← Chapters

အခန်း (၂၂၁+၂၂၂)

Vol. 9 Ch. 221+222

အခန်း (၂၂၁+၂၂၂)

Vol. 9 Ch. 221+222

အခန်း(၂၂၁) ငါးမျှားထွက်ကြရအောင်

“တူချောလေးက အရသာရှိတာတွေ ချက်တတ်တာကိုး!”။ စူစူလေးက ရိုးရိုးသားသား ပြန်ဖြေလိုက်ပါသည်။

အရသာရှိတာတွေ စားသောက်ရဖို့က အရေးကြီးသည်။

အိမ်မှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် အရသာရှိသည့် အစားအသောက်က မရှိမဖြစ် အရေးပါသည်။

ထင်တဲ့အတိုင်းပဲ…။

ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်သော်လည်း စူစူလေး၏ ရွှင်ရွှင်မြူးမြူး အဖြေကို ကြားလိုက်ရသောအခါ ချင်းယုဟွိုင်း ရင်ထဲ လေးလံသွားခဲ့ပါသည်။

မနာလိုသော ခံစားချက်ဖြစ်၏။ ကလေးဆန်သည်ဟု သူကိုယ်တိုင် ထင်မိသော မနာလိုမှုဖြစ်သည်။

စူစူလေး၏ အဖြေကို ကြားသောအခါ အားလုံး ချင်းယုချဲအား မနာလိုသော မျက်လုံးများဖြင့် ဝိုင်းကြည့်လိုက်ကြသည်။

ချင်းယုချဲရဲ့ စွမ်းရည်က ဒီလောက်ထိ အသုံးဝင်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ကြပေ။

ဘယ်လိုပဲ မနာလိုနေပါစေ၊ ချင်းယုချဲအား စူစူလေး အလွန်သဘောကျသည့် အချက်ကိုတော့ ပြောင်းလဲလို့ ရမှာ မဟုတ်ပေ။

အဘွားချင်းက ဝင်ပြောလိုက်သည်။ “ကဲပါ ကဲပါ ငါတို့အသဲလေး ရွေးပြီးသွားပြီဆိုတော့ အချိန်မဖြုန်းဘဲ သွားကြရအောင်။ တခြားကလေးတွေ စောင့်နေရဦးမယ်”

“ဟုတ်!”။ စူစူလေးက ခေါင်းငြိမ့်လိုက်ပြီး ဆိုဖာပေါ်မှာထိုင်နေသည့် ဟွော်ထျင်းအား လှည့်ပြောလိုက်သည်။ “ထျင်းထျင်း သွားကြစို့!”

“အင်း”။ ဟွော်ထျင်းက ငါးမျှားတာကို စိတ်မဝင်စားချင်ယောင် ဆောင်နေသော်လည်း တကယ်တော့ သူဒီနေ့ရောက်ဖို့ စောင့်မျှော်နေခဲ့တာဖြစ်သည်။

ဒီနေ့ ငါးအကြီးကြီးတွေ လက်မနီရေချိုပုစွန်တွေအများကြီး ဖမ်းပေးပြီး စူစူလေး အထင်ကြီးသွားအောင် လုပ်ပြမည်။

သူတို့အစွမ်းအစ ဘယ်လောက် ကွာခြားသလဲဆိုတာ စူစူလေး သိသွားအောင် လုပ်ပြပါမည်။

အမှန်ပင်။ အရေးအကြီးဆုံး အချက်က ဟိုဘက်အိမ်ကကောင်ကို အနိုင်ယူဖို့ ဖြစ်သည်။

သူနဲ့ စူစူလေးအပြင် ဒီနေ့ တခြား ၂ ယောက် ပါဦးမှာကို ဟွော်ထျင်း သိသည်။ တစ်ယောက်က ဟိုဘက်အိမ်မှ ဝှီးချဲနဲ့ကောင် ဖြစ်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ထိုကောင်ကို သူရှုံးသွားလို့ လုံးဝ မဖြစ်ပါ။

စူစူလေးနဲ့ ဟွော်ထျင်းတို့ ခြံဝကို ရောက်သောအခါ စောင့်နေတာ ကြာပြီဖြစ်သည့် ချင်းလောင်ယွင်အား တွေ့လိုက်ရသည်။

သူ့အဘိုး ချင်းကျင်းဖန်က ဘေးမှာရပ်နေပြီး စူစူလေးနဲ့ သူငယ်ချင်းတွေကို ကြည့်ကာ မျက်နှာလို မျက်နှာရ ပြုံးလိုက်ပါသည်။

“စူစူလေး ဒီနေ့ ယွင်ယွင်လေးကို စောင့်ရှောက်ပေးပါဦးနော်”။ ချင်းကျင်းဖန်က စူစူလေးအား တောက်တောက်ပပ အပြုံးဖြင့် ပြောလိုက်ပါသည်။

