← Chapters

သုံးနှစ်တစ်ကြိမ် ကျင်းပသော ရွှမ်ပေါင်မျှော်စင် လေလံပွဲ။

Vol. 4 Ch. 60

သုံးနှစ်တစ်ကြိမ် ကျင်းပသော ရွှမ်ပေါင်မျှော်စင် လေလံပွဲ။

Vol. 4 Ch. 60

“ယောက်ျား ရှင် တကယ်ပဲ ဟွမ်းလုံဆေးလုံးကို ဖော်စပ်နိုင်ခဲ့တယ်။ တကယ့်ကို အထင်ကြီးစရာပဲ။”

“အခု ရှင်က ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင်ဖြစ်သွားပြီ။”

ကျင့်ကြံရေးအခန်းထဲမှ ထွက်လာသော ကျိုးစွေ့အား မြင်သောအခါ၊ သူ့လက်ထဲတွင် အသစ်ဖော်စပ်လာသော ဆေးလုံးများအား ကိုင်ထားဆဲဖြစ်ရာ ကျိပင်းယွီ အလွန်ဝမ်းသာသွားလေသည်။

သူမ၏ခင်ပွန်းသည် တစ်ချိန်တွင် သေချာပေါက် ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး ဖြစ်လာမည်အား ယုံကြည်ထားသော်လည်း လအနည်းငယ်အတွင်း ဤမျှလျင်မြန်စွာ ဖြစ်မည်ကိုတော့ သူမ ထင်မထားမိချေ။

ထပ်မံ၍သာ အချိန်ပေးလိုက်ပါက သူမ၏ခင်ပွန်းသည် ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးဖြစ်လာပြီး အခြေတည်ဆေးလုံးကို ဖော်စပ်နိုင်ပေလိမ့်မည်။

သူမ၏နှလုံးသားက တဖျပ်ဖျပ်ခုန်လာပြီး သူ့အပေါ်ထားသော အချစ်သည် ပိုမိုခိုင်မာလာလေသည်။

“အဲ့ဒီအဆင့်နဲ့က အဝေးကြီး လိုပါသေးတယ်ကွာ။ ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင်ဖြစ်တာက အစပဲ ရှိပါသေးတယ်။” ကျိုးစွေ့က လက်ယမ်းလိုက်ပြီး နှိမ့်ချစွာ ပြောလိုက်သည်။

“ဟုတ်ပ၊ ယောက်ျားရဲ့ပါရမီနဲ့ဆိုရင် ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်ဆိုတာ ဘာဟုတ်အုံးမလဲ။ တတိယ၊ စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်တောင် ဖြစ်လာနိုင်သေးတယ်။” မုဇီယန်က ကျိုးစွေ့အား အလွန်လေးစားစွာ ကြည့်လိုက်သည်။

သူမ၏ခင်ပွန်းသည် အရာရာကို တတ်စွမ်းနိုင်သော၊ မည်သည့်အရာကိုမဆို လုပ်နိုင်သူဖြစ်သည်ဟု ခံစားလိုက်ရသည်။

“ယောက်ျား၊ ကျွန်မ အခုပဲ ချက်ပြုတ်ပြီးတယ်။ စားတော့မလား။”

ကျိပင်းယွီက မေးလိုက်သည်။

“မလောပါနဲ့၊ ထမင်းဟင်းထက်စာရင် မင်းကိုပဲ စားချင်တယ်။”

ကျိုးစွေ့သည် အလွန်ပင် စိတ်လက်ကြည်သာနေပြီး ဇနီးနှစ်ယောက်ဖြစ်သော ကျိပင်းယွီနှင့် မုဇီယန်အား ကြည့်လိုက်သည်။ သူမတို့၏ လှပသောကောက်ကြောင်းများကို အထင်းသားမြင်နိုင်သော တစ်ဝက်တစ်ပျက် ဖောက်ထွင်းမြင်နေရသည့် အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်ထားရာ၊ လှုပ်ရှားမှုတိုင်းသည် ဆွဲဆောင်မှုများဖြင့် ပြည့်လျှံနေလေသည်။

လက်ထပ်ခဲ့သည်မှာ အတော်အတန်ကြာခဲ့ပြီး ဖြစ်သော်လည်း ထူးခြားသော ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။

“ဟမ့်..ရှင်ကတော့ လူယုတ်မာလေးပဲ ခစ်ခစ်။”

