← Chapters

အခန်း (၂၀၁+၂၀၂)

Vol. 9 Ch. 201+202

အခန်း (၂၀၁+၂၀၂)

Vol. 9 Ch. 201+202

အခန်း(၂၀၁) အဝါရောင်လေးတွေ ကြိုက်တယ်

“လက်ဆောင်ပေးဖို့ လိုက်ရှာနေတာ!” စူစူလေး ပြန်ဖြေလိုက်သည်။

“ဒီတိုင်း အပြင်မှာ သွားဝယ်လိုက်လို့ မရဘူးလား”။ ဟွော်ထျင်းက ထပ်မေးလိုက်၏။

“ငါ့မှာ ဝယ်စရာ ပိုက်ဆံမှ မရှိတာ”။ စူစူလေးက ဆိုသည်။

“ပိုက်ဆံမရှိဘူးဟုတ်လား။ ဒါဆို ငါ့ပိုက်ဆံ ယူသုံးလေ။ ငါ့မှာ အများကြီးပဲ!”

“ဪ အိုကေလေ”။ စူစူလေး ခေါင်းငြိမ့်လိုက်ပါသည်။

ဟွော်ထျင်းက ရှေ့တိုးလာပြီး သစ်သားသေတ္တာကြီး ၂ လုံးကို စိတ်ဝင်တစား ကြည့်လိုက်ပါသည်။ “အဲ့ သေတ္တာကြီး နှစ်လုံးထဲ ဘာတွေထည့်ထားတာလဲ”။

“တစ်ခုက သူများတွေ ပေးထားတဲ့ လက်ဆောင်တွေ ထည့်ထားတာ။ တစ်ခုက ငါကြိုက်တဲ့ အဝါရောင် ပစ္စည်းလေးတွေ ထည့်ထားတာ”

“နင်ကြိုက်တဲ့ အဝါရောင်ပစ္စည်းတွေ?”

ဘာကြီးလဲ။

ဟွော်ထျင်း စိတ်ပိုဝင်စားသွားခဲ့သည်။

“ဟုတ်တယ်!” စူစူလေးက ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သစ်သားသေတ္တာကြီး၏ သံလက်ကိုင်ကို ဆွဲလိုက်ပြီး ဟွော်ထျင်းအား ပေးလိုက်သည်။ “နင်ကြည့်ချင်လို့လား”

သေတ္တာကြီးက စူစူလေးထက် ပိုကြီးပါသည်။ ထို့အပြင် သူမ ကိုင်ထားသည့် ပုံစံကလည်း အလွန်အန္တရာယ်များသည်။

“ငါ့ကို ပေး”။ ဟွော်ထျင်းက လှမ်းယူဖို့ ပြင်လိုက်သည်။

“အွန်း”။ စူစူလေး သေတ္တာကို လွှတ်ပေးလိုက်ပါသည်။

ဝုန်း!

အသံကျယ်ကြီး တစ်သံနဲ့အတူ သေတ္တာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

ဟွော်ထျင်း ကြက်သေသေသွားခဲ့၏။

စူစူလေးတောင် ကိုင်ထားနိုင်သဖြင့် သေတ္တာက ပေါ့ပေါ့လေးဖြစ်မည်ဟု ထင်ထားတာ ဖြစ်သည်။

စူစူလေး လွှတ်လိုက်တာနဲ့တစ်ပြိုင်နက် သေတ္တာက ကြမ်းပြင်ပေါ် တစ်ခါတည်း ပြုတ်ကျသွားခဲ့သည်။ ဟွော်ထျင်း အစွမ်းကုန် အားထည့်ပြီး မ,သော်လည်း မနိုင်ပါ။

ကံကောင်းစွာဖြင့် ချင်းမိသားစုအိမ်တော်ကို ပြီးစလွယ်တည်ဆောက်ထားတာ မဟုတ်ပေ။ ကြမ်းပြင်သာ အရည်အသွေး မကောင်းပါက သေတ္တာ၏အလေးချိန်ကြောင့် တစ်ခါတည်း အိမ်ပြိုသွားနိုင်သည်။

