ဆာရီရယ်၏ အဆုံးသတ်
Vol. 70 Ch. 1124
ကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေ၌-
အလင်းရောင် လက်ခနဲ ဖြစ်နေပြီး အနားမှ နေရာလွတ်က အဆက်မပြတ် တုန်ခါနေသည်။ အကယ်၍ ဖိုက်သွန်၏ အဆိပ် စွမ်းအား အကာအကွယ်သာ မရှိခဲ့ပါက အနည်းဆုံး ဒါဇင်ပေါင်းများစွာ ပိုမိုပြင်းထန်နေပေလိမ့်မည်။
သူတို့ အကြားတွင် ပုံရိပ်နှစ်ခုက ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
ဆာရီရယ်က တိုက်ခိုက်ရင်း ပို၍ပို၍ ကြောက်လန့်လာသည်။ အကြောင်းမှာ ‘အက်ဂ်ယော’ ပြသနေသော တိုင်းပြည် စွမ်းအားက အဆုံးမဲ့နီးပါး ဖြစ်၍ပင်။ ယခု အချိန်အထိ သူ၏ စွမ်းအားသည် လုံးဝ အားနည်းသွားခြင်း မရှိပေ။ ၎င်းက သူ၏ နတ်ဘုရား-ယောင်ဘဝ စွမ်းအားထက် လုံးဝမနိမ့်ကျပေ။
သူ အာရုံလွင့်သွားစဉ် ‘အက်ဂ်ယော’က အနားသို့ ချဉ်းကပ်လာပြီး ဖြစ်သည်။ သူက ဆာရီရယ် ပခုံးသို့ ခုတ်ပိုင်းလိုက်သော ဓားကောက်ကို လျစ်လျူရှုထားကာ ဆာရီရယ်၏ ရင်ဘတ်ကို တည့်တည့် ထိုးနှက်လိုက်၏။
နောက်ထပ် လာပြန်ပြီ! ဒီအရူးကောင်! ဆာရီရယ် တိတ်တဆိတ် အံကြိတ် လိုက်လေသည်။ ‘အက်ဂ်ယော’ရဲ့ တိုက်ခိုက်မှုက အတော်လေး ကြမ်းတယ်။ ပိုပြီးတော့ ကြောက်စရာကောင်းတာက သူက တိုက်ခိုက်တာကိုပဲ လုပ်နေပြီးတော့ မကာကွယ်နေတာပဲ။ ဒီအရှိန်အဟုန်က တကယ်ကြီး ငါ့ကို ဖိနှိပ်ထားနိုင်ခဲ့တယ်။ အနက်ရောင် ချပ်ကာမှာလည်း အထူး ကာကွယ်နိုင်စွမ်းတွေ ရှိနေတဲ့ပုံပဲ။ ငါ့ရဲ့ ဓားကောက်က အဲဒါကို မဖောက်ထွင်း နိုင်ခဲ့ဘူး။ အရာတစ်ခုပဲ ဖြစ်စေခဲ့တယ်။ အချိန် ခဏကြာတော့ အဲဒီအရာတွေက အလိုလို ပြန်ကောင်းသွားတယ်။
ဒါပေမဲ့ ချပ်ကာ ဘယ်လောက်ပဲ ခိုင်မာနေပါစေ မဖုံးကွယ်နိုင်တဲ့ နေရာတွေ ရှိနေသေးတယ်။ ပြီးတော့ ချပ်ကာရဲ့ စွမ်းအား ခုခံနိုင်စွမ်းက ချွန်ထက်တဲ့ လက်နက်ထက် နိမ့်ကျတယ်။ စွမ်းအား လုံလောက်မယ်ဆိုရင်တော့ ချပ်ကာကို မဖျက်ဆီး နိုင်ရင်တောင် အတွင်းထဲက ခန္ဓာကိုယ်ကို ပြင်းထန်တဲ့ ထိခိုက်မှု ဖြစ်စေပြီးတော့ ချေမှုန်းတောင် ချေမှုန်းလို့ ရနိုင်တယ်။
‘အက်ဂ်ယော’လည်း ထိုအချက်ကို နားလည်သည်။ သူက ဆာရီရယ်၏ တိုက်ခိုက်မှုမှ ထိခိုက်မှု များစွာကို ခံစားခဲ့ရသော်လည်း ဘာမှမပြောင်းလဲဘဲ မဆင်မခြင် ဆက်တိုက်ခိုက်နေခဲ့သည်။
