← Chapters

အလယ်အလတ်အဆင့် ဆေးဖော်စပ်ပညာရှင်၊ ဆေးလုံးသီအိုရီတွင် အမှတ်ပြည့်။

Vol. 4 Ch. 48

အလယ်အလတ်အဆင့် ဆေးဖော်စပ်ပညာရှင်၊ ဆေးလုံးသီအိုရီတွင် အမှတ်ပြည့်။

Vol. 4 Ch. 48

ရက်အနည်းငယ် ကုန်ဆုံးသွားလေသည်။

ဆောင်းရာသီသို့ ကူးပြောင်းသွားသဖြင့် နှင်းများထူထပ်စွာကျဆင်းနေပြီး ကျင့်ကြံသူများ၏ဘဝက ပို၍ပင် ခက်ခဲလာလေသည်။

အထူးသဖြင့် တောင်တန်းများထဲသို့ နက်ရှိုင်းစွာဝင်ရောက်၍ ယောင်သားရဲများကို အမဲလိုက်ကြသော ကျင့်ကြံသူများအတွက် ပိုမိုအခက်တွေ့စေသည်။ နှင်းများထူထပ်စွာကျဆင်းမှုကြောင့် ယောင်သားရဲများက ပုန်းခိုသွားကြ၏။ အမဲလိုက်ရန် ပိုမိုအန္တရာယ်များရုံသာမက၊ သားကောင်များအား အချိန်ကြာမြင့်စွာ ရှာဖွေသည့်တိုင် ရှာမတွေ့ကြဘဲ အချည်းနှီးသာ ဖြစ်စေလေသည်။

မှန်ပေသည် ထိုအရာအားလုံးသည် ကျိုးစွေ့အား မည်သည့်အနှောင့်အယှက်မျှ မပေးနိုင်ချေ။ သူသည် အိမ်တွင်းအောင်းကာ အားသွန်ခွန်စိုက် ဆက်လက်ကျင့်ကြံနေခဲ့သည်။

ဝူးရှ်….

ကျိုးစွေ့က ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်နေသည်။ ‘စာအုပ်ကူ’၏စွမ်းအားကို အသုံးချကာ မီးခိုးရောင်စွမ်းအင်စီးကြောင်းများအား ဝိညာဉ်ထဲသို့ စီးဝင်စေပြီး သူ၏နားလည်နိုင်စွမ်းအား မြှင့်တင်လိုက်လေသည်။

ပထမအဆင့် ဆေးဖော်စပ်ပညာနှင့်ပတ်သက်သော ကြွယ်ဝသည့်အသိပညာသည် စိတ်ထဲတွင် ပေါ်လာလေသည်။

စစချင်းတုံးက သူသည် ဤအသိပညာအား အလွတ်ကျက်မှတ်ထားရုံသာဖြစ်ပြီး အပြည့်အဝ နားလည်းသဘောပေါက်ခြင်း မရှိချေ။ သို့သော် ‘စာအုပ်ကူ’၏အကူအညီဖြင့် ယင်းအသိပညာအား နက်ရှိုင်းစွာ နားလည်သဘောပေါက်သွား၏။ ထိုခံစားချက်သည် ဆေးလုံးဖော်စပ်ခြင်းအသိပညာအား နှစ်ပေါင်းများစွာ လေ့လာခဲ့သည့်အလား ဖြစ်လေသည်။

ဝိုးတဝါးဖြင့် သူ၏ဝိညာဉ်သည် ‘စာအုပ်ကူ’အတွင်းရှိ ပုံရိပ်ယောင်စာကြည့်တိုက်ထဲသို့ ဝင်ရောက်သွားသလိုလို ခံစားလိုက်ရကာ၊ ထိုနေရာ၌ နှစ်ချို့ ဆေးဖော်စပ်ပညာသင်တစ်ဦးအလား စိတ်ဝိညာဉ်ဆေးပင်များအား သန့်စင်နည်းနှင့် ဆေးလုံးဖော်စပ်နည်းများအား အဆက်မပြတ် သင်ယူခဲ့လေသည်။

ယခုအခါ ဆေးဖော်စပ်ပညာနှင် လွန်စွာရင်းနှီးကျွမ်းဝင်နေပြီး သူ၏လက်ဖမိုးအလား ရင်းနှီးနေတော့သည်။

“ပထမအဆင့် အလယ်အလတ်ဆေးဖော်စပ်ပညာရှင်..။”

