← Chapters

အင်ပါယာဘုံ

Vol. 159 Ch. 2259

အင်ပါယာဘုံ

Vol. 159 Ch. 2259

မင်းတို့ လာခဲ့တဲ့နေရာကို ပြန်သွား။

ထိုရိုးရှင်းသည့် စာကြောင်း​က ပြိုင်ဘက်ကင်း လွှမ်းမိုးမှုကို ဖြစ်ပေါ်စေသည်။ သေချာပေါက်ပင် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နေသူက ရီဖူရှင်း မဟုတ်တော့ပေ။ ယခု ရီဖူရှင်း၏ စိတ်ဝိညာဥ်က သူ့ ကိုယ်ပိုင်ခန္ဓာကိုယ်အတွင်း ပြန်ရောက်သွားပြီ ဖြစ်သည်။

နောက်ထပ် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ရောက်ရှိလာပြီး ထိုသူမှာ ကောင်းကင်ထက် သာလွန်သောသူ ဖြစ်လေသည်။

ကောင်းကင်ဒေသမှ ထိပ်သီးပုဂ္ဂိုလ်များသည် မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို လူနှစ်ယောက်သာ ထိန်းချုပ်နိုင်ကြောင်း သိကြပေသည်။ သူတို့ထဲမှ တစ်ယောက်မှာ ရီဖူရှင်း ဖြစ်ပြီး နောက်တစ်ယောက်က ရှန်ချင်းနယ်မြေ လေးမျက်နှာကျေးရွာ တိုက်ပွဲ၌ ထိပ်သီးကျင့်ကြံသူများကို ထိတ်လန့်တုန်လှုပ်စေခဲ့သော လေးမျက်နှာကျေးရွာ၏ ဆရာသခင် ဖြစ်သည်။

သေချာပေါက်ပင် ယခု ရောက်လာသူမှာ လေးမျက်နှာကျေးရွာ၏ ဆရာသခင် ဖြစ်လေသည်။ သူက မည်သည်တို့ ဖြစ်နေသည်ကို အာရုံခံမိသည့်အတွက် ရှန်ချင်းနယ်မြေသို့ ရောက်လာခဲ့သည်လား။

"ဆရာသခင်။" ရွာသားများ၏ နှလုံးသားက ပြင်းထန်စွာ ခုန်ပေါက်လာခဲ့သည်။ ဤသို့သော သေရေးရှင်ရေး အခြေအနေမျိုးတွင် ဆရာသခင်က နတ်ဘုရားတစ်ပါးကဲ့သို့ ရောက်ရှိလာခဲ့ပေသည်။

သူတို့၏ အတွေ့အကြုံများအရ ဤသည်မှာ ဆရာသခင်က စစ်မှန်သော စိတ်အာရုံနှင့် လောကအတွင်း ဝင်ရောက်လာသည့် ပထမဆုံးအကြိမ် ဖြစ်လေသည်။

ယခင်က ရှန်ချင်းနယ်မြေ၏ အင်အားစုများက လေးမျက်နှာကျေးရွာကို စီးနင်းတိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် ရွာအပြင်ဘက်၌ ရင်ဆိုင်တိုက်ခိုက်ရန် ဆရာသခင်က မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ငှားယူရုံမျှသာ ငှားယူခဲ့သည်။ သို့သော် ဤတစ်ကြိမ်၌ သူတို့သည် ဆရာသခင်က တိမ်တိုက်များကို ဖြတ်ကျော်၍ ဤနေရာသို့ ရောက်ရှိလာသည်အား ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။

သူတို့ ယခင်က တွေးထားသကဲ့သို့ပင် မည်သူမှ ဆရာသခင်၏ နောက်ခံကို မသိသလို သူ မည်မျှ အစွမ်းထက်သည်ကိုလည်း တစ်ယောက်မှ မသိကြပေ။