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့!” ဆာရီရယ်က အဆက်မပြတ် ဖိနှိပ်ခြင်း ခံနေရသည်။ နတ်ဘုရား-ယောင် အထွတ်အထိပ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး အနေဖြင့် သူ၏ နှလုံးသားထဲ ဒေါသ မထိန်းနိုင် ဖြစ်လာ၏။ သူက ရှောင်တိမ်းခြင်းကို ရပ်တန့်လိုက်ပြီး သီးသန့် ထိပ်တိုက် ရင်ဆိုင်မှုတစ်ခု စတင်လိုက်တော့သည်။
မူလက သူသည် ထိုနည်းလမ်းဖြင့် မတိုက်ခိုက်ချင်ခဲ့ပေ။ သူ့တွင် [လဝိညာဉ် ခန္ဓာ]ရှိသော်လည်း တိုင်းပြည်ငယ်က စွမ်းအား မပို့လွှတ်နိုင် တော့သောကြောင့် အဆက်မပြတ် အသစ်ပြန်ဖြစ်နိုင်လျှင်ပင် နတ်ဘုရား-ယောင် ဘဝအတွက် အတော် ကြီးမားသော ကုန်ဆုံးမှု ဖြစ်လိမ့်မည်။ သူ၏ ရန်သူမှာ ထို‘အက်ဂ်ယော’ တစ်ယောက်တည်းသာ မဟုတ်ဘဲ သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေသော ဖိုက်သွန်လည်း ရှိနေသေးသည်။
ဒါပေမဲ့ ဒီအခြေအနေမှာ အရူးကောင် ‘အက်ဂ်ယော’ကို အရင်သတ်ဖို့အတွက် နတ်ဘုရား-ယောင်ဘဝရဲ့ စွမ်းအားကိုပဲ သုံးလို့ရမယ်။ ပြီးရင်တော့ ဖိုက်သွန်ကို [လဝိညာဉ်ခန္ဓာ]ရဲ့ အသစ်ပြန်ဖြစ်ခြင်း အထူး ဂုဏ်သတ္တိစွမ်းရည် သုံးပြီးတော့ ရင်ဆိုင်မယ်။ ဒီလို တိုက်ပွဲမျိုးအတွက် ငါက နောက်ဆုံး အောင်နိုင်သူ ဖြစ်ရမယ်!
သို့နှင့် သူတို့နှစ်ဦးက ခုခံကာကွယ်မှုကို တစ်ချိန်တည်း စွန့်လွှတ်လိုက်ပြီး သူတို့၏ အစွမ်းကုန်ဖြင့် တိုက်ခိုက်တော့သည်။
“ဖောင်း!” ချန်လွေ့က ဆာရီရယ်၏ လက်သီးဖြင့် ရင်ဘတ်၌ ထိုးခံလိုက်ရ၏။ သွေးတစ်လုပ် အန်လိုက်သော်လည်း သူ၏ မျက်နှာပေါ်တွင် နာကျင်မှု မရှိဘဲ အဆုံးမဲ့ ဒေါသသာ ရှိနေခဲ့သည်။
တချိန်တည်းနီးပါး၌ ကြမ်းတမ်းသော လက်သီးကလည်း ဆာရီရယ် မျက်နှာကို ထိမှန်သွားပြီး လက်သီးရာ တစ်ခု ချန်ရစ်ထားခဲ့သည်။
သူတို့ နှစ်ဦးစလုံး တစ်ချိန်တည်းတွင် တုန်ခါသွားကြသည်။ ဆာရီရယ်၏ မျက်နှာပေါ်မှ လက်သီးရာ လျင်မြန်စွာ ပြန်လည် ကောင်းမွန်သွားပြီး သူက ချန်လွေ့၏ နံရိုးကို ခုတ်ပိုင်းလိုက်၏။ နံရိုးအောက်မှ အစိတ်အပိုင်းများမှာ များပြားလှသော ခုတ်ပိုင်းမှုများကြောင့် ဆိုးရွားစွာ ပျက်စီးနေပြီ ဖြစ်သည်။ ထိုခုတ်ပိုင်းမှုက