) အနာဂတ်အတွက် ပြင်ဆင်ခြင်းများ
Vol. 70 Ch. 1126
အမှောင်လနယ်မြေ-
နန်းတော်ကောင်စီခန်းမ၌-
“ချန်လွေ့။ ရှင့်လက်ထဲက ကန်လီ မိသားစု လျှောက်လွှာ ကျွန်မကို ပေးပါ။ ခဏနေ အဲဒါကို ထုတ်ပြန်တော့မှာ။” အမှောင်လ နယ်မြေ၏ အတွင်းရေးမှူး မစ်-ခီရာက ပြောလိုက်သည်။
သူ၏ဘေးမှ ချန်လွေ့က အတွေးထဲ နစ်မြုပ်နေခဲ့ပြီး ခီရာ၏ စကားကို မကြားလိုက်ပေ။
ထိုအချိန်တွင် သွေးရောင်အင်ပါယာ တိုက်ပွဲ ပြီးဆုံးသွားသည်မှာ တစ်လကျော် ကြာမြင့်သွားပြီ ဖြစ်သည်။
အင်ပါယာသုံးခုမှ ပြည်သူများက ထိုပြင်းထန်သော အထူးအဆင့် တိုက်ပွဲ အကြောင်းကို မသိရှိကြဘဲ အခမ်းအနား အမျိုးမျိုးတွင် နစ်မြော နေကြလေသည်။ ချန်လွေ့က ဧကရီ နှစ်ပါးနှင့် လက်ထပ် ပြီးနောက်တွင် အင်ပါယာ သုံးခုသည် တိုက်ပွဲဘောလုံး ချန်ပီယံရှစ် ဖလား၊ ကုန်စည်ပြပွဲနှင့် လှည့်လည်ဖျော်ဖြေပွဲများ ကဲ့သို့ လူကြိုက်များပြီး ကြိုဆိုခံရသည့် ပွဲများကို ပူးတွဲ ကျင်းပခဲ့ကြသလေည်။ ၎င်းတို့ကို ပြည်သူများက အလွန်ပင် နှစ်သက်ခဲ့ရပြီး စိတ်အားထက်သန်မှုများ မကြုံစဖူး မြင့်တက်လာခဲ့၏။
ချန်လွေ့က မှော်ဂိမ်းနှင့် ပတ်သက်သော ပြိုင်ပွဲ တစ်ခုကို ထပ်မံ ကျင်းပရန် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ပြိုင်ပွဲ၏ အဓိက အကြောင်းအရာမှာ အသူရာချောက်နက် တိုက်ပွဲပင်။
ယခု အချိန်အထိ သူက အသူရာ ချောက်နက်၏ အဓိကအုပ်စိုးသူ သုံးပါး၏ ကိုယ်ပွားများနှင့် ‘ရင်ဆိုင်’ခဲ့ပြီး ဖြစ်သည်။ အမုန်းတရားအရှင်သခင် ခီလီယာနာနှင့် အကြောက်တရားအရှင်သခင် ဆိုစဘတ်တို့သည် အတော်လေးကို အားနည်းသော ကိုယ်ပွားများ ဖြစ်သည်။ မျှော်လင့်ချက်မဲ့ခြင်း အရှင်သခင် ဒီလော့စ်ရို၏ ကိုယ်ပွားသာ အမှန်တကယ် ထိုက်တန်သော ပြိုင်ဘက်တစ်ဦး ဖြစ်၏။
နတ်ဆိုးဘုံတွင် အစွမ်းအထက်ဆုံး နတ်ဘုရား-ယောင်ဟု လူသိများသော စေတန်က ဒီလော့စ်ရို၏ ကိုယ်ပွားထက် ပိုမို အစွမ်းထက်သော်လည်း အကယ်၍ သူသာ ဒီလော့စ်ရို၏ ခန္ဓာကိုယ်အစစ်နှင့် ရင်ဆိုင်ရပါက ယှဉ်နိုင်မည် မဟုတ်ပေ။ လန်ဘို့စ် တစ်ချိန်က ပြောခဲ့ဖူးသည်မှာ အသူရာချောက်နက် အုပ်စိုးသူ သုံးပါးထဲ ဒီလော့စ်ရိုက အားအနည်းဆုံး ဖြစ်ပြီး ခီလီယာနာက အစွမ်းအထက်ဆုံး ဖြစ်ကာ ဆိုစဘတ်မှာ ဒုတိယ ဖြစ်သည်။
