[လတိုင်းပြည်]
Vol. 70 Ch. 1117
သွေးရောင်အင်ပါယာ။
ယန္တရားပညာ အစည်းအရုံး အဆောက်အအုံက ဆောက်လုပ်ရေး ပစ္စည်းများနှင့် အဆောက်အအုံ အမျိုးမျိုးဖြင့် တတန်းတည်း ဖြစ်သည်။
လွန်ခဲ့သော လဝက်ခန့်က ယန္တရား အစည်းအရုံးသည် အဆောက်အအုံ၏ အထောက်အပံ့များ၊ မှော်စက်ဝိုင်းများကို ပြန်လည်မွမ်းမံမည်ဟူ၍ ကြေညာခဲ့သည်။ လက်ရှိတွင် အစည်းအရုံးကို မြို့၏ အရှေ့ဘက်ရှိ စံအိမ်ကြီး တစ်ခုသို့ ယာယီ ရွှေ့ထား၏။ အရေးအကြီးဆုံး စာအုပ် ပေါင်းချုပ်ခန်းမကို ယာယီပိတ်ထားသည်။
၎င်းမှာ ဧကရီ အရှင်မ တစ်ဖနီမှ ထုတ်ပြန်ခဲ့သော လျှို့ဝှက်အမိန့် တစ်ခု ဖြစ်သော်လည်း ထိုအချိန်က အမှန်တွင် ဧကရီအရှင်မ နှင်းမြေမြို့တွင် မင်္ဂလာပွဲ ကျင်းပနေချိန် ဖြစ်ကြောင်းကို ဥက္ကဋ္ဌ တူရိယနှင့် ဆရာသခင် မာဗင်နာတို့သာ သိကြသည်။
အမှန်တက၌ ထိုအရာမှာ ယန္တရား အစည်းအရုံးကိုယ်တိုင် ရင်ဆိုင်နေရသော ပြဿနာပင် ဖြစ်သည်။ ဆရာသခင် တူရိယသည် လွန်ခဲ့သောလက ပြုပြင် ထိန်းသိမ်းမှုနှင့် မွမ်းမံမှု အစီရင်ခံစာ တစ်စောင်ကို တင်သွင်းခဲ့သည်။ ထိုစဉ်က တစ်ဖနီ၏ အကြောင်းပြန်ကြားချက်မှာ နှစ်လယ်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများ စတင်ရန် ဖြစ်သည်။ မမျှော်လင့်ဘဲ ထိုအချိန်တွင် ရုတ်တရက် အတည်ပြုချက် ရရှိခဲ့လေသည်။
လျှို့ဝှက်အမိန့်၏ အကြောင်းအရာနှင့် အချိန်အခါမှာ အနည်းငယ် ထူးဆန်း နေသော်လည်း တူရိယက အမိန့်ကို သစ္စာရှိစွာ ထမ်းဆောင်ခဲ့သည်။
မှော်စက်ဝိုင်းများ ပါဝင်သောကြောင့် ဘေးကင်းလုံခြုံမှုရှိစေရန် အဆောက်အအုံ အနီးတွင် သီးသန့်နယ်မြေ တစ်ခုကို တည်ထောင်ခဲ့သည်။ မူလက ယန္တရား အစည်းအရုံးသည် ၎င်း၏ထူးခြားမှုကြောင့် မြို့၏ အစွန်အဖျားတွင် တည်ရှိသည်။ ပတ်ဝန်းကျင်တွင် သာမန် လူနေ အဆောက်အအုံများ မရှိပေ။ ထိုကဲ့သို့ သီးသန့် ခွဲထုတ်လိုက်ပြီး နောက်တွင် အလွန် ခြောက်ကပ်သွားပြီး တူးဆွခြင်းနှင့် ဆောက်လုပ်နေသော အသံများကိုသာ ကြားရတော့သည်။
ထိုအရာများက အပေါ်ယံများသာ ဖြစ်လေသည်။ အင်ပါယာ နှစ်ခုသည် အပေါ်ယံတွင် မင်္ဂလာပွဲ ဆင်နွှဲနေကြဆဲ ဖြစ်သော်လည်း နောက်ကွယ်တွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မည်သူမျှ စိတ်ကူးမိမည် မဟုတ်ပေ။
“ဆာ-အက်ဂ်လက်စ်။ နောက်ဆုံး စကား တစ်ခွန်း ပြောပါရစေ။” ချန်လွေ့က အဝေးမှ စာအုပ်ပေါင်းချုပ် ခန်းမကို စိုက်ကြည့်လိုက်သည်။ “ဒီတစ်ခေါက်မှာ ကျုပ်တို့ ဘယ်လိုရန်သူကို ရင်ဆိုင်ရမလဲ ဆိုတာ ခင်ဗျားသိမှာပါ။ တကယ်တော့ ခင်ဗျား...”