သို့ဆိုလျှင် ဆရာသခင်က အတိအကျ မည်မျှ အစွမ်းထက်ပါသနည်း။

ဒဏ္ဍာရီများအရ ရွာသည် အစောပိုင်းအချိန်ကာလ၌ နောက်ထပ် နတ်ဘုရားကပ်ဘေးတစ်ခု ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ လေးမျက်နှာကျေးရွာသို့ ချဥ်းနင်းဝင်ရောက်လာသည့် အစွမ်းထက်ကျင့်ကြံသူများက ဆရာသခင်၏ မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် မဟာအင်ပါယာက တားမြစ်ကန့်သတ်ချက် ထုတ်ပြန်ခဲ့ပြီး မည်သူကမှ လေးမျက်နှာကျေးရွာကို ပြဿနာရှာရန် မလုပ်ရဲတော့ပေ။ သို့ပေမယ့် ကန့်သတ်တားမြစ်ချက် ပျက်ပြယ်သွားပြီးနောက် ချက်ချင်းပင် ရှန်ချင်းနယ်မြေအတွင်း၌ ကျူးကျော်မှုများ ဖြစ်ပေါ်လာပြန်သည်။

သို့ပေမယ့် ထိုအချိန်၌ပင် ဆရာသခင်၏ စွမ်းအားကို မည်သူမှ မမြင်နိုင်ခဲ့ပေ။

သို့ဆိုလျှင် ယနေ့ မည်သည်တို့ ဖြစ်ပျက်နေသနည်း။

ဆရာသခင် ရောက်လာသည့် အခိုက်အတန့်တွင် သူ၏ စွမ်းအားများက ကောင်းကင်အာဏာစက်ဘုံတစ်ခွင်ကို လွှမ်းခြုံထားသလို ထင်မှတ်ရသည်။ နတ်ဘုရားကပ်ဘေးကို နှစ်ကြိမ်နှစ်ခါ ကြုံတွေ့ခဲ့ရဖူးသော ထိပ်သီးပုဂ္ဂိုလ်များ ရောက်ရှိလာသည့်အခါ၌ပင် ဆရာသခင်က သူတို့အား လာသည့်နေရာသို့ ပြန်သွားရန် လုပ်နိုင်နေဆဲ ဖြစ်သည်။

ဆရာသခင်က မည်သူနည်း။ သူ၏ ကျင့်ကြံဆင့်က မည်သည့် အဆင့်၌ ရှိနေသနည်း။

ယခင်က ဆရာသခင်သည် ရွာမှ ထွက်ခွာ၍မရဟု မည်သည့်အတွက်ကြောင့် ပြောခဲ့သနည်း။

မည်သူမှ အဖြေသိမနေပေ။ ဆရာသခင်သည်သာ သိရှိသည့်လူတစ်​ယောက် ဖြစ်ပေလိမ့်မည်။

ကောင်းကင်အာဏာစက်ကျောင်းတော်၏ ထိပ်သီးပုဂ္ဂိုလ်များသည် အကူအညီမဲ့သလို ခံစား​နေကြရပြီ ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်၌ သူတို့ အနည်းငယ် သိသည့် အကြောင်းအရာမှာ နတ်ဘုရားတစ်ပါးကဲ့သို့ အကြီးအကဲတစ်ယောက်က ရီဖူရှင်းနှင့် နေရာလဲလိုက်ကာ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်အား ထိန်းချုပ်နေသည်။ ထို့ပြင် ကောင်းကင်ထက်မှ ထိပ်သီးပုဂ္ဂိုလ်အချို့၏ တုံ့ပြန်မှုများကို ကြည့်ရလျှင် သူတို့ ကြောက်ရွံ့ကာ ထိတ်လန့်နေပုံရလေသည်။

ဤပုဂ္ဂိုလ်က အလွန်အစွမ်းထက်သောသူတစ်ယောက် ဖြစ်ရပေမည်။

ထိုက်ချူသူတော်စင်အင်ပါယာ အပါအဝင် ထိပ်သီးပုဂ္ဂိုလ်အချို့က မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်ကြသည်။ တခဏအတွင်း အဖြစ်အပျက်များက သူတို့ ရီဖူရှင်းအား ရင်ဆိုင်စဥ်ကနှင့် ကွဲပြားသွားပေသည်။ သူတို့အားလုံးက ပြင်းထန်သော ခြိမ်းခြောက်မှုကို ခံစားမိကြသည်။ စွမ်းအားများ ကျဆင်းလာသည့် အခိုက်တွင် သူတို့သည် တိမ်တိုက်များကို ကျော်​ဖြတ်၍ ရောက်ရှိလာသည့် ပုဂ္ဂိုလ်က ကျင့်ကြံဆင့်တွင် မသိနိုင်သည့် အဆင့်ထိ ရောက်ရှိနေပြီး အလွန် အစွမ်းထက်လိမ့်မည်ဟု သူတို့ ခံစားမိပေသည်။ သို့သော် သူတို့သည် သူက 'ထို' အဆင့်၌ ရှိနေသလား မဆုံးဖြတ်နိုင်ပေ။

