တိုင်းပြည်ငယ်များ တိုက်မိခြင်း
Vol. 70 Ch. 1122
“ပြီးတော့ ရှိသေးတယ်!” ဆာရီရယ်၏ အသံက အကြွင်းမဲ့ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။ “မင်းတို့ [လကြေးမုံ] ကို မေ့သွားပြီလား။ ငါ ဒီမှာရှိနေပေမယ့် အဲဒါက ရပ်တန့်သွားမှာ မဟုတ်ဘူး! အဲဒါက ငါ့ရဲ့ တိုင်းပြည် ကိုယ်ပွားပဲ။ ငါ ဒီမှာ ရှိနေရင်တောင်မှ ဝါးမျိုလိုက်တဲ့ သွေးမျိုးဆက် စွမ်းအားကို ငါ့ဆီ ပို့ပေးနိုင်တယ်!”
ချန်လွေ့က ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ နေရာလွတ်က [လကြေးမုံ] ပို့လွှတ်မှုကို မတားဆီး နိုင်သည့်အတွက် တုန်လှုပ်သွားလေသည်။
ဆာရီရယ်က လက်ကို ကောင်းကင်သို့ ညွှန်ပြရင်း ကျယ်လောင်စွာ ရယ်လိုက်၏။ [လတိုင်းပြည်]၏ ပုံရိပ်က အပေါ်မှ နေရာလွတ်တွင် ရုတ်တရက် ပေါ်လာပြီး သော်သော်နှင့် အက်ဂ်လက်စ်တို့၏ ခဲနေသော အပြာရောင် သလင်းကျောက် ပုံရိပ်ကို ပြသနေသည်။ အပြင်ဘက် အစွန်းက စက်လုံးတစ် ခုအဖြစ်သို့ ခဲသွားလေပြီ။
“[လကြေးမုံ] လုံးဝ နီရဲသွားတာနဲ့ နဂါးရဲ့ နတ်ဘုရား-ယောင်ဘဝကို လုံးဝ ဝါးမျိုသွားပြီးတော့ အဲဒီကလေးမလေးရဲ့ နတ်ဘုရား၏ သွေးမျိုးဆက်က လုံးဝ နိုးထလာလိမ့်မယ်။ သူရဲ့အစွမ်းက အထူး အဆင့်ကို တိုက်ရိုက် ဝင်ရောက်သွားပြီး ပါရမီရှင်တစ်ယောက် မွေးဖွားလာသလို ဖြစ်လိမ့်မယ်။ ကံဆိုးချင်တော့ အဲဒါက ခဏတာပဲ။ ဘာလို့လဲဆို [လကြေးမုံ]က သူ့ရဲ့ သွေးမျိုးဆက် စွမ်းအားနဲ့ အသက် စွမ်းအား အကုန်လုံး လုံးဝစုပ်ယူပြီးတော့ အဲဒီစွမ်းအားတွေကို ငါ ရသွားမှာပဲ။ ပြီးရင် ငါ့ရဲ့ အစွမ်းအစတွေက အကြီးအကျယ် တိုးတက်လာလိမ့်မယ်။ မင်းတို့ အားလုံး ငါ့ရဲ့ ပြိုင်ဘက်တွေ မဟုတ်တော့ဘူး။ ငါ ဒီကနေ ထွက်ပြီးတော့ နတ်ဆိုးဘုံကို ပြန်သွားတာနဲ့ သွေးမျိုးဆက်ရဲ့ စစ်မှန်တဲ့ နက်နဲမှုတွေကို အပြည့်အဝ ပေါင်းစပ်ပြီး နားလည်သွားတာနဲ့ စေတန်ဆိုရင်တောင် ငါ့ခြေဖဝါးအောက် နင်းခြေခံရမှာပဲ။”
ဖိုက်သွန် တိုက်ခိုက်ရန် ပြင်လိုက်စဉ် ချန်လွေ့၏ နက်ရှိုင်းသော အသံက အနောက်မှ ထွက်ပေါ်လာ၏။ “ဝင်မပါနဲ့။”
ဖိုက်သွန်က ထိုအသံမှာ အနည်းငယ် ကွဲပြားနေသည်ကို သတိပြုမိလိုက်သည်။ သူ လှည့်ကြည့်လိုက်ရာ ချန်လွေ့၏ မျက်လုံးများကို တွေ့လိုက်ရလေသည်။ စိတ်ဓာတ်ခိုင်မာသော ဖိုက်သွန်ပင်လျှင် စိတ်ထဲတွင် အေးစက်သွားခဲ့၏။ သူက ချန်လွေ့နှင့် အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူး သော်လည်း ထိုသို့သော အကြည့်မျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
