေခဲ့တယ်..။တစ်ချိန်တည်းမှာပဲ..တလေဟော..စီးဆင်းနေတဲ့ ဝိဉာဉ်စွမ်းအင်တွေကို လမ်းညွှန်ပေးပြီး..မယုံနိုင်လောက်အောင် အားကောင်းတဲ့ စွမ်းအားတိုးမြင့်မူကို ဖန်တီးထားခဲ့ပါတယ်..။
ဘယ်နေရာကို ကြည့်ရမလဲဆိုတာကို သိရှိသွားတဲ့ အခါမှာတော့..ဒီ မြောင်းတွေ သွားတဲ့ တည်နေရာ ၊ အလုပ်လုပ်ပုံ နဲ့ သူ့ရဲ့ အဓိပ္ပာယ်တွေကို နားလည် ဖို့အတွက် ဆန်နီ အချိန်အကြာကြီး မယူခဲ့ရပါဘူး..။ပြသနာက..သူ့ရဲ့ အတိုင်းအတာကို တိုက်ပွဲကွင်းပြင်မှာ ရပ်နေရင်း မြင်အောင်ကြည့်နိုင်ဖို့အတွက် အတော်လေးကို ကြီးမားနေခဲ့ပါတယ်..။တကယ်လို့ သူကသာ ပွဲကြည့်စင်ပေါ်ကနေ ကြည့်ခွင့်ရမယ်ဆိုရင်..ရူးစ် တစ်ခုလုံးကို သေချာမြင်နိုင်တာ ဖြစ်နိုင်ပါတယ်..။
သိုပေမယ့် တိုက်ခိုက်ရေးသမားတွေကို တိုက်ပွဲနေရာကနေ ထွက်သွားဖို့အတွက် ခွင့်ပြုမပေးထားခဲ့ပါဘူး..။သူတို့က အကျဉ်းထောင်ကို ပြန်လာတဲ့ အချိန်ကြမှ..တိုက်ပွဲနေရာကနေ ထွက်သွားခွင့်ရကြတာပါ..။
..မြင်ကွင်းက ကောင်းမွန်မူ မရှိတာကြောင့်..သူ လုပ်နိုင်တာ ဆိုလို့..သူ့စိတ်ထဲမှာ ရှိနေတဲ့ ပဟေဋိကို စိတ်မှန်းနဲ့ ခန့်မှန်းကြည့်ဖို့သာ တတ်နိုင်ပါတော့တယ်..။အခုအချိန်မှာတော့..ဆန်နီက..အနည်းအကျဉ်းတစ်ချို့က လွဲလို..တိုက်ပွဲကွင်းပြင်တစ်ခုလုံးရဲ့ တိုက်ခိုက်ရေး နေရာ တော်တော်များများမှာ တိုက်ခိုက်ထားပြီးခဲ့ပါပြီ..။
နောက်ထပ် စစ်ဘီလူးတစ်ဖွဲ့ကို သတ်ဖြတ်ပြီး..လှောင်အိမ်ထဲကို ပြန်ပို့ခံလိုက်ရတဲ့ အချိန်မှာတော့..သူက သွေးထွက်သံယို တိုက်ခိုက်ခဲ့ရတဲ့ တိုက်ပွဲကွင်းပြင်တွေအားလုံကို တစ်ညလုံး ပြန်မှတ်မိဖို့ ကြိုးစားနေခဲ့ပါတယ်..။ဒါက ပဟေဋိ အပိုင်းအစတွေကို ဆက်နေရသလိုပါပဲ..။သို့ပေမယ့် အစစ်အမှန်အပိုင်းအစတွေ အစား..သူ့မှာ ရှိနေတဲ့ အရာတွေက ဦးနှောက်ထဲမှာသာ ရှိနေခဲ့ပါတယ်..။
ကံကောင်းချင်တော့ သူ့ရဲ့ မှတ်ဉာဏ်က အမြဲတမ်းကောင်းမွန်နေခဲ့တယ်..။အမှန်တော့ နိုးထသူတစ်ယောက်ဖြစ်လာပြီးတဲ့ နောက်မှာ လူတွေအများကြီးနဲ့ ထိတွေ့ဖို့ ရရှိခဲ့တာကြောင့်..အရမ်းကို ဉာဏ်ကောင်း ၊ ပညာတတ်တဲ့ လူတွေကို တွေ့ခဲ့ရပါတယ်..။ဆန်နီဟာ..သူ့ရဲ့ ရုတ်တရက် မှတ်မိနိုင်စွမ်းတွေက ဒီလူတွေကြားထဲမှာတောင် ထူးခြားနေတာကို တွေ့ခဲ့ရတယ်..။အရင်တုန်းကတော့ လူတိုင်းက သူ့လိုပဲ လုပ်နိုင်ကြလိမ့်မယ်လို့ သူက ထင်ထားခဲ့တာပါ..။