“သော်သော်က ငါ့ရဲ့ လက်ထဲမှာ ပျောက်သွားခဲ့တာ။ ငါ သူကို မကာကွယ် နိုင်ခဲ့ဘူး!” အက်ဂ်လက်စ်က ပြတ်သားစွာ ပြောလိုက်၏။ “အပိုတွေ မပြောနဲ့တော့!”
ချန်လွေ့ ခဏတာ တိတ်ဆိတ်သွားပြီး ခေါင်းညိတ်လိုက်၏။ အိုလီဖီးယက်စ်နှင့် လာလာရီယာတို့ကြောင့် ဖြစ်လာခဲ့သော ကွက်လပ်ကြောင့်လား၊ သော်သော်၏ အထူး သေစေနိုင်သော စွမ်းအားကြောင့် လားမသိပေ၊ အက်ဂ်လက်စ်သည် သော်သော်အပေါ်တွင် အမှန်တကယ်ပင် သားအဖကဲ့သို့ ဆွေမျိုး သံယောဇဉ် ရှိနေသည်ကို သူ မြင်နိုင်သည်။ ထို့သို့ သံယောဇဉ်မျိုးမှာ အနည်းငယ် ရှုပ်ထွေး သော်လည်း အစစ်အမှန်ပင် ဖြစ်သည်။
နဂါးဧကရာဇ် နိုးလာကတည်းက မိမိကိုယ်ကို အပြစ်တင် နေခဲ့လေသည်။ ထိုနေ့က သူ သော်သော်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ဆာရီရယ်၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ရှုံးနိမ့်ခဲ့ရသည်။ အကယ်၍ [နဂါးနတ်ဘုရားမျက်လုံး]၏ အကာအကွယ်သာ မရှိခဲ့ပါက သူ အစိတ်စိတ်အမွှာမွှာ ကြေမွသွားခဲ့လေပြီ။ သို့သော် [နဂါးနတ်ဘုရားမျက်လုံး]လည်း ပြင်းထန်စွာ ပျက်စီးသွားခဲ့ပြီး ယခုအခါ အသုံးမပြု နိုင်တော့ပေ။ ဆိုလိုသည်မှာ ယခုတစ်ကြိမ် သွေးရောင်အင်ပါယာသို့ သွားရာတွင် အက်ဂ်လက်စ်အတွက် ကံကောင်းရန် အခွင့်အရေး လုံး ဝနီးပါး မရှိသလောက်ပေ။
သို့တိုင် သူ၏ ဒဏ်ရာမှ သက်သာခါစ ရှိသေးသော အက်ဂ်လက်စ်က လိုက်ရန် အခိုင်အမာ တောင်းဆိုခဲ့သည်။
ထပ်မံ နားချခြင်း မပြုတော့ဘဲ ချန်လွေ့က စာအုပ်ပေါင်းချုပ် ခန်းမသို့ တန်းတန်းမတ်မတ် လျှောက်သွားခဲ့ပြီး အက်ဂ်လက်စ်က တိတ်ဆိတ်စွာ လိုက်ပါ သွားခဲ့သည်။
ယခုအချိန်တွင် အဆောက်အအုံထဲ၌ လူနှစ်ဦးသာ ရှိသည်။