ကျိုးစွေ့က မျက်လုံးများဖွင့်လိုက်ပြီး အချက်အလက်ပြမျက်နှာပြင်အား ကြည့်လိုက်သည်။ ရက်ပေါင်းများစွာ အပြင်းအထန်ကျင့်ကြံပြီးနောက် သူသည် ပထမအဆင့် အလယ်အလတ်ဆေးဖော်စပ်ပညာရှင်အဆင့်သို့ တက်လှမ်းသွားလေသည်။

‘စာအုပ်ကူ’၏စွမ်းအားအကူအညီဖြင့် ပထမအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး၏ အမွေအနှစ်မှတ်တမ်းတင် ကျောက်စိမ်းပြားနှင့် ဆေးလုံးဖော်စပ်နည်းများအား ဝါးမျိုပြီးနောက် သူ၏ဆေးဖော်စပ်ပညာဆိုင်ရာ သီအိုရီအသိပညာသည် ပြီးပြည့်စုံလုနီးနီး ဖြစ်သွားလေသည်။

နှမြောစရာကောင်းသည်မှာ ဆေးမီးဖိုမရှိသဖြင့် လက်တွေ့တွင် သူ၏ကျွမ်းကျင်မှုအားအား လေ့ကျင့်နိုင်ခြင်း မရှိပေ။

အလွယ်ပြောရလျှင် သူသည် သီအိုရီ၌ ထုံးလိုချေ၊ရေလိုနှောက်နိုင်သော်လည်း လက်တွေ့ ကျွမ်းကျင်မှုများ မရှိပေ။ သို့သော် အကြိမ်အနည်းငယ် လက်တွေ့လေ့ကျင့်လိုက်သည်နှင့် ဆေးဖော်စပ်ပညာအား စေ့စေ့စပ်စပ် ကျွမ်းကျင်သွားပေမည်။

မကြာမီအချိန်အတွင်းမှာပင် သူသည် ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးဖြစ်လာနိုင်ပြီး အခြေတည်ဆေးလုံးများကိုပင် ဖော်စပ်နိုင်ပေလိမ့်မည်။

“’စာအုပ်ကူ’ရဲ့ အစွမ်းက တကယ်ကို ဆန်းကြယ်ပေတယ်။” ဟူ၍ ကျိုးစွေ့က အံ့ဩတကြီး တီးတိုးရေရွတ်လိုက်လေသည်။

‘စာအုပ်ကူ’၏အကူအညီသာမရှိခဲ့ပါက၊ နှစ်ပေါင်းများစွာ အားထုတ်လျှင်ပင် အခြေခံများအား နားလည်သဘောပေါက်မည်မဟုတ်ပေ။

ယခုတွင်မူ ‘စာအုပ်ကူ’က စာအုပ်များနှင့် မှတ်တမ်းတင်ကျောက်စိမ်းပြားများကို စားသုံးသရွေ့ အကြောင်းအရာများအား ဆရာတစ်ပါးအလား နားလည်စေနိုင်သည်။ အကယ်၍ ထိုလျှို့ဝှက်ဆန်းကြယ်သော မီးခိုးရောင်စွမ်းအင်စီးကြောင်းများကို အသုံးပြုပါက၊ သူ၏နားလည်နိုင်စွမ်းအား ပိုမိုမြှင့်တင်နိုင်ပြီး ဤအသိပညာအပေါ်တွင် နားလည်မှုအား နက်ရှိုင်းစေမည်ဖြစ်၏။

သူသာ ကမ္ဘာပေါ်တွင်ရှိစဉ်က ‘စာအုပ်ကူ’၏စွမ်းအားကို ပိုင်ဆိုင်ခဲ့ပါမူ၊ ကမ္ဘာပေါ်ရှိ အသိပညာ၊အတတ်ပညာများအား ကျွမ်းကျင်သော ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေသည်။

ဒေါက်၊ ဒေါက်..၊ ဒေါက်..။

ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ အလျင်စလိုတံခါးခေါက်သံတစ်ခု ထွက်ပေါ်လာလေသည်။

“ဟင်…”

အပြင်ဘက်မှ ဧည့်သည်အား သူ၏ဝိညာဉ်အာရုံဖြင့် ကြည့်ရှုလိုက်ရာ မတွေ့တာကြာပြီဖြစ်သော အိမ်နီးချင်း ဆေးဖော်စပ်ပညာရှင် ကျန်းချန်ဖြစ်နေလေသည်။