၎င်းက ဒေါသ၊ သတ်ဖြတ်ချင်စိတ်နှင့် ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေ၏။
ထိုအကြည့်က တစ်ခဏသာ ဖြစ်သည်။ မျက်စိတစ်မှိတ် အတွင်းတွင် ချန်လွေ့၏ ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဆာရီရယ်၏ စိတ်ထဲတွင် သတိပေး လက္ခဏာများဖြင့် ပြည့်နှက်လာခဲ့သည်။ ချန်လွေ့က သူ၏ အရှေ့သို့ ရောက်ရှိလာခဲ့ပြီး အမြန်နှုန်းမှာ ထင်ထားသည်ထက် များစွာ ကျော်လွန် နေသည်။ ဆာရီရယ် တုံ့ပြန်ခြင်း မပြုနိုင်ခင်မှာပင် သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်က လက်သီးဖြင့် ထိသွားခဲ့သည်။
လက်သီးက ဆာရီရယ်၏ ခန္ဓာကိုယ်ကို မထိုးဖောက် နိုင်ခဲ့သော်လည်း ကျောမှ ဖောင်းလာရာ မည်မျှ ပြင်းထန်ကြောင်း ပြသနေသည်။ ဆာရီရယ်၏ ခန္ဓာကိုယ် နောက်ပြန် လွင့်စင်သွားပြီး အလေးချိန်ကို မထိန်းနိုင်ခင်ပင် ချန်လွေ့က လိုက်ပါ လာခဲ့သည်။ သူက ဒူးတိုက်ခိုက်မှု ခပ်ပြင်းပြင်းဖြင့် သူ့ကို လေထဲသို့ ပစ်တင်လိုက်သည်။ ချန်လွေ့၏ ပုံရိပ်က လက်ခနဲ ဖြစ်သွားခဲ့ပြီး လေထဲတွင် ပေါ်လာပြီးနောက် သူ၏ လက်သီးများကို ဆုပ်ကိုင်ကာ ဆာရီရယ်၏ ခေါင်းကို အပြင်းအထန် ထိုးချလိုက်သည်။
“ဘုန်း!” ဆာရီရယ်၏ ပုံရိပ်က ဥက္ကာပျံကဲ့သို့ အောက်ကို ပစ်ကျသွားပြီး လွင့်မျောနေသော ကျွန်းတစ်ကျွန်းပေါ်သို့ ကျရောက်ခါနီး ဖြစ်နေသည်။ ချန်လွေ့၏ ပုံရိပ် နောက်တစ်ခါ လက်ခနဲ ဖြစ်သွားပြီး ဧရာမ အလင်းလုံး(၇)လုံး ရုတ်တရက် ပေါ်လာကာ ဆာရီရယ်၏ ဘေးတွင် ပေါက်ကွဲသွားခဲ့လေသည်။
ကျွန်းတစ်ခုလုံး ချက်ချင်းပင် ကြေမွ သွားခဲ့၏။ လေထုက ပေါက်ကွဲမှုကြောင့် ဖြစ်လာသော မီးခိုးတိမ်ကြီးတစ်ခုဖြင့် ပြည့်နှက်နေလေသည်။
ထိုလှုပ်ရှားမှုက အတော်လေးကို ကြီးမားသော်လည်း ထိုနေရာမှာ ကြောက်မက်ဖွယ် မိုးပျံနယ်မြေတွင် ဆွေမျိုးမိတ်ဆွေများ လေ့ကျင့် စုဝေးရာ နေရာ ဖြစ်သည်။ အနီးအနားမှ လေလွင့် ဝိညာဉ်များကို ရှင်းလင်းပြီးဖြစ်ရာ ပြင်ပမှ အနှောင့်အယှက် မရှိပေ။
မီးခိုးများ အကြားတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
ဆာရီရယ်...