ကျိပင်းယွီ၏မျက်နှာက ရဲပဒေါင်းခတ်သွားသည်။ ကျိုးစွေ့အား အကြည့်တစ်ချက်ဖြင့် လှမ်းကြည့်လိုက်ပြီး ဘာကိုဆိုလိုသည်အား ရှင်းလင်းစွာ နားလည်လိုက်လေသည်။

ယင်းအား ကြားသော် မုဇီယန်သည်လည်း မျက်နှာနီမြန်းသွားကာ မျက်လုံးများထဲတွင် ရှက်ရွံ့မှုများ ပြည့်နှက်သွားလေသည်။

ဘေးမှ ရှားကျင်းယန်သည် တံတွေးထွေးလိုက်ပြီး မနာလိုမှုနှင့် ရှက်ရွံ့မှု ရောနှောနေသော အမူအရာအား ထုတ်ဖော်ပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ ဤယောက်ျားနှင့် သူမ၏ဆက်ဆံရေးသည် သိက္ခာမဲ့ပြီး လျှို့ဝှက်ပေသည်။ သူမ၏အစ်မအား ခဲအိုဖြစ်သူနှင့် အိပ်ခဲ့သည်အား သိစေ၍မဖြစ်ပေ။

နောက်လှည့်မကြည့်ဘဲ သူမ၏အခန်းဆီသို့ ပြန်လျှောက်သွားသည်။

သို့သော် နောက်ပိုင်းတွင် ထိုငနဲအား သူမအခန်းထဲမှ ‌လေးဘက်ထောက်ထွက်သွားစေအောင် ပညာပေးမည်ဟု ကြိမ်းဝါးထားလေသည်။

မကြာမီ ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင်ဖြစ်လာခြင်းအား အောင်ပွဲခံရန် သုံးယောက်သားအတူ ကြည်နူးစရာအခိုက်အတန့်အား မျှဝေလိုက်ကြသည်။

ညဉ့်နက်မှသာ သူတို့၏ဂုဏ်ပြုပွဲအား အဆုံးသတ်ခဲ့ကြတော့သည်။

“ယောက်ျား၊ ငါတို့ရဲ့အိမ်နီးချင်း ရှုထျန်းဇယ်လေ သိတယ်မလား။”

ကျိုးစွေ့ရင်ခွင်ထဲတွင် လှဲလျောင်းနေသော ကျိပင်းယွီသည် အိမ်နီးချင်းရှုထျန်းဇယ်အကြောင်းအား ပျင်းရိစွာ ပြောလိုက်သည်။

“အင်း ဘာဖြစ်လို့လဲ။ သူက တစ်ကိုယ်တော်ကျင့်ကြံသူတစ်အုပ်ကို ရှေးဟောင်းအပျက်အစီးတွေကို စူးစမ်းဖို့ ဖိတ်ခေါ်ခဲ့တာမဟုတ်လား။” ကျိုးစွေ့က လျှို့ဝှက်ဆန်းကြယ်သော အိမ်နီးချင်း ရှုထျန်းဇယ်အား ပြန်အမှတ်ရလိုက်သည်။

ထိုသူအား သူ အမြဲတစေ သတိထားခဲ့လေသည်။

“သိပ်မကြာခင်က သူတို့တွေ ပြန်ရောက်လာကြပြီ။ အခြေတည်အဆင့် ဂူတစ်ခုကို တွေ့ခဲ့တာ သေချာတယ်။ ရတနာတွေ အများကြီးလည်း ရခဲ့ကြတယ်တဲ့။ ကျင့်ကြံသူအများစု သေသွားပေမယ့် သူတို့တွေ အောင်ပွဲခံနေကြတယ်။”

“ရှုထျန်းဇယ်ရဲ့ ဖိတ်ခေါ်မှုကို ငြင်းပယ်ခဲ့တဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေက သူတို့ဆုံးဖြတ်ချက်ကို နောက်တရနေကြတယ်တဲ့။ မဟုတ်ရင် အခုလို မနာလိုစိတ်နဲ့ လောင်ကျွမ်းမနေရဘဲ ချမ်းသာသွားမှာ ဆိုပြီး ပြောနေကြတယ်တဲ့။”

“သူတို့တွေ သိသာထင်ရှားတဲ့အကျိုးအမြတ်တွေနဲ့ တကယ်ကြီး အသက်ရှင်လျက် ပြန်လာခဲ့ကြတာလား။”