ဒါတောင်မှ သူက တစ်ခုခုကို မှတ်မိချင်တယ် ဆိုရင် အဲဒီအရာကို ဂရုစိုက်ဖို့အတွက် လိုအပ်နေပါသေးတယ်..။ဒါက သူ့အနေနဲ့ မြောင်းတွေအားလုံးကို မှတ်မိနေတာမျိုး မဟုတ်ပဲ..သူ့ရဲ့ လမ်းကြောင်းပေါ်မှာ ပေါ်လာတဲ့ မြောင်းတွေကိုသာ မှတ်မိနေခဲ့တာပါ..။သူ အရင်တုန်းက တစ်ခါမှ မတွေးဖူးခဲ့တာကြောင့်..တိုက်ခိုက်ရေး နေရာတွေက တစ်ခုနဲ့တစ်ခု ဘယ်လို ဆက်စပ်မူရှိနေကြတာလည်း ဆိုတာကို ပုံဖော်ဖို့ ခဲယဉ်းနေခဲ့တယ်..။
ပြီးပြည့်စုံတဲ့ သုံးဖက်မြင် တိုက်ပွဲကွင်းပြင်တစ်ခုလုံးကို သူ့ရဲ့ စိတ်ထဲမှာ ပုံဖော်ကြည့်ဖို့ ဆိုတာက လွယ်ကူတဲ့ အရာမျိုး မဟုတ်ပါဘူး..။
နောက်ထပ် ရက်အနည်းငယ် အတွင်းမှာတော့..ဆန်နီဟာ..အိပ်မက်ဆိုးသားရဲတွေနဲ့ တိုက်ခိုက်နေတုန်းမှာ သူ့ရဲ့ အာရုံတွေက ထွေပြားနေခဲ့တယ်..။သူတို့ရဲ့ ရန်သူတွေကလည်း.အားနည်းတဲ့ ကျွန်တွေကို ဖယ်ရှားလာခဲ့ကြတာဖြစ်တာကြောင့် အတော်လေးကို ပိုမို အားကောင်းလာကြပါတယ်..။သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကလည်း လျော့ကျလာခဲ့တယ်..။
ဒါက..ပိုများတဲ့ ဒဏ်ရာတွေ ၊ ပိုများတဲ့ နာကျင်မူတွေ နဲ့ ပိုများတဲ့ နိုပ်စက်မူတွေကို ခံရမယ်လို့ ဆိုလိုတာပါ..။
တစ်ခါတစ်လေမှာဆိုရင်..သူက လုံးဝ ရိုက်နှက်ခံခဲ့ရပြီး..မျှော်လင့်ချက် ကင်းမဲ့နေသလိုတောင် ခံစားခဲ့ရတယ်..။ဆန်နီဟာ..သူ့ရဲ့ကြမ်းတမ်းတဲ့ ဘဝမှာ..ဝေဒနာ တွေ နဲ့ ပင်ပန်းခက်ခဲမူတွေကို ခံစားခဲ့ဖူးပေမယ့်..အနီရောင် တိုက်ပွဲကွင်းပြင်ရဲ့ စမ်းသပ်မူတွေကတော့..ခံစားနိုင်ဖို့အတွက် အတော်လေးကို လေးလံလွန်းလှပါတယ်..။ဒါက ရိုးရှင်းစွာပဲ..အရမ်းကို ရက်စက် ၊ ဆိုးယုတ်ကာ ရွံ့စရာ ကောင်းနေခဲ့တာပါ..။
ပြီးတော့ ဒီလို ခက်ခဲပင်ပန်းတဲ့ နိုပ်စက်မူတွေက သူ လက်မလျော့ခင်အချိန်အထိ လုံးဝ အဆုံးသတ်မယ့် ပုံစံ မပေါ်ပါဘူး..။
