← Chapters

တားမြစ်ချက်! သတ္တမမြောက် ငွေသေတ္တာ

Vol. 70 Ch. 1130

တားမြစ်ချက်! သတ္တမမြောက် ငွေသေတ္တာ

Vol. 70 Ch. 1130

“ကျွန်မ တစ်ခုခု လွတ်သွားလား။” မစ်- နတ်မိမယ်နဂါးက ပါ့ဂ်လီအို ပျောက်ကွယ် သွားသည်နှင့် အပြစ်ကင်းစွာဖြင့် မေးလိုက်သည်။

“မဟုတ်ပါဘူး။ အချိန်ကိုက်ပါပဲ။” ချန်လွေ့က ဇိုလာကို ပြုံးပြပြီး အာရုံကို ဖိုက်သွန်ထံ လှည့်လိုက်သည်။ “ဖိုက်သွန်။ ကျုပ် မေးစရာတစ်ခု ရှိလို့။ အဖြေကို သိချင်ပါတယ်။”

“မေးပါ။ ဆာ...”

“ဖန်ဆင်းရှင်က ဒီလောကကြီးကို ဖန်ဆင်းဖို့ ဘယ်နှစ်ရက် အချိန်ယူခဲ့လဲ။ အရင်တစ်ခါ ကျုပ်ကို ဖန်ဆင်းရှင်က နဂိုရှိခဲ့တဲ့ အရာအားလုံးကို ဖျက်ဆီးဖို့ ၃ရက် အချိန်ယူခဲ့ပြီးတော့ အခုရှိနေတဲ့ အရာအားလုံးကို ဖန်တီးဖို့ နောက်ထပ် ၃ရက် အချိန်ယူခဲ့တယ်လို့ ခင်ဗျား ပြောတယ်။။ ဒါပေမဲ့ ဒီနေ့ တစ်ယောက်က ဖန်ဆင်းရှင်ဟာ လောက တစ်ခုလုံးကို ၇ရက်နဲ့ ဖန်ဆင်းခဲ့တယ်လို့ ပြောတယ်။”

“ဘယ်သူ ပြောတာလဲ။” ချန်လွေ့ မေးလိုက်ရာ ဖိုက်သွန်၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားသော်လည်း နောက်ဆုံးစကားကို ကြားလိုက်ရာတွင် သူ၏ မျက်လုံးများ နောက်တစ်ကြိမ် မှေးမှိန်ပြီး စိတ်ပျက်သွားပုံရ၏။

“ကျုပ် အဖြေအမှန်ကို သိချင်တယ်။”

“စကြဝဠာကြီးမဟာ နဂိုက ဖရိုဖရဲ ဖြစ်နေတာလို့ ဆိုကြတယ်။ ဖန်ဆင်းရှင်က သက်ရှိတွေ အတွက် မသင့်တော်တဲ့ အရာအားလုံးကို ဖျက်ဆီးဖို့ အချိန် ၃ရက် ယူခဲ့ပြီးတော့ ဒီအဓိက ကုန်းမြေကို ဗဟိုပြုတဲ့ စကြဝဠာကြီးတစ်ခုကို ဖန်တီးဖို့ အချိန်၃ရက် ယူခဲ့တယ်။”

ချန်လွေ့ မျက်မှောင်ကြုတ်လိုက်၏။ ဒါတွေက ငါ ခုနက ပြောခဲ့တာတွေနဲ့ ဘာမှ မကွာဘူး။ ဖိုက်သွန်၏ အသံနေအသံထား ပြောင်းလဲသွား၏။ “တကယ်တော့ ပျက်စီးခြင်းနဲ့ ဖန်တီးခြင်း အကြားမှာ နောက်တစ်ရက် ရှိသေးတယ်။ အဲဒါက ‘မရှိခြင်း’နဲ့ ‘ရှိခြင်း’ အကြားမှာပဲ။ အဲဒါက ‘ရှိခြင်း’ နဲ့ ‘မရှိခြင်း’ ကို တချိန်တည်းမှာ လက်ခံနိုင်တဲ့ အန္တိမ လျို့ဝှက်နက်နဲမှုကို ပြသနေတယ်။”

