← Chapters

မြို့ပြင်ရှိ ရှုပ်ထွေးသောလောက၊ ရွှေနီသတ္တုတွင်းဆီသို့။

Vol. 4 Ch. 51

မြို့ပြင်ရှိ ရှုပ်ထွေးသောလောက၊ ရွှေနီသတ္တုတွင်းဆီသို့။

Vol. 4 Ch. 51

ညသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။

မနေ့ညက မုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုများက ရပ်တန့်သွားသော်လည်း၊ ပြင်းထန်သောတိုက်ပွဲ၏ ခြေရာလက်ရာများအဖြစ် သစ်ပင်များအား ကြည့်နိုင်ပေသည်။ ကံကောင်းသည်မှာ နေအိမ်ပတ်လည်တွင် အသံအတားအဆီးတစ်ခု တည်ဆောက်ထားသဖြင့် အိမ်နီချင်းများ ဆူညံသံကြောင့် အနှောင့်အယှက်မဖြစ်ခဲ့ကြချေ။

“ဒီအရှက်မရှိတဲ့ကောင်စုတ်ကတော့..”

ဘေးအိပ်ခန်းမှ ရှားကျင်းယန်က ညည်းတွားလိုက်ရင်း သူမမျက်နှာက နီမြန်းနေကာ စိတ်အနှောင့်အယှက်ဖြစ်နေလေသည်။

ဤယောက်ျားသည် ထူးချွန်သော ပါရမီရှိပြီး ပိုင်ဆိုင်လိုစိတ်ပြင်းပြကာ၊ သူ၏မိန်းမများအား အလွန်ချစ်ခင်သော်လည်း လက်တွေ့ခုံမင်တတ်သူဖြစ်လေ၏။

[ T.L.Note - ပြောချင်တာက အငွေ့မဟုတ်ပဲ အတွေ့ကိုတိုက်ရိုက်စားတာကို ပြောချင်တာမျိုးဗျ။ ကျွန်တော် ဘယ်လိုချရေးပေးရမလဲမသိ ဖြစ်နေလို့ပါ။ ]

နှစ်ပေါင်းများစွာ တစ်ကိုယ်တော်ကျင့်ကြံသူဖြစ်ခဲ့သော ရှားကျင်းယန်သည် တစ်ပတ်လျှင် တစ်ခါ၊နှစ်ခါသာ အခြားသူများနှင့် တွေ့ဆုံလေ့ရှိပြီး၊အများအားဖြင့် အချိန်အများစုအား ကျင့်ကြံမှုပေါ်တွင်၊ သို့မဟုတ် ဆန်းကြယ်သောပညာရပ်များအား ကျင့်ကြံရာတွင်သာ အသုံးပြုခဲ့လေသည်။ သူမအတွက် ထိုကဲ့သို့သော စွဲလမ်းမှုမျိုး မရှိခဲ့ချေ။

သို့သော် ဤယောက်ျားသည် နေ့ရောညပါ မရပ်မနား မပင်မပန်း လယ်ထွန်၍ သူ၏မိန်းမများအား လမ်းကြောင်းပေးရာတွင် မဆန့်ကျင်နိုင်လောက်သော အားစိုက်မှုအား ပြုလေသည်။

တစ်ခါတစ်ရံ၌ သူမပင်လျှင် လက်မြှောက်ရသည်ဟု ဆိုရပေမည်။

မသိစိတ်ဖြင့် သူမသည်လည်း ထိုစွဲလမ်းမှုထဲသို့ ဆွဲခေါ်ခံလိုက်ရပြီး သူမ၏မထီမဲ့မြင်မှုများသည် စွဲလမ်းမှုအဖြစ်သို့ ပြောင်းလဲသွားကာ၊ ထိုပြောင်းလဲမှုက ကောင်းသည်၊ဆိုးသည်ကိုပင် သတိမထားမိတော့ချေ။

သို့သော်၊ အပျော်ဂေဟာများတွင် လျှောက်ပတ်သွားလာနေခြင်းထက် အိမ်ရှိ မိန်းမများနှင့် ပျော်ပါးနေခြင်းက ပိုမိုကောင်းမွန်သည်အား သူမ မငြင်းနိုင်ချေ။