အသံကျယ်ကြီးကြောင့် အိမ်ထဲမှ လူကြီးတွေ လန့်သွားကြသည်။

အိမ်တော်ထိန်းလျို့နဲ့ ဘော်ဒီဂတ်တချို့ စူစူလေးအခန်းထဲ အပြေးရောက်လာကြလေသည်။

“ဘာတွေဖြစ်နေတာလဲ။ သခင်မလေးစူစူနဲ့ သခင်လေးတို့! ဘာဖြစ်သွားကြသေးလဲ?!”။ အိမ်တော်ထိန်းလျို့က စိတ်ပူစွာ မေးလိုက်သည်။

“ဘာမှမဖြစ်ဘူး အပြင်ပြန်ထွက်ကြစမ်း။ လာမနှောင့်ယှက်နဲ့”။ ဟွော်ထျင်းက အမိန့်ပေးလိုက်သည်။

ဒီလို ရှက်စရာကောင်းသည့် အခြေအနေကို သူများတွေ မြင်သွားလို့ မဖြစ်ပါ။ စူစူလေးရှေ့မှာ မျက်နှာပျက်ရတာနဲ့တင် လုံလောက်ပါပြီ။

အိမ်တော်ထိန်းလျို့က တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ သစ်သားအပိုင်းအစလေး တချို့သာ တွေ့ရသည်။

ဟွော်ထျင်းနဲ့ စူစူလေးတို့ ဘာမှမဖြစ်မှန်း သေချာမှ ဘော်ဒီဂတ်များနဲ့အတူ အိမ်တော်ထိန်းလျို့ အခန်းထဲမှ ပြန်ထွက်သွားလေသည်။

မဆိုင်သူတွေ ထွက်သွားသောအခါ ဟွော်ထျင်းက ခေါင်းမာစွာဖြင့် သေတ္တာကြီးကို ထပ်မ,ကြည့်ဖို့ ကြိုးစား၏။

သူ့ခွန်အားတွေ အကုန် ထုတ်သုံးပြီး မျက်နှာတောင် နီရဲလာပါသည်။

သေတ္တာက တစ်လက်မတောင် မရွေ့ပေ။

ထို့နောက် သေတ္တာကြီးကို တွန်းကြည့်ဖို့ ဟွော်ထျင်း ကြိုးစားသည်။

ကြမ်းပြင်ပေါ်မှာ ခြေဖဝါးများကို ကုပ်လျက် အစွမ်းကုန် တွန်းကြည့်သည်။

အမောဖောက်လုနီးပါး ဖြစ်သွားသော်လည်း သေတ္တာကြီးက လုံးဝ မရွေ့ပါ။

ဟွော်ထျင်း ဟောဟဲဆိုက်ကာ စူစူလေးကို ပြန်ကြည့်လိုက်သည်။

ထိုမိန်းမကြီးက စူစူလေးကို မကောင်းဆိုးဝါးဟုခေါ်ပြီး အတင်းတုပ်တာ မှားသော်လည်း စူစူလေး၏ ခွန်အားကို ပြောဆိုတာတော့ မမှားပေ။

ဒါဆို ဒီသေတ္တာထဲမှာ ဘာတွေ ထည့်ထားလို့လဲ။

ဟွော်ထျင်း စိတ်ဝင်စားစွာ သေတ္တာကြီးကို ဖွင့်ကြည့်လိုက်သည်။

သူတွေ့လိုက်ရသည့် အရာက အဝါရောင်…

ရွှေချောင်းတွေ?!!

သေတ္တာတစ်ခုလုံး ရွှေချောင်းတွေ အပြည့်နဲ့!!!

“နင်ခုနကပြောတော့ ပိုက်ဆံမရှိဘူးဆို?!”