စာအုပ်ပေါင်းချုပ် ခန်းမကို ယာယီ ချိပ်ပိတ်ထားပြီး ပထမ (၃)ထပ်ရှိ စာအုပ်များကို အခြေခံအားဖြင့် ရွှေ့ပြောင်း ထားပြီး ဖြစ်သည်။ သူတို့ နှစ်ဦးက မရပ်မနားဘဲ စတုတ္ထထပ်သို့ တခါတည်း လျှောက်သွားခဲ့ကြသည်။
ဝင်ပေါက်ကို ချိပ်ပိတ်ထားသော လေးလံသည့် တံခါးတစ်ချပ်ကို သူတို့ မြင်တွေ့လိုက်ရသည်။ တံခါးတွင် သော့ပေါက် မရှိဘဲ ရှေးကျသော ပုံစံကွက်များကိုေ ရေးဆွဲထားလသည်။
ထိုသို့ လျှို့ဝှက် ဆန်းကြယ်သော စာအုပ်ပေါင်းချုပ် ခန်းမသို့ ချန်လွေ့ ရောက်လာသည်မှာ ပထမဆုံး အကြိမ် မဟုတ်ပေ။ သူက တိုင်းပြည်စွမ်းအားကို စုစည်းပြီး တံခါးဖွင့်ရန် ရှေးမှော်စာများကို ရေးဆွဲရန်လိုက်သည်။ တဂျိမ်းဂျိမ်း မြည်သံနှင့်အတူ တံခါးက ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။ အလယ်တွင် အပြာရောင် တောက်ပနေသော အလင်းကွင်း တစ်ခု ရှိနေ၏။
ချန်လွေ့က ပြင်ဆင်ထားသော ပစ္စည်းများကို သက်ဆိုင်ရာနေရာများတွင် ထားလိုက်ရာ အလင်းတံခါး တစ်ခု ပေါ်လာခဲ့သည်။ ယခင်က ဖွင့်ရန် အလွန် ဒုက္ခများခဲ့သော်လည်း ယခုအခါ သူ အလွယ်တကူ ဖွင့်နိုင်ခဲ့လေသည်။
သို့သော် ယခုတစ်ကြိမ်တွင် ချန်လွေ့ ရင်ဆိုင်ရမည်မှာ တိုင်းပြည် သို့မဟုတ် ကိုယ်ပွားတစ်ခု မဟုတ်ဘဲ အထွတ်အထိပ် အဆင့်ရှိသော ဆာရီရယ် အစစ်အမှန်ပင်။
အလင်းတံခါး အတွင်းဘက်သည် စာအုပ်ပေါင်းချုပ် ခန်းမ၏ စတုတ္ထထပ်သို့ အမှန်တကယ် ဝင်ရောက်ရာ ဝင်ပေါက် ဖြစ်ပြီး ဆာရီရယ်၏ တိုင်းပြည်ငယ်လည်း ဖြစ်သည်။
သာမန်လူများက ထိုနေရာသို့ ဝင်ရောက်ရန် အထူး ဝတ်ရုံများနှင့် မျက်မှန်များကို ဝတ်ဆင်ရန် လိုအပ်ပြီး ထိုမှသာ စတုတ္ထထပ် ‘လောက’၏ အသိပညာနှင့် စွမ်းအားကို ဖတ်ရှုနိုင်မည် ဖြစ်သည်။ ထို့အပြင် တင်းကျပ်သော အချိန် ကန့်သတ်ချက်လည်း ရှိသည်။ အချိန်ကန့်သတ်ချက် ကျော်လွန်သွားပါက ဖျက်ဆီးခြင်းခံရပေမည်။