“အိုကေ”။ စူစူလေးက သဘောကောင်းစွာ ခေါင်းငြိမ့်လိုက်သည်။

ထိုအချိန်တွင် လုအိမ်တော်ခြံတံခါးပွင့်လာပြီး အိမ်တော်ထိန်းကျန်းက လုကျန်းယွီ၏ ဝှီးချဲကို တွန်းပေးရင်း ထွက်လာခဲ့သည်။

လုကျန်းယွီအတွက် ငါးမျှားကိရိယာ အများအပြားကို အိမ်တော်ထိန်းကျန်း ပြင်ဆင်ပေးထားသည်။

ငါးမျှားတံအမျိုးအစား များစွာရှိပြီး ငါးဖမ်းပိုက်ကွန်တွေလည်း အမျိုးမျိုး ပါသည်။ ငါးစာတွေကပါ အမျိုးအစား စုံလင်လှပါသည်။။

နည်းနည်း ပိုလွန်းမနေဘူးလား။ ချင်းယုကျီး စိတ်ထဲကအတွေးကို ထုတ်မပြောနိုင်စဉ် ဟွော်ထျင်းရှေ့သို့ ထရပ်ကားတစ်စီး ရောက်လာတာကို မြင်လိုက်ရပါသည်။

ထရပ်ကားပေါ်မှာ ဟွော်ထျင်း၏ အိမ်တော်ထိန်းလျို့က ပြင်ဆင်ပေးထားသော ငါးမျှားကိရိယာများစွာ တင်ထားသည်။

ငါးမျှားတံ၊ ပိုက်ကွန်၊ ငါးစာ အမျိုးမျိုးပါရှိပြီး ထိုင်ခုံများ၊ ရွက်ဖျင်တဲများ၊ အကင်စက်များနဲ့ အသားကင်ဖို့ အသားတွေပါ အကုန် အသင့်ပါလာသည်။

ချင်းယုကျီး နှုတ်ခမ်းများ လှုပ်သွား၏။

ဒီတိုင်း ငါးမျှားထွက်တာကို သိန်းသောင်းချီတန်တဲ့ ငါးမျှားတံတွေနဲ့ ဘာလုပ်တာလဲ?!

ပြီးတော့ တခြားမလိုအပ်တဲ့ ပစ္စည်းတွေတောင် ပါသေးတယ်!

ဒီသခင်လေးနှစ်ယောက်ကတော့ တခြား Level တစ်ခုကို ရောက်နေပြီ။

သူတို့ ငါးသွားမျှားမည့်နေရာက ပင်လယ်ပြင်မှာ မဟုတ်သလို မြစ်ကမ်းနံဘေးမှာလည်း မဟုတ်ပေ။ ဒီလောက် အဆင့်မြင့်သည့် ငါးမျှားတံတွေ မလိုအပ်ပါ။

သူတို့ ငါးသွားမျှားမည့် ရေကန်သေးသေးလေးကို မြင်ယောင်ကာ ဒီငါးမျှားကိရိယာတွေကို ကြည့်ရင်း ချင်းယုကျီး ကျောချမ်းသွားပါသည်။ သူတို့ လုပ်ပုံနဲ့ ရေကန်ထဲမှ ငါးတွေ လက်မနီရေချိုပုစွန်တွေ မျိုးသုဉ်းသွားနိုင်သည်။

ကလေးတွေကို ငါးမျှားမည့်နေရာသို့ လိုက်ပို့ပေးဖို့အတွက် ဟွော်မိသားစုက ဇိမ်ရှိသည့် RV တစ်စီး စီစဉ်ပေးထားသည်။ ဒါဆို ကားထဲမှာလည်း ကလေးတွေ ကစားနိုင်ပြီး မပျင်းရမှာဖြစ်သည်။

ချင်းလောင်ယွင်က ဒီလို RV မျိုးကို ပထမဆုံးအကြိမ် စီးဖူးခြင်းဖြစ်သည်။ ဒီလို ကားကြီးကို အိမ်တစ်လုံးအဖြစ်လည်း အသုံးပြုလို့ရကြောင်း အခုမှ သိရတာဖြစ်သည်။

ဟွော်ထျင်းနဲ့ စူစူလေးတို့ကို မနာလိုအားကျစွာ ချင်းလောင်ယွင် ကြည့်လိုက်လေသည်။

… … …

အခန်း(၂၂၂) လူသားပေါက်စတွေကို သင်ပေးရမယ်

ချင်းလောင်ယွင် မနာလိုဖြစ်စွာ ကြည့်နေစဉ် စူစူလေးက သူမကို ကိတ်မုန့်တစ်ပိုင်း ကမ်းပေးလိုက်ပါသည်။