သူက ထိုအဆင့်သို့ မရောက်သေးလျှင် အလွန် နီးကပ်နေပေလိမ့်မည်။

"လေးမျက်နှာကျေးရွာက ဆရာသခင်လား။" ထိုက်ချူသူတော်စင်အင်ပါယာက မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို မော့ကြည့်ကာ မေးလိုက်သည်။ အရှင်ဒွန်ဟောင် တစ်ချိန်က တားမြစ်ချက် ထုတ်ပြန်ခဲ့သည်ကို ထိုနေရာ၌ နေထိုင်သည့် လူတိုင်းသာမက အခြားဘုံများမှ လူများသည်ပင် သိခဲ့ကြပြီး သူတို့အားလုံးက လေးမျက်နှာကျေးရွာအကြောင်း ကြားဖူးခဲ့ကြပေသည်။ ဤသည်မှာ လူမြင်ကွင်းရှေ့၌ လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်၏ ပထမဆုံး ထွက်ပေါ်လာမှုဖြစ်သည်။ ထိုက်ချူသူတော်စင်အင်ပါယာသည် ယခုတွင် သူ၏ ယခင်က ယုံကြည်မှုများ ပျောက်ဆုံးသွားပြီ ဖြစ်သည်။

ဤမုန်တိုင်းသည် မတူညီသော ရလဒ်အခြေအနေဆီသို့ ဦးတည်သွားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

"ပြန်သွားတော့။" ဆရာသခင်က တစ်ခါထပ်ပြောလိုက်သည်။ သူ့အသံက အလွန် တည်ငြိမ်နေဆဲ ဖြစ်သည်။ သို့သော် ငြိမ်းချမ်းခြင်းနှင့် တည်ငြိမ်မှုအလယ်တွင် သူက ထိုရောက်ရှိနေသော ထိပ်သီးပုဂ္ဂိုလ်ကြီးများကို ပြန်သွားရန် ​ပြောလိုက်သည့် တည်ငြိမ်မှုက နှိုင်းယှဥ်ရန် မဖြစ်နိုင်ပေ။

လေဟာနယ်အတွင်းမှ ထိပ်သီးပုဂ္ဂိုလ်ကြီးများက ထိုသို့လုပ်ရန် ဆန္ဒမရှိခဲ့ကြပေ။ သူတို့က ရှိနေသော နေရာ၌ ရပ်နေဆဲ ဖြစ်ကြပြီး ထုတ်လွှတ်နေသည့် စွမ်းအားကလည်း အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ကြည့်ရသည်မှာ သူတို့က လက်လျှော့ရန် မလုပ်ချင်ပုံရသည်။

ဆရာသခင်သည် သူတို့ မည်သို့တွေးနေကြောင်း သိရှိပေသည်။ မဟာအင်ပါယာရှန်ကျား၏ မျက်လုံးများက လေထဲရှိ ထိုက်ချူသူတော်စင်အင်ပါယာထံသို့ ကျရောက်သွားခဲ့သည်။ အကြည့်တစ်ချက်နှင့် ကောင်းကင်ထက်တွင် မရေတွက်နိုင်သော အက္ခရာသင်္ကေတများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သီးခြားလောကတစ်ခု ဖြစ်တည်လာသလို ထင်မှတ်ရပေသည်။

အကြည့်တစ်ချက်နှင့် လေဟာနယ်က ပြိုကျပျက်စီးသွားခြင်းမရှိသလို မဟာလမ်းစဥ်လည်း အက်ကွဲသွားခြင်း မရှိပေ။ သို့သော် မူလမဟာလမ်းစဥ်နေရာတွင် အကြွင်းမဲ့လောကတစ်ခု ပြောင်းလဲဖွဲ့စည်းပြီး အစားထိုးဝင်ရောက်လာပုံရသည်။ ၎င်းသည် လွှမ်းမိုးနိုင်သော ရွှေရောင်ခွန်ပန်ငှက်ကြီး၏ ပန်းချီ ဖြစ်လေသည်။ ရွှေတောင်ပံခွန်ပန်ငှက်၏ အဆုံးမဲ့ မြင့်မြတ်ကာ ခမ်းနားထည်ဝါမှုတို့နှင့် လောကအား ထက်ခြမ်းခွဲ၍ ထိုတည်ရှိမှုအားလုံးကို သုတ်သင်ဖျက်ဆီးပစ်တော့မည့်ဟန်ပင်။