ကျိုးစွေ့ အံ့အားသင့်သွားသည်။ ဤသို့ဖြစ်မည်ဟု သူထင်မထားချေ။ ဤကဲ့သို့သော စူးစမ်းရှာ‌ဖွေရေးတွင် အများအပြား သေဆုံးနိုင်ဖွယ်ရှိသည်ဟု ထင်ထားခဲ့သော်လည်း၊ သူတို့အားလုံး ဘေးကင်းစွာ ပြန်ရောက်လာခဲ့ကြ၏။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ သူနှင့်ဘာမှမဆိုင်ပေ။ မနာလိုစိတ်ကြောင့် သူ၏ဆုံးဖြတ်ချက်အား ပြင်မည်မဟုတ်ပေ။

ထပ်မံ၍ နောက်တစ်ကြိမ် အခွင့်အရေးရလျှင်ပင် သူသည် ထိုသို့သော လှုပ်ရှားမှုမျိုးတွင် ပါဝင်မည်မဟုတ်ပေ။

ယင်းက လောင်းကစားနှင့် တူပေသည်။ တစ်ကြိမ် ကံကောင်းခဲ့လျှင်ပင်၊ နောက်ဆုံးရလဒ်မှာ အမြဲတစေ ဒေဝါလီခံရခြင်းသာ ဖြစ်သည်။ မည်သည့်လောင်းကစားသမားမှ ချမ်းသာကြွယ်ဝစွာ အဆုံးမသတ်ခဲ့ပေ။

“အင်း၊ ရှုထျန်းဇယ်က ဒုတိယမြောက်စူးစမ်းရှာဖွေရေးတစ်ခုကို စီစဉ်နေတယ်တဲ့။ ကျင့်ကြံသူအများကြီးက စိတ်အားထက်ထက်သန်သန်နဲ့ စာရင်းသွင်းနေကြတယ်။ ကျွန်မဆီကိုတောင် ချဉ်းကပ်ပြီး အခြေတည်အဆင့် စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ရနိုင်လောက်တယ်လို့ ပြောသေးတယ်။”

ကျိပင်းယွီက ပြောပြလိုက်သည်။

“သူ့ကို ဂရုစိုက်မနေနဲ့။”

ကျိုးစွေ့က လက်ကို အေးအေးဆေးဆေး ယမ်းလိုက်ပြီး “သုံးရက်အတွင်းမှာ မီယွင်မြို့ရဲ့ သုံးနှစ်တစ်ကြိမ် လေလံပွဲကြီး ကျင်းပတော့မှာ ငါတို့ အခြေတည်ဆေးလုံးတစ်လုံး ဝယ်နိုင်လောက်တယ်။ မင်း အဆင့်ချိုးဖြတ်ပြီး အခြေတည်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်။ မလိုအပ်တဲ့စွန့်စားမှုတွေလုပ်တာက အဓိပ္ပါယ်မရှိဘူး။”

သူသည် ရှုထျန်းဇယ်၏အကြံဉာဏ်အား အလေးအနက်မထားပေ။

“အင်း ကျွန်မလည်း အဲ့ဒီလိုပဲ တွေးတာ၊ ဒါကြောင့် ချက်ချင်း ငြင်းခဲ့တယ်။ သူကတော့ ဇွဲမလျော့ချင်ပုံပဲ။”

ကျိပင်းယွီသည်လည်း စိတ်ရင်းအမှန်ဖြင့် သဘောတူလေသည်။ အန္တရာယ်ရှိနိုင်သော စွန့်စားမှုတစ်ခုအတွက် မြို့ပြင်သို့ စွန့်စားမထွက်ခွာလိုပေ။

သူမသည် တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်စဉ်က ဝိညာဉ်ကျောက်တုံးများ ရှာဖွေရန် အခြားနည်းလမ်းမရှိသောကြောင့်သာ မကြာခဏ စွန့်စားမှုများပြုလုပ်ပြီး ယောင်သားရဲများကို အမဲလိုက်ခဲ့ရသည်။ ထိုအချိန်က ဤသို့သော အန္တရာယ်ရှိပြီး သွေးထွက်သံယိုများသော ဘဝပုံစံအား လက်ခံရုံမှလွဲ၍ မည်သည့်ရွေးချယ်စရာမှမရှိခဲ့ပေ။