ထိုအရာမှာ ဆာရီရယ့် တိုင်းပြည်၏ လျှို့ဝှက် ဆန်းကြယ်မှုများထဲမှ တစ်ခု ဖြစ်သည်။ မျက်မှန်ကဲ့သို့ ကိရိယာများကို ယုံကြည်သူများအား ရွေးချယ်ရန် အသုံးပြုခြင်း ဖြစ်နိုင်ပြီး ‘ဖျက်ဆီးခြင်း’က အမှန်တကယ် သေဆုံးခြင်း မဟုတ်ဘဲ ထိုတိုင်းပြည်၏ ယုံကြည်သူ သို့မဟုတ် စွမ်းအင်၏ အစိတ်အပိုင်း တစ်ခု ဖြစ်လာခြင်းလည်း ဖြစ်နိုင်ပေသည်။
ချန်လွေ့က ဝတ်ရုံနှင့် မျက်မှန်ကို မဝတ်ဆင်ခဲ့။ သူ ယခု ပိုင်ဆိုင်ထားသော စွမ်းအားက ထိုတိုင်းပြည်၏ အစစ်အမှန် ဇစ်မြစ်ကို တိုက်ရိုက်ကြည့်ရှုနိုင်စေသည်။
ကောင်းကင်က အမြဲ ပြောင်းနေသော ရှေးမှော်စာများဖြင့် ပြည့်ကာ ပြည့်စုံပြီး ဆက်စပ်မှုရှိသော သမိုင်း ကဗျာတစ်ပုဒ် ကဲ့သို့သော ဝတ္ထုတစ်ပုဒ်ပုံစံမျိုး ဖွဲ့စည်း ထားလေသည်။
နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် အပါအဝင် ပြိုင်ဘက်များနှင့် တိုက်ခိုက်ပြီးနောက် ချန်လွေ့၏ ထိုးထွင်း သိမြင်မှုနှင့် စွမ်းအား ပြောင်းသွားခဲ့သည်။ [သရုပ်ခွဲမျက်လုံး]၏ နက်ရှိုင်းသော အာရုံထဲတွင် ထိုရှေးမှော်စာများသည် အန္တရာယ်ရှိသော ထောင်ချောက်များဖြင့် ပြည့်နှက်နေသော ဝင်္ကပါများကဲ့သို့ ဖြစ်နေသည်။ အကယ်၍ မျက်မှန်နှင့် ဝတ်ရုံကို ဝတ်ဆင်ထားပါက ထိုထောင်ချောက်များကို အလိုအလျောက် ရှောင်ရှားနိုင်သော်လည်း ထိုဝင်္ကပါ၏ ဗဟိုချက်သို့ လုံးဝကို ရောက်ရှိနိုင်မည် မဟုတ်ပေ။
ထိုဝင်္ကပါက အမှန်တကယ်တွင် စစ်မှန်သော တိုင်းပြည် မဟုတ်ဘဲ အပြင်ဘက်အလွှာ အကာအကွယ် ဖြစ်၏။ ဆိုလိုသည်မှာ စာအုပ်ပေါင်းချုပ် ခန်းမ၏ စတုတ္ထထပ်ကမ္ဘာဟု ခေါ်ဆိုသောအရာမှာ ဆာရီရယ်၏ တကယ့် တိုင်းပြည်ငယ်၏ အပြင်ဘက် အစွန်အဖျားသာ ဖြစ်သည်။ ဗဟိုချက်သို့ ဝင်ရောက်ရန် အန္တရာယ်ကို ရှောင်ရှားရုံဖြင့် မလုံလောက်ပေ။ ထိုအစား သူတို့က ဝင်္ကပါကို ဖောက်ထွက်ရမည် ဖြစ်သည်!