ထို့အပြင် ကျန်းချန်၏အခြေအနေက လွန်စွာ ဆိုးရွားနေလေသည်။ ဆံပင်များအားလုံး ဖြူဖွေးနေပြီး၊ အရေပြားပေါ်တွင် ထူးဆန်းသော အနက်ရောင်လိုင်းများ ရှိနေသည်။ ခန္ဓာကိုယ်မှလည်း ဆေးမြေ့နေသောသစ်သားကဲ့သို့ ပုပ်အဲ့အဲ့အနံ့တစ်ခု ထွက်ပေါ်နေကာ သေကောင်ပေါင်းလဲဖြစ်နေလေ၏။

ကျိုးစွေ့က ခြံဝင်သို့ အလျင်အမြန်ထွက်ကာ တံခါးဖွင့်လိုက်လေသည်။

“ဦးလေးကျန်း… ဘာတွေဖြစ်လာတာတုံး။”

ကျိုးစွေ့သည် မျက်စိရှေ့မှလူအား ကြည့်ကာ အံ့အားသင့်နေလေသည်။

ကျန်းချန်သည် အင်မော်တယ်ရှားဂိုဏ်းနောက်သို့ လိုက်ကာ ရွှေနီသတ္တုတွင်းတွင် တူးဖော်နေသည်အား အမှတ်ရမိလိုက်၏။ သို့သော် လအနည်းငယ်အတွင်း ဖြစ်ပေါ်လာသော တုန်လှုပ်ဖွယ်ပြောင်းလဲမှုအား သူယုံကြည်နိုင်ရန် ခက်ခဲနေပေသည်။

“အိုက်ယား…ငါကံဆိုးတာပါကွာ။ ပြီးခဲ့တဲ့တစ်ပတ်လောက်က ရွှေနီသတ္တုတွင်းမှာ တူးဖော်နေတုန်း မထင်မှတ်ဘဲ ချည်မျှင်နက်အဆိပ်ပိုးကောင်နဲ့ ပက်ပင်းတိုးတယ်ကွာ။ ငါအခု အဆိပ်မိနေပြီကွာ….သေလောက်တဲ့အဆိပ်က ငါ့မရီဒန်တွေထဲထိ ရောက်နေပြီ။”

ကျန်းချန်က ခါးသီးစွာဖြင့် လွန်ခဲ့သောလအနည်းငယ်က သူ၏အတွေ့အကြုံများအား ပြန်ပြောပြလေသည်။

သူသည် ရွှေနီသတ္တုတွင်းတွင် အခြားကျင့်ကြံသူများထံမှ ခြိမ်းခြောက်မှုများ မရှိကြောင်း ပြောပြ၏။ သို့သော် အဆင့်နှစ် ယောင်သားရဲများအား ရှင်းလင်းပြီးသား ဖြစ်သော်လည်း၊ မိုင်းတွင်းအနက်ပိုင်းထဲတွင် ကြောက်စရာကောင်းသော အဆိပ်ပိုးကောင်းများနှင့် သားရဲအချို့ ပုန်းအောင်းနေသေးသည်အား ရှင်းပြလိုက်သည်။

တစ်ချက်သတိလွတ်သည်နှင့် အဆိပ်ပိုးကောင်များ၏ တိုက်ခိုက်ခြင်းအား ခံရပေမည်။ ထိုအထဲတွင် ချည်မျှင်နက်အဆိပ်ပိုးကောင်သည်လည်း ပါဝင်ပေသည်။

၎င်းတို့သည် အမှောင်ထဲတွင် ပုန်းအောင်းရာတွင် ကျွမ်းကျင်ပြီး၊ သေစေနိုင်သော ချည်မျှင်နက်အဆိပ်ရှိလေ၏။ ကျင့်ကြံသူ၏ ကိုယ်အတွင်းသို့ အဆိပ်ဝင်ရောက်သွားပါက၊ ကင်ဆာကဲ့သို့ မရီဒန်များအထိ ပျံ့နှံ့သွားလေသည်။ မည်သို့မှကုသမရနိုင်အောင် အစစ်အမှန်ချီသည် ဆက်တိုက်လျော့ကျသွားမည်ဖြစ်ပြီး လွတ်မြောက်ရာလမ်းမှာ သေမင်းအား ထိုင်စောင့်ခြင်းသာ ဖြစ်သည်။

အဆိုးဆုံးသည်က မသေဆုံးမီ လအနည်းငယ်ကြာ အဆိပ်၏ညှဉ်းပန်းမှုဒဏ်အား ခံစားရပေမည်။

“ဒါက….”