သူ၏ ကိုယ်ပေါ်တွင် ကြောက်မက်ဖွယ် အမာရွတ်များဖြင့် ပြည့်နှက်နေပြီး ပခုံး၊ ရင်ဘတ်နှင့် ခြေထောက်၌ ကြီးမားသော စုတ်ပြတ်နေသည့် အရာများ ရှိနေ၏။ အကယ်၍ သူသာ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့်တွင် ရှိနေခဲ့ပါက ခုနက [ကြယ်(၇)ပွင့်ပေါက်ကွဲခြင်း] သည် သူ့ကို အနည်းငယ်မျှပင် ထိခိုက်နိုင်မည် မဟုတ်ပေ။ သို့သော် ယခုမူ ၎င်းက ဆာရီရယ်ကို ကြီးမားသော ထိခိုက်မှုကို ဖြစ်စေခဲ့သည်။
ဆာရီရယ်၏ ကိုယ်ပေါ်မှ သွေးများ ပြန်လည် စီးဝင်သွားပြီး ဒဏ်ရာများက လျင်မြန်စွာ ပြန်ကောင်းမွန် လာခဲ့သည်။ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်က အချိန်ကို နောက်ပြန်ရစ် လိုက်သကဲ့သို့ ချက်ချင်းပင် ပြန်လည်ပြည့်လာခဲ့သည်။
ထိုအသစ်ပြန်ဖြစ်ခြင်းက ရိုးရှင်းသော ပြန်လည် ပြုပြင်ခြင်း မဟုတ်ပေ။ ဆာရီရယ်၏ စွမ်းအားအငွေ့အသက်က ထိုအရာကြောင့် ကုန်သွားခြင်း အားနည်း သွားခြင်း မရှိခဲ့ပေ။
ထိုအရာမှာ [လဝိညာဉ်ခန္ဓာ] ပင်။
သို့သော်လည်း ဆာရီရယ်က ဆက်၍ လျှော့တွက် မနေတော့ပေ။ သူ၏ စွမ်းအားက နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ဖိနှိပ်ခံထားရသည်ကို သိသော်လည်း သူ့တွင် နတ်ဘုရား-ယောင် ထိပ်သီးပိုင်း အဆင့်၏ တိုက်ခိုက်ရေးအတွေ့အကြုံနှင့် နည်းလမ်းများ ရှိနေသေးသည်။ ဖိုက်သွန် တစ်ဦးတည်းသာ အစွမ်းထက်လှသော ရန်သူအဖြစ် သတ်မှတ်၍ ရနိုင်ပေသည်။ ‘အက်ဂ်ယော’သည်လည်း ခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အထူးသဖြင့် သူ၏ အမြန်နှုန်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။ သူတို့ နှစ်ဦးလုံး နတ်ဘုရား တစ်ပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိနေကြသော်လည်း သူ၏ အမြန်နှုန်းမှာ နတ်ဘုရား-ယောင်အဆင့်နှင့် နီးစပ်နေ၏။ ဆာရီရယ်ပင် သူ့ထက် နိမ့်ကျသည်ဟု ထင်မြင်မိသည်။
သူ၏ ပတ်လည်မှ အငွေ့အသက်က ချက်ချင်းပင် အလွန် ပြင်းထန်လာခဲ့သည်။ ထို့နောက် မရေတွက်နိုင်သော အနီရောင် ဧရာမ သားရဲများက ဆာရီရယ်ထံသို့ ဟိန်းဟောက်လာ၏။ မချဉ်းကပ်မီမှာပင် သူက စုတ်ဖြဲဖျက်ဆီးခြင်း စွမ်းအားကို ခံစားလိုက်ရသည်။ နောက်စက္ကန့်တွင် တကိုယ်လုံးက လောင်ကျွမ်းနေသော နဂါးပင်လယ် ဝါးမျိုခြင်းကို ခံလိုက်ရ၏။