ရှိခြင်း နှင့် မရှိခြင်း ဟုတ်လား။

ချန်လွေ့ ယခင်ဘဝမှ အကျော်ကြားဆုံး တာအို ကျမ်းဂန် ‘တောက်တီချင်း’ကို ရုတ်တရက် တွေးမိလိုက်၏။ အစပိုင်း၌ စာတစ်ကြောင်း ရှိသည်။ ‘မရှိခြင်း’ကို ကောင်းကင်နှင့် မြေကြီး၏ အစဟု ခေါ်သည်။ ‘ရှိခြင်း’ ကို အရာခပ်သိမ်းတို့၏ မိခင်ဟု ခေါ်သည်။

ရှိခြင်းနဲ့ မရှိခြင်းရဲ့ လမ်းစဉ်က စကြဝဠာရဲ့ အဆုံးမဲ့ လျို့ဝှက်နက်နဲမှုကို ထိုးထွင်းသိမြင်ဖို့ လမ်းစဉ်ပဲ။

တောက်တီချင်က ဒါနဲ့ ဘာမှကို မဆိုင်လောက်ဘူး။ ဒါပေမဲ့ ဘယ်လောက၊ ဘယ်ကမ္ဘာပဲ ဖြစ်ဖြစ် အချို့အရာတွေက တူညီကြတယ်။

“၃ရက်နဲ့ ၃ရက်ကြားမှာ ဒီလိုမျိုး နေ့တစ်နေ့ ရှိနေသေးတာကိုး။ တကယ် ၇ရက်ပဲ။” ချန်လွေ့က ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် သူ တစ်စုံတစ်ခု တွေးမိပြီး တုန်လှုပ်သွား၏။ “ဟုတ်သားပဲ။ ငွေသေတ္တာ!”

“အမှန်ပါပဲ!” ဖိုက်သွန်၏ မျက်လုံး တောက်ပလာ၏။ “ဆာ့ရဲ့ တုံ့ပြန်မှုက အတော်လေး မြန်ဆန်တယ်။ ဒါကြောင့် ငွေသေတ္တာကို တစ်ခုခုရဲ့ ၂ပုံ ပုံ နဲ့ ၇ပုံ ၁ပုံ လို့ ခေါ်ကြတာပဲ။ တော်တော်များများက ဒီကောလာဟလကို သိပေမယ့် တိကျတဲ့ အဓိပ္ပာယ်ကို နားမလည်ကြဘူး။ ၂ပုံ ၁ပုံ ဆိုတာက ပြီးပြည့်စုံတဲ့ ပျက်စီးခြင်းနဲ့ ဖန်ဆင်းခြင်း ဇစ်မြစ်ကို ရည်ညွှန်းတာ။ ဒါက သာမန် ရှင်းပြချက် ဖြစ်ပြီးတော့ အစွမ်းရှိ သာမန်လူတွေ နားလည်တယ်။ ဒါပေမဲ့ လူအများစုက ၇ပုံ ၁ပုံ ဆိုတာကို မသိကြဘူး။ ဖန်တီးခြင်းနဲ့ ပျက်စီးခြင်း အကြားမှာ တတိယတစ်ခု အမှန်တကယ် ရှိနေတယ်။ ငွေသေတ္တာ အရေအတွက် အရတော့ သတ္တမမြောက် ငွေသေတ္တာက တကယ့် တားမြစ်ချက်ပဲ!”