နောက်ဆုံး ခုခံမှုကို ဖြတ်ကျော်သွားပြီး ချန်လွေ့၏ နံရိုးထဲသို့ နက်နက်ရှိုင်းရှိုင်း ထိသွားသည်။ အဆိုးဆုံး အရာမှာ ဓားသွားပေါ်မှ [ကြမ္မာဆိုး ကပ်ဘေး] စွမ်းအားသည် သူ၏ကိုယ်ထဲသို့ လျင်မြန်စွာ ပျံ့နှံ့သွားခြင်းပင်။ ချပ်ကာထဲ ပေါက်ကွဲသံ တစ်သံက ချက်ချင်းပင် ထွက်ပေါ်လာပြီး ချပ်ကာ၏ အကြားမှ သွေးများစီးကျလာ၏။ အသေအချာပင် ၎င်းက အပြင်းအထန် ထိခိုက်စေခဲ့ခြင်း ဖြစ်လေသည်။
နောက်စက္ကန့်တွင် တူညီသော ပေါက်ကွဲသံက ဆာရီရယ်၏ ခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ‘အက်ဂ်ယော’ ပိုင်ဆိုင်သော စိတ်အနှောင့်အယှက်ဖြစ်စရာ ‘တန်ပြန်’ ပါရမီ တစ်မျိုးမျိုးဖြစ်သည်။ ၎င်းက ယခင် တိုက်ပွဲများတွင် ပေါ်ခဲ့ပြီး ‘အက်ဂ်ယော’ ကို တိုက်ခိုက်လျှင် တစ်ခါတရံ ကိုယ်တိုင် ထိခိုက်မှု အချို့ကို ခံရသည်။ ထိုပါရမီက ကိုင်တွယ်ရခက်ခဲသော်လည်း လျင်မြန်စွာ အသစ်ပြန်ဖြစ်နိုင်သော [လဝိညာဉ်ခန္ဓာ] က ၎င်း၏ ဝိပါက် ဖြစ်လေသည်။ နောက်ထပ် သေစေနိုင်တဲ့ တိုက်ခိုက်မှု သုံးလေးခု ပြီးသွားရင် ဒီအရူးကောင်ကို ငါ လုံးဝ သတ်နိုင်ပြီ!
ဆာရီရယ်က အတွေးများထဲမှ သတိ ပြန်မဝင်လာခင်မှာပင် ပခုံး၌ နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရ၏။ သူက မထင်မှတ်ဘဲ ထွက်ထွက်ပေါ်လာသော ဓားရှည် တစ်ချောင်းဖြင့် ထိုးဖောက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။
ဆာရီရယ်က ဂရုမစိုက်သလိုမျိုးုပင် ဓားကောက်ကို ဆွဲထုတ်ပြီး ချန်လွေ့ကို ဆက်လက်ခုတ်ပိုင်းလိုက်၏။ ရုတ်တရက် ရင်ဘတ်ရှိ ဓားရှည်မှ ထူးဆန်းသော အင်အားတစ်ခု လာနေကြောင်းကို သူ ခံစားလိုက်ရသည်။
ဒါ ဘယ်လိုဓားမျိုးလဲ။ ဒါက ဝိညာဉ်ကို ခုတ်ပိုင်းပြီး ကွဲထွက်စေနိုင်တယ်! ဒါက အသွေးနဲ့အသားကိုလည်း စုပ်ယူနိုင်သေးတယ်!
သူ၏ ကိုယ်ထဲတွင် စိုက်ဝင်နေသော နှင်းကဲ့သို့ ဖြူဖွေးနေသည့် ဓားပေါ်တွင် ထူးဆန်းသော အမှတ်အသား နှစ်ခု ရေးထွင်းထားသည်ကို မြင်တွေ့နိုင်၏။ တစ်ဖက်သူ၏ လက်ထဲ၌ ကိုင်ထားသော ဓားလက်ကိုင် အကာက ကျောချင်းကပ် တမန်တော်နှစ်ပါး ပုံစံမျိုး ဖြစ်သည်။
“အလင်းတံဆိပ်! ကြယ်ကြွေဓား! မင်းက ဘယ်ဇီဘတ် တော်ဝင်မိသားစုက မဟုတ်ဘူး...”