ပစ်မှတ်ကို ဝန်းရံပြီး အချိန်ကြာမြင့်စွာ လူးလွန့်ပြီးနောက် အနီရောင် ပျက်စီးခြင်း အလင်းက တဖြည်းဖြည်း ငြိမ်းသွားသည်။ ဆာရီရယ်၏ ခန္ဓာကိုယ်က မရေမရာနှင့် ကျိုးပဲ့နေသော အပိုင်းအစ အချို့သာ ကျန်ရှိပြီး ဗလာနတ္ထိ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“အသုံးမဝင်ဘူး!” အပိုင်းအစများက တစ်ချိန်တည်းမှာပင် အသံ တစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူတို့က မကြာမီ စုစည်းကာ ဆာရီရယ်၏ ခန္ဓာကိုယ်အဖြစ် ဖွဲ့စည်းလိုက်သည်။ “[လဝိညာဉ်ခန္ဓာ] က မသေနိုင်တဲ့အတွက် မင်းရဲ့ တိုက်ခိုက်မှု ဘယ်လောက်ပဲ အားကောင်းနေပါစေ ငါ့ကို တကယ် မထိခိုက်နိုင်သလို ငါ့ရဲ့ စစ်မှန်တဲ့ အစွမ်းကိုလည်း မကုန်ဆုံး စေနိုင်ဘူး။”
“ကျွန်မတို့က ပြိုင်ဘက်ဟောင်းတွေပဲ။ ရှင့်ရဲ့ [လဝိညာဉ်ခန္ဓာ]က တကယ်ပဲ ထူးခြားတာကို ဝန်ခံပါတယ်။ အဲဒီတုန်းက ကျွန်မ ဆုံးရှုံးမှုတချို့ ကြုံခံခဲ့ရဖူးတယ်။” ဖိုက်သွန် လှောင်ရယ်လိုက်သည်။ “ဒါပေမဲ့ လောကကြီးမှာ အကြွင်းမဲ့ဆိုတာ မရှိဘူး။ အရင်ကတော့ မသေချာခဲ့ဘူး။ ဒါပေမဲ့ ဒီနေ့ ရှင့်ရဲ့ တိုင်းပြည်ငယ်ထဲကို ဝင်လာပြီးတော့ ‘မသေနိုင်ခြင်း’ဆိုတာ တိုင်းပြည်ငယ်နဲ့ ဆက်စပ်နေနိုင်တယ် ဆိုတာ နောက်ဆုံးတော့ သေချာသွားပြီ။ [လဝိညာဉ်ခန္ဓာ] စားလိုက်တဲ့ စွမ်းအင်ကို အထူးချိတ်ဆက်မှုနဲ့ တိုင်းပြည်ငယ်ဆီကို ပြန်ပို့လွှတ်ပြီး တိုင်းပြည်ငယ်က ပြန်လည် ဖြည့်တင်းပေးတယ်။ နတ်ဘုရား-ယောင် တိုင်းပြည်တစ်ခု အနေနဲ့ ကြည့်ရင်တော့ ဒါက တကယ် အဆုံးမဲ့နီးပါးပဲ။ ဒါပေမဲ့ ရှင့်ရဲ့ တိုင်းပြည်ငယ် ပျက်စီးသွားရင် ကန့်သတ်ထားတဲ့ နတ်ဘုရားဘဝရဲ့ စွမ်းအားပဲ သုံးနိုင်တော့မှာ။ အဲဒီအချိန်က ရှင့်ရဲ့ အဆုံးသတ်ပဲ!”
ဆာရီရယ် တုန်လှုပ်သွား၏။ သူက ဖိုက်သွန်၏ ထိုးထွင်း အမြင်နှင့် ဆုံးဖြတ်ချက်ကို သိသော်လည်း သူ၏ [လဝိညာဉ်ခန္ဓာ]လျှို့ဝှက်ချက်ကို သိမြင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက ကောင်းကင်ပုံရိပ်ကို ချက်ချင်းပင် လက်ညှိုးထိုးလိုက်သည်။ “အဲဒီတော့ ဘာဖြစ်လဲ။ [လကြေးမုံ]က အသက်ဝင် နေပြီ။ ပြီးတော့ နတ်ဘုရားမျိုးဆက်ရဲ့ သွေးမျိုးဆက်က သိပ်မကြာခင်မှာ ငါ့ရဲ့ စွမ်းအားအဖြစ် လုံးဝ ပြောင်းလဲသွား တော့မှာ! ငါ လုံးဝ တတ်နိုင်တယ်။ ပြီးတော့ မင်းတို့မှာ အချိန် မရှိတော့ဘူး!”