ထိုက်ချူသူတော်စင်အင်ပါယာ၏ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူက ထွက်ပြေးလွတ်မြောက်ရန် ရည်ရွယ်ပြီး ကောင်းကင်သို့ ထွက်ပြေးလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်က ဘုံအတွင်းမှ ထွက်ပြေးလွတ်မြောက်နိုင်စွမ်းမရှိခဲ့ပေ။ ထိုက်ချူသူတော်စင်အင်ပါယာ၏ အဆင့်တွင် ခြေတစ်လှမ်းကပင် အနန္တလေဟာနယ်အကွာအဝေးကို ဖြတ်သန်းသွားနိုင်ပြီး ကောင်းကင်အာဏာစက်ဘုံမှ အခြားဘုံများကို ဖြတ်ကျော်သွားနိုင်ပေသည်။

သို့သော် သူသည် ရွှေတောင်ပံခွန်ပန်ငှက်ထံမှ ထွက်ပြေးနိုင်ခြင်း မရှိပေ။

ထိုပန်းချီလောကအတွင်း ရွှေတောင်ပံခွန်ပန်ငှက်ကြီးက ကောင်းကင်ကို ဖြတ်ကျော်ခုန်ပေါက်သွားသည်။ တစ်ချက်တည်းနှင့် ၎င်းက တည်ရှိနေသည့် အရာအားလုံးကို ပြားပြားဝပ်ဖျက်ဆီးပစ်လိုက်သည်။ လူအုပ်ကြီးသည် ထွက်ပြေးနေသော ထိုက်ချူသူတော်စင်အင်ပါယာက တိုက်ရိုက် တိုက်ခိုက်ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသည်။ သူက ပါးစပ်ထဲမှ သွေးတို့ အန်ထုတ်လိုက်သည်။ တိုက်ခိုက်မှုက အဆက်မပြတ်ကျရောက်လာသလို ထင်မှတ်ရ၏။

လူတိုင်း၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်နေကြသည်။ သူက မည်သို့ဖြစ်၍....

ဆရာသခင်၏ အကြည့်တစ်ချက်က ထိုက်ချူသူတော်စင်အင်ပါယာကဲ့သို့ အစွမ်းထက်သော လူမျိုးကိုပင် ထွက်ပြေးလွတ်မြောက်စေနိုင်ခြင်း မရှိပါချေ။

ထိုသည်က မည်ကဲ့သို့သော အဆင့်မျိုး ဖြစ်သနည်း။

ကောင်းကင်နှင့် မြေကြီးကြားတွင် လူတိုင်း၏ နှလုံးခုန်သံများကို ကြားနေရပေသည်။ မှော်နက်လောက၊ နတ္ထိဘုံ၊ ကောင်းကင်ဒေသ၊ မူလဘုံနှင့် စီဝေ့ကြယ်ကမ္ဘာမှ ကျင့်ကြံသူများက ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့၏ နှလုံးသားများက လျင်မြန်စွာ ခုန်ပေါက်လာသည်။

လူအများစုသည် ဆရာသခင်က မဟာအင်ပါယာရှန်ကျား၏ ရုပ်ကြွင်းကို အသုံးပြု၍ နန်ဟိုင်မိသားစုခေါင်းဆောင်အား တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကို ကြားဖူးကြပေသည်။

သို့သော် သူတို့ရှေ့မှ မြင်ကွင်းနှင့် တိုက်ပွဲကို နှိုင်းယှဥ်ရလျှင် ၎င်းက ယှဥ်၍ပင် မရနိုင်ပေ။

ထိုတိုက်ခိုက်မှု၏ မြင်ကွင်းက အလွန် ထိတ်လန့်အံ့အားသင့်ဖွယ် ကောင်းလှသည်။ ၎င်းသည် လူသားများအနေနှင့် ရရှိနိုင်သော တစ်စုံတစ်ရာ ဖြစ်နိုင်ပါသည်လား။