အသူရာချောက်နက်အုပ်စိုးသူသုံးပါး၏ ခန္ဓာကိုယ်အစစ် ရောက်ရှိလာသည်နှင့် လူသား လောကနှင့် နတ်ဆိုးဘုံ၏ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားများ ပူးပေါင်းမှသာလျှင် ၎င်းကို တိုက်ခိုက်ရန် မျှော်လင့်ချက်အချို့ ရှိမည် ဖြစ်သည်။
အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအား သာမက အဆင့်နိမ့်နှင့် အလယ်အလတ် တန်းစားများသည်လည်း တန်းတူညီမျှ အရေးကြီးပေသည်။ သို့မဟုတ်ပါက နတ်ဘုရား-ယောင်များ အသူရာချော က်နက် အုပ်စိုးသူ သုံးပါးနှင့် အသေအလဲ တိုက်ခိုက်နိုင်လျှင်ပင် လောကကြီးက မရေမတွက်နိုင်သော အသူရာချောက်နက် သတ္တဝါများကြောင့် ပျက်စီးသွားလိမ့်မည်။
အကယ်၍ သူသာ ယခု ကမ္ဘာပျက်ကိန်း အကြောင်းကို ဟောပြောပြီး နတ်ဆိုးဘုံ အားလုံး သို့မဟုတ် လူသားအားလုံးကို စုပေါင်း လေ့ကျင့်ရန် တောင်းဆိုပါက လူတိုင်း နှာခေါင်းရှုံ့ကြ ပေလိမ့်မည်။ ကံကောင်းစွာပင် ချန်လွေ့တွင် မှော်ဂိမ်း ရှိနေသည်။ လက်ရှိတွင် နတ်ဆိုးဘုံနှင့် လူသားလောကတွင် မှော်ဂိမ်းများ၏ လူကြိုက်များမှုမှာ အတော်လေးကို မြင့်မားနေပြီ ဖြစ်သည်။ မှော်ဂိမ်း၏ ကျော်ကြားမှုအောက်တွင် လူတိုင်းက အသူရာချောက်နက်ကို တိုက်ခိုက်ရန် အတွေ့အကြုံနှင့်စွမ်းရည် အတိုင်းအတာ တစ်ခုအထိ ရရှိထားမည် ဖြစ်သော်လည်း ၎င်းမှာ ‘အတိုင်းအတာတစ်ခု’မျှသာ ဖြစ်သည်။
‘ပရိုဂရမ်များ’က သက်မဲ့ ဖြစ်ကြပြီး လူများက အသက်ရှိသည်။ အစစ်အမှန် အသူရာ ချောက်နက် သတ္တဝါများ၊ အထူးသဖြင့် အဆင့်မြင့်သတ္တဝါများတွင် အတော်အတန် ဉာဏ်ရည်ရှိသောကြောင့် သူတို့ကို လျှော့မတွက်သင့်ပေ။ ထို့ကြောင့် ချန်လွေ့ မကြာသေးမီက မှော်ဂိမ်းကို ကြီးမားသော ပြင်ဆင်ပြောင်းလဲမှုတစ်ခု ပြုလုပ်ခဲ့ပြီး အသူရာ ချောက်နက် ဂူသင်္ချိုင်းများနှင့် မကောင်းဆိုးဝါးများ ဝိုင်းရံတိုက်ခိုက်ခြင်းမှ မကောင်းဆိုးဝါးများ၏ ဉာဏ်ရည်တုနှင့် စွမ်းရည်များကို မြှင့်တင်ရန် အာရုံစိုက် ခဲ့လေသည်။ လူဆိုးဗိုလ်အဆင့် သတ္တဝါများတွင်ပင် အတော်လေး ပါးနပ်သော တွေးခေါ်မှုနှင့် ရင်ဆိုင် ဖြေရှင်းနိုင်စွမ်းများ ရှိနေပြီ ဖြစ်သည်။ ဂိမ်းအဆင့်နှင့် ထိခိုက်မှု အတွက်အချက် များကိုလည်း ပိုမို လက်တွေ့ကျစေရန် ထပ်မံ ပြုလုပ်ထားခဲ့သည်။