ထိုအခိုက်အတန့်မှာပင် ပြသနေသော [လတိုင်းပြည်]က ရုတ်တရက် ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်ခဲ့သည်။ တိုင်းပြည်ထဲတွင် အဝေးမှ တောင်တန်းက ရုတ်တရက် ကြေမွသွားသည်။ ထို့နောက် အလင်း တစ်ခု လင်းလက်သွားကာ တောင်တန်း ပတ်လည်မှ အရာအားလုံး ပျက်စီးသွား၏။
အလင်း၏ ဇစ်မြစ်မှာ အမှောင် တိမ်တိုက် တစ်ခုပင်။ သေသေချာချာ ကြည့်လိုက်ရာ ၎င်းက ကောင်းကင်တွင် ဆိုင်းငံ့နေသော ဧရာမရဲတိုက်တစ်လုံး ဖြစ်နေသည်။ အပြင်ဘက် အခွံက ငွေရောင်အလင်း ခပ်ရေးရေး လင်းနေပြီး လူများကို တစ်ချိန်တည်း တုန်လှုပ်ခြင်းနှင့် လွှမ်းမိုးခြင်း ခံစားရစေသည်။
“အဲဒါက ဘာကြီးလဲ။” ဆာရီရယ် ထိတ်လန့်သွားသည်။ သူ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ရှိနေ၏။ ဒါ [လတိုင်းပြည်] ထဲကို ဘယ်လိုလုပ် ဝင်လာတာလဲ!
ဧရာမရဲတိုက်က အေးအေးဆေးဆေး ရွေ့လျားလာပြီး အလင်းတန်း ရာနှင့်ချီ ဆက်တိုက် ပစ်လွှတ်လိုက်သည်။ အလင်း ဖြတ်သန်းသွားရာ နေရာတိုင်း မြေပြင် ပြိုကျသွားသည်။ တိုင်းပြည်တစ်ခုလုံးက အလင်းတန်းများအောက် တုန်ခါနေ၏။
ထိုအရာက ကြယ်သင်္ဘော ဖြစ်သည်!
ချန်လွေ့၏ နောက်ထပ် အဆုံးသတ် တိုက်ကွက် တစ်ခုလည်း ဖြစ်သည်။ သူက ဆာရီရယ်ကို ကြောက်မက်ဖွယ်ရာ မိုးပျံ နယ်မြေသို့ မခေါ်ခင် စာအုပ်ပေါင်းချုပ် ခန်းမ အပြင်ဘက်တွင် ပုန်းနေသော ကြယ်သင်္ဘောကို အမိန့်ပေးခဲ့လေသည်။
ကြယ်သင်္ဘောမှာ မူလက အရေးပေါ် အခြေအနေအတွက် အရန် တစ်ခုသာ ဖြစ်သော်လည်း သော်သော်၏ အခြေအနေကို သိပြီးနောက် ချန်လွေ့က သူနှင့် ဆာရီရယ်တို့သည် သေရေးရှင်ရေး တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိလိုက်ရာ ကြယ်သင်္ဘောဖြင့် တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးခဲ့သည်။
ထိုအဆင့်(၅)အဂ္ဂိရတ် အဖွဲ့အစည်း၏ မြို့ပြစစ်သင်္ဘောသည် နောက်ဆုံးတွင် အစွယ်များကို ပထမဆုံးအကြိမ် ထုတ်ပြလာခဲ့သည်။ ၎င်းက တားဆီး၍ မရသော စွမ်းအားဖြင့် စာအုပ်ပေါင်းချုပ် ခန်းမ၏ စတုတ္ထအထပ်ကို တိုက်ရိုက် ကျူးကျော်ကာ လမ်းတလျှောက်ရှိ ကာကွယ်ရေး အစီအရင် အားလုံးကို အလဲထိုးပြီး [လတိုင်းပြည်] အတွက် ဗဟိုချက်သို့ ဝင်ရောက်လာခဲ့သည်။
တစ်နည်းအားဖြင့် ကြယ်သင်္ဘောမှာ အမှန်တကယ် ချန်လွေ့၏ တိုင်းပြည်ငယ် ဖြစ်သည်။ ထိုတိုက်ပွဲက တိုင်းပြည်ငယ် နှစ်ခုအကြား တိုက်မိခြင်းနှင့် တူနေ၏။