“ဟုတ်တယ် ပိုက်ဆံ မရှိဘူးလေ”။ စူစူလေး ပြောလိုက်သည်။

“ဒါဆို ဒါက ဘာတွေလဲ” ဟွော်ထျင်း သေတ္တာထဲက ရွှေချောင်းတွေကို လက်ညှိုးထိုးပြလိုက်ပြီး မေးလိုက်ပါသည်။

“ရွှေတွေလေ!”

“တော်သေးတာပေါ့ ရွှေမှန်းတော့ သိသားပဲ”

“ဒါပေါ့ ရွှေက အရမ်းလှတာကိုး!”။ စူစူလေးက ရွှေတွေကို အလွန်သဘောကျပါသည်။ နတ်သားရဲဘဝကတည်းက ရွှေတွေကို ကြိုက်နှစ်သက်ခဲ့တာ ဖြစ်သည်။

ငွေစက္ကူတွေကိုတော့ စူစူလေး ဂရုမစိုက်ပါ။ ငွေစက္ကူပေါ်က နံပါတ်တွေကိုတောင် စူစူလေး မတွက်တတ်ပါ။ သူမ အတွက် ပိုက်ဆံဆိုတာ နံပါတ်တွေရေးထားသည့် သာမန် အစိမ်းရောင် စက္ကူတွေဖြစ်သည်။

ဟွော်ထျင်းက စူစူလေး၏ အပြစ်ကင်းစင်သော မျက်နှာလေးနဲ့ ကြည်လင်သော မျက်လုံးလေးများကို အကြာကြီး စိုက်ကြည့်လိုက်သည်။

နောက်ဆုံးတော့ ဒီကလေးမလေး ပိုက်ဆံဆိုတာ ဘာမှန်း မသိကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။

ပိုက်ဆံမရှိဘူးဆိုသော်လည်း ရွှေချောင်းတွေ အပြည့်နဲ့ သေတ္တာကြီးတစ်ခုလုံး ရှိနေသည်။

ဟွော်ထျင်းက မေးလိုက်သည်။ “ရွှေချောင်းတွေ ထည့်ထားတဲ့ သေတ္တာတွေ ရှိသေးလား”

“ရှိတယ်။ ဖေဖေနဲ့ မေမေက သိမ်းပေးထားတာ!” စူစူလေးက ပြန်ဖြေလိုက်ပါသည်။

“ဘယ်လောက်ရှိတာလဲ…”။ ဟွော်ထျင်း ဆက်မေးလိုက်သည်။

… … …

အခန်း(၂၀၂) ဟွော်ထျင်း တောင်းပန်ခြင်း

“ဘယ်နှခုလဲဆိုတော့…”။ စူစူလေး လက်ချောင်းထောင်ကာ စတင် ရေတွက်သည်။

တစ်… နှစ်… သုံး…

စူစူလေး အတန်ကြာအောင် ရေတွက်နေသော်လည်း သေချာ မပြောနိုင်ပါ။

ဟွော်ထျင်း နှုတ်ခမ်းများ တွန့်သွားသည်။

ဖြစ်ချင်တော့ ဒီကလေးမလေးက သူဌေးမလေးဖြစ်နေသည်။ သူ့ကိုယ်သူ သူဌေးမလေးဖြစ်မှန်း မသိရုံသာ ရှိသည်။

“နင်ရွှေကြိုက်မှန်း သိရင် စိန်တွေအစား ရွှေတွေ လက်ဆောင်ပေးခဲ့ပါတယ်”။ ဟွော်ထျင်း ရေရွတ်လိုက်ပါသည်။

“ဘာပြောတယ်”။ စူစူလေး သေချာ မကြားလိုက်ပါ။

“ဘာမှမဟုတ်ဘူး”။ ဟွော်ထျင်း ဆက်ပြောလိုက်၏။ “ထားလိုက်တော့ အခု ငါနဲ့ အောက်လိုက်ခဲ့”

“ဒါပေမယ့် လက်ဆောင်က…”

“လက်ဆောင်ကိစ္စ ငါရှင်းလိုက်မယ်”။ ဟွော်ထျင်းက ပြောလိုက်သည်။ “ဒါပေမယ့် ရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ ဒီကိစ္စနဲ့ မဆိုင်တဲ့ အပြစ်မရှိတဲ့ အန်တီကြီးတွေကိုပဲ တောင်းပန်မှာနော်။ နင့် မရီးကိုတော့ လုံးဝ မတောင်းပန်နိုင်ဘူး!”