“ဆာ-အက်ဂ်လက်စ်။” ချန်လွေ့က လက်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းအမှတ်အသားတစ်ခုကို ရေးဆွဲရင်း စကားစလိုက်သည်။ “လောလောဆယ် ကျုပ် စွမ်းအားအများကြီး မသုံးသင့်ဘူး။ ကျုပ် ရေးထားတဲ့ ရှေးမှော်စာတွေအတိုင်း နတ်ဘုရား-ယောင်စွမ်းအားကို ပို့လွှတ်ပြီး ဒီဝင်္ကပါကို ဖောက်ထွက်ပေးပါ။”
“သဘောပေါက်ပြီ။” အက်ဂ်လက်စ်က ထို‘သားမက်’မှာ ယခုအခါ မိမိထက် များစွာ အစွမ်းထက်နေပြီး ယခုတစ်ကြိမ် သော်သော်ကို ကယ်တင်ရာတွင် အဓိက သော့ချက်ဖြစ်ကြောင်း သိသည်။ ထို့အပြင် နဂါးဧကရာဇ်က ထိုမှော်စာများအကြောင်း အနည်းငယ်သာ သိသောကြောင့် သူ၏ စကားအတိုင်း ချက်ချင်း လိုက်နာပြီး ထိုအလင်းအမှတ်အသား ရှေးမှော်စာထဲသို့ စွမ်းအားကို အမြန် ပို့လွှတ်လိုက်သည်။
အလင်းအမှတ်အသားက စာသားကဲ့သို့ သင်္ကေတများ အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ရှိ မှော်စာများထဲသို့ နစ်မြုပ် သွားလေသည်။ မှော်စာများထဲမှ တစ်ခုက ထူးခြားသော အလင်းရောင်ဖြင့် စတင် တောက်ပလာပြီးနောက်တွင် ဒုတိယ၊ တတိယ... လျင်မြန်စွာ ပျံ့နှံ့သွား၏။ ထိုတောက်ပနေသော သင်္ကေတများက စာကြောင်း အဆက်လိုက် အဖြစ်သို့ ချိတ်ဆက်ပြီး ပတ်ဝန်းကျင်ရှိ မှော်စာနှင့် သဟဇာတမဖြစ်ဘဲ သီးသန့် ကိုယ်ပိုင် လောကတစ်ခု ဖြစ်နေခဲ့သည်။
ခဏအကြာ မှော်စာလောကသည် ရှုပ်ထွေးလာပြီး မြင်ကွင်း နောက်တစ်ကြိမ် ပြောင်းလဲသွားသည်။ အထူးမျက်မှန်များ မရှိနေရာ မှော်စာများက ကြီးမားပြီး သေးငယ်သော လောကများ အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုလောကများ၏ နေရာလွတ်က အချိန်မရွေး ပေါက်ကွဲ ထွက်တော့မည့်အလား ထူးထူးခြားခြား ရှုပ်ထွေးနေ၏။ သီခြား ရပ်တည်နိုင်သော မှော်စာများသာ ရွှေရောင် လှေကားထစ် ၁၀ထစ် အဖြစ်သို့ ပြောင်းလဲသွားသည်။
ချန်လွေ့ အက်ဂ်လက်စ်ကို ခေါင်းညိတ် ပြလိုက်ပြီး သူတို့နှစ်ဦးက လှေကားပေါ်သို့ အတူ တက်သွားကြသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း နောက်မှ လှေကားများ ပျောက်သွားပြီး ရှေ့မှ လှေကားများမှာ တစ်ထစ်ပြီး တစ်ထစ် တိုးချဲ့လာသည်။