ယခုတွင်မူ ထိုသို့မဟုတ်တော့ပေ။ ဝိညာဉ်အရက်ရောင်းချမှုသည် မယုံနိုင်လောက်အောင် တိုးတက်နေပြီး သူမအား လစဉ် ဝိညာဉ်ကျောက်တုံး အများအပြားအား ရရှိစေသည်။

အသေးအဖွဲအကျိုးအမြတ်အတွက် သူတို့၏အသက်များကို စွန့်စားနေသောသူများနှင့် အဘယ်ကြောင့် သူမ ရောနှောလိုမည်နည်း။

သူမ အောင်မြင်ခဲ့လျှင်ပင် အကျိုးအမြတ်သည် များပြားမည်ဟု အာမခံချက်မရှိပေ။

သူမ ကျရှုံးခဲ့လျှင်မူ ၎င်းမှာ အရာရာကို ဆုံးရှုံးရမည်ဖြစ်ပြီး သူမအသက်ကိုပင် ဆုံးရှုံးရပေမည်။

ဆံပင်ရှိလျှင် မည်သူက ထိပ်ပြောင်ဖြစ်ရန် ဆန္ဒရှိမည်နည်း။

ထိုတစ်ကိုယ်တော်ကျင့်ကြံသူများသည် မျှော်လင့်ချက်မဲ့မှုကြောင့် စွန့်စားမှုများ ပြုလုပ်ရလေသည်။ သူတို့တွင် မည်သည်ကျွမ်းကျင်မှုမှ မရှိဘဲ တိုက်ခိုက်ခြင်းနှင့်သတ်ဖြတ်ခြင်းကိုသာ သိကြ၏။ ယောင်သားရဲများကို အမဲလိုက်ခြင်း၊ စွန့်စားမှုများမပြုလုပ်ဘဲ သူတို့၏ကျင့်ကြံမှုအတွက် အရင်းအမြစ်များအား မည်သို့ ရှာဖွေနိုင်မည်နည်း။

“ယောက်ျား၊ ငါကြားတာတော့ ဒီလေလံပွဲက ကြီးမားတဲ့ပွဲတစ်ခုဖြစ်ပြီးတော့ ရွှမ်ပေါင်မျှော်စင်က ကျင်းပတာတဲ့။”

မုဇီယန်က ဆက်လက်၍ “ဒီလေလံပွဲမှာ အခြေတည်ဆေးလုံးတွေတင်ပဲ မဟုတ်ဘူး။ အိုမင်းရင့်ရော်မှုကို တားဆီးနိုင်တဲ့ ဆေးတွေ၊ အခြေတည်အဆင့် စိတ်ဝိညာဉ်ပစ္စည်းတွေ၊ထိပ်တန်းအဆင့် မှော်လက်နက်တွေနဲ့ အခြားဟာတွေရော ပါမှာတဲ့။ ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်နဲ့ အခြေတည်အဆင့် ကျင့်ကြံသူတွေတောင် ဆင်နွှဲကြမှာတဲ့။”

ရွှမ်ပေါင်မျှော်စင်..။

ကျိုးစွေ့မျက်မှောင်ကြုတ်လိုက်သည်။ ဤအဖွဲ့အစည်းအကြောင်းအား ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။

“ယောက်ျား၊ ကုန်သည်ကြီးများအသင်းကို အထင်မသေးနဲ့။”

ကျိပင်းယွီက လေးနက်စွာ ပြောလိုက်သည်။ “ကုန်သည်ကြီးများအသင်းက ရွှေအမြုတေ ဆရာသခင်အများကြီးရဲ့ ကျောက်ထောက်နောက်ခံကို ရထားတယ်လို့ ဆိုကြတယ်။ အနည်းဆုံး ငါးယောက်၊ ခြောက်ယောက်လောက် ရှိမယ်တဲ့။ အင်မော်တယ်ရှားဂိုဏ်းနဲ့ တစ္ဆေမိစ္ဆာဂိုဏ်းလို့ ဂိုဏ်းကြီးတွေကတောင် ရွှမ်ပေါင်မျှော်စင်ကို လေးစားမှုပေးရတယ်။”

“ဒီကုန်သည်ကြီးများအသင်းရဲ့ လုပ်ငန်းတွေက အဓိကကျင့်ကြံသူမြို့ကြီးတွေ့မှာ ဖြန့်ကျက်ထားတယ်။ ကျင့်ကြံသူမြို့ကြီးတစ်ခုစီတိုင်းမှာ ရွှမ်ပေါင်မျှော်စင်ရဲ့ ရုံးခွဲတစ်ခုရှိတယ်။ သူတို့ရဲ့ ဩဇာအာဏာက ငြင်းချက်မထုတ်နိုင်အောင်ကို ကြီးတယ်။”