ဟွော်ထျင်းမှာလည်း ကိုယ်ပိုင်ခံယူချက်နဲ့ မာန ရှိပါသည်။

သူ့အပြစ်ဟု မထင်လျှင် မတောင်းပန်နိုင်ပါ။

“အင်းပါ”။ စူစူလေး ခေါင်းငြိမ့်လိုက်သည်။

“ဒီလိုမှပေါ့”။

ထို့နောက် သူကိုင်ထားသည့် စူစူလေး၏ နူးညံ့ ပျော့ပြောင်းသော လက်ကလေးကို ကြည့်ရင်း ဟွော်ထျင်း ပြုံးမိသွားသည်။

ဒီကလေးမလေးက သူ့လက်ကို ကိုင်ထားမိမှန်းတောင် သတိမထားမိလောက်ပါ။

သူမရဲ့ လက်ကလေးက တကယ် ပျော့ပြောင်းပြီး နွေးထွေးကာ ကိုင်လို့ကောင်းပါသည်။

--- --- ---

ဟွော်ထျင်းတစ်ယောက် ဝမ်ချင်းကို အကြောက်လွန်ကာ သတိလစ်အောင် လုပ်ခဲ့ပြီး အဆင့်အတန်းမြင့်သည့် သူဌေးကတော်တချို့ကိုလည်း ကြောက်လန့်သွားအောင် လုပ်ခဲ့မိသည်။

ယခု ထို သူဌေးကတော်များ၏ မိသားစုတွေက ချင်းမိသားစုအိမ်တော်အထိ ရောက်လာကြပြီဖြစ်ကာ အဘိုးချင်းနဲ့ အဘွားချင်းတို့က သေချာ ပြန်တောင်းပန်နေရပါသည်။

“ဒီနေ့ အဖြစ်အပျက်အတွက် ကျွန်မတို့ တကယ် တောင်းပန်ပါတယ် လူကြီးမင်းတို့။ ကျွန်မတို့ အိမ်မှာ ဖြစ်သွားတာ ဆိုတော့ ကျွန်မတို့ရဲ့ တာဝန်ပါ”။ အဘွားချင်းက အားလုံးကို တောင်းပန်လိုက်သည်။

ပြဿနာကို ဟွော်ထျင်း ရှာခဲ့တာဖြစ်သော်လည်း သူမတို့အိမ်မှာ နေခွင့်ပေးထားတာဖြစ်သဖြင့် သူမတို့လည်း တာဝန် ရှိပါသည်။

“ကိစ္စမရှိပါဘူး။ အဲ့ဒီကလေးအကြောင်း ကျုပ်တို့ သိပါတယ်။ သခင်မကြီးတို့ အပြစ်မဟုတ်ပါဘူး”။ လူတစ်ယောက်က ဆိုသည်။

“အမှန်ပဲ။ ဟွော်မိသားစုရဲ့ မိစ္ဆာဘုရင်လေးက သေချာ မထိန်းနိုင်ရင် ပေကျင်းမြို့ကိုတောင် ပြောင်းပြန် လှန်သွားနိုင်တယ်”။

“… … …”

မိသားစုဝင်တွေက စဉ်းစားဉာဏ်ရှိပြီး ချင်းမိသားစုကို အပြစ်တင်လို့ မရမှန်း နားလည်ကြပါသည်။