“တားမြစ်ချက် ဟုတ်လား။” ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ “ခင်ဗျား အခုထိ မပြောနိုင်သေးဘူးလား။”

ဖိုက်သွန် ခေါင်းခါလိုက်လေသည်။ “တကယ်တော့ ရှင့် အရှေ့မှာ ကျွန်မ မပြောနိုင်တဲ့အရာ ဘာမှ မရှိပါဘူး။ ရှင် ကိုယ်တိုင် အချို့အရာတွေကို သတိရရမှာ မို့လို့ပါ။”

“‘ကောလာဟလတွေ ဆက်တိုက် ဖြစ်လာကနေ အမှန်တရား ဖြစ်လာတယ်’ ဆိုတာ ဘာကို ဆိုလိုလဲ အခုတော့ သိပြီ။ ကျုပ်ကို ‘တစ်စုံတစ်ယောက်’လို့ ထင်တဲ့ သူတွေ အများကြီး ရှိနေပြီ။ အမြဲတမ်း ‘အဲဒီလူ’မဟုတ်ဘူးလို့ ယုံကြည်ခဲ့တဲ့ ကျုပ် တောင်မှ ဒီလိုလွှမ်းမိုးမှုမျိုး အောက်မှာ ‘အဲဒီလူ’ ဟုတ်မဟုတ် ဆိုတာကိုတောင် ကိုယ်တိုင် မသေချာတော့ဘူး။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ဒါပေမဲ့ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်က အဆောင်ပစ္စည်း ၇ခုနဲ့ ဒီထူးဆန်းတဲ့ ကြယ်လောက အပေါ်မှာပဲ အခြေခံထားတာ ဆိုရင်တော့ တကယ် စိတ်ပျက်ရနိုင်တယ်။ ကျုပ်က ဘယ်သူပဲ ဖြစ်ဖြစ် သိချင်တာက ဒီတားမြစ်ချက် ဘာလဲဆိုတာပဲ။ ‘မှတ်ဉာဏ်ပြန်ရဖို့’ကို စောင့်မနေနဲ့တော့။ ဖိုက်သွန်။ ကျုပ် မေးတာကို ဖြေပါ။”

ဖိုက်သွန်က သူ့ကို ခဏ စိုက်ကြည့်ပြီး သက်ပြင်းချလိုက်သည်။ “ကျွန်မ တစ်ခုပဲ ပြောမယ်။ ရှင်က ထိပ်သီး အစွမ်းထက် ပုဂ္ဂိုလ်အကုန် လျှို့ဝှက်ထားတဲ့ လောကရဲ့ အကြီးမားဆုံး တားမြစ်ချက်ကို ခန့်မှန်းနိုင် လောက်မှာပါ။”

အကြီးမားဆုံးတားမြစ်ချက်လား။ ချန်လွေ့ စဉ်းစားခန်း ဝင်သွားသည်။ အသူရာချောက်နက်လား။ ဒါမှမဟုတ်...

နားထောင်နေသော အစ်ဇဘယ်လာက မေးမြန်းလိုက်သည်။ “နတ်ဘုရားလား။”

အရှိန်မြန် လည်နေသော ချန်လွေ့၏ စိတ်က ဖရိုဖရဲဘုံမှ ဧရာမ ‘အလောင်းများ’ ကို ရုတ်တရက် တွေးမိပြီးနောက် လွှတ်ခနဲ ပြောလိုက်၏။ “နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်လား။”

သတ္တမမြောက် ငွေသေတ္တာ ဒါမှမဟုတ် ‘ရှိခြင်း’ နဲ့ ‘မရှိခြင်း’ အကြားမှာရှိတဲ့ အန္တိမ စွမ်းအားက နတ်ဘုရားတွေရဲ့ သေဆုံးခြင်း အိပ်စက်ခြင်းကို ဖြစ်စေခဲ့တာလား။

ဖိုက်သွန် မဖြေခဲ့ပေ။ “တကယ်တော့ ဒါက အကြီးမားဆုံး လျှို့ဝှက်ချက် ဟုတ်မဟုတ် ကျွန်မ မသေချာဘူး။”

ချန်လွေ့က သက်ပြင်းချလိုက်သည်။ “ခင်ဗျား ပြောချင်တာ ‘ကျုပ်’က ဒါကို အကောင်းဆုံးသိတဲ့သူပေါ့။”

“အမှန်ပဲ။” ထိုတစ်ကြိမ် ဖိုက်သွန်က အတော်လေး ခိုင်မာစွာ ဖြေကြားခဲ့သည်။ “ရှင် အဆောင်ပစ္စည်း ၇ခုလုံးကို လုံးဝ ထိန်းချုပ်နိုင်တဲ့အခါ လိုချင်တဲ့ အဖြေကို ရလိမ့်မယ် ထင်တယ်။”