ကျိုးစွေ့ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ မိုင်းတွင်းလုပ်သားအဖြစ် လုပ်ကိုင်ခြင်းသည် အလွန်ဆုံး ရွှေနီစွမ်းအင်၏တိုက်စားခြင်းကိုသာ ကြုံတွေ့ရနိုင်ပြီး အခြားဒုက္ခများရှိလိမ့်မည်မဟုတ်ဟု သူထင်ထားခဲ့လေသည်။

ကျန်းချန်သည် ဤမျှဆိုးရွားသော ကံကြမ္မာနှင့်ကြုံတွေ့ကာ ချည်မျှင်နက်အဆိပ်ပိုးကောင်နှင့် တိုးခဲ့မည်ဟု သူထင်မထားမိချေ။

သူ၏ရွေးချယ်မှုက တကယ့်ကို မှန်ကန်ပေသည်။

ငတုံးတစ်ကောင်သည်သာ အင်မော်တယ်ရှားဂိုဏ်းနောက်သို့ လိုက်ပါ၍ သတ္တုတူးရန် ရွေးချယ်ပေလိမ့်မည်။ မြို့ထဲတွင် နေ၍ ဘေးကင်းစွာ ကျင့်ကြံခြင်းက မည်မျှကောင်းသည်နည်း။

မည်သို့ပင်ဖြစ်စေ တောနက်ထဲတွင် မမျှော်လင့်ထားသည်များ ဖြစ်နိုင်ပေသည်။

မြစ်ကမ်းစပ်တွင် လမ်းလျှောက်ပါက ဖိနပ်စိုခြင်းအား ရှောင်လွှဲနိုင်မည်မဟုတ်ပေ။

“ဒါနဲ့ ဦးလေးကျန်း….လာရင်းကိစ္စကို ပြောပါအုံး..။”

ဖြစ်နိုင်ခြေအား ခန့်မှန်းမိသော်လည်း ကျိုးစွေ့က မေးမြန်းလိုက်သည်။

“ငါ..မင်းနဲ့ အရောင်းအဝယ်လေး လုပ်ချင်လို့လာတာပါ…တူလေးရယ်။ ထိပ်တန်းအဆင့်မြင့် ဆေးလုံးတစ်လုံးဝယ်ဖို့ ဝိညာဉ်ကျောက်တုံးနည်းနည်း လိုနေလို့ပါ။ ထိပ်တန်းအဆင့်မြင့်ဆေးလုံးနဲ့မှ ငါ့ကိုယ်ထဲက ချည်မျှင်နက်အဆိပ်ကို ထုတ်နိုင်ပြီး အသက်ချမ်းသာရာရမှာမလို့ပါ။”

“အေးပါ… ငါ ဝိညာဉ်ကျောက်တုံးတွေကို အလကားပေးဖို့ ပြောတာမဟုတ်ပါဘူး။ ငါပိုင်ဆိုင်တဲ့ ဒီပထမအဆင့် အလယ်အလတ်အဆင့် ဆေးမီးဖိုကို မင်းဆီ ရောင်းချင်တာပါကွာ။ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးထောင်ပဲ လိုချင်တာပါ..။”

ကျန်းချန်က ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

မည်သို့ပင်ဖြစ်စေ၊ ထိပ်တန်းအဆင့်မြင့် အဆိပ်ဖြေဆေးလုံးတစ်လုံးက ဈေးနှုန်းမြင့်ကာ အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သောင်း သို့မဟုတ် အလယ်အလတ်ဝိညာဉ်ကျောက်တုံး တစ်ရာဖြစ်လေ၏။

ထိပ်တန်းအဆင့်မြင့် အဆိပ်ဖြေဆေးလုံးတစ်လုံးအား ဝယ်ယူခြင်းသည် သာမန်ကျင့်ကြံသူတစ်ဦးအား ခွက်ဆွဲရနိုင်ပေသည်။

“အာ… ဒါဆိုရင် ခင်ဗျားဆီမှာ ဆေးမီးဖိုမရှိတော့ဘဲ နေမှာပေါ့..။” ကျိုးစွေ့က အံ့အားသင့်စွာ ပြောလိုက်၏။

ပထမအဆင့် အလယ်အလတ်အဆင့် ဆေးမီးဖိုတစ်လုံး၏ ဈေးကွက်ပေါက်ဈေးသည် အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ရှစ်ထောင်ဖြစ်ကြောင်း သူသိထားသည်။ ယခုမူ ငါးထောင်ဖြင့်သာ သတ်မှတ်သည်က ခြောက်ဆယ်ရာခိုင်နှုန်းလျော့ဈေးရခြင်းပင် ဖြစ်၏။ ၎င်းမှာ အတော်ကောင်းသော အရောင်းအဝယ်တစ်ခု ဖြစ်လေသည်။