“ဒါနင့်အတွက်! အရသာ အရမ်းရှိတယ် စားကြည့်!” စူစူလေးက ပြောလိုက်သည်။

သူမရှေ့က ကိတ်မုန့်လေးကို မြင်ပြီး ချင်းလောင်ယွင် တွန့်ဆုတ်သွားသည်။

အရင်တစ်ခေါက်က စူစူလေး ပေးသည့် သကြားလုံးမှာ စားချင်စရာ မကောင်းသဖြင့် အမှိုက်ပုံးထဲ သူမ လွှင့်ပစ်ခဲ့သည်။ အပေါစား သကြားလုံးကို ပေးပြီး စူစူလေး တမင်တကာ လုပ်တာဟုလည်း ထင်ခဲ့သည်။

သို့သော်လည်း ဒီနေ့တော့ လှလှပပ ကိတ်မုန့်လေးတစ်ခုကို စူစူလေးက ပေးနေပါသည်။

“စားလေ။ ကလေးတွေက တစ်နေ့ကို ကိတ်မုန့်နည်းနည်းပဲ စားရမယ်လို့ ငါ့မေမေက ပြောထားတယ်။ ဒီကိတ်မုန့်တစ်ပိုင်းက အကြီးကြီးပဲ။ လူကြီးတွေ တွေ့ရင် စားခိုင်းမှာမဟုတ်ဘူး!” စူစူလေးက ပြောလိုက်သည်။

“အင်း…”။ ချင်းလောင်ယွင် ရှေ့က လက်ရာမြောက်သည့် စားချင်စရာ ကိတ်မုန့်လေးကို ကြည့်ရင်း တံတွေး မျိုချကာ ဇွန်းကို ကိုင်လိုက်ပြီး အားရပါးရ စားလိုက်ပါသည်။

စူစူလေးလည်း သူ့ကိတ်မုန့်ကိုသူ အားရပါးရ စားနေပါသည်။

စူစူလေး ကိတ်မုန့်စားနေတာကို လုကျန်းယွီ ကြင်ကြင်နာနာ ငေးကြည့်နေခဲ့သည်။ ဒီကောင်မလေးက တကယ် ချိုတာတွေကြိုက်ပြီး ခါးတာတွေကို မုန်းတာပဲ။

ဟွော်ထျင်းက စူစူလေးကို အနားဆွဲခေါ်ပြီး မေးလိုက်သည်။ “အဲ့ကောင်မလေး နင့်ကို ဘာတွေလုပ်ခဲ့လဲ မေ့သွားပြီလား။ ဘာလို့ မုန့်အတူတူ စားနေတာလဲ”

“ငါက ဒေါ်လေးလေ။ သူက ငါ့တူမလေး။ အမှားလုပ်မိတဲ့ ကလေးတွေကို အမှန်ပြင်ခွင့် ပေးသင့်တာပေါ့”

“ဘာကို ‌ဒေါ်လေးတူမလေးလဲ။ သူက နင့်ထက် အသက် ၁ နှစ်တောင် ပိုကြီးတာကို!” ဟွော်ထျင်း စိတ်ရှုပ်စွာ ပြောလိုက်ပါသည်။

“ဒါပေမယ့် သူက လူသားပေါက်စလေးလေ! လူသားပေါက်စလေးတွေက ဘာမှ သိပ်နားမလည်ကြဘူး! ဖြည်းဖြည်းချင်းစီ သင်ပေးရတယ်”။ စူစူလေးက ရှင်းပြလိုက်သည်။

“ဒါဆို ငါ့တုန်းကကျတော့ ဘာလို့ အဲ့လောက် ရက်စက်ရတာလဲ”။ ဟွော်ထျင်း မကျေနပ်ပါ။

“နင်က အရင်တုန်းက မလိမ္မာဘူးလေ။ အဲ့တာကြောင့် ဆူသင့်တာပေါ့။ ဒါပေမယ့် အခု နင့်ကို ဆူသေးလို့လား။ ငါ့ဖေဖေက ပြောဖူးတယ်။ ကိုယ့်အမှားကိုယ် နားလည်ပြီး အမှန်ပြင်နိုင်တဲ့ ကလေးက လိမ္မာတဲ့ကလေးတဲ့”

“ကိုယ့်အမှားကိုယ် နားလည်ပေမယ့် အမှန်မပြင်တဲ့ ကလေးတွေကျတော့ကော။ ဆက်ပြီး ဆူနေဦးမှာလား” ဟွော်ထျင်းက စိတ်ဝင်စားစွာ မေးလိုက်သည်။

ချင်းစူစူ : “အမှန်မပြင်ရင် လွှင့်ပစ်ရမှာပေါ့။ လွှင့်ပစ်လိုက်!”