ဆာရီရယ် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး နောက်ဆုံး တုံ့ပြန်လိုက်၏။ “အဲဒီချပ်ကာ။ ဒါက မီးတံဆိပ်လား။ ခုနက...”
“မြေတံဆိပ်ပဲ...” ဖိုက်သွန်၏ ရယ်သံ ထွက်ပေါ်လာခဲ့သည်။ “ရှင် သတိမထား မိလိုက်တဲ့ လေတံဆိပ်လည်း ပါတယ်။”
ချန်လွေ့က ဆာရီရယ်၏စိတ် ရှုပ်ထွေး နေသည်ကို အခွင့်ကောင်း ယူလိုက်ပြီး ညာလက်သီးဖြင့် ဖျပ်ခနဲ ထိုးလိုက်၏။ ထိုးလိုက်သည်။ ထိုလက်သီးက ဆာရီရယ်၏ ဝမ်းဗိုက်မှ [ယုံကြည်မှု ချပ်ကာ]ကို ကြေမွသွားစေပြီး ကိုယ်ထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွား၏။ ဆာရီရယ်က သူ၏ဝိညာဉ် ပြင်းထန်သော ထိခိုက်မှု နောက်တစ်ကြိမ် ထိသွားသလို ခံစားလိုက်ရသည်။
“အမှောင်ထုတံဆိပ်ရဲ့ [ဝိညာဉ် လွှဲပြောင်းခြင်း] စွမ်းအား!” ဆာရီရယ်က ကြောက်မက်ဖွယ်ရာကို မြင်လိုက်ရသလို ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ “မင်း မင်း... မင်းက ဘယ်သူလဲ!”
[ဝိညာဉ်လွှဲပြောင်းခြင်း]က သွေးရောင် လက်စွပ်၏ အထူး ဂုဏ်သတ္တိ ဖြစ်ပြီး ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်နိုင်ချေ အနည်းငယ် ရှိသည်။ ဆာရီရယ်၏ ခံစားချက်က ထိုမျှ မပြင်းခဲ့သော်လည်း ယခု ထိုလက်သီးက [ယုံကြည်မှု ချပ်ကာ] အကာအကွယ်ကို ကြေမွသွားစေပြီး [ဝိညာဉ်လွှဲပြောင်းခြင်း]ကို တိုက်ရိုက် အသက်ဝင်သွားစေပြီး ဆာရီရယ်က နောက်ဆုံးတွင် တွေ့ရှိသွားခဲ့သည်။
ထိုအရာက သူ့ကို ကြောက်ရွံ့မှု တစ်မျိုးမျိုး ဖြစ်သွားစေ၏။
ချန်လွေ့က မဖြေခဲ့ပေ။ ဒေါသဖြင့် လောင်ကျွမ်းနေသော ထိုမျက်လုံးများ အကြားတွင် တဖြည်းဖြည်း နီရဲလာသော လကြေးမုံသာ ရှိနေသည်။ နာကျင်မှု သို့မဟုတ် ခံစားချက်အားလုံး အထက်တွင် သူ၏ စိတ်ထဲ၌ အကြီးမားဆုံးသော အတွေး တစ်ခုသာ ရှိနေလေသည်။ အကျိုး အရှိဆုံး ဖြစ်အောင်လုပ်။ ဆာရီရယ်ကို အမြန်ဆုံး သတ်ပစ်!