ထိုသို့ ဖြစ်နိုင်ရန်မှာ မလွယ်ကူပေ။ အဆင့်(၆) အဖွဲ့အစည်း အမြုတေသို့ ရောက်ရှိနေပြီဖြစ်သော သလင်းကျောက် ဇာမဏီ၏ ကျေးဇူးကြောင့်ပင်။
ဂိမ်းအခက်အခဲ တိုးမြင့်လာခြင်းက ကစားသမားများထံမှ ဝေဖန်သံများကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။ သို့သော် အဆင့်ကို ရှင်းလင်းပြီးနောက် သို့မဟုတ် သက်ဆိုင်ရာ အချိန်အထိ တောင့်ခံနိုင်ပြီးနောက်တွင် ရရှိသော ဆုများမှာလည်း ယခင်ထက် များစွာ ပိုမိုကြီးမားလာပေသည်။ နတ်ဆိုးဘုံသား အများစုမှာ စိန်ခေါ်မှုရှိသော တိုက်ပွဲကို ကြိုက်သော တိုက်ခိုက်ရေး သမားများ ဖြစ်သောကြောင့် ပုံမှန်အားဖြင့် ၎င်းက များစွာ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။
ချန်လွေ့၏ လက်ရှိ အတွေးမှာ ထိုဂိမ်းပြိုင်ပွဲအတွက် သီးခြား ဂူသင်္ချိုင်း တစ်ခုကို ဒီဇိုင်းထုတ်ရန် ဖြစ်သည်။ ပါဝင် ယှဉ်ပြိုင်သူများမှာ နတ်ဆိုးဘုံမှ မှော်ဂိမ်း ကစားသမား အားလုံး ဖြစ်ပြီး နတ်ဆိုးဘုံ တစ်ခုလုံးသို့ တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်သည်။ ထိုတစ်ကြိမ်တွင် တစ်ဦးချင်း ဉာဏ်ပညာနှင့် စွမ်းရည်ကို အာရုံမစိုက်ဘဲ အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်မှုကို အာရုံစိုက်မည် ဖြစ်သည်။ မှော်ဂိမ်းများက လေ့ကျင့်ရေးများကို ကူညီနိုင်သော်လည်း အရည်အချင်း၊ မျိုးနွယ်နှင့် အခြား အကျိုးသက်ရောက်မှုကြောင့် တစ်ဦးချင်း စွမ်းအား ကြီးထွားမှုမှာ အမှန်တကယ်တွင် ကန့်သတ်ချက် ရှိသည်။ တစ်ဆို့မှုတစ်ခုသို့ ရောက်ရှိပြီးနောက် တိုးတက်ရန် ခက်ခဲနိုင်ပေသည်။ သို့သော် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုကဏ္ဍမှ ရနိုင်သော အလားအလာ များစွာ ရှိနေသေးသည်။ အကယ်၍ စနစ်တကျ ပူးပေါင်းလျှင် တစ်ဦးချင်း စွမ်းအားထက် အဆပေါင်း များစွာ ထုတ်နိုင်ပေလိမ့်မည်။
ထိုအပြင် ချန်လွေ့၏ နောက်ထပ် အတွေးတစ်ခုက အမှန်တကယ် ဖြစ်လာတော့မည် ဖြစ်သည်။ ထိုအရာက မှော်လက်နက်ပင်။
တိတိကျကျ ဆိုရလျှင် သေနတ် တစ်လက် ဖြစ်သည်။