“အဆောင်ပစ္စည်း ၇ခုလုံး ဟုတ်လား။” ချန်လွေ့ စဉ်းစားရင်း ဘာမှမပြောတော့။ အခုလက်ရှိ အဆောင်ပစ္စည်း ၇ခုထဲမှာ စိစစချက် အစဉ်အတိုင်းဆိုရင် နတ်ဘုရား ဝါးမျို မျက်နှာဖုံး၊ ကြယ်ကြွေတမန်ဓား၊ အမျက်ဘုရင် ချပ်ကာ၊ သွေးရောင် လက်စွပ်၊ အရိပ်လေပြေ ဖိနပ်နဲ့ ထ‌င်ယောင်မှား နတ်ဆိုးဒိုင်းတို့ပဲ။ ဒီ၆ခုလုံး လုံးဝကို တစ်သားတည်း ဖြစ်သွားပြီ။ နောက်ဆုံး ကျန်နေတဲ့ တစ်ခုက အရိပ်နက် ဝတ်ရုံပဲ။ ဒါကို ‘ဟင်းလင်းပြင် တံဆိပ်’ လို့လည်း လူသိများတယ်။

အကြောင်းတစ်ခုခုကြောင့် ထိုတစ်ခုက ယခင်၆ခုနှင့် အနည်းငယ် ကွဲပြားသည်။ [အထူးစိစစ်ချက်]၏ တိုးတက်မှုမှာ အလွန် နှေးကွေးလှပေသည်။

ဖိုက်သွန် ပြောတာတွေအရ ဆိုရင် အဆာင်ပစ္စည်း ၇ခုက အဆန်းကြယ်ဆုံး သတ္တမမြောက် ငွေသေတ္တာနှင့် ဆက်စပ် နေနိုင်တယ်။ ပြီးတော့ အဆောင်ပစ္စည်း ၇ခုရဲ့ ‘သခင်’ကလည်း ချန်လွေ့ပဲ။ တိတိကျကျ ပြောရရင်တော့ အထင်လွဲ ခံထားရတဲ့ ‘တစ်စုံတစ်ယောက်’ပေါ့။ တကယ်လို့ ဒီအချက်အလက်တွေကို ငါ ဆက်စပ်နိုင်မယ်ဆိုရင်...

ချန်လွေ့က ပိုတွေးလေလေ ပို၍ တုန်လှုပ်လာလေလေ ဖြစ်သည်။

သူ၏ မျက်နှာပေါ်မှ အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေသည်ကို မြင်ရာ ဖိုက်သွန် ပြောလိုက်သည်။ “ရှင့်မှာ လုံလောက်တဲ့ စွမ်းရည် မရှိဘူးဆိုရင် အမှန်တရားကို သိတောင် အသုံးမဝင်ဘူး။ အဲဒါကြောင့် အာရုံလွင့်သွားလိမ့်မယ်။ ဒါကို စွမ်းအားနောက် လိုက်တဲ့နေရာမှာ လွှဲလိုက်တာက ပိုကောင်းမယ်။”

ချန်လွေ့ ခေါင်းညိတ်သည်။ ဖိုက်သွန် ပြောတာ မှန်တယ်။ နတ်ဘုရားတွေရဲ့ ဆည်းဆာချိန်နှင့် သတ္တမမြောက် ငွေသေတ္တာတို့က အလှမ်းဝေးတာတွေပဲ။ အရေးကြီးဆုံးက ကောင်းကင်တမန် သုံးပါးနှင့် စေတန်ကြားက စာချုပ်ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာပဲ။