သူက ကြယ်ကြွေတမန်ဓားကို ဝှေ့ယမ်းလိုက်ရာ ဆာရီရယ်၏ ပခုံးတွင် အပေါက်ကြီးတစ်ပေါက် ရုတ်တရက် ဖြစ်ပေါ်သွားခဲ့သည်။ အနီးအနားမှ အသွေးအသားသည်လည်း ဝါးမျိုခြင်း ခံလိုက်ရသည်။
ဖိုက်သွန်၏ ‘အချိန်ကိုက်’ ရယ်သံက နေရာလွတ်တစ်လျှောက် ပေါ်လာသည်။ “သူ ဘယ်သူလဲ ဟုတ်လား။ ရှင့်ရဲ့ စိတ်ထဲမှာ အဖြေရှိပြီးသား မဟုတ်လား။”
“တကယ် ‘သူ’ပဲ!” ဆာရီရယ်က သူ၏ နှလုံးသား ကွဲကြေသွားကြောင်းကို ခံစားလိုက်ရသည်။ သူ ရုန်းကန်ကာ နောက်သို့ ဆုတ်ခွာသွားပြီး ကြယ်ကြွေ တမန်ဓားကို ချန်ထားရစ်ခဲ့သည်။
ထိုသို့ဆုတ်ခွာပြီးနောက် ဆာရီရယ်က တိုက်ခိုက်ရန် ပြေးမဝင်တော့ဘဲ လှည့်ကာ ထွက်ပြေးတော့သည်။
သို့သော် သူ ထွက်မပြေးနိုင်ခင်မှာပင် ဖိုက်သွန် ထုတ်လွှတ်သော အနက်ရောင် အငွေ့ စွမ်းအားကြောင့် ပြန်လည် တွန်းလှန်ခြင်း ခံလိုက်ရလေသည်။ မူလ အနက်ရောင်မျဉ်းများက အလွှာထပ်များ ရှိသော အစီအရင်တစ်ခု ဖြစ်လာခဲ့သည်။ ထိုအရာက ဖိုက်သွန် ပြင်ဆင်နေခဲ့သော [အဆိပ်ပြင်းအစီအရင်]ပင်။
[အဆိပ်ပြင်းအစီအရင်]က သာမန် အားလျှော့ စွမ်းအား တစ်ခု မဟုတ်ဘဲ ဖိုက်သွန်၏ အပြင်းထန်ဆုံး အဆိပ် ဥပဒေသကို အဓိက ကိုယ်ထည်အဖြစ် ထားသော အစီအရင်တစ်ခု ဖြစ်ပြီး [လဝိညာဉ်ခန္ဓာ]ရှိသော ဆာရီရယ်ပင် မဖောက်ထွက်နိုင်ပေ။
အမှန်မှာ သူက ထိုအစီအရင်ကို ဟိုးအရင်ကတည်းက စုစည်းနေခဲ့ပြီး အစီအရင်မှာ တဖြည်းဖြည်း ကျဉ်းမြောင်း လာခဲ့လေသည်။ ဆာရီရယ်အတွက် ချန်ထားသော လှုပ်ရှားမှုအတိုင်းအတာမှာ ယခု အတော်လေး နည်းနေပြီ ဖြစ်သည်။
ဆာရီရယ်က မျှော်လင့်ချက်မဲ့သော အခြေအနေတွင် ရှိနေမှန်း သိလိုက်ရာ သေစေနိုင်သောအဆိပ်၏ တိုက်စားမှုကို အတင်းအကျပ် ခုခံကာ အဆိပ်ပြင်း အစီအရင်ကို အသည်းအသန် တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ချန်လွေ့က ဆာရီရယ်၏ အရှေ့တွင် ချက်ချင်း ပေါ်လာခဲ့သည်။ ကြယ်ကြွေ တမန်ဓားက ဆာရီရယ်၏ ကိုယ်ပေါ်တွင် ခုတ်ရာ အများအပြားကို ဖြစ်စေခဲ့ပြီး ဆာရီရယ်က တိုက်ခိုက်ရန် သတ္တိ မရှိတော့ပုံ ရလေသည်။ သူက ချန်လွေ့ကို လုံးဝ မရင်ဆိုင်ရဲဘဲ အသည်းအသန် ထွက်ပြေးနေခဲ့လေသည်။
ကြယ်ကြွေတမန်ဓားနှင့် သွေးရောင် လက်စွပ်တို့မှာ သူ့အဓိကရန်သူ ဖြစ်နေ၍ သာမက ‘သူ’ဖြစ်နေ၍လည်း ဖြစ်၏!
‘သူ’က ဒီလောကထဲမှာ တကယ် ပြန်ပေါ်လာတာပဲ!
ဒါကြောင့် ဖိုက်သွန်က ‘သူ့’ဆီမှာ အညံ့ခံခဲ့တာကိုး!
အဲဒီကလေးမလေးက... တကယ်ပဲ ‘သူ့’ သမီးလား။
ငါ ဒီလူရဲ့သမီးကို ဝါးမျိုချင်ခဲ့တာလား!
ငါ့ဘဝရဲ့ ကြောက်စရာ အကောင်းဆုံးလူ!