ဤသည်အား စဉ်းစားရင်း ရှားကျင်းယန်တစ်‌ယောက် ကူကယ်ရာမဲ့ သက်ပြင်းချလိုက်လေသည်။

ရွေးချယ်စရာမရှိတော့သောကြောင့် ဆူညံသံများအား မကြားနိုင်ရန် အသံအတားအဆီးကိုသာ အသက်သွင်းလိုက်တော့သည်။

ထိုအချိန်တွင် ကျိုးစွေ့ အိပ်ပျော်နေသော ဇနီးများအား ကျေနပ်စွာ ကြည့်လိုက်၏။ တစ်ညတာကျင့်ကြံပြီးနောက် သူ၏စွမ်းအားသည် သိသိသာသာ တိုးတက်လာ၍ ပင်ပန်းခက်ခဲသော ကိုယ်ပိုင်ကျင့်ကြံခြင်းထက် ပိုမိုကျေနပ်ဖွယ်ကောင်းသည်အား တွေ့ရှိရပေသည်။

လက်ရှိတွင် သူသည် အဌမအဆင့်စိတ်ဝိညာဉ်အမြစ်တွင်သာ ရှိသေးသဖြင့် သူ၏နေ့စဉ်ကျင့်ကြံမှုအရှိန်သည် ရပ်တန့်လုနီးပါး ခရုတစ်ကောင်ကဲ့သို့သာ ဖြစ်နေလေသည်။

သို့သော် လက်တွဲဖော်များအကူအညီဖြင့် ကျင့်ကြံမှုအရှိန်သည် မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်နေပေသည်။

“အင်း..’ရွှေစားကူ’ကို လွှတ်ရမယ့်အချိန်ကျပြီပဲ..”

ကျိုးစွေ့က တွေးလိုက်ပြီး ကိုယ်ပွားတစ်ဦးအား အမိန့်ပေးလိုက်သည်။ ချီသန့်စင်ခြင်း အဆင့်(၆)သို့ ရောက်ရှိနေသဖြင့် သူသည် ကိုယ်ပွားခြောက်ဦးကို ဖွဲ့စည်းနိုင်ကာ ပို၍ပင် အလုပ်တွင်စေလေသည်။

ဝှစ်…။

အမိန့်အား လက်ခံရရှိလိုက်သည်နှင့် ကိုယ်ပွားသည် အားနည်းသော အဘိုးကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားကာ၊ မျှော်လင့်ချက်မဲ့နေသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးအသွင် ဖြစ်သွားလေသည်။

၎င်းက မီယွင်မြို့တံခါးဝသို့ သိုသိုသိပ်သိပ် ရောက်ရှိသွားသော်လည်း၊ ဝင်ထွက်သွားလာနေသော ကျင့်ကြံသူများ ပြည့်နှက်နေသည်အား မြင်လိုက်ရလေသည်။

“ဘာလဲဟ..”

မီယွင်မြို့မှ ထွက်ခွာလိုက်သည်နှင့် ပတ်ဝန်းကျင်မှ ပုန်းအောင်းနေကြသော သားကောင်ရှာဖွေနေသည့်အကြည့်များအား အာရုံခံမိလိုက်သည်။ ၎င်းတို့သည် ဆာလောင်နေသောဝံပုလွေတစ်ကောင်က သူ၏သားကောင်အား လောဘတကြီးစိုက်ကြည့်နေသည်နှင့်တူပေသည်။

မြို့နယ်နိမိတ်မှာ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အာရုံအား ဆွဲဆောင်မိပုံရလေသည်။

“သောက်ကျိုးနည်း…မီယွင်မြို့က ပိုပိုပြီးကို ရှုပ်ထွေးလာတော့တာပဲ။” အတွေးနှင့်အတူ နောက်ကျောမလုံမှုကိုလည်း ခံစားလိုက်ရသည်။

မြို့ပြင်ရှိ ရှုပ်ထွေးမှုများအကြောင်း သူသိထားပြီး ဖြစ်သည်။ မြင့်မားသော နေထိုင်စရိတ်နှင့် ငှားရမ်းခသည် ကျင့်ကြံသူများစွာအား မြို့ထဲတွင် မနေနိင်အောင် ဖန်တီးခဲ့ချေသည်။

ထိုသို့ဖြင့် အများစုသည် အပြင်ဘက်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ ဈေးနေရာတွင်သာ နေထိုင်ကြရလေသည်။

ဤမသမာသော ကျင့်ကြံသူများသည် မြို့ထဲမှချမ်းသာသောလူများအား စိတ်ဝင်စားကြပြီ၊ တစ်ကိုယ်တည်းဖြစ်နေသူများအား ပို၍ပင် အာရုံစိုက်ကြလေသည်။