အခုဆိုရင် ဂေဘရီရယ်ရဲ့ ၃နှစ်တာ ကာလမတိုင်မီ ၂နှစ် ကျော်ကျော်ပဲ ကျန်တော့တယ်။ ဒါက အကြီးမားဆုံး စမ်းသပ်ချက် ဖြစ်လာလိမ့်မယ်။ အချိန်က လူကို စောင့်မနေဘူး။ ဓူဝံကြယ်ခရမ်း ဧကရာဇ်ရဲ့ လျို့ဝှက်နက်နဲမှုကို အမြန်ဆုံး နားလည်ပြီးတော့ နတ်ဘုရား-ယောင် အထွတ်အထိပ်နဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်နိုင်မယ့်အစွမ်းကို ပိုင်ဆိုင်ရမယ်။

“နောက်တစ်ခု ရှိသေးတယ်။ အဲဒါက အသီနာရဲ့ ကလေး အကြောင်းပဲ။” ဖိုက်သွန်၏ စကားများက အထူးသဖြင့် ချန်လွေ့အပါအဝင် လူတိုင်း၏ အာရုံကို ချက်ချင်း ပြောင်းလိုက်၏။

ပါ့ဂ်လီအို မေးလိုက်သည်။ “အသီနာရဲ့ ကလေးလည်း နတ်ဘုရား သွေးမျိုးဆက် ရှိနေလို့လား။”

“နတ်ဘုရားသွေးမျိုးဆက်က ကလေးတိုင်းမှာ ရှိတာ မဟုတ်ဘူး။ အဲဒီကလေးမှာ နတ်ဘုရား သွေးမျိုးဆက် ရှိမရှိတော့ မသိဘူး။ ဒါပေမဲ့ အခု ငါ အတည်ပြုနိုင်တာက ပျက်စီးခြင်းပဲ။” ဖိုက်သွန်က ချန်လွေ့၏ စိုးရိမ်နေသော အမူအရာကို ကြည့်လိုက်၏။ “စိတ်မပူပါနဲ့။ ဒါက မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ကျွန်မ ဆိုလိုတာက ဒီကလေးက ပျက်စီးခြင်းဇစ်မြစ်အတွက် ပါရမီကောင်းကောင်းနဲ့ မွေးလာတာပဲ။”

“ပျက်စီးခြင်းဇစ်မြစ်ပါရမီ ဟုတ်လား။” ဇိုလာ တွေးလိုက်သည်။ “ဒီလိုဆိုရင် ကလေးရဲ့ တိုက်ခိုက်ရေး စွမ်းအား လေ့ကျင့်မှုက တဝက် အားစိုက်ထုတ်ရုံနဲ့ အဆ အများကြီး တိုးပွားလာလိမ့်မယ်။ ပြီးတော့ ကလေးမှာ အထူးအရည်အချင်း ပါရမီတွေလည်း ရှိနိုင်တယ်။”

အစ်ဇဘယ်လာက ဇိုလာနှင့် မတူသော လမ်းကြောင်းမှ တွေးတောလိုက်သည်။ သူက နောက်ထပ် အဓိကအချက်တစ်ခုကို ချက်ချင်း ဆုပ်ကိုင်လိုက်၏။ “အသီနာရဲ့ ကလေးမှာ ဘာလို့ ပျက်စီးခြင်းဇစ်မြစ် လက်ဆောင် ရှိနေရတာလဲ။ ဒါက သူရဲ့ ကိုယ်ဝန် ဆောင်တာနဲ့ တိုက်ရိုက် ဆက်စပ်မှု တစ်ခုခု ရှိလို့လား။”

ဖိုက်သွန် ထိုသို့ပြောလိုက်ရာ ချန်လွေ့ သတိရသွားပြီး ပဋိသန္ဓေ တည်သည့် အချိန်ကို တွက်ချက် ကြည့်လိုက်သည်။ ၎င်းမှာ သူနှင့် ဖိုက်သွန်တို့ ပြီးပြည့်စုံသော ပျက်စီးခြင်း ဇစ်မြစ်ကို သဘောပေါက်ရန် သဘောတူညီချက် ရရှိခဲ့သည့် အချိန် အတိအကျပင်။