ဒီအိပ်မက်ဆိုးကို ငါ ချေမှုန်းရမယ်!
အခု တစ်ခုတည်းသော အစီအစဉ်က ဒီကြောက်မက်ဖွယ်ရာ မိုးပျံနယ်မြေကနေ အမြန်ဆုံး ထွက်ပြေးပြီးတော့ ဒီလူရဲ့ စွမ်းအား အစစ်အမှန် ပြန်မရခင် သူ့ကို လုံးဝ ဖျက်ဆီးပစ်ဖို့ပဲ!
ဆာရီရယ်က ဖိုက်သွန်၏ [အဆိပ်ပြင်းအစီအရင်]ကြောင့် ထပ်မံ၍ တွန်းလှန်ခြင်း ခံလိုက်ရသည်။ သူက [လဝိညာဉ်ခန္ဓာ]ကို အသက်သွင်းလိုက်ရာ ပုပ်သိုးနေသော ခန္ဓာကိုယ်က ချက်ချင်းပင် မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ ထိုအချိန်တွင် ချန်လွေ့ လိုက်မီသွားခဲ့ပြီး ကြယ်ကြွေတမန်ဓား၏ ဓားအလင်းရောင် နောက်တစ်ကြိမ် တောက်ပလာခဲ့သည်။
ဆာရီရယ်က ခေါင်းကို ရုတ်တရက် နောက်လှည့်လိုက်၏။ “ချုပ်နှောင်ခြင်း!”
ချန်လွေ့၏ ခန္ဓာကိုယ် ချက်ချင်း တင်းကျပ်သွားသည်။ သူက ဆာရီရယ်၏ ချုပ်နှောင်ခြင်းကြောင့် ရပ်တန့်သွားပြီး ခဏတာ မလှုပ်ရှားနိုင်တော့ပေ။
ဆာရီရယ် ချန်လွေ့ကို ချုပ်ပြီးနောက် ဆက်တိုက်ခိုက်ခဲ့ပေ။ သူ၏ တတိယ မျက်လုံးက သွေးကဲ့သို့ နီရဲသွားပြီး တိုင်းပြည်၏ အသက် စွမ်းအားနှင့် ယုံကြည်မှု စွမ်းအားကို တစ်နေရာတည်း စုစည်းလိုက်သည်။ သူက ခန္ဓာကိုယ် တလျှောက် ပြင်းထန်သော သွေးမြူများ ထုတ်လွှတ်လိုက်ပြီး သူ၏အစွမ်းကုန်ဖြင့် [အဆိပ်ပြင်းအစီအရင်]ထဲသို့ ပြေးဝင်သွားလေသည်။
[အဆိပ်ပြင်းအစီအရင်] ပြင်းထန်စွာ တုန်ခါသွား၏။ အဆိပ်ဥပဒေသသည် ဆာရီရယ်၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ တိုက်စားသော်လည်း ဆာရီရယ်က ယခုအခါ အသက်ကို လောင်ကျွမ်း၍ [လဝိညာဉ်ခန္ဓာ]ကို အသက်သွင်းနေ၏။ ထိုအခြေအနေတွင် ကျန်ရှိနေသော ဥပဒေသ စွမ်းအားကို ချန်လွေ့၏ အချိန်ဥပဒေသ အပါအဝင် အဆက်မပြတ် ဖယ်ရှားနိုင်၏။
ဆာရီရယ်၏ ခန္ဓာကိုယ် အသစ် ပြန်ဖြစ်ခြင်း အမြန်နှုန်းက အဆိပ်ကြောင့် ဖြစ်သော တိုက်စားမှုကို ကျော်လွန်သွားပြီ ဖြစ်သည်။ အပြည့်အဝ တိုက်ခိုက်မှုဖြင့် [အဆိပ်ပြင်းအစီအရင်]က နောက်ဆုံးတွင် အပေါက်တစ်ခု ဖြစ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ချန်လွေ့၏ ပတ်ပတ်လည်တွင် လှည့်ပတ်နေသော အနက်ရောင်အငွေ့ အများအပြားလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေ၏။ ဖိုက်သွန်၏ အဆိပ် အကူအညီဖြင့် ဆာရီရယ်၏ ‘ချုပ်နှောင်ခြင်း’ လျင်မြန်စွာ အားနည်းသွားလေသည်။ ချန်လွေ့ ရုန်းကန်လိုက်ပြီးနောက် နောက်ဆုံးတွင် လွတ်မြောက်သွားခဲ့သည်။