အခွင့်သာလျှင် လုယက်သတ်ဖြတ်ကာ ငွေမြန်မြန်ရှာနိုင်ပေသည်။ ယင်းက မြို့ပြင်တွင် တိုက်ပွဲများ မကြခဏဖြစ်ပွားစေကာ၊ အများအားဖြင့် ကျင့်ကြံသူများအား သေဆုံးခြင်းသို့သာ ဦးတည်စေလေသည်။

ဤသို့သောဖြစ်ရပ်များစွာအား သူကြားဖူးသော်လည်း၊ ယခုမှ ပထမဆုံး ခံစားဖူးသည် ဖြစ်၏။

ယခင်က သူ၏ကိုယ်ပွားများအား မြို့ပြင်သို့ စေလွှတ်ခဲ့စဉ်တွင် ရှုပ်ထွေးမှုက ယခုကဲ့သို့ ထင်တိုင်းမကြဲသလို၊ ရဲတင်းခြင်းလည်း မရှိချေ။

မီယွင်မြို့တွင် ကျင့်ကြံသူများစွာ စုဝေးလာခြင်းက ပို၍ရှုပ်ထွေးလာစေသည်မှာ သံသယဖြစ်စရာမလိုပေ။

ထိုအတွေးများကြောင့် သူ၏ကျင့်ကြံမှုအဆင့်အား ဖုံးကွယ်ရန် မကြိုးစားတော့ဘဲ ချီသန့်စင်ခြင်း အဆင့်(၆) အရှိန်အဝါအား ချက်ချင်း ထုတ်ဖော်လိုက်တော့သည်။

ကျင့်ကြံသူများအကြား ဤကျင့်ကြံမှုအဆင့်က အတော်လေးကောင်းမွန်သည်ဟု ယူဆနိုင်ပေသည်။

ကျိုးစွေ့၏ အရှိန်အဝါအား အာရုံခံမိသည်နှင့် ပတ်ဝန်းကျင်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ စူးရှသော အကြည့်များ သိသိသာသာ လျော့နည်းသွားကာ၊ မချင့်မရဲဖြစ်မှုများ ဖြစ်စေတော့သည်။

“ချီးတဲ့မှကွာ..ချီသန့်စင်ခြင်း အဆင်(၆)တဲ့လား..၊ ငါ့မယ် သိုးဝဝတစ်ကောင်တော့ ရပြီထင်နေတာကွာ..။”

“လက်ရှောင်ကြစို့ဟ..၊ ဒါက သေခါနီး အဘိုးကြီးကွ..၊ သူမှာ ဝှက်ဖဲ ဘယ်လောက်ရှိမလဲ မပြောနိုင်ဘူး။”

“အရဲမစွန့်ကြနဲ့..၊ ဒီလောက်သက်ဆိုးရှည်နေမှတော့…ဒီအဘိုးကြီးမှာ ဝှက်ဖဲတွေ အများကြီးရှိမှာပဲ။”

“ဒီလို အဘိုးကြီးကို ငါတို့ သတ်နိုင်ရင်တောင် ဘာမှ ရမှာမဟုတ်ဘူး။ ငါတို့ထက်တောင် မွဲနေလောက်တယ်..။”

“ချီးလိုပဲ..၊ ဒီလောက်မွဲနေတာကို မြို့ထဲဝင်ပြီး ဘာလုပ်နေတာလဲကွာ..။”

“အရှင်းကြီးကိုကွာ..၊ အပျော်ဂေဟာမှာ မိန်းမရွှင်တွေနဲ့ သွားပျော်ပါးတာနေမှာပေါ့ဟ..။”

“ဒီအသက်အရွယ်ထိ ချီသန့်စင်ခြင်း အဆင့်(၆)မှာပဲ ပိတ်မိနေတာ မဆန်းတော့ပါဘူး.. ရှာသမျှအကုန် လမင်း၊ကြယ်စင်တို့ကိုပဲ ထောက်ပံ့နေတာကိုး..။”

တစ်ကိုယ်တော်ကျင့်ကြံသူများစွာ တိုင်ပင်နေကြလေသည်။

သူတို့သည် ချမ်းသာမှုကိုသာ လိုလားကြပြီး အသက်ကိုတော့ မစွန့်လိုကြချေ။ ထို့ကြောင့် အားကောင်းသူတစ်ဦးအား ထိပ်တိုက်ရင်ဆိုင်ရန် မဝံ့ရဲကြချေ။