ဟွော်ထျင်း : “လွှင့်ပစ်ရမယ် ဘယ်ကို လွှင့်ပစ်ရမှာလဲ”

ချင်းစူစူ : “အမှိုက်ပုံးထဲကိုလေ။ အသုံးမဝင်တဲ့ အမှိုက်သရိုက်တွေ ထားတဲ့နေရာကို လွှင့်ပစ်လိုက်!”

ဟွော်ထျင်း : “ဟမ်…”

ငါးမျှားမည့်နေရာသို့ သူတို့ ရောက်ရှိလာခဲ့ကြသည်။ မြို့စွန်ရှိ ရေကန်လေးတစ်ကန်မှာ ငါးမျှားကြမှာ ဖြစ်ပါသည်။

ရေကန်က သိပ်မကြီးသလို သိပ်လည်း မနက်ပေ။ ပတ်ဝန်းကျင်တစ်ခုလုံးက အေးချမ်း တိတ်ဆိတ်ပြီး ကလေးတွေ အကြိုက်ဖြစ်သည်။

ရေကန်သို့ ရောက်သောအခါ ဘော်ဒီဂတ်များက ရွက်ဖျင်တဲများ၊ အကင်စက်များကို ပြင်ဆင်ပေးလိုက်သည်။ ထို့နောက် ဟွော်ထျင်းက အိမ်တော်ထိန်းတွေ၊ ဘော်ဒီဂတ်တွေ အကုန်လုံးကို ထွက်သွားခိုင်းလိုက်သည်။

လူကြီးဆိုလို့ ချင်းယုချဲနဲ့ ချင်းယုကျီးတို့နှစ်ယောက်သာ ကျန်ခဲ့ပါသည်။

အားလုံးက ဟွော်ထျင်း၏ စကားကို နားထောင်ပြီး ထွက်သွားသည်ဟု ထင်ရသော်လည်း တကယ်တော့ ခပ်ဝေးဝေး မသွာားဘဲ ခြုံတွေထဲမှာ ပုန်းရင်း အခြေအနေကို စောင့်ကြည့်နေကြတာဖြစ်ပါသည်။

“စူစူလေး ဘာငါးဖမ်းချင်လဲ”။ လုကျန်းယွီက စူစူလေးကို မေးလိုက်သည်။ ငါးအမျိုးအစားပေါ်လိုက်ပြီး ငါးမျှားတံနဲ့ ငါးစာ ပြောင်းလဲနိုင်တာကြောင့် ဖြစ်ပါသည်။

“လက်မနီရေချိုပုစွန် ဖမ်းမယ်!” စူစူလေးက ပြတ်သားစွာ ပြောလိုက်သည်။

ဒီနေ့ည သူမရဲ့ တူချောလေးကို အရသာရှိသည့် လက်မနီရေချိုပုစွန်ဟင်းများ ချက်ခိုင်းရမည်။

လက်မနီရေချိုပုစွန်ဖမ်းဖို့ ဘာငါးစာ သုံးရမလဲ။

လုကျန်းယွီ သင့်တော်သည့် ငါးစာ မရှာနိုင်ခင် စူစူလေးက ရေခဲပုံးထံ ပြေးသွားပြီး လတ်လတ်ဆတ်ဆတ် ကြက်ခြေထောက် တစ်ချောင်းကို သွားယူလိုက်သည်။

ထို့နောက် စူစူလေးက ကြက်ခြေထောက်ကြီးကို ငါးမျှားချိတ်မှာ ချိတ်လိုက်သည်။

စူစူလေး နောက်နေတာလား…?။ ကြက်ခြေထောက်နဲ့ လက်မနီရေချိုပုစွန် ဖမ်းမလို့လား?

“စူစူလေး နင်ဘာလုပ်နေတာလဲ”။ ချင်းယုကျီးက မေးလိုက်သည်။

“လက်မနီရေချိုပုစွန် ဖမ်းမလို့လေ!”

“အဲ့လိုနည်းနဲ့ ဖမ်းလို့ ရပါ့မလား…”။ လက်မနီရေချိုပုစွန် တစ်ခါမှ မဖမ်းဖူးသည့် ချင်းယုကျီးက စူစူလေး၏ နည်းလမ်းကို မြင်ပြီး အနည်းငယ် သံသယဖြစ်မိပါသည်။

“အသုံးမကျလိုက်တဲ့ တူလေး။ ဒေါ်လေးသင်ပေးတာ သေချာကြည့်!”။ စူစူလေးက ပြောလိုက်ပြီး ငါးမျှားတံကို ချင်းယုကျီးအား ပေးလိုက်ပါသည်။ “ကြက်ခြေထောက်ကို ရေထဲ ချလိုက်ဖို့ပဲ လိုတယ်”

All Chapters