သို့သော် ကျန်းချန်သည် ဆေးဖော်စပ်ပညာရှင်တစ်ဦးဖြစ်သည့်အတွက် ဆေးမီးဖိုမရှိခြင်းက သူ၏အလုပ်အကိုင်အား စွန့်လွှတ်လိုက်သကဲ့သို့ ဖြစ်လေသည်။

၎င်းသည် အငှားယာဉ်မောင်းတစ်ဦးက သူ၏အငှားယာဉ်အား ရောင်းချခြင်းကဲ့သို့ အလုပ်အကိုင်ပြောင်းလဲမည့်သဘောပင်။

“အဟတ်… မရှိတော့လည်း မရှိတော့ဘူးပေါ့ကွာ…။ ငါ့ကိုယ်ထဲက ဒီချည်မျှင်နက်အဆိပ်နဲ့ ထိပ်တန်းအဆိပ်ဖြေဆေးလုံးသုံးရင်တောင် ငါ့ကျင့်ကြံမှုက ပျက်စီးသွားပြီ…။ ဒီဘဝ မျှော်လင့်စရာမရှိတော့ဘူး။”

“အဆိပ်ဖြေပြီးရင် သေမျိုးလောကကို ပြန်သွားပြီး မိန်းမယူပြီး မျိုးဆက်ချန်ဖို့ပဲ စိတ်ကူးတော့တယ်။”

ကျန်းချန်က မျှော်လင့်ချက်ကင်းမဲ့နေသောမျက်ဝန်းတစ်စုံဖြင့် ကူကယ်ရာမဲ့ ပြောလိုက်လေသည်။ သူသည် အခြေတည်အဆင့်သို့ တက်လှမ်းရန်အတွက် အပြီးတိုင်လက်လျှော့လိုက်ပုံပေါ်လေသည်။

ကျင့်ကြံသူတစ်ဦးသည် အခြေတည်အဆင့်ကို လက်လျှော့ပြီး သေမျိုးလောကသို့ ပြန်သွားသည်နှင့်၊ ကြွယ်ဝမှုနှင့် အောင်မြင်မှုအား ခံစားနိုင်ပြီး၊ မယားများစွာယူကာ မျိုးဆက်များစွာတည်ဆောက်နိုင်ပေသည်။

၎င်းသည် တစ်ကိုယ်တော်ကျင့်ကြံသူအများစု၏ အဆုံးသတ်ရာလမ်းလည်း ဖြစ်၏။

အသက်လေးဆယ်၊ငါးဆယ်အရွယ်သို့ရောက်သောအခါ ကိုယ့်အတိုင်းအတာကို သိရှိ၍ ဤဘဝတွင် အခြေတည်အဆင့်သို့ ရောက်ရှိလိုသောမျှော်လင့်ချက်သည် အချည်းနှီးဖြစ်ကြောင်း သဘောပေါက်သွားကြလေ့ရှိသည်။

ထိုသို့နှင့် ဆက်လက်အချိန်ဖြုန်းမနေသင့်ကြောင်း နားလည်သွားကြကာ သေမျိုးလောကသို့ ပြန်ကာ မိသားစုဘဝအား ခံစားရန်သာ ရွေးချယ်ကြလေသည်။

ကျန်းချန်သည် မူလက ရည်မှန်းချက်ကြီးသော ဆေးဖော်စပ်ပညာရှင်တစ်ဦးဖြစ်ပြီး၊ အနာဂတ်တွင် အခြေတည်အဆင့်သို့ ရောက်ရှိရန် မျှော်လင့်နိုင်သည်ဟု ယုံကြည်ခဲ့လေသည်။

သို့သော် ဤသို့သော ပြင်းထန်သော ထိုးနှက်ချက်ကြောင့် လက်တွေ့အခြေအနေအား လက်ခံလိုက်ရပြီး၊ ပိုင်ဆိုင်မှုအားလုံးကို ရောင်းချကာ သေမျိုးလောကသို့ ပြန်၍ ချမ်းသာသော မြေရှင်သူဌေးတစ်ဦးအဖြစ်သာ သက်သောင့်သက်သာ နေထိုင်ရန် ဆုံးဖြတ်ခဲ့ရလေတော့၏။

All Chapters