ဖိုက်သွန်က အဖြေကို ပြောနှင့်ပြီး ဖြစ်သည်။ “ကျွန်မတို့ အားလုံး သိတဲ့အတိုင်းပဲ စွမ်းအား ပိုကြီးလေလေ၊ လူတစ်ယောက်က မျိုးဆက်သစ်မွေးဖွားဖို့ ပိုပြီး ခက်ခဲလေပဲ။ ကလေးမွေးနှုန်းမှာ နတ်ဆိုးတွေထက် ပိုအားကောင်းတဲ့ လူသားတစ်ယောက်တောင် ဒီစည်းမျဉ်းကို မရှောင်ရှားနိုင်ဘူး။ သူတို့ နှစ်ဦးလုံးရဲ့ အစွမ်းနဲ့ဆိုရင် မျိုးဆက်သစ် မွေးဖွားဖို့ မလွယ်ကူဘူး။ အသီနာ ကိုယ်ဝန်ရတဲ့ အကြောင်းရင်းက ဆာ နားလည်လိုက်တဲ့ ပြီးပြည့်စုံတဲ့ ပျက်စီးခြင်း ဇစ်မြစ်နဲ့ တိုက်ရိုက် ဆက်စပ်နေတယ်။ လျှို့ဝှက် ဆန်းကြယ်တဲ့ စွမ်းအား တစ်ခုခုရဲ့ လွှမ်းမိုးမှုအောက်မှာ ပျက်စီးခြင်း ဇစ်မြစ် စွမ်းအားက မျိုးဆက်သစ် ဖန်တီးခြင်းကို မြှင့်တင်ပေးတာ ဖြစ်နိုင်လောက်တယ်။ ဒါက အမွေဆက်ခံနိုင်တဲ့ အရာလည်း ဟုတ်တယ်။”

ချန်လွေ့ ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားသည်။ အသီနာ ရုတ်တရက် ကိုယ်ဝန်ရလာတာ ဒါကြောင့်ကိုး။ ဒါက တကယ်ပဲ ပျက်စီးခြင်း ဇစ်မြစ်ရဲ့ သက်ရောက်မှုပဲ!

“ဒါပေမဲ့ ဒီဇစ်မြစ်ရဲ့ ဆက်ခံတာက ထူးခြားတယ်။ အခြား မျိုးဆက်သစ်တွေ မွေးချင်ရင် ပုံမှန်ပေါင်းစပ်မှုပဲ အားကိုးလို့ ရနိုင်မယ်။”

“ဒါနဲ့ ချန်လွေ့မှာ ပြီးပြည့်စုံတဲ့ ဖန်တီးခြင်း ဇစ်မြစ် ရှိနေသေးတယ် မဟုတ်လား။” အစ်ဇဘယ်လာ၏ အပြာရောင် မျက်လုံးများက လှုပ်ရှားရင်း လက်ခနဲ ဖြစ်သွားလေသည်။ “ဒါက အနည်းဆုံးတော့ ဖန်တီးခြင်း ဇစ်မြစ်ရဲ့ လက်ဆောင်နဲ့ ကလေးတစ်ယောက် မွေးလာလိမ့်မယ်လို့ ဆိုလိုတာလား။”

ထိုစကားထွက်လာသည်နှင့် ဇိုလာ၏ မျက်လုံးများ လင်းလက်သွား၏။

ဖိုက်သွန်က ပြုံးလိုက်သည်။ “သီဝရီ အရတော့ ဒီအတိုင်းပါ။ ဒါပေမဲ့ အသီနာ ကိုယ်ဝန်ရသွားတဲ့ အကြောင်းရင်းမှာ ကံကောင်းခြင်းလည်း ပါဝင်တယ်။ အရေး အကြီးဆုံးက သူရဲ့ ခန္ဓာအမျိုးအစားပဲ။ သူက ပျက်စီးခြင်းဇစ်မြစ်ရဲ့ စွမ်းအားကို အခံနိုင်ဆုံး ဖြစ်လောက်မယ်။ ဖန်တီးခြင်း ဇစ်မြစ်ကလည်း ခံနိုင်ရည်ရှိတဲ့ ခန္ဓာ အမျိုးအစားကို လိုတယ်။ ကံဆိုးချင်တော့ ရှင်တို့မှာ ဒီလို ခန္ဓာအမျိုးအစား မရှိဘူး။”