မှော်သေနတ်အတွက် မူလစိတ်ကူး၏ ဇစ်မြစ်မှာ လူသားလောကမှ နတ်သူငယ် ယန္တရား မဟာဆရာသခင် ဖီနိုအီယာနှင့် ကွယ်လွန်သူ လူပု မဟာဆရာသခင် ရစ်ခ်တို့၏ ပူးတွဲသုတေသန ပုံစံကြမ်းကို ရရှိခဲ့စဉ်က ဖြစ်သည်။ ၎င်းက ချန်လွေ့ အတွက် တံခါးအသစ် တစ်ခုကို ဖွင့်လှစ် ပေးသကဲ့သို့ ဖြစ်သည်။ သူ ရင်းနှီးသော ကမ္ဘာမြေ သမိုင်းတွင် အပူလက်နက်များ၊ အထူးသဖြင့် လက်ရှိနှင့် ခေတ်သစ် လက်နက် စွမ်းအားမှာ အေးစက်စက် လက်နက်များထက် များစွာသာလွန်၏။
ထိုမှော်လောကတွင် တစ်ဦးချင်း၏ စွမ်းအားမှာ အလွန်အမင်း မှော်ဆန်ပြီး ကမ္ဘာမြေ၏ အပူလက်နက်များက ကြီးကြီးမားမား အသုံးဝင်နိုင်ပေ။ သို့သော် ဤနေရာက မှော်လောက ဖြစ်ရာ စွမ်းအား များစွာကို မှော်ပညာဖြင့် အစားထိုးနိုင်၏။ ထို့ကြောင့် စနစ်တကျ အသုံးပြုသရွေ့ စွမ်းအားကို တစ်ဦးချင်း စွမ်းအားထက် ကျော်လွန်အောင် ထုတ်ဖော်နိုင်သည်။
အကယ်၍ ထိုမှော်လက်နက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါက စုပေါင်းထားသော တိုက်ခိုက်ရေးစွမ်းအား အတွက် ကြီးမားသော တိုးတက်မှုတစ်ခု ဖြစ်လိမ့်မည်။ ဥပမာ အဆင့်နိမ့် နတ်ဆိုး သုံးကောင်က ပါးစပ်ကြီး နတ်ဆိုး တစ်ကောင်နှင့် တိုက်ခိုက်ရာတွင် ပါးစပ်ကြီးနတ်ဆိုးကို ချေမှုန်းရန် နှစ်ယောက် သေဆုံးရနိုင်သော်လည်း မှော်သေနတ်များနှင့်ဆို သေဆုံးမှုရှိမည် မဟုတ်ပေ။
ထိုနှစ်က စစ်ရေး လေ့ကျင့်မှုတွင် မှော်ရိုင်ဖယ်က ပေါ်ထွက်လာခဲ့ပြီး ပွက်လောရိုက်စေခဲ့သော်လည်း ယခုအထိ ကြယ်ကြွေတမန် အင်ပါယာတွင်ပင် မှော်ရိုင်ဖယ် ဗိုလ်ခြေ တစ်ခုသာ ရှိနေသေးသည်။
မလုံလောက်သေးဘူး။
လုံးဝကို မလုံလောက်သေးဘူး။
ချန်လွေ့၏ လက်ရှိ အမြင်မှာ ကြယ်ကြွေတမန် အင်ပါယာ သာမက နတ်ဆိုးဘုံ တစ်ခုလုံးနှင့် လောက တစ်ခုလုံး ဖြစ်သည်။
စွမ်းအား ကြီးမားလာသည်နှင့် အမျှ ကြီးမားသော တာဝန်ဝတ္တရားများလည်း လိုက်ပါလာတတ်သည်။ ယခု သူက ထိုအရာကို တကယ် နားလည်သွားလေပြီ။ အနာဂတ်တွင် ရောက်လာနိုင်သော ကြီးမားသည့် အကျပ်အတည်းကို ရင်ဆိုင်ရာတွင် သူ တစ်ခုခုလုပ်ရမည် ဖြစ်သည်။
ကိုယ်ပိုင် စွမ်းအားဖြင့် အောင်မြင်ရန် ခက်ခဲသော်လည်း ကံကောင်းစွာဖြင့် သူ တစ်ယောက်တည်း မဟုတ်ပေ။