လှုပ်ရှားလိုက်၍ အနိုင်ရခဲ့လျှင် ကောင်းသော်လည်း၊ ရှုံးနိမ့်ခဲ့ပါက သူတို့အသက်များအား ထားရစ်ခဲ့ရပေမည်။ ထို့အပြင် ကျိုးစွေ့ပုံစံအရ ငမွဲကျင့်ကြံသူတစ်ယောက်သဖွယ် အားနည်းပုံရ၏။ သူ့အား လုယက်နိုင်ခဲ့လျှင်တောင် ဘာမှရမည်မဟုတ်ပေ။ သူတို့သည် ခွန်အားနှင့်အချိန်အား အလဟဿဖြုန်းတီးမိပေမည်။ ထို့ကြောင့် မဆင်မခြင်မလှုပ်ရှားရဲတော့ပေ။

“ချီးတဲ့မှပဲ..တောနက်ပိုင်းက တကယ်ကို အန္တရာယ်များတာပဲ။ ခြေလှမ်းတိုင်း အသာလေး သတ်ဖြတ်နိုင်တဲ့ အပြုအမူတွေချည်းပဲ။ ကံကောင်းလို့ ဒါက ကိုယ်ပွားဖြစ်နေတာပဲ။”

ကျိုးစွေ့က မျက်နှာမပျက်အောင် ကြိုးစားကာ ပတ်ဝန်းကျင်ရှိကျင့်ကြံသူမား၏ မှတ်ချက်များအား မသိချင်ယောင် ဆောင်လိုက်သည်။ သူ၏ဘေးကင်းမှုအား အာမခံနိုင်သော ကိုယ်ပွားတစ်ဦးအား ဖွဲ့စည်းနိုင်ခဲ့ခြင်းအပေါ် ဘုရားသခင်ကိုပင် ကျေးဇူးတင်မိလေသည်။

အစစ်အမှန်ခန္ဓာကိုယ်ဖြင့်သာ လှုပ်ရှားရပါက သေခြင်းတရားက သေချာပေါက် ခြိမ်း‌ခြောက်မှုတစ်ခုဖြစ်ပေမည်။ ထိုသူတို့၏ မကောင်းသောစိတ်များအား အာရုံခံနိုင်သော်လည်း၊ အရေအတွက်များပြားသည့်အပြင် ၎င်းတို့၏နည်းလမ်းသည် သမားရိုးကျဖြစ်မည်မဟုတ်သောကြောင့် မုချဘေးကင်းမည်အား အာမ မခံနိုင်ပေ။

မတော်တဆချွတ်ချော်မှုတစ်ခုသည်ပင် သေလမ်းသို့ မြန်းရနိုင်လေသည်။

အဘိုးကြီးတစ်ဦးအဖြစ် ရုပ်ဖျက်ခဲ့ခြင်းက ယခုအခါ ကောင်းမွန်သော ဆုံးဖြတ်ချက် ဖြစ်ပုံရလေ၏။ သူသာ လူငယ်တစ်ဦးအနေဖြင့် ထွက်ပေါ်ခဲ့ပါက သူ့အား တိုက်ခိုက်နေနှင့်ပြီးတောင် ဖြစ်နိုင်ပေသည်။

ဝှစ်..

အတွေးများအား စိတ်ထဲတွင်ထားကာ ကျိုးစွေ့သည် အရှိန်ကို မြှင့်ကာ တုံ့ဆိုင်းမနေတော့ဘဲ တိမ်မြူခိုးတောင်တန်းဆီသို့ ဦးတည်လိုက်တော့သည်။

မည်သို့ပင်ဖြစ်စေ ရွှေနီသတ္တုတွင်းသည် ထိုနေရာတွင်တည်ရှိပြီး မီယွင်မြို့နှင့် ကီလိုမီတာ ဆယ်ဂဏန်းခန့် ဝေးကွာလေသည်။

ရွှေနီသတ္တုတွင်းတည်နေရာအား သူသိပြီးသား ဖြစ်၏။ ၎င်းသည် လျှို့ဝှက်ချက်မဟုတ်ပေ။ မီယွင်မြို့ရှိ များပြားသော မိုင်းတွင်းလုပ်သားများကြောင့် ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။