မှော်အစီအရင်၏ အကာအကွယ်နှင့် သီးခြား ခွဲထုတ်မှုကြောင့် သွေးရောင် အင်ပါယာမှ ပြည်သူများ ကြယ်သင်္ဘော ရောက်လာသည်ကို သတိမပြုမိခဲ့ကြ သော်လည်း အားကောင်းသော တိုက်ခိုက်မှု အင်အားက ထိုဧရိယာတွင် အံ့ဩဖွယ်ရာ တုန်ခါမှုကို ဖြစ်စေခဲ့သည်။ ကံကောင်းစွာပင် တစ်ဖနီ ပြည်သူများကို ရွှေ့ပြောင်းရန် အမိန့်ပေးထားပြီး ဖြစ်ကာ ဖြစ်ပွားနိုင်သော အလားတူ အခြေအနေ တစ်မျိုးမျိုးကို ကြိုတင်ရှင်းပြထားခဲ့၏။ ရလဒ်အနေဖြင့် လူထုက ၎င်းကို ယန္တရား အစည်းအရုံး၏ မှော်အစီအရင် ပြောင်းလဲမှုကြောင့် ဖြစ်လာသော ပုံမှန် ဖြစ်စဉ်တစ်ခုအဖြစ်သာ ထင်ခဲ့ကြသည်။
ကြယ်သင်္ဘော ရောက်ရှိလာခြင်းက [လတိုင်းပြည်]၏ အစောင့်အရှောက် အားလုံးကို သတိပေးလိုက်ပြီး သူတို့ အားလုံး ရောက်ရှိလာကြသည်။
ကြယ်သင်္ဘောက အားကောင်းသော လက်နက်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ရောက်လာသော တိုင်းပြည် အစောင့်အရှောက်များကို ရင်ဆိုင်ရန် မရေမတွက်နိုင်သော အဂ္ဂိရတ် သတ္တဝါများ စေလွှတ်ရင်း [လတိုင်းပြည်] ကို ဖျက်ဆီးတော့သည်။
ဆာရီရယ်က သလင်းကျောက်များဖြင့် ဖုံးလွှမ်းနေသော ဧရာမ သားရဲများ၊ လွင့်မျောနေသော မျက်နှာလွှားနှင့် အမျိုးသမီးများ၊ သတ္တုစက် တိုက်ခိုက်ရေး သမားများနှင့် မိုးကြိုး မုန်တိုင်းကို ထုတ်လွှတ်နေသော ဧရာမကောင်များ အပါအဝင် [လတိုင်းပြည်] အစောင့်အရှောက်များနှင့် ပြင်းထန်စွာ တိုက်ခိုက်နေသော သတ္တဝါများကို ကြည့်လိုက်သည်...
ဆာရီရယ် အတွက်ပင်လျှင် ထိုသို့ ထူးဆန်းသော သတ္တဝါများကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
အဂ္ဂိရတ်သတ္တဝါ အရေအတွက်မှာ အံ့ဩဖွယ် ကောင်းလှသည်။ တစ်ဦးချင်း တိုက်ခိုက်ရေး စွမ်းအားမှာ အတော်လေး အံ့ဩဖွယ်ကောင်းရုံသာမက သူတို့က ကောင်းစွာ လေ့ကျင့်ထားသည့် တိုက်ပွဲပုံစံ တစ်ခုကိုလည်း ဖွဲ့စည်းထားလေသည်။ ခဏအကြာတွင် [လတိုင်းပြည်]၏ အစောင့်အရှောက်များက လုံးဝ ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။