သုံးရက်အကြာတွင် ကြယ်ကြွေတမန် မြို့တော်၌ ‘အက်ဂ်ယော’မှ ကျင်းပသော နတ်ဆိုးဘုံ အဂ္ဂိရတ် ဆရာသခင်များ၏ ပညာရပ်ဆိုင်ရာ ညီလာခံတစ်ခု ရှိမည် ဖြစ်သည်။ ထိုနေရာတွင် လျှို့ဝှက် ဆန်းကြယ်သော ဧည့်သည်များ တက်ရောက်ကြမည် ဖြစ်သည်။
“ချန်လွေ့...” ဘေးနားမှ အစ်ဇဘယ်လာက ချန်လွေ့ အတွေး လွန်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရာ သူ့ကို အသာလေး ထိလိုက်သည်။
ထိုအခါမှ ချန်လွေ့ တုံ့ပြန်လိုက်၏။ “ဘာဖြစ်လို့လဲ။ ရင်းနီ။”
အစ်ဇဘယ်လာ ခေါင်းခါလိုက်သည်။ “ကျွန်မ မဟုတ်ဘူး။ ခီရာပါ။”
“ကြင်ရာတော် မင်းသား။ ရှင်က သွေးရောင်အင်ပါယာက ဧကရီ အရှင်မ အကြောင်းကို တွေးနေတုန်းပဲလား။” ကဝေမလေးက ခါးသီးစွာဖြင့် သက်ပြင်း ချလိုက်လေသည်။ “ယောက်ျားတွေက အသစ်အဆန်းတွေကိုပဲ ကြိုက်ကြတာ။ ဟုတ်ပါတယ်လေ။ ကျွန်မတို့လို ကစားလို့ ငြီးငွေ့သွားတဲ့ မိန်းမတွေကိုတော့ ဘယ်စိတ်ဝင်စားတော့မလဲ။”
ငါက တရားဝင် ကိစ္စတွေကို စဉ်းစား နေတာပါ၊ ဟုတ်ပြီလား။ ချန်လွေ့က စကားများကို မျိုသိပ် ထားလိုက်သည်။ ခွေးရိုက်ချင်ရင် တုတ် အလွယ်လေး ရှာလို့ရတယ်။ သူက တစ်ဖနီကို ဒီအထဲ ဆွဲထည့်လိုက်သေးတယ်။ ဒါက အရင် အပတ် ယန္တရား အစည်းအရုံးရဲ့ စာအုပ် ပေါင်းချုပ်ခန်းမ ပြန်တည်ဆောက်ရေးကို အကူအညီပေးဖို့ သွေးရောင်အင်ပါယာမှာ နှစ်ရက် ပိုနေခဲ့လို့ပဲ မဟုတ်လား။
အကယ်၍သာ အနီးအနားတွင် အခြားလူများ မရှိခဲ့လျှင် ထိုပြဿနာအိုး ကောင်မလေးကို ဖမ်းဆွဲပြီး တင်ပါးကို ရိုက်နှက်ပေလိမ့်မည်။
သို့သော် ထိုသို့သော အပြစ်ပေးခြင်းက ထိုကဝေမလေးအတွက် စိတ်လှုပ်ရှားဖွယ် လှုံ့ဆော်မှုတစ်ခု ဖြစ်နေသောကြောင့်ပင်။ သူ ချန်လွေ့ကို ပြန်‘ကိုက်ခဲ’နိုင်ပြီး သူ၏ ‘ချပ်ကာ’ကို နောက်တစ်ကြိမ် ဆုံးရှုံးသွား ပေလိမ့်မည်။
အစ်ဇဘယ်လာက ချန်လွေ့၏ ပုံစံကို ကြည့်လိုက်ပြီး တမင် သက်ပြင်းချကာ ၎င်းမှာ အတွေ့အကြုံများစွာ ရှိသည့် အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေ၏။ ချန်လွေ့ကို ပို၍ ရှက်ရွံ့သွားစေသည်မှာ မင်းသမီးလေးလည်း နစ်နာသူတစ်ဦးလို ဟန်ဆောင်သည့်အလား သက်ပြင်းချ လိုက်ခြင်းပင်။
“ဟေ့။ တရားဝင် စာရွက်စာတမ်းတွေ ကိုင်တွယ်ရမယ့် အချိန်ပဲ။” ချန်လွေ့က စာရွက်စာတမ်းတောင်ပုံရာပုံကို လက်ညှိုး ထိုးပြရင်း လက်နက်ချသည့် အနေဖြင့် စကားလမ်းကြောင်း ပြောင်းရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