၁၀မိနစ်ခန့်အကြာတွင် သူတို့နှစ်ဦးက မြင်ကွင်းများမှာ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ သူတို့က အထူးနေရာ တစ်ခုသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ထိုနေရာက အတော် သီးခြားဖြစ်သော နေရာလွတ်တစ်ခု ဖြစ်ပြီး သက်တန့် တောင်ကြားနှင့် အနည်းငယ် ဆင်တူနေ သော်လည်း ဧရိယာမှာ အများကြီး ပိုမို၍ ကျယ်ဝန်း၏။ ကောင်းကင်၌ လနှစ်စင်း၊ တောင်များ၊ မြေကြီး၊ မြစ်ချောင်းများနှင့် အဝေးတွင် ထမင်းချက်နေသော မီးခိုးများ ရှိနေသည်။ လူသားများ ရှိနေနိုင်သည်။ ၎င်းက စစ်မှန်သော တိုင်းပြည် သို့မဟုတ် ‘တိုင်းပြည်’တစ်ခု ဖြစ်၏။ မြက်ပင်တိုင်း၊ သစ်ပင်တိုင်းတွင် အသက်စွမ်းအင်နှင့် ယုံကြည်မှု၏ အနှစ်သာရများ ရှိနေသလို ကြွယ်ဝသော အသက် အငွေ့အသက်ကို ခံစားနိုင်လေသည်။
ထိုမျှသာမကဘဲ ချန်လွေ့နှင့် အက်ဂ်လက်စ်တို့က ထိုတိုင်းပြည်တွင် အထူး စွမ်းအားတစ်ခု ပျံ့နှံ့နေကြောင်း ကိုလည်း ခံစားမိပြီး ၎င်းက ယုံကြည်မှု မရှိသော အပြင်လူများကို တွန်းလှန်နေပုံ ရသည်။ သူတို့၏အစွမ်းက အတိုင်းအတာ တစ်ခုအထိ ဖိနှိပ်ခြင်း ခံထားရသည်။ ထိုအရာမှာ တိုင်းပြည်စွမ်းအား ဖြစ်သည်။ ချန်လွေ့က မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်တွင် ရှိနေစဉ်ကလည်း ၎င်းကို ခံစားခဲ့ရဖူးသော်လည်း ထိုနေရာရှိ ဖိနှိပ်မှုမှာ ယခု တိုင်းပြည်ငယ်ထက် များစွာ သာလွန်သည်။
ချန်လွေ့နှင့် အက်ဂ်လက်စ်တို့သည် ထမင်းချက်နေသော မီးခိုးရှိရာ နေရာသို့ ရွှေ့ပြောင်းသွားခဲ့ကြသည်။ ထိုနေရာက လူများစွာရှိသော မြို့ငယ်လေး တစ်မြို့ ဖြစ်သည်။ အလယ်ရှိ ပန်းခြံငယ်က ဧရာမ မျက်လုံးကြီးတစ်လုံး၏ ရုပ်ထု ဖြစ်သည်။ မြို့သူ/သားများသည် မျက်လုံးပုံစံ အသုံးအဆောင်အမျိုးမျိုး ဝတ်ဆင်ထားပြီး စိတ်ထက်သန်လှသော ယုံကြည်သူများ ဖြစ်သည်မှာ ထင်ရှားသည်။
ချန်လွေ့က စူပါစနစ်၏ စကြဝဠာ တိုင်းပြည်ကို ပိုင်ဆိုင်သည်။ ထို့ကြောင့် သူက ယုံကြည်သူများနှင့် ယုံကြည်မှု စွမ်းအားကို အာရုံခံလွယ်သည်။ သူသည် ထူးဆန်းသော အရာတစ်ခုကို ချက်ချင်းပင် ရှာဖွေတွေ့ရှိလိုက်၏။ နေထိုင်သူများမှ ထုတ်လွှတ်သော ယုံကြည်မှုစွမ်းအားက တစ်ဦးချင်း အလွန် အားကောင်းသည်။ ၎င်းက ခိုင်မာသော ယုံကြည်သူများ အဆင့်နှင့် ညီမျှနေပြီ ဖြစ်သော်လည်း ထိုလူများ၏ အကြည့်တွင် ထူးခြားသော အရောင်ဖျော့ဖျော့တစ်ခု ရှိနေပြီး ၎င်းမှာ နတ်ဘုရားဝါးမျိုမျက်နှာဖုံးဖြင့် ထိန်းချုပ် ထားသော ရုပ်သေးရုပ် တစ်ရုပ်နှင့် ဆင်တူနေလေသည်။