သာမန်တိုက်ခိုက်ရေးစွမ်းအား သာမက အဆင့်မြင့်တိုက်ခိုက်ရေး စွမ်းအားလည်း ဖိနှိပ်ခြင်း ခံလိုက်ရသည်။ ထူးဆန်းသော အထူးအဆင့် သတ္တဝါများ အပြင် အားကောင်းသော နဂါးအများအပြားနှင့် ထူးခြားသော ခွန်အားရှိသော အမျိုးသား၊ အမျိုးသမီးအချို့ (အားနည်းသူများကို အထူးရွေးတတ်သော ကြက်သွန်နီကောင် အပါအဝင်)လည်း ရှိနေ၏။ ဆာရီရယ်၏ အာရုံကို အဆွဲဆောင်ဆုံးမှာ အမျိုးသမီး နှစ်ဦးပင်။ ခရမ်းရောင် ဆံပင်နှင့် ဝတ်ရုံ ဝတ်ဆင်ထားသော ရင်သပ်ရှုမောဖွယ် ရုပ်ရည်ရှိသည့် အမျိုးသမီး တစ်ဦး၊ မျက်မှန်တစ်လက်၊ သရဖူ၊ ကြယ်ရောင် လင်းနေသော ချပ်ကာနှင့် မှော်တုတ်တံ တစ်ချောင်း။ အခြား ဆံပင်အနက်နှင့် အမျိုးသမီးမှာမူ မျက်နှာကို မျက်နှာလွှား ဖုံးထားပြီး အလားတူ ချပ်ကာကို ဝတ်ဆင်ထားလေသည်။
ထိုအမျိုးသမီး နှစ်ဦးတည်းကပင် [လတိုင်းပြည်]ရှိ အစွမ်းအထက်ဆုံး နတ်ဘုရားတစ်ပိုင်း အစောင့်အရှောက် ၁၀ဦးကို ခုခံနိုင်စွမ်း ရှိပြီး ၎င်းတို့ထဲတွင် နတ်ဘုရားတစ်ပိုင်းအဆင့် ထိပ်သီးပိုင်း ၃ဦးလည်း ပါဝင်သည်။ ၁၀ ယောက်နှင့် ၂ယောက် ယှဉ်ပြိုင်ရာတွင် သူတို့က အသာစီးရနေဆဲပင်! ၁၀ယောက်ထဲမှ ၂ယောက်မှာ ပြင်းထန်စွာ ဒဏ်ရာရနေပြီ ဖြစ်သည်။ အချိန်မရွေး ရှုံးနိမ့်သွားနိုင်၏။
ကြယ်သင်္ဘောက တုန်လှုပ်ဖွယ်ရာ အရွယ်အစား ရှိသည့် အလင်းတန်းတစ်ခု နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်၏။ ထိုအလင်းတန်းက ပေါက်ကွဲမှုတစ်ခုကိုမှ မဖြစ်စေခဲ့သော်လည်း ဧရာမတွင်းနက် တစ်ခု ဖြစ်လာစေခဲ့သည်။ တွင်းနက်နှင့် နီးစပ်သော အရာအားလုံးက ၎င်းထဲသို့ ဝါးမျိုခြင်း ခံလိုက်ရသည်။ တောင်များ၊ မြစ်များ၊ မြေများ...အပါအဝင် ဖြစ်သည်။
ထိုအရာက ကြယ်သင်္ဘော၏ အမြောက်ကြီး သုံးခုထဲမှ တစ်ခုဖြစ်သော ‘ပျက်သုဉ်းခြင်း’ပင်!
“ချီးပဲ!” ဆာရီရယ်က တိုင်းပြည်ငယ်၏ စွမ်းအား ရုတ်ချည်း ကျဆင်းသွားပြီး တိုင်းပြည်၏ နေရာလွတ် ဖွဲ့စည်းပုံမှာ ပြင်းထန်စွာ ပျက်စီးသွားခဲ့ကြောင်းကို အသေအချာ ခံစားလိုက်ရ၏။ ထိုအတိုင်း ဆက်သွားပါက [လဝိညာဉ်ခန္ဓာ]၏ ထုတ်လွှတ်မှုကို ထောက်ပံ့ရန် လောက်ငှတော့မည် မဟုတ်ပေ!
ဆာရီရယ်က အနီးအနား နေရာလွတ်၌ မရေတွက်နိုင်သော အနက်ရောင်မျဉ်းများ ရှိနေပြီး ဧရိယာတစ်ခုလုံးကို အဝေးမှ ချိပ်ပိတ်ထားသော မီးခိုးများ ထုတ်လွှတ် နေသည်ကို မြင်လိုက်ရသည်။
အနက်ရောင် မျဉ်းများက သူ့ကို အန္တရာယ်ရှိသော နိမိတ်တစ်ခု ပေးနေ၏။ သူက ၎င်းတို့ကို ခဏ ကြည့်လိုက်ရာ မျက်လုံးတွင် စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရ၏။
ဖိုက်သွန်ရဲ့ အဆိပ်ပဲ!