ချန်လွေ့ လွတ်မြောက်သွားသည့် အခိုက်အတန့်တွင် ဆာရီရယ်က [အဆိပ်ပြင်းအစီအရင်]ကို ဖောက်ရန် အကောင်းဆုံး ကြိုးစားခဲ့ပြီး လျင်မြန်စွာ ပျံထွက်သွားခဲ့ပြီ ဖြစ်သည်။
ချန်လွေ့၏ ခန္ဓာကိုယ် ရုတ်တရက် အလင်းရောင် အမျိုးမျိုး တောက်ပလာ၏။ ၎င်းမှာ ဖိုက်သွန်က မီးအိမ်ဝိညာဉ်များ၏ ပါရမီကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သူက အရိပ်လေပြေဖိနပ်၏ [မီးပွင့်] ကို အသက်သွင်းလိုက်၏။ လင်းလက်မှု တစ်ခုနှင့်အတူ ဆာရီရယ်ကို ကျော်လွန်ပြီး ရှေ့တွင် ပိတ်ဆို့လိုက်သည်။
ဆာရီရယ်က ရုန်းကန်ပြီးနောက်တွင်မှ ဖိုက်သွန်၏ [အဆိပ်ပြင်းအစီအရင်]မှ နောက်ဆုံးတွင် လွတ်မြောက်ခဲ့သည်။ သူ ထွက်ပြေးတော့မည်ဖြစ်ရာ ‘အိပ်မက်ဆိုး’ ချန်လွေ့နှင့် မပတ်သက်ချင်တော့ပေ။ သူက စွမ်းအားအကုန်လုံး တစ်ပြိုင်တည်း ထုတ်လိုက်ပြီး ချုပ်နှောင်ခြင်း စွမ်းအားကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်၏။
ထိုအခိုက်တွင် ချန်လွေ့၏ ခန္ဓာက ရုတ်တရက် ဖောက်ထွင်းမြင်နိုင်သွားပြီး ဆာရီရယ်၏ ခန္ဓာကိုယ် တင်းကျပ်ကာ လှုပ်ရှား၍ မရနိုင်တော့။ ချုပ်နှောင်ခြင်း ဥပဒေသက အမှန်တကယ်ပင် ပြန်လည် တန်ပြန်ခံလိုက်လေသည်!
ခုနက ဆာရီရယ် အသက်စွမ်းအားကို စတေး၍ ချုပ်နှောင်ခြင်းကို သုံးခဲ့သည်။ သူ ကိုယ်တိုင်ပင်လျှင် ထိုတန်ပြန်ခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။
[ကြေးမုံခန္ဓာ]!
ဒီတန်ပြန် စွမ်းရည်က အရေးကြီးတဲ့ အချိန်မှာ နောက်ဆုံးတော့ အသုံးဝင်ခဲ့ပြီ။
ထိုသို့ ရုတ်တရက် အပြောင်းအလဲက ဆာရီရယ်ကို ထိတ်လန့်သွားစေသည်။ ချန်လွေ့က လေထဲသို့ ပျံတက်သွားပြီး သူ၏ ဘေးတွင် ကြယ်စင်စုတစ်ခု၏ ပုံရိပ် ပေါ်လာပြီး ကိုယ်ပေါ်မှ ဒဏ်ရာများပင် တစ်ခုပြီးတစ်ခု ပွင့်ထွက်သွားလေသည်။ ထိုဓားက ကြီးမားသော ကြယ်စင်စု စွမ်းအားဖြင့် စုစည်းထားသည်မှာ သိသာလှပေသည်။
ဟစ်အော်လိုက်ရင်းနှင့် ချန်လွေ့က ဆာရီရယ်၏ အပေါ်သို့ ပျံသန်းသွားပြီး ကြယ်ကြွေတမန်ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ အစွမ်းကုန် ခုတ်ချလိုက်သည်။