“အလင်းဒြပ်စင် ခန္ဓာအမျိုးအစား...” အစ်ဇဘယ်လာက ချက်ချင်း တုံ့ပြန်ပြီး မကျေနပ်သော အမူအရာ ပြသခဲ့သည်။

အလင်းဒြပ်စင် ခန္ဓာအမျိုးအစားက လူသားလောက၌ ရှိကြသော်လည်း နတ်ဆိုးဘုံ၌ အထူးသဖြင့် မောင်းဆောင် အဖွဲ့တွင် ထိုသို့သောအရာ မရှိပေ။ နှင်းဒဲလက်ပင်လျှင် ဗီဇပြောင်းလဲမှုကို ဖြစ်စေရန် အလင်းဒြပ်စင်စွမ်းအားကိုသာ လှုံ့ဆော်နိုင်သည်။ လုံးဝဆန့်ကျင်ဘက် အမှောင်ဒြပ်စင် ခန္ဓာအမျိုးအစားကို အလင်းဒြပ်စင် အဖြစ်သို့ အမှန်တကယ် မပြောင်းလဲနိုင်ပေ။

ဖိုက်သွန်က စကား တစ်ခွန်းကို အလေးထား ပြောလိုက်၏။ “တိတိကျကျ ပြောရရင် သန့်စင်တဲ့ အလင်းဒြပ်စင် ခန္ဓာအမျိုးအစား လိုတာ။ တကယ်တော့ ပျက်စီးခြင်းဇစ်မြစ်က တော်ဝင်မိသားစု ၇ခုရဲ့ သွေးမျိုးဆက် ခန္ဓာအမျိုးအစားနဲ့ သဟဇာတ မဖြစ်သင့်ဘူး။ အဲဒါကြောင့် သူက သန့်စင်တဲ့ အမှောင်ဒြပ်စင်ရဲ့ မဟာနတ်ဆိုး ခန္ဓာကို ရွေးချယ်ခဲ့တာ။”

ပျက်စီးခြင်းဇစ်မြစ်က တော်ဝင်မိသားစု ၇ခုရဲ့ သွေးမျိုးဆက်နှင့် သဟဇာတ မဖြစ်ဘူး ဟုတ်လား။ ထိုစကားက အစ်ဇဘယ်လာကို စဉ်းစားစေခဲ့သည်။

“ဒါဆိုရင် သူကရော။” ဇိုလာ၏ မျက်လုံးက လူတစ်ဦးထံ လှည့်သွားသည်။

ဗာရိုနီကာ လန့်သွား၏။ “ကျွန်မလား။”

ထိုတစ်ကြိမ် မျက်လုံးအားလုံးက သူ့ဆီ လှည့်သွားကြသည်။

“ဗာရိုနီကာက လူသားတစ်ယောက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူက အခု ဝိညာဉ် ဖြစ်နေပြီ။” ဖိုက်သွန် ခဏ စဉ်းစားလိုက်သည်။ “ကျွန်မရဲ့ လျှို့ဝှက် ပညာရပ် သုံးပြီး ဝိညာဉ် ဖြစ်တည်မှုကို တခြားလူသား ခန္ဓာကိုယ် တစ်ခုဆီ လွှဲပြောင်းပေးမယ်ဆိုရင်တော့ သီဝရီအရ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အရင်ဆုံးအနေနဲ့ အကောင်းဆုံး ခန္ဓာကို ရှာဖို့လိုမယ်။ သူ့ဝိညာဉ်ရဲ့ အလင်းဒြပ်စင် ခန္ဓာကိုယ်နဲ့ ကိုက်ညီဖို့က လွယ်ကူတာ မဟုတ်ဘူး။ ပြီးတော့ ကျွန်မရဲ့ ဝိညာဉ် ပေါင်းစပ်ခြင်း လျှို့ဝှက်ပညာက တိုက်ပွဲ သက်ရောက်မှု မခံရဖို့ပဲ အာမခံနိုင်တယ်။ ကလေးမွေးဖို့ အတွက်တော့ အာမခံချက် မရှိဘူး။”