ထိုက်ချူတော်ဝင်မြေမှ ကျင့်ကြံသူများက မြင်နေရသည့် မြင်ကွင်းကို ကြည့်နေရင်း နေရာ၌ အေးခဲနေကြပေသည်။ သူ ကောင်းကင်ထက်တွင် တဖြေးဖြေး ပျောက်ကွယ်လာသည့် ပန်းချီကို မြင်တွေ့လိုက်ရသည်။ လေထု၏ အလယ်တွင် ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီး ၎င်းသည် ထိုက်ချူသူတော်စင်အင်ပါယာ၏ ပုံရိပ်ဖြစ်သည်။ သို့သော် ထိုအခိုက်အတန့်တွင် သူ၏ အရှိန်အဝါက အလွန် အားနည်းနေသည်။ သူ့မျက်နှာက စက္ကူကဲ့သို့ ဖြူဖျော့နေပြီး သူ့မျက်လုံးများက ကြောက်ရွံ့​ကာ ထိတ်လန့်တုန်လှုပ်သည့် ခံစားမှုတို့ဖြင့် ပြည့်နေခဲ့သည်။

၎င်းက မည်သို့ ဖြစ်နိုင်ပါမည်နည်း။

လေးမျက်နှာကျေးရွာ၏ ဆရာသခင် သူက.....

ထိုက်ချူသူတော်စင်အင်ပါယာသာမကဘဲ အခြားထိပ်သီးပုဂ္ဂိုလ်များသည်လည်း ၎င်းကို ခံစားမိကြပေသည်။ သူတို့က အောက်ဘက်ကောင်းကင်မှ မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို စိုက်ကြည့်နေခဲ့ကြသည်။ ရှန်ချင်းနယ်မြေ လေးမျက်နှာကျေးရွာမှ ဆရာသခင်က နတ်ဘုရားရုပ်ကြွင်းကို ထိန်းချုပ်နေခဲ့သည်။ သူက အတိအကျ မည်သူဖြစ်သနည်း။

သူက မဟာအင်ပါယာအဆင့်မှ ဖြစ်နိုင်သလား။

ထိုသို့တွေးလိုက်မိသည်နှင့် သူတို့၏ နှလုံးသားများက ပို၍ပင် လျင်မြန်စွာ ခုန်ပေါက်လာပေသည်။ လေးမျက်နှာကျေးရွာက မဟာအင်ပါယာအဆင့် တည်ရှိမှုတစ်ခုကို ဖုံးကွယ်ထားခဲ့သည်လား။

ယခင်က အရှင်ဒွန်ဟောင် ဧကရာဇ်တစ်ပါး ဖြစ်မလာခင် သူက လေးမျက်နှာကျေးရွာ၌ ကျင့်ကြံခဲ့ဖူးသည်။ နောက်ပိုင်း၌ ကောင်းကင်ဒေသကို စုစည်းပြီးနောက် သူက တားမြစ်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။ ထိုသည်မှာ ဤအကြောင်းအရင်းကြောင့် ဖြစ်နိုင်သည်လား။

အရှင်ဒွန်ဟောင်ကို လေးမျက်နှာကျေးရွာအပြင်ဘက်မှ ဆရာသခင်က သင်ကြားပြသပေးခဲ့ဖူးသည်လား။

ဤကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ် ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ပေါက်လာပြီး ယခုလို ရလဒ် ထွက်ပေါ်လာမည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။ ကောင်းကင်အာဏာစက်ကျောင်းတော်၏ ကျင့်ကြံသူများသည် မဟာအင်ပါယာရှန်ကျား၏ ခန္ဓာကိုယ်ကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေပြီးနောက် အသိစိတ်ပြန်ဝင်လာသည်။

ကြည့်ရသည်မှာ သူတို့က ရီဖူရှင်းကို ထပ်မံစိုးရိမ်ပူပန်စရာ မလိုတော့ပေ။ ထိုအဆင့်ပုဂ္ဂိုလ်တစ်ယောက်က ရီဖူရှင်းကို ကာကွယ်ပေးနေလေရာ မည်သူက သူ့ကို ထိပါးရဲတော့မည်နည်း။

ကောင်းကင်ဒေသတစ်ခွင်၌ သူ့ကို ရန်စရန် ကြိုးစားရဲမည့်သူ အနည်းငယ်သာလျှင် ရှိနိုင်တော့ပေသည်။

***

All Chapters