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ ဒီယုံကြည်သူတွေက စိတ်ရှုပ်ထွေးနေတဲ့ အခြေအနေမှာ ရှိနေတဲ့ပုံပဲ။၊ သူတို့ရဲ့ အသိစိတ်နှင့် လွတ်လပ်တဲ့ စရိုက်တွေ မရှိနေကြဘူး။
ဖိုက်သွန် ပြောသလိုဆိုရင် အသက်နှင့် ယုံကြည်မှုက တိုင်းပြည်အတွက် အရေးအကြီးဆုံး ဒြပ်စင်နှစ်ခုပဲ။ တစ်ချိန်တည်းမှာပဲ ဒါတွေက ကြီးထွားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စံညွှန်းတစ်ခုလည်း ဟုတ်တယ်။ ဒီနှစ်ခုက တိုင်းပြည် လက္ခဏာနဲ့ စွမ်းအားနဲ့ တိုက်ရိုက် ဆက်စပ်နေတယ်။ ပြောရရင် အစွမ်းထက် ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အခြေအနေအရ ဒီနှစ်ခုရဲ့ မျှခြေကို ရွေးချယ်တယ်။ ဒါမှမဟုတ် တန်းတူညီမျှ တိုးတက်အောင် လုပ်တယ်။ ဒါမှမဟုတ် တစ်ခုတည်းကိုပဲ အာရုံစိုက်ကြတယ်။
နတ်ဘုရား-ယောင် တိုင်းပြည် ဒါမှမဟုတ် တိုင်းပြည်ငယ်ထဲကို ဝင်ရောက်နိုင်တဲ့သူတွေက အတော်လေး စိတ်ထက်သန်တဲ့ ယုံကြည်သူတွေပဲ။ ယုံကြည်မှုက လွဲပြီးတော့ သူတို့က သာမန်လူတွေနဲ့ မကွာခြားဘူး။ ယုံကြည်မှု မရှိတဲ့သူတွေ၊ မကိုးကွယ်တဲ့သူတွေက တိုင်းပြည်ကနေ နှင်ထုတ်တာ ခံရမယ်။ ဒါပေမဲ့ တိုင်းပြည် စွမ်းအားကို မြှင့်တင်ဖို့ အတွက် ယုံကြည်သူတွေရဲ့ အသိစိတ်ကို အတင်းအကျပ် လုယူပြီး လမ်းလျှောက် အလောင်းကောင်တွေလိုမျိုး ပြောင်းပစ်ဖို့ မတွန့်တဲ့ နတ်ဘုရား-ယောင်အချို့လည်း ရှိတယ်။
ဒီလိုဆို အကြွင်းမဲ့ သစ္စာစောင့်သိမှုနှင့် ယုံကြည်မှုကို ထိန်းသိမ်းထားနိုင်ပြီးတော့ ယုံကြည်မှု စွမ်းအား ပိုမိုသန့်စင်ပြီးတော့ အားကောင်းလာမယ်။ ဒါပေမဲ့ အသက်ရဲ့ ဝိညာဉ်စွမ်းအားက အများကြီး လျော့နည်း သွားလိမ့်မည်။ ဒီလိုမျိုး အခြေအနေကို ဆာရီရယ် တမင်တကာ ရွေးချယ်ခဲ့တာ ဖြစ်မယ်။ သူ့ရဲ့ [လဝိညာဉ်ခန္ဓာ]က အားကောင်းနေပြီးတော့ ပိုမြင့်မားတဲ့ နယ်ပယ်ကို နားလည်သဘောပေါက်ဖို့ ယုံကြည်မှုဘက်ကို အထူးပြုချင်နေတာ ဖြစ်မယ်။
ရှေ့မှ နေရာလွတ်၏ တုန်ခါမှုက ရုတ်တရက် ပြောင်းလဲသွားပြီး ပုံရိပ်အချို့ သူတို့နှစ်ဦး၏ရှေ့ ပေါ်ထွက်လာခဲ့သည်။
“မင်းတို့က ဘယ်သူတွေလဲ။ ဒီလိုမျိုး ကြီးမြတ်တဲ့ [လတိုင်းပြည်] ကို ကျူးကျော်ရဲတယ်လား!”