သို့ပေမယ့် သူ လက်မလျော့ခဲ့ပေ..။အလိုရမက် ဒဲလ်မွန်ရဲ့ လျို့ဝှက်ချက်ကို တိုးဖောက်မြင်ရအောင် ကြိုးစားမယ့် ထူးခြားတဲ့ စမ်းသပ်မူက..သူ ဘယ်လောက်ပဲ ဒဏ်ရာတွေ ပြည့်နှက်နေပါစေ..သူ့ရဲ့ စိတ်ဝိဉာဉ်က ဘ ယ်လောက် ပျက်စီးနေပါစေ..ရှေ့ဆက်သွားအောင် တွန်းအားပေးနေခဲ့ပါတယ်..။ဒါက စိတ်စွဲလမ်းမူကြီး တစ်ခုလိုပါပဲ..။ဆန်နီက ဆက်ပြီးသတ်ဖြတ်ချင်တယ် ၊ တိုက်ခိုက်ချင်တယ် ၊ နာကျင်ခံစားချင်တယ်..ပြီးတော့…ရှေးဟောင်းကျောက်တုံးတွေကို လေ့လာချင်နေခဲ့ပါတယ်..။
သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အတော်လေးကို ထွေပြားနေခဲ့တာကြောင့် သူ့ဟာသူ အခြေအနေဆိုးဝါးနေတဲ့ အယ်ယက်တောင်မှ..သူ့ရဲ့ နတ်ဆိုးပါတနာက တစ်ခုခု အရမ်းမှားယွင်းနေပြီ ဆိုတာကို သတိထားမိခဲ့တယ်..။လူငယ်လေးဟာ..အရိပ်သတ္တဝါကို အတတ်နိုင်ဆုံး အားပေးဖို့ ကြိုးစားပေမယ့်..စိတ်ဝိဉာဉ် ပျက်စီးစေလောက်တဲ့ စိတ်ဓာတ်ကျစရာ အခြေအနေမျိုးမှာ သူလည်း ဘာပြောနိုင်ဦးမှာလဲ..။
သူတို့က လှောင်အိမ်ထဲ ထည့်သွင်းကာ…ကျွန်ပြုခံထားရတယ်။အသက်ရှင်သန်နိုင်ဖို့အတွက်လည်း မွန်းစတားအုပ်ကြီးနဲ့ တိုက်ခိုက်ဖို့ တွန်းအားပေးခြင်း ခံထားရပါသေးတယ်..။သူတို့ကို သံတိုင်တွေရဲ့ နောက်မှာသာ နေ့ရက်တိုင်းထားထားခဲ့ပြီး သူတို့ သတ်ဖြတ်ထားတဲ့ သားရဲတွေရဲ့ အသားတွေကိုသာ ကျွေးထားခဲ့တယ်..။ပြီးတော့..နောက်တစ်ရက် ရောက်တဲ့အချိန်မှာ..ဒီလို အိပ်မက်ဆိုးကို ထပ်တလဲလဲ ဖြစ်ပေါ်စေပြန်ပါတယ်..။အသတ်ခံရပြီး သေဆုံးတာကလွဲပြီး အနီရောင် တိုက်ပွဲကွင်းပြင်ကနေ တစ်ခြား လွတ်မြောက်နိုင်မယ့် နည်းလမ်း ဆိုတာ မရှိတော့ပါဘူး..။
သူတို့ကို ဖမ်းဆီးထားကြတဲ့ လူတွေတောင်မှ..အကျဉ်းထောင်ထဲမှာ ပိတ်မိပြီး သူတို့နဲ့ တူညီတဲ့ ရက်စက်မူ သံသရာထဲမှာ ပိတ်မိနေကြဟန်တူပါတယ်..။သူတို့က ကျွန်တွေနဲ့တူညီတဲ့ ကံတရားကို ခံစားရဖို့ အတွက် ခြိမ်းခြောက်ခြင်း ခံနေကြရသလိုပါပဲ..။ဒီ ရှေးဟောင်း တိုက်ပွဲနေရာမှာတော့..သွေးတွေ နဲ့ ရူးသွပ်မူတွေကပဲ အပြည့်အဝ နေရာယူထားခဲ့တာပါ..။
..ပြီးတော့ ဒါတောင်မှ..ဒီအရာတွေ အားလုံးက အချည်းနှီးမဟုတ်ခဲ့ပေ..။နောက်ဆုံးမှာတော့..ဆန်နီဟာ..သူ့မှတ်ဉာဏ်ထဲမှာ ပြီးပြည့်စုံတဲ့ ပုံရိပ်တစ်ခုကို ရနိုင်ခဲ့တယ်..။ဒီအရာကို ရရှိဖို့အတွက် သူ နေရက်တွေ ဘယ်လောက်တောင် ဖြတ်ကျော်ခဲ့ရတာလဲ ဆိုတာကိုတောင် မရေတွက်နိုင်တော့ပါဘူး..။အဲလိုကနေပဲ..သူက သွေးစွန်းနေတဲ့ ကျောက်တုံးတွေကနေ ထုလုပ်ထားတဲ့ ကြီးမားတဲ့ ရူးစ်တွေရဲ့ ပုံသဏ္ဍာန်တွေကို နားလည်နိုင်စွမ်း ရှိလာခဲ့တယ်..။