ထို့အပြင် ဟွော်ထျင်းကလည်း ထူးခြားသူဖြစ်သည်။ ဟွာချန့်မြို့က ဟွော်မိသားစု၏ သားတော်ဖြစ်သဖြင့် ဘယ်သူမှ မစော်ကားရဲကြပါ။

ထို့အပြင် ဟွော်ထျင်းက ကလေးတစ်ယောက်သာ ဖြစ်သည်။

ထို့ကြောင့် သူဌေးကတော်တွေ သွေးပျက်သွားခဲ့ရသော်လည်း အငြှိုးမထားကြပါ။

သူတို့ စကားပြောနေစဉ် ဟွော်ထျင်းနဲ့ စူစူလေးတို့ လက်တွဲပြီး ဧည့်ခန်းထဲ ရောက်လာတာကို မြင်လိုက်ကြရပါသည်။

ဟွော်ထျင်းကို မြင်လိုက်တာနဲ့ တစ်ပြိုင်နဲ့ သူဌေးကတော်များ အနည်းငယ် ထိတ်လန့်သွားကြသည်။

ယခင်က လုပ်ရပ်တွေကို ပြန်မြင်ယောင်ရင်း ဒီကောင်လေး သူတို့ရှေ့ ရောက်လာပြီး ဘာတွေ လုပ်ဖို့ ကြံစည်ဦးမလဲ ဘယ်သူမှ မပြောနိုင်ပေ။

သို့သော်လည်း ဟွော်ထျင်းက ခါးမတ်မတ်ရပ်လိုက်ပြီး ဦးညွှတ်ကာ အားလုံးကို တောင်းပန်လိုက်ပါသည်။ “ကျွန်တော့်ကြောင့် ကြောက်သွားရင် တောင်းပန်ပါတယ်”။

ဟွော်ထျင်း ဒီလို တောင်းပန်လိမ့်မည်ဟု ဘယ်သူမှ ထင်မထားကြပေ။

ဒီမိစ္ဆာဘုရင်လေးက ပြောရဆိုရခက်ပြီး အရမ်းဆိုးသွမ်းတယ်လို့ သူတို့ ကြားထားကြတာ မဟုတ်ဘူးလား။ ဘာလို့ အခုလို တောင်းပန်နေရတာလဲ။

သူတို့မျှော်လင့်ထားတာနဲ့ လုံးဝ ခြားနားနေခဲ့ပါသည်။

အဘိုးချင်းနဲ့ အဘွားချင်းတို့လည်း အံ့အားသင့်သွားကြသည်။ သူတို့နဲ့ အတူနေလာသည့် ကာလတစ်လျှောက်လုံး သူများကို ဟွော်ထျင်း တောင်းပန်ဖူးတာ ဒါပထမဆုံးပဲ ဖြစ်သည်။

အားလုံး အံ့အားသင့်နေကြစဉ် ဟွော်ထျင်းက ထပ်ပြောလိုက်၏။ “အားလုံးအတွက် လက်ဆောင်တစ်ခုစီ စီစဉ်ပေးထားပါတယ်။ လက်ဆောင်ကို လက်ခံပြီး စိတ်မဆိုးတော့ဖို့ မျှော်လင့်ပါတယ်”

စူစူလေးက သင်ပေးထားတာဖြစ်သော်လည်း ဟွော်ထျင်းက ကိုယ့်ဖာသာကိုယ် စကားစီရတာ ဖြစ်သည်။

ဟွော်ထျင်း စကားပြောနေစဉ် အိမ်တော်ထိန်းလျို့က လက်ဆောင်တွေ ယူလာပေးနေပြီ ဖြစ်သည်။

ဘော်ဒီဂတ်တချို့က လက်ဆောင်ဘူးကြီးတွေ သယ်လာပြီး ဟွော်ထျင်းကြောင့် ကြောက်လန့်သွားကြသည့် သူဌေးကတော်တွေ ရှေ့မှာ ချပေးလိုက်သည်။

All Chapters