အစ်ဇဘယ်လာနှင့် ဇိုလာတို့ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး စကားစလိုက်သည်။ “အခွင့်အရေး ရှိရင် စမ်းကြည့်လို့ရမယ် ထင်တယ်။”

ဗာရိုနီကာက ချန်လွေ့ အချစ်ဦး ဖြစ်ပြီး ဖော်ရွေသည်။ ထိုဆက်ဆံရေးက ရှိနှင့်ပြီး ဖြစ်ရာ ကလေးကို ဆင်ခြေပေးပြီး လူသား လောက သွားကာ မိန်းမများနှင့် ပျော်ပါး နေသော ယောက်ျားထက် ပိုကောင်း၏။

“ပိုပိုပြီး လမ်းချော်လာပြီ။ ဒီလိုမျိုး ကိစ္စကို နောက်မှပဲ ပြောကြတာပေါ့။” ချန်လွေ့ ကြားဝင် ဖျန်ဖြေလိုက်သည်။

အမြဲ ရက်ရောသော ဗာရိုနီကာပင် ထိုအချိန်တွင် မျက်နှာ နီရဲသွားလေသည်။ သူက ချက်ချင်းပင် ဆင်ခြေတစ်ခုကို ပေးလိုက်၏။ “ပါ့ဂ်လီအိုက အခုမှ နတ်ဘုရား ဖြစ်တာ။ ကျွန်မ ကပ်ရောဂါ ဘုရားကျောင်း အသစ်နဲ့ နတ်ဘုရား ရုပ်တု အခြေအနေကို သွားကြည့်လိုက်ဦးမယ်။ သူ့အတွက် ကိုယ်စားပြုဖို့ နတ်ဝင်သည် တချို့ကိုလည်း ရွေးပေးရဦးမယ်။”

ဗာရိုနီကာ အလျင်အမြန် ယုံကြည်မှု မျှော်စင်ထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ဇိုလာနှင့် အစ်ဇဘယ်လာတို့က ဖိုက်သွန်နှင့်အတူ လေ့ကျင့်ရေးကွင်းဆီသို့ လိုက်သွားရင်း ချန်လွေ့အား မျက်စောင်း ထိုးကာ ကြည့်နေလိုက်သည်။

ချန်လွေ့က ဇနီးနှစ်ဦး၏ အကြည့်ကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ သူက နားထင်ကို ပွတ်သပ်ပြီး သက်ပြင်းရှည် ချလိုက်ကာ ကျန်သော အရာများကို ဘေးဖယ်ထားလိုက်လေသည်။ ဇိုလာ၊ ကတ်သရင်း၊ အစ်ဇဘယ်လာ၊ ဖိုက်သွန်၊ ပါ့ဂ်လီအို။ ယခု စူပါစနစ်၏ နတ်ဘုရားနှင့် နတ်ဘုရားမ ဖြစ်လာသူ (၅)ဦး ရှိနေပြီ ဖြစ်သည်။ သူတို့၏ စွမ်းအားနှင့် ချန်လွေ့ စွမ်းအား တိုးတက်လာရုံ သာမက စူပါစနစ်၏ နတ်ဘုရား အရေအတွက် တိုးလာသည်နှင့် လမ်းကြောင်း၏ အစအန တစ်ခုကို ရေးရေးလေး ခံစားလာရသည်။

မည်သည့်အရာ ဖြစ်ကြောင်း ဖော်ပြရန် မဖြစ်နိုင်သော်လည်း ချန်လွေ့က ၎င်းမှာ [ဓူဝံကြယ်အသွင်ပြောင်းခြင်း]နှင့် ကြယ်၆ပွင့် အဆင့်တိုးမြှင့်မှု တစ်ခုလုံးကို လုံးဝ ကျွမ်းကျင်ရန်အတွက် သော့ချက် ဖြစ်နိုင်သည်ဟု ခံစားမိနေ၏။

All Chapters