ဖိုက်သွန်၏ ကြောက်မက်ဖွယ်ရာ ရယ်သံက အနက်ရောင် မီးခိုးများထဲမှ ထွက်ပေါ်လာသည်။ “စိတ်မပူပါနဲ့။ ကျွန်မ ဝင်မပါပါဘူး။ ရှင် ထွက်ပြေးတာကို တားဆီးဖို့ သက်သက်ပါပဲ။”
“ငါက ထွက်ပြေးမယ် ဟုတ်လား။ ရယ်စရာပဲ!” ဆာရီရယ် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ငါ့မှာ [လကြေးမုံ] ရှိနေတာပဲ။ မင်းတို့ [လတိုင်းပြည်] တစ်ခုလုံး ဖျက်ဆီးပစ်ရင် တောင်မှ သွေးမျိုးဆက် နိုးထတာနဲ့ ဝါးမျိုတာကို တားဆီးနိုင်မှာ မဟုတ်ဘူး!”
ထိုသို့ပြောပြီးနောက် မရေမတွက် နိုင်သော ဓားသွားကဲ့သို့ ချီစွမ်းအင်များ အရပ်ရပ်မှ ခုတ်ပိုင်းချ လာခဲ့သည်။ ချန်လွေ့က [အရှိန်အဝါဓားသွား]ကို အသက်သွင်းလိုက်ပြီ ဖြစ်သည်။
ထိုတစ်ကြိမ်တွင် ဆာရီရယ်က ၎င်းကို တိုက်ရိုက်ခံယူရန် [လဝိညာဉ်ခန္ဓာ]ကို မသုံးခဲ့ပေ။ သူ၏နဖူးပေါ်မှ မိစ္ဆာမျက်ဆံက ထူးဆန်းသော အလင်းရောင် တစ်ခုကို ထုတ်လွှတ်လိုက်ပြီး သူ့ခန္ဓာ တည်ရှိရာ နေရာလွတ်က လှိုင်းများလို ရုတ်တရက် လိမ်ကောက်သွား၏။
ရေလှိုင်းများက ချွန်ထက်လှသော ချီစွမ်းအင်များကြောင့် မရေမတွက် နိုင်သော အပိုင်းအစများ အဖြစ်သို့ ခုတ်ပိုင်းခံရသော်လည်း လှိုင်းတစ်ချက် လှုပ်ပြီးနောက် ပြန်လည် ကောင်းမွန် သွားခဲ့သည်။ သို့သော် ချန်လွေ့မှာမူ တန်ပြန် အကျိုးသက်ရောက်မှု တစ်မျိုးကို ခံရပြီး ပါးစပ်မှ သွေးများလျှံကျလာ၏။
“[အတွေးမဲ့လရေမှော်စက်ဝိုင်း] ပဲ။” ဖိုက်သွန်၏ အသံထွက်ပေါ်လာသည်။
“အမှန်ပဲ! ငါက အစွမ်းအထက်ဆုံး [ကြမ္မာဆိုးကပ်ဘေး အခန်းကြီး(၇)ခန်း] ကို အသက်မသွင်းနိုင်ရင်တောင်မှ ငါ့မှာ [အတွေးမဲ့လရေမှော်စက်ဝိုင်း]တော့ ရှိနေသေးတယ်!” ရေလှိုင်းများထဲတွင် ဆာရီရယ်၏ အသံက လှိုင်းအလွှာများကို ဖြစ်ပေါ်စေခဲ့သည်။ “ဒါ တိုက်ခိုက်ရေးနှင့် ခုခံရေး နှစ်မျိုးလုံးကို ပေါင်းစပ်ထားတဲ့ အဆုံးစွန် ကျွမ်းကျင်မှု တစ်ခုပဲ။ ငါ ဒီမှာ ငြိမ်ငြိမ် ရပ်နေရင်တောင် မင်းတို့ ဒါကို မဖျက်ဆီးနိုင်ဘူး။ အခု [လကြေးမုံ]က အဲဒီနဂါးရဲ့ နတ်ဘုရား-ယောင် ဘဝ စွမ်းအားကို စုပ်ယူနေပြီ။ ငါ နတ်ဘုရားရဲ့ သွေးမျိုးဆက်ကို တဖြည်းဖြည်း ဘယ်လို ဝါးမျိုမလဲဆိုတာ မင်းတို့ ကြည့်နေလိုက်!”