ပြီးတော့ ဒီနားလည်နိုင်စွမ်းကပဲ..သူတို့ရဲ့ ရည်ရွယ်ချက်ကို ထိုးဖောက်မြင်နိုင်စွမ်း ရှိလာခဲ့ပါတယ်..။
ရူးစ်တွေရဲ့ ပုံသဏ္ဍာန်နဲ့ တည်နေရာကို လေ့လာပြီးတဲ့ နောက်မှာတော့..ဆန်နိဟာ..ကျောက်တုံးမျက်နှာပြင်ကို ထိုးအောက်မြင်နိုင်ပြီး..သူတို့ရဲ့ အလုပ်လုပ်ပုံကို သိနိုင်စွမ်းရှိလာခဲ့တယ်..။ဒီစွမ်းရည်က သူ့ရဲ့ အတွင်းထဲမှာ အမြဲတမ်းရှိနေခဲ့ပြီး..သူ့ရဲ့ ပြောင်းလဲနေတဲ့ မျက်လုံးတွေထဲမှာ ပုန်းအောင်းနေခဲ့တာပါ..။သူက ဒီတိုင်း ဘယ်နေရာကို ဘယ်လို ကြည့်ရမလဲဆိုတာကိုပဲ မသိတာပါ..။ဒါက..မော်ဒရက်နဲ့ ဝိဉာဉ်ပင်လယ်ထဲမှာ မတိုက်ခိုက်သ၍ သူ့ ဝိဉာဉ် အမြုတေက ဘာတွေ စွမ်းဆောင်နိုင်သလဲဆိုတာကို မသိသလိုပါပဲ..။
အသိပညာ အသစ်တွေနဲ့ ပြည့်နှက်နေတဲ့ ဆန်နီဟာ..တိုက်ပွဲကွင်းပြင်ရဲ့ အောက်ဘက်ကနေ စီးဆင်းနေတဲ့ ဝိဉာဉ်အဆီအနှစ်တွေက နံရံတွေကြားထဲကို ဖြတ်ကျော်သွားတာကို ခံစားမိနေခဲ့ရတယ်..။ဒါက ရူးစ်တွေကနေ ထွင်းထုထားတဲ့ ရှုပ်ထွေးတဲ့ လမ်းကြောင်းးတွေအတိုင်း သွားလာနေကြတာကိုလည်း တွေ့နေ၇ပါတယ်..။
အဆုံးမှာတော့..ဒီအရာက မှော်စွမ်းအားပါပဲ..။ဖုံးကွယ်ထားတဲ့ စွမ်းအင်တွေ ၊ ဝိဉာဉ်တွေကို လမ်းပြပေးနိုင်စွမ်း ရှိတဲ့ မှော်စွမ်းအားတစ်ခု..။ဒီအရာက တစ်စုံတစ်ယောက်ရဲ့ စိတ်ဆန္ဒကို ကမ္ဘာကြီးဆီကို ဖော်ပြနိုင်စွမ်းရှိပါတယ်..။ထွက်ပေါ်လာတဲ့ တိုးမြင့်မူ စွမ်းအားတွေဆိုတာက ဖန်တီးသူရဲ့ စိတ်ဆန္ဒတွေဖြစ်တယ်။..ရူးစ်တွေဆိုတာက..ဖန်တီးသူက ပန်းတိုင်ကို ရောက်ရှိဖို့အတွက် စွမ်းအင်တွေလှုပ်ရှားစေမယ့် အခြေခံ အဆောက်အဦးတွေပါ..။
ဒါပေမဲ့ ဝိဉာဉ်စွမ်းအင်တွေအားလုံးက ဘယ်ကနေ လာနေကြတာလဲ..။
အစကတော့ ဆန်နီဟာ..အနီရောင် တိုက်ပွဲအဆောက်အဦးကြီးကလည်း ကြက်သွေးရောင် ဝက်ပါလိုမျိုး..အထဲမှာ အသတ်ခံရတဲ့ ဝိဉာဉ်တွေကို စားသုံးနေခဲ့တာလို့ ယူဆထားခဲ့တာပါ..။