တစ်နာရီခန် ဟိုဒီပြေးလွှားလိုက်ပြီး မီယွင်မြို့နှင့် အတော်အတန်ဝေးကွာသော နေရာသို့ ရောက်ရှိခဲ့လေသည်။ လူသူအရောက်အပေါက်နည်းသော ထူထပ်သည့် တောအုပ်များနှင့် မြူဆိုင်းနေသော တောင်တန်းများဝန်းရံထား‌သည့်နေရာသို့ ရောက်ရှိခဲ့လေသည်။

နောက်ဆုံးတွင်တော့ ကျိုစွေ့ အသက်ရှူချောင်သွားလေသည်။ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ အဆက်မပြတ် စောင့်ကြည့်ခြင်းမှာ လွတ်မြောက်ခဲ့လေပြီ။

၎င်းမှာကိုယ်ပွားတစ်ဦးဖြစ်သော်လည်း၊ ‘ရွှေစားကူ’အား ရွှေနီသတ္တုတွင်းသို့ ပို့ဆောင်ပေးရန် လိုအပ်နေသေးသည်။ လမ်းတစ်ဝက်တွင် အသတ်ခံရနိုင်သည့် မည်သည့်အန္တရာယ်ကိုမှ မယူနိုင်ပေ။

“မမျှော်လင့်တာတွေ ထမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်..။”

ကျိုးစွေ့က အသက်ပြင်းပြင်းရှူကာ သတိအနေအထားဖြင့် ရွှေနီသတ္တုတွင်းဆီသို့ ဦးတည်သွားလိုက်လေသည်။

ဘာရယ်…။

ရုတ်တရက်၊ သူ၏ဝိညာဉ်အာရုံသည် မီတာရာပေါင်းများစွာအကွာရှိ ချုံပုတ်ထဲတွင် ပုန်းအောင်းနေသော အနက်ဝတ် ကျင့်ကြံသူသုံးဦးအား အာရုံခံမိလိုက်လေသည်။ ၎င်းတို့တွင် မကောင်းဆိုးဝါးဆန်ဆန် နိုင့်ထက်စီးနင်းသော အရှိန်အဝါများ ထုတ်လွှတ်နေပြီး၊ တစ်ကိုယ်လုံး မကောင်းစိတ်များဖြင့် ပြည့်လျှံနေ‌၏။ ကျိုးစွေ့ ကျောရိုးထဲတွင်ပင် အေးစိမ့်သွားလေတော့သည်။

မိစ္ဆာကျင့်ကြံသူတွေပဲ..။

ချက်ချင်းဆိုသလို ကျိုး‌စွေ့ ကောက်ချက်ချလိုက်သည်။ သာမန်လုယက်သူများသည် သေလောက်သောအရှိန်အဝါအား ထုတ်ဖော်နိုင်သော်လည်း..၊ ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကို ထုတ်လွှတ်နိုင်ခြင်းမရှိချေ။

မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများသာလျှင် သူတို့၏ကျင့်ကြံနည်းများကြောင့် ချီစွမ်းအင်တွင် မိစ္ဆာဓာတ် ပါဝင်နေလေသည်။ သူတို့ကျင့်ကြံသမျှသည် အမြဲတစေ ရက်စက်ကြမ်းကြုတ်လေသည်။ ၎င်းသည် သာမာန်ကျင့်ကြံသူများနှင့် လုံးဝကွဲပြားစေပြီး သူတို့အား ပိုမို၍ အကြမ်းဖက်၊သတ်ဖြတ်လိုစိတ်ပြင်းပြလာစေသည်။

“အိုး..စိတ်ဝင်စားစရာပဲ…။ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က ငါတို့ကို သတိထားမိတယ်တဲံ..။ ဟဟ ဒီအဘိုးကြီး ကြည့်ရတာ ထင်သလောက် မရိုးရှင်းဘူးပဲ..။”

မိစ္ဆာကျင့်ကြံသူတစ်ဦးက မှတ်ချက်ချလိုက်လေသည်။ သူတို့သည် သူတို့အား ရှာဖွေတွေ့ရှိသွားသည်အား အာရုံခံလိုက်မိကာ တွေဝေခြင်းမရှိ တောထဲထွက်ထွက်လာပြီး ကျိုးစွေ့အရှေ့သို့ ပိတ်ရပ်လိုက်ကြတော့သည်။

All Chapters