“အင်း ပြီးတော့၊ ဒီကုန်သည်ကြီးများအသင်က နေရာအနှံ့က ရတနာတွေကို စုဆောင်းပြီးတော့၊ ကျင့်ကြံသူအများကြီးကို ဆွဲဆောင်နိုင်တဲ့ ကြီးမားတဲ့ လေလံပွဲတွေကို မကြာခဏကျင်းပတယ်။ တစ်ခါတစ်လေဆို ရွှေအမြုတေဆရာသခင်တွေကိုတောင် ဆွဲဆောင်ခံရတယ်တဲ့။”

သူမသည် ရွှမ်ပေါင်မျှော်စင်၏နောက်ခံအား အကျဉ်းချုံးဖော်ပြလိုက်သည်။ ၎င်းမှာ သံသယဖြစ်ဖွယ်မရှိ ဧရာမအဖွဲ့အစည်းတစ်ခုဖြစ်လေသည်။

သူတို့၏အာဏာနှင့် အင်အားအတိုင်းအတာသည် အင်မော်တယ်ရှားဂိုဏ်းထက်ပင် ကျော်လွန်နေသေးသည်။ ကျိမိသားစု အထွတ်အထိပ်ကာလတွင်ပွင် သူတို့သည် ရွှမ်ပေါင်မျော်စင်မှ ရတနာများကို ဝယ်ယူခဲ့ပြီး မျှော်စင်အား အလွန်လေးစားစွာ ဆက်ဆံခဲ့ကြသည်။

ဤမျှများပြားသော ရတနာများကို စုဆောင်းကာကွယ်ထားနိုင်သော ကုန်သည်ကြီးများအသင်း၏အင်အားသည် မည်မျှကြီးမားမည်အား အလိုလို ခန့်မှန်းကြည့်နိုင်ပေသည်။

လုံလောက်သောအင်အားမရှိခဲ့ပါက၊ ရှေးယခင်ကတည်းက လုံးဝလုယက်ခြင်းခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။

ကျင့်ကြံရေးလောကတွင် ငြိမ်းချမ်းရေးဟူ၍ မရှိပေ။ ခွန်အားကသာ အရာရာအား ဆုံးဖြတ်လေသည်။

“ဒီတော့ ငါတို့ ဒီတစ်ခါ အခြေတည်ဆေးလုံးတစ်လုံးကို ဝယ်နိုင်ဖို့ အခွင့်အလမ်းပိုများတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။”

ကျိုးစွေ့က စိတ်လှုပ်တရှားဖြင့် လက်သီးဆုပ်လိုက်သည်။

“ပြောလို့တော့ မရသေးဘူး။ အခြေတည်အဆင့် ကျင့်ကြံသူတချို့လည်း ဒီပွဲကို စိတ်ဝင်စားကြမှာပဲ။ သူတို့သာ ဝင်စွက်ဖက်မယ်ဆိုရင် ငါတို့အလှည့် မရောက်နိုင်ဘူး။”

ကျိပင်းယွီက ခေါင်းခါလိုက်သည်။

တစ်ခါတစ်ရံတွင် ကြီးကျယ်ခန်းနားသော လေလံပွဲတစ်ခုသည် သာမန်ကျင့်ကြံသူများအတွက် အားနည်းချက်တစ်ခုလည်း ဖြစ်နိုင်သည်။

ရတနာများစွာသည် အားကြီးသော ကျင့်ကြံသူများ၏ ပစ်မှတ်ထားခြင်းကို ခံရမည်ဖြစ်ပြီး၊ သာမန်လူများအတွက် အခွင့်အရေးမကျန်ရစ်ဟု ဆိုလိုပေသည်။

“ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ငါတို့ စမ်းကြည့်ကြတာ‌ပေါ့။”

ကျိုးစွေ့က တည်ကြည်စွာ ကြုံးဝါးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ သူတို့ အခြေတည်ဆေးလုံးတစ်လုံး ရယူရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ဤအခွင့်အရေးအား လွဲချော်သွားပါက နောက်တစ်ကြိမ် ဘယ်အချိန်မှပြန်လာမည်အား မည်သူမျှမသိနိုင်ပေ။

All Chapters