တိုက်ပွဲကွင်းပြင်ထဲမှာ ကျွန်တွေ အချင်းချင်း တိုက်ခိုက်နေတာက..အားလုံးကို ကျွန်ပြုထားတဲ့ မှော်စွမ်းအားကို သတ်ဖြတ်တဲ့ နည်းနဲ့ အားဖြည့်ပေးထားရတာလို့ ထင်ထားခဲ့ပေမယ့်..ဝိဉာဉ်အဆီအနှစ်တွေ ရှေးဟောင်းအဆောက်အဦးကို လှည့်ပတ်နေတာကို အတော်ကြာအောင် ေလေ့လာလိုက်တဲ့ အချိန်မှာ သူ့ရဲ့ ပထမ အယူအဆက မှားယွင်းသွားခဲ့တယ် ဆိုတာကို သူ နားလည်လိုက်ပါတယ်..။
ဒီ တိုးမြင့်မူတွေကို အသက်သွင်းပေးနေတာက…တိုက်ခိုက်သူတွေ မဟုတ်ပဲ..ပွဲကြည့်နေတဲ့ လူအုပ်ကြီးကပါ..။သူတို့ရဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်မူ ၊ သူတို့ရဲ့ ကျေနပ်အားရမူ ၊ သူတို့ရဲ့ ရိုးသားတဲ့ စိတ်လှုပ်ရှားမူတွေက..ရှေးဟောင်း အဆောက်အဦးကြီးထဲမှာ စီးဆင်းနေတဲ့ စွမ်းအားတွေရဲ့ အရင်းအမြစ်ပါပဲ..။ဒါပေါ့..ဘာလို့ စိတ်ဆန္ဒ ဒဲလ်မွန်က သူမရဲ့ မှော်စွမ်းအားတွေကို သေဆုံးခြင်း အပေါ် အခြေခံပြီး တည်ဆောက်ထားခဲ့တာလဲ..။
သူမရဲ့ စွမ်းအား နယ်ပယ်က..အိပ်မက်တွေ ၊ စိတ်ခံစားမူတွေ ၊ စိတ်အားထက်သန်မူ တွေအပေါ်မှာ အခြေခံထားခဲ့တာပါ..။စစ်ပွဲနတ်ဘုရားရဲ့ နောက်လိုက်တွေက ဒီ အဆောက်အဦးကြီးကို သိမ်းပိုက်ပြီးတဲ့ နောက်မှသာ ဒီ စိတ်အားထက်သန်မူတွေက..တိုက်ပွဲတွေ ၊ သွေးထွက်သံယို တွေ နဲ့ သတ်ဖြတ်မူတွေ အဖြစ် ပြောင်းလဲသွားခဲ့တယ်..။တိုက်ပွဲကွင်းပြင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေက..သူ့ရဲ့ နဂိုမူလ ရည်ရွယ်ချက်အတိုင်း ဖြစ်ပျက်နေခဲ့တာ မဟုတ်ပါဘူး..။ဒါက ခိုးယူ ၊ ဖျက်ဆီး ခံရပြီး..လုံးဝ မတူညီတဲ့ တစ်ခြားအရာတစ်ခု အဖြစ် ပြောင်းလဲခြင်း ခံလိုက်ရတာပါ..။
…ဖောက်ပြန်ပျက်ဆီးသွားခဲ့တာ..။
ဆန်နီ ဒုတိယအိပ်မက်ဆိုးထဲကို ဝင်ရောက်လာခဲ့တာက..တစ်လဆိုတဲ့ ပမာဏ ထက်တော့ ကျော်လွန်သွားခဲ့ပါပြီ..။အကျဉ်းထောင်က အရေအတွက် နည်းသထက် နည်းလာနေပြီး..အကျဉ်းသား အများစုက..တိုက်ပွဲကွင်းပြင်ထဲမှာ အသတ်ခံနေကြရတယ်..။မုန်းစရာကောင်းတဲ့ စမ်းသပ်မူတွေရဲ့ အဆုံးသတ်က..ဘယ်လိုအရာမျိုးပဲ ဖြစ်နေပါစေ..နီးကပ်လာနေခဲ့ပါပြီ…။
အခုတော့..ဆန်နီဟာ..သူ နဲ့ အနီရောင် အဆာက်အဦးကို ချည်နှောင်ပေးထားတဲ့ စွမ်းအားတွေရဲ့ အခြေခံစည်းမျဉ်းတွေကို သိရှိသွားခဲ့ပါပြီ..။
ဒီတော့..မေးခွန်းကတော့…
လွတ်မြောက်ဖို့အတွက် သူ့အနေနဲ့ ဒီအသိပညာတွေကို ဘယ်လို အသုံးချမလဲ ဆိုတာပါပဲ..။
အပိုင်း ( ၆၁၅ ) ပြီး၏။