ဓားက ဆာရီရယ်၏ ဦးခေါင်းထိပ်မှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွားပြီး ဓားလက်ကိုင်သည်သာ အပြင်တွင် ကျန်ရစ်တော့သည်။
ဆာရီရယ်က အလွန် နာကျင်သော အမူအရာဖြင့် အော်ဟစ်လိုက်လေသည်။ ထိုဓားက အမှန်တကယ် ထိမှန်သော အရာမှာ ခန္ဓာကိုယ် မဟုတ်ဘဲ ဝိညာဉ် ဖြစ်သည်။
[လဝိညာဉ်ခန္ဓာ]သည် ခန္ဓာကိုယ်ကို အဆက်မပြတ် အသစ်ဖြစ်စေပြီး ၎င်းမှာ မသေလုနီးပါးဖြစ်သော်လည်း ဝိညာဉ်ကို အသစ်မဖြစ်စေနိုင်ပေ။
ချုပ်နှောင်ခြင်း စွမ်းအား ပြန်လည် ကောင်းမွန်လာသည်ကို မစောင့်ဆိုင်းဘဲ အနက်ရောင်အငွေ့နှင့်အတူ ‘အမျှင်တန်း’ စက်ဝိုင်းများက သူ့ကို လျင်မြန်စွာ စတင် ပတ်ရစ်လာခဲ့သည်။
“ကျန်တာ ကျွန်မ တာဝန် ထားပါ။” ဖိုက်သွန်၏ အသံက စိတ်လှုပ်ရှားသော အရိပ်အယောင်ဖြင့် ထွက်ပေါ်လာ၏။
“မဟုတ်ဘူး!” ဆာရီရယ်က မည်သည် ဖြစ်တော့မည်ကို သိလိုက်ပြီး ရုတ်တရက် ထိတ်လန့်စွာ အော်ဟစ်လိုက်၏။ “ကျုပ် အညံ့ခံပါ့မယ်!”
ချန်လွေ့က အပေါ်မှ တစ်ပိုင်း နီနေသော [လကြေးမုံ]ကို ကြည့်လိုက်ပြီး ဆာရီရယ် တောင်းပန်မှုကို လျစ်လျူရှုကာ ကြယ်ကြွေတမန်ဓားကို လွှတ်ချလိုက်ပြီး လွင့်မျောသွားခဲ့သည်။
“အသက်ကို ချမ်းသာပေးပါ! လူ...”
သူ၏ စကားများ မဆုံးခင်မှာပင် အသံ မရှိတော့ပေ။ ထိုအချိန်တွင် ‘အမျှင်တန်း’ များသည် အလွှာများဖြင့် ကြီးမားသော အနက်ရောင်ပိုးအိမ်တစ်ခု ဖွဲ့စည်းလိုက်ပြီး ဆာရီရယ်ကို စိုက်ထားသော ကြယ်ကြွေ တမန်ဓားနှင့်အတူ လုံးဝ ပတ်ရစ်သွား၏။
ပြင်းထန်သော အလင်းရောင် တစ်ခု ပိုးအိမ်မှ ထွက်ပေါ်လာသည်။ ပိုးအိမ်က အဆက်မပြတ် တုန်ခါနေပြီး အပြာနှင့် သွေးရောင် အလင်းများ ထိုးဖောက် တောက်ပလျက် အက်ကွဲကြောင်းများ ခဏခဏ ပေါ်လာတတ်သော်လည်း ထပ်ခါတလဲလဲ ရစ်ပတ်နေသော ‘အနက်ရောင်အမျှင်တန်းများ’က အပေါက်ကို အကြိမ်ကြိမ် ပြန်လည် ပြုပြင်နေခဲ့သည်။
တဖြည်းဖြည်း အလင်းရောင်ကြိမ်နှုန်း နှေးလာခဲ့သည်။ ရံဖန်ရံခါ ပြင်းထန်စွာ တောက်ပခြင်း ပြီးနောက်တွင် ၎င်းက နောက်ဆုံး လုံးဝ ငြိမ်းသွားတော့သည်။
ကောင်းကင်ပေါ်မှ ပုံရိပ် တဖြည်းဖြည်း ဝေဝါးသွားသည်။ ချန်လွေ့ မော့ကြည့် လိုက်သည်နှင့် လကြေးမုံက စတင်၍ ကွဲကြေလာနေပြီး မြင်ကွင်းထဲ လုံးဝကို ပျောက်ကွယ်သွား၏။