ချန်လွေ့က ထိုသူများမှာ တိုင်းပြည် အဆင့်သို့ ရောက်ရှိနေပြီး ခေါင်းဆောင်မှာ နတ်ဘုရားတစ်ပိုင်း အလယ်ဆင့်တွင် ရှိနေသည်ကို မြင်နိုင်သည်။ သူက ထိုတိုင်းပြည်ငယ်၏ အစောင့်အရှောက် ဖြစ်ပုံရသည်။ ချန်လွေ့က ထိုသို့အစွမ်းကို အရေးမစိုက်ပေ။
“ကျုပ်တို့က ဆာ-ဆာရီရယ်ကို တွေ့ဖို့ အထူး လာခဲ့တာ။” ချန်လွေ့က စကားစလိုက်သည်။
“ရိုင်းလိုက်တာ။ မင်းက ဆာ-ဆာရီရယ် တိုက်ရိုက်ခေါ်ရဲတယ်!” ခေါင်းဆောင် နတ်ဘုရားတစ်ပိုင်းက ဒေါသတကြီးဖြင့် ပြောသည်။ “[လတိုင်းပြည်] အချုပ်အခြာ အာဏာပိုင် အုပ်စိုးသူအတွက် စတေးခံ အနေနဲ့ မင်းရဲ့အသက်ကို ငါ လိဒ်က လာယူမယ်!”
အက်ဂ်လက်စ် နှာခေါင်းရှုံ့လိုက်ရာ ထိုနတ်ဘုရားတစ်ပိုင်း ကြောက်မက်ဖွယ် အငွေ့အသက်က သူ့ထံ လာနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ သူ၏ အစွမ်းက ထိုသို့ရိုးရှင်းသော အသံကြောင့် တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် တုန်ယင်လာခဲ့သည်။ သူက မည်သည့် စွမ်းအားကိုမျှ လုံးဝ မထုတ်ဖော် နိုင်တော့ပေ။
သူက မကြာခင်ကမှသာ ဒဏ်ရာ သက်သာ လာခဲ့ပြီး [နဂါးနတ်ဘုရား မျက်လုံး]မှာ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး အထူး ဖိနှိပ်မှုစွမ်းအား ရှိနေသော်လည်း အက်ဂ်လက်စ်၏ အစွမ်းမှာ နတ်ဘုရား-ယောင်အဆင့်ဖြစ်ရာ ထိုသို့ အစွမ်းရှိသူ တစ်ဦးကြောင့် တုန်လှုပ်ခံရရန် အလှမ်း ဝေးနေသေးသည်။
ကျန်သူများကလည်း နတ်ဘုရား-ယောင် အက်ဂ်လက်စ်၏ နဂါးမာန် အောက်တွင် မလှုပ်ရှား နိုင်ကြတော့ပေ။ ထိုအခိုက်အတန့်တွင် ကောင်းကင်၏ အလင်းရောင် ရုတ်တရက် မှေးမှိန်သွားပြီး လနှစ်စင်းက ဧရာမ မျက်လုံး သူငယ်အိမ် နှစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
မျက်လုံး သူငယ်အိမ် ပေါ်လာသည်နှင့် နဂါးမာန်ကြောင့် တုန်လှုပ်နေသော လူများက ရုတ်တရက် သက်သာရာ ရသွားပြီး ပြန်လည် ကောင်းမွန်လာသည်။ အောက်မှ နေထိုင်သူများက ထိုမျက်လုံးကို မြင်ရာ လိဒ်နှင့် အခြားသူများအပါအဝင် အားလုံး မြေပေါ်သို့ ဒူးထောက်လိုက်ပြီး သူတို့၏ မျက်နှာများတွင် ကြည်ညိုမှုနှင့် ရူးသွပ်မှုကို ပြသလိုက်ကြသည်။
ဧရာမ မျက်လုံးကြီး နှစ်လုံးက ယုံကြည်သူများကို လျစ်လျူရှုလိုက်ပြီး အက်ဂ်လက်စ် အပေါ်သို့ အာရုံစိုက် လိုက်သည်။ အက်ဂ်လက်စ်သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ချက်ချင်း ခံစားလိုက်ရသည်။ သူက မြွေပွေးတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံနေရသော ဖားတစ်ကောင်လို ဖြစ်နေပြီး နဖူးမှ ချွေးစေးများ ထွက်ကျလာသည်။
မိစ္ဆာမျက်ဆံ!
နောက်ဆုံးတော့ ဆာရီရယ် ပေါ်လာပြီ!