အုပ်ချုပ်သူ ဖြစ်ခဲ့ဖူးသော အသီနာက လက်ရှိတွင် စိတ်အေးချမ်းသာစွာဖြင့် မီးဖွားခွင့် ယူနေသည်။ တည်ငြိမ်သော စိတ်အခြေအနေကြောင့် ဖြစ်ပေမည်။ သူက မမျှော်လင့်ထားသော အဆင့်တက်မှု တစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။ ရလဒ် အနေဖြင့် သူက နတ်ဆိုးအရှင်သခင် အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးကို အာရုံခံမိ၍ တံခါးပိတ် လေ့ကျင့်ခြင်းကို စတင်ခဲ့ပြီး တရားဝင် ကိစ္စများစွာကို ချန်ထားခဲ့သည်။
ခီရာလည်း တစ်ယောက်တည်း မကိုင်တွယ်နိုင်ရာ အစ်ဇဘယ်လာကို အကူအညီတောင်းခဲ့သည်။ ချန်လွေ့ ပြန်ရောက်လာပြီးနောက် အခြေအနေကို သိရှိသွားပြီး ရုံးအဖွဲ့ထဲသို့ ဝင်ရောက် ခဲ့သည်။ အဲလစ်မှာမူ ကောလိပ်ပိတ်ရက် ဖြစ်သောကြောင့် ထိုနေရာသို့ ဘေးမှ ကြည့်ရှုသူ အဖြစ် ရောက်ရှိလာခဲ့သည်။ (အစ်ကို့ကို ဘေးကနေ ကြည့်မယ်။ မင်းသမီး လိုလီလေးက လက်နှစ်ချောင်း ထောင်ပြရင်း ပြုံးနေလိုက်သည်။)
“ဟုတ်လို့လား။ ဒါဆိုရင် ကန်လီ မိသားစု အကြောင်း ပြောကြရအောင်။” ထိုသို့ ပြောပြီးနောက် ကဝေမလေးက ခြေထောက်ကို တည်ငြိမ်စွာ ဆန့်လိုက်ပြီး စားပွဲအောက်မှ တစ်စုံတစ်ယောက်ကို တိတ်တဆိတ် ပွတ်သပ်နေလိုက်သည်။ တိတ်တဆိတ် သွေးဆောင် ဖြားယောင်းမှုက ချန်လွေ့၏စိတ်ကို ဂယောက်ဂယက် ဖြစ်သွားစေသည်။ တကယ်ဆိုးတဲ့ ကဝေမလေးပဲ။
“ကိုယ် ထင်တာက...” ချန်လွေ့ တိတ်တဆိတ် အပြစ်မကင်းသလို ခံစား လိုက်ရသည်။ သူ အဖြေပေးနေစဉ်မှာပင် ရုတ်တရက် မျက်နှာချင်းဆိုင်မှ အဲလစ် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရပြီး ခီရာ၏ လှုပ်ရှားမှုများ ရပ်တန့်သွား၏။ သူ အလျင်အမြန် ခေါင်းငုံ့ကြည့်လိုက်ရာ မင်းသမီး လိုလီက စားပွဲအောက်သို့ လျှို့ဝှက် ဆန်းကြယ်စွာ ရောက်ရှိ သွားသည်ကို တွေ့လိုက်ရသည်။
“ရပါတယ်။ ဆက်လုပ်ပါ။” မင်းသမီး လိုလီလေးက ပြုံးလျက် တွားသွား တက်လာပြီး လက်ထဲတွင် မှတ်စုစာအုပ် တစ်အုပ် ကိုင်ဆောင်ကာ တစ်စုံတစ်ခုကို မှတ်တမ်းတင်နေ၏။
ချန်လွေ့ ထိတ်လန့်သွားလေသည်။ သူ ခေါင်းမော့လိုက်ရာ အစ်ဇဘယ်လာ၏ တစ်ဝက် ပြုံးနေသော အကြည့်နှင့် ဆုံတွေ့လိုက်ရသည်။ “ပင်ပန်းသွားပါပြီ။ ကြင်ရာတော်မင်းသား။”
ချန်လွေ့က ဖောက်ပြန်နေသည်ကို မိသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ ကိုးရိုးကားရားနှင့်သာ အနည်းငယ် ရယ်မောလိုက်သည်။
“သူဌေး ပင်ပန်းနေပြီလား။ အချိန်ပိုင်း အလုပ်သမား လိုလား။” မစ်-နဂါးနက်၏ ခေါင်းက တံခါးမှ ထွက်ပေါ်လာသည်။ “တစ်စက္ကန့်ကို သလင်းကျောက်နက်ဒင်္ဂါး တစ်ပြားပါ။”
ငါ့ကို ဓားပြပဲ တိုက်လိုက်ပါတော့။ ချန်လွေ့က ပြတ်ပြတ်သားသားဖြင့် ခေါင်းခါလိုက်၏။ “မလိုဘူး။”
“သူ အသိအမှတ် မပြုတဲ့ပုံပဲ။ အိုလီဖီးရက်စ်။ အိုဟိုဟိုဟိုဟို...” ထိုသို့ ထူးခြားလှသော ရယ်သံက ရင်ပြား လိုလီထံမှ ဖြစ်သည်မှာ အသေအချာပင်။
ချန်လွေ့က လွန်ခဲ့သော တစ်လခန့်မှ နဂါးဧကရာဇ် ယောက္ခထီးက သူ့လက်ကို မျက်ရည်များဖြင့် ဆုပ်ကိုင်ကာ တစ်ခုခု ပြောပြီး ထွက်ပြေးသွားသည်ကို ပြန်လည် တွေးမိလိုက်သည်။ “သားမက်လေး။ အားလုံးကို မင်းဆီမှာပဲ အပ်နှံလိုက်ပြီ။” ချန်လွေ့က လုံးဝကို ပြောစရာစကား မဲ့သွားခဲ့၏။
လကြေးမုံကြောင့် အက်ဂ်လက်စ်၏ နတ်ဘုရား-ယောင်ဘဝ အတော်အတန် ထိခိုက်ခဲ့ရသော်လည်း ထို့နောက်တွင် ဖိုက်သွန်က ဆာရီရယ်၏ ဝိညာဉ် စွမ်းအား အစအန တစ်ခုကို နဂါးဧကရာဇ်ထဲသို့ ထည့်သွင်းပေးခဲ့သည်။ နတ်ဘုရား-ယောင် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သော နဂါးဧကရာဇ်အတွက် ၎င်းတွင်ပါဝင်သော ကြီးမားသော အကျိုးကျေးဇူးများကို သူ ပိုမို နားလည်သဘောပေါက်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် အက်ဂ်လက်စ်က နားလည် သဘောပေါက်ရန် အတွက် နဂါးကျွန်းသို့ ပြန်သွားရန် ရွေးချယ်ခဲ့လေသည်။ တစ်ချိန်တည်းမှာပင် သူက တာဝန်မဲ့စွာဖြင့် သမီးနှစ်ယောက်စလုံးကို ချန်လွေ့ထံသို့ ပစ်ထားခဲ့သည်။
“ဖေဖေ! သမီးပြန်လာပြီ!” အချစ်တော် သော်သော်၏ အသံ အပြင်မှ ထွက်လာပြီး ချန်လွေ့ ကြက်သေသေသွားခဲ့သည်။ သော်သော်ကို ခရိုဘဲလက်စ်နဲ့ တခြားသူတွေက ဈေးဝယ်ထွက်ဖို့ ခေါ်သွားတာ မဟုတ်ဘူးလား။ ဘာလို့ သူ အခု ပြန်ရောက်လာတာလဲ။
“ကောင်းပါပြီ။ ကြင်ရာတော်မင်းသား။ ကျန်တဲ့ အလုပ်တွေကို ရှင့်ဆီမှာပဲ ထားခဲ့တော့မယ်။” ခီရာ အကြောဆန့် လိုက်ပြီးနောက် နေရာတွင်ပင် ဖမ်းမိသည့် ခံစားချက် အနည်းငယ်မျှမရှိဘဲ ပြုံးလျက် ထရပ်လိုက်သည်။ “နောက်တစ်ခုကတော့ မိန်းကလေးတွေရဲ့ သီးသန့်အချိန်ပဲ။”
အစ်ဇဘယ်လာလည်း ထရပ်လိုက်ပြီး ခီရာနောက်သို့ လိုက်ကာ ကောင်စီခန်းမ အပြင်ဘက်သို့ ထွက်သွားခဲ့သည်။
“နောက်တစ်ခါကျရင် အစ်ကိုနဲ့ ဒီလိုမျိုး ကြည်နူးတော့မယ်။” အဲလစ်က စာအုပ်ကို မြှောက်ပြလိုက်ပြီး ချန်လွေ့က ၎င်းတွင် ပြွတ်နေအောင် မှတ်တမ်းတင်ထားသော အကြောင်းအရာများကို မြင်တွေ့လိုက်ရာ ချွေးစေးများ ပြန်လာခဲ့သည်။
သူ မတုံ့ပြန်နိုင်ခင်မှာပင် မင်းသမီး လိုလီက စာအုပ်ကို သိမ်းဆည်းလိုက်ပြီး လာလာရီယာ၏ ထူးဆန်းသော ရယ်သံကို အတုခိုးကာ ထွက်သွားတော့သည်။
ချန်လွေ့က ပြောစရာစကားမဲ့စွာဖြင့် ခေါင်းကို ကိုင်လိုက်သည်။ လိမ္မာတဲ့ ကလေးတစ်ယောက် ညစ်ညမ်းသွားပြီ။
အပြင်ဘက်၌ ရင်းနှီးသော ဂီတသံ ထွက်ပေါ်လာ၏။ အကချိန် ရောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် လူတိုင်း ပြန်သွားကြခြင်းပင်။ ထိုကဲ့သို့ ကိုယ်ဝန် ပျက်ကျခြင်း ကာကွယ်ရေး အကကို မူလက ကတ်သရင်းမှ အသီနာအား ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို မောင်းမဆောင်၏ အဓိက အကနည်းပြ ကျောင်းသူ ခီရာမှ ဂရုတစိုက် ပြန်လည် ပြင်ဆင်ခဲ့သည်။ ၎င်းက အမှောင်လ တစ်ခုလုံးကို လျင်မြန်စွာ လွှမ်းမိုးသွားခဲ့ပြီး စိတ်အားထက်သန်သူများက အင်ပါယာ တစ်ခုလုံး သို့မဟုတ် နတ်ဆိုးဘုံသို့ပင် တိုးချဲ့နေဆဲ ဖြစ်သည်ဟု ဆိုကြသည်။
မိန်းမလှတွေ ကခုန်နေတာကို ကြည့်ရတာက ပျော်စရာ ကောင်းပေမဲ့ ‘ကိုယ်ဝန်ပျက်ကျတာ ကာကွယ်တာနဲ့ သန္ဓေသားရှာဖွေရေးအက’ ဆိုတဲ့အထဲမှာ ကလေးတွေလည်း ပါနေတာလား။ ဟုတ်ပါပြီ။ အဲလစ်က ဘေးကနေ ကြည့်နေတယ်။ လာလာရီယာက ဝင်ပါရင်တောင် သော်သော်က ဘာလို့ သူတို့နဲ့ ရှိနေရတာလဲ။ မလိုက်ဖက်ဆုံးက ထူးဆန်းတဲ့ စည်းချက်နဲ့ လူးလွန့်နေတဲ့ ကြက်သွန်နီကောင် တစ်ကောင်ပဲ...
ဘာပဲဖြစ်ဖြစ်ပါ။ အားလုံး ပျော်နေရင် အဆင်ပြေပါတယ်လေ။
ပြင်းထန်သော စည်းချက် ရှိသည့် တေးဂီတက နားထဲတွင် ထွက်ပေါ် လာသော်လည်း ချန်လွေ့၏ စိတ်က ထူးကဲစွာ ငြိမ်းချမ်းနေပုံရသည်။ သူက နားထင်ကို ပွတ်သပ်လိုက်ပြီး စာရွက် စာတမ်းများကို ဆက်လက် ‘ဖတ်ရှု